အပိုင်း(၁၈၂၀)

နတ်လက်သီးများ

ယန်ဓာတ်စွမ်းအားများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ အားလုံးက မကောင်းသောအငွေ့အသက်များကို ခံစားမိကြ၏။

အေးစက်ကာ နက်မှောင်သောလောက၌ လရောင်ဖျော့ဖျော့သည် ကမ္ဘာမြေကို ဖြန်းပက်ထားသည်။ လရောင်အလင်းအောက်တွင် ရှစ်ရှဲ့သည် လေထဲလမ်းလျှောက်နေ၏။ သူ့နောက်မှ ကျင့်ကြံသူအများအပြားသည် ဒွန်ဟောင်မင်းသမီးရှိရာသို့ လှမ်းသွားကြသည်။

ရှစ်ရှဲ့ထံမှ လေဟာနယ်အလင်းများ ထုတ်လွှတ်နေသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း၌ လေဟာနယ်သည် ဆုပ်ဖြဲခံရ၏။ စစ်မြေပြင်သည် မကြာခင် ပိုမို၍ ပရမ်းပတာဖြစ်လာသည်။

အဆင့်မြင့်ရန်ဟောင်တစ်ပါးသည် ရှေ့ကိုတက်ကာ ရှစ်ရှဲထံသို့ ဦးတည်လိုက်၏။ ဓားစွမ်းအားသည် သူ့ထံမှ ပေါက်ကွဲထွက်လာကာ ဓားမုန်တိုင်းအသွင်သို့ ပြောင်းလဲသွား၏။ ပူလောင်သောနေမင်းနတ်အလင်းသည် အပေါ်မှ ကျဆင်းလာကာ အေးစက်သောအငွေ့အသက်များအား ဖယ်ရှားလိုက်သည်။ ထိုရန်ဟောင်ထံမှ ထွက်ပေါ်လာသော ဓားစွမ်းအားတွင် နေမင်း၏အငွေ့အသက်များကို ထင်ထင်ရှားရှားခံစားရ၏။ နေမင်းနတ်ဓားသည် ရှစ်ရှဲထံသို့ တိုက်ရိုက်ဦးတည်ကာ တိုက်ခိုက်လိုက်သည်။ ဓားသည် လေထုကိုခွင်းကာ နောက်တွင် မီးတောက်၏အငွေ့အသက်များကို ချန်ထားရစ်၏။

ရှစ်ရှဲက တစ်ဘက်လူကို တစ်ချက်ကြည့်သည်။ သူ့ရှေ့တွင် ဆင်တူသောဓားတစ်လက်ပေါ်လာသည်။ ထိုဓားကား ရွှေရောင်အာကာသနတ်ဓားဖြစ်သည်။

သူ့မျက်လုံးများထဲတွင် ဆိုးညစ်သောအလင်းတစ်ချက် လက်သွားသည်။ သူက လက်ကိုမြှောက်ကာ ရှေ့ကို ညွန်လိုက်၏။ ဓားသည် ရှေ့ကို တိုးဝင်သွားသည်။

ဝှီး…

အာကာသနတ်အလင်းသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ အာကာသအလင်းသည် ကောင်းကင်ကို ဖောက်ထွင်းသွား၏။ ထိုအလင်းဖြတ်သန်းသွားသည့်နေရာတိုင်း တစ်ဘက်လူ၏ဓားချန်ထားရစ်သော မဟာလမ်းစဉ်မီးတောက်များမှာ ပျက်ပြယ်သွားရသည်။ အဆင့်မြင့်ရန်ဟောင်၏မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူက မဟာလမ်းစဉ်၏နတ်ဝင်ရိုးကို အဆုံးစွန်အထိ အသက်သွင်းလိုက်သည်။ နေမင်းနတ်ဓားသည် စူးရှသောအလင်းများဖြင့် တောက်ပလာခဲ့သည်။ ထိုအရာက အနီးတဝိုက်ကို လောင်ကျွမ်းကာ ရန်ဟောင်ကို စောင့်ကြပ်၏။

ရှစ်ရှဲ့၏အာကာသဓားသည် လေထဲတွင်ဖြစ်ပေါ်လာကာ ထိုအဆင့်မြင့်ရန်ဟောင်အား ဖြတ်သန်းသွား၏။ စက္ကန့်ပိုင်းအတွင်း အာကာသဓားသည် လေဟာနယ်ကို ကြိမ်ဖန်များစွာ ဖြတ်သန်းသွား၏။ အဆင့်မြင့်ရန်ဟောင်သည် သူ့အနီးမှ လေဟာနယ်ပြိုကွဲမှုကို ခံစားရသည်။ သူရှိနေရာကား ပရမ်းပတာ လေဟာနယ်ဖြစ်လာ၏။

ရှစ်ရှဲ၏အာကာသဓားသည် ထိုရန်ဟောင်ထံသို့ နီးကပ်လာသည်။ ရန်ဟောင်က သူ၏ဓားကို ဝှေ့ယမ်းကာ တစ်ဘက်လူအား တားဆီးရန် ကြိုးစားသည်။ နေမင်းဓားသည် ရှစ်ရှဲ၏နတ်ဓားနှင့် မျက်နှာချင်းဆိုင်မိ၏။ သို့သော်လည်း ဓားနှစ်လက်သည် အမှန်တကယ်တမ်းအားဖြင့် ရင်ဆိုင်ထိတွေ့ခြင်းမရှိပေ။ ထိုအရာက ကွဲပြားခြားနားသော လေဟာနယ်နှစ်ခုအလား…။

နေမင်းနတ်အလင်းသည် အဝေးကို ပျံ့လွင့်သွားကာ လေထဲတွင် မီးတောက်များဖြစ်ပေါ်စေသည်။ သို့သော်လည်း သတ္တမအဆင့်နတ်ဝင်ရိုးရန်ဟောင်သည် ကြောက်လန့်သော အမူအရာဖြစ်ပေါ်လာ၏။ ထိုအခိုက်တွင် အာကာသဓားသည် သူ၏လည်ပင်းကို ဖြတ်သန်းသွားသည်။ သွေးစက်များ လေထဲလွင့်သွားကာ ထိုရန်ဟောင်၏ဝိညာဉ်မှာ အပိုင်းပိုင်းအစစဖြစ်လျှက် လောကမှ ပျောက်ကွယ်သွားရတော့သည်။

သူကား အလွန်သန်မာသည်။ ရှစ်ရှဲ၏တိုက်ခိုက်မှုကိုမြင်လျှင် ကောင်းကင်ဒေသမှ ရန်ဟောင်များအားလုံးက တွေးမိကြသည်။

ထို့အပြင် ရှစ်ရှဲသည် သူ၏အစွမ်းကုန်ထုတ်သုံးကာ တိုက်ခိုက်လိုက်ခြင်းမဟုတ်သေးပေ။ ဆက်တိုက်ပင် ရှစ်ရှဲက လက်ကိုမြှောက်လိုက်ကာ အောက်ကို ညွှန်လိုက်လျှင် မရေမတွက်နိုင်သောဓားများသည် လေဟာနယ်ကိုခွင်းကာ အောက်ကိုကျဆင်းလာကြ၏။ ဓားတစ်လက်စီသည် ပြင်းထန်သော အာကာသဓာတ်များကို သယ်ဆောင်၏။

“သတိထား” တစ်ယောက်က အော်ဟစ်သည်။ ဖြတ်တောက်သံများအဆက်မပြတ်ကြားရကာ ရန်ဟောင်များသည် အာကာသဓားများအောက်တွင် ကျဆုံးကြရ၏။ သူတို့ကား အံတုခြင်းငှာ မတတ်နိုင်ဘဲ မရှုမလှအသတ်ခံရသည်။ မင်းသမီးဒွန်ဟောင်သည်ပင် ရှစ်ရှဲကို တအံ့တသြလှမ်းကြည့်ရသည်။

အာကာသလမ်းစဉ်ခန္ဓာဖြင့် မွေးဖွားလာသော ရှစ်ရှဲသည် မကောင်းဆိုးဝါးအင်ပါယာ၏တိုက်ရိုက်တပည့်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်သည်။ သူ၏စွမ်းရည်ကား ကြောက်မက်ဖွယ်ကောင်း၏။ လက်ရှိတွင် သူသည် အာကာသစွမ်းအားများဖြင့် ရစ်ပတ်ထားသည်။ သူ့စိတ်အသိရောက်ရာနေရာတိုင်း၌ တန်ခိုးရှင်များ ကျဆုံးရသည်။

ကောင်းကင်ဒေသမှ ရန်ဟောင်အများအပြားသည် ရှစ်ရှဲထံသို့ တပြိုင်နက်တည်း တက်ရောက်သွားကြရသည်။ သူတို့အားလုံးမှာ သန်မာကြ၏။ စစ်တပ်ကြီးနှစ်ခုသည် အချင်းချင်းထိပ်တိုက်တွေ့ကာ ရင်ဆိုင်ကြ၏။ သူတို့မှာ အနီးကပ်တိုက်ခိုက်ရမည့် အခြေအနေသို့ပင် ရောက်လာ၏။

တစ်ဘက်လူ၏ရည်ရွယ်ချက်မှာ မင်းသမီးဒွန်ဟောင်ကို ဖမ်းဆီးရန်ဖြစ်သည်။

ရီဖူရှင်းသည်လည်း စစ်မြေပြင်တွင်ဖြစ်သည်။ ဤစစ်မြေပြင်တွင်ရှိနေသူတိုင်းမှာ ထိပ်သီးအင်အားစုများမှ သန်မာသော တန်ခိုးရှင်များဖြစ်ကြသည်။ တစ်ဦးတစ်ယောက်စီတိုင်းသည် ဆိုင်ရာ နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်ကြ၏။ ယခုကားသူတို့သည် သိပ်အရေးပါဟန်ပင် မတူတော့။ ထိုအဖြစ်က ရီဖူရှင်းအား ရှုပ်ထွေးသောခံစားချက်များပေးသည်။

ရီဖူရှင်းက ရှေ့ကိုတက်သွားလျှင် ဓားစွမ်းအားများ သူ့ခန္ဓာကိုယ်ကို စီးဆင်းလာသည်။ နတ်ဓားတစ်လက် သူ့လက်တွင် ပေါ်လာ၏။ ဓားကာ အားကောင်းသော ဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။ သည်တိုက်ပွဲတွင် မည်သည့်စည်းမျဉ်းစည်းကမ်းမှ မရှိပေ။ သူ့အနေဖြင့် ရှိသမျှ ထုတ်သုံးနိုင်သည်။

သူ့ခန္ဓာကိုယ်သည် ယန်ဓာတ်ကို စားသုံးနေဆဲဖြစ်ကာ ထိုစွမ်းအားများမှာ သူ့ကို လှည့်ပတ်စီးဆင်းနေသည်။ ပညာရှိကျမ်းစွမ်းအားသည် ပေါက်ကွဲထွက်လာကာ သူ့ကိုဗဟိုပြု၍ မဟာလမ်းစဉ်ဆေးပေါင်းအိုးဖြစ်လာပြီး အနီးမှ မဟာလမ်းစဉ်စွမ်းအားများကို သန့်စင်သည်။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်၏ယန်ဓာတ်သန့်စင်မှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေသည်။

ပုံရိပ်တစ်ခု သူ့ထံသို့ လှမ်းလာသည်။ သူကား အလယ်အလတ်အဆင့်ရန်ဟောင်တစ်ဦးဖြစ်သည်။ ရီဖူရှင်းထံမှ အငွေ့အသက်များကို သူက ခံစားမိသည်တွင် သူ၏ထူးခြားမှုကို သတိပြုမိသည်။ ရီဖူရှင်းသည် ဒုတိယအဆင့်ရန်ဟောင်တစ်ပါးသာဖြစ်၏။ သည်စစ်မြေပြင်တွင် သူသည် နိမ့်ပါးသော တည်ရှိမှုပင်။ သို့တိုင်အောင် သူ့ထံမှ ထူးခြားသောခံစားချက်များပေးနေည်။

သို့သော်လည်း သူက ခဏတာမျှတွေးတောပြီးနောက်တွင် တိုက်ခိုက်လိုက်တော့သည်။ သူကား အလွန်မြန်ကာ လေထုကို ဖြတ်သန်းရောက်ရှိလာသည်။ အာကာသမဟာလမ်းစဉ်သည် ရီဖူရှင်းထံသို့ ဆင်းသက်လာကာ သူ့အား ပိတ်ဆို့၏။ ရီဖူရှင်း ရှိနေရာကား အေးခဲသွားဟန်ရသည်။ အချိန်သည် နှေးကွေးသွား၏။ ထိုရန်ဟောင်သည် ရီဖူရှင်းရှေ့ကို တိုက်ရိုက်ပေါ်လာ၏။ ထို့နောက် သူက လက်ညိုးကို ဆန့်တန်းကာ ရီဖူရှင်းကို တိုက်ခိုက်လိုက်သည်။ ပြင်းထန်သောစွမ်းအားတစ်ခု လက်ညိုးမှ ပေါက်ကွဲထွက်လာသည်။

ရီဖူရှင်းက တစ်ဘက်လူကို တစ်ချက်ကြည့်ကာ ရှေ့ကို တက်လိုက်သည်။ သူ့ထံမှ အာကာသစွမ်းအားသည် ပေါက်ကွဲထွက်လာကာ တစ်ဘက်လူ၏အာကာသပိတ်ဆို့မှုကို ချိုးဖျက်လိုက်၏။ ထို့နောက် ဓားစွမ်းအားသည် ပတ်ဝန်းကျင်ကို ဖြာထွက်သွားကာ လေထုကို ဖိနှိပ်လာသည်။ ထိုအဖြစ်က တစ်ဘက်ရန်ဟောင်ကို တုန်လှုပ်ခြောက်ခြားစေသည်။ သူ၏လမ်းစဉ်သည် သူ့ရှေ့မှ အဆင့်နိမ့်ရန်ဟောင်၏ဖိနှိပ်မှုကို အမှန်တကယ် ခံနေရ၏။

ရီဖူရှင်းက လက်မှဓားကို ရှေ့ကို ဆန့်ထုတ်လိုက်သည်။ လေထုသည် ပြိုကွဲသွားကာ ဓားသည် တစ်ဘက်လူအား မြန်ဆန်စွာ ဖြတ်သန်းသွားသည်။

ထိုရန်ဟောင်သည် မျက်လုံးပြူးသွားသည်။ မည်သို့ဖြစ်သွားသည် မသိ၊ သူ့မျက်လုံးများ ပြူးကျယ်နေရင်းပင် အေးစက်သောခံစားချက်သည် သူ့ခန္ဓာကိုယ်ကို စီးဆင်းလာသည်။ ထို့နောက်တွင် သူ့အသိစိတ်များပျောက်ကွယ်သွားကာ ခန္ဓာကိုယ်သည်လည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။ ထိုရန်ဟောင်ကား ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

ရီဖူရှင်းက ရှေ့ကို ဆက်တက်လာသည်။ သူက လူရိပ်တချို့ သူ့အနီးကို ချဉ်းကပ်လာသည်ကို မြင်၏။ သူတို့အားလုံးက ရီဖူရှင်း၏လက်ထဲမှ ဝိညာဉ်လက်နက်ကို ကြည့်နေကြသည်။

သူတို့၏အရောင်အဝါများ ဖြာထွက်လာသည်။ သူတို့အားလုံးသည် အာကာသစွမ်းအားကို ကျွမ်းကျင်ကြဟန်ရ၏။ ထိုအဖြစ်က ရီဖူရှင်းကို ထူးဆန်းသောခံစားချက်ပေးသည်။ ရန်သူများအားလုံးက အာကာသဓာတ်ကို ကျွမ်းကျင်ကြသည်များလား။

ထိုလူများမှာ ဗလာနတ္တိဘုံမှ ဖြစ်သည်။

နတ်ဓားသည် ကောင်းကင်ထက်ကို ပျံတက်သွားသည်။ မဟာလမ်းစဉ်၏ကု့ချင်းကြိုးများသည် ရီဖူရှင်းအနီး၌ ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် ရှေးဟောင်းကု့ချင်းတစ်လက်ဖြစ်ပေါ်လာသည်။ ရီဖူရှင်း၏လက်ချေင်းများက ကြိုးများကို ထိတွေ့လိုက်သည်။ ဓားစွမ်းအားများ ချက်ချင်းပင် ကောင်းကင်မှ ကျဆင်းလာတော့သည်။

အက်ကြောင်းမဲ့ဝင်ရိုး…။ ရီဖူရှင်း၏ရန်သူက သူ့အား လှမ်းကြည့်သည်။ သူတို့မှာ ဗလာနတ္တိဘုံမှ ဖြစ်သော်လည်း အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းနိုင်သူများမှာ အနည်းစုသာဖြစ်သည်။ အလယ်အလတ်ရန်ဟောင်အဆင့်သို့အထိ အက်ကြောင်းမဲ့ခြင်းကို ထိန်းသိမ်းနိုင်သူမှာကား ပိုမိုရှားပါးသည်။ အဆင့်မြင့်ရန်ဟောင်ထဲတွင်ကား ပို၍ပင် ရှားသေးသည်။ အဆင့်မြင့်ရန်ဟောင်များထဲတွင် အက်ကြောင်းမဲ့ခြင်းကို ထိန်းသိမ်းနိုင်သူ မည်သူမဆို ထိပ်သီးပုဂ္ဂိုလ်ဖြစ်၏။

ဝှီး…

နတ်ဓားသည် လေထဲကို ပျံတက်သွားလျှင် မဟာလမ်းစဉ်သည်လည်း ပဲ့တင်သံပေးသည်။ အဆုံးမဲ့သော ဓားစွမ်းအားသည် နတ်ဓားဆီသို့ စီးဆင်းလာ၏။ ကောင်းကင်ထက်တွင် များစွာသော ဓားပုံရိပ်များဖြစ်ပေါ်လာကာ ကု့ချင်းကြိုးများထံသို့ စီးဆင်းလာကြ၏။

“သွား…”

ရီဖူရှင်းက ထိုစကားကိုဆိုလိုက်သည်နှင့် နတ်ဓားများသည် ပျံထွက်သွားကာ တန်ခိုးရှင်တစ်ဦးထံသို့ သွားရောက်သတ်ဖြတ်သည်။ ထိုတန်ခိုးရှင်၏နောက်တွင် အာကာသတံခါးတစ်ခုပေါ်လာကာ သူသည် ထိုတံခါးအတွင်းသို့ မြန်ဆန်စွာ ဝင်လိုက်သည်။

ရီဖူရှင်း၏မျက်လုံးများ အေးစက်သွား၏။ အေးစက်ကာ သတ်ဖြတ်ခြင်းအငွေ့အသက်များပြင်းထန်သော ဓားအသိတစ်ခု ပေါက်ကွဲထွက်လာသည်။ ဓားစွမ်းအားသည် အာကာသတစ်ခုလုံးကို ဖုံးအုပ်သွားကာ ကြောက်မက်ဖွယ်လှိုင်းများကို ထန်စေသည်။ အာကာသတံခါးထဲကို ဝင်ရောက်သွားသော တန်ခိုးရှင်သည် ထိုအာကာသလှိုင်းများထဲတွင် ပြန်ပေါ်လာ၏။ သူသည် အမှန်တကယ်ပင် အာကာသခရီးသွားခြင်းမှ တားဆီးခံလိုက်ရ၏။

ဝှစ်…ဝှစ်…

အလွန်ထက်ရှသောဓားအငွေ့အသက်တစ်ခု ဆင်းသက်လာသည်။ သူ၏အမူအရာက ဆက်တိုက်ပြောင်းလဲသွား၏။ နတ်ဓားသည် သူ့လမ်းတစ်လျှောက် အရာအားလုံးကို အငွေ့အသက်များအဖြစ် ပြောင်းလဲစေ၏။

ထိုတန်ခိုးရှင်က ဆက်တိုက်နောက်ဆုတ်ကာ အာကာသကို ဖြတ်သန်းထွက်ပြေးရန် ကြိုးစား၏။ သို့သော်လည်း နတ်ဓားကား သူ့ထက် မြန်သည်။ ဓားသည် အာကာသကို ခွဲခြမ်းသွားကာ ထိုတန်ခိုးရှင်ကိုပါ ဖြတ်တောက်သွား၏။

ရီဖူရှင်းက သူ့လက်ချောင်းများကို ဆက်လက်လှုပ်ရှားလိုက်သည်။ နတ်ဓားသည် အရပ်မျက်နှာပြောင်းကာ တခြားသော ရန်ဟောင်နှစ်ဦးထံသို့ ပျံသန်းသွား၏။ သူတို့မှာ အလယ်အလတ်ရန်ဟောင်များဖြစ်ကြသည်။ အမြင့်ဆုံးကျင့်ကြံဆင့်ဖြင့်လူမှာ ပဉ္စမအဆင့်ရန်ဟောင်ဖြစ်သည်။ ရီဖူရှင်းမှာ အလွယ်တကူ ရင်ဆိုင်နိုင်မည့်သူဟု သူတို့က တွက်ဆခဲ့ကြသည်။ မည်သို့ဆိုစေ ဒုတိယအဆင့်ရန်ဟောင်ဆိုသည်မှာ အလွန်အားနည်းလွန်းပေသည်။

မြန်ဆန်စွာပင် ထိုရန်ဟောင်နှစ်ဦးမှာလည်း နတ်ဓားများ၏ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ သူတို့မှာ ဝိညာဉ်များပျက်ပြယ်ကာ သေဆုံးသွားကြရသည်။

ထိုအခိုက်တွင် နောက်ထပ်တန်ခိုးရှင်တစ်ဦး ကောင်းကင်ထက်တွင်ရပ်ကာ ရီဖူရှင်းကို လှမ်းကြည့်သည်။ သူ့ခန္ဓာကိုယ်မှ အလင်းစက်ကွင်းတစ်ခု ထုတ်လွှတ်ထား၏။ သူကား ကြီးမားသောအရှိန်အဝါကို ပိုင်ဆိုင်သည်။ သူ့တွင် အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်ကာ အဌမအဆင့် နတ်ဝင်ရိုးရှိသည်။

သည်လူကား အန္တရာယ်ရှိသည်။ ရီဖူရှင်းက တွေးမိသည်။ သူကား အဌမအဆင့်ရန်ဟောင်ဖြစ်သည်။ ထို့အပြင် အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်၏။ သူ၏ကျင့်ကြံဆင့်က ရီဖူရှင်းက ၄ဆင့် ပိုသည်။

ဟူး…

တစ်ဘက်လူက ရှေ့ကိုတက်လာလျှင် ရွှေရောင်အလင်းစက်ကွင်းမှ အလင်းများသည် ရီဖူရှင်းထံသို့ ကျဆင်းလာသည်။ နတ်အလင်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်သို့ တိုက်ရိုက်ကျဆင်းလာ၏။ ထိုအဖြစ်က ရီဖူရှင်းက အကြီးအကျယ် ထိတ်လန့်စေသည်။

ချက်ချင်းပင် ထိုလူ၏တိုက်ခိုက်ရေးစွမ်းအားမှာ သူ့ထက်မြင့်သည်ကို ရီဖူရှင်း ခံစားမိလိုက်သည်။ သူကား ရီဖူရှင်း သတ်ဖြတ်ဖူးသော သတ္တမအဆင့်ရန်ဟောင်နှစ်ဦးထက် အားကောင်းသည်။

ဆိုလိုသည်က သူသည် ဧကရာဇ်အသိကို ထုတ်သုံးလျှင်ပင် ထိုလူအား အနိုင်ယူနိုင်ရန် မသေချာ။

ဟူး…

တစ်ဘက်လူက လျှောက်လာကာ သူ၏လက်ကိုမြှောက်လျှက် ရီဖူရှင်းထံသို့ လက်သီးပစ်သွင်းလိုက်သည်။ ရွှေရောင်အလင်းသည် ကောင်းကင်ကို ထွင်းဖောက်သွား၏။ သူ့လက်သီးမှ အလင်းသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။ ထိုလူရောက်မလာမှီတွင်ပင် သူ၏လက်သီးစွမ်းအားသည် ကျဆင်းလာ၏။ ရီဖူရှင်း၏နတ်ဓားသည်လည်း ရှေ့ကို တိုးဝင်သွားကာ အရာအားလုံးကို ဖျက်ဆီး၏။ ဓားသည် လက်သီးစွမ်းအားကို ပယ်ဖျက်၏။

ပေါက်ကွဲသံတစ်ချက်ကို ကြားရသည်။ လက်သီးစွမ်းအားသည် ပျက်စီးသွားကာ ဓားသည်လည်း အောက်ကို ဖိနှိပ်ခံရ၏။

တစ်ဘက်လူသည် ရုတ်တရက် ပိုမိုမြန်ဆန်စွာဖြင့် ရှေ့ကို ဆက်တိုးလာလျှင် ပြင်းထန်သော မုန်တိုင်းတစ်ခုသည် ရီဖူရှင်းထံသို့ ရိုက်ခတ်လာခဲ့ကာ သူ့အား ဖိနှိပ်လာခဲ့သည်။

ရီဖူရှင်း၏လက်ထဲတွင် စစ်နတ်ဘုရားလှံတစ်လက် ထပ်ပေါ်လာသည်။ သူက ရှေ့ကို တစ်လှမ်းတက်လိုက်ကာ လှံဖြင့် ထိုးလိုက်လျှင် လေထုသည် ချိုင့်ဝင်သွားကာ တစ်ဘက်မှ လက်သီးချက်ဖြင့် ဆုံတွေ့သည်။

ဘန်း…

ကျယ်လောင်သောအသံနှင့်အတူ ရီဖူရှင်းသည် သူ့အပေါ်မှ တောင်တစ်လုံးဖိနှိပ်လာသည့်အလား ခံစားလိုက်ရသည်။ လက်သီးစွမ်းအားသည် လှံမှတစ်ဆင့် သူ့ခန္ဓာကိုယ်သို့ ကျဆင်း၏။ ပြင်းထန်စွာ တုန်ခါမှုနှင့်အတူ သူသည် နောက်ကို လွင့်စင်သွားကာ ပါးစပ်မှ သွေးစတချို့ ထွက်လာသည်။

နှစ်ဦးလုံးမှာ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များဖြစ်သော်လည်း ကျင့်ကြံဆင့်မှာ ကွာခြားလွန်းသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset