အပိုင်း (၁၇၈၀)

နတ်နန်းတော်၏အကြပ်အတည်းကာလ

ကိုက်ထန်သည် ရောက်ရှိလာသောကျင့်ကြံသူများကိုဝေ့ကြည့်လိုက်သည်။သူက ပြုံးလျှက် ပြောလိုက်သည်။ ”ဒီနေ့ ရွှေရောင်နတ်ပြည်ထောင်က ဒီနေရာမှာ မင်းတို့အားလုံးဖိတ်ခေါ်လိုက်ခြင်းက အထက်ဘုံရဲ့ ကံကြမ္မာကိုဆွေးနွေးဖို့အတွက်ပဲ။ လောလောဆယ်ဘုံကိုးဘုံက ရှုပ်ထွေးနေပြီးတော့ နေရာတိုင်းကမောက်ကမဖြစ်နေတယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ က‌သောင်းကနင်းဖြစ်တဲ့ခေတ်ကိုပြန်ရောက်လာသလိုပဲ။ ဘုံကိုးဘုံရဲ့ အခြေအနေတွေက ပြောင်းလဲလာတော့မယ်။ ဒါကြောင့် အထက်ကောင်းကင်ဘုံမှာရှိတဲ့များစွာသောအင်အားစုတွေရဲ့အနာဂတ်အတွက် အတူတကွဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ရတာပဲ။”

ကိုက်ထန်ပြောကြားသည်ကိုနားထောင်ပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြသည်။ မည်သူမျှစကားစပြောလာခြင်းမရှိပေ။ သူတို့၏ဆွေးနွေးခြင်းဆိုသည်မှာ တကယ်တော့ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုမျှသာဖြစ်သည်။

သို့ပေမယ့် ကိုက်ထန်ပြောသည့်အကြောင်းအရာတွင် မှန်ကန်သောအချက်တစ်ချက်ရှိသည်။ ယခုအခြေအနေတွင် ဘုံကိုးခုရှိအင်အားစုများကိုအပြောင်းအလဲလုပ်လိမ့်မည်။ လာမည့်ရက်များတွင် သမိုင်း၏စာမျက်နှာမှာ မည်သူတွေကျန်ရှိပြီးမည်သူတွေအဆုံးသတ်သွားမည်ကို တစ်ယောက်မျှမသိရှိကြပေ။

ထိုကဲ့သို့သောအခြေအနေတွင် သူတို့သည် ရွှေရောင်နတ်ပြည်ထောင်၏ဖိတ်ကြားချက်ကို မငြင်းဆန်နိုင်ပေ။

ဤမငြိမ်မသက်သောအခြေအနေတွင် အင်အားစုများသည် ရွှေရောင်နတ်ပြည်ထောင်ကို ပေါ့ပေါ့တန်တန်သဘောထားပြီး စော်ကားဝံ့မည်မဟုတ်ပေ။

ထို့အပြင် ကိုက်ချိန်သည် အရှင်ဒွန်ဟောင်၏အောက်တွင် တိုက်ရိုက်တာဝန်ထမ်းဆောင်နေသောကျင့်ကြံသူတစ်ဦးဖြစ်သည်။

“ငါ့အစ်ကိုရဲ့အဆိုအရ သူဒီနေရာကို လာတဲ့ရည်ရွယ်ချက်က အရှင်ဒွန်ဟောင်အနေနဲ့လေဟာနယ်ဘုံကို မှော်နက်တပ်ဖွဲ့တွေက ထိုးဖောက်ဝင်ရောက်မှာကို မမြင်ချင်တဲ့အတွက်ကြောင့်ပဲ။ ဒါကြောင့် ငါတို့ အားလုံး အတူတကွလုပ်ဆောင်ဖို့လိုအပ်ပြီး အထက်ကောင်းကင်ဘုံကို အင်အားတောင့်တင်းအောင်လုပ်ရမယ်။ မဟာအင်ပါယာအနေနဲ့ အနာဂတ်မှာ အခြားညွှန်ကြားချက်တွေရှိလာမယ်ဆိုရင် အသုံးပြုဖို့အတွက် ငါတို့ရဲ့စွမ်းအားတွေကိုလည်း ဖြန့်ဝေနိုင်လိမ့်မယ်” ကိုက်ထန်ကပြောလိုက်သည်။ သူသည် ကိုက်ချိန်နှင့် မဟာအင်ပါယာကြားက ဆက်သွယ်မှုကို ထုတ်ပြနေခြင်းဖြစ်သည်။ ထိုသည်က ပရိတ်သတ်ကို သတိပေးပြီး ခြိမ်းခြောက်နေသည်နှင့် မခြားပေ။

“ပြည်ထောင်အရှင်အနေနဲ့ရော ဘာအကြံပြုချက်ရှိပါသလဲ” လျှိုမိစ္ဆာအိုကြီးက ချက်ချင်း မေးလိုက်သည်။ရှီလင်နတ်မြို့တော်သည် ထိုနေ့မှာပင် ထိုက်ရွမ်တောင်ကို မမျှော်လင့်ပဲပြန်တိုက်ခိုက်ခဲ့သည်။ အရှင်ထိုက်ရွမ်သည် နောက်အဆင့်ကိုမဖြတ်သန်းမှီ ဤလျှိုမိစ္ဆာအိုကြီးကတိုက်ခိုက်ခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်ပြီး စာနာမှုလုံးဝ မရှိပေ။ သူသည်နတ်နန်းတော်အပေါ် တွင်လည်း မည်သည့်စိတ်ကောင်းစေတနာမျှမရှိပေ။

ရှီလင်နတ်မြို့တော်နှင့် နတ်နန်းတော်သည် အချင်းချင်း အပြန်အလှန်ပတ်သတ်မှုအနည်းငယ်ရှိသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က ကြီးမားတဲ့အကြပ်အတည်းအချို့ကိုကြုံတွေ့ခဲ့ရပေမယ့် အခုထိ အရှုံးမရှိရပ်တည်နိုင်ဆဲပဲ။ ဒါကဘာကြောင့်လဲ” ကိုက်ထန်ကမေးသည် ”ဘာကြောင့်လဲဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်က အခြားအင်အားစုတွေဆီကအခွင့်အရေးကိုဘယ်လိုရယူမလဲဆိုတာကိုသိတယ်။ ကျောင်းတော်ကအခြားအင်အားစုတွေရဲ့ကျင့်ကြံသူတွေအပေါ်မှီခိုနေပြီး ဒါက မဟာမိတ်တွေဖြစ်လာစေတယ်။ မဟုတ်ရင်သေးငယ်အားနည်းတဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့စွမ်းရည်နဲ့ ဒီနေ့အထိရှင်သန်ရပ်တည်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး”

ကိုက်ထန်မှဆက်လက်ပြီးပြောလိုက်သည်။ ”ကောင်းကင်အာဏာစက်ကျောင်းတော်တောင်လုပ်နိုင်ရင် ငါတို့အထက်ကောင်းကင်ဘုံလဲ လုပ်နိုင်တယ်။ငါတို့ဘာကြောင့် မဟာမိတ်ဖွဲ့ပြီး လူတိုင်းကိုဆက်သွယ်နိုင်ဖို့ အာကာသခရီးသွားဝင်္ကပါကိုဘာကြောင့်မတည်ဆောက်ရသလဲ။ငါတို့မဟာမိတ်အဖွဲ့က အထက်ကောင်းကင်ဘုံတစ်ခုလုံးကိုပေါင်းစည်းနိုင်လိမ့်မယ်။ ဒါနဲ့အတူ အထက်ကောင်းကင်ဘုံက ဒီကစဥ့်ကလျားခေတ်မှာ ပြင်ပက အခြားသောအင်အားစုတွေကိုဆန့်ကျင်ဖို့ စွမ်းအားရှိလာလိမ့်မယ်”

မဟာမိတ်အဖွဲ့တစ်ခုထူထောင်ခြင်း လူတိုင်းသည် စဉ်းစားတွေးတောနေကြသည်။ ရွှေရောင်နတ်ပြည်ထောင်သည် နောက်ဆုံးတွင် ၎င်း၏ရည်ရွယ်ချက်ကို ထုတ်ပြန်လိုက်သည်။ မဟာမိတ်ဖွဲ့ရန်၎င်းတို့၏တောင်းဆိုမှုနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အထက်ကောင်းကင်ဘုံရှိအင်အားစုများကိုထိန်းချုပ်ရန် ဖြစ်နိုင်ချေများသည်။

သူတို့အားလုံး မဟာဖိတ်ဖွဲ့လိုက်ပြီးနောက်တွင် ရွှေရောင်နတ်ပြည်ထောင်စုသည် သူတို့ကြားတွင် အင်အားအကြီးဆုံးတပ်ဖွဲ့ဖြစ်လာလိမ့်မည်။ မည်သူကအာဏာကိုထိန်းချုပ်ရန် သူတို့နှင့်ဆန့်ကျင်နိုင်လိမ့်မည်နည်း။

များစွာသော အင်အားစုများသည် သိမ်းပိုက်ခံရမည်ကိုစိုးရိမ်နေကြသည်။

ထို့ကြောင့် သူတို့အားလုံးသည်တိတ်ဆိတ်နေကြပြီး ဘာမှတုံ့ပြန်ခြင်းမရှိပေ။ လူတိုင်းတွင် ကိုယ်ပိုင်အကြံအစည်များရှိကြသည်။ မည်သည့်အင်အားစုမျှ ကိုက်ထန်၏အကြံပြုချက်ကို အလွယ်တကူသဘောတူမည်မဟုတ်ပေ။

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ငါက အထက်ကောင်းကင်ဘုံရဲ့ အင်အားစုအားလုံးကြားမှာ မဟာမိတ်ဖွဲ့ဖို့အတွက် စိတ်ရင်းနဲ့မျှော်လင့်တာပါ။ နယ်မြေကိုစိုးမိုးပြီးအုပ်ချုပ်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး” ကိုက်ထန်ကလူအုပ်ကြီးကို အာမခံပြောကြားလိုက်သည်။ ”ဒီကစဥ့်ကလျားခေတ်မှာ အထက်ကောင်းကင်းဘုံအနေနဲ့အခြားသောဘုံတွေရဲ့နောက်မှာ မကျဆုံးပဲ စီးပွားဖြစ်ထွန်းဖို့ ငါတကယ်မျှော်လင့်တယ်။သေချာတာကတော့ ငါဘယ်အင်အားစုကိုမှ ချေမှုန်းခံရတာကိုမမြင်ချင်ဘူး”

ကိုက်ထန်မှဆက်လက်ပြီး ပြောသည် ”ဒီမတိုင်ခင်က နတ်နန်းတော်ဟာ ငါတို့ကိုကူညီမလားဆိုပြီးငါမျှော်လင့်ခဲ့သေးတယ်။ ဒါပေမယ့် နတ်နန်းတော်က ငါတို့အထက်ကောင်းကင်ဘုံကို တကယ်ဂရုမစိုက်တဲ့ပုံပါပဲ။ ပြီးတော့ ကောင်းကင်အာဏာစက်ဘုံကိုပြောင်းသွားတယ်။ နတ်နန်းတော်ဘိုးဘေးမြေမှာရှိတဲ့ လျှို့ဝှက်နယ်မြေရဲ့ကောလဟာလအကြောင်းကို ငါအမြဲကြားခဲ့တယ်။ရန်ဟောင်အဆင့်ကိုဖြတ်သန်းသွားတဲ့အခါ သူတို့ရဲ့နတ်ဝင်ရိုးအဆင့်ကိုမြှင့်တင်ဖို့အတွက် အဲဒီနေရာကကျင့်ကြံသူတွေအတွက် အထောက်အကူဖြစ်စေတယ်လို့ဆိုကြတယ်။ ဒါပေမဲ့ ဒီနှစ်ပေါင်းများစွာကြာပြီးနောက်မှာ အထက်ကောင်းကင်ဘုံကလူဘယ်လောက်များ အဲဒီနေရာကိုရောက်ခဲ့သလဲ။ ဘိုးဘေးနယ်မြေကို ဟွမ်ကျောင်းနဲ့ ရီဖူရှင်းဝင်ရောက်ခဲ့တာကိုပဲ ငါသိတယ်”

“နတ်နန်းတော်က  ကောင်းကင်အာဏာစက်ဘုံက ရီဖူရှင်းကိုတကယ်တန်ဖိုးထားတာပဲ” ကိုက်ထန်က ထေ့ငေါ့ပြောလိုက်သည်။

ကိုက်ထန်သည် စကားပြောနေရင်း စိတ်ထဲမှ ကျိတ်ရယ်နေသည်။ လူတိုင်းသည် လောဘကြီးသည်။ အထက်ကောင်းကင်ဘုံမှ ထိပ်တန်းအင်အားစု​များပင်လျှင် ခြွင်းချက်မရှိပေ။

“နတ်နန်းတော်က သူတို့ကိုယ်သူတို့ကျင့်ကြံရေးတော်ဝင်မြေအဖြစ် ဦးဆောင်ပြီးအထက်ကောင်းကင်ဘုံမှာ သင်ကြားပို့ချနေပေမယ့် သူက ငါတို့ဆီကအကောင်းဆုံးအရင်းအမြစ်တွေကိုတော့ သိမ်းထားတာပဲ” လျှိုမိစ္ဆာအိုကြီးကပြောလိုက်သည်။ ”နှစ်ပေါင်းများစွာကြာပြီးနောက် ဘိုးဘေးနယ်မြေကို ဝင်ရောက်နိုင်တဲ့သူမရှိသလောက်ဖြစ်လာတဲ့အတွက် အဲဒီနေရာက သူ့ရဲ့ကျော်ကြားမှုနဲ့ မတန်ဘူးလို့ ငါထင်လာတယ်။ဘိုးဘေးနယ်မြေမှာ ရတနာတစ်ပါး‌ရှိတယ်လို့ ကောလဟာလတွေရှိပြီး ကျင့်ကြံသူတွေကို အက်ကြောင်းမဲ့နတ်ဝင်ရိုးဖန်တီးဖို့ ကူညီပေးနိုင်တယ်တဲ့။ အဲဒီကောလဟာလကတကယ်များဖြစ်နေမလား” လျှိုမိစ္ဆာအိုကြီးသည်စကားပြောနေစဉ်တွင် သူ၏နက်မှောင်နေသောမျက်လုံးများသည် လောဘရိပ် တရိပ်ရိပ်တက်လာသည်။

အများအားဖြင့် နတ်နန်းတော်၏နေရာအဆင့်၌ရှိသည့် အင်အားစုများသာလျှင်ထိုကဲ့‌သို့သော နတ်ရတနာမျိုးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဗဟိုအင်ပါယာဘုံရှိအနည်းငယ်သော အင်အားစုကြီးများသည်လည်း ထိုကဲ့သို့သော နတ်ရတနာမျိုးရှိနိုင်သည်။ ကောင်းကင်ဒေသရှိအင်အားစုများသည် လွှမ်းမိုးချုပ်ကိုင်နိုင်ကြပြီး သူတို့၏သင်ကြားပို့ချမှုများမှာလည်း အားကောင်းလှသည်။ သူတို့သည်ကြွယ်ဝသောအရင်းအမြစ်များရှိခြင်းကြောင့် အင်အားကြီးခြင်းလည်းဖြစ်နိုင်သည်။

လူအုပ်ကြီးသည် ဤနေရာတွင်စုဝေးလာခြင်းမှာ နတ်ရတနာများအကြောင်းကို ကြားခြင်းကြောင့်သာဖြစ်သည်။သူတို့သည် ရှန့်ရှောင်းနတ်နန်းတော်သည် ထိုကဲ့သို့သောနတ်ရတနာများ အမှန်တကယ်ပိုင်ဆိုင်သည်လားဆိုသည်ကို သေချာမသိရှိကြပေ။

“သေချာတာပေါ့ အဲဒါအမှန်ပဲ” ကိုက်ထန်ဘေးမှာရှိသည့် ကိုက်ချိန်ကပြောလိုက်သည်။ သူသည် လျှိုမိစ္ဆာအိုကြီးကိုကြည့်ပြီးပြောလိုက်သည် ”နှစ်ပေါင်းများစွာထဲက ဒီကောလဟာကရှိနေခဲ့တာပဲ။ ဒါကို ငါ့ထက်ဘယ်သူမှ ပိုမသိနိုင်ဘူး။ ရှန့်ရှောင်းနတ်နန်းတော်က မဟာလမ်းစဉ်ကျောက်စာပြားကိုပိုင်ဆိုင်တယ်။ အဲဒါက ကောင်းကင်ဘုံလမ်းစဉ်ပြိုကွဲခြင်းရဲ့ အကြွင်းအကျန်ပဲ။အဲဒါက ကျင့်ကြံသူတွေကို အက်ကြောင်းမဲ့နတ်ဝင်ရိုးရလာအောင် ကူညီပေးနိုင်ရုံတင်မကဘူး။ ရန်ဟောင်တွေ ကျင့်ကြံဖို့အတွက်လည်း အကျိုးရှိစေတယ်”

“ဒါပေမဲ့ အဲဒီနတ်ရတနာကအနာဂတ်မှာ ကောင်းကင်အာဏာစက်ဘုံကိုရောက်သွားနိုင်တယ်” ကိုက်ထန်ကထပ်ပြောလိုက်သည်။ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်စကားကိုတစ်ယောက် သံယောင်လိုက်နေကြသည်။ ညီအစ်ကိုနှစ်ယောက်လုံးသည် သူတို့နှင့်နတ်နန်းတော်ကြားတွင်စိတ်ဝမ်းကွဲစေရန်လုပ်နေကြောင်း ပရိတ်သတ်သည် သေသေချာချာနားလည်သဘောပေါက်ကြသည်။

ပရိတ်သတ်များသည် ညီအစ်ကိုနှစ်ယောက်၏ရည်ရွယ်ချက်ကို သတိပြုမိသော်လည်း သူတို့နှစ်ယောက်သည် အမှန်ပြောနေသည်ကိုသိသောကြောင့် ထိုကိစ္စနှင့်ပတ်သတ်ပြီး မတွေးပဲမနေနိုင်ကြပေ။

နတ်ရတနာတစ်ခု…။ ၄င်းက ကောင်းကင်လမ်းစဉ်ပြိုကွဲသွားပြီးနောက်ကျန်ခဲ့သည့် နတ်ရတနာတစ်ခုဖြစ်ပြီး ကျင့်ကြံသူများအား အက်ကြောင်းမဲ့နတ်ဝင်ရိုးဖန်တီးရာ၌ ကူညီပေးနိုင်သည်။အမည်မသိသောအကြောင်းရင်းများကြောင့် နတ်နန်းတော်သည် ထိုကဲ့သို့သောနတ်ရတနာကို သူတို့ဆီတွင် လျှို့ဝှက်သိမ်းဆည်းထားသည်။

“ဒီကိစ္စကသာတကယ်ဆိုရင် နတ်နန်းတော်ကို ကျင့်ကြံရေးတော်ဝင်မြေလို့မခေါ်ဆိုထိုက်ဘူး။ သူတို့က ငါတို့ရဲ့အထက်ကောင်းကင်ဘုံမှာ လမ်းစဉ်ကိုသင်ကြားပေးဖို့မကိုက်ညီဘူး” လျှိုမိစ္ဆာအိုကြီးက ခက်ထန်စွာပြောလိုက်သည်။ သူသည် ညီအစ်ကိုနှစ်ယောက်၏အမြင်ကိုသဘောတူပြီး နတ်နန်းတော်ကို လက်ညှိုးထိုးထောက်ပြနေသည်။

“လီနတ်ဓားမိသားစု၊ကောင်းကင်သင်္ချိုင်းနဲ့ ကျန်တဲ့သူတွေ၊ မင်းတို့မှာ အခုလက်ရှိ နတ်နန်းတော်မှာ‌လေ့ကျင့်နေတဲ့ ကျင့်ကြံသူတွေရှိတယ်မဟုတ်လား” ကိုက်ထန်က လီနတ်ဓားမိသားစုနှင့်အခြားအင်အားစုကြီးအနည်းငယ်ကိုကြည့်ကာမေးလိုက်သည်။

“အင်း” သူတို့သည် ခေါင်းငြိမ့်ပြီးတုံ့ပြန်လိုက်သည်။ လီနတ်ဓားမိသားစု၏ဂုဏ်ယူရသောသားတော် လီတောက်စီသည်လည်း နတ်နန်းတော်တွင်လေ့ကျင့်နေသည်ဖြစ်သည်။

“နတ်နန်းတော်မှာလေ့ကျင့်နေတဲ့ ဂျူနီယာတွေကရော ဘိုးဘေးနယ်မြေကိုဝင်ခွင့်ရလို့လား” ကိုက်ထန်ကဆက်လက်လှုံ့ဆော်လိုက်သည်။

သူတို့ထဲမှ အနည်းစုသည် ခေါင်းခါလိုက်သည်။ ဘိုးဘေးနယ်မြေတွင်လေ့ကျင့်ရန်အတွက် သူတို့ကိုယ်တိုင် ထိုနေရာသို့ဝင်ရောက်ရမည်ဖြစ်သည်။ သို့သော် ဟွမ်ကျောင်းမှလွဲ၍ လွန်ခဲ့သောနှစ်ရာပေါင်းများစွာမှ မည်သူမျှမလုပ်နိုင်ခဲ့ပေ။

ဤကိစ္စမတိုင်ခင်က ကျင့်ကြံသူများသည်သူတို့၏ရှုံးနိမ့်မှုအတွက် သူတို့ကိုယ်သူတို့အပြစ်တင်ခဲ့ကြသည်။ ယခုအခါ သူတို့သည် မတူညီသည့် အတွေးများရရှိသွားပြီဖြစ်သည်။

“ကောင်းပြီ ဒီကိစ္စကိုခဏဘေးမှာထားလိုက်ရအောင်။ စကားလမ်းကြောင်းက နတ်နန်းတော်အကြောင်းကို ဘာလို့လွှဲသွားရတာလဲ။ ငါပြောခဲ့သလိုပဲ မဟာမိတ်ဖွဲ့တာနဲ့ပတ်သတ်ပြီး လူတိုင်းရဲ့ဆုံးဖြတ်ချက်ကဘယ်လိုလဲ…” ကိုက်ထန်သည် လူအုပ်ကိုဖြောင်းဖျရန် ဆက်ပြောလိုက်သည်။ ”ငါတို့အထက်ကောင်းကင်ဘုံအနေနဲ့ ပေါင်းစည်းပြီးအင်အားကြီးတဲ့အင်အားစုအဖြစ်တည်ထောင်ရမယ်။ လမ်းစဉ်တွေကို သင်ကြားနိုင်တဲ့အင်အားစု‌တွေအတွက်ကတော့ မပူပါနဲ့။ နတ်နန်းတော်မပါရင်တောင်မှ ငါတို့ရဲ့အထက်ကောင်းကင်ဘုံကို လမ်းစဉ်သင်ကြားပေးမယ့် အခြားအင်အားစုတစ်ခုရှိလိမ့်မယ်။ ဒါ့အပြင် အဲဒီအခြားအင်အားစုက နတ်နန်းတော်ထက်တောင်ပိုကောင်းတယ်”

ကိုက်ထန်၏စကားများကို ကြားသည့်အခါ ပရိတ်သတ်သည်အံ့ဩသည့်အမူအယာများပေါ်လာပြီး ထိုအင်အားစုအကြောင်းကိုတွေးလိုက်ကြသည်။

ထိုအင်အားစုမှာ အထက်ဘုံ၏ ထိပ်တန်းလေ့ကျင့်ရေးတော်ဝင်မြေဖြစ်သည့် ထိုက်ချူတော်ဝင်မြေမှလွဲပြီး အခြားမရှိနိုင်ပေ။ မကြာသေးမီက ကောင်းကင်အာဏာစက်ဘုံ၌ ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျင့်ကြံသူများလက်ထဲ​တွင် သူတို့ ရှုံးနိမ့်ခဲ့ရသည်။

ရှုံးနိမ့်သွားပြီးထဲက ထိုက်ချူတော်ဝင်မြေ၏သတင်းကို အချိန်တစ်ခုအထိ မည်သူမျှမကြားရတော့ပေ။ ယခုအခါ ကိုက်ထန်၏စကားနှင့်အတိတ်မှအဖြစ်အပျက်များကိုပေါင်းစပ်ပြီး ပရိတ်သတ်သည် ဘာတွေဖြစ်ခဲ့သည်လဲဆိုသည့်အတွေး တွေး‌မိနေကြသည်။

ကောင်းကင်အာဏာစက်ဘုံမှာ ရှုံးနိမ့်ပြီးနောက် ထိုက်ချူတော်ဝင်မြေသည် ဤအထက်ကောင်းကင်ဘုံမှာ သူတို့၏လွှမ်းမိုးမှုကိုတည်ဆောက်ရန် စီစဉ်နေသည်လား။

သူတို့၏ယခင်ပစ်မှတ်မှာ ကောင်းကင်အာဏာစက်ကျော်းတော်ဖြစ်သည်။သူတို့ကျရှုံးသွားသည့်နောက် သူတို့သည် ရှန့်ရှောင်းနတ်နန်းတော်ကို သူတို့၏ပစ်မှတ်အဖြစ်ပြောင်းလိုက်ခြင်းပေလား။

သို့သော် ဤတစ်ကြိမ်တွင် ထိုက်ချူတော်ဝင်‌မြေသည်ငြင်သာသည့်ချဉ်းကပ်မှုကိုလုပ်ဆောင်နေပုံရသည် ‌။ကောင်းကင်အာဏာစက်ဘုံမှာကဲ့သို့ သူတို့သည် တိုက်ရိုက်မလုပ်ဆောင်တော့ပေ။

ထိုအချက်အလက်များကိုထည့်သွင်းစဥ်းစားခြင်းအားဖြင့် ရွှေရောင်နတ်ပြည်ထောင်၏လှုပ်ရှားမှုမှာရှင်းလင်းသွားပြီဖြစ်သည်။သူတို့သည် ပြင်ပဘုံမှ အင်အားစုများနှင့် ပူးပေါင်းပြီး အထက်ကောင်းကင်ဘုံကိုသိမ်းပိုက်ရန်ကြိုးစားနေသည်။

“ရှီလင်နတ်မြို့တော်က ပြည်ထောင်အရှင်ရဲ့စိတ်ကူးကို ထောက်ခံပါတယ်…” လျှိုမိစ္ဆာအိုကြီးကပြောလိုက်သည်။ “ဒီမငြိမ်သက်ကာလမှာ အထက်ကောင်းကင်ဘုံမှာရှိတဲ့လူတိုင်း အတူတူလုပ်ဆောင်သင့်တယ်။ရွှေရောင်နတ်ပြည်ထောင်ကဘုံမှာရှိတဲ့အင်အားအကြီးဆုံးအင်အားစုပဲ။နတ်‌ပြည်ထောင်သာငါတို့ရဲ့ခေါင်းဆောင်ဖြစ်မယ်ဆို ကသောင်းကနင်းဖြစ်ရပ်တွေကြားကနေ အထက်ကောင်းကင်ဘုံကို ကာကွယ်နိုင်မယ်ဆိုတာ သေချာတယ်”

ဒီခွေးလိုကောင်… အခြားအင်အားစုများမှလူတိုင်းသည် လျှိုမိစ္ဆာအိုကြီးကိုစိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ပုံမှန်အားဖြင့်လျှိုမိစ္ဆာအိုကြီးသည် အလွန်မောက်မာသော်လည်း ယခုအခါ သူသည် ဤစိတ်ကူးကို လွယ်လွယ်ကူကူသဘောတူနေသည်။ သူသည် လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်နေခြင်းပေလော။

သို့သော် ဤလျှိုမိစ္ဆာအိုကြီးသည် ဆက်ဆံဖို့အတွက် လေးစားဂုဏ်ယူထိုက်သူမဟုတ်ပေ။ အတိတ်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းကိုအခြေခံပြီး သူ၏အကျင့်စရိုက်ကို ဖော်ပြခဲ့၏။ သူသည် ညစ်ပတ်သည့်လှည့်ကွက်များကိုအသုံးပြုခဲ့သည်။ သူသည် သူ့အတွက်အကျိုးရှိသည့် မည်သည့်ကိစ္စကိုမဆို လုပ်မည်ဖြစ်သည်။

ယခုအခါသူသည် ရွှေရောင်နတ်ပြည်ထောင်ကိုသစ္စာခံရန် ပထမဆုံးကတိပြုလိုသူဖြစ်သည်။ အနာဂတ်တွင် သူသည် မဟာမိတ်အဖွဲ့အပေါ်ချုပ်ကိုင်မှုရှိလာလိမ့်မည်။

“အစ်ကိုလျှိုက ဉာဏ်ကောင်းတာပဲ” ကိုက်ထန်ကချီးကျူးလိုက်သည်။ ”ကျန်တဲ့သူတွေအနေနဲ့ဒီကိစ္စကိုစဉ်းစားဖို့အချိန်လိုနေသေးပုံပဲ။ ဒါပေမယ့် မလောပါဘူး။ ရွှေရောင်နတ်ပြည်ထောင်က လူတိုင်းကိုကြိုဆိုဖို့ပြင်ဆင်ထားပါတယ်။ နတ်ပြည်ထောင်ရဲ့နန်းတော် ဒီနေရာကိုရောက်နေတဲ့အတွက် မင်းတို့အားလုံးစိတ်နှလုံးရွှင်မြူးစွာစားသောက်ကြရမယ်။ မဟာမိတ်ဖွဲ့အတွက် မင်းတို့အချိန်ယူပြီးစဉ်းစားလို့ရတယ်”

လူတိုင်းသည် ခေါင်းငြိမ့်သဘောတူလိုက်ကြသည်။ ယခုအချိန်တွင် သူတို့၏ထင်မြင်ချက်မှာ ထိုအတိုင်းပင်ဖြစ်သည်။

သို့သော် ယခုအခြေအနေအရ သူတို့အနေနှင့် စည်းမျဉ်းတွေချမှတ်ထားရမည်ဖြစ်ကြောင်း နားလည်ထားပြီးဖြစ်သည်။ သူတို့က ထိုသို့မပြုလုပ်လျှင် ရွှေရောင်နတ်ပြည်ထောင်က သဘောတူမည်မဟုတ်ပေ။

များစွာသောအင်အားစုကြီးများ အိမ်သို့ပြန်သွားခဲ့ပြီးနောက် နတ်နန်းတော်၌ သူတို့၏တပည့်များသည်တစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားကာ နတ်နန်းတော်၏အကြီးအကဲများကို နှုတ်ဆက်သွားကြသည်။

နတ်နန်းတော်၌ ကောလဟာလအမျိုးမျိုးပျံ့နှံ့လာသည်။ ကောလဟာလများသည် နတ်နန်းတော်ကို သတင်းဆိုးဖြင့်ကျော်ကြားစေ‌သည်။

ရွှေရောင်နတ်ပြည်ထောင်တွင် ဖြစ်ခဲ့သောကိစ္စရပ်များသည် လျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းမထားနိုင်ဘဲ ထိုကိစ္စများသည်နတ်နန်းတော်သို့ရောက်ရှိသွားလေသည်။

ရွှေရောင်နတ်ပြည်ထောင်၏ဤတစ်ကြိမ်တွင် မဟာမိတ်ဖွဲ့လိုခြင်းမှာ အထက်ကောင်းကင်ဘုံ၏မဟာမိတ်ဖွဲ့လိုခြင်းကဲ့သို့ မရိုးရှင်းကြောင်း ရှန့်ရှောင်းနတ်နန်းတော်သည် နားလည်သဘောပေါက်၏။ ရွှေရောင်နတ်ပြည်ထောင်သည် သူတို့ကို အသုံးချချင်သည့်အတွက်ဖြစ်နိုင်သည်။

ရီဖူရှင်းသည် နတ်နန်းတော်၏စီနီယာများထံမှ သတင်းများကိုမရရှိပေ။ သူသည် ဟွမ်ကျောင်းဆီမှ ထိုသတင်းကိုကြားသိရ၏။ သူတို့တွင် အထက်ကောင်းကင်ဘုံ၌ သတင်းအချက်အလက်ကွန်ရက်ရှိပြီးဖြစ်သဖြင့် လတ်တလောအခြေအနေများအားလုံးကို ကြားသိရ၏။

ဟွမ်ကျောင်းနှင့် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အတူတူရှိနေကြသည်။ ဟွမ်ကျောင်းက ရီဖူရှင်းကိုပြောလိုက်သည် ”လီတောက်စီက မသွားခင်မှာ သူ့ဆရာနဲ့တွေ့ခဲ့တယ်။ အခုအခြေအနေကဆိုးနေတော့ သူကထွက်သွားတာတစ်ခုပဲ လုပ်နိုင်တယ်။ အခုအခြေအရဆိုရင် လီနတ်ဓားမိသားစုအနေနဲ့လည်း အင်အားကြီးအဖွဲ့တွေနဲ့ ရင်ဆိုင်ဖို့ အဆင်မပြေဘူး။ ဒါကြောင့် သူတို့ အထက်ကောင်းကင်ဘုံကနေ ယာယီအားဖြင့် ထွက်သွားဖို့‌ဆုံးဖြတ်ခဲ့ကြတယ်”

နတ်နန်းတော်သည် လေ့ကျင့်ရေးနေရာတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့တွင် တင်းကြပ်သည့်ကန့်သတ်ချက်များမရှိပေ။ လူတိုင်းသည် ကိုယ့်ရွေးချယ်မှုအတိုင်းလုပ်နိုင်သည်။‌ လီတောက်စီ၏နောက်တွင် သူ၏လီနတ်ဓားမိသားစုသည်ရှိနေဆဲဖြစ်သည်။ သူသည် ဆုံးဖြတ်ချက်မချမှီ သူ့မိသားစု၏ရှူထောင့်ကို ထည့်စဉ်းစားပေးရပေမည်။ ဟွမ်ကျောင်းနှင့်ရီဖူရှင်းကို လာရောက်သတိပေးရုံဖြင့် သူ့အတွက်လုံလောက်ပြီဖြစ်သည်။

“ကြည့်ရတာတော့ အထက်ကောင်းကင်ဘုံမှာရှိတဲ့အင်အားစုတွေအနေနဲ့ နတ်နန်းတော်မှာ လှုပ်ရှားမှုတစ်ခုလုပ်လာလိမ့်မယ်။ ဟုတ်တယ်မလား” ရီဖူရှင်းက ဟွမ်ကျောင်းကို မေးလိုက်သည်။

ဟွမ်ကျောင်းက ခေါင်းငြိမ့်ပြီးပြောလိုက်သည် ”ဖြစ်နိုင်တယ်”

ရီဖူရှင်း နှုတ်ဆိတ်သွားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤကိစ္စကိုဝင်ရောက်စွက်ဖက်ပါက ပြင်ပဘုံမှအင်အားစုများသည်လည်း လက်ရှောင်နေမည်မဟုတ်သည်မှာ သေချာသလောက်ပင်။ သို့သော် သူတို့သည် ရှန့်ရှောင်းနတ်နန်းတော်နှင့် မဟာမိတ်ဖွဲ့ကတည်းက ရီဖူရှင်းသည် သူ့မဟာမိတ်ကို လာရောက်ကျူးကျော်မည်ကို လက်သင့်ခံမည် မဟုတ်တော့ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset