အပိုင်း(၁၈၁၆)

လှံအင်ပါယာတုယူ

မြေအောက်အရှင်သည် သူ၏ပုလ္လင်ထက်မှ ခုန်တက်လိုက်သည်။ကြောက်မက်ဖွယ်အရောင်အဝါသည် သူ၏ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်လာပြီးအပြင်သို့ပျံ့နှံ့သွားသည်။အောက်ဘက်ရှိ မိစ္ဆာဘုံတွင် ကျင့်ကြံသူများသည် နေရာအသီးသီးတွင် ရပ်နေကြသည်။မိုင်ပေါင်းသောင်းချီသောမြနေေရာတွင်ရှိသည့် ကျောက်တိုင်သည် နီညိုရောင်တောက်ပလာသည်။

မြေပြင်မှ အေးစက်ပြီး အန္တရာယ်ရှိသည့်အလွှာများ၊ဖျက်ဆီးတတ်သည့်အနက်‌ေရာင်လေမုန်တိုင်းများသည် ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။

‌မင်းသမီးဒွန်ဟောင်သည် ကောင်းကင်အမြင့်မှာရပ်လိုက်ပြီးပြောလိုက်သည် ” ထိပ်သီးပုဂ္ဂိုလ်တွေ တိုက်ခိုက်ကြ”

“ကောင်းပြီ”

အရိပ်မည်းများသည် ရှေ့သို့ထွက်လာပြီး မဟာလမ်းစဉ်၏ကြောက်မက်ဖွယ်အရှိန်အဝါများသည် လေဟာနယ်ထဲမှ ​ကျဆင်းလာကြသည်။ ဗုဒ္ဓရောင်ဝါမှ တောက်ပသည့်အလင်းတန်းများသည် အပြင်သို့ထွက်ပေါ်လာသည်။ကောင်းကင်ထက်တွင် ဗုဒ္ဓတရားတော်ရွတ်ဆိုသံများထွက်ပေါ်လာပြီးအားကောင်းသည့်ပဲ့တင်သံများဖြစ်လာသည်။ဤအရာက အရိပ်ဘုံအထက် ကောင်းကင်မှ ဆင်းသက်လာသော ဗုဒ္ဓများကြောင့် ဖြစ်သည်။ သောင်းနှင့်ချီသောဗုဒ္ဓများက တရားမန္တန်များကို တညီတညာတည်းရွတ်ဆိုလိုက်ကြသည်။ အနက်ရောင်လေမုန်တိုင်းကိုဖြိုခွင်းရန် ပြိုင်ဘက်ကင်း ဗုဒ္ဓရောင်ဝါများသည် ကောင်းကင်မှ ကျဆင်းလာသည်။

သို့သော် အနက်ရောင်လေများသည် ဗုဒ္ဓ၏အလင်းတော်အားထိခိုက်စေကာ  ဗုဒ္ဓ၏နတ်ရွှေရောင်ဝါများကိုစွန်းထင်းသွားစေသည်။သူတို့သည် ဆက်လက်တိုးပွားလာပြီး နေရာတိုင်းတွင်ရှိနေလေသည်။

ထျန်းရှန်းဘုံကျောင်း၏ ကျောင်းထိုင်ဆရာတော်နှင့် တခြားသောကျင့်ကြံသူများသည် ထူးခြားသောအရှိန်အဝါတစ်ခုကိုခံစားခဲ့ရသည်။သူတို့၏လမ်းစဉ်က ဖိနှိပ်ခံလိုက်ရသကဲ့သို့ဖြစ်နေသည်။

သူတို့သာမက တခြားကျင့်ကြံသူများသည်လည်း ၄င်းကိုခံစားခဲ့ရသည်။

အောက်ဘက်တွင် အနက်ရောင်လေမုန်တိုင်းသည် အရိပ်ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားသကဲ့သို့ဖြစ်နေသည်။ထိုအနက်ရောင်လေများက ကောင်းကင်ကိုဖုံးအုပ်ရန် အပေါ်သို့တက်သွားသည်။​မြေအောက်အရှင်သည် မျက်လုံးကိုမှိတ်လိုက်သည်။သူသည် ဤအမှောင်ထုနှင့်ပေါင်းစည်းလိုပုံရသည်။

နောက်ဆုံးတွင် အမှောင်ထုက ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။လူတိုင်းသည် တခြားမှောင်မိုက်သည့်ဟင်းလင်းပြင်တစ်ခုတွင် နစ်မြှုပ်သွားပုံရသည်။အဆုံးမရှိသောအနက်ရောင်လေမုန်တိုင်းများသည်စုပေါင်းပြီး အရပ်ရှည်ရှည်နှင့် ခမ်းနားသည့် ပုံရိပ်ဖြစ်ပေါ်လာသည်။ထိုသည်မှာမြေအောက်အရှင်၏ပုံရိပ်ဖြစ်သည်။သူသည် ကျန်းတစ်သောင်းမျှရှည်လျားပေသည်။မြေအောက်အရှင်အစစ်အမှန် ပေါ်ထွက်လာသကဲ့သို့ပင်ဖြစ်သည်။

“လမ်းစဉ်ခန္ဓာ”

များစွာသောကျင့်ကြံသူများသည် ထွက်ပေါ်လာသည့်ပုံရိပ်ကိုကြည့်နေကြသည်။ထိုအခိုက်တွင် မြေအောက်အရှင်သည် အလွန်အားကောင်းလာပုံရသည်။

မြေအောက်အရှင်၏ကြီးမားသောလမ်းစဉ်ခန္ဓာသည် လေဟာနယ်ထဲရှိ ပုံရိပ်များကို ကြည့်နေသည်။သူသည် လက်ကိုမြှောက်လိုက်ပြီး သူတို့အားဖမ်းယူနိုင်ရန်အပြင်သို့ဆန့်ထုတ်လိုက်သည်။မြေအောက်ကမ္ဘာ၏ကြောက်မက်ဖွယ်စွမ်းအားများသည် သူ၏လက်မောင်းမှထွက်ပေါ်လာသည်။ နီညိုရောင်နှင့် အနက်ရောင်အလင်းတန်းများက အတူတကွရောနှောသွားသည်။လမ်းစဉ်၏ ဖျက်ဆီးခြင်းအနက်ရောင်မီးတောက်များသည် လူအုပ်ကိုတိုက်ခိုက်နေသကဲ့သို့ဖြစ်သည်။

ထိုလက်ဝါးရိုက်ချက်သည် ကျင့်ကြံသူများကိုထိခဲ့ပါက သူတို့သည် ချက်ချင်းပင် အမှုန့်အဖြစ်ပျောက်ကွယ်သွားနိုင်သည်။

ထျန်ရှန်းဘုံကျောင်းမှ ကျင့်ကြံသူများသည် ဗုဒ္ဓ၏အမည်ကိုရွတ်ဆိုနေကြသည်။

များစွာသော ဗုဒ္ဓများ၏ ပုံသဏ္ဍာန်မှာ အပြည့်အဝထွက်ပေါ်လာပြီဖြစ်သည်။

ဗုဒ္ဓ၏နတ်ရောင်ဝါသည် အောက်သို့ကျဆင်းလာသည်။ အောက်တွင် ကြီးမားသောရှေးဟောင်းဗုဒ္ဓတပါး ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းများက ကောင်းကင်တွင်ပြည့်လျှံသွားသည်။ ထိုကြီးမားသောရှေးဟောင်းဗုဒ္ဓ​ကြီးက သူ၏လက်ဝါးကိုမြှောက်လိုက်ပြီး အောက်သို့ရိုက်ချလိုက်သည်။ အဆုံးမဲ့ဝမ်သင်္ကေတများနှင့်ဗုဒ္ဓ၏အလင်းရောင်သည် ရှေ့သို့ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်း၏ဖိအားများသည် အောက်ကမ္ဘာပေါ်သို့ကျဆင်းသွားခဲ့သည်။

ဘုန်း…

ကြီးမားနက်မှောင်သည့်လက်ရာကြီး၏အောက်တွင် ဗုဒ္ဓအလင်းရောင်နှင့်အတူတောက်ပလာသည့် ဝမ်သင်္ကေတများ ပျက်သုန်းသွားသည်။ သို့သော် ဗုဒ္ဓ၏ကြီးမားသောလက်ဝါး​ကြီးက အနက်ရောင်လက်ဝါးထံ တိုးဝင်သွားသည်။

ပြင်းထန်သောတုန်ဟည်းသံများကို နေရာအနှံ့တွင်ကြားနေရသည်။ ကြီးမားသောဗုဒ္ဓလက်ဝါးကြီးသည် ရွှေစင်ဖြင့်ပြုလုပ်ထားပုံရပြီး ဖျက်ဆီးမရနိုင်သည့်ပုံပေါ်သည်။ ၎င်းသည် မိစ္ဆာစွမ်းအားများကိုချေမှုန်းနိုင်သည့် နတ်အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေသည်။

ထိုသည်မှာ မိစ္ဆာနှင်ဗုဒ္ဓလက်ဝါးဖြစ်သည်။ ကျင့်ကြံသူများသည် ထိုလက်ဝါးကိုမြင်သည့်အခါ အလွန်အံ့အားသင့်သွားကြသည်။ ထိုစဥ်က ကျန်းကန်းရဟန်း၏စွမ်းရည်သည်အလွန်အားကောင်းလှသည်။ မိစ္ဆာတပ်ဖွဲ့မှ ကျင့်ကြံသူများစွာသည် မိစ္ဆာနှင်ဗုဒ္ဓလက်ဝါးရိုက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။ ယခု ထျန်ရှန်းဘုရားကျောင်းမှဗုဒ္ဓများသည် ထိုကြီးမားသောလက်ဝါးရိုက်ချက်ကို တစ်ချိန်တည်းထုတ်လွှတ်လိုက်ကြသည်။ ထိုစွမ်းအားသည် အလွန်အံအားသင့်ဖွယ်ကောင်းလှသည်။

ကောင်းကင်အထက်တွင် အဆုံးမဲ့ကြီးမားသောလက်ကြီးနှစ်ခုက ကြောက်မက်ဖွယ်မုန်တိုင်းကိုဖြစ်ပေါ်စေပြီး အချင်းချင်းတိုက်မိသွားသည်။ ကမ္ဘာကြီးသည် ပြင်းထန်စွာတုန်လှုပ်သွားသည်။ကြီးမားသောလက်ဝါးကြီးနှစ်ခုသည် တစ်ပြိုင်တည်းကွဲအက်သွားသည်။ ဖျက်ဆီးခြင်းလေမုန်တိုင်းနှင့် ဗုဒ္ဓ၏ရွှေရောင်အလင်းတန်းများသည် သူတို့ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံသွားသည်။

သို့သော် ကြီးမားသည့်လမ်းစဉ်ခန္ဓာသည် ရှေ့သို့ဆက်တက်လာသည်။ မြေအောက်ကမ္ဘာ၏ဖျက်စီးခြင်းနတ်မီးတောက်များသည် မိစ္ဆာဘုံရှိနေရာတိုင်းတွင် ရုတ်တရတ်ထွက်ပေါ်လာသည်။ လူအုပ်သည် သူတို့ဘေးပတ်လည်ကိုကြည့်လိုက်ကြပြီး သူတို့သည် တကယ်မြေအောက်ကမ္ဘာကိုရောက်နေသကဲ့သို့ခံစားလိုက်ကြရသည်။

ထိပ်သီးပုဂ္ဂိုလ်များသည် တစ်ယောက်ပြီး တစ်ယောက်ရှေ့သို့တက်လာကြသည်။ ကောင်းကင်မှ အစိမ်းရောင်နတ်အလင်းတန်းများကျဆင်းလာသည်။

ထိုအလင်းတန်းဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အရာအားလုံးသည် ပျက်စီးသွားသည်။ ချင်းဟယ်နတ်ဓားဖြတ်သွားသည့်နေရာတိုင်းတွင် ၎င်း၏အစိမ်းရောင်အလင်းတန်းသည် အရာအားလုံးကို ပျက်စီးခြင်းသို့ရောက်စေသည်။ အရာအားလုံးအား ဖုန်မှုန့်နှင့်အခိုးအငွေ့ဖြစ်သွားစေသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းနိုင်သည့် ဖျက်စီးခြင်း နတ်ဓားဖြစ်သည်။

ထိုအခိုက်တွင် အစိမ်းရောင်အလင်းတန်းသည် မြေအောက်အရှင်၏ ကြီးမားသောလမ်းစဥ်ခန္ဓာကိုခုတ်ပိုင်းချလိုက်သည်။ အလင်းတန်းသည် ထိုခန္ဓာအား ချက်ချင်းပင်ထိုးဖောက်သွားသည်။ ထိုခဏတွင် ကြီးမားသောလမ်းစဥ်ခန္ဓာကြီးမှာ အစိမ်းရောင်အလင်းတန်း၏ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ အစိမ်းရောင်အလင်းတန်းသည် ‌တစ်သောင်းကျန်းမြင့်သောလမ်းစဥ်ခန္ဓာကို ဖုံးအုပ်သွားလေသည်။ ကြီးမားသောပုံရိပ်သည် တစ်စထက်တစ်စကွယ်ပျောက်သွားသည်။

လူအများသည် ထိုနေရာအား ငေးကြည့်နေမိကြသည်။ ထိုခန္ဓာကဖျက်ဆီးခံလိုက်ရသည်လား…။

သဘာဝကျစွာပင် ထိုသို့မဟုတ်ခဲ့ပေ။

မိစ္ဆာဘုံတွင် ထင်ယောင်ထင်မှားဖြစ်စေသည့်မျက်နှာများစွာ ထွက်ပေါ်လာသည်။ ထိုမျက်နှာအားလုံးသည် မြေအောက်အရှင်၏မျက်နှာများဖြစ်ပေသည်။

သူသည် ဤလေဟာနယ်ဘုံ၏နေရာတိုင်းတွင် ရှိနေသကဲ့သို့ဖြစ်သည်။

ကျင့်ကြံသူများက ထိုသည်နှင့်ပတ်သတ်၍ မအံ့ဩကြပေ။ ဤနေရာသို့လာရောက်ကြသူအားလုံးသည် စွမ်းရည်မနိမ့်ကြပေ။ အနည်းဆုံးသူတို့သည် ရန်ဟောင်အဆင့်တွင်ရှိကြသည်။ သူတို့အားလုံးနီးပါးသည် ရန်ဟောင်အလယ်အဆင့်အထက်တွင်ရှိကြသည်။ ထိပ်သီးပုဂ္ဂိုလ်များပင် တော်တော်များများရှိနေသည်။ သူတို့အားလုံးသည် ကျင့်ကြံခြင်းတွင် အတွေ့အကြုံကောင်းများရှိကြသည်။

မြေအောက်အရှင်၏စွမ်းရည်သည် ရန်ဟောင်အဆင့်၏အဟန့်အတားများကို ချိုးဖျက်ထားပြီးဖြစ်သည်။ သူသည် အင်ပါယာအတုအဆင့်သို့ရောက်ရှိနေပြီးဖြစ်သည်။ ဤသီး​ခြားကမ္ဘာသည် သူ၏လမ်းစဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူသည်နေရာတိုင်းတွင်ရှိနေပြီး လမ်းစဥ်ခန္ဓာကိုယ်နှင့် အလွယ်တကူပေါင်းစည်းနိုင်သည်။ သူသည် ဤကမ္ဘာ၏အရှင်ပင်ဖြစ်သည်။

သို့သော် သူသည်အင်ပါယာအတုတစ်ပါးဖြစ်နေဆဲသာ ဖြစ်သည်။ အင်ပါယာအတုတစ်ပါး၏အဆင့်သည် အင်ပါယာတစ်ပါးဖြစ်လာရန် မျှော်လင့်ချက်မရှိမှသာလျှင်ရောက်ရှိနိုင်သည်။ သူသည် စစ်မှန်သည့်မဟာအင်ပါယာတစ်ပါးဖြစ်ခဲ့လျှင် သူ၏အတွေးတစ်ခုထဲဖြင့် ဤကမ္ဘာအတွင်းရှိလူတိုင်းကို သူကဖျက်ဆီးပစ်နိုင်သည်။ သူတို့သည် အသက်ရှင်ရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်ပေ။

ထိုတည်ရှိမှုနှစ်ခုသည် လုံးဝတူညီသည့်အဆင့်မဟုတ်ပေ။

သို့သော် စစ်မှန်သောမဟာအင်ပါယာများကို နတ်ဘုရားအဖြစ်သတ်မှတ်ထားကြသည်။ ကျယ်ပြောသောစကြဝဠာ၏ မရေမတွက်နိုင်သောဘုံများကြားတွင် လူအနည်းငယ်သာလျှင် ထိုအဆင့်သို့ရောက်နိုင်သည်။

နတ်ဘုရားကျဆုံးခြင်းခေတ်ဟုသိကြသည့် ကောင်းကင်လမ်း‌စဉ်ပြိုကွဲပြီးနောက်ပိုင်းတွင် နတ်ဘုရားဖြစ်လိုခြင်းမှာ ကောင်းကင်ကိုတိုင်းတာလိုခြင်းကဲ့သို့ပင် ခက်ခဲလာသည်။

ယခုအချိန်တွင် စကြာဝဠာတစ်ခုလုံး၌ ကမ္ဘာကသိထားကြသည့် မဟာအင်ပါယာခုနှစ်ပါးမျှသာရှိသေးသည်။

ထိုပုဂ္ဂိုလ်ခုနှစ်ပါးသည် စကြဝဠာ၏ထိပ်တွင် ရပ်နေသည့် တည်ရှိမှုပင်ဖြစ်သည်။အရှင်ဒွန်ဟောင်၊ မှော်နက်တပ်ဖွဲ့အရှင်သခင်နှင့် အနောက်ကောင်းကင်၏ဗုဒ္ဓအရှင်တို့သည် ထိုခုနှစ်ယောက်ထဲမှ ဖြစ်သည်။

သူတို့သည် လောကကိုလွန်မြောက်ပြီးသော လူသားများဖြစ်ကြသည်။ သူတို့ ပထမဆုံးလှုပ်ရှားသည်မှာ အလွန်ရှားပေသည်။ သူတို့သာတိုက်ခိုက်မည်ဆိုလျှင် အကျိုးဆက်များသည် စိတ်ကူး၍ပင်ရမည်မဟုတ်ပေ။ကမ္ဘာတခုလုံး ကသောင်းကနင်းဖြစ်သွားနိုင်သည်။

ထို့ကြောင့် ယနေ့ခေတ်လူများသည် ယခင်ခေတ်ကမည်သို့ရှိသည်ကို တွေးကြည့်ရန်ပင်ခက်ခဲသည်။ ကောင်းကင်လမ်းစဉ်မပြိုကွဲခင် နတ်ဘုရားများမပြိုလဲသေးသည့် ရှေးခေတ်က ကြီးပွားချမ်းသာခဲ့ကြသည်။ ကံမကောင်းစွာပင် ၄င်းကို သူတို့ယခုမမြင်နိုင်တော့ပေ။ ထိုသည်မှာ ဒဏ္ဍာရီဘုံတွင်သာလျှင်ရှိတော့သည်။

သို့သော် ဘုံများ၏ထိပ်ဆုံးတွင်ရှိသော ကြီးမားသည့်အင်အားစုများတွင် အင်ပါယာအတု အနည်းငယ်ရှိနေဆဲဖြစ်သည်။

မူလဘုံတွင်ပင်လျှင် သူတို့ရှိသည်။

ထိုအချိန်တွင် မြေအောက်အရှင်၏ ပုံရိပ်ယောင်မျက်နှာများသည် လူအုပ်ကို‌ကြည့်နေသည်။ မိစ္ဆာဘုံတွင် ဖျက်ဆီးနိုင်သောအသိများပျံ့နှံ့သွားသည်။ အောက်ဘုံ၏အဆုံးမဲ့နတ်မီးများသည် ဤသီးသန့်လေဟာနယ်တွင်ပေါ်ထွက်လာသည်။ ၎င်းသည်လောင်ကျွမ်းပြီးနောက်မည်းမှောင်နေသည့်လေဟာနယ်ကိုသေခြင်းတရားဘုံဖြစ်လာစေသည်။ အောက်ကမ္ဘာ၏လောင်နေသော နတ်မီးနှင့်အတူမည်သူမျှ မလွတ်မြောက်နိုင်ပေ။ မီးတောက်များသည် သူတို့ကိုဝန်းရံထားသည်။

ထိုသီးသန့်လေဟာနယ်သည်လောင်ကျွမ်းနေပြီး မြေအောက်ကမ္ဘာ၏နတ်မီးလျှံကြားတွင်မြှပ်နှံခံလိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ထိပ်သီးပုဂ္ဂိုလ်များက မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အသိများကိုထုတ်လွှတ်လိုက်ကြသည်။ မင်းသမီးဒွန်ဟောင်သည် ကောင်းကင်အထက်တွင်ရပ်နေဆဲဖြစ်သည်။ရီဖူရှင်းနှင့် တခြားအင်အားစုများမှ ရန်ဟောင်များသည် သူမ၏နောက်တွင်ရပ်နေကြပြီးတိုက်ပွဲတွင်မပါဝင်ပေ။သူတို့သည် အမြင့်ဆုံးအဆင့်မှသူများ၏တိုက်ပွဲတွင် မပါဝင်နိုင်ပေ။

အောက်ကမ္ဘာ၏နတ်မီးလောင်ကျွမ်းခြင်းအား ထိတွေ့မိပါက သူတို့သည် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းသာဖြစ်ပေလိမ့်မည်။

မင်းသမီးဒွန်ဟောင်ဘေးရှိ နတ်စစ်သူကြီးသည် တောက်ပသည့်ရွှေရောင်နတ်အလင်းတန်းကိုထုတ်လွှတ်လိုက်ပြီး အလင်းတန်းလိုက်ကာတစ်ခုဖြစ်ပေါ်လာစေသည်။ ၄င်းက တခြားသီးသန့်လေဟာနယ်တစ်ခု ဖြစ်ပေါ်လာပြီး မင်းသမီးဒွန်ဟောင်နှင့်ကျန်ရှိသည့်ကျင့်ကြံသူများကိုကာကွယ်ပေးထားသည်။

ဘုန်း…

အလွန်ပြင်းထန်သည့် မိစ္ဆာမုန်တိုင်းသည် မင်းသမီးဒွန်ဟောင်ဆီသို့တိုးဝင်သွားသည်။ ဖျက်ဆီးတတ်သည့်မိစ္ဆာမုန်တိုင်းသည် တလိပ်လိပ်ထလာပြီးကျယ်လောင်စွာထွက်ပေါ်လာသည်။ ၄င်းက  ၎င်း၏လမ်းကြောင်းအတွင်းရှိအရာအားလုံးကိုဖျက်ဆီးလိုက်သည်။

အင်ပါယာနန်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် ချင်းဟယ်နတ်ဓားမှ အစိမ်းရောင်အလင်းကိုထုတ်လွှတ်ပြီး သောင်းချီသောကျန့်အကွာအဝေးကိုပစ်လွှတ်လိုက်သည်။သူသည် သူ၏လက်ဖြင့် လက်ဟန်သင်္ကေတများ ထုတ်ဖော်လိုက်ပြီး ချင်းဟယ်နတ်ဓားမှ အလင်းတန်းများသည် ပေါက်ကွဲထွက်လာသည်။အဆုံးမဲ့အစိမ်း‌ရောင်အလင်းတန်းများသည် အရာအားလုံးကိုဖျက်ဆီးလိုက်ပြီး မိစ္ဆာမုန်တိုင်းဆီသို့တည့်တည့် ပစ်ထုတ်လိုက်သည်။

ချင်းဟယ်နတ်ဓားသည် မိစ္ဆာမုန်တိုင်းတွင်းသို့တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ကြီးမားသောပုံရိပ်ယောင်မျက်နှာကြီးက မုန်တိုင်းအတွင်းတွင်​ပေါ်လာသည်။အောက်ကမ္ဘာမှလှံတစ်စင်း ထွက်ပေါ်လာပြီး ချင်းဟယ်နတ်ဓားဖြင့်ထိခတ်သွားသည်။ အဖျက်စွမ်းအားများသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပျံ့နှံ့သွားသည်။ ချင်းဟယ်နတ်ဓား၏အရှိန်သည် လျော့နည်းသွားသည်။ ကြောက်မက်ဖွယ်လေထုသည် ထိုဓားကိုစုပ်ယူလိုက်ပြီးဝါးမြိုရန်ကြိုးပမ်းနေသည်။

အင်ပါယာနန်သည် သူ၏လက်ဝါးကိုဝှေ့ယမ်းလိုက်ပြီးနောက် ချင်းဟယ်နတ်ဓားသည် သူ၏လက်ထဲသို့ပြန်ရောက်လာသည်။ ကြောက်မက်ဖွယ်မုန်တိုင်းသည် အင်ပါယာနန်ဆီသို့လွှမ်းသွားသည်။ သူသည် မရွေ့လျားပေ။ သူ၏ပတ်လည်ရှိ အစိမ်းရောင်အလင်းတန်းများသည် ဓားကမ္ဘာတစ်ခုကိုဖြစ်ပေါ်လာစေသည်။ ကြောက်မက်ဖွယ်မုန်တိုင်းသည် ဆက်လက်ရွေ့လျားနေပြီး သူ့အားတိုက်ရိုက်ဖြတ်ကျော်သွားသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏နှလုံးသားများသည် တုန်လှုပ်သွားကြသည်။ ထိုအရှိန်အဝါက အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။

မာန်ဖီနေသည့်မိစ္ဆာမုန်တိုင်းသည် မင်းသမီးဒွန်ဟောင်ဆီသို့တည့်တည့်တိုးဝင်သွားသည်။ နတ်စစ်သူကြီးသည် သူမ၏ရှေ့တွင်ရပ်နေသည်။ ရွှေရောင်အလင်းတန်းလိုက်ကာသည် ကမ္ဘာ၏ထိုအပိုင်းကိုဖုံးလွှမ်းထားသည်။ သူအားအလည်တွင်ထား၍ တောက်ပနေသောသုံးဖက်မြင်ပုံစံများထွက်ပေါ်လာသည်။

ထိုရွှေရောင်ပုံစံအတွင်းတွင် များစွာသောအက္ခရာများပါဝင်သည်။ ထိုခဏတွင် အဆုံးမဲ့နတ်အလင်းတန်းများထွက်ပေါ်လာသည်။ ထိုပုံစံအတွင်းမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ထိုးထွက်လာသည်။ ထိုနေရာမှ ရွှေရောင်လှံများသည် ဖျက်ဆီးတတ်သည့်ရွှေရောင်အလင်းတန်းလျှပ်စီးကြောင်းများကဲ့သို့ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည်ကောင်းကင်နှင့်မြေကြီးကိုဖြတ်ကာ ဟိန်းဟောက်ပြီးလှည့်ပတ်နေသည့် အနက်ရောင်မုန်တိုင်းဆီသို့ဦးတည်သွားလေသည်။

ဘန်း..ဘန်းးး ဘန်းး…

လှံရှည်များသည် ဖောက်ထွက်ပြီး ရွှေရောင်နတ်မီးတောက်များအဖြစ်သို့ပေါက်ကွဲသွားပုံရသည်။ ၎င်းသည်အနက်ရောင်လေမုန်တိုင်း၏ထုထည်များကို ဖုန်မှုန့်အဖြစ်သို့ကွဲအက်သွားစေသည်။ မရေတွက်နိုင်သည်လှံများတစ်ချိန်တည်းကျဆင်းလာသည့်အခါ ဟိန်းဟောက်နေသည့်အနက်ရောင်မုန်တိုင်း၏စွမ်းအားများသည်လျော့နည်းလာသည်။

နတ်စစ်သူကြီးသည် သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။ သုံးဖက်မြင်ပုံစံအတွင်းတွင် မတူညီသောနတ်အလင်းတန်းများသည်ဟိန်းဟောက်နေသည့်မုန်တိုင်းဆီသို့တိုးဝင်သွားပြီး နတ်လှံတစ်ချောင်းအဖြစ်ပေါင်းစည်းသွားသည်။

ထိုအခိုက် ကြောက်မက်ဖွယ်အက်ကွဲကြောင်းများသည် လေဟာပြင်တွင်ထွက်ပေါ်လာသကဲ့သို့ဖြစ်လာသည်။ ရွှေရောင်အက်ကွဲရာများသည် အပြင်ဘက်သို့ပျံ့ပွားလာသည်။ ၎င်းသည်လေဟာပြင်ကိုဆုတ်ဖြဲပြီး ကြောက်မက်ဖွယ်အနက်ရောင်မုန်တိုင်းကို အစိပ်စိပ်အမွှာမွှာဖြိုခွဲခဲ့သည်။ ကောင်းကင်ထက်တွင်ခမ်းနားသည့်မြင်ကွင်းတစ်ခုပေါ်လာသည်။ လှံရှည်သည်ကွဲအက်သွားပြီး အာကာသအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရွှေရောင်အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ၎င်းသည်ဘေးပတ်လည်ရှိလေဟာပြင်ကိုဆက်လက်တိုးဝင်နေသည်။ ၎င်းသည် မိစ္ဆာဘုံကိုထိုးဖောက်ပြီးအပြင်ဘက်သို့ရောက်သွားသည်။

ဘုန်း…

မိစ္ဆာဘုံသည် ပြိုကျနေသည်။ ပုံရိပ်ယောင်သည် တသားတည်းပေါင်းစည်းသွားပြီး ထိုသည်မှာ မြေအောက်အရှင်မှလွဲ၍ တခြားသူမဟုတ်ပေ။

သူသည် မင်းသမီးဒွန်ဟောင်၏ရှေ့တွင် ရပ်ပြီးစောင့်ရှောက်ပေးနေသော နတ်စစ်သူကြီးကိုစိုက်ကြည့်ရင်း လေထဲတွင်ရပ်နေသည်။ ​မြေအောက်အရှင်သည် နှစ်သက်သည့်အရိပ်အယောင်ကိုပြသခဲ့သည်။

“မင်းက အရှင်ဒွန်ဟောင်ရဲ့အမွေဆက်ခံသူဖြစ်မှာ အသေအချာပဲ” မြေအောက်ကအရှင်သည်ရှေ့သို့တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။ တောက်ပသောသုံးဖက်မြင်ပုံစံသည် မဟာလမ်းစဉ်၏နတ်ဝင်ရိုးဖြစ်သည်။နတ်ဝင်ရိုးမှ စက်ဝိုင်းပုံအလင်းတန်းက ဖြာထွက်နေသည်။ အလင်း၏စွမ်းအား ပြင်းထန်လာသည်နှင့်အမျှ အလင်းရောင်လွှမ်းခြုံထားသော ဧရိယာသည် ကျယ်ပြန့်လာသည်။ရွှေရောင်နတ်အလင်းတန်းမှာ အက်ကြောင်းမဲ့ဖြစ်ပေသည်။

နတ်အလင်း၏ရောင်ခြည်တန်းတစ်ခုစီတိုင်းတွင် မတူညီသည့်စွမ်းအားများ လွှမ်းခြုံထားသည်။

အရှင်ဒွန်ဟောင်၏လက်အောက်တွင်အမှုထမ်းခဲ့သောနတ်စစ်သူကြီးသည် ကောင်းကင်ဒေသတွင် နံပါတ်တစ်လှံကိုပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည်လှံအင်ပါယာတုယူဖြစ်ပြီး အရှင်ဒွန်ဟောင်၏တပည့်တစ်ဦးလည်းဖြစ်သည်။

သူ၏နတ်ဝင်ရိုးသည် နဝမတန်းစားနတ်ဝင်ရိုးဖြစ်ပြီး တစ်ဆင့်စီတိုင်းသည် ပြစ်ချက်မဲ့သည်။သူသည် အင်ပါယာလမ်းစဉ်ကိုရှာဖွေရန် အရည်အချင်းပြည့်မှီသည်။ သူသည် အရှင်ဒွန်ဟောင်၏သင်ကြားချက်များကိုအမွေဆက်ခံထားသူဖြစ်သည်။ မင်းသမီးဒွန်ဟောင်သာမရှိခဲ့လျှင် သူသည် အရှင်ဒွန်ဟောင်၏ဆက်ခံသူဖြစ်ရန် အလားအလာအရှိဆုံးဖြစ်သည်။ သို့သော် မင်းသမီးဒွန်ဟောင်တည်ရှိမှုကြောင့် လှံအင်ပါယာတုယူသည် သူမ၏ညာလက်ရုံးသာဖြစ်နိုင်သည်။

တုယူသည် လက်ထောက်တစ်ယောက်သာဖြစ်သော်လည်း ကောင်းကင်ဒေသတွင် သူ၏နေရာမှာ ကျောက်ဆောင်အလား ခိုင်မာ၏။ ကောင်းကင်ဒေသတွင် ဤလှံအင်ပါယာသည် အလွန်အထင်ကြီးခံရသည်။ ထိပ်တန်းအင်အားစုများမှ မရေမတွက်နိုင်သော အရည်အချင်းရှိသည့်အမျိုးသမီးများသည် သူ့အားလက်ထပ်ရန်ဆန္ဒရှိကြသည်။

သို့သော် လှံအင်ပါယာသည် လက်ထပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် လှံလမ်းစဉ်လေ့လာခြင်းအပါ်တွင်သာအာရုံစိုက်ထားခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset