Switch Mode

အပိုင်း (၁၇၈၃)

ကစားပွဲ

ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူသည် ဤနေရာသို့ တစ်ယောက်တည်း လာရောက်ခြင်း ဖြစ်သောကြောင့် အခြေအနေကို မပြောင်းလဲနိုင်ပေ။ ထို့အပြင် သူသည် အရှင်ထိုက်ရွှမ်နည်းတူ အစွမ်းထက်သည့် တစ်စုံတစ်ယောက်ကို ဝေဝါးဝါး အာရုံခံမိနေ၏။ ထိုဆန်းကျယ်သောလူကို အတိအကျ ခြေရာခံနိုင်ဖို့ အရည်အချင်း မလုံလောက်ချေ။

ဆိုလိုသည်က ရွှေရောင်နတ်ပြည်ထောင်သည် ရှီလင်နတ်မြို့သို့ စစ်ကူများ ထပ်ပို့လျှင်ပင် အခြေအနေကို ပြောင်းလဲစေမည် မဟုတ်ပေ။

ရီဖူရှင်းတို့ အဖွဲ့က လူတစ်စုကို ဦးဆောင်ပြီး ဤနေရာသို့ ရောက်လာသည်မှာ ရှီလင်နတ်မြို့တော်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် ရည်ရွယ်ထားပြီး နောက်ပိုင်းပြဿနာများ ဖြေရှင်းရန်အတွက် မည်သူ့ကိုမျှ ချန်ထားမည် မဟုတ်ပေ။ ရွှေရောင်နတ်ပြည်ထောင်က လီနတ်ဓားမိသားစုကို လုပ်ခဲ့သည်နှင့် မခြားပေ။

ထို့အပြင် ရီဖူရှင်းနှင့် အရှင်ထိုက်ရွှမ်က ရှီလင်နတ်မြို့တော်ကို တိုက်ခိုက်ရန်အတွက် တရားနည်းလမ်းကျသော ဆင်ခြေဖြင့် ရောက်လာခြင်း ဖြစ်သည်။

ဘန်း..

လျှိုမိစ္ဆာအိုကြီးက ရုတ်တရက် လှည့်ပတ်ပြီး ထွက်ပြေးသွားသည်။ ပြေးထွက်လာသည့် နတ်ဆိုးချီများစွာက လှိုင်းထလာပြီး သူ၏ ခန္ဓာကိုယ်တစ်ဝိုက် လွှမ်းခြုံလာတော့၏။

လျှိုမိစ္ဆာအိုကြီးသည် သူ့မျိုးဆက်များနှင့် ရှီလင်နတ်မြို့တော်တွင် နေထိုင်သူများအတွက် ပူပန်ခြင်းမရှိဘဲ တန်းထွက်ပြေးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။

ရန်သူသည် ရှီလင်နတ်မြို့တော်ဆီသို့ အပြည့်အဝ ပြင်ဆင်ပြီးမှ ရောက်လာခြင်း ဖြစ်ကြောင်း လျှိုမိစ္ဆာအိုကြီးလည်း သဘောပေါက်ထားသည်။ ရန်သူက အကောင်းဆုံး ကျင့်ကြံသူအချို့နှင့် ရှီလင်နတ်မြို့တော်ထက် သာသည့်သူများခေါ်လာမည် ဖြစ်သည်။

သူသာ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့လျှင် လက်စားချေရန် အခွင့်အရေး ရှိအုံးမည် ဖြစ်သောကြောင့် သူက ပြတ်သားစွာပင် နာကျင်ဖွယ် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သူ့နောက်တွင် ကျန်ရစ်သည့်သူများကမူ ကံကြမ္မာကိုသာ အပြစ်တင်ရပေတော့မည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ရှီလင်နတ်မြို့တော်ဆီသို့ ဦးစွာ တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားချေ။

“လျှိုမိစ္ဆာအိုကြီး မင်း ဘယ်သွားနေတာလဲ” အရှင်ထိုက်ရွှမ်က ပြော၏။ သူ၏ အသံက အကန့်အသတ်မဲ့ လေဟာနယ်တစ်ဝိုက်တွင် ပဲ့တင်သံ ထွက်နေ၏။ ရုတ်တရက် နေမင်းကြီးကိုပင် ပိတ်ဆို့နိုင်သော ကန့်လန့်ဖြတ်သဏ္ဌာန်ဖွဲ့တည်လာ၏။ ထိုစဉ် လေဟာနယ် လောကတစ်ခုလုံးက အကြွင်းမဲ့လေဟာနယ်တစ်ခု အဖြစ် ပြောင်းလဲသွားသည်ဟု လူတိုင်း ခံစားလိုက်မိသည်။ ရှီလင်နတ်မြို့တော်ထဲရှိ ကျင့်ကြံသူများအားလုံးက ခေါင်းမော့လိုက်ရာ မဟာလမ်းစဉ်၏ မလွတ်မြောက်နိုင်သော အမျှင်များကို တွေ့လိုက်ရသည်။ အမျှင်တိုင်းက ဓားတစ်လက်နှယ် ချွန်ထက်နေ၏။

“ပကတိသန့်စင်ခြင်း”

ရီဖူရှင်းက သူတို့၏ ပတ်ဝန်းကျင်ကို ဖျတ်ခနဲ ကြည့်လိုက်ရာ ယင်းက အရှင်ထိုက်ရွှမ်၏ မဟာသန့်စင် လေဟာနယ် ဖြစ်လာပုံရသည်။ ရီဖူရှင်းက ပကတိကန့်သတ်ခြင်းကို အသက်သွင်းလိုက်၏။ အမျှင်သန်းချီက တုန်လှုပ်လာပြီးနောက် ဓားဆန္ဒက ပေါ်ထွက်လာကာ ယင်းသည် နတ်ဆိုးချီ၏ ငှက်တောင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းသဖွယ် ထိုးနှက်နေ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သူသည်လည်း ထွက်ပြေးရန် ကြိုးစားနေသော မိစ္ဆာစွမ်းအင်အငွေ့အသက်နောက်သို့ လိုက်ပါသွား၏။

ယခင်က ရီဖူရှင်းသည် သူ့ကို သိပ်အလေးမထားခဲ့။ ယခု ပြဿနာဆက်တိုက်ရှာနေသည့် မိစ္ဆာအိုကြီးအား အဆုံးသတ်ပစ်ရပေတော့မည်။

ပြင်းထန်သောဖိအားကြောင့် ရှီလင်နတ်မြို့မှတန်ခိုးရှင်များသည် ကြောက်လန့်ခြင်းကြီးစွာဖြင့် တုန်ယင်နေကြ၏။ ကောင်းကင်အာဏာစက် ကျောင်းတော်မှ ကျင့်ကြံသူများအားလုံးသည် ရှီလင်နတ်မြို့တော်ကို သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် ကြည့်နေကြ၏။

“သွား..”

ရီဖူရှင်းက ပြောသည်။ ကျောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက သက်ဆင်းလာပြီး ရီဖူရှင်း၏ အမိန့်အတိုင်း လိုက်နာကြသည်။ မဟာလမ်းစဉ်၏ ကြီးမားသောဖိအားက နတ်မြို့တော်ကို လွှမ်းခြုံသွားသည်။ ကောင်းကင်အာဏာစက် ကျောင်းတော်သည် အတိတ်က ရှီလင်နတ်မြို့တော်ကို အခွင့်အရေးပေါင်းများစွာ ပေးခဲ့၏။ ရှီလင်နတ်မြို့တော်က အကျင့်ပျက်စွာ ပြုမူခဲ့သည့်တိုင် သူတို့က ရှေးယခင်က အမှားများကို ထည့်တွက်ခဲ့ခြင်း မရှိပေ။ မည်သို့ပင် ဆိုစေကာမူ ရှီလင်နတ်မြို့တော်က ဘက်တစ်ဖက်ကို ရွေးချယ်ရန် စိတ်စောနေခဲ့ပြီး ဖရိုဖရဲ ဖြစ်မှုကို အခွင့်ကောင်းယူရန်အတွက် အချည်းနှီး ကြိုးပမ်းအားထုတ်မှုကို ပြုခဲ့ပြီး သူတို့က ရွှေရောင်နတ်ပြည်ထောင်နှင့် ဆက်သွယ်ခဲ့ပြီး နတ်နန်းတော်ကို အုပ်စုဖွဲ့ တိုက်ခိုက်ရန်အတွက် ပြင်ပဘုံမှ အင်အားစုများနှင့် ဆက်သွယ်ခဲ့သည်။

အခြေအနေက သည်အထိဖြစ်လာမှတော့ ကောင်းကင်အာဏာစက်ကျောင်းတော်က ရှီလင်နတ်မြို့အား ဖျက်ဆီးပစ်ရပေတော့မည်။

“ပြန်ဆုတ်ကြ..”

ရှီလင်နတ်မြို့တော်၏ ကျင့်ကြံသူများထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။ သူတို့၏ ဤအခြေအနေတွင် ဘာလုပ်နိုင်မည်နည်း။ ဤတိုက်ပွဲကို သူတို့ မနိုင်နိုင်။ လျှိုမိစ္ဆာအိုကြီးကိုယ်တိုင်ပင် ထွက်ပြေးသွားခဲ့သည်။ နောက်ဆုတ်ခြင်းက သူတို့တွင် ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်၏။

သူတို့ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် အမြဲတမ်း ရှိနေမည် ဖြစ်သည်။

“နောက်ဆုတ်တာလား..”

ကောင်းကင်အာဏာစက် ကျောင်းတော်မှ ကျင့်ကြံသူများက လှောင်ရယ်လိုက်ကြ၏။ သည်လူများက မည်သို့ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။

ဟူး…

ကြောက်မက်ဖွယ်ကောင်းသည့် ပူပြင်းသော မီးမုန်တိုင်းတစ်ခု ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သည့် နေမင်းနတ်ဓားများက ကောင်းကင်ထက်မှ ကျဆင်းလာ၏။ နတ်မီးက လေဟာနယ်ကို လောင်ကျွမ်းသွား၏။ မီးရှို့ဖျက်ဆီးခံရသည့် လူတိုင်းက ဓားများဖြင့် ထိုးဖောက်ခံလိုက်ရသည်။

နတ်ဆင်အင်ပါယာက ဧရာမနတ်ဆင်တစ်ခု အသွင်ပြောင်းပြီး ရှီလင်နတ်မြို့တော်ထဲရှိ ရှေးဆန်ပြီးခမ်းနားသော နန်းတော်များကို တက်နင်းခဲ့၏။ မဟာနတ်ဆင်၏ ဖိအားကြောင့် လေထုထဲ မိုးခြိမ်းသံများ ဆူညံနေသည်။ လူတိုင်းက သူတို့၏ စွမ်းအားများ ယုတ်လျော့သွားပြီး လှုပ်ရှားမှုများ နှေးကွေးလာသည်ကို ခံစားမိကြသည်။

ကောင်းကင်အာဏာစက်ကျောင်းတော် ဘက်ခြမ်းရှိ လူများသည် စွမ်းအားကြီးတန်ခိုးရှင်များဖြစ်ကြပြီး ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အဆင့်အတန်းမြင့်မားသူများဖြစ်ကြသည်။ သူတို့က လျှိုမိစ္ဆာအိုကြီးအတွက် ပြိုင်ဘက် မဟုတ်သော်ငြား သူတို့သည် ရှီလင်နတ်မြို့တော်ထဲရှိ တခြားလူများကို အနိုင်ယူရန် မခက်ခဲပေ။

သူတို့၏ ပန်းတိုင်က လျှိုမိစ္ဆာအိုကြီးနှင့် ရှီလင်နတ်မြို့တော်ထဲရှိ ထိပ်တန်းအဆင့် ရန်ဟောင်များကို သတ်ပစ်ရန် ဖြစ်သည်။ ဤအရာက မသေချာမရေရာသည့် တိုက်ပွဲတစ်ပွဲ ဖြစ်သည်။ ရှီလင်နတ်မြို့တော်ထဲရှိ ရှေးအဆောက်အဦများက တစ်ခုပြီးတစ်ခု ပျက်စီးပြိုလဲသွားတော့သည်။ မရေမတွက်နိုင်သည့် လူများစွာက အပျက်အစီပုံများကြားမှ ထွက်ပြေးနေပြီး ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေကြသည်။ မည်သို့ပင် ဆိုစေကာမူ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ရန်ဟောင်အဆင့်သို့ မရောက်သေးသည့် လူများနောက် မလိုက်ကြပေ။

မလှမ်းမကမ်းမှ တိုက်ပွဲကို ကြည့်နေသည့် ကျန်သူများက ကိုယ်စီအတွေးများရှိနေကြသည်။ ရှီလင်နတ်မြို့ကား အဆုံးသတ်လေပြီ။ယနေ့တွင် လီနတ်ဓားမိသားစု လမ်းစဉ်အတိုင်း နောက်ထပ် ထိပ်တန်းအင်အားစုတစ်ခု သုတ်သင်ရှင်းလင်းခံခဲ့ရ၏။

ရွှေရောင်နတ်ပြည်ထောင်မှလူက ရီဖူရှင်းကို ဖျတ်ခနဲ ကြည့်လိုက်၏။ သူ၏ ရွှေအိုရောင်မျက်ဝန်းထဲတွင် ကြောက်လန့်မှု တစ်စွန်းတစ ပေါ်လာ၏။ ဟုတ်သည်။ ယင်းက ကြောက်လန့်မှု ဖြစ်သည်။ ရီဖူရှင်းက ရန်ဟောင်အဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် သန်မာသည့် မဟာမိတ်တစ်ခု ဖွဲ့တည်နိုင်ခဲ့သည်။ ပြီးနောက် သူသည် ရှန်ကလန်တွင် လာရောက်ဖိအားပေးပြီး သူလိုချင်သည့်လူများကို ထုတ်ပေးခိုင်းခဲ့၏။ အဆင့်နိမ့်ရန်ဟောင်အနေဖြင့် သူက ကြောက်မက်ဖွယ်ကောင်းလောက်သည့် ပါရမီနှင့် သတ္တိကို ပြသခဲ့သည်။ ယခုအခေါက် ရှီလင်နတ်မြို့တော်အပေါ် သူ၏ တိုက်ခိုက်မှုအရ ယင်းက သူသည် နတ်နန်းတော်ထဲရှိ အဘိုးကြီးများနှင့် ကွဲပြားကြောင်း သိသာနေသေးသည်။ သူသည် စိတ်နှလုံးနူးညံ့သော်ငြား မိန်းမငယ်လေးတစ်ယောက်အတွက် စစ်တိုက်ရန် ဆန္ဒရှိသူ ဖြစ်သည်။ ဆန့်ကျင်ဘက် အနေဖြင့် သူသည် ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ဆီ မလှုပ်ရှားလာခင် ရှီလင်နတ်မြို့တော်ကို သုတ်သင်ရှင်းလင်းပစ်ရန် တွေဝေမနေဘဲ ရက်စက်ကြမ်းကြုတ်သူ ဖြစ်၏။ ရီဖူရှင်းက ယခုအချိန်တွင် သူ့ခွန်အားသာ ကန့်သတ်မခံထားရလျှင် ဘုံကိုးဘုံလုံးကို ပြောင်းပြန်လှန်နိုင်ပေ၏။ ရွှေရောင်နတ်ပြည်ထောင်က ရီဖူရှင်း၏ ပစ်မှတ်များထဲမှ တစ်ခု ဖြစ်လာမှာ သေချာသည်။

ထိုကဲ့သို့သော လူမျိုးက နောင်တွင် ရွှေရောင်နတ်ပြည်ထောင်အဖို့ မယုံနိုင်စရာကောင်းသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပေမည်။ ကိုက်ချန်က သူတို့သည် ရီဖူရှင်းနှင့် မိတ်ဆွေ မဖွဲ့နိုင်သောကြောင့် သူ့ကို မြန်မြန်ဖြေရှင်းသင့်ကြောင်း ပြောခဲ့သည်မှာ အံ့သြစရာ မရှိပေ။

မည်သို့ပင် ဆိုစေကာမူ ရီဖူရှင်းက ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူ လှည့်ထွက်သွားသည့် အချိန်တွင် သူ့အကြည့်က စစ်မြေပြင်ပေါ်သို့ ကျရောက်လာ၏။

ရှီလင်နတ်မြို့တော်က ရီဖူရှင်းကို အတိတ်တုန်းက အကြိမ်ပေါင်းများစွာ ရန်စခဲ့ဖူးပြီး သူက ထိုအငြိုးအတေးများကို ဘေးချိတ်ထားခဲ့သည်။ ထိုသို့တိုင် သူ အခွင့်အရေး ရသည့်အခိုက်တွင် ရှီလင်နတ်မြို့တော်ကို အပြည့်အဝ ဖျက်ဆီးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူက ရီဖူရှင်းသည် တစ်နေ့ အခွင့်အရေး ရလာပါက ရွှေရောင်နတ်ပြည်ထောင်ကို တူညီစွာ လာရောက်တိုက်ခိုက်မည်ဟု သေချာပေါက် တွက်ဆမိသည်။

ဘန်း..

နဂါးဘုရင်က ရှီလင်နတ်မြို့တော်ရှိ အကြီးအကဲ ကျင့်ကြံသူကို လက်သီးဖြင့် ထိုးချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် နဂါးနတ်ဘုရားစွမ်းအားက ပေါ်ထွက်လာပြီး အကြီးအကဲ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား အက်ကွဲသွားကာ လွှင့်ထွက်သွားတော့၏။ စစ်မြေပြင်ပေါ်တွင် ဆင်တူသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ လူနှစ်ယောက်က ကောင်းကင်ထဲတွင် ပေါ်လာသည်။ သူတို့က ခပ်မြန်မြန်ပျံသန်းသွားလေ ပုံရိပ်များကို မြေပြင်မှ ဝေဝါးဝါးမြင်နိုင်သေးသည်။ လူများစွာက သူတို့ကို ခေါင်းမော့ကြည့်လိုက်၏။ သွေးများလွှမ်းနေသည့် လျှိုမိစ္ဆာအိုကြီးက သနားစဖွယ် အခြေအနေတွင် ရှိနေသည်။ သေမင်း၏ ဂီတသင်္ကေတများက လျှိုမိစ္ဆာအိုကြီးကို အားယုတ်စေသည်။ သူ၏ အဝတ်အစားက သွေးများဖြင့် စွန်းထင်းနေပြီး တစ်ချိန်က စွမ်းအားကြီးသော ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ ကြိုးမျှင်များဖြင့် တုတ်နှောင်ခံထားရသည်။

“မတရားတဲ့ အပြုအမူတွေကို လုပ်ဆောင်ခဲ့တဲ့သူက ပျက်စီးခြင်းနဲ့ ကြုံတွေ့ရမယ်။ ဒီနေ့ မင်းကို သေတွင်းပို့ပေးမယ်” အရှင်ထိုက်ရွှမ်က ပြော၏။ သူ့လက်ကို ဆွဲထုတ်ပြီးနောက် လျှိုမိစ္ဆာအိုကြီး အရပ်မျက်နှာဘက်ဆီ ညွှန်ပြလိုက်၏။

လူများစွာက ကြည့်နေစဉ် ကောင်းကင်ထဲရှိ အရာအားလုံးက လွှင့်ပြယ်သွားပြီး မီးခိုးသဖွယ် အရှင်ထိုက်ရွှမ်၏ လှုပ်ရှားမှုများနောက် လိုက်ပါသွားသည်။ မဟာလမ်းစဉ်က ဖြတ်တောက်ခံလိုက်ရပြီး အရာအားလုံး ပျက်စီးသွားတော့သည်။

လေဟာနယ်သည်ပင် စွမ်းအင်ကြောင့် ရှုံ့တွကုန်သည်။ လျှိုမိစ္ဆာအိုကြီးက ဒေါသတကြီး တစ်ချက် ဟိန်းလိုက်သည်။ အရှုံးမပေးလိုပေ။ သို့သော် သူ၏ ခန္ဓာကိုယ်က ရှုံ့တွလာပြီး သူသည် လေထုထဲ ဖြည်းဖြည်းချင်း ပျော်ဝင်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေသည့် လူများစွာက ပင့်သက်ရှိုက်မိသွားကြသည်။ လျှိုမိစ္ဆာအိုကြီးသည် အထက်ကောင်းကင်ဘုံတွင် နှစ်ပေါင်းများစွာ အတော်လေး ကျော်ကြားခဲ့သူဖြစ်သည်။ သူအခုပဲ အသတ်ခံလိုက်ရတာလား။

သူတို့ကြည့်နေစဉ် လျှိုမိစ္ဆာအိုကြီး၏ ခန္ဓာကိုယ်က တတိတိ ပဲ့ကြွေလာပြီး တကိုယ်လုံး ပျော်ဝင်သွားပုံရ၏။ သိပ်မကြာခင်၌ လျှိုမိစ္ဆာအိုကြီးက လေဟာနယ်အောက်တွင် မြှုပ်နှံခံလိုက်ရသည်။

ရှီလင်နတ်မြို့တော်ထဲရှိ ကျင့်ကြံသူများက စိတ်ပျက်အားလျော့ပြီး ဝမ်းနည်းမှုတို့ တိုးလာသည်။ ဤသို့ ဆိုးဝါးသည့် ကံကြမ္မာက သူတို့ဆီ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။ ရှီလင်နတ်မြို့တော်က အထက်ကောင်းကင်ဘုံတွင် ကြာရှည်စွာ တည်ရှိနိုင်ခဲ့သည့် ထိပ်တန်းအင်အားစု တစ်စု ဖြစ်သည်။ အဘယ်ကြောင့် ဤပုံဖြင့် အဆုံးသတ်သွားနိုင်ရသနည်း။

ယင်းက တိုက်ပွဲတစ်ပွဲသာ ကြာခဲ့သည်။ ယခုအချိန်မှစကာ ရှီလင်နတ်မြို့တော်က သမိုင်းတစ်ခုသာ ဖြစ်သွားမှာပင်။

တိုက်ပွဲက ဆက်ဖြစ်နေသည်။ သိပ်မကြာလိုက်ပေ။ ခဏအကြာတွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက မြေပြင်ပေါ်တွင် အပျက်အစီးများကို အကြမ်းဖျင်း ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။ ခပ်ဝေးဝေးမှ ကြည့်နေသည့် ဖြတ်သန်းသွားလာသူများက ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူတစ်စု ထွက်သွားပြီးနောက် ရှီလင်နတ်မြို့တော်ဆီသို့ ပျံသန်းလာကြသည်။ သူတို့သည် ကျန်ရှိသည့် မြေပေါ်တွင် ရပ်နေပြီး လူသူကင်းမဲ့မှု လက်လွှတ်ဆုံးရှုံးမှုတို့ကို ခံစားလိုက်ရသည်။

ထိပ်တန်းအင်အားစုတစ်စုသည်ပင် အချိန်မရွေး ဖျက်ဆီးခံရသည်။

ကျင့်ကြံခြင်းရဲ့ရည်ရွယ်ချက်က ဘာလဲ။ သူတို့ တည်ရှိမှုကရော ဘာလဲ။

လူများစွာက ထိပ်တန်းအင်အားစုတစ်စု နောက်ဆုံး ရှုံးနိမ့်သွားတာကို မြင်ပြီးနောက် သူတို့အနာဂတ်နှင့် ပတ်သတ်ပြီး အဆိုးမြင်လာကာ သံသယဝင်လာတော့သည်။ ရှီလင်နတ်မြို့တော်က အကောင်းဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။ သာမန်ကျင်ကြံသူများက သူတို့အဆင့်ကို မည်သည့်အချိန်မှ ရောက်နိုင်မည်နည်း။ ထိုမျှ အကွာအဝေးကို ဘယ်တော့မှ မရောက်နိုင်တော့သည်လည်း ဖြစ်နိုင်သည်။

ထိုသို့တိုင် သူတို့သည် တစ်ချိန်ချိန်ကျ ရှီလင်နတ်မြို့တော်ကဲ့သို့ သန်မာလာခဲ့လျှင်တောင် သူတို့သည် တစ်ထပ်တည်း သုတ်သင်ရှင်းလင်း ခံရနိုင်သေးသည်။ သူတို့က အမြင့်ဆုံးအဆင့်သို့ မရောက်နိုင်ခဲ့လျှင်..

စိတ်ခံစားလွယ်နေသည့် သူများအပြင် အပျက်အစီးများထဲတွင် ရတနာများ စတင်ရှာဖွေသည့် လူအချို့လည်း ရှိသည်။ သူတို့မြင်သည်က အခွင့်အရေးမျှသာ ဖြစ်သည်။

ဆူပုံအုံကြွသည့်ခေတ်သည် မဟာသူရဲကောင်းများကို ရှေ့သို့ ပို့ပေး၏။ အသွင်ပြောင်းလဲသွားသော လောကကြီးထဲတွင် နာမည်ကျော်ပုဂ္ဂိုလ်များ ပေါ်ထွက်လာတတ်စမြဲ။

လူတချို့က တိုးတက်လာပြီး လူတချို့က ကျဆုံးကြသည်။

ရှီလင်နတ်မြို့တော်ထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် သတင်းက အထက်ကောင်းကင်ဘုံအနှံ့ ပျံ့နှံ့သွားပြီး အင်အားစုတိုင်းကို ထိတ်လန့်သွားစေသည်။ ရွှေရောင်နတ်ပြည်ထောင်က သတင်းကို ပထမဆုံး ရခြင်းဖြစ်သည်။ ကောင်းကင်အာဏာစက် ကျောင်းတော်သည် ရွှေရောင်နတ်ပြည်ထောင်နှင့် ရင်ဆိုင်ရန်အတွက် ရှီလင်နတ်မြို့တော်ကို ဖျက်ဆီးခဲ့မှန်း သူတို့ နားလည်သည်။ ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်နှင့် အဆင်ပြေသည့် လီနတ်ဓားမိသားစုကို သတ်ဖြတ်ခဲ့ခြင်းနှင့် ဆင်တူ၏။

ရှီလင်နတ်မြို့တော် ပျက်စီးခြင်းက ကောင်းကင်အာဏာစက် ကျောင်းတော်သည် အထက်ကောင်းကင်ဘုံထဲရှိ တိုက်ပွဲများကြားထဲ တရားဝင် ဝင်ပါလာကြောင်း ညွှန်ပြလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့က နတ်နန်းတော်နှင့် လက်တွဲထားပြီ ဖြစ်၏။ အဆုံးသတ်တိုက်ပွဲတွင် မည်သူတို့က အသက်ရှင်ကျန်ရစ်မည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset