Switch Mode

အပိုင်း(၁၈၇၃)

အစားထိုးရန်သဘောတူခြင်း

တုံ့ယွမ်အိမ်တော်၌ ရီဖူရှင်းသည် အပြင်ဘက်၌ဖြစ်ပျက်နေသမျှကို မတွေးဘဲ လမ်းစဉ်များအကြောင်းရေးထားသည့် ရှေးဟောင်းလက်ရေးမူများကို တိတ်တဆိတ်ဖတ်နေသည်။

တုံ့ယွမ်အိမ်တော်၌သူလုပ်ခဲ့သည့်အရာမှာ အကြီးအကျယ်အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ ယခုအခါ မရေမတွက်နိုင်သောလူများသည် သူ၏အကြောင်းကိုဆွေးနွေးနေကြသည်။ သို့သော် ရီဖူရှင်းသည် မည်သည့်အရာမှမဖြစ်ခဲ့သလိုလုပ်ဆောင်နေပြီး အရာအားလုံးကို စိတ်ထဲမှ ယာယီထုတ်လိုက်သည်။

ယင်ချင်း၏တောင်းဆိုချက်ကိုသဘောတူခဲ့သော်လည်း ထိုသည်မှာ ကောင်းကင်ဒေသ၌လေ့ကျင့်နေစဉ် သူ၏အတွေ့အကြုံတစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ သူသည် သူ၏စွမ်းအားကို ထိုအပေါ်၌ အလွန်အကျွံဖြုန်းတီးလိမ့်မည်မဟုတ်ပေ။ သူသည် ကောင်းကင်ဒေသသို့လာရောက်သည့် သူ၏ရည်ရွယ်ချက်ကိုအမြဲအမှတ်ရနေသည်။

သူသည် မည်သည့်နေရာ၌ရှိနေပါစေ သူ့တွင် လေ့ကျင့်ရန်နှင့်ပိုပြီးအားကောင်းလာစေဖို့ ရည်ရွယ်ချက်တစ်ခုသာလျှင်ရှိသည်။

သူသည် မူလဘုံနှင့်အဆက်အသွယ်ဖြတ်ပြီးဖြစ်၍ ထိုနေရာ၌ ဘာဖြစ်နေသည်ကို သူမသိနိုင်ပေ။ သူသိလျှင်ပင် ၎င်းနှင့်ပတ်သတ်ပြီး သူဘာမှ မလုပ်နိုင်ပေ။ သူသည်အချိန်တိုအတွင်း ဖြစ်နိုင်သမျှ သူ၏စွမ်းရည်တိုးတက်အောင်လုပ်နိုင်လျှင် ထိုထိပ်သီးပုဂ္ဂိုလ်များနှင့် ပြိုင်ဘက်ဖြစ်လာနိုင်လိမ့်မည်။ သူ၏ရည်မှန်းချက်ကိုအောင်မြင်အောင်လုပ်နိုင်မှသာလျှင် မူလဘုံသို့ပြန်ရန်အခွင့်အရေးရှိပြီး ရှန်ကလန်နှင့်ရွှေရောင်နတ်ပြည်ထောင်ကဲ့သို့သောအင်အားစုများကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်၌ရက်အနည်းငယ်နေခဲ့သည်။ သူနေထိုင်သည့်တစ်လျှောက်လုံးတွင် များစွာသော တုံ့ယွမ်အိမ်တော်မှ ကျင့်ကြံသူများသည် ထိုနေရာသို့အလည်လာခဲ့သည်။ ရီဖူရှင်းအား သူတို့ကြည့်သောအကြည့်မှာရန်လိုသော်လည်း တုံ့ယွမ်အိမ်တော်၌ရှိနေစဉ်မှာ ရီဖူရှင်းအားမတိုက်ခိုက်ရဲကြပေ။

စိတ်အနှောက်အယှက်မဖြစ်ဘဲ ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်စုစည်းခြင်းမှာ အပြည့်အဝပူးပေါင်းပါဝင်ခဲ့သည်။ ဤသည်က လမ်းစဉ်များသင်ကြားခြင်းဆိုင်ရာ စာကြည့်တိုက်ကြီးဖြစ်သည်။ ဤစာကြည့်တိုက်ကို ရတနာသိုက်အဖြစ်မှတ်ယူနိုင်သည်။ အရှင်ဒွန်ဟောင်က လောကကိုဖြန့်‌ဝေခဲ့သည့် သင်ကြားခြင်းများသည် အံ့အားသင့်ဖွယ်အစွမ်းထက်လှသည်။ ၎င်းတို့သည် သူထင်ထားသည်ထက်ပို၍အဖိုးတန်သည်။ မည်သည့်ကျင့်ကြံသူမဆို သူတို့လိုအပ်သည့်လမ်းစဉ်မှန်သမျှကို ဤနေရာတွင်ရှာဖွေနိုင်သည်။

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်ကိုလေးစားမိသည်။ သူသည် အင်ပါယာရီချင်အကြောင်းကို ထည့်သွင်းပြောကြားရန် မလိုအပ်ပေ။ အရှင်ဒွန်ဟောင်အတွက်မူ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးသည် အမှန်တကယ်တွင် မည်ကဲ့သို့ဖြစ်နေမည်ကိုဘေးဖယ်ကြည့်လျှင်ပင် သူသည် အလွန်အရေးကြီးသည့်ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ကောင်းကင်ဒေသက်ိုလည်း များစွာအကူအညီပေးခဲ့သည်။

ထိုသို့သောစိတ်သဘောထားသည် လေးစားထိုက်ပေသည်။

ရီဖူရှင်းသည်လည်း မည်သည့်အတွက်ကြောင့် များစွာသောအင်အားစုများသည် တုံ့ယွမ်အိမ်တော်ကို ထိန်းချုပ်ချင်နေကြကြောင်းသဘောပေါက်သည်။ အချို့ကျောက်စိမ်းပရပိုက်များအတွက်မူ ၎င်းတို့ကို ဤနေရာတွင် စိတ်အသိဖြင့်ဖတ်ရှုလေ့ကျင့်ခြင်းသည် အလွတ်ကျက်မှတ်ထားပြီး နောက်မှလေ့ကျင့်ခြင်းထက်များစွာပို၍ထိရောက်ပေသည်။

ထိုအခိုက် ရီဖူရှင်းသည် ထောင့်တစ်နေရာတွင်ထိုင်၍တိတ်တဆိတ်လေ့ကျင့်နေသည်။ သူ၏အသိသည် ကျောက်စိမ်းပုရပိုက်အတွင်းသို့ဝင်ရောက်ကာ ၎င်းအတွင်းရှိအရာအားလုံးကိုမှတ်ယူနေသည်။ မဟာလမ်းစဉ်၏နတ်ရောင်ခြည်စက်ဝန်းသည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေပြီး လူများစွာအား သူ၏နေရာသို့ကြည့်ရှုမိစေသည်။

ခဏအကြာ၌ ရီဖူရှင်း၏အသိသည် ပုရပိုက်အတွင်းမှထွက်လာပြီး အခြားသောရှေးဟောင်းလက်ရေးမူများကို ဆက်လက်လေ့လာနေသည်။

သူသည် လက်ရေးမူများကိုစစ်ဆေးခြင်း၌ ပို၍ပို၍အာရုံစူးစိုက်မိလာသည်။ ထိုသည်က သူမည်သည့်အတွက်ကြောင့် တုံ့ယွမ်အိမ်တော်ကိုလာရောက်ခဲ့သည်ဆိုသည့်အကြောင်းကို မေ့သွားပြီဟု ယင်ချင်းအားခံစားမိစေသည်။

သူမသည် ရီဖူရှင်း၏မူလဇစ်မြစ်ကိုပို၍ပို၍ သိချင်စိတ်ပြင်းထန်လာသည်။

ထိုအခိုက် ယင်ချင်းသည်တစ်စုံတစ်ရာကို ခံစားမိပုံပေါ်သည်။ သူမသည် လှည့်လိုက်ပြီး သူမ၏နံဘေးကိုကြည့်လိုက်သည်။ ထို‌နေရာ၌အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးတိတ်ဆိတ်စွာရပ်နေသည်ကို သူမမြင်လိုက်သည်။

သူမသည် အသက်သုံးဆယ်ဝန်းကျင်လောက်ရှိပြီး အလွန်လှပသည်။ သူမသည် ငယ်ရွယ်နုပျိုသောမိန်းကလေးပုံမရှိသော်လည်း ရင့်ကျက်တည်ငြိမ်သည့်ပုံပေါ်သည်။ သူမ၏ပုံရိပ်သည် ပြစ်ချက်ကင်းသည်ဟုယူဆနိုင်ပြီး လူများကို အရိုင်းဆန်သော ပြင်းထန်သည့်စိတ်ကူးယဉ်အတွေးများကြားတွင် ပျောက်ဆုံးစေနိုင်သည်။

သူမ၏အမူအရာသည် အလွန်ထူးခြားပြီးအလွန်နူးညံ့သိမ်မွေ့သည့်အလှကို ခံစား‌မိစေသည်။ သူမသည် တော်ဝင်မျိုးနွယ်၏ကျက်သရေကိုပိုင်ဆိုင်ပြီး အနည်းငယ်သီးသန့်ဆန်၍ မာနကြီးဟန်ပေါ်သည်။ သူမသည် အခြားကမ္ဘာမှဆင်းသက်လာသည့် နတ်သမီးသဖွယ်ပင်ဖြစ်သည်။

ထိုအမျိုးသမီးတွင် အားကောင်းသည့်ကျင့်ကြံခြင်းရှိကြောင်း ယင်ချင်းခံစားမိသည်။သူမသည် သေချာပေါက်ရန်ဟောင်တစ်ပါးဖြစ်ပြီး အဆင့်နိမ့်ရန်ဟောင်မဖြစ်‌နိုင်ပေ။

သူမသည် တိတ်ဆိတ်စွာရပ်နေပြီး ရီဖူရှင်းကျင့်ကြံနေသည်ကို ကြည့်နေခဲ့သည်။ ရီဖူရှင်းသည်လည်း ထိုနေရာ၌ထိုင်နေသောကြောင့် သူမကိုသတိပြုမိပုံပါ်သည်။ သူသည်မတ်တပ်ရပ်ပြီးလှည့်လိုက်ကာ တစ်ဖက်လူကိုကြည့်လိုက်သည်။ သူသည်ပြုံးပြီး ယဉ်ကျေးစွာမေးလိုက်သည် “နတ်မိမယ်က ကျွန်တော့ကိုရှာနေတာလား”

ထိုခဏ၌ အခြားတစ်ယောက်သည် သူ့အားစောင့်ကြည့်နေသည်ကို သူရှင်းရှင်းလင်းလင်းသတိထားမိခဲ့သည်။

“ဒီနေရာမှာရှိတဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေက စွမ်းအားကြီးပေမယ့် ကျင့်ကြံဖို့ခက်ခဲပြီးနားလည်သဘောပေါက်ဖို့ အချိန်အတော်ကြာလိုအပ်တယ်။ မင်းအနေနဲ့ တုံ့ယွမ်အိမ်တော်မှာ ခဏတာပဲနေမယ်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဘယ်အရာမဆိုနားလည်သဘောပေါက်ဖို့ခက်ခဲလိမ့်မယ်” အမျိုးသမီးကပြောလိုက်သည်။

“ဒီလမ်းစဉ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကဘာလဲ” ရီဖူရှင်းသည် ထောင့်တစ်နေရာဆီသို့ညွှန်ပြလိုက်သည်။

“ဒါက အဲ့ဒီလမ်းစဉ်တွေထဲကတစ်ခုပဲ” အမျိုးသမီးက ခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော် ဒီဟာကို သေချာစဉ်းစားသင့်တာပဲ” ရီဖူရှင်းသည် ပြုံးပြီးပြောလိုက်သည်။”နတ်မိမယ်အနေနဲ့ အခြားကိစ္စတွေရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ”

“ကျွန်မရဲ့အ‌ဖေက ရန်ဟောင်ရီကိုစောင့်နေတာရက်အနည်းငယ်ရှိပါပြီ။ ဒါပေမဲ့ ရန်ဟောင်ရီက ထွက်မလာခဲ့ဘူး။ ဒါကြောင့် အဖေက ကျွန်မကို ရန်ဟောင်ရီကိုကြည့်ပေးဖို့ပြောပြီး သူနဲ့တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ” အမျိုးသမီးက ပြောလိုက်သည်။ “ကျွန်မက အင်ပါယာဟယ်လျန်တော်ဝင်မိသားစုက ဟယ်လျန်ယိုပါ”

“သူမက ဟယ်လျန်တော်ဝင်မိသားစုရဲ့အကြီးဆုံးမင်းသမီးပဲ”

ယင်ချင်းသည် သူမ၏အတွေးများကို ရီဖူရှင်းထံသို့ပို့လိုက်သည်။ “အင်ပါယာဟယ်လျန်ရဲ့တော်ဝင်မိသားစုက အဓိကနယ်မြေတော်ဝင်မိသားစုတွေထဲက တစ်ခုဖြစ်တယ်။ သူတို့မှာ ဆင့်လောအိမ်တော်ထက် မနိမ့်တဲ့အရည်အချင်းရှိကြတယ်။ သူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့​ကျင့်ကြံသူတွေက ဆင်လော့အိမ်တော်လက်အောက်‌ကသူတွေထက် ပိုများတယ်။ ဒါမတိုင်ခင်က အပြင်ဘက်မှာ ရှင့်ရဲ့ကိုယ်စားပြောပေးခဲ့တဲ့သူက အင်ပါယာဟယ်လျန်ပဲ”

ရီဖူရှင်းသည် အခြေအနေကို‌‌ကောင်းစွာနားလည်သဘောပေါက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ။ဒါပေမယ့် ကျွန်တော့ကို အချိန်ထပ်ပေးပါဦး။ ကျွန်တော်နားလည်ဖို့လိုအပ်တဲ့ အချို့အပိုင်းတွေရှိနေသေးလို့ပါ”

‌”ကောင်းပါပြီ” ဟယ်လျန်ယိုသည် ခေါင်းငြိမ့်ပြီး တုံ့ပြန်လိုက်သည်။ ထို့နောက် ရီဖူရှင်းသည် ဆက်လက်ကျင့်ကြံနေသည်။

အခြားဘာမှလုပ်စရာမရှိသောကြောင့် ဟယ်လျန်ယိုသည် ဘေးတွင်ရှိသော ကျင့်ကြံခြင်းနည်းလမ်းအချို့ကိုလေ့လာကာ သူတို့ကိုနားလည်ပြီးနောက် သူမကိုယ်တိုင်ကျင့်ကြံခဲ့သည်။

ခဏအတွင်းမှာပင် ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ ထိုရက်များအတွင်း၌ ဟယ်လျန်ယိုသည် တိတ်ဆိတ်စွာနေပြီး ရီဖူရှင်းအား လုံးဝမနှောက်ယှက်ခဲ့ပေ။

အသိစိတ်တစ်ခုသည် ရီဖူရှင်း၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ သို့သော် ထိုအသိသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ သူသည် ကျင့်ကြံခြင်းကိုရပ်တန့်လိုက်သည်။ ရီဖူရှင်းသည် ဟယ်လျန်ယိုကိုကြည့်လိုက်သည်။ သူက ပြုံးပြီးပြောလိုက်သည် “ကျွန်တော်ဆက်လက်ကျင့်ကြံနေရင် မင်းသမီး ကျွန်တော့်ကိုဆက်စောင့်နေမှာလား”

အင်ပါယာဟယ်လျန်၏အကြီးဆုံးမင်းသမီးသည် သူ့ထက်ပိုမြင့်သည့်ကျင့်ကြံခြင်းရှိကြောင်း သူပြောနိုင်သည်။ သူမသည် အမှန်တကယ်ပင် ထိုရက်များ၌ သူ့ကိုစောင့်နေခဲ့သည်။ ထိုအချက်အရ သူမသည် လျိုတုံ့ကောထက်အလွန်သာလွန်သည်။

“‌ဒါကရက်အနည်းငယ်ပါပဲ။ ကျင့်ကြံခြင်းနည်းလမ်းတွေကို အလွယ်တကူနားလည်သဘောပေါက်ခြင်းအားဖြင့် အချိန်တွေကခဏအတွင်းကုန်ဆုံးသွားတယ်။ ရှင်က တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံဖို့အတွက် အချိန်လိုသေးလား” ဟယ်လျန်ယိုကမေးလိုက်သည်။ သူမအနေနှင့် ကိစ္စမရှိပေ။

“သွားကြမယ်” ရီဖူရှင်းသည်ပြုံးပြီးပြောလိုက်သည်။ ထိုကဲ့သို့ လှပသောမင်းသမီးကြီးသည် အလွန်တည်ငြိမ်အေးဆေးလှသည်။ မင်းသမီးသည် မျက်စိကျေနပ်စရာဖြစ်သည်။

သူတို့သည် အောက်ဆင်းခဲ့ပြီး တုံ့ယွမ်အိမ်တော်မှ ထွက်ခွာခဲ့သည်။ သူတို့နောက် အိမ်တော်၏အပြင်ဘက်၌ များစွာသောအရိပ်များထွက်ပေါ်လာပြီး သူတို့ထွက်ခွာသွားသည်ကိုစောင့်ကြည့်နေသည်။ လျိုတုံ့ကောသည်လည်း သူ၏ဘေး၌အမျိုးသမီးတစ်ဦးနှင့်ထွက်ပေါ်လာသည်။ သူတို့၏အကြည့်မှာ အေးစက်လှသည်။

“ဟယ်လျန်ယို” လျိုတို့ကောသည် ရေရွတ်လိုက်သည်။ “အဲ့ဒီမြေခွေးအိုကြီး။ သူက ရီဖူရှင်းကိုထိန်းချုပ်ပြီး အိမ်တော်ကိုလွှမ်းမိုးချင်နေပုံပဲ”

ရီဖူရှင်းသည် သူတို့မည်သို့စဉ်းစားနေကြသည်ကိုမသိပေ။ သူသည် ဂရုလည်းမစိုက်ပေ။

ဟယ်လျန်ယိုသည် ရီဖူရှင်းကို သေရည်ဆိုင်သို့ခေါ်သွားသည်။ ဆိုင်၏အပေါ်ဆုံးအလွှာတွင် စားသောက်ပွဲတည်ခင်းထားသည်။ အင်ပါယာဟယ်လျန်၏ဘေးတွင် ထိုနေ့က တုံ့ယွမ်အိမ်တော်၌သူတွေ့ခဲ့သည့် အခြားကျင့်ကြံသူရှိနေသည်။ ထိုကျင့်ကြံသူသည် ထိုနေ့က တုံ့ယွမ်အိမ်တော်၏အိမ်တော်သခင်နှင့်အတူရှိနေခဲ့သည်။

“မိတ်ဆွေလေး ထိုင်ပါ” အင်ပါယာဟယ်လျန်သည် ရီဖူရှင်းကိုပြုံးပြီးပြောလိုက်သည်။ ရီဖူရှင်းသည် ခုံပေါ်ထိုင်လိုက်သည်။ လူလတ်ပိုင်းအမျိုးသားက ရီဖူရှင်းကိုတစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထိုလူလတ်ပိုင်းအမျိုးသားသည် စူးရှသည့်အရှိန်အဝါတစ်မျိုးရှိသည်။ သူ၏ကျင့်ကြံခြင်းသည် အိမ်တော်သခင်၏ကျင့်ကြံခြင်းနှင့် အဆင့်တူတွင် ဖြစ်ပေလိမ့်မည်။

“ကျုပ်ဘယ်သူလဲဆိုတာ မိတ်ဆွေလေးသိမယ်လို့ယုံပါတယ်။ ဒါက ကျုပ်ရဲ့မိတ်ဆွေကောင်း ထန်မူမြို့တော်ဝန် ယန်တုံ့ချင်းပဲ” အင်ပါယာဟယ်လျန်က မိတ်ဆက်ပေးလိုက်သည်။

“ထန်မူမြို့တော်က အဓိကနယ်မြေရဲ့အရေးပါတဲ့မြို့သုံးမြို့ထဲကတစ်မြို့ဖြစ်တယ်။ တုံ့ယွမ်မြို့တော်ပြီးရင် ဒုတိယမြောက်မြို့ပဲ။ ယန်ကလန်က ထန်မူမြို့တော်ကိုထိန်းချုပ်ပြီး ကလန်ခေါင်းဆောင် ယန်တုံ့ချင်းက ထန်မူမြို့တော်ရဲ့မြို့တော်ဝန်ပဲ” ယင်ချင်းသည် ယန်တုံ့ချင်းကိုထပ်မိတ်ဆက်ပြီးသူမ၏အတွေးများကို လွှဲပြောင်းလိုက်သည်။ ရီဖူရှင်းသာ အဓိကနယ်မြေ၏ကျင့်ကြံသူ ဖြစ်ခဲ့မည်ဆိုလျှင် သူသည် ဤသည်ကိုသိထားပြီးဖြစ်မည်။ သို့သော် ရီဖူရှင်းသည် ထိုအရာအားလုံးကိုလုံးဝသိမထားကြောင်း သူမနားလည်သည်။

“စီနီယာယန်” ရီဖူရှင်းသည် ယန်တုံ့ချင်းကို ခေါင်းအနည်းငယ်ညွှတ်ကာ ဂါရဝပြုခြင်းမဟုတ်ဘဲ နှုတ်ဆက်လိုက်သည်။ ကျင့်ကြံခြင်းဘုံ၌ သူတို့သည် သူစိမ်းများဖြစ်ကြလျှင် စွမ်းရည်အပေါ်မူတည်ပြီး ရာထူးအဆင့်သတ်မှတ်လေ့ရှိသည်။ ထိုအချက်အရ ရီဖူရှင်းသည် ဂါဝရမပြုခြင်းဖြစ်သည်။ သို့သော် တစ်ဖက်သူသည် စီနီယာပုဂ္ဂိုလ်ဖြစ်သောကြောင့် ရီဖူရှင်းသည် သူ့ကိုထိုသို့နှုတ်ဆက်ခြင်းဖြစ်သည်။

“မိတ်ဆွေလေး… အဲ့ဒီနေ့က တုံ့ယွမ်မြို့တော်ကလူတွေကို သမိုင်းတွင်စေမည့်ကိစ္စတစ်ခုမှာ မျက်မြင်သက်သေလုပ်ခိုင်းခဲ့တာပဲ။ ဒါက ငါ့အတွက် မမျှော်လင့်ခဲ့တဲ့အဖြစ်အပျက်ပဲ” ယန်တုံ့ချင်းသည်အပြုံးဖြင့်ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံးအတွက် ဂျူနီယာတစ်ယောက်အား ဤကဲ့သို့ဆက်ဆံခြင်းမှာ ရီဖူရှင်း၏အကောင်းမြင်မှုကိုရလိုကြောင်း သိသာပေသည်။

ရီဖူရှင်းသည် မည်သို့မျှမတုံ့ပြန်ပေ။ ထိုအစား သူသည်အင်ပါယာဟယ်လျန်ကိုကြည့်ပြီးမေးလိုက်သည် “စီနီယာ ကျွန်တော်နဲ့ဘာကိစ္စရှိလို့ပါလဲ”

“မိတ်ဆွေလေးကမေးလာတော့ ငါလဲ ပွင့်ပွင့်လင်းလင်းပြောပါမယ်” အင်ပါယာဟယ်လျန်က ပြောလိုက်သည်။ “တုံ့ယွမ်အိမ်တော်ရဲ့ အိမ်တော်သခင်က အိမ်တော်ကိုနှစ်ပေါင်းများစွာထိန်းချုပ်ထားခဲ့တယ်။ ဒီနှစ်တွေမှာ လျိုဟန်ရဲ့ထိန်းချုပ်မှုကပိုပြီးအားကောင်းလာခဲ့ပြီး အိမ်တော်ကိုသူရဲ့ပိုင်ဆိုင်မှုအဖြစ်မြင်လာတဲ့အထိဖြစ်လာတယ်။ ငါတို့ရဲ့အဖွဲ့တွေ လေ့ကျင့်ဖို့အိမ်တော်ထဲဝင်ချင်ရင်တောင် ဝင်ဖို့ခက်ပြီး သူရဲ့ခွင့်ပြုချက်လိုအပ်တယ်။ ဒါကြောင့် ငါတို့အနေနဲ့ အခြားအိမ်တော်သခင်အသစ်ကို သူ့နေရာမှာအစားထိုးဖို့အစီအစဉ်ရှိတယ်”

“မိတ်ဆွေလေးက အဲ့ဒီနေ့က တုံ့ယွမ်အိမ်တော်ရဲ့တည်ထောင်သူဆီက ခွင့်ပြုချက်ကိုရခဲ့တယ်။ ဒါက မိတ်ဆွေလေးအနေနဲ့ လျိုဟန်နေရာမှာအစားထိုးပြီး တာဝန်ခံဖြစ်လာဖို့အခွင့်အရေးတစ်ခုပဲဖြစ်တယ်” အင်ပါယာဟယ်လျန်သည် ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်က မိတ်ဆွေလေးအနေနဲ့အိမ်တော်ကိုဝင်ရောက်ခဲ့ပြီး အထဲမှာဘာတွေရှိလဲဆိုတာ တွေ့ခဲ့မှာပဲ။ အခု မင်းအနေနဲ့ အိမ်တော်နဲ့ ရင်းနှီးနေပြီလို့ ကျုပ်ယုံတယ်။ ဒီတစ်ကြိမ်မှာ အိမ်တော်သခင်လျိုအနေနဲ့ အရှုံးကိုဝန်ခံခဲ့ပေမယ့် သူအခုမင်းကို မုန်းနေမှာအသေအချာပဲ။ ပြီးတော့ သူ့အတွက် မင်းက ခြိမ်းခြောက်မှုဖြစ်နေလိမ့်မယ်”

ရီဖူရှင်း ခေါင်းငြိမ့်လိုက်သည်။သူဒါကို သေချာနားလည်သည်။ သို့သော် သူသည် ထိုအတွက် မစိုးရိမ်ပေ။

ထိုသည်ကိုကြည့်ခြင်းအားဖြင့် အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းတို့သည် သူ့အား လျိုဟန်နေရာတွင်အစားထိုး၍ အိမ်​တော်သခင်ဖြစ်စေချင်နေသည်။

“ဟယ်လျန်ပြောတာ မှန်တယ်။ လျိုဟန်က မင်းကိုသတ်မှာအသေအချာပဲ” ယန်တုံ့ချင်းသည်လည်းပြောလိုက်သည်။

ရီဖူရှင်းသည် ခေါင်းငုံ့လိုက်ပြီး အသာအယာမေးလိုက်သည်။ “စီနီယာတို့က တုံ့ယွမ်အိမ်တော်ရဲ့နောက်လာမည့်အိမ်တော်သခင်အဖြစ် ကျွန်တော့်ကို‌‌ပံ့ပိုးပေးဖို့ဆန္ဒရှိတယ်။ ပြီးတော့ အဲ့ဒါဖြစ်ပြီးရင် ဘာဆက်ဖြစ်မလဲ။ ကျွန်တော့အနေနဲ့အိမ်တော်ကို စီနီယာတို့ကစီမံဖို့ ပြန်လွှဲပြောင်းပေးဖို့လိုသေးလား”

“ငါ့မှာ ကြီးမားတဲ့ကလန်နဲ့ စီမံဖို့ကိစ္စတွေရှိသေးတယ်။ တုံ့ယွမ်မြို့တော်မှာ အချိန်ပြည့်နေဖို့ငါ့မှာအချိန်မရှိဘူး” အင်ပါယာဟယ်လျန်ကတုံ့ပြန်လိုက်သည်။ “ငါတုံ့ယွမ်အိမ်တော်ကိုဝင်တဲ့အချိန်တိုင်း တခြားသူရဲ့မျက်နှာကိုမကြည့်ရရင်ကိုပဲ ငါကျေနပ်မှာပါ။ မိတ်ဆွေလေး အိမ်တော်သခင်ဖြစ်လာရင် ငါ့ရဲ့ဟယ်လျန်တော်ဝင်မိသားစုအကုန်လုံး မင်းကိုပံ့ပိုးပေးမှာပါ။ ငါရဲ့တစ်ခုတည်းသောတောင်းဆိုချက်က ငါတို့ရဲ့ ကလန်အဖွဲ့ဝင်တွေအနေနဲ့ တုံ့ယွမ်အိမ်တော်ကိုအချိန်တိုင်းဝင်ခွင့်ရဖို့ပါပဲ”

“အခု အိမ်တော်သခင်လျိုက စီနီယာရဲ့လူတွေကို အိမ်တော်ဝင်ရောက်ပြီး လေ့ကျင့်ဖို့အတွက် ပိတ်ပင်ထားဝာာလား” ရီဖူရှင်းကမေးလိုက်သည်။

“အချိန်တိုင်းနီးပါး သူခွင့်မပြုခဲ့ဘူး “အင်ပါယာဟယ်လျန်သည် အေးစက်စက်အသံဖြင့်ဖြေလိုက်သည်။ “ဒါပေမဲ့ တစ်ခါတော့ သူ ငါတို့ကိုအပြစ်ရှာခဲ့တယ်။ အဲ့ဒါက ငါ့ကို‌ဒေါသထွက်စေခဲ့တယ်” အင်ပါယာဟယ်လျန်သည်ဒေါသထွက်ခဲ့သဖြင့် အိမ်တော်သခင်လျိုနေရာတွင် အခြားသူကိုအစားထိုးရန်ဆန္ဒရှိခဲ့သည်မှာ သဘာဝကျပေသည်။

“ငါ့ရဲ့ယန်ကလန်အနေနဲ့ တုံ့ယွမ်အိမ်တော်ထိန်းချုပ်ဖို့အတွက် မိတ်ဆွေလေးကိုကူညီဖို့ ကျင့်ကြံသူအနည်းငယ်ကိုစေလွှတ်ပေးနိုင်တယ်” ယန်တုံ့ချင်းကမှတ်ချက်ချလိုက်သည်။ “ငါတို့ တုံ့ယွမ်အိမ်တော်ကိုလက်လွှဲယူပြီးနောက်မှာ မိတ်ဆွေလေးအနေနဲ့ အိမ်တော်တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ်။ မင်းအ‌နေနဲ့ အိမ်တော်ရဲ့နေရာအားလုံးကို ကျင့်ကြံဖို့ဝင်ရောက်နိုင်ပြီး ရှေးဟောင်းစာလိပ်တွေကို မင်းအလိုရှိတဲ့အချိန်တိုင်းဖတ်နိုင်လိမ့်မယ်။ ဒါက မိတ်ဆွေလေးရဲ့ စွမ်းရည်ကို မြန်မြန်တိုးတက်စေဖို့ ကူညီပေးနိုင်မယ်ဆိုတာသေချာတယ်”

ရီဖူရှင်းသည် ထိုသည်ကိုကြားသည့်အခါ နားလည်သွားသည်။ ယန်တုံ့ချင်းက ပို၍လိုချင်နေပုံပေါ်သည်။ သူသည် နောက်ကွယ်ကနေ တုံ့ယွမ်အိမ်တော်ကိုထိန်းချုပ်ချင်နေသည်။

သူသည်ယန်တုံ့ချင်းကို ငဲ့ကြည့်လိုက်ပြီးနောက် အင်ပါယာဟယ်လျန်ကိုထပ်မံကြည့်ကာမေးလိုက်သည်။ “ကျွန်တော် သေချာရှင်းရှင်းသိစေဖို့အတွက် စီနီယာတို့ကိုမေးချင်တဲ့ကိစ္စတစ်ခုရှိတယ်။ အရင်က ဆရာသခင်တောင်ဘက်တောင်ကုန်းသေဆုံးခဲ့တုန်းက နောက်ကွယ်မှာ တစ်ခုခုဖြစ်ခဲ့တာရှိလား။”

“ဟုတ်တယ်” အင်ပါယာဟယ်လျန်သည်အေးစက်စွာပြောလိုက်သည်။ “အဲ့အချိန်က ဆရာသခင်တောင်ဘက်တောင်ကုန်းကလည်း ထူးခြားတဲ့လူတစ်ယောက်ပဲ။ သူက လျိုဟန်နဲ့မိတ်ဆွေကောင်းတွေဖြစ်ခဲ့တယ်။ လျိုဟန်က သူ့ကိုသစ္စာဖောက်လိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ဘူး။ သူက ဆရာတောင်ဘက်တောင်ကုန်းအနေနဲ့ တုံ့ယွမ်အိမ်တော်အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာကို ကြောက်နေခဲ့တာ။ ဒါကြောင့်လျိုဟန်က သူ့ကိုဖယ်ထုတ်ဖို့အကြောင်းရှာခဲ့တယ်။”

“စီနီယာအနေနဲ့ ဒီကိစ္စကိုစုံစမ်းစစ်ဆေးခဲ့တာလား” ရီဖူရှင်းသည် ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်တာ မေးလိုက်သည်။

“ဒါကစုံစမ်းဖို့တောင် မလိုအပ်ပါဘူး” အင်ပါယာဟယ်လျန်ကတုံ့ပြန်လိုက်သည်။ “ငါရထားတဲ့ အချက်အလက်ကို အခြေခံပြီးပြောရရင် ဆရာတောင်ဘက်တောင်ကုန်းမသေခင်မှာ သူရဲ့ ကျင့်ကြံခြင်းက အိမ်တော်သခင်လျိုဟန်ထက်မနိမ့်ခဲ့ဘူး။ သူက အချို့နေရာတွေမှာ လျိုဟန်ထက်တောင်ပိုပြီးအားကောင်းတယ်။ ဘာအရိပ်အမြွက်မှမရှိဘဲ ဘာလို့ သူရုတ်တရတ်သေဆုံးခဲ့ရတာလဲ။ လျိုဟန်ဖြေရှင်းခဲ့သလိုဆိုရင် ဆရာတောင်ဘက်တောင်ကုန်းက ဘာကြောင့်သူ့ကိုယ်သူသတ်သေခဲ့ရတာလဲ”

“တောင်ဘက်တောင်ကုန်းရဲ့ကျင့်ကြံခြင်းတွေကို နောက်ပိုင်းမှာ ဖျက်ဆီးပစ်လိုက်တယ်။ ဒါက သေချာပေါက်ကို လူသတ်မှုပဲ” အင်ပါယာဟယ်လျန်ကအေးစက်စွာပြောလိုက်သည်။ “မိတ်ဆွေကောင်းကိုတိုက်ခိုက်စေတဲ့အထိ လောဘက လျိုဟန်ကိုမျက်ကန်းဖြစ်စေခဲ့တယ်။”

ရီဖူရှင်းသည် ခေါင်းငြိမ့်ပြီးပြောလိုက်သည်”ကျွန်တော် ခင်ဗျားရဲ့ကမ်းလှမ်းမှုကိုလက်ခံပါမယ် စီနီယာ။”

သူသည် တုံ့ယွမ်အိမ်တော်၏အိမ်တော်သခင်သစ် ဖြစ်လာရန် သဘောတူခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset