အပိုင်း(၁၈၈၂)

ဓားသဏ္ဌာန်ဖွဲ့စည်းခြင်း

ရီဖူရှင်းက ပေ့ကုံးရွှမ်းကို လက်ခံတွေ့ဆုံခဲ့သည်။ ပေ့ကုံးမိသားစု၏ အလှလေးက အမှန်ပင် အခြားသူများနှင့် မတူ ထူးခြားသော အသွင်အပြင်ရှိသည်။ တော်ဝင်မိသားစု၌ မွေးဖွားလာသော သူမသည် သန့်စင်ပြီး တော်ဝင်မင်းသမီးတစ်ပါးကဲ့သို့ သိမ်မွေ့သော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထား၏။ ရီဖူရှင်းကို မြင်သည့်အခါ ပေ့ကုံးရွှမ်းသည် ဦးညွှတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ “ပေ့ကုံးရွှမ်းက အိမ်တော်သခင်ကို အရိုအသေပြုပါတယ်။”

သူမက ပြောပြီးသည်နှင့် ခေါင်းကို မော့ကာ ရီဖူရှင်းအား သူမ၏ တောက်ပသော မျက်ဝန်းများနှင့် ကြည့်လိုက်သည်။ သူမသည် သူမ၏ ရှေ့တွင် ရှိနေသော လတ်တလောတွင် ကုန်းမြေတစ်ခုလုံး၏ အာရုံကို ဆွဲယူနိုင်ကာ တဒင်္ဂအတွင်း အောင်မြင်ကျော်ကြားလာသည့် သူကို စိတ်ဝင်စားမိသည်။ ယခု သူမသည် သူ့ကို မြင်တွေ့ရသောအခါ သူမ ထင်ထားသည်ထက် အံ့သြဖွယ်ကောင်းသည်ကို သိလိုက်ရသည်။ ရီဖူရှင်းသည် ရှည်လျားသော ငွေဖြူရောင်ဆံပင်တို့နှင့် ယောက်ျားပီသသော အရှိန်အဝါတို့ ရှိနေကာ ပေ့ကုံးရွှမ်းသည် သူက ချောမောသော သူတစ်ယောက်ဖြစ်ကြောင်း လက်ခံလိုက်ပေသည်။

ထို့ပြင် သူ့တွင် အလွန် ထူးခြားကာ ပြိုင်ဘက်ကင်းသည့် အရှိန်အဝါတို့လည်း ရှိနေသည်။

“ဒီနေ့ သခင်မလေးပေ့ကုံး ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ။” ရီဖူရှင်းက မေးလိုက်သည်။

“အဖေပြန်လာပြီးတော့ သူက အိမ်တော်သခင်ရီအကြောင်း ခဏခဏ ချီးကျူး ပြောဆိုတတ်တယ်လေ။ ပြီးတော့ ကျွန်မ ပေ့ကုံးရွှမ်းကလည်း အိမ်တော်သခင်ရီကို လေးစားမိပြီး မြင်တွေ့ဖူးချင်နေတာပါ။ ဒီနေ့ အိမ်တော်သခင်ကို မြင်တွေ့ခွင့်ရလိုက်တော့ ဒီခရီးကို လာရတာ ထိုက်တန်သွားပါပြီ။ ကျွန်မအဖေက ကျွန်မကို တုံ့ယွမ်အိမ်တော် လာပြီး အိမ်တော်သခင်ဆီကနေ လမ်းညွှန်မှု ရဖို့ မျှော်လင့်တယ်။ ဒါကြောင့် ကျွန်မလည်း အိမ်တော်သခင်ရဲ့ နောက်ကို လိုက်ပါကျင့်ကြံနိုင်ဖို့ မျှော်လင့်ပြီး လာရောက်လည်ပတ်မိတာပါ။” ပေ့ကုံးရွှမ်း၏ အသံက နားထောင်သူများကို အေးချမ်းစေကာ နွေးနွေးထွေးထွေးနှင့် တည်ငြိမ်သော အသံမျိုး ရှိသည်။

သူမ၏ ထူးထူးခြားခြား လှပသော မျက်နှာလေးကြောင့် သူမနှင့် ပြောဆိုဆက်ဆံသူတို့မှာ စိတ်သက်သောင့်သက်သာ မရှိရန်မှာ ခက်ခဲလှသည်။

သူတို့အနီးမှ လူများထံတွင် စိတ်ဝင်စားသော အမူအရာတို့ ထွက်ပေါ်လာစဥ် သိမ်းငှက်လေးက သူမအား ခပ်တည်တည် စိုက်ကြည့်လိုက်သည်။ မျက်နှာလေးသာ လှပနေခြင်းက မည်သို့ အသုံးကျမည်နည်း။ ဤအမျိုးသမီးက သူ့သခင်၏ အမြင်အာရုံကို ချွတ်ယွင်းနေသည်များ ထင်မှတ်နေသလား။ တော်ဝင်မင်းသမီးက ယခုထိ တန်းစီဇယားထဲ၌ပင် ရှိနေသေးကာ မင်းသမီးဒွန်ဟောင်သည်လည်း သခင်က သရဖူဆောင်းပေးမည်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ သူမက အိပ်မက်မက်ရဲသေး၏။

ကျော်ကြားသော မိသားစုမှ သူဋ္ဌေးသမီးများသည် ဆွဲဆောင်မှုရှိသော်လည်း သိမ်းငှက်လေး၏ မျက်လုံးများကို မဖမ်းစားနိုင်ပေ။

သူ၏ တည်ရှိမှုကပင် ထူးခြားလွန်းလှနေပြီ မဟုတ်ပါလား။

ရှားရှင်းယွန်သည်လည်း ပေ့ကုံးရွှမ်းကို ကြည့်နေသည်။ ထိုမျှလှပသော အမျိုးသမီးက ရီဖူရှင်း ကျင့်ကြံရာတွင် သူမပါ လိုက်ပါလိုသည်ဟု ပြောလာသည်မှာ မည်သည်ကို ဆိုလိုသည်အား သူမ သိချင်မိပေသည်။

ရီဖူရှင်းသည်လည်း အနည်းငယ် ဦးနှောက်ခြောက်သွားသည်။ သူ ဟယ်လျန်ယိုထံမှ ကြားခဲ့သည်မှာ ပေ့ကုံးရွှမ်းက ပေ့ကုံးအော့၏ သမီးဖြစ်ကာ ပေ့ကုံးမိသားစု၏ အလှလေးဖြစ်ပြီး ထူးချွန်လှသည့် ပါရမီရှိသည်ဟူ၍ ဖြစ်သည်။ နည်းလမ်းတကျ ပြောရလျှင် ပေ့ကုံးမိသားစုက သူ့အပေါ် အငြိုးထားပြီး တစ်စုံတစ်ယောက်အား သူ့ကို လုပ်ကြံသတ်ဖြတ်ရန် စေလွှတ်လျှင်ပင် သူမကိုတော့ လွှတ်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူတို့က အမှန်တကယ် သူ့အား အသိအမှတ်ပြုပုံရလေသည်။

ကြည့်ရသည်မှာ ပေ့ကုံးမိသားစုက ယခင်တစ်ကြိမ်မှ ဖြစ်ပျက်ခဲ့သည့်အပေါ် အမှန်တကယ်ပင် သူ့အား အငြိုးအတေး အနည်းငယ်မျှပင် မထားသည်လား။

ထို့ပြင် ယခင်တစ်ကြိမ် ဖြစ်ပျက်ခဲ့သော ကိစ္စအတွက် သူတို့ကြား၌ ဝေးကွာသွားသလို ဖြစ်မှု​ကြောင့် ပေ့ကုံးမိသားစုက အစပြုကာ သံတမန်ခင်းလာခြင်း ဖြစ်ပါက သူသည် ထိုကောင်းမွန်သော စိတ်ဆန္ဒကို လက်ခံပေးသင့်ပေသည်။ သို့မှသာ သူတို့သည် အတိတ်က ဖြစ်ရပ်များကို သင်ပုန်းချေနိုင်ကြပေလိမ့်မည်။

သို့သော်လည်း ရီဖူရှင်းက ထိုသို့ လုပ်ရန် စိတ်မဝင်စားချေ။ “မင်း ရောက်လာပြီဆိုတော့ တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံနိုင်ပါတယ်။ ရီဖူရှင်းက ပေ့ကုံးရွှမ်းကို ပြောလိုက်သည်။ “မေးစရာတစ်ခုခု ရှိရင် သူတို့နဲ့ ဆွေးနွေးလို့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ပထမမင်းသမီးလည်း ရှိနေတယ်။ မင်းတို့နှစ်ယောက် အချင်းချင်း လေ့လာသင်ယူနိုင်တယ်။ ညွှန်ပြပေးဖို့ကတော့ ကျုပ်ကလည်း ခင်ဗျားတို့နဲ့ ကျင့်ကြံဆင့်ခြင်း အတူတူလောက်ပဲ ရှိတာဆိုတော့ အများကြီး ကူညီမပေးနိုင်မှာ စိုးမိပါတယ်။”

ဟယ်လျန်ယိုက ရီဖူရှင်းအား ထူးဆန်းအံ့သြစွာ ကြည့်လိုက်သည်။ ထိုမိန်းကလေးက လှပသော မင်းသမီးတစ်ပါးဖြစ်သော်လည်း ဆုံးဖြတ်ချက်ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။ ကြည့်ရသည်မှာ ရီဖူရှင်း၏ ဘေး၌ ထိပ်တန်းအလှလေးတစ်ယောက် ရှိနှင့်ပြီး​ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးကို သူမ သိချင်မိသည်။ သူတို့သည် တာအိုလက်တွဲဖော်များ ဖြစ်နိုင်ပေသည်။

ရှားရှင်းယွန်သည် တစ်ချိန်လုံး ရီဖူရှင်း၏ ဘေးနားတွင် မည်သည့် သတိထားမိစေမည့်အရာ မည်သည်ကိုမှ မလုပ်ဘဲ အလွန် နှိမ့်ချစွာ နေထိုင်လေသည်။ ထို့ကြောင့် ရီဖူရှင်းနှင့် သူမ၏ ဆက်ဆံရေးက ခန့်မှန်းရခက်လေသည်။

ယန်ချင်းသည်တော့ သူမက မျက်နှာဖုံးကို ချွတ်ထားပြီးဖြစ်သည်။ သူမက အမှန်တကယ်ပင် တောင်ဘက်တောင်ကုန်း ဆရာသခင်၏ လမ်းညွှန်မှုအောက်မှ တပည့်တစ်ဦး ဖြစ်လေသည်။ မည်သူကမှ ထိုကိစ္စအား ထုတ်ဖော်၍ မဆွေးနွေးသော်လည်း ဟယ်လျန်တော်ဝင်မိသားစုသည် သူတို့ ယခင်က ပြောခဲ့သည့် ကိစ္စမှာ အတည်ပြုပြီးဖြစ်ကြောင်း သိရှိခဲ့သည်။

ယန်ချင်းသည်လည်း တုံ့ယွမ်အိမ်တော်၌ တလျှောက်လုံး တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။

“အဖေ ပြောတာတော့ အိမ်တော်သခင်ရဲ့ အနာဂတ်က ဒီထက်မက အောင်မြင်မှုတွေ ရနိုင်တယ်တဲ့။ သူက ခုတလော ပြောနေသေးတာ ရှင်က ကျင့်ကြံခြင်းလမ်းစဥ်မှာ သူ့ထက်ပိုပြီး သဘောပေါက်နိုင်စွမ်း မြင့်မားတယ်တဲ့။” ပေ့ကုံးရွှမ်းက ပြောလိုက်သည်။ “ကျွန်မ တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံနေစဥ်အတွင်း အနှောက်အယှက် ပြုမိတာမျိုး ရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦးနော်။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ပေ့ကုံးရွှမ်းက ထိုမျှထိ ယဥ်ကျေးကာ သံတမန်ရေးရာ အပြုအမူကို ထိန်းသိမ်းထားသည်။ သူမက တစ်ခါတစ်ရံ၌သာ သူ၏ လမ်းညွှန်မှုကို လိုချင်ကြောင်း အရိပ်အမြွက် ပြထားသဖြင့် သူ့ဘက်က သူမအပေါ် ငြင်းဆန်ရန် အကြောင်းပြချက်မရှိပေ။

“ကောင်းပါပြီ။ ကျုပ် ကူညီနိုင်တာ တစ်ခုခု ရှိရင် လာရှာလိုက်ပါ။” ရီဖူရှင်းက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အိမ်တော်သခင်။” ပေ့ကုံးရွှမ်းက ဦးညွှတ်ကာ ပြောလိုက်သည်။ “ဒါဆို ကျွန်မ တုံ့ယွမ်အိမ်တော်ကို လိုက်ကြည့်လိုက်ပါဦးမယ်။”

“သွားပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် ပေ့ကုံးရွှမ်းက တုံ့ယွမ်အိမ်တော်ကို လှည့်ပတ်ကြည့်ရှုရန် ထွက်ခွာသွားတော့သည်။

သူမ ထွက်သွားပြီးနောက် ဟယ်လျန်ယိုက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကျွန်မ အပိုတွေ တွေးမိနေတာ ထင်ပါရဲ့။ စီနီယာပေ့ကုံးရဲ့ အမြင်က ကျွန်မထက် အတော်လေး  ကျယ်ပြန့်ပါတယ်လေ။”

ရီဖူရှင်းသည် သူမ၏ စကားလုံးများထဲမှ ဖုံးကွယ်ထားသော အဓိပ္ပါယ်ကို နားလည်ပေသည်။ ယခင်က ဖြစ်ပွားခဲ့သော ကိစ္စကြောင့် သူတို့အပေါ်တွင် ပေ့ကုံးမိသားစုက အငြိုးထားလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ပေ့ကုံးမိသားစုက သူတို့ကြားမှ ခါးသီးမှုများကို ဖြေရှင်းရန် ပေ့ကုံးရွှမ်းကို လွှတ်လိုက်ကြောင်း ထင်ရှားပေသည်။

ဟယ်လျန်ယိုသည် ရီဖူရှင်းထက်ပို၍ အတွေးနည်းနည်း လွန်ခဲ့သည်။ သူမနှင့် သူမ၏ ဖခင် ခန့်မှန်းထားသည့် ကောက်ချက်ချမှုများကို ပေ့ကုံးအော့သည်လည်း ခန့်မှန်းနိုင်ခဲ့သည်ဟု သူမက တွေးနေပေသည်။ ထို့ကြောင့်ပင် သူက ရီဖူရှင်းအပေါ် အလွန်မြင့်မားစွာ တွေးထင်ထားခြင်း ဖြစ်နိုင်ပေသည်။

ရီဖူရှင်း၏ ပြောင်မြောက်လှသော အရည်အချင်းက အမှန်ပင် ဆွဲဆောင်မှုရှိလှသည်။

သူတို့က ဤတုံ့ယွမ်အိမ်တော်တွင် မည်သည့် ဝင်ရောက်စွက်ဖက်မှုမှ မပြုလုပ်နိုင်လျှင်ပင် ကျင့်ကြံခြင်း၌ တိုးတက်လာအေင် တုံ့ယွမ်အိမ်တော်၌ မည်သူက အားထုတ်ကာ မကျင့်ကြံချင်ဘဲ နေနိုင်ပါမည်နည်း။

နောက်နှစ်က အခွင့်အရေးဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက တုံ့ယွမ်အိမ်တော်သခင်အနေနှင့် သူတို့အား လမ်းပြခေါ်ဆောင်သွားပါလျှင် သူတို့သည် လျှိုဟန်ထက်ပင် ပို၍ သန်မာလာမည်မှာ အသေအချာပင် ဖြစ်သည်။ လျှိုဟန်၏ ကျင့်ကြံခြင်းက မြင့်မားလျှင်ပင် သူက ရီဖူရှင်းထက် အလားအလာ နည်းပါးသည်။ ထို့ပြင် ရီဖူရှင်း၏ စွမ်းရည်က အလွန် နက်နဲလှပြီး ယနေ့ထိပင် သူတို့က သူမည်မျှ အားကောင်းသည်ကို မမြင်နိုင်ကြပေ။ သူတို့ ခန့်မှန်းထားသည့်အတိုင်း ဆင့်လောအိမ်တော်မှ Fu Mei ၏ ကံကြမ္မာက ရီဖူရှင်းနှင့် ပတ်သတ်နေပါလျှင် သူ၏ ခွန်အားမှာ သူတို့ ခန့်မှန်းထားသည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ရီဖူရှင်းသည် ထိုအကြောင်းကို အများကြီး ဆက်တွေးမနေဘဲ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံရန် သွားခဲ့သည်။ သူက အချိန်တခဏလေးပင် ဖြုန်းတီးလိုခြင်း မရှိသောပေ။ ယခုချိန်၌ သူသည် အရာအားလုံးထက် သူ၏ ခွန်အားကို မြှင့်တင်ရန် လိုအပ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ယန်မိသားစုမှ ယန်တုံ့ချင်းက ထိုအကြောင်းကိုကြားခဲ့ပြီး အလွန်ပင် မပျော်မရွှင် ဖြစ်နေသည်။

“ဟယ်လျန် အဲဒီကောင်က ကျုပ်ကို ရှောင်နေတယ်။ အဲဒါအပြင် ပေ့ကုံးအော့ကလည်း အမှတ်သညှာမရှိဘူး။ ဒီနှစ်တွေမှာ သူကျင့်ကြံနေရင်း ဒေါသတွေကို ဖိနှိပ်ထားဖို့ပါ ကျင့်ယူခဲ့တာလား။” ယန်တုံ့ချင်း၏ မျက်လုံးများထဲတွင် ထက်ရှသည့် အလင်းတို့ ထွက်ပေါ်လာသော်လည်း သူက တတိယဆင့်နတ်ဝင်ရိုးနှင့် ကျင့်ကြံသူတစ်ယောက်ကို ကြောက်ရွံ့နေသည်။

“ပေ့ကုံးအော့က ရီလျှို့နျန်ဆီကို ဒီလိုယဥ်ကျေးပျူငှာမှုမျိုး ပြသခဲ့တယ်။ အဲဒါက သူက ယဲ့လျှိုနျန်ကို ကြောက်နေလို့လား။” သူ့အနီးမှ တစ်စုံတစ်ယောက်က မေးလိုက်သည်။

‘သူ့မှာ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းရှိပြီး အလယ်အလတ်အဆင့် ရန်ဟောင်တွေကို သတ်ဖြတ်နိုင်တယ်ဆိုရင်တာင်မှ အလယ်အလတ်အဆင့်ရန်ဟောင်နဲ့ အဆင့်မြင့်ရန်ဟောင်ကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိနေဆဲပဲလေ။ သူ့ကို ကြောက်ရွံ့နေမယ်ဆိုရင် ရည်မှန်းချက်တွေက ပိုပြီး ဝေးဝေးသွားနေလိမ့်မယ်။ ငါတို့ရဲ့ ထောက်ပံ့ကူညီပေးမှုမရှိရင် သူက တုံ့ယွမ်အိမ်တော်သခင်နေရာကို ရနိုင်မှာမို့လို့လား။ ဒါပေမယ့် သူက လိုချင်တာရပြီးတော့ ခက်ခဲတဲ့ အလုပ်တွေကို ငါတို့ဆီပဲ အပ်ထားပြီး သူကကျတော့ ငါတို့ဆီက အသီးအပွင့်တွေကို ထိုင်ခံစားနေတယ်။ အဆိုးဆုံးက စည်းမျဥ်းအသစ်တွေ ပြန်ချမှတ်လိုက်တာပဲ။ ကြည့်ရတာ သူ့ကိုယ်သူ တုံ့ယွမ်အိမ်တော်ကို တကယ်ပိုင်တယ်ထင်နေပုံရတယ်။’ ယန်တုံ့ချင်းက ပြောလိုက်သည်။ သူက ဤကိစ္စနှင့် ပတ်သတ်ပြီး ပြင်းထန်သော အမြင်ရှိသည်။

သူက ပလ္လင်ပေါ်သို့ ရုပ်သေးတစ်ခု တွန်းတင်ရန် အစီအစဥ် ဆွဲထားသော်လည်း အဆုံးတွင် အရာအားလုံးက သူ၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည်။

စိတ်ပျက်စရာကောင်းစွာပင် အင်ပါယာဟယ်လျန်က ထိုသူအား အမှန်တကယ် ကူညီရန် ရည်ရွယ်နေပြီး ပထမမင်းသမီးဟယ်လျန်သည်ပင် သူ့နောက်သို့ လိုက်ပါကာ တုံ့ယွမ်အိမ်တော်ကို စီမံရာတွင် ကူညီပေးနေသေးပေသည်။ အင်ပါယာဟယ်လျန်က ရီဖူရှင်းကို သူ့အတောင်အောက်တွင် ထားထားသောကြောင့် ယန်တုံ့ချင်းသည် ရီဖူရှင်းအား ရင်ဆိုင်ရန်အတွက် ပေ့ကုံးမိသားစုကို ရန်စချင်ခဲ့သည်။ မမျှော်လင့်ထားဘဲ ပေ့ကုံးအော့သည် အမှတ်သညှာမရှိဘဲ မာနကို ခဝါချကာ အာဃာတများကို စွန့်လွှတ်ခဲ့သည်။ သူက ပေ့ကုံးရွှမ်းကိုပင် တုံ့ယွမ်အိမ်တော်သို့ စေလွှတ်ခဲ့သေး၏။

ဤသို့သော အခြေအနေမျိုးတွင် ရီဖူရှင်း၏ တုံ့ယွမ်အိမ်တော်သခင်နေရာကို ထိခိုက်စေရန်မှာ အတော်ခက်ခဲပေလိမ့်မည်။

သူက တုံ့ယွမ်အိမ်တော်သို့ ဝင်ကာ ကျင့်ကြံနိုင်လျှင်ပင် ထိုနေရာမှ အခွင့်အာဏာကို ရရှိနိုင်ရန် နည်းလမ်းမရှိပေ။

“သူက ယဲ့လျှိုနျန်ကို ကြောက်နေတာသာ မဟုတ်ရင် ဟယ်လျန်လိုပဲ ယဲ့လျှိုနျန်ရဲ့ အလားအလာတွေကြောင့် ဆွဲဆောင်ခံလိုက်ရတာ ဖြစ်နိုင်တယ်။” ယန်တုံ့ချင်းက ဆက်ပြောလိုက်သည်။ “မမေ့နဲ့။ ငါတို့ နောက်နှစ်မှာ တွေ့ဆုံပွဲသွားဖို့လိုသေးတယ်။”

ယန်တုံ့ချင်း၏ စကားများကို ကြားသောအခါ သူ့အနီးမှ လူများက ချက်ချင်း နားလည်သွားသည်။ အချိန်က အမှန်တကယ်ပင် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

နောက်တစ်နှစ်တွင် အရည်အချင်းရှိသော ပုဂ္ဂိုလ်များတွေ့ဆုံပွဲ ရှိလိမ့်ဦးမည် ဖြစ်သည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းသည် ထိုအကြောင်းကို အများကြီး တွေးမနေပေ။ ယခင်တစ်ကြိမ် စစ်ဆေးမှုတွင် မည်သည့် အသီးအပွင့်မှ မရှိသောကြောင့် သူသည် ဆက်ကာ ဂရုမစိုက်တော့ပေ။ ယန်တုံ့ချင်းနှင့် ယန်မိသားစုတို့ မည်သည့် ရည်ရွယ်ချက်နှင့် လှုပ်ရှားနေသည်ဖြစ်စေ ကိစ္စမရှိပေ။ သူက တိုက်ခိုက်ရန် ဖိအားပေးခံရလျှင်ပင် အများကြီး တွေးနေမည် မဟုတ်ပါချေ။

သူသည် ဆင့်လောအိမ်တော်မှ တိုက်ပွဲပြီးနောက် ထိုခေါင်းဆောင်၏ အဆင့်မှနေ၍ ထိုအဆင့်ရှိလူတို့၏ ခွန်အားကို အကြမ်းဖျင်းတိုင်းတာမိသည်။

တုံ့ယွမ်အိမ်တော်ကျင့်ကြံရေး ကျောင်းဆောင်သည် တုံ့ယွမ်အိမ်တော်၏ အမြင့်မားဆုံးနေရာပင် ဖြစ်သည်။ မဟာလမ်းစဥ် ဝင်္ကပါကို အောင်မြင်စွာ ခင်းကျင်းပြီးနောက် ရီဖူရှင်းက တိမ်များကြား ပျံသန်းသွားသည်။ သူ့ကို မဟာလမ်းစဥ်စွမ်းအားများ ဝန်းရံထားပြီး သူ့အနီးရှိ လေထုမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။

ရီဖူရှင်း၏ အဝတ်များမှာ တဖျတ်ဖျတ်လွင့်နေပြီး သူ၏ ရှည်လျားသော ဆံပင်များကလည်း လေထဲ၌ ကခုန်နေသည်။ကောင်းကင်တစ်ခုလုံးက မဟာလမ်းစဥ်မီးပြင်းဖိုကြီးတစ်ခုအသွင် ပြောင်းလဲသွားပုံရသည်။ သူက မဟာလမ်းစဥ်စွမ်းအားများကို ကျင့်ကြံပြီး ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း စွမ်းအား အပိုင်းအစများက တစ်ခုတည်းအဖြစ် ဖွဲ့စည်းလာသည်။ ကောင်းကင်ထက်တွင် ကြီးမားသော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ မုန်တိုင်းဗဟိုချက်တွင် ပုံရိပ်တစ်ခုကို ခပ်ဝါးဝါးမြင်နိုင်သည်။ ထိုပုံရိပ်က ရီဖူရှင်းနှင့် တူသော်လည်း ၎င်းက နတ်ဘုရားသဏ္ဌာန်နှင့် တူပေသည်။

ဘုန်း

စက္ကန့်နှင့်အမျှ ကြောက်မက်ဖွယ် ကောင်းလာနေသော အရှိန်အဝါက ကောင်းကင်မှနေ၍ ကျဆင်းလာသည်။ နတ်ဘုရားချိပ်ပိတ်ဝင်္ကပါမှ အကန့်အသတ်မဲ့ မဟာလမ်းစဥ် စွမ်းအားများက ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုသို့ ပေါင်းစည်းလာသည်။ အနန္တစွမ်းအားမျှင်များကလည်း လိမ်ယှက်ကာ တစ်ခုတည်းအဖြစ် ဖြစ်တည်လာသည်။

ဓားသုံးလက်သို့မဟုတ် ဓားဆန္ဒ အလင်းတန်းသုံးခုသည် ထိုနေရာတွင် ရစ်ဝဲနေသည်။

ရီဖူရှင်း၏ မဟာလမ်းစဥ်စွမ်းအားများက ပြည့်ဝလာပြီး ဓားဆန္ဒ၏ အလင်းတန်းသုံးခုက ပိုမိုကြောက်မက်ဖွယ် ကောင်းလာသည်။ အနီးဝန်းကျင်ရှိ မဟာလမ်းစဥ်များက ရုတ်တရက် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာပြီး နတ်ဘုရားသဏ္ဌာန်သည် ပေတစ်ရာခန့် အမြင့်သို့ ထိုးတက်သွားကာ ကောင်းကင်နှင့်မြေကြီးက အပူရှိန်ကြောင့် အရည်ပျော်ကျတော့မလိုပင် ဖြစ်သည်။

ဓားဆန္ဒသုံးခုအတွင်း အရာအားလုံးကို ဝါးမြိုနိုင်သည့် ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားများ ပေါ်ပေါက်လာသည်။ ထွက်ပေါ်လာသည့် ဓားသွားအလင်းများနှင့်အတူ ကြီးမားသော ဓားအရှိန်အဝါတို့က ထိုနေရာအတွင်း ဖြစ်တည်လာကာ မဟာလမ်းစဥ်ဝင်္ကပါကို ဖြတ်ကာ ပြင်းထန်သည့် လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။

ထက်ရှသော အသံများက ထိုဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်လာပြီး သန်းချီသည့် ဓားစွမ်းအင်လှိုင်းများက ကောင်းကင်မှ ကျဆင်းလာသည်။ ထိုဓားစွမ်းအင်တစ်ခုချင်းစီတွင် အားကောင်းလှသော ပြင်းထန်သည့် စွမ်းအားများ ပါဝင်နေသည်။ သို့သော်လည်း ထိုအရာအားလုံးက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း ပေါင်းစည်းသွားကာ မရေတွက်နိုင်သည့် ဓားစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။

အနားရှိ မုန်တိုင်းက တဖြေးဖြေး အကင်းသေလာသည်။ ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်တွင် မျောလွင့်နေပြီး ဓားကဲ့သို့ ဖြောင့်မတ်နေသည်။ လူသားခန္ဓာကိုယ်သာ ဖြစ်သော်လည်း ထက်ရှလှသည့် ဓားတစ်လက်ကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းသည်။

ဓားဆန္ဒတွင် ဓားလမ်းစဥ်တို့နှင့် ပြည့်လျှမ်းနေ၏။ ယခုချိန်၌ သူ မည်မျှ အားကောင်းလာသည်သည်ကို ရီဖူရှင်းက သိချင်နေသည်။ တုံ့ယွမ်အိမ်တော် တိုက်ပွဲအတွင်းတွင် သူက ဓားဆန္ဒဖြင့် အလယ်အလတ်အဆင့် ရန်ဟောင်များအား သတ်ဖြတ်နိုင်လျှင်ပင် ယခုကဲ့သို့ အားမကောင်းပေ။ ယခု သူသည် ဓားဆန္ဒကို ထုတ်လွှတ်လိုက်ပြီး သာမန်အလယ်အလတ်အဆင့် ရန်ဟောင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။

တုံ့ယွမ်အိမ်တော်အောက်ဘက်၌ ဟယ်လျန်ယိုသည် သူမခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်နေသည်။ မဟာလမ်းစဥ်ဝင်္ကပါကို ဖြတ်ကာ လေဂယက်များ ဖြစ်လာစေသည်။ သူမသည် ရီဖူရှင်းက အပေါ်တွင် ကျင့်ကြံနေသည်အား သိရှိပေသည်။

သူမသည် ရီဖူရှင်းနောက်သို့ အချိန်တိုင်းလိုလို လိုက်ပါနေတတ်ရာ ရီဖူရှင်း အသုံးပြုသည့် ကျင့်ကြံရေးနည်းလမ်းကိုပင် သိရှိနေခဲ့သည်။

သူက ထိုကျမ်းစာတွင် မှတ်တမ်းတင်ထားသော ကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံအောင်မြင်သွားသည်လား။

အဖြူရောင်ပုံရိပ်က တုံ့ယွမ်အိမ်တော်အထက်မှ တဖြေးဖြေး ဆင်းသက်လာသည်။ ဟယ်လျန်ယိုက ထိုပုံရိပ်ကို ကြည့်နေပြီး ရီဖူရှင်း၏ အရှိန်အဝါကို ခံစားမိပေသည်။ သူ၏ ချော​မောသော အသွင်အပြင်၏ အောက်တွင် ထက်ရှလှသော ဓားရောင်ဝါတို့ ရှိနေပေသည်။

ထိုအချိန်တွင် ဟယ်လျန်ယိုနားလည်လိုက်သည်မှာ ရက်အနည်းငယ် ကျင့်ကြံပြီးနောက် ရီဖူရှင်း၏ ဓားစွမ်းရည်က ပိုမိုအားကောင်းလာသည်ကိုပင် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset