အပိုင်း (၁၇၉၉)

လျှို့ဝှက်ဆန်းကြယ်သောသူများ

လမ်းစဉ်ပင်လယ်ထက်၌ အရာအားလုံးက ပုံမှန်သို့ ပြန်ရောက်ရှိသွားသည်။ ရီဖူရှင်းသည်သာ မတ်တပ်ရပ်ကျန်ရစ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သတ္တမဆင့် နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်နှစ်ဦးသည်လည်း ကမ်ဘာပေါ်မှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

ဤတိုက်ခိုက်မှုကို ပင်လယ်ကမ်းစပ်မှ စောင့်ကြည့်နေသည့် မရေတွက်နိုင်သော ပရိတ်သတ်များသည် နောက်ဆုံးရလဒ်ကြောင့် ကြက်သေသေသွားကြသည်။ ဒုတိယအဆင့် နတ်ဝင်ရိုးနှင့် ရန်ဟောင်တစ်ပါးက သတ္တမဆင့် နတ်ဝင်ရိုးနှင့် ရန်ဟောင်နှစ်ပါးကို မည်သို့ သတ်ဖြတ်ပစ်ခဲ့သနည်း။

ရီဖူရှင်း၏ အမည်က ဘုံကိုးဘုံတွင် မကြာသေးခင်က ကျော်ကြားလာသော်လည်း ဤသို့သော တိုက်ပွဲမျိူးက လုံးလုံးလ်ားလ်ား အံ့အားသင့်စရာပင် ဖြစ်သည်။ ရီဖူရှင်းသည် ကျင့်ကြံဆင့်ခြင်းမတူညီသည့် ပြိုင်ဘက်ကိုပင် ဖိနှိပ်လွှမ်းမိုးနိုင်စွမ်းရှိသည်။ ရီဖူရှင်း အဆင့်မြင့်ရန်ဟောင် အဆင့်သို့ ရောက်သည့်အခါ မည်သို့ဖြစ်လာမည်နည်း။

သူက အခြားရန်ဟောင်များ အားလုံးကို ဖိနှိပ်ကာ အပြတ်အသတ် သာလွန်သွားနိုင်မည်လား။

ကြည့်ရသည်မှာ မဟာလမ်းစဉ် ဘုံသုံးထောင်မှ တန်ခိုးရှင်များကြားတွင် ရီဖူရှင်းက အရည်အချင်းအရှိဖြစ်သည်ကို မည်သူမှ မေးခွန်းထုတ်ကြလိမ့်တော့မည် မဟုတ်ပေ။ ဤတိုက်ပွဲရလဒ်မှာ ဘုံကိုးဘုံတွင် ပြောစမှတ်တွင်စရာ ဖြစ်သွားပေတော့မည်။

လူအများသည် သူတို့၏ အာရုံကို အခြားတိုက်ပွဲဘက်သို့ လှည့်လိုက်ကြသည်။ ဤအရေးအခင်းအတွင်း၌ ရီဖူရှင်း သေခြင်းတရားနှင့် ရင်ဆိုင်ရပါက နှမြောစရာပင် ဖြစ်ပေတော့မည်။ သူသည် မဟာလမ်းစဉ်ဘုံသုံးထောင်၏ ကိုယ်စားပြု ဒဏ္ဌာရီပုဂ္ဂိုလ်ဖြစ်လာနိုင်သော အလားအလာကို ပိုင်ဆိုင်ထားပေသည်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်မှ နောက်ဆုံးတိုက်ပွဲအတွင်း ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ ထူးချွန်သောတန်ခိုးရှင်များကို အနိုင်ယူကာ သက်သေပြခဲ့ပြီး ဖြစ်သည်။ သူ ကြီးထွားလာရန် အပြည့်အဝ အချိန်ရပါက ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို ကြောက်ရွံ့နေမည် မဟုတ်ပေ။

ထိုသို့တွေးလိုက်ကြသည်နှင့် လူအများသည် ရီဖူရှင်းက ဤအခက်အခဲအတွင်းမှာ အသက်ရှင်ကျန်ရစ်ကာ ပြင်ပဘုံမှ အင်အားစုများကို အနိုင်ယူနိုင်ရန် တိတ်တဆိတ် ဆုတောင်းလိုက်ကြသည်။

ဘန်း….

အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ နောက်ထပ် ရန်လိုနေသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာပြီး ရီဖူရှင်းထံ တဟုန်ထိုး ပြေးဝင်လာသည်။ လမ်းစဉ်ပင်လယ် ကမ်းစပ်တွင် ရပ်နေသော လူအများသည်ပင် ထို ကြောက်မက်ဖွယ် စွမ်းအားကို ခံစားနိုင်ကြသည်။

မည်သို့ ဖြစ်နေပြန်သနည်း။

လူအုပ်ကြီးသည် သူတို့ခေါင်းကို မော့ကာ ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ထက်ရှနေသည့် ရွှေရောင်ဓားသွားများက လေဟာနယ်ကို ထိုးခွင်းကာ ရီဖူရှင်းထံ ပျံသန်းလာလေသည်။ ဓားသြားမ်ားက ကောင်းကင်တွင် ကြောက်မက်ဖွယ် အက်ကွဲကြောင်းကို နက်ရှိုင်းစွာ ချန်ရစ်ခဲ့ပေသည်။

ထိုတားဆီးမရနိုင်သော တိုက်ခိုက်မှုက အဝေးတစ်နေရာ၌ ရှိနေသော ရှန်ကောင်းမှ ထုတ်ဖော်လိုက်ခြင်း ဖြစ်ပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်က တိုက်ပွဲမြေပြင်၌ အရေးနိမ့်နေသည်။ သူတို့က ရန်သူများကို ဆန့်ကျင်နိုင်ရန် အကောင်းဆုံးလုပ်ဆောင်နေသော်လည်း တိုက်ခိုက်မှုများကို အပြည့်အဝခံနိုင်ရည် မရှိခဲ့ပေ။ ရှန်ကောင်းက အခွင့်အရေးကို အရယူကာ အေဝးမွေန၍ ရီဖူရှင်းအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းက စံထားလောက်စရာ အရည်အချင်းရှိသော တန်ခိုးရှင်တစ်ဦးဖြစ်ပြီး မဟာအင်ပါယာ၏ ဆက်ခံသူတစ်ဦးလည်း ဖြစ်သည်။ ရှန်ကလန်နှင့် ရီဖူရှင်းကြားမှ နက်ရှိုင်းသော ရန်ငြိုးရန်စများကို စဉ်းစားဆုံးဖြတ်ကြည့်လိုက်သည့်အခါ ရှန်ကောင်းအနေနှင့် ရီဖူရှင်းအား ထောက်ထားညှာတာရန် အကြောင်းပြချက် မရှိပေ။ သူက ရီဖူရှင်းကို လမ်းစဉ်ပင်လယ်ထက်၌ ကျိန်းသေအဆုံးသတ်ပစ်ရမည် ဖြစ်သည်။

အက်ကြောင်းများက အလြန္တရာ ထိတ်လန့်ဖွယ် ကျယ်ပြန့်လာပြီး အရာအားလုံးကို ဝါးမျိုတော့မလိုပင် ဖြစ်သည်။ တော်ဝင်ရတနာခန်းဆောင် ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ ရီဖူရှင်းသည် တော်ဝင်ရတနာခန်းဆောင်အတွင်း၌ နောက်တစ်ကြိမ် ပုန်းကွယ်နေခဲ့ပြန်သည်။

ဘန်း…..

တော်ဝင်ရတနာခန်းဆောင်ထက်သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုက ကျရောက်လာသည်။ ထိုသည်က ဖျက်ဆီး၍မရနိုင်သော ဝိညာဉ်ရတနာတစ်ခု ဖြစ်နေလျှင်ပင် ပြင်းထန်လှသည့် တိုက်ခိုက်မှုကြောင့် အက်ကွဲလာတော့မလို ထင်မှတ်ရသည်။ တော်ဝင်ရတနာခန်းဆောင်သည် ယခုချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲထွက်တော့မတတ် အက်ကြောင်းများက ပို၍ များပြားလာသည်။

ရီဖူရှင်းက လဲကျတော့မယောင်ဖြစ်လာကာ ခပ်တိုးတိုး ညည်းညူလိုက်ပြီး ဝိညာဉ်ရတနာ၏ အတွင်းဘက်နံရံကို လက်နှင့် ထောက်လိုက်သည်။ သူက ရှန်ကောင်းကဲ့သို့ အဆင့်မြင့်မားလှသော တန်ခိုးရှင်မျိုး၏ တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ခြင်း မရှိပေ။ ဝိညာဉ်ရတနာ၏ အကူအညီနှင့်ပင် သူ၏ အသက်က သေမင်းခံတွင်းဝ ရောက်နေသကဲ့သို့ ဖြစ်နေရပေသည်။

ဘန်း

တော်ဝင်ရတနာခန်းဆောင်သည် လေဟာနယ်ကို ဖြတ်သန်းလာသည့် ထက်ရှသော ဓားသွားများကြောင့် အပိုင်းပိုင်းကွဲထွက်သွားလေသည်။ ထို့နောက် ဖျက်ဆီးနိုင်စွမ်းအပြည့်နှင့် တိုက်ခိုက်မှုက ရီဖူရှင်းထံ ဦးတည်သွားသည်။ ထိုတိုက်ခိုက်မှုက သူ့အား အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိလေသည်။

အဝေးမှ ကြည့်နေကြသည့်လူတိုင်းက အကြောက်တရားကြောင့် တုန်ယင်လာပြီး မျက်လုံးများပြူးကျယ်လာကြ၏။

ရီဖူရှင်းက ဤေနရာ၌ မြေမြုပ်သင်္ဂြိုဟ်ခံလိုက်ရတော့မည်လား။

ဤရှားပါးလှသော ပါရမီရှင်က နောက်ဆုံး အသတ်ခံလိုက်ရလျှင် အလွန်ပင် နှမြောစရာ ကောင်းပေလိမ့်မည်။

ပွဲကြည့်နေသူများက သူတို့၏ နှလုံးသားထဲတွင် နှမြောတသဖြစ်မှု ဝေဒနာကို ခံစားလိုက်ကြရသည်။

ဘန်း

ထိုရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုက ရီဖူရှင်းပေါ်သို့ ကျရောက်မလာခဲ့ဘဲ မိုးချုန်းသံကဲ့သို့သော ဆူညံသံထွက်ပေါ်လာသည်။ လူအုပ်ကြီးက ရှုပ်ထွေးသွားကြသည်။ သူတို့သည် တိုက္ပြဲကို အာရုံစိုက်နေကြပြီး ရီဖူရှင်း၏ ဘေးတွင် လူတစ်ယောက်ပေါ်လာသည်အား မြင်လိုက်ကြရ၏။ ထိုသူသည် တည်ငြိမ်၍ လွှမ်းမိုးနိုင်သော အကြည့်တို့ရှိပြီး အနက်ရောင်ဆံပင်တို့ ရှိသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။

သူ့အနီးတွင် အနက်ရောင်နတ်ဆိုးစွမ်းအားများ စီးဆင်းနေပြီး နတ်ဆိုးနံရံကို ဖန်တီးလိုက်သည်။ ထိုနံရံက တုန်လှုပ်သွားခြင်း အလျဉ်းမရှိဘဲ တိုက်ခိုက်မှုများကို စုပ်ယူခဲ့သည်။

ရီဖူရှင်းသည်လည်း မှင်တက်သွားခဲ့၏။ သူက သူ့ဘေးမှ လူကို လှည့််ကြည့်လိုက်လျှင် ထိုသူက ယခင် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လာရောက်ကာ ရီဖူရှင်းအား မေးခွန်းထုတ်ခဲ့သည့် နတ်ဆိုးလောက၏ နတ်ဆိုးစစ်သူကြီး မေ့ထန်ဖြစ်သည်ကို သတိပြုမိလိုက်သည်။

ရီဖူရှင်းက နောက်ဆုံးတစ်ခေါက်ကတည်းကပင် မေ့ထန်အား မတွေ့တော့ခြင်းဖြစ်သည်။ သူသည် ဤနတ်ဆိုးကျင့်ကြံသူက သူ၏ မွေးစားဖခင်နှင့် ယူချင်း၏ နောက်ခံကို သိရှိထားသည်ဟု ယူဆမိသည်။ သူက မေ့ထန် ဤေနရာ၌ ထွက်ပေါ်လာလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။

သို့သော်လည်း ရီဖူရှင်း သေချာမတွေးတောရသေးခင် မေ့ထန်က နတ်ဆိုးကျင့်စဉ်ကို အသုံးပြု၍ သူ၏ လက်နှင့် ရီဖူရှင်းအား ဆုပ်ကိုင်လိုက်သည်။ နက်မှောင်သော နတ်ဆိုးအလင်းများ လင်းလက်လာပြီး မေ့ထန်သည် လှည့်ထွက်ကာ ရီဖူရှင်းအား သယ်ဆောင်၍ လျင်မြန်စွာ ထွက်ခွာရန် လုပ်ဆောင်လိုက်သည်။

အလင်းကဲ့သို့အလျင်နှင့် ကောင်းကင်ကို ဖြတ်ကာ လမ်းစဉ်ပင်လယ်အား ချန်ထားရစ်ခဲ့သည်။ ကမ်းစပ်မှ စောင့်ကြည့်နေသော လူအမ်ားက အလင်းတန်းနောက်သို့ သူတို့၏ ခေါင်းများကို မော့ကာ ကြည့်နေကြသော်လည်း မည်သို့ ဖြစ်ပျက်သွားသည်ကို သတိမမူမိကြပေ။

“အမ်း”

ရီဖူရှင်းနှင့် မေ့ထန် ပျောက်ကွယ်သွားသည်နှင့် လူတစ်စုက ကမ်းခြေ၏အထက် လေထုအလယ်တွင် ထွက်ပေါ်လာသည်။ အံ့အားသင့်စရာကောင်းစွာပင် သူတို့သည် ယခင် တိုက်ပွဲမြေပြင်မှ နှုတ်ထွက်သွားသည့် နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့က အမှန်တကယ် ထွက်ခွာသွားခဲ့ခြင်း မရှိဘဲ အဆုံးသတ်၌ အကျိုးအမြတ် နှိုက်ထုတ်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။

သူတို့ကို ပို၍ အံ့အားသင့်စေသည်က ရီဖူရှင်းအား မေ့ထန် ခေါ်ဆောင်သွားခြင်းပင် ဖြစ်၏။

နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များသည် မျက်ခုံးများကို တင်းကျပ်စွာ စုကျုံ့လိုက်ကြသည်။ မေ့ထန်က မည်သည့်အရာကို လိုချင်နေသနည်း။

သူက ရီဖူရှင်းကို ဘာကြောင့် သူနှင့်အတူ ခေါ်ဆောင်သွားရသနည်း။

သူက ရီဖူရှင်း၏ ပါရမီကို သဘောတွေ့သွား၍ နတ်ဆိုးလောကတွင် ကျင့်ကြံရန် ခေါ်ဆောင်သွားလိုသည်လား။

“အဲဒီစွမ်းအင်ကရော ဘယ်သူ့ဟာလဲ။”

တစ်ယောက်က အသံခပ်တိုးတိုးနှင့် မေးလိုက်သည်။ သူက မေ့ထန်အပြင် အခြားသော စွမ်းအင်တစ်မျိုးကိုလည်း ခံစားမိပေသည်။ ကြည့်ရသည်မှာ မေ့ထန်က ဝင်မစွက်ဖက်လျှင်ပင် တခြားတစ်စုံတစ်ယောက်က ဝင်ပါရန် ခြေလှမ်းပြင်နေပုံရသည်။

ဆိုလိုသည်မှာ ပြင်ပဘုံမှ အခြားသော ထိပ်သီးအင်အားစုများမှ အချို့သော ပုဂ္ဂိုလ်များကလည်း ရီဖူရှင်း၏ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်လား။

အခြေအနေက တစ်ချိန်တည်း၌ ရှုပ်ထွေးမှုအပြင် စိတ်ဝင်စားမှုကိုပါ မြင့်တက်လာစေသည်။

ပို၍ များပြားသော လူမ်ားက ဤအရေးအခင်း၌ ပါဝင်ပတ်သတ်လာသည်။

ကောင်းကင်၌ နတ်ဆိုးစွမ်းအားများက လှုပ်ရှားနေပြီး အချိန်ခဏလေးအတွင်းတွင် အနက်ရောင်နတ်ဆိုးအလင်းတန်းက အလွန်ဝေးကွာသော အကွာအဝေးသို့  ရောက်ရှိသွားခဲ့သည်။ ရီဖူရှင်းသည် သူတို့က လမ်းစဉ်ပင်လယ်မှ ထွက်ခွာလာပြီး ပင်လယ်ကို ဝန်းရံထားသည့် မြေပြင်ကို ကျော်လွန်ကာ လေထဲ၌ ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။ သူတို့သည် အထက်ကောင်းကင်ဘုံ၏ အထက်မှ အကန့်အသတ်မဲ့ လေဟာနယ်ထဲ၌ ရောက်နေခဲ့သည်။

ငုံ့ကြည့်လျှင် သူသည် အထက်ကောင်းကင်ဘုံ တည်ရှိရာနေရာကို ကြီးမားသော ပန်းကန်ပြားတစ်ချပ်သဖွယ် မြင်နိုင်ပေသည်။

မေ့ထန် ဘာလုပ်ချင်နေတာလဲ။

မေ့ထန်က သူ့ကို ဘယ်နေရာ ခေါ်သွားချင်နေတာလဲ။

မေ့ထန်သည် ရီဖူရှင်း၏ မေးခွန်းများစွာဖြင့် ပဟေဠိဖြစ်နေသော အကြည့်တို့ကို မြင်လျှင် ရုတ်တရက် ရပ်တန့်လိုက်သည်။ မေ့ထန်က လေထုအလယ်တွင် ရပ်နေသည့်အခါ နတ်ဆိုးစွမ်းအင်သည် မေ့ထန်၏ ခန္ဓာကိုယ်အနီးတွင် လှည့်ပတ်နေပြီး သူ့ မှင်နက်ရောင်မျက်လုံးများက စူးစမ်းသလို ကြည့်လာခဲ့သည်။ သူက တိတ်ဆိတ်နေဆဲဖြစ်ပြီး နတ်အာရုံက အဆုံးမဲ့ လေဟာနယ်ကို ဖုံးလွှမ်းထားသည်။ မေ့ထန်ကြောင့် ဇဝေဇဝါဖြစ်နေသော ရီဖူရှင်းက မေးလိုက်သည်။ “ကျုပ်ရဲ့ အသက်ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ အခု ဘယ်နေရာကို ခေါ်သွားမလို့လဲဆိုတာ မေးလို့ရမလား။”

မေ့ထန်က ရီဖူရှင်းကို မတုံ့ပြန်ဘဲ တိတ်ဆိတ်စွာ ရပ်နေဆဲပင် ဖြစ်၏။

သူက အတန်ကြာထိ လေဟာနယ်အတွင်း ငေးကြည့်နေပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားက လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီဆိုမှတော့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မဖော်ပြရတာလဲ။”

သိသာစွာပင် နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များကဲ့သို့ မေ့ထန်သည်လည်း သူဝင်မစွက်ပါက တစ်စုံတစ်ယောက်က လှုပ်ရှားတော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

မဟုတ်လျှင် မေ့ထန်သည် သတင်းအချို့လိုချင်သည့်အတွက်ကြောင့် သူ့ပြိုင်ဘက်ကို ကြိုတင်ဟန့်တားခဲ့သည်။ ထို့ပြင် သူက ရီဖူရှင်းအား အရင်ဆုံး ခေါ်ဆောင်နိုင်ခဲ့လျှင် ပြိုင်ဘက်များက သူတို့က မျက်နှာကို ဖော်ပြလာမည်ဟု သူ့ဘက်က သေချာပေသည်။

အမှောင်ထဲတွင် ပုန်းနေသည့်သူများက မည်သူနည်း။

သူတို့က သူ့ဘက်မှ ဖြစ်နိုင်သလား။

ရီဖူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ တစ်စုံတစ်ယောက်က ဤနေရာ၌ ရှိနေသည်လား။

သူ၏ နတ်အာရုံဖြင့် သူက မည်သည့်အရာမှ မခံစားမိသလို မည်သည့်စွမ်းအင်အတက်အကျကိုမှလည်း မခံစားမိပါချေ။ ထပ်ပြောရလျှင် ထိုပုန်းကွယ်နေသော သူက မေ့ထန်ပင် လေးနက်စွာ ဆက်ဆံရလောက်အောင် အလွန် ခြိမ်းခြောက်နိုင်စွမ်းကြီးမားသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ပေသည်။

လူအများကြီးက ရီဖူရှင်းအား စောင့်ကြည့်နေကြသည်။

ထိုအချိန်၌ မေ့ထန်နှင့် ရီဖူရှင်း၏ ရှေ့၌ လေပွေတစ်ခု ဖြစ်ပေါ်လာသည်။ မျက်နှာဖုံးတပ်ထားသည့် လူတစ်ယောက်က လေပွေအတွင်းမှ လမ်းလျှောက်ထွက်လာသည်။  သူ၏ မျက်နှာဖုံးကို စွမ်းအင်အချို့က လွှမ်းခြုံထားပြီး မေ့ထန်၏ နတ်အာရုံကို တားဆီးထားသည်။ မျက်နှာဖုံးနောက်ကွယ်မှ နက်ရှိုင်းသည့် မျက်ဝန်းတစ်စုံက မေ့ထန်နှင့် ရီဖူရှင်းအား စိုက်ကြည့်နေသည်။

“ခင်ဗျားတစ်ယောက်ထဲလို့ ကျုပ် မထင်ဘူး။” မေ့ထန်က ထိုသူကို ပြောလိုက်သည်။ ချက်ချင်းပင် အခြားသောယောက်ျားနှစ်ယောက်က မတူညီသည့် အရပ်မျက်နှာများမှ ထွက်ပေါ်လာသည်။ သူတို့သည်လည်း မျက်နှာကို ထူးဆန်းသော မျက်နှာဖုံးများဖြင့် ဖုံးကွယ်ထားသည်။

ထိုတန်ခိုးရှင် သုံးယောက်ထံမှ ထွက်ပေါ်နေသည့် စွမ်းအားက လေထုကို ဖိနှိပ်ထားသည်။

ထိုအခိုက်တွင် မည်သူကမှ စကားမပြောကြသော်လည်း လေထုထဲမှ ပူပန်မှုများကို လူတိုင်း ခံစားမိပေသည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ။ မေ့ထန်က သူတို့အား ကြည့်ကာ မေးလိုက်သည်။ ထိုလူသုံးယောက်က မေ့ထန်နှင့် ကျင့်ကြံဆင့်ချင်းတူညီကြသည်။ ဤသည်က ကြုံရာကျပန်း ဖွဲ့စည်းထားသော သာမန်အုပ်စုတစ်ခု မဟုတ်ဘဲ ပြင်ပဘုံမှ ထိပ်သီးအင်အားစုများက စေလွှတ်လိုက်ခြင်းသာ ဖြစ်နိုင်ပေသည်။

မေ့ထန်သည် ထိုသူများက ကောင်းကင်ဒေသမှ လာသည်ဟု ခန့်မှန်းမိသည်။ မဟုတ်လျှင် သူတို့သည် ထိုသူနှင့် တစ်နည်းမဟုတ်တစ်နည်း အဆက်အသွယ်ရှိနိုင်သည်။

ဤသည်ကပင် မေ့ထန်က ရီဖူရှင်းအား ခေါ်ဆောင်လာရသည့် အ​ကြောင်းရင်းပင် ဖြစ်သည်။

ထို့​ကြောင့် သူသည် အထက်ကောင်းကင်ဘုံအတွင်း၌ မဟုတ်ဘဲ ပြင်ပလေဟာနယ်သို့ ရီဖူရှင်းအား ခေါ်ဆောင်လာခဲ့သည်။

ဤနေရာ၌ သူတို့သည် အာရုံစိုက်ခံရမှုကို ရှောင်ရှားနိုင်ပြီး လွယ်ကူစွာ စုံစမ်းမေးမြန်းနိုင်ပေသည်။

“နတ်ဆိုးလောကက မေ့ထန်ပဲ။”

ထိုသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူက မေ့ထန်အား ကြည့်ကာ ပြောလိုက်သည်။ ထိုသူက မေ့ထန် မည်သူဖြစ်သည်ကို ကောင်းကောင်း သိနေ၏။

မေ့ထန်က အံ့သြမသွားပေ။ သူက ထိုသူတို့အား ဆက်လက်၍ စိုက်ကြည့်နေခဲ့သည်။ ခြိမ်းခြောက်လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများက သူ့ခန္ဓာအနီးတွင် လှည့်ပတ်နေခဲ့သည်။ အစွမ်းထက်တန်ခိုးရှင် သုံးဦး၏ ဝန်းရံထားမှုကို ခံရသော်လည်း မေ့ထန်က ကြောက်ရွံ့ခြင်းမရှိပေ။

မေ့ထန်သည် နတ်ဆိုးလောက၏ နတ်ဆိုးစစ်သူကြီး ရှစ်ပါးမှ တစ်ပါး ဖြစ်လေသည်။

မဟာအင်ပါယာ၏ အမိန့်အောက်တွင် သူက မည်သူနှင့် ရင်ဆိုင်​နေရသည်ဖြစ်စေ သူ့အား အားနည်းသည်ဟူသော ထင်မြင်ချက်မျိုး ရှိသွားမည်ကို လက်မခံနိုင်ပေ။

“ခင်ဗျားကို ဝင်မစွက်ဖက်ဖို့ တစ်ယောက်ယောက်က ပြောလိုက်တယ်။” ထိုလူက ဆက်ပြောလိုက်သည်။ မေ့ထန်၏ မျက်လုံးများက အနည်းငယ် တုန်ယင်သွားသည်။ ထိုသူ၏ စကားများက မေ့ထန်၏ ယူဆချက်ကို မှန်ကန်ကြောင်း သက်သေပြနေသယောင်ပင်။

“တစ်ယောက်ယောက်လား။ ဘယ်သူလဲ။” မေ့ထန်က ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း မေးလိုက်သည်။

“သူ ဘယ်သူလဲဆိုတာ ခင်ဗျား သိပါတယ်။” ထိုသူက တည့်တိုးပင် ​ပြန်ဖြေလိုက်၏။ မေ့ထန်က ပင့်သက်ရှိုက်လိုက်မိသည်။ ထိုသူက အတည်ပြုပေးနေသည်လား။

ထိုသူက အမှန်တကယ် တည်ရှိနေသေးသည်။

ထို့ပြင် သူက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဤအခြေအနေအရဆိုလျှင် မေ့ထန်က မကူညီလျှင်ပင် ရီဖူရှင်းအတွက် အန္တရာယ်ရှိမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က ရီဖူရှင်းအား ကယ်တင်ပေလိမ့်မည်။

“သူ ဘယ်မှာလဲ။” မေ့ထန်က မေးလိုက်သည်။

သူတို့၏ စကားများကို ကြားသည့်အခါ ရီဖူရှင်း၏ နှလုံးသားက လျင်မြန်စွာ ခုန်လှုပ်လာသည်။

မေ့ထန်နှင့် ထိုထူးခြားဆန်းကြယ်သော သူတို့က သူ၏ မွေးစားအဖေအကြောင်း ပြောနေသည်လား။

မွေးစားအဖေရဲ့ သရုပ်မှန်က ဘာလဲ။ ဒီလူတွေကရော ဘယ်သူတွေလဲ။

မေ့ထန်နဲ့ သူ့မွေးစားအဖေကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ရှိနေတာလဲ။

ပြီးတော့ ရီဖူရှင်း ဆိုတဲ့ သူကရော ဘယ်သူလဲ။

ရီဖူရှင်းသည် သူ၏ မွေးစားဖခင် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သူ၏ သရုပ်မှန်ကို ဖုံးကွယ်ရန်ဟု ခံစားရပေသည်။ အကယ်၍ ဤတန်ခိုးရှင် သုံးယောက်သာ သူ၏ မွေးစားဖခင်အတွက် အလုပ်လုပ်ပေးနေသည်ဆိုပါက ကျိုးကြောင်းဆီလျော်ပေသည်။ သူတို့၏ သရုပ်ကို ဖုံးကွယ်ဖို့ရာ မျက်နှာဖုံးများ ဝတ်ဆင်ခြင်းက သူ့မွေးစားဖခင်၏ စရိုက်နှင့် ကိုက်ညီသည်။ မည်သူကမှ သူ့မွေးစားဖခင်၏ တည်ရှိမှုကို မသိကြပေ။

သို့သော်လည်း မေ့ထန်သည် ယူချင်းထံမှ တစ်ခုခုကို ခံစားမိလိုက်သည်။ ထို့ပြင် ယခုအခါတွင် ဘုံကိုးဘုံက ရှုပ်ထွေးနေသည်။ ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များ၏ ကျူးကျော်ဝင်ရောက်မှုက ဘုံကိုးဘုံကို ပွက်လောရိုက်သွားစေသည်။

ရီဖူရှင်း၏ မွေးစားဖခင်သည်လည်း ဤအရေးတွင် ပါဝင်ပတ်သတ်နေသည်လား။

ဤလျှို့ဝှက်ဆန်းကြယ်သော လူသုံးယောက်က ရီဖူရှင်းကို ကာကွယ်ရန် ရောက်လာခြင်းပေလား။

“သူက အချိန်ကျလာရင် သူ ထွက်လာမယ်လို့ ပြောတယ်။” ထိုသူက ပြောလိုက်သည်။ မေ့ထန်က ခြိမ်းခြောက်သည့် အမူအရာတို့ ပါဝင်နေသည့် ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ထိုတန်ခိုးရှင်သုံးယောက်က သိပ်သည်းလွန်းသော စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး လေထုကို ဖိအားများဖြင့် မွန်းကြပ်လာစေသည်။

မုန်တိုင်းအလယ်၌ ရောက်နေသော ရီဖူရှင်းက ဆိုးဆိုးဝါးဝါး ခံစားလိုက်ရသည်။ သူသည် ကျင့်ကြံဆင့်အနိမ့်မှလူတစ်ဦး ဖြစ်ကာ ထိုသို့သော ဖိအားမျိုးကို ခံနိုင်ရည် ရှိသည်ဆိုရုံမျှသာ ရှိ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset