Switch Mode

အပိုင်း(၁၈၇၄)

တောင်းပန်ခြင်းလား

တုံ့ယွင်စံအိမ်အား အမှန်တကယ် လွှမ်းမိုးနိုင်သောအင်အားစုများမှာ ခြောက်ခုရှိကြောင်း ရိဖူရှင်းသိရသည်။

တုံ့ယွင်အဖွဲ့ကား ၄င်းတို့အထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် အရှေ့ဘက်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော တုံ့လင်းကလန်နှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိသည်။ ယခု သူတို့က အင်အားစုနှစ်ခုအကြား လက်ထပ်ပွဲတစ်ခုကိုပင် စီစဉ်နေကြသေးသည်။ ထိုအမျိုးသမီးအား ရီဖူရှင်းသည် တုံ့ယွင်စံအိမ်ထက်၌ မြင်တွေ့ခဲ့ဖူး၏။ (တုံ့ယွင်စံအိမ်နှင့် တုံ့ယွင်အဖွဲ့ မတူပါ။ တုံ့ယွင်အဖွဲ့သည် တုံ့ယွင်စံအိမ်ကို ထိန်းချုပ်သော အင်အားစုခြောက်ခုထဲမှ တစ်ခုဖြစ်သည်။)

တုံ့ယွင်အဖွဲ့နှင့် တုံ့လင်းကလန်တို့သည် မဟာမိတ်များဖြစ်သလို ဟယ်လျန်တော်ဝင်မိသားစုနှင့် ယန်ကလန်တို့သည် ပူးပေါင်းထားကြသည်။ နှစ်ဘက်လုံးတွင် အင်အားစုနှစ်ခုစီရှိ၏။ တစ်ခြားတစ်ဘက်တွင် နောက်ထပ်အင်အားစုနှစ်ခုသည် ကြားနေဖြစ်ကာ သူတို့အားလုံးက သူတို့လုပ်ဆောင်နေသည်နှင့်ပတ်သက်၍ ကိုယ်စီအကြံအစည်များရှိရမည်ဟု ရီဖူရှင်းက သဘောပေါက်သည်။

သည်တစ်ကြိမ် သူတို့က တုံ့ယွင်စံအိမ်၏ရာဇပလ္လင်ကို ပြောင်းလဲလိုကြသည်။ ထိုအရာက သာမန်အပြောင်းအလဲတစ်ခုဖြစ်သော်လည်း တစ်ဘက်တွင် စံအိမ်သခင်သည် လောဘကြီးသူဖြစ်ကာ တုံ့ယွင်စံအိမ်အား လက်လွှတ်မည် မဟုတ်ပေ။ သူ့နေရာတွင် အစားထိုးရန်မှာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် မဖြစ်နိုင်ပေ။

ရီဖူရှင်းက ထိုအချက်ကို ရှင်းရှင်းလင်းလင်းသိနားလည်၏။ ထို့ကြောင့် သူက ဆရာသခင်တောင်ဘက်တောင်ကုန်းနှင့်ပတ်သက်၍ မေးမြန်းကာ တိုက်ရိုက်သဘောတူခဲ့သည်။ ယမန်နေ့က တုံ့ယွင်အိမ်တော်ကို လာခဲ့သော တစ်ဘက်လူ၏စွမ်းဆောင်မှုများအရ ထပ်မံ၍ သက်သေပြရန် မလိုတော့။ သူ့အနေဖြင့် အတွင်းပိုင်း၌ ပြောင်းလဲရန်သာ လိုတော့သည်။

တိုက်ဆိုင်စွာပင် သူကလည်း ထိုလူအား ရှင်းပစ်လိုနေသည်။ သူသည်သာ တုံ့ယွင်အိမ်တော်သခင်နေရာကိုရပါက အချိန်တစ်ခုအထိ သည်နေရာတွင် ကျင့်ကြံနိုင်၏။

တုံ့ယွင်အိမ်တော်နှင့် ရင်ဆိုင်ရန် အကြောင်းပြချက်ကိုကား သူက ဂရုမစိုက်ပေ။ မူလဘုံတွင် သူ့၌ များစွာသော မိတ်ဆွေများနှင့် မိသားစုများရှိကာ အရာအားလုံးကို တွက်ချက်ချင့်ချိန်ရန် လိုအပ်၏။ ယခု သည်နေရာတွင်ကား သိမ်းငှက်နက်နှင့် ရှားရှင်းယွန်တို့ရာ ရှိသည်ဖြစ်ရာ များစွာ စဉ်းစားရန်မလိုဘဲ လှုပ်ရှားနိုင်သည်။

ကျင့်ကြံခြင်းအပြင် သူသည် မိမိ၏ဘေးရန်ကိုသာ ကြည့်ရန် လိုပေသည်။ ကောင်းကင်ဒေသ၌ သွားလာနေစဉ်ကာလအတွင်း သူသည် အသက်ကယ်နည်းလမ်းတချို့ကို ပြင်ဆင်ထားရန်လိုကာ သူ၏စွမ်းအားကုန်ကို ရန်သူအား ပေးမသိနိုင်ပေ။ ဤနည်းဖြင့် အခက်အခဲအကြပ်အတည်းနှင့်ကြုံလာသောအခါ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

မည်သို့ဆိုစေ သူ၏ကျင့်ကြံခြင်းအဆင့်မှာ အကောင်းဆုံးသော ဟန်ပြဖြစ်သည်။

တစ်ဘက်အဖွဲ့နှင့်ပြောဆိုပြီးနောက်တွင် ရီဖူရှင်းသည် ကျင့်ကြံရန်အတွက် သီးသန့်နေရာတစ်ခုရှာရန် ထွက်လာခဲ့သည်။ ထိုအဖြစ်က အင်ပါယာဟယ်လျန်နှင့် တခြားလူများအား ရီဖူရှင်းသည် အနည်းငယ်လျှို့ဝှက်ထူးဆန်းသည်ဟု ထင်မြင်စေသည်။ သည်ရန်ဟောင်လူငယ်သည် ရုပ်တုဖြစ်တည်လာစေနိုင်သည့်အတွက် သူ့တွင် ထူးခြားအံ့ဖွယ်ကောင်းသော ကျင့်ကြံခြင်းပါရမီရှိရပေမည်။ သူက တုံ့ယွင်အိမ်တော်သခင်ဖြစ်လာရန် သဘောတူခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပြင်းပြသော စိတ်ဆန္ဒရှိဟန်မတူပေ။

ထိုအရာက သူ့အတွက် သာမန်ကိစ္စတစ်ခုအလား…။

ရီဖူရှင်းကား ငြိမ်သက်စွာ လေ့ကျင့်နေသော်လည်း တုံ့ယွင်မြို့တွင်ကား မသိမသာလှုပ်ရှားမှုများ ဖြစ်နေပြီဖြစ်သည်။ တုံ့ယွင်စံအိမ်မှ ရုပ်တုထွက်ပေါ်လာခြင်းက မကြာခင် စံအိမ်တွင် အပြောင်းအလဲကြီးကြီးမားမားဖြစ်တော့မည်ဟု လူအများက တွေးဆနေကြသည်။ အဝေးမှ ထိုကိစ္စကို စိတ်ဝင်စားသော တန်ခိုးရှင်အများအပြား တုံ့ယွင်မြို့ကို ရောက်လာနေကြ၏။

ယနေ့တွင် ရီဖူရှင်းသည် သူ၏အဆောင်ထဲ၌ လေ့ကျင့်နေစဉ် မဟာလမ်းစဉ်၏အငွေ့အသက်များ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။ ပြင်းထန်သော လေထုသည် အိမ်တော်တစ်ခုလုံးကို ဖိအားပေးလာခဲ့ကာ အဆုံးမဲ့သော ဓားစွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်အကြား ပေါ်လာခဲ့၏။ ဓားအသိများသည် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကာ ဓားတစ်လက်ကို ရစ်ပတ်ကြသည်။ ထိုဓားသည် ဓားအသိများဖြင့် ဖန်ဆင်းထားခြင်းဖြစ်သော်လည်း ဓားအစစ်ထက်ပင် စစ်မှန်ဟန်ရသည်။ ထိုဓားမှ အရောင်အဝါသည် အဆောင်တစ်ခုလုံးအား ကွန်ချာသဖွယ် ဖုံးအုပ်လာ၏။

နန်းတော်၏အပြင်တွင် သိမ်မွေ့ကာ ရှင်းသန့်သော ပုံရိပ်တစ်ခုပေါ်လာသည်။ သူသည်ကား ဟယ်လျန်တော်ဝင်မိသားစု၏မင်းသမီး ဟယ်လျန်ယိုဖြစ်သည်။ သူမက အဆောင်မှ ထွက်လာသော ဓားအသိများအား ခံစားမိ၏။

သူမသည်ကား ပဥ္စမအဆင့်ရန်ဟောင်ဖြစ်သော်လည်း လေထု၏ဖိအားကို အမှန်တကယ် ခံစားရသည်။

သူမက ဓားကွန်ချာထဲကို ဝင်ရောက်လိုက်လျှင် ဓားအငွေ့အသက်များသည် ဟယ်လျန်ယို၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကြသည်။ ဟယ်လျန်ယိုက မြန်ဆန်စွာပင် နောက်ပြန်ဆုတ်လိုက်ရ၏။ သူမ၏ခန္ဓာကိုယ်က မရေမတွက်နိုင်သောဓားသွားများဖြင့် ဖြတ်တောက်ခံရသကဲ့သို့ ခံစားရကာ အင်္ကျီလက်မောင်းအိုးမှာ အပိုင်းပိုင်းပြတ်တောက်သွားပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော သူမ၏လက်မောင်းသားများအား ပေါ်စေသည်။

သူမက အထိတ်တလန့်ဖြစ်သွားကာ အဆောင်ထဲကို လှမ်းကြည့်လျှင် သူမသည် ဓားတစ်လက်အား တွေ့မြင်၏။

ဓားသည် အလင်းတန်းအသွင်ဖြင့် ရီဖူရှင်း၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ဓားအသိများလည်း ပျောက်ကွယ်သွားပြီး အဆောင်ထဲမှ အသံတစ်သံထွက်လာသည် “မင်းသမီးကြီး… အထဲကို ကြွပါ ခင်ဗျား”

“ရန်ဟောင်ရီက အရမ်းယှဉ်ကျေးလွန်းပါပြီ” ရီဖူရှင်းက သူမအား မင်းသမီးကြီးဟု ခေါ်သည်တွင် သူမက ပြန်ပြောသည်။ ဟယ်လျန်ယိုက အဆောင်ထဲကို ဝင်ရောက်သွားကာ သူ့အား ပြောသည် “ရန်ဟောင်ရီက ဓားပညာကို လေ့ကျင့်တာပဲ”

“တုံ့ယွင်အိမ်တော်ထဲမှာ ရှေးဟောင်းစာအုပ်တွေ အများကြီးကို ဖတ်ပြီးတော့ ကျုပ်က ဉာဏ်အလင်းတချို့ရတာကြောင့် ဓားစွမ်းအားကို သန့်စင်ချင်ခဲ့တယ်” ရီဖူရှင်းက ပြောသည်။ ဟယ်လျန်ယိုသည် ရီဖူရှင်း၏ပါရမီကို တွေ့မြင်ကာ စိတ်လှုပ်ရှားနေသည်။

“ကျုပ်က မင်းသမီးကြီးကို မထိခိုက်စေခဲ့ဘူးမလား” ရီဖူရှင်းက ဟယ်လျန်ယို၏လက်မောင်းကို ကြည့်ကာ မေးသည်။

“မထိခိုက်စေပါဘူး” ဟယ်လျန်ယိုက ပြောသည် “ဒါပေမဲ့ ဓားစွမ်းအားက ကျွန်မရဲ့အရံအတားကို ဖြတ်ကျော်လာနိုင်တယ်။ ရန်ဟောင်ရီရဲ့စွမ်းအားက နက်ရှိုင်းလွန်းတယ်”

ရီဖူရှင်းက ပြုံးလိုက်ပြီး ဘာမှ မပြောပေ။ ဟယ်လျန်ယိုက ဆက်ပြောသည် “တုံ့ယွင်အဖွဲ့သခင်လေး လျူတုံ့ကောက ကျွန်မတို့ကို မိတ်ဆုံပွဲသို့ ဖိတ်ခေါ်လိုက်တယ်”

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက များစွာမေးမြန်းခြင်းမပြုတော့ဘဲ ထရပ်ကာ ဟယ်လျန်ယိုနှင့် လိုက်ပါသွားသည်။ ရှားရှင်းယွန်နှင့် ယန်ချင်းတို့လည်း လိုက်ပါသည်။ လက်ရှိအခြေအနေတွင် ရှားရှင်းယွန်နှင့်တခြားလူများကို တစ်နေရာ၌ ချန်မထားရစ်လိုပေ။

သူတို့သည် တုံ့ယွင်မြို့၏အမိုးဖွင့်စားသောက်ဆိုင်တစ်ခုသို့ ရောက်လာသည်။ ထိုနေရာတွင် လူတချို့ ရောက်နှင့်ပြီးဖြစ်သည်။ တုံ့ယွင်သခင်လေးလျိုတုံ့ကောနှင့် ယခင်တစ်ခေါက်က တွေ့သည့် မောက်မာသော အမျိုးသမီးလည်း ရှိနေသည်။

ထို့အပြင် တခြားတွေ့ဖူးသူတချို့လည်း ရှိနေသည်။ သူတို့က နောက်ဆုံးအကြိမ် တုံ့ယွင်အိမ်တော်၌  လျိုတုံ့ကောနှင့်အတူတူရှိနေခဲ့ကြ၏။

စားသောက်ဆိုင်အောက်တွင် လူအများအပြားက ထိုနေရာသို့ လှမ်းကြည့်နေကြ၏။ သူတို့က ရီဖူရှင်းအား လှမ်းကြည့်ကာ မှတ်ချက်များ ချကြသည်။

“ရီလျူနျန်က ရုပ်ထုပေါ်လာအောင် လုပ်ခဲ့တဲ့သူပဲ” တစ်ယောက်က ရီဖူရှင်းအား လှမ်းကြည့်ကာ ပြောသည်။

“အဲဒီနေ့က သူဟာ တုံ့ယွင်အိမ်တော်ရဲ့ အလယ်အလတ်အဆင့်ရန်ဟောင်ကို သတ်ဖြတ်ခဲ့တယ်။ လျိုတုံ့ကောနှင့် တခြားလူတွေက သူ့ကို အိမ်တော်ထဲသို့ ဝင်ခွင့်မပြုခဲ့တာကြောင့် ရီလျူနျန်က သူ့ဘာသာသူ တင်သွားပြီးတော့ ရုပ်တုကို ဆင့်ခေါ်ပြီး သူ့စွမ်းအားတွေ မိုင်သုံးထောင်သို့ ပျံ့လွင့်စေတယ်” လူအများအပြားက ရီဖူရှင်းအား လေးစားစွာ လှမ်းကြည့်ကြသည်။ တုံ့ယွင်မြို့တွင် ထိုသို့သော ထူးခြားထက်မြက်သူ ရှာမတွေ့နိုင်ပေ။

ထိုနေ့က တုံ့ယွင်အိမ်တော်သခင်နှင့် တခြားတန်ခိုးရှင်များအားလုံး ဆွံ့အခဲ့ရသည်။

“အင်ပါယာရီလျူနျန်က ဒီလောက်ချောမောခန့်ညားမယ်လို့ မထင်ဘူး။ သူ့ရုပ်ရည်က ငါ့လိုပဲ ချောတယ်” ငယ်ရွယ်ကာ ချောမောသောလူငယ်တစ်ဦးက မှတ်ချက်ချသည်။ ဘေးမှ လူများက နှာခေါင်းရှုံ့ကြ၏။ ဒီနေရာမှာ ရီလျူနျန်လို ချောမောတဲ့လူမရှိသေးဘူး ငါ့လူ…။

အမိုးဖွင့်စားသောက်ဆိုင်ကား အလွန်ကျယ်ဝန်းကာ အရပ်မျက်နှာခြောက်ခု ခွဲခြားထားသည်။ ရီဖူရှင်းနှင့် ဟယ်လျန်ယိုတို့သည် အတူတူထိုင်နေကြ၏။ အရပ်မျက်နှာခြောက်ခုသည် တုံ့ယွင်အိမ်တော် အင်အားစုခြောက်ခုကို ကိုယ်စားပြုဟန်ရသည်။

ယခင်က ဆင့်လောခြံဝင်းသည်လည်း သူတို့စက်ဝန်းထဲသို့ ဝင်ပါလိုသော်လည်း ထိပ်သီးအင်အားစုခြောက်ခုက ငြင်းပယ်ခဲ့သည်။

လျိုတုံ့ကောက ရီဖူရှင်းအတွက် သေရည်ငှဲ့ပေးရန် တစ်စုံတစ်ယောက်အား စေခိုင်းထားသည်။ ထို့နောက် သူက သေရည်ခွက်ကို မြှောက်ကာ ရီဖူရှင်းရှိရာသို့ လှမ်းပြောသည် “ကျုပ်က တုံ့ယွင်အိမ်တော်မှာ ရန်ဟောင်ရီကို မသိဘဲ အပြစ်လုပ်မိခဲ့တယ်။ ကျုပ်က ဒီအပြစ်ကို ခြေဖို့ အခွင့်အလမ်းရှာနေတာ ကြာပါပြီ။ ဒါပေမဲ့ ရန်ဟောင်ရီက တုံ့ယွင်အိမ်တော်မှာ ကျင့်ကြံနေတာကြောင့် ကျုပ်က မင်းသမီးကြီးကို စေလွှတ်ပြီး တမင်ဖိတ်ကြားလိုက်ရတာပါ။ ကျုပ်က အဲဒီနေ့က ကြီးကြီးမားမားအပြစ်လုပ်ခဲ့မိတာကြောင့် တောင်းပန်ပါတယ်။ ရန်ဟောင်ရီက စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောကာ သူက သေရည်ခွက်အား မြှောက်လျှက်သောက်လိုက်၏။

ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်လိုက်၏။ တခြားလူများအားလုံးက သူ့အား လှမ်းကြည့်ကြသော်လည်း ရီဖူရှင်းကား တုတ်တုတ်မျှမလှုပ်ပေ။ အားလုံး၏မျက်နှာတွင် ထူးဆန်းသောအမူအရာများဖြစ်ပေါ်လာသည်။

လျိုတုံ့ကော့၏မျက်လုံးများက အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သို့သော်လည်း သူက မြန်ဆန်စွာ ဖုံးကွယ်လိုက်၏။ ရီဖူရှင်းကား သူ့ကို မျက်နှာသာမပေးချေ။

သူ့ဘေးမှ အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ပြောသည် “ရန်ဟောင်ရီက ဘာသဘောလဲ”

ရီဖူရှင်းက ထိုအမျိုးသမီးအား ကြည့်ကာ သူ၏အကြည့်အား လွှဲလိုက်သည်။

သူက ဘေးမှ ဟယ်လျန်ယိုအား ကြည့်ကာ တီးတိုးပြောသည် “တခြားကိစ္စမရှိတော့ဘူးဆိုရင် ကျုပ်သွားတော့မယ်”

ဟယ်လျန်ယိုက ရီဖူရှင်းအား အနည်းငယ်ရွှင်မြူးသောမျက်နှာဖြင့်ကြည့်သည်။ သူက အမှန်ပင် လျိုတုံ့ကောအား မျက်နှာသာမပေးချေ။

အဝေးမှ လူအများအပြားက ထိုနည်းတူ ကောက်ချက်ချကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုကြ၏။

မည်မျှရူးသွပ်လိုက်ပါသနည်း။

တစ်ဘက်လူ၏တောင်းပန်မှုကို တိုက်ရိုက်လျစ်လျူရှုထားခြင်း…။

“ကြည့်ရတာ ရန်ဟောင်ရီက ကျုပ်ရဲ့တောင်းပန်မှုကို လက်မခံဘူးပဲ” လျိုတုံ့ကောက အပြုံးယဲ့ယဲ့ဖြင့် ဆိုသည်။

“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆိုသည် “မင်းက ဘာမှ အမှားလုပ်ထားတာ မရှိဘူးလေ။ ဘာလို့ တောင်းပန်ရမှာလဲ”

လျိုတုံ့ကောက ရီဖူရှင်းအား နားမလည်စွာ ကြည့်သည်။

“မင်းက ငါ့ကို မရပ်နိုင်ခဲ့လို့ပဲမလား” ရီဖူရှင်းက ဆက်ပြောသည်။ လျိုတုံ့ကော၏အပြုံးက ပျောက်ကွယ်သွားသည်။ ရီဖူရှင်းက သူ့အား မျက်နှာသာမပေးသလို ပါးရိုက်လိုက်သေး၏။

အမှန်တကယ်လည်း သူသာ ရီဖူရှင်းအား ရပ်တန့်နိုင်ခဲ့လျှင် ဤသို့ တောင်းပန်နေစရာမလိုပေ။

မှန်ခြင်း၊ မှားခြင်းက အရေးမကြီးပေ။

လျိုတုံ့ကောက ခေါင်းငုံ့ကာ သေရည်ခွက်အား တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ကြည့်ရသည်မှာ အခြေအနေက နောက်ပြန်လှည့်မရတော့။

ထိုနေ့က ဟယ်လျန်ယိုသည် ရီဖူရှင်းအား တုံ့ယွင်အိမ်တော်မှ ဖိတ်ခေါ်ကာ အပြင်သို့ခေါ်သွားသည်။ ဟ

ဟယ်လျန်မိသားစုက မည်သို့စီစဉ်နေသည်ကို သူတို့သိပေသည်။ ထို့ကြောင့် ယနေ့တွင် သူတို့က ရီဖူရှင်း၏သဘောကို တမင်လာရောက်စမ်းသပ်ခြင်းဖြစ်သည်။

“ရန်ဟောင်ရီက တောင်းပန်တာကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျုပ်က ခင်ဗျားကို လေးစားပြီးသားပါ။ အဲဒီနေ့က တိုက်ပွဲမှာ ခင်ဗျားရဲ့လင်းလက်မှုကို မှတ်မိနေတုန်းပဲ” လျိုတုံ့ကောက ပြောသည် “ဒီနေ့ ဒီနေရာကို ဖိတ်ကြားခံရတော့ ခင်ဗျားတို့အားလုံး ရန်ဟောင်ရီရဲ့ ကျင့်ကြံမှုကို မတွေ့မြင်ချင်ကြဘူးလား”

သူ၏စကားဆုံးလျှင် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်သော လေဖိအားအောက်သို့ ကျဆင်းလာသည်။

ဟယ်လျန်ယိုက မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ၏မျက်နှာတွင် အပြုံးယဲ့ယဲ့မျှ တင်ထားသည်။ သူမက ရီဖူရှင်းအား ခေါ်လာမှတော့ မည်သို့ မပြင်ဆင်ထားဘဲ နေမည်နည်း။

စားသောက်ဆိုင်အနီးတွင် လူတချို့သည် လူအုပ်ထဲ၌ ရောနှောနေသည်။ ထိုအခိုက်တွင် လူအများက ခေါင်းမော့ကာ စားသောက်ဆိုင်ရှိရာသို့ လှမ်းကြည့်ကြ၏။ လေထုသည် မမြင်ရသောဖိအားများဖြင့် သိပ်သည်းလာချေသည်။

တုံ့ယွင်အဖွဲ့က တစ်ခုခုစီစဉ်ထားပြီဖြစ်ကြောင်း ရီဖူရှင်း ရိပ်မိသည်။ အကယ်၍ သူက အင်ပါယာဟယ်လျန်နှင့်ပူးပေါင်းကာ အိမ်တော်သခင်နေရာကို လုယက်ခဲ့ပါက တုံ့ယွင်အဖွဲ့က မည်သို့ကြံစည်ပါစေ ရီဖူရှင်း မအံ့သြတော့ပေ။

မှန်သည်၊ သူ့အနေဖြင့် သိပ်တော့ ဂရုမစိုက်ပေ။ ထိုမျှလောက်သော စွမ်းအားများက သူ့အား မသက်ရောက်ပေ။

ထိုနေရာမှ လူအများစုမှာ အလယ်အလတ်အဆင့်ရန်ဟောင်များဖြစ်ပြီး တချို့မှာ ဆဌမအဆင့်ရန်ဟောင်များဖြစ်ကြ၏။ သူတို့က ရီဖူရှင်းထံသို့ ဖိအားများ ထုတ်လွှတ်ကြသည်။ သို့သော် ရီဖူရှင်း၏မျက်လုံးထဲတွင် ပြစ်ချက်ရှိသော ဝင်ရိုးပိုင်ရှင်များမှာ စိတ်ဝင်စားစရာမရှိချေ။

“လျိုတုံ့ကော… ဒါက ဘာကိုဆိုလိုတာလဲ” ဟယ်လျန်ယိုက လျိုတုံ့ကောကို မေးသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset