Switch Mode

အပိုင်း(၁၈၁၉)

မဟာလမ်းစဉ်၏နတ်ခန္ဓာ

ဒွန်ဟောင်မင်းသမီးက လူငယ်အား လှမ်းကြည့်သည်။ လူငယ် မည်သူဖြစ်သည်ကို သူမ သိလိုက်၏။

မကောင်းဆိုးဝါးဘုံမှ ကျင့်ကြံသူများ ရောက်လာခဲ့သည်။ လူငယ်က သူတို့အား ဦးဆောင်လာ၏။ သူ၏ကျင့်ကြံဆင့်မှာ သိပ်မမြင့်ပေ။ သူ၏ရုပ်ရည်နှင့်အရှိန်အဝါတို့ကို ကြည့်ပါက လူငယ်၏ဇစ်မြစ်ကို သူမက ခန့်မှန်းမိသည်။

သူကား လက်ရှိဗလာနတ္တိဘုံ(မကောင်းဆိုးဝါးဘုံ)တွင် အလွန်နာမည်ကျော်ကြားသော မကောင်းဆိုးဝါးအင်ပါယာ၏တိုက်ရိုက်တပည့် ရှစ်ရှဲဖြစ်သည်။

ကောလာဟလများအရ ရှစ်ရှဲသည် မဟာလမ်းစဉ်၏နတ်ခန္ဓကိုယ်ကို ပိုင်ဆိုင်၏။ သူမွေးလာသောအခါ ဖြစ်ရပ်ဆန်းများကို မြင်တွေ့ရ၏။ နောက်ပိုင်းတွင် သူသည် လေဟာနယ်မဟာစွမ်းအား၌ ထူးထူးခြားခြားပါရမီမြင့်မားကာ မကောင်းဆိုးဝါးအင်ပါယာ၏တိုက်ရိုက်တပည့်ဖြစ်လာခဲ့သည်။ မကောင်းဆိုးဝါးဘုံ၌ သူ၏အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ ထိပ်သီးပုဂ္ဂိုလ်အများအပြားက သူနှင့်တွေ့ဆုံလျှင် တလေးတစား ဆက်ဆံရသည်။

ကောလာဟလအများအရ ရှစ်ရှဲသည် အလွန်ဉာဏ်နီဉာဏ်နက်များကာ ထိုသဘာဝကို မကောင်းဆိုးဝါးအင်ပါယာထံမှ ဆက်ခံရရှိသည်။

ရှစ်ရှဲသည် မကောင်းဆိုးဝါးအင်ပါယာ၏နေရာကို ဆက်ခံမည်ဟု လူအများအပြားက ယုံကြည်ကြသည်။

“ဗလာနတ္တိဘုံက သူတို့ရဲ့နယ်စည်းကို ဖွင့်မယ်ဆိုရင် မူလဘုံကလည်း ဒီအတိုင်း လုပ်ဆောင်ရမှာပဲ” မင်းသမီးဒွန်ဟောင်က ထူးမခြားနားစွာ ပြောသည်။ ဗလာနတ္တိဘုံဆိုသည်မှာ မကောင်းဆိုးဝါးဘုံကို ရည်ညွန်းခြင်းဖြစ်သည်။ မကောင်းဆိုးဝါးအင်ပါယာအုပ်ချုပ်သောဘုံဖြစ်ရာ ဗလာနတ္တိဘုံကို မကောင်းဆိုးဝါးဘုံဟုလည်း သမုတ်ကြသည်။

ဗလာနတ္တိဘုံက သူတို့၏နယ်စည်းကို ဖွင့်လှစ်မည်ဟု မင်းသမီးက မယုံကြည်ပေ။ ထိုနေရာကား မကောင်းဆိုးဝါးအင်ပါယာ၏အပိုင်ဖြစ်သည်။

ထိုလိုသည်က မူလဘုံသည်လည်း ပြင်ပဘုံများအတွက် ဖွင့်လှစ်မည် မဟုတ်ပေ။ ကောင်းကင်ဒေသက သေချာပေါက် သူတို့၏ပိုင်ဆိုင်မှုကို လက်မလွှတ်ပေ။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ယန်ဓာတ်များဖြင့် ပြည့်နှက်နေသည်။ အားလုံးမှာ အအေးငွေ့များနှင့် မကောင်းဆိုးဝါးယန်ဓာတ်များ လွှမ်းမိုးနေသည်။ ထိုအဖြစ်က လူအများအပြားကို သက်တောင့်သက်သာမဖြစ်စေခဲ့ပေ။

မင်းသမီးဒွန်ဟောင်သည်ပင် ထိုစွမ်းအား၏လွှမ်းမိုးမှုအောက်သို့ ရောက်ရှိလာခဲ့သည်။ သူတို့၏ပုံရိပ်များမှာ တဖြေးဖြေး ဝေဝါးလာနေသည်။

ရှစ်ရှဲ၏မျက်လုံးများက မင်းသမီးကို ကြည့်နေ၏။ သူ့ထံမှ မကောင်းသောအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ၏နှုတ်ခမ်းများက တွန့်ကွေးသွားပြီး တစ်ချက်ပြုံးလိုက်သည်။

“အရှင်ဒွန်ဟောင်က မင်းသမီးကို အရမ်းအလိုလိုက်တယ်ကြားတယ်။ တကယ်လို့ ကျုပ်က မင်းသမီးကို ဖမ်းဆီးနိုင်ရင် မဟာအင်ပါယာကလည်း ကောင်းကင်ဒေသလောက်ကို မင်းသမီးအတွက် ဖွင့်ပေးဖို့ ဂရုစိုက်မယ်မထင်ဘူး” ရှစ်ရှဲက မင်းသမီးကို စိုက်ကြည့်ကာ ပြောသည်။ သူကား အတော်ပင် အတင့်ရဲသည်။ သည်မတိုင်မှီက မြေအောက်အရှင်သည်ပင် မင်းသမီးကို ထိပါးရန် မစဉ်းစားရဲပေ။

မည်သို့ဆိုစေ မဟာအင်ပါယာကို ဒေါသထွက်စေခြင်းက အသေးအမွှားကိစ္စမဟုတ်ပေ။ ထိုသို့ဖြစ်လာကပါက ကိစ္စများမှာ ထိန်းချုပ်နိုင်မည် မဟုတ်တော့။

သို့သော်လည်း ရှစ်ရှဲသည် ကြောက်လန့်ဟန်မရပေ။ သူ၏ရဲတင်းမှုနှင့် ဉာဏ်ရည်ကို လူတိုင်းက သတိထားမိကြသည်။

“မင်းသမီးကို ကာကွယ်ကြ…” နတ္တိအင်ပါယာနန်းတော်သခင်က အမိန့်ပေးသည်။ ကောင်းကင်ထက်တွင် တိုက်ခိုက်နေသူတချို့က မင်းသမီးဘေးကို ရောက်လာသည်။

လှံအင်ပါယာတုယူသည် ပုံမှန်အားဖြင့် မင်းသမီးဘေးတွင် အသန်မာဆုံးဖြစ်သော်လည်း ယခု သူက မြေအောက်အရှင်ကို အဝေးသို့ ခေါ်ဆောင်သွားရာ တချိန်တိုအတွင်း ပြန်ရောက်မလာနိုင်ပေ။

ယခု မကောင်းဆိုးဝါးဘုံမှ ကျင့်ကြံသူများရောက်ရှိလာကာ မင်းသမီးကို ထိပါးလိုကြ၏။ လှံအင်ပါယာတုယူသည်သာ ဤသို့ဖြစ်မည်မှန်းသိမည်ဆိုပါက ထိုနည်းဖြင့် ထွက်သွားမည် မဟုတ်ပေ။

သို့သော်လည်း ထိုနေရာသို့ ရောက်လာသော ထိပ်သီးတန်ခိုးရှင်များ ရှိသေးသည်။ သူတို့က တိုက်ခိုက်လက်စများကို ရပ်တန့်ကာ မင်းသမီးဘေးကို ကာကွယ်ပေးရန် ရောက်လာကြ၏။

သူတို့သာ မင်းသမီးကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပါက မဟာအင်ပါယာ၏အမျက်ဒေါသကို သူတို့ဦးဆုံး ခံစားရပေလိမ့်မည်။

“မင်းသမီးက မြင့်မြတ်တယ်။ သူမကို မထိခိုက်စေနဲ့” ရှစ်ရှဲ့က အမိန့်ပေးသည်။ ယန်ဓာတ်စွမ်းအား၏အောက်တွင် လူရိပ်တချို့ ရှေ့တက်လာကာ မင်းသမီးထံသို့ ဦးတည်လာကြသည်။ ထိုအခိုက်တွင် ကောင်းကင်ဒေသမှ လူများမှာ ကြီးမားသောဖိအားအောက်သို့ ရောက်လာခဲ့၏။

သူတို့အား လတ်တလောတွင် စစ်တပ်ကြီးနှစ်ခုကို ရင်ဆိုင်နေရသည်။

အရိပ်သဏ္ဌာန်တစ်ခုသည် ရှေ့ကို ရွေ့လျားလာသည်။ သူ့ရှေ့တွင် ရွှေရောင်နတ်ဓားတစ်လက် မြောလွင့်နေ၏။ ထိုဓားမှ ပြိုင်စံရှားအာကာသအလင်းများ ထွက်ပေါ်နေသည်။

ဝှစ်…

နတ်ဓား ပျံသန်းသွားသည်။ သူ့ဘေးတွင် မရေမတွက်နိုင်သော နတ်ဓားများ လိုက်ဖက်ညီစွာ ဖြစ်ပေါ်လာသည်။ သူက ရှေ့ကို လက်ညိုးညွန်လိုက်လျှင် မ‌ရေမတွက်နိုင်သော နတ်ဓားများသည် အရာခပ်သိမ်းကို ဖျက်ဆီးကာ ရှေ့ကို ပျံသန်းသွားကြသည်။

ထိုအခိုက်တွင် ကောင်းကင်သည် အာကာသနတ်ဓားများကြောင့် နှစ်ခြမ်းကွဲထွက်တော့မည့်အလား ထင်မှတ်ရသည်။

အာကာသကို ခွဲခြမ်းခြင်း။

ဓားများသည် လောကကြီးကိုပင် ပိုင်းဖြတ်နိုင်သည်။

စူးရှသောအလင်းများ ပျံ့လွင့်လာသည်။ ရွှေရောင်အလင်းကွန်ယက်တစ်ခုသည် လူတိုင်းကို အုပ်မိုးလာ၏။ နတ်ဓားများသည် ထိုနေရာသို့ တောက်လျှောက်ဖျက်ဆီးကာ ရောက်လာသည်။ သူတို့ကာ အာကာသမဟာလမ်းစဉ်ကို ဖောက်ထွင်းကာ ကွန်ယက်နှင့် ရင်ဆိုင်မိ၏။ သို့သော်လည်း ရွှေကွန်ယက်သည် အက်ကြောင်းများဖြစ်လာကာ တစ်စစီ ပြိုကွဲသွားတော့သည်။

“မင်းသမီး… အရင်ဆုံးထွက်သွားပါတော့” အသံတစ်သံက အော်ဟစ်လိုက်သည်။ နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ တန်ခိုးရှင်တစ်ဦးက ပြောခြင်းဖြစ်သည်။ သူက နောက်ဆုံးစကားကိုဆိုကာ လက်ကို ဆန့်တန်းလိုက်သည်။ အလင်းကွန်ယက်သည် တဖန်ဖြန့်ကျက်သွားကာ အလင်းအောက်ကို ကျရောက်သွားသည့်အရာတိုင်း ဖိနှိပ်ခြင်းခံရ၏။ အလင်းသည် ရန်သူများကိုပင် ဖိနှိပ်ထိန်းချုပ်လို၏။

လူတစ်ယောက် ကောင်းကင်ထက်ကို တက်လာသည်။ သူကား နောက်ထပ် ထိပ်သီးတန်ခိုးရှင်တစ်ဦးဖြစ်သည်။ သူက လေထုကို ဖမ်းဆုပ်လိုက်လျှင် လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ အာကာသမဟာလမ်းစဉ်မုန်တိုင်းသည် ထိုအက်ကွဲကြောင်းမှ ဖြစ်ပေါ်လာ၏။ အက်ကြောင်းသည် ပိုမိုကျယ်ပြောလာခဲ့ကာ ကွန်ယက်ကို ဆွဲငင်စုပ်ယူ၏။

သို့သော်လည်း ကွန်ယက်သည် ထူးဆန်းသောသင်္ကေတများထုတ်လွှတ်ကာ အရာအားလုံးကို ဖျက်ဆီးသည်။ ပတ်ဝန်းကျင်မှ အရာအားလုံးသည် ကွန်ယက်၏တားဆီးဖြတ်တောက်ခြင်းကို ခံရ၏။

ဒွန်ဟောင်မင်းသမီးက မြေပြင်ကို လှမ်းကြည့်သည်။ သူတို့ အချင်းချင်းတိုက်ခိုက်နေကြစဉ် မှော်နက်အဖွဲ့မှ တန်ခိုးရှင်အများအပြား မြေအောက်အက်ကြောင်းထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က အရိပ်ဘုံ၏ပင်မအမြုတေထံသို့ သွားရောက်လိုကြဟန်ရသည်။ သူတို့က နတ်ရတနာအား ရှာဖွေလိုကြ၏။

လက်ရှိတွင် နတ်ရတနာသည် အထိန်းအချုပ်ကင်းမဲ့ကာ ထွက်ပေါ်လာတော့မည့်အရိပ်အယောင်မြင်တွေ့နေရသည်။ နတ်ရတနာကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

ထိုနတ်ရတနာသီးသန့်ဖြင့် အဆင့်မြင့်ဘုံတစ်ခုဖြစ်သော အရိပ်ဘုံကို ကိုင်လှုပ်စေနိုင်သည်။ ထိုအရာကား ကြောက်မက်ဖွယ်ကောင်း၏။

တချိန်တည်းတွင် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေနိုင်သော အငွေ့အသက်များသည် မြေပြင်အက်ကြောင်းများမှ ထွက်ပေါ်လာသည်။ တစ်ယောက်ပြီးတစ်ယောက် လူတိုင်းက မြေအောက်သို့ ပြေးဝင်သွားကြချိန် အရိပ်ဘုံသည်လည်း ပိုမိုပြင်းထန်စွာ တုန်ခါလာ၏။

အကယ်၍ နတ်ရတနာသည်သာ မှော်နက်အဖွဲ့မှ တန်ခိုးရှင်များ၏လက်ထဲသို့ ကျဆင်းသွားလျှင် သေချာပေါက် ကဒ်ဘေးကြီး ကျရောက်ပေလိမ့်မည်။

မြေပြင်မှ ထူးဆန်းသောအအေးလှိုင်းများ လွင့်လာသည်။ အလင်းရှိနေရာတိုင်း၌ ယန်ဓာတ်များသည် အဆုံးစွန်အထိ စုစည်း၏။ လူတိုင်းကား အလင်းနှင့်ထိတိုင်းတွင် အေးခဲရသည်။ သူတို့ခန္ဓာကိုယ်မှာ တဖြေးဖြေး မြူခိုးများရစ်သိုင်းလာ၏။

အားနည်းသောကျင့်ကြံသူများမှာလည်း ချက်ချင်းပင် ရေခဲရုပ်တုများအဖြစ် အသွင်ပြောင်းသွားရသည်။ သူတို့မှာ ထိုနေရာတွင်ပင် အေးခဲသွားကြရသည်။

ထိုမြင်ကွင်းက စစ်မြေပြင်မှလူတိုင်းကို ထူးဆန်းသောအမူအရာဖြစ်စေသည်။ နတ်ရတနာသည် တုန်ခါနေဆဲလား။ ထူးဆန်းဖြစ်စဉ်ကား ပိုမိုပြင်းထန်လာနေသည်။ ထိုအခြေအနေက ရန်ဟောင်များကိုပင် ခြိမ်းခြောက်နိုင်၏။

“သတိထား…” အင်ပါယာနန်က သတိပေးသည်။ သူကိုယ်တိုင်က ထိုအငွေ့အသက်များ၏အန္တရာယ်ကို ခံစားမိသည်။

မြေပြင်တွင်ဖြစ်ပေါ်နေသောတိုက်ပွဲကား ထူးဆန်းဖြစ်စဉ်ကြောင့် ရပ်တန့်သွားပြီဖြစ်သည်။ တန်ခိုးရှင်များအားလုံး လေထဲကို ပျံတက်သွားကာ ထိုအငွေ့အသက်များကို ကာကွယ်ကြရ၏။

မျက်လုံးတမှိတ်အတွင်း၌ အားလုံးသောလူတို့သည် အလင်း၏လွှမ်းမိုးမှုအောက်သို့ ကျဆင်းသွားရသည်။

ဖပ်…

နောက်ထပ်ပြင်းထန်သောအရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ထိုအချိန်တွင် တိုက်ခိုက်နေဆဲ ကျင့်ကြံသူများ ရှိနေသေးသည်။ လက်ရှိအခြေအနေတွင်တော့ မည်သူမဆို ရပ်တန့်ရပေတော့မည်။

ရီဖူရှင်း ပေါ်လာသည်။ သူသည် သစ်ပင်အသွင်သို့ ပြောင်းလဲသွား၏။ အအေးအလင်းများ သူ့နေရာသို့ရောက်လျှင် သူက ထိုစွမ်းအားများကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည်။ သူ၏ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများ ပိုမိုသန်မာလာသည်ကို သူခံစားရသည်။

ကမ္ဘာသစ်ပင်ကား အမှန်တကယ် ထူးဆန်း၏။ သူသည် ယန်ဓာတ်ကိုပင် စုပ်ယူနိုင်သည်။

ရီဖူရှင်းက မင်းသမီးရှိနေရာသို့ လှမ်းကြည့်သည်။ တချို့သော ကျင့်ကြံသူများသည် သူမကို အလစ်တိုက်ခိုက်ရန် ကြိုးပမ်းနေကြ၏။ တစ်ဘက်တွင် မင်းသမီးကို ကာကွယ်နေသူများလည်း ရှိသည်။

မင်းသမီးနောက်တွင် အလယ်အလတ်တန်းစားနှင့် အဆင့်မြင့်ရန်ဟောင်များရှိနေသည်။ သူတို့မှာ တကွဲတပြားဖြစ်နေသော်လည်း မင်းသမီး အခြေအနေမဟန်လျှင် အပြေးလာရောက်ကာကွယ်ကြသည်။

ထိုအခိုက်တွင် လူတစ်ဦး မင်းသမီးရှိရာသို့ ရွေ့လျားလာသည်။ သူကား ရှစ်ရှဲ့ပင်။

ရှစ်ရှဲ့ရောက်လာလျှင် တန်ခိုးရှင်တချို့က သူ့အား တားဆီးကြသည်။

ရှစ်ရှဲ့က သူ၏အသိကို အသက်သွင်းလိုက်လျှင် သူ့ခန္ဓာကိုယ်၌ ထူးဆန်းသောပုံစံများဖြစ်ပေါ်လာသည်။ နတ်အလင်းများ အဆုံးမဲ့စွာ ထွက်ပေါ်လာ၏။ အလင်းသည် သူ့ရှေ့မှ တန်ခိုးရှင်ထံသို့ တိုးဝင်သွား၏။

ချက်ချင်းပင် လေဟာနယ်သည် တွန့်လိမ်သွားကာ ထိုတန်ခိုးရှင်သည် အာကာသထဲသို့ လွင့်ပစ်ခံလိုက်ရသည်။

ရှစ်ရှဲ့ ရှေ့ကိုတက်လာလျှင် လေထုသည် တွန့်ကွေးကာ နတ်အလင်းများ ကျဆင်း၏။ မြေပြင်သည် အာကာသစွမ်းအားများ ဖြန်းပက်ခြင်းခံရသည်။ နေရာတိုင်းတွင် နာကျင်စွာ အော်ဟစ်သံများကို ကြားကြရသည်။ သူတို့၏ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ကွဲပြားခြားနားသောနေရာသို့ ခွဲခြမ်းခြင်းခံလိုက်ရဟန်ရှိသည်။

“သေစမ်း…” ရှစ်ရှဲက ပြောလိုက်လျှင် နတ်အလင်းများသည် မြေပြင်ပေါ်သို့ ကျဆင်းလာပြန်၏။ ထို့နောက်တွင် သွေးညှီနံ့များနှင့် အပိုင်းပိုင်းပြတ်တောက်သံများ အဆက်မပြတ် ကြားကြရသည်။ တန်ခိုးရှင်များမှာ အာကာသစွမ်းအားကြောင့် အစိတ်စိတ်အပိုင်းပိုင်းဖြစ်ကြရ၏။

သူကား သန်မာလှသည်။ အဝေးမှ ရီဖူရှင်းက ထိုမြင်ကွင်းကိုကြည့်ကာ အံ့အားသင့်မိသည်။ ရှစ်ရှဲ့ကား တူညီစွာပင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သည်။ သူက အာကာသနေရာများကိုသာ အသာအယာရွှေ့ပြောင်းလိုက်လျှင် တန်ခိုးရှင်အများအပြားမှာ ကူရာမဲ့စွာ သေဆုံးကြရသည်။

ထိုလူ၏အာကာသဓာတ်ကို နားလည်သဘောပေါက်မှုနှင့် အသုံးချနိုင်စွမ်းက အလွန်မြင့်မား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset