အပိုင်း(၁၈၇၀)

လွှမ်းမိုးချုပ်ကိုင်ခြင်း

ရီဖူရှင်းက တစ်ဖက်လူကို အကြည့်တစ်ချက် ပေး၍ ပြောလိုက်သည်။ “တုံ့ယွမ်အိမ်တော်ကို မဟာအင်ပါယာက တည်ထောင်ခဲ့တာ။ မင်းလိုလူက ငါ့လမ်းမှာ ရပ်ဖို့ ဘယ်လိုများ အရည်အချင်း မီသွားလဲ။”

သူက ပြောပြီးသည်နှင့် ခြေထောက်ကို မ,ကာ ကျောက်တုံးလှေကားပေါ်နင်းလိုက်ပြီး အပေါ်သို့ ဆက်တက်သွားခဲ့သည်။

ထိုတန်ခိုးရှင်က အေးစက်သော အမူအရာကို ထုတ်ဖော်ပြလာသည်။ ယခင်က သူသည် တောင်ဘက်တောင်ကုန်း၌ ရီဖူရှင်း၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ သူက ယခုထိတိုင် ထိုအကြောင်းကို မကျေမနပ်ဖြစ်နေဆဲ ဖြစ်သည်။ ယခုကဲ့သို့ အခြေအနေတွင် ရီဖူရှင်းက အမှန်တကယ်ပင် တုံ့ယွမ်အိမ်တော်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ သူက တုံ့ယွမ်အိမ်တော်၏ အင်အားစုများက ဟန်ပြသက်သက်ဟု ယုံကြည်နေသည်လား။

ကြောက်မက်ဖွယ်မဟာလမ်းစဥ် အရှိန်အဝါတို့က ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် သူ၏ နတ်ဝင်ရိုးက ထွက်ပေါ်လာပြီး မြင့်မား၍ ကြီးမားသော လိပ်နက်သားရဲတစ်ကောင်က ကောင်းကင်တွင် ထွက်ပေါ်လာ၏။ ပြင်းထန်လှသည့် ဖိနှိပ်ခြင်းမဟာလမ်းစဥ် စွမ်းအားတို့က မြေပြင်သို့ သက်ဆင်းလာသည်။ ဤသားရဲ၏ ခြေထောက်အောက်တွင် ကောင်းကင်သည်ပင် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်လာသည်။

သူက လက်ဝါးကို ဆန့်တန်းလိုက်ပြီး ရီဖူရှင်းအား ဖိနှိပ်လိုက်သည်။ ကြီးမားသော လိပ်နက်သားရဲကြီးက ရီဖူရှင်း၏ ခေါင်းထက်တွင် ရုတ်ချည်းထွက်ပေါ်လာ၏။ ရီဖူရှင်းနှင့် အခြားသူများက သူတို့၏ ခေါင်းထက်မှ ကြီးမားလှသော စွမ်းအားကို ခံစားမိလိုက်ကြသည်။

နတ်အလင်းများက ရီဖူရှင်း၏ ရှေ့မှ ထွက်ပေါ်လာသော်လည်း ၎င်းတို့က ရီဖူရှင်းအား သက်ရောက်မှုမရှိသကဲ့သို့ သူသည် ခေါင်းကို မော့ရင်း လှေကားကို တစ်လှမ်းချင်း ဆက်တက်နေသည်။ ကျယ်လောင်သော အသံကို ကြားလိုက်ရပြီး အက်ကြောင်းများက သူ့ခြေထောက်အောက်ခြေရှိ လှေကားထက် ပေါ်ပေါက်လာ၏။

လှေကားကို အထူးနည်းလမ်းများဖြင့် ပြုလုပ်ထားပြီး အလွန်ပင် ခိုင်ခံ့မာကြောလှသည်။ ၎င်းတွင် မဟာလမ်းစဥ်စွမ်းအားများ ပါဝင်နေသေး၏။ သို့သော်လည်း ယခုတွင် ကြီးမားလှသော ဖိအားများကြောင့် လှေကားတွင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ အက်ကြောင်းများက အလျင်အမြန်တိုးပွားလာသော်လည်း ရီဖူရှင်းက ဖြောင့်မတ်လှသော လှံတစ်ချောင်းကဲ့သို့ မတ်မတ်ရပ်နေဆဲ ဖြစ်သည်။ သူက အက်ကြောင်းများကြောင့် သက်ရောက်ခြင်း မခံရပုံရလေသည်။

သူတို့က စတင်တိုက်ခိုက်လာသည်။ ပို၍ များပြားသော တန်ခိုးရှင်များက အောက်ဘက်တွင် စုစည်းလာ၏။ အဝေးတွင် ရှိနေသော တန်ခိုးရှင်များသည်လည်း ဤနေရာတွင် ဖြစ်ပေါ်နေသော ဖိအားများကို ခံစားမိသဖြင့် သူတို့၏ စွမ်းအားများကို ပို့လွှတ်လိုက်သည်။ ဤသည်က တုံ့ယွမ်အိမ်တော် ဖြစ်သည်။ ဤနေရာ၌ မည်သည့်အတွက်ကြောင့် တိုက်ခိုက်မှု ဖြစ်ပွားရသနည်း။

ရီဖူရှင်း၏ ခြေလှမ်းများက အနည်းငယ်မျှပင် ယိမ်းယိုင်သွားခြင်းမရှိဘဲ လှေကားကို တစ်လှမ်းချင်း ဆက်တက်သွားနေခဲ့သည်။ အခြားသော တန်ခိုးရှင်များသည် လှေကားထိပ်သို့ လျှောက်သွားကာ ရီဖူရှင်းကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့၏ နတ်ဝင်ရိုးများမှလည်း မဟာလမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာပေသည်။

အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်က နှိုင်းယှဥ်၍မရအောင် ထက်ရှသော အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် စူးရှသောအော်သံများ ထွက်ပေါ်နေသည်။ လူအများက သူတို့၏ ခေါင်းများကို မော့ကာ ကြည့်လိုက်သည်။ မဟာလမ်းစဥ်မှ ဖွဲ့စည်းထားသော အံ့သြစရာကောင်းလောက်သည့် အပိုင်းအစများကို မြင်လိုက်ရသည်။ ၎င်းတို့သည် နှိုင်းယှဥ်မရအောင် ထက်ရှပြီး အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရသည်။

ဟူး…

ပြိုင်ဘက်ကင်း လှံတစ်လက် ထွက်ပေါ်လာသည်။ ၎င်းတွင် လေဟာနယ်ကို ထိုးခွဲနိုင်သော အလွန်ပြင်းထန်သည့် လှံစွမ်းအားတို့ ပါဝင်နေသည်။ ယင်းသည် ကောင်းကင်ထက်တွင် တုန်ခါနေသော်လည်း တိုက်ခိုက်ခြင်း မပြုသေးပေ။ အောက်ဘက်ရှိ လူထုကြီးက ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည်။ ချက်ချင်းပင် အခြားသော ထိတ်လန့်ဖွယ် လှိုင်းများက ကောင်းကင်ကို လွှမ်းခြုံသွားသည်။ နောက်ထပ် လှံတစ်စင်း ထွက်ပေါ်လာ၏။ ဤဒုတိယလှံတွင်လည်း ပြိုင်ဘက်ကင်း လှံစွမ်းရည်တို့ ပါဝင်နေသည်ဟု ပြောနိုင်သည်။

ဘုန်း… ဘုန်း… ဘုန်း…

ကောင်းကင်တွင် လှံစွမ်းအားများ ပေါ်ထွက်လာသည်။ မကြာခင်၌ ကောင်းကင်ထက်တွင် လှံကိုးချောင်း ထွက်ပေါ်လာသည်။ လေထုက မွန်းကြပ်ဖွယ်ကောင်းလာပေသည်။

“တိုက်ခိုက်ကြ။” သူ၏ လက်ချောင်းကို အောက်ဘက်သို့ ညွှန်လိုက်လျှင် စူးရှသောအော်သံတို့ ဖြစ်ပေါ်လာသည်။ လှံရှည်သည် အောက်ဘက်သို့ ကျဆင်းလာပြီး လိပ်နက်ကြီး၏ ဖိအားကို ခံနေရသည့် ရီဖူရှင်းထံသို့ ကျရောက်လာသည်။

ဘန်း…

ကျယ်လောင်သည့် ထိခတ်သံကို ကြားလိုက်ရသည်။ လှံစွမ်းအားတို့က ကောင်းကင်ထက်မှ ကျဆင်းလာပြီး တောက်ပသော နတ်အလင်းတို့နှင့် ထိခတ်သွားသည်။ ရွှေရောင်နတ်အလင်းများက ရီဖူရှင်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာ စီးဆင်းနေပြီး ရွှေရောင်အလင်းလွှာတစ်ခု ဖြစ်ပေါ်လာသည်။ လွှမ်းမိုးနိုင်သော လှံက အမှန်တကယ်၌ အလင်းလွှာကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

“ဟိုအပေါ်က လူတွေ မင်းတို့ လုပ်နိုင်တာ ဒါအကုန်ပဲလား။” ရီဖူရှင်းက သရော်လိုက်သည်။ သူက ပြောလိုက်ပြီး ရုတ်တရက် မြေပေါ်သို့ ဆောင့်နင်းလိုက်သည်။ ချက်ချင်းပင် တိုးပွားလာသော မဟာလမ်းစဥ်၏ စွမ်းအင်လှိုင်းများက မြေပြင်ကို ပြင်းထန်စွာ တုန်ခါသွား​စေသည်။ ထို့နောက် ထိုစွမ်းအင်လှိုင်းများက ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားကာ တန်ခိုးရှင်များကို လွှမ်းခြုံသွားသည်။

အနက်ရောင်လိပ်ကြီး၏ ပုံရိပ်ယောင်က တစစီကွဲကြေသွားပြီး လှံများကလည်း ဖျက်ဆီးခံလိုက်ရသည်။ အခြားသူများမှ ရီဖူရှင်းကို ဖိနှိပ်ထားသည့် မဟာလမ်းစဥ် စွမ်းအားများကလည်း ရှင်းလင်းခံလိုက်ရသည်။ ထို့ပြင် လှေကားထိပ်၌ ရပ်နေသော ရန်ဟောင်အနည်းငယ်က မုန်တိုင်း၏ တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ သူတို့၏ အရှိန်အဝါများကလည်း မတည်မငြိမ်ဖြစ်သွားတော့သည်။

ဘန်း…

နောက်ထပ် ကျယ်လောင်သော အက်ကွဲသံကို ကြားလိုက်ရပြီး ရီဖူရှင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့သည်။ နောက်ပြန်ဆုတ်သွားအောင် ဖိအားပေးခံလိုက်ရသည့် တန်ခိုးရှင်များ၏ နှလုံးသားထဲတွင် ပြင်းထန်စွာ တုန်ယင်နေကြသည်။ သူတို့၏ အတွင်းကလီစာများက ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သူတို့၏ ဝိညာဥ်များက တုန်ယင်သွားသည်။ ဤခြေလှမ်းကြောင့် သူတို့၏ ဝိညာဥ်များက ကွဲကြေသွားတော့မလို ထင်မှတ်ရပေသည်။

သို့သော်လည်း ရီဖူရှင်း၏ ခြေနင်းသံများက ရပ်တန့်သွားခြင်း မရှိပေ။ သူက လှေကားများကို တစ်ထစ်ပြီးတစ်ထစ် ဆက်၍ တက်လာခဲ့သည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာသည်။

သူတို့သာလျှင်မဟုတ်ဘဲ လေဟာနယ်အတွင်းရှိ တန်ခိုးရှင်တို့၏ အမူအရာများက ပြောင်းလဲသွားသည်။ သူတို့က ထိုစွမ်းအားများဖြင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း မဟုတ်လျှင်ပင် ပြင်းထန်လှသော စွမ်းအားများကြောင့် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီတို့က ကပြောင်းကပြန် ဖြစ်သွားသလို ခံစားလိုက်ရသည်။

ရီဖူရှင်းက ထိပ်ဆုံးလှေကားသို့ ရောက်ရန် နောက်ဆုံးအဆင့်သို့ ရောက်သည့်အခါ ပိုမိုပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားတို့ ထွက်ပေါ်လာသည်။ သူ့လမ်းကို တားဆီးထားသည့် ရန်ဟောင်များဆီမှ ညည်းသံတို့ ထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် ချောင်းများဆိုး၍ လတ်ဆတ်သော သွေးတို့ကို အန်ထုတ်လိုက်ရသည်။ သူတို့၏ မျက်နှာများက စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ သူတို့သည် သူတို့ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ်စွမ်းအားများက ပြင်းထန်လှသော ဖိနှိပ်နိုင်စွမ်းများနှင့် ရင်ဆိုင်လိုက်ရကြောင်း ခံစားမိပေသည်။

ထိုအချိန်တွင် သူတို့၏ အမူအရာများက ပြောင်းလဲသွားကာ အပေါ်သို့ လျှောက်လာနေသော ရီဖူရှင်းအား စိုက်ကြည့်လိုက်ကြသည်။ သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးက သူတို့ထက် အများကြီး အားကောင်းလှပေသည်။

လှေကားအောက်ခြေမှ လူအုပ်ကြီးက ရီဖူရှင်း လှေကားထိပ်သို့ တက်နိုင်သွားသည်အား မြင်သည့်အခါ သူတို့၏ နှလုံးက တုန်ယင်သွားကြတော့သည်။ ရန်ဟောင်အဆင့် တန်ခိုးရှင်တစ်ယောက်က မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ တစ်ဖက်လူက သူ့အား လက်ခံရန် ငြင်းဆန်ခဲ့လျှင်ပင် သူက အတင်းအကျပ် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

“အရှင်ဒွန်ဟောင်က တုံ့ယွမ်အိမ်တော်ကို တည်ထောင်ပြီး လူတိုင်းကို ကျင့်ကြံရေးပညာရပ်တွေ သင်ကြားနိုင်ဖို့ ခွင့်ပြုခဲ့တယ်။ တုံ့ယွမ်အိမ်တော်ကို စီမံခန့်ခွဲပေးနေရတဲ့ သူတွေတောင်မှ မဟာအင်ပါယာကို ကိုယ်စားပြုပြီး အရည်အချင်းရှိတဲ့သူတွေကို တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံဖို့ ခွင့်ပြုပေးရမှာပဲ။ မင်းတို့အားလုံးတောင် အဲဒီနေရာမှာ ရပ်နေနိုင်ရင် ငါက ဘာလို့ မရရမှာလဲ။” ရီဖူရှင်းက သူ့ရှေ့မှ ရန်ဟောင်များကို ကြည့်ကာ ပြောလိုက်သည်။ အခြားသောသူများက ဆွံ့အသွားတော့သည်။

အောက်ဘက်ရှိ လူများကလည်း အလွန်အံ့အားသင့်နေတော့သည်။ ရီဖူရှင်းပြောသည်မှာ အမှန်ပင် ဖြစ်၏။ သူက သိသာစွာနှင့် တစ်ဖက်လူထက် သန်မာပြီး တစ်ဖက်လူကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ ထိုလူများပင်လျှင် ထိပ်ဆုံး၌ ရပ်တည်နိုင်လျှင် သူတို့က သူ့ကို ရပ်တန့်ရန် မည်သည့်အရည်အချင်း ရှိနေပါသနည်း။

ရီဖူရှင်း၏ အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်သည်။ သို့သော်လည်း ကျင့်ကြံခြင်းလောက၌ အကြောင်းပြချက်ကို စကားလုံးများနှင့် သက်သေမပြနိုင်ပေ။

ရီဖူရှင်း၏ ရှေ့တွင် ထွက်ခွာရန် ပြင်နေသော လျှိုတုံ့ကော၏ အဖွဲ့က ပြန်လှည့်လာသည်။ လျှိုတုံ့ကောက ရီဖူရှင်း ဤနေရာသို့ အတင်းအကျပ် တက်လာသည်ကို မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူ့အကြည့်များက အေးစက်နေ၏။

တုံ့ယွမ်အိမ်တော်ကို ဝန်းရံထားသည့် အဆောင်များမှ ပုံသဏ္ဌာန်အချို့ ပျံထွက်လာပြီး ကောင်းကင်သို့ တက်လာလေသည်။ သူတို့က ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ​ပြီးခဲ့သော တိုက်ပွဲက တုံ့ယွမ်အိမ်တော်ရှိ တန်ခိုးရှင်များကို အနှောက်အယှက် ဖြစ်စေခဲ့သည်။

တစ်စုံတစ်ယောက်က တုံ့ယွမ်အိမ်တော်ကို အင်အားသုံးကာ ကျူးကျော်ရန်ကြိုးစားနေသည်လား။

ရီဖူရှင်းက သူ့ခေါင်းကို မော့ကြည့်လိုက်သည်။ သူက တန်ခိုးရှင်များကို ကြည့်လိုက်သော်လည်း ချက်ချင်း လျစ်လျူရှူလိုက်သည်။ သူ၏ လက်ရှိစွမ်းရည်နှင့် တုံ့ယွမ်အိမ်တော်မှ တန်ခိုးရှင်များကို စိတ်ပူနေရန် မလိုအပ်ပေ။ သူက တုံ့ယွမ်အိမ်တော်ကို ဆန့်ကျင်၍ စစ်ပွဲဖန်တီးချင်နေလျှင် ထိုသူတို့အား ကြောက်နေရန် မလိုပေ။

တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ရဲလျှင် သူက နောက်ပြန်ဆုတ်လိမ့်မည် မဟုတ်ပေ။

“ကျုပ်က ရုပ်တုအကဲဖြတ်ခြင်း ခံယူဖို့ တုံ့ယွမ်အိမ်တော်ကို လာခဲ့တာ။ တုံ့ယွမ်အိမ်တော် တန်ခိုးရှင်တွေက ကျုပ်ကို တားဆီးတဲ့အခါ သူတို့က ကျုပ်ထက် အားကောင်းသန်မာတယ်လို့ ယူဆမိတယ်။ ဒါပေမယ့် သူတို့က ကျုပ်ထက် အားနည်းနေလျက်သားနဲ့ ကျုပ်ကို တားဆီးရဲတယ်။ ဒါဟာ ခင်ဗျားတို့က မဟာအင်ပါယာရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မလေးမစားပြုမူနေတယ်လို့ ဆိုလိုတာပဲ။ ဒီလိုဆိုမှတော့ သက်ညှာမှုမပေးတဲ့အခါ ကျုပ်ကို အပြစ်မတင်ကြနဲ့။” ရီဖူရှင်းက ပြောလိုက်သည်။ သူက မြင့်မားသော အဆောက်အဦးဆီသို့ လျှောက်သွားခဲ့၏။

လူအများက သဘောတူစွာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း၏ ယူဆချက်က မှားယွင်းမှု မရှိပေ။ သူတို့က ရီဖူရှင်းအား တိုက်ခိုက်ရာ သူတို့၏ အမြင်တွင် ရီဖူရှင်းက တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီသောကြောင့်ဟု ယူဆနိုင်ပေသည်။ ထို့​ကြောင့် ပုံမှန်အားဖြင့် သူတို့က ရီဖူရှင်းထက် အားကောင်းနေသင့်သည်။

မဟုတ်လျှင် သူတို့တွင် ရီဖူရှင်းက ရုပ်တုအကဲဖြတ်ခြင်းကို ခံယူလိုသည်အား ရပ်တန့်ရန် မည်သည့်အရည်အချင်း ရှိပါမည်နည်း။

ဤပုဂ္ဂိုလ်က မဟာအင်ပါယာကို ရည်ညွှန်းပြောဆိုခဲ့သည်။ သို့သော်လည်း မဟာအင်ပါယာသည် တုံ့ယွမ်အိမ်တော်ကဲ့သို့ ကုန်းမြေမှ ပြဿနာသေးသေးလေးအား ဂရုစိုက်ရန် ခက်ခဲလှပေသည်။

ကောင်းကင်ဒေသတွင် မရေတွက်နိုင်သော ကုန်းမြေများစွာ ရှိသည်။ ဤနေရာသည် ထိုကုန်းမြေအားလုံးထဲမှ တစ်ခုဖြစ်သည်။ ကျန်သော ကုန်းမြေများနှင့် ယှဥ်လျှင် အလွန် သေးငယ်လှသည်။

ရီဖူရှင်းကြောင့် ရှုံးနိမ့်ခဲ့သော ရန်ဟောင်များမှာ တစ်လှမ်းချင်းတက်လာသော သူ့ကို မြင်သည့်အခါ ထပ်၍ မတားဆီးရဲကြတော့ပေ။ သူတို့က သူ့အတွက် လမ်းပင် ဖယ်ပေးလိုက်ကြ၏။ သိသာစွာပင် သူတို့က ရီဖူရှင်းအား ရပ်တန့်ရန် ယုံကြည်ချက် မရှိကြပေ။ သူတို့က ယခုလေးတင် သူ့လက်ထဲ၌ ရှုံးနိမ့်ခဲ့ရသည်။ အကယ်၍ သူတို့က သူ့လမ်းအား ဆက်ပိတ်ထားမည်ဆိုလျှင် သူတို့ကိုယ်သူတို့ အရှက်ရစေပေလိမ့်မည်။

“သူ့ကို ဆွဲချကြ။” လျှိုတုံ့ကောက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးမှ  တန်ခိုးရှင်အနည်းငယ်က အားလုံး စွမ်းအားကြီးသူများ ဖြစ်ကြသည်။ သူတို့အားလုံးက တုံ့ယွမ်အိမ်တော်၏ အရေးကိစ္စများကို ဆွေးနွေးရန် စုစည်းနေ​ကြခြင်း ဖြစ်သည်။ ဤသို့သော အခြေအနေအောက်၌ တစ်စုံတစ်ယောက်က တုံ့ယွမ်အိမ်တော်ကို အတင်းအကျပ် ထိုးဖောက်ဝင်လာရဲပေသည်။ ယခု လျှိုတုံ့ကော မည်သို့ ခံစားနေရမည်ကို လူတိုင်း တွေးကြည့်နိုင်ပေသည်။

ဤသည်မှာ သံသယဝင်စရာ မရှိလောက်အောင် တဖက်လူက သူတို့အား စိတ်အနှောက်အယှက် ပေးလိုပုံရသည်.

သူ့ဘေးမှ အမျိုးသမီးရန်ဟောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အကြည့်များက အေးစက်လာသည်။ သူမတို့ ကလန်နှင့် တုံ့ယွမ်အိမ်တော်သခင်တို့က မဟာမိတ်များ ဖြစ်ကြသည်။ သူတို့က ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး တူညီသော စိတ်ဝင်စားမှုများရှိကြသည်။

လျှိုတုံ့ကောက ထိုစကားများ ပြောဆိုလိုက်သည့်အခါ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ စတုတ္ထဆင့် နတ်ဝင်ရိုးနှင့် အလယ်အလတ်အဆင့် ရန်ဟောင်များက ရှေ့ထွက်လာကြသည်။ ဤမြင်ကွင်းသည် လှေကားအောက်ခြေမှ လူအုပ်ကြီးကို စိတ်ပျက်သွားစေခဲ့သည်။ တုံ့ယွမ်အိမ်တော်သည် ကျင့်ကြံဆင့်မြင့်မားသော တန်ခိုးရှင်များကို တိုက်ခိုက်ရန် ခွင့်ပြုပေးခဲ့သည်။ သူတို့က ရီဖူရှင်းအား တားဆီးရန် လုပ်ဆောင်နေသည်ဆိုလျှင်ပင် ထိုသည်က သူတို့အား အကြည့်ရဆိုးစေသည်။

စတုတ္ထဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်များမှ ကြောက်လန့်ဖွယ် စွမ်းအားများ ထွက်ပေါ်လာ၏။ သူက လေထဲသို့ ခြေလှမ်းလိုက်ပြီး ကြီးမားသော ဓားမောက်တစ်ခုက ကောင်းကင်တွင် ထွက်ပေါ်လာသည်။ ၎င်းက အလွန် ထက်ရှပေသည်။  ဓားမောက်၏ စွမ်းအားများက ရီဖူရှင်း ခန္ဓာကိုယ်ကို ရိုက်ခတ်သွား၏။ ကြည့်ရသည်မှာ လေဟာနယ်ကိုပင် အပိုင်းပိုင်း ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရပေသည်။

ဤမျှထိ လွှမ်းမိုးနိုင်စွမ်းရှိသော နည်းစနစ် ဖြစ်သည်။ လူအများသည် ထိုဓားမောက်မှထွက်လာသည့် လွှမ်းမိုးနိုင်စွမ်းရှိသော ​ပြိုင်ဘက်ကင်း စွမ်းအားများကို ခံစားမိပေသည်။

ရန်ဟောင်က သူ့လက်ကို ဆန့်တန်းလိုက်သည်။ သူ့လက်ထဲမှ ဓားမောက်နှင့် လေဟာနယ်ကို ဓားမောက်စွမ်းအင်များနှင့် ပြည့်နှက်လာစေသည်။ ရီဖူရှင်းသည် ဓားမောက်စွမ်းအင်လောကထဲသို့ ကျရောက်သွားကြောင့် ခံစားလိုက်ရသည်။ သူ့ရှေ့မှ ရန်ဟောင်သည် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ပြန်ဆင်းသွား။ ငါ မင်းအသက်ကို ချမ်းသာပေးမယ်။”

ရီဖူရှင်းက ပြန်မဆင်းသွားပေ။ ပြိုင်ဘက်၏ ဓားမောက် စွမ်းအားများထဲ၌ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တို့ ပါဝင်နေသည်။

“မင်းက သေချင်နေတာပဲ။” ရီဖူရှင်း ရှေ့သို့ လျှောက်လာသည်အား ကြည့်ကာ သူက ခုတ်ပိုင်းလိုက်သည်။ ဓားမောက်က လျှပ်စီးထက် လျင်မြန်စွာ ကျဆင်းလာသည်။ လူအုပ်ကြီးသည် သူတို့၏ မျက်စိရှေ့၌ အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီး ဓားမောက်ကို မမြင်ခဲ့ကြရပေ။

၎င်းက အလွန် လျင်မြန်လေသည်။

လူအများ၏ နှလုံးသားများက တုန်ယင်သွားသည်။ ရီဖူရှင်းက ဤသို့သော တိုက်ကွက်မှ ရှင်သန်နိုင်ပါမည်လား။

လူတိုင်း၏ အကြည့်များက ရီဖူရှင်းဆီသို့ ရောက်သွားသည်။ ထိုအချိန်တွင် သူတို့က မျက်လုံးများကို ကျဥ်းမြောင်းကာ ထိုနေရာသို့ စူးစိုက်ကြည့်နေကြသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေ၏။

ရီဖူရှင်း၏ လက်မောင်းက ရုတ်တရက် မြောက်တက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အနီးတွင် စွမ်းအားများ လှည့်ပတ်စီးဆင်းနေသည်။ သူ့လက်ဝါးတွင် အစွမ်းထက်သော မဟာလမ်းစဥ် စွမ်းအင်လှိုင်းများ စီးဆင်းနေ၏။ အံ့အားသင့်စရာကောင်းစွာပင် သူ၏ လက်ချောင်းများကို ဆန့်ထုတ်ကာ ဓားမောက်အား ဖမ်းလိုက်သည်။ ၎င်းက ဓားမောက်အစစ်မဟုတ်သော်လည်း အစွမ်းထက်သော ဓားမောက်စွမ်းအင်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဓားမောက်၏ စွမ်းအားများသည် ပို၍ ကြောက်မက်ဖွယ် ကောင်းလာကာ အလင်းထက်ပင် ပို၍ မြန်ဆန်လာသည်။ သို့သော်လည်း ရီဖူရှင်းအား မသတ်နိုင်ရုံမျှမက သူ၏ ဖမ်းဆီးခြင်းကိုပင် ခံလိုက်ရသည်။

သူက ဓားမောက်စွမ်းအားတို့ကို လက်ဗလာဖြင့် ဖမ်းဆီးလိုက်သည်။

စတုတ္ထဆင့် နတ်ဝင်ရိုးနှင့် ရန်ဟောင်ပင်လျှင် နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်​နေခဲ့၏။ ဤသည်က မဖြစ်နိုင်ပေ။ တူညီသောအဆင့်ရှိသည့် တစ်စုံတစ်​ယောက်သာမက အလယ်အလတ်အဆင့် ရန်ဟောင်နှင့် အဆင့်မြင့်ရန်ဟောင်ပင်လျှင် ထိုစွမ်းအားများကို လက်ဗလာနှင့်ဖမ်းဆီးရန်မှာ ခက်ခဲလှသည်။ ရီဖူရှင်းက မည်သို့ဖြစ်၍ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရသနည်း။

“ခင်ဗျားက ကျုပ်အသက်ကို ချမ်းသာပေးမယ်တဲ့လား။” ရီဖူရှင်းက ထိုတန်ခိုးရှင်ကို ကြည့်ကာ ပြောလိုက်သည်။ နတ်အလင်းရောင်က သူ့လက်ထဲတွင် စီးဆင်းနေ၏။ ဓားမောက်စွမ်းအားက ချက်ချင်း ကွဲထွက်ကာ အမှုန်များအဖြစ်သို့ တဖြေးဖြေး ပြောင်းလဲသွားတော့သည်။ ထိုသည်မှာ ကြောက်မက်ဖွယ် ဓားမောက်စွမ်းအားများက မည်သည့်စွမ်းအားမှ မရှိတော့သလို ခံစားရပေသည်။

စူးရှကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ရီဖူရှင်းရှေ့၌ ဓားတစ်လက် ပေါ်ပေါက်လာသည်။ ဓားစွမ်းအားများက ကျယ်ပြောသော လေဟာနယ်အတွင်း ပျံ့နှံ့လာသည်။ ဓား၏ အော်မြည်သံများက လေဟာနယ်ကို လွှမ်းခြုံထားသည်။

“အဲဒါဆို ကျုပ်ရဲ့ ဓားချက်ကို ခံကြည့်လိုက်။” ရီဖူရှင်းက ထိုစကားများကို ပြောလိုက်သည့်အခါ နတ်ဓားက ကောင်းကင်သို့ ထိုးတက်သွားသည်။ ယင်းက လျှပ်စီးကဲ့သို့ တိုးဝင်သွားသည်။ တစ်ဖက်လူသည် ဓားမောက်စွမ်းအားတို့ကို ရီဖူရှင်းက လက်ဗလာဖြင့် တားဆီးခဲ့ကြောင်း မြင်သည့်အခါ သံသယဝင်သွားခဲ့သည်။ သူက နောက်ပြန်ဆုတ်၍ ဓားမောက်ကို ထုတ်ဖော်ရင်း ဓားတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

ဓားနှင့် ဓားမောက်တို့က အချင်းချင်း ထိပ်တိုက်တွေ့သွားကြသည်။ ဓားတွင် ယင်စွမ်းအင်အပြည့်ပါဝင်ပေသည်။ နတ်ဓားကြောင့် ဓားမောက်က ကွဲကြေသွားပြီး အမှုန်အဖြစ် ပြောင်းလဲသွားသည်။ ဓားက လေဟာနယ်ကို ဖြတ်သန်းတိုးဝင်သွားကာ တခဏအတွင်း ပျောက်ကွယ်သွားလေသည်။

လူအုပ်ကြီးက ဓားအလင်းကိုသာ မြင်တွေ့လိုက်ရကာ တန်ခိုးရှင်၏ ခန္ဓာကိုယ်က လေထဲတွင် ပြင်းထန်စွာ တုန်ယင်နေသည်။ သူ၏ မျက်နှာတွင် ကြောက်မက်ဖွယ် ပြင်းထန်သည့် အကြည့်တို့ကို ဖော်ပြလာသည်။ ထို့နောက် သူ၏ ပုံရိပ်က အမှုန်အဖြစ်သို့ ပြောင်းလဲသွားကာ မည်သည်မှ မကျန်ရစ်ခဲ့တော့ပေ။

“ကျုပ်က တုံ့ယွမ်အိမ်တော်ကို ဝင်ဖို့ အရာအချင်းမမီဘူးဆိုရင် ခင်ဗျားတို့ ဘယ်နယောက်များ ဒီမှာ ကျန်ရစ်မယ်ထင်လဲ။” ရီဖူရှင်းက ပြောလိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset