Switch Mode

အပိုင်း(၁၈၂၉)

စစ်ပွဲပဋိညာဉ်

တန်ခိုးရှင်တစ်စု ဆင်းသက်လာကြသည်။ မင်းသမီးဒွန်ဟောင်က သူတို့အား ကိုယ်တိုင် ကြိုဆိုသည်။ လှံအင်ပါယာတုယူသည်လည်း ထိုနေရာတွင်ရှိသည်။ သူက ခေါင်းဆောင်လာသူအား ကြည့်၏။

ထိုသူကား ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ထားသည်။ သူသည် အသက်လေးဆယ်အရွယ်ခန့်ရှိကာ ထည်ဝါသောအရောင်အဝါများ ထွက်ပေါ်နေ၏။ သူသည် အဆင့်မြင့်သောရာထူး၌ အချိန်ကြာမြင့်စွာ ရှိနေသည့်ပုံရှိသည်။ သူကား အရှင်ဒွန်ဟောင်၏လက်အောက်မှ ကြီးမြတ်သောခေါင်းဆောင်တစ်ဦးဖြစ်သည်။ နတ်ဗိုလ်ချုပ်ကိုးပါးထဲ၌ သူသည် ထိပ်ဆုံးသုံးဦးစာရင်းဝင်ဖြစ်သည်။

“မင်းသမီး…” နတ်စစ်သူကြီးက မင်းသမီးကိုမြင်လျှင် ဦးညွှတ်သည်။ သူသည် ထိပ်သီးတန်ခိုးရှင်ဖြစ်သော်လည်း မဟာအင်ပါယာ၏တစ်ဦးတည်းသောသမီးတော်ရှေ့တွင် လေးစားမှုကို ပြသရန် လိုပေသည်။

“ကောင်းကျွင်း… ရှင် ပင်ပန်းသွားပြီ” မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်သည် “အဖေက ရှင့်ကို လာခိုင်းမှတော့ သေချာပေါက် သင့်တင့်တဲ့စီစဉ်မှုတွေ ရှိမှာပဲ”

“အရှင်မင်းကြီးက အခင်းအကျင်းအကြိမ်းဖျင်းကို ချမှတ်ပေးလိုက်ပါတယ်။ အဓိက ဆုံးဖြတ်ချက်တွေကို မင်းသမီးက ပြုလုပ်ရမှာဖြစ်ပြီးတော့ အရှင်မင်းကြီးက အပြည့်အဝ ထောက်ခံမှာပါ။ ကျွန်တော်ကလည်း မင်းသမီးကို အပြည့်အဝ ကူညီမှာပါ” ကောင်းကျွင်းက ပြောသည်။ သူက အစီအစဉ်များကို မင်းသမီးအား စိတ်ဖြင့် ပြောသည်။ အရှင်ဒွန်ဟောင်က ညွန်ကြားချက်တချို့အား မင်းသမီးကို ပို့လိုက်ပေသည်။

“ကျွန်မ နားလည်ပြီ” မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်သည်။ သူမက ဆက်ပြောသည် “သူတို့ရောက်လာတာကို စောင့်ပြီးတော့ အခြေအနေကို ကြည့်တာပေါ့”

“ကောင်းပါပြီ အရှင့်သမီး” ကောင်းကျွင်းက ခေါင်းညိတ်သည်။

သိပ်မကြာခင်က အဝေးမှ ရင့်သီးသောအရှိန်အဝါများ ထွက်ပေါ်လာသည်။ မှော်နက်စစ်တပ်ဆင်းသက်လာခဲ့၏။ မြေအောက်အရှင်အပြင် သူနှင့်အတူ တခြားတွဲဘက်ခေါင်းဆောင်တစ်ဦး ပါလာဟန်ရသည်။ သူသည်လည်း မှော်နက်ဘုရင်ခုနစ်ပါးထဲမှ တစ်ဦးဖြစ်၏။

နတ္တိအင်ပါယာနန်းတော်ကား ကောင်းကင်ဒေသ၏နယ်မြေဖြစ်သည်။ သူတို့က ကောင်းကောင်းပြင်ဆင်လာရန် လိုပေသည်။

“ကောင်းကျွင်း…” မြေအောက်အရှင်က မင်းသမီးဒွန်ဟောင်ဘေးမှ ပုဂ္ဂိုလ်ကို မြင်သည်။ သူက မျက်မှောင်ကျုံ့လိုက်၏။ သည်တစ်ခေါက် ရောက်လာသူမှာ ကောင်းကျွင်းဖြစ်မည်ဟု သူမထင်ထားပေ။ ကြည့်ရသည်မှာ အရှင်ဒွန်ဟောင်က နတ္တိအင်ပါယာနန်းတော်ကို အလွန်တန်ဖိုးထားဟန်ရသည်။

သိပ်မကြာခင်တွင် နောက်ထပ် အားကောင်းသော ဖိအားတစ်ခုက အာကာသကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်မှ အလင်းတန်းများ ဆင်းသက်လာသည်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင် နတ်အလင်းများနှင့်အတူ နောက်ထပ် စစ်တပ်ကြီးတစ်ခု ထွက်လာတယ်။ သူတို့သည် မကောင်းဆိုးဝါဘုံ၏ကျင့်ကြံသူများဖြစ်၏။ စစ်တပ်၏ခေါင်းဆောင်သည် မကောင်းဆိုးဝါးအင်ပါယာ၏ဆက်ခံသူ ရှစ်ရှဲဖြစ်သည်။

ရှစ်ရှဲက ကောင်းကျွင်းကို မြင်သည်။ လှံအင်ပါယာတုယူဖြင့်ဆိုပါက ကောင်းကင်ဒေသ၏အင်အားသည် အမှန်တကယ် ပြိုင်စံရှား၏။

“မင်းသမီး… မင်း နေကောင်းလာမယ်လို့ ငါမျှော်လင့်ပါတယ်” ရှစ်ရှဲက မင်းသမီးကို ပြောလိုက်သည်။ ယခုတစ်ခေါက် နတ္တိအင်ပါယာနန်းတော်တွင်ကား သူသည် ယခင်ထက် ယဉ်ကျေးဟန်ရနေသည်။

ကောင်းကျွင်း၏အကြည့်က ရှစ်ရှဲထံသို့ ရောက်လာ၏။ သူ့အကြည့်သည် ဖိအားပြင်းကာ အခွင့်အာဏာရှိနေသည်။ တစ်ဘက်လူသည် မကောင်းဆိုးဝါးဧကရာဇ်၏ တပည့်ဖြစ်ခဲ့သော်ငြားလည်း သူ ဂရုမစိုက်ပေ။

သို့သော်လည်း ရှစ်ရှဲဘေးမှ လူအနည်းငယ်သည်လည်း ရှေ့သို့ တိုးလာသည်။ ပျော့ပျောင်းသော်လည်း အစွမ်းထက်သော ရောင်ဝါများက သူတို့၏ ခန္ဓာကိုယ်မှ ထွက်လာသည်။ သူတို့က ရှစ်ရှဲ၏ပတ်လည်၍ ရပ်နေကြ၏။ သူတို့က ဗလာတောင်ကုန်းမှ ဖြစ်ပေသည်။

“ရှင်တို့အားလုံး ဘာလို့ရောက်လာတယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်” မင်းသမီးက ပြောသည် “လွန်ခဲ့တဲ့နှစ်သုံးရာကတည်းက မူလဘုံဟာ ကောင်းကင်ဒေသရဲ့အုပ်ချုပ်မှုအောက်မှာဆိုတာ ရှင်တို့ သိကြမယ်ထင်တယ်။ အခု မှော်နက်အဖွဲ့နဲ့ မကောင်းဆိုးဝါးဘုံက မူလဘုံကို ကျူးကျော်ရန်စလာခဲ့တယ်။ ရှင်တို့က စစ်ခင်းချင်တာလား”

မင်းသမီး၏လေသံသည် အေးစက်ကာ ဝင့်ကြွားသည်။ တစ်ဘက်လူက အတည်ပြုသည်နှင့် သူမက စစ်ခင်းရန် ဝန်မလေးပေ။

“မင်းသမီး… ခင်ဗျားက သမိုင်းကို ပြန်ပြောမှတော့ ဒါက အရင်နှစ်သုံးရာကတည်းကဆိုတာ ထင်ရှားတာပဲ” ရှစ်ရှဲက ပြောသည် “အခု ဆက်ကြောင်းပြန်ပွင့်လာပြီဆိုတော့ မူလဘုံကို ထိန်းချုပ်ဖို့အတွက် တဖန်ပြန်ပြီးတော့ တိုက်ခိုက်ရမှာပဲ။ မှော်နက်အဖွဲ့က လာနိုင်မှတော့ မကောင်းဆိုးဝါးဘုံကလည်း လာရမှာပဲလေ”

“ဒီတော့…” မင်းသမီးဒွန်ဟောင်က မေးသည်။ သူမက တစ်ဘက်လူ၏အဖြေကိုသာ လိုအပ်ပေသည်။

“မင်းသမီး… ဘာလို့ ကျုပ်တို့သုံးဖွဲ့က ဘုံကိုးခုကို သုံးပိုင်းခွဲပြီးတော့ မယူရမှာပဲ။ တစ်ဖွဲ့ကို ဘုံသုံးခုရမယ်” ရှစ်ရှဲက ပြုံးသည်။ သူ၏အပြုံးက ကောက်ကျစ်ယုတ်မာသော အငွေ့အသက်များ ထင်ဟပ်နေ၏။

ကောင်းကင်ဒေသက သေချာပေါက် ထိုတောင်းဆိုချက်ကို လိုက်လျောမည် မဟုတ်ပေ။

သူခန့်မှန်းထားသလိုပင် မင်းသမီးဒွန်ဟောင်သည် သူ့အား အေးစက်စွာ ကြည့်သည်။ မူလဘုံသည် ကောင်းကင်ဒေသအပိုင်ဖြစ်သည်။ သူတို့က ဘုံကိုးခုကို လာရောက်ခွဲယူမည်ဆိုသည်က အဓိပ္ပာယ်မရှိပေ။

“ကျုပ်တို့ကတော့ ဒီအဆိုပြုချက်ကို ထောက်ခံတယ်” မြေအောက်အရှင်က ပြောသည်။ သူတို့အတွက် ဆုံးရှုံးစရာမရှိပေ။

“ကောင်းပြီ… ကျွန်မတို့ စစ်မြေပြင်မှာ တွေ့ကြတာပေါ့” မင်းသမီးဒွန်ဟောင်က နောက်လှည့်ကာ ထွက်ခွာသည်။

“နေဦး…” ရှစ်ရှဲက မင်းသမီးကို ထပ်ပြောသည် “ကျုပ် နည်းနည်းအလျော့ပေးမယ်။ ကျုပ် ဘုံနှစ်ခုကိုပဲ လိုချင်တယ်”

သို့သော်လည်း သူမက ဂရုစိုက်ဟန်မရဘက် ဆက်လက်ထွက်ခွာသွားသည်။

“မင်းသမီး… ခင်ဗျား ဘာလို့ မြန်မြန်ထွက်သွားချင်တာလဲ” ရှစ်ရှဲက ပြောသညသ် “စစ်ပွဲသာဖြစ်ရင် ကောင်းကင်ဒေသက သေချာပေါက် အကြီးကျယ်ဆုံးရှုံးမှာပဲ။ ဘာလို့ မင်းသမီးက ကျုပ်အကြံပြုတာကို နားမထောင်ရတာလဲ”

“ဘာပြောချင်တာလဲ” မင်းသမီးဒွန်ဟောင်က ရပ်လိုက်ကာ ပြောသည်။

“ကျုပ်တို့က အတိတ်ကလို စစ်ပွဲကြီးခင်းစရာမလိုဘဲ အနိုင်အရှုံးကို ဆုံးဖြတ်လို့ရတာပဲ။ ကျုပ်တို့က စည်းမျဉ်းတွေထဲက ယှဉ်ပြိုင်ကြမယ်။ ဒါဆို ကျုပ်တို့ အဆုံးအရှုံးသိပ်မရှိတော့ဘူးပေါ့” ရှစ်ရှဲက ရှင်းပြသည် “ကျုပ်တို့က စစ်တပ်တစ်ခုစီ ဖွဲ့စည်းပြီးတော့ သူတို့ကို စစ်မြေပြင်မှာ တိုက်ခိုက်စေမယ်။ နောက်ဆုံးကျန်တဲ့အဖွဲ့က အနိုင်ရတဲ့သူပဲ”

“ရှင်နိုင်ရင် ဘာလိုချင်လဲ။ ရှင် ရှုံးရင်ရော…” မင်းသမီးဒွန်ဟောင်က မေးသည်။

“ကျုပ်နိုင်ရင် ဘုံကိုးခုထဲက နှစ်ခုကို လိုချင်တယ်။ ကျုပ်ရှုံးရင် ကောင်းကင်ဒေသက မူလဘံကို အုပ်ချုပ်တာမှာ နောက်ပိုင်း ဝင်မရှုပ်တော့ဘူး” ရှစ်ရှဲက ပြောသည် “ဒါပေမဲ့ ဆက်ကြောင်းပွင့်သွားမှတော့ ကျုပ်တို့က မူလဘုံက ဆုတ်ခွာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် ကျုပ်တို့က ပြဿနာမရှာဖို့ ကတိပေးတယ်”

“ကျုပ် သဘောတူတယ်” မြေအောက်အရှင်က ပြောသည် “တကယ်လို့ ကျုပ်တို့နိုင်ရင် လျှို့ဝှက်နယ်မြေဘုံအပြင် နောက်တစ်ဘုံကိုပဲ ယူမယ်။ ကျုပ်တို့ရှုံးရင် လျှို့ဝှက်နယ်မြေဘုံက ဆုတ်ခွာပေးမယ်”

မင်းသမီးက အနည်းငယ်တွေဝေသွားသည်။

“တိုက်ပွဲစည်းမျဉ်းတွေက ဘာလဲ…” မင်းသမီးဒွန်ဟောင်က မေးသည်။

ရှစ်ရှဲက ပြောသည် “ကျုပ်တို့က ရန်ဟောင်အဆင့်အောက်က လူတွေကို စေလွှတ်တာက အဓိပ္ပာယ်မရှိဘူး။ အဆင့်မြင့်ရန်ဟောင်တွေကလည်း ပင်မအင်အားစုတွေဖြစ်လို့ တိုက်ခိုက်ဖို့ မသင့်တော်ဘူး။ ကျုပ်တို့က အဆင့်နိမ့်အင်အားစုတွေကို စေလွှတ်တိုက်ခိုက်ကြတာပေါ့”

သူက ဆက်ပြောသည် “တစ်ဘက်စီက အဆင့်နိမ့်ရန်ဟောင်စစ်တပ်တစ်ခုစီ စေလွှတ်တာပေါ့။ အရေအတွက် အကန့်အသတ်မရှိဘူး။ ကျုပ်တို့က သူတို့ကို စစ်မြေပြင်မှာ တိုက်ခိုက်စေမယ်။ သတ်ဖြတ်တာကို ခွင့်ပြုတယ်။ နောက်ဆုံးကျန်တဲ့အဖွဲ့က အနိုင်ရတဲ့သူပဲ။ ပြီးတော့ အရှုံးပေးတာကို လက်ခံရမယ်”

ရှစ်ရှဲ၏အကြံပြုချက်က သိပ်မဆိုးပေ။

နောက်ဆုံးတွင် အဖွဲ့သုံးခုက အနိုင်အရှုံးကို လက်ခံနိုင်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။

မှောနက်အဖွဲ့က သူ၏အဆိုပြုချက်ကို လက်ခံသည်။ နောက်ဆုံးတွင် ကောင်းကင်ဒေသက ဆုံးဖြတ်ရန်သာ ကျန်တော့သည်။

မင်းသမီးဒွန်ဟောင်က တစ်ဘက်လူကို ကြည့်သည်။ ယခု ဆက်ကြောင်းက ပွင့်သွားရာ တစ်ဘက်လူအား သည်အတိုင်း နှင်ထုတ်ရန်မှာ မဖြစ်နိုင်ကြောင်း သူမ နားလည်သည်။

“ဘယ်တော့လဲ။ ဘယ်နေရာမှာလဲ” မင်းသမီးဒွန်ဟောင်က မေးသည်။

သူမက ထိုသို့ပြောလျှင် ရှစ်ရှဲက ပြုံးသည်။ မင်းသမီးက သေချာပေါက် သူ၏အဆိုပြုချက်ကို သဘောတူသည်။

သူကား တိုက်ပွဲကို အလွန်စိတ်ဝင်စားနေလေပြီ။

တိုက်ပွဲ၏စည်းမျဉ်းများမှာ နောက်ဆုံး ဆွေးနွေးပြီးသွားသည်။ သည်တိုက်ပွဲကား မူလဘုံကို ပိုင်ဆိုင်ခွင့်ရမည့် အဆုံးအဖြတ်တိုက်ပွဲဖြစ်သည်။

ထိုသတင်းက မကြာခင် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာခဲ့သည်။ မင်းသမီးက အမိန့်တော်ထုတ်ပြန်၏။ သူတို့က မကောင်းဆိုးဝါးဘုံ၊ မှော်နက်အဖွဲ့တို့ဖြင့် နောက်တစ်လတွင် ယှဉ်ပြိုင်တိုက်ခိုက်ရမည်။ ပါဝင်မည့်သူများမှာ အဆင့်နိမ့်ရန်ဟောင်များဖြစ်သည်။

“အရှင်ထိုက်ရွှမ်… ကောင်းကင်အာဏာစက်ကျောင်းတော်က အတော်ဆုံးလူတွေကိုပဲ ရွေးရမယ်။ နောက်တစ်လမှာ ရွေးချယ်ခံရတဲ့သူတွေက တိုက်ပွဲမှာ ပါဝင်ရမယ်” နတ်စေတမန်က ပြောသည်။ အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည် “ကျုပ်တို့က သေချာပေါက် အကောင်းဆုံး ပြင်ဆင်ပါ့မယ်”

နတ်စေတမန်က ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်က အစည်းအဝေးကျင်းပ၏။ သူတို့ကလည်း တိုက်ပွဲအတွက် သေချာပေါက် ပြင်ဆင်ရန် လိုပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset