Switch Mode

အခန်း (၅)

နှစ်ယောက်က အဆင့်တစ်ခုထဲမှာ မဟုတ်ဘူး

အခန်း (၅) နှစ်ယောက်က အဆင့်တစ်ခုထဲမှာ မဟုတ်ဘူး

လူအုပ်၏ အံ့ဩတကြီးဖြစ်နေသော အမူအရာများကို သတိမထားမိသည့်အလား  ရန်ကျောက်ကဲသည် တည်တည်ငြိမ်ငြိမ်နှင့် သူ့စကားကို ဆက်လိုက်သည်။

“အဲ့ဒီဝိဉာဉ်လက်နက်တွေမှာ တိုက်ခိုက်ရေးလက်နက်တွေထက်စာရင်
ခုခံရေးပစ္စည်းက ပိုများတယ်၊ မင်းတို့ဘေးကင်းဖို့က အဓိကမို့ပဲ၊ ဒါပေမယ့် မင်းတို့တွေ အဲ့လက်နက်တွေကိုပဲ အားကိုးနေလို့မရဘူး၊ ပေါပေါ့ဆဆနေလို့ မင်းတို့ တိုးတက်မှာ မဟုတ်ဘူး၊ လေ့ကျင့်တဲ့အခါ စိတ်ကိုလေ့ကျင့်ဖို့က အဓိကပဲ”

“နေဦး…. နေဦး…. အဲ့တာမဟုတ်ဘူးလေ၊ သိုင်းတူလေးရန်” အကြီးအကဲခွိုင်သည် အာစေးထည့်ခံရသလိုဖြစ်နေကာ တခဏကြာပြီးမှ စကားသံထွက်လာသည်။

“ခုနတုန်းက…. ဝိဉာဉ်လက်နက်နောက်တစ်သုတ်ကို သန့်စင်မယ်လို့ မင်းပြောခဲ့တာမလား”

အကြီးအကဲခွိုင်သည် သူ့ရှေ့က ဝိဉာဉ်လက်နက်ပုံကြီးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။

“မင်းပြောတာက ဒါတွေအကုန်လုံးက မင်းကိုယ်တိုင် သန့်စင်ထားတာ၊ တခြားနေရာတွေက စုဆောင်းထားတာ မဟုတ်ဘူးပေါ့”

ရန်ကျောက်ကဲ ပုခုံးတွန့်ပြလိုက်သည်။ “ဟုတ်တယ်၊ ကျွန်တော်ကိုယ်တိုင် သန့်စင်ထားတာ
ဒီအဆင့်နိမ့် ဝိဉာဉ်လက်နက်တွေကို အလုပ်ရှုပ်ကုန်ခံပြီး လိုက်စုနေစရာမလိုဘူးလေ”

ထိုစကားများကြောင့် လူတိုင်း၏တံတွေးများ အလိုအလျောက် မျိုချလိုက်မိကြသည်။သို့သော် မည်သူကမျှ ငြင်းဆိုစရာ မတွေ့ချေ။

အဆင့်နိမ့် ဝိဉာဉ်လက်နက်များသည် သူတို့ကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူများအတွက် တန်ဖိုးကြီးရတနာများဖြစ်သော်လည်း ရန်ကျောက်ကဲကဲ့သို့ နောက်ခံအင်အားရှိသူ တစ်ယောက်အတွက်တော့ ထိုဝိဉာဉ်လက်နက်များက အများကြီး တန်ဖိုးမရှိပေ။

လူတိုင်း၏အမူအရာများသည် သံသယဖြစ်စွာဖြင့် သူတို့နေသော ကမ္ဘာကြီးက ရုတ်တရက် အစစ် မဟုတ်ဟုပင် ထင်ရသည်။

သူတို့ရှေ့က အခြေအနေသည် အရင်က သူတို့ သိထားသည်၊ လက်ခံထားသည်နှင့် လုံးဝ ဆန့်ကျင်နေ၏။

ရန်ကျောက်ကဲ၏ကျင့်ကြံမှုအဆင့်က ထိုဝိဉာဉ်လက်နက်များကို သန့်စင်ဖို့ လုံလောက်သည်။ ထိုအရာကို မည်သူမျှ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ၏ ဝိဉာဉ်လက်နက် သန့်စင်ခြင်းနယ်ပယ်တွင် ပေါက်မြောက်မှုကို မည်သူကမှ မကြားဖူးခဲ့သော်လည်း ထိုအရာသည် မဖြစ်နိုင်သော တစ်စုံတစ်ခု မဟုတ်ပေ။

သို့ရာတွင် ဝိဉာဉ်လက်နက် သန့်စင်ခြင်းဟူသည် ထိုမျှ မရိုးရှင်းပေ။ ထိုပညာရပ်က အချိန်နှင့် ခွန်အား များစွာ စိုက်ထုတ်ရန် လိုအပ်သည်။

ဝိဉာဉ်လက်နက်သန့်စင်ခြင်းနယ်ပယ်တွင် ဘဝကို မြှုပ်နှံထားကြသော ကျင့်ကြံသူများပင် သူတို့ထဲမှ မည်မျှလောက်က ပန်းပဲထုသကဲ့သို့ ဝိဉာဉ်လက်နက်များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မည်နည်း။

အကြီးအကဲခွိုင် အသက်ပြင်းပြင်း ရှုလိုက်သည်။ “မင်း… ဒီ သန့်စင်ဖို့ အချိန်ဘယ်လောက်ကြာလဲ”

“ကျွန်တော်က သိုင်းကျင့်ကြံရင်း အားတဲ့အချိန်တွေမှာ ဒီပစ္စည်းတွေ စမ်းလုပ်ကြည့်တာ၊ ဒီဝိဉာဉ်လက်နက် ဆယ့်ခြောက်ခုကို တစ်လလောက်တော့ ကြာမယ်ထင်တယ်” ရန်ကျောက်ကဲက အလေးမထားဟန်ဖြင့် သာမာန်မျှ ဖြေကြားလိုက်သည်။

“မဖြစ်နိုင်ဘူး” အကြီးအကဲခွိုင်က ခေါင်းမာမာဖြင့် ငြင်းချက်ထုတ်လိုက်သည်။

“အကြီးအကဲရန်မှာ ဒီလိုစွမ်းရည်မျိုးရှိတယ်လို့ ပြောရင်တောင် ဒီလူအိုကြီးက ယုံရင်ယုံလိမ့်မယ်
ဒါပေမယ့် သိုင်းတူလေးရန်၊ မင်းဆိုရင်တော့….” သူ့ခေါင်းကို ရမ်းလိုက်၏။ ရန်ကျောက်ကဲ ပြောသည်ကို ယုံကြည်ပုံ မရချေ။

တကယ်တော့ ရန်ကျောက်ကဲ၏အဖေနှင့် အဆင့်တူ ကျင့်ကြံခြင်းရှိသောသူများက ထိုဝိဉာဉ်လက်နက်များကို အလွယ်တကူ သန့်စင်နိုင်သည်။

သို့သော် မည်သူက ထိုသို့ အဓိပ္ပာယ်မရှိသည့် အရာမျိုးကို လုပ်မည်နည်း။ ထိုကဲ့သို့ အဆင့်နိမ့်ဝိဉာဉ်လက်နက်များကို သန့်စင်ဖို့ အားလပ်လျှင် သူတို့၏ရည်မှန်းချက်ကို မြင့်မြင့်ထားကာ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်များ သန့်စင်ရန်အတွက်သာ အားထုတ်လိမ့်မည် ဖြစ်သည်။

အခြားသူများကလည်း ရန်ကျောက်ကဲ၏စကားကို သံသယဖြစ်မိကြသည်။ သူတို့၏အကြည့်များက သံသယများနှင့် ပြည့်နှက်နေ၏။

စီနီယာအကိုကြီးရန် ချောင်ပိတ်မိပြီး လူထင်ကြီးအောင် တကယ် လုပ်နိုင်သည်ထက် အများကြီးပို၍  ဟန်ဆောင်ပြောဆိုနေသလောဟု တွေးထင်ကြသည်။

ရန်ကျောက်ကဲက အားရပါးရ ရယ်မောလိုက်သည်။ “သေချာတာပေါ့ဗျာ၊ အပြင်ပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ဆို ဖြစ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ဆို အများကြီး ဖြစ်နိုင်တယ်”

ဤသည်ကို ကြားပြီးနောက် လူတိုင်း ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

အထူးသဖြင့် အကြီးအကဲခွိုင်သည် တခဏမျှ ကြက်သေသေသွားလေသည်။ ထို့နောက် အထစ်ထစ် အငေါ့ငေါ့အသံဖြင့် “မင်း…. မင်း…. အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုလို့ ပြောလိုက်တာလား
အဲ့တာက ကမ္ဘာဖျက်ကပ်ဘေးမတိုင်ခင်က ဒဏ္ဏာရီလာ… မဟုတ်… ဟုတ်”

“ဒါပေမယ့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ပျောက်ကွယ်သွားတာ ကြာနေပြီ
အသုံးပြုတဲ့ပစ္စည်းတွေ ပြုလုပ်တဲ့နည်းလမ်းတွေ သူ့ရဲ့အခြေခံတည်ဆောက်ပုံ မှတ်တမ်းတွေတောင်မှ အပိုင်းအစတစ်ခုတောင် မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားပြီ၊ ဒီအစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကျန်ခဲ့တာက အဲ့တာ တည်ရှိခဲ့ကြောင်း ဒဏ္ဏာရီတွေ ကောလဟာလတွေပဲ”

ဒဏ္ဏာရီများထဲတွင် မဟာကပ်ဘေးကြီးမကျရောက်ခင်က သိုင်း လူ့အဖွဲ့အစည်းသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ကျင့်ကြံခြင်းနည်းစနစ်နှင့် သိုင်းပညာရပ်များသာမက ထိုအချိန်က ဝိဉာဉ်လက်နက်သန့်စင်ခြင်းပညာရပ်သည်လည်း ရှေ့သို့ ရောက်ခဲ့သည်။

ထိုခေတ်တွင် သိုင်းကျင့်ကြံသူများသည် သေမျိုးကိရိယာများကို ထိပင် မထိပေ။ တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်၊ ဝိဉာဉ်လက်နက်၊ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်နှင့် အထွတ်အမြတ် ဝိဉာဉ်လက်နက်များတောင်မှ ထိုအချိန်က ဤခေတ်လောက် မရှားပါးခဲ့ပေ။

ကပ်ဘေးကြီးပြီးနောက် အားလုံး ပျောက်ကွယ်သွားသည်။ ဝိဉာဉ်လက်နက်များနှင့် ပညာရပ်များ အပါအဝင် အများစုက ပျက်စီးသွားခဲ့ကြသည်။ ထိုအရာများ တည်ရှိခဲ့ကြောင်း နှောင်းလူများက အံ့ဩတသဖြစ်ကြသည့် ဒဏ္ဏာရီများသာ ကျန်ခဲ့သည်။

သို့သော်လည်း ဤအရာအားလုံးမှာ ရန်ကျောက်ကဲအတွက် လျို့ဝှက်ချက်မဟုတ်ပေ။
မဟာကပ်ဘေးမတိုင်ခင်က ကောင်းကင်နန်းတော်ထဲတွင် လျို့ဝှက်သိုင်းပညာရပ်များသာမက အခြားပညာရပ်ဆိုင်ရာ စာအုပ်များ၊ကျမ်းများကိုပါ သိမ်းဆည်းထားသည်။

“ကျွန်တော် ဂိုဏ်းပြင်ပမှာ လေ့ကျင့်နေတုန်းက မထင်မှတ်ဘဲ ရှေးခေတ်က အပျက်အစီးတချို့ကို တွေ့သွားတယ်၊ အဲ့ဒီ့အပျက်အစီးထဲမှာ အပြည့်အစုံမဟုတ်တဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတည်ဆောက်ပုံ မှတ်တမ်းကို တွေ့ခဲ့တာပဲ”
ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“အဲ့တာကြောင့် ကျွန်တော်က အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို စမ်းသပ်ဖန်တီးဖို့ ကြိုးစားနေတာပဲ၊ ဒီအဆင့်နိမ့် ဝိဉာဉ်လက်နက်တွေက အဲ့ဒီ့စမ်းသပ်မှုတွေက ထုတ်ကုန်တွေပဲ၊ ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားတာ၊ လက်ရှိမှာတော့ အဆင့်နိမ့်ဝိဉာဉ်လက်နက်တွေပဲ သန့်စင်နိုင်သေးပေမယ့် ဒါတွေက ဒုတိယတန်းစားလက်နက်တွေထဲမှာ အရည်အသွေးအကောင်းဆုံးဖြစ်နေပြီ၊ ပထမတန်းစားလက်နက်နီးပါးကောင်းတဲ့ ဒုတိယတန်းစားထုတ်ကုန်တွေလဲ ရှိတယ်၊ ဒါပေမယ့် အဲ့လိုလက်နက်တွေကို အများကြီး မထုတ်လုပ်နိုင်သေးတဲ့အပြင် အဲ့ဒီ့လက်နက်တွေရဲ့ ကြံ့ခိုင်မှုကလည်း ပြဿနာအနေနဲ့ ရှိနေသေးတယ်၊ အဲ့တာကြောင့် နောက်ထပ် ဝိဉာဉ်လက်နက်တစ်သုတ်ကို ကျွန်တော် သန့်စင်တဲ့အခါ လိုအပ်တာတွေကို ပြင်နိုင်ဖို့ အချက်အလက်များနိုင်သမျှ များများရအောင် စုဆောင်းနေတာပဲ”

ရန်ကျောက်ကဲ လက်ဖျောက်တီးလိုက်၏။

“တည်ဆောက်ပုံက ပိုမိုပြည့်စုံလာတာနဲ့ အလယ်အလတ်အဆင့်
ဝိဉာဉ်လက်နက်တွေ အဆင့်မြင့် ဝိဉာဉ်လက်နက်တွေတောင် ဖြစ်နိုင်လာလိမ့်မယ်
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုရဲ့ ရှေးဟောင်းနည်းလမ်းကို ပိုကောင်းအောင် ပြုပြင်မွမ်းမံနိုင်တာနဲ့ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တွေကိုတောင် ထုတ်လုပ်နိုင်လိမ့်မယ်”

ထိုအချိန်တွင် အားဟူသည် ချီစွမ်းအင်များနှင့် ပြည့်နှက်နေသည့် လူတစ်ရပ်ခန့်ရှည်လျားသော ထူထဲသည့် မီးပြင်းဖိုကြီးတစ်လုံးကို ချီမပြီး ဝင်လာသည်။ သူသည် သူ့သခင်၏ ရည်ရွယ်ချက်ကို ကြိုတင်ရိပ်မိပြီး မီးပြင်းဖိုကို အစောကတည်းက အလျင်အမြန် သွားယူလာခြင်းဖြစ်သည်။

အကြီးအကဲခွိုင်သည် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ သို့သော် အနည်းဆုံးတော့ သူ့ရှေ့မှ မီးပြင်းဖိုက အပြင်ပိုင်းသလင်းကျောက်မီးပြင်းဖိုမဟုတ်မှန်း သဘောပေါက်သည်။

အခြားသူများကလည်း ဖြည်းဖြည်းချင်း အသိပြန်ဝင်လာကြသည်။ သို့သော် သူတို့မျက်နှာများပေါ်တွင်  အံ့အားသင့်မှုများက အထင်သား ပေါ်နေသည်။

ပင်ကိုအားဖြင့် တည်ငြိမ်၍ အိနြေရသော စစ်ခုန်ချင်းပင် ဤတစ်ခါ အံ့အားသင့်သွားသည်။

သူမသည် အခြားသူများထက် ဗဟုသုတရှိသောကြောင့် သူမရှေ့ရှိ မီးပြင်းဖို၏ အရေးပါမှုကို ကောင်းစွာ နားလည်သည်။

ထိုအချိန်တွင် ၎င်းသည် ဖြစ်နိုင်ချေ သို့မဟုတ် အပင်ပေါက်ကလေးအဖြစ်သာ ကိုယ်စားပြုသော်လည်း အပြည့်အဝ အရွယ်ရောက်လာသည်နှင့် ကောင်းကင်သို့ပင် ထိနိုင်လိမ့်မည် မဟုတ်ပါလော။

“ဒီတစ်ကြိမ် ကျွန်တော် နဂါးချုပ်လှောင်ခြင်းချောက်နက်ကို ဦးတည်သွားမှာက ဂိုဏ်းတာဝန်သက်သက်ပဲ မဟုတ်ဘူး၊ ကျွန်တော့ကိစ္စလည်း ပါတယ်၊ ဒီအတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပိုပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ အတွက်ပဲ၊ နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့  ထူးခြားတဲ့ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ လီအစစ်အမှန်မီးတောက်ရဲ့ မီးမျိုးစေ့လည်း လိုအပ်တယ်၊ အဲ့ဒီ ‘လီအစစ်အမှန်မီးတောက်’ မီးမျိုးစေ့က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ပေါ်လာတဲ့ပုံပဲ”

ရန်ကျောက်ကဲ၏ တည်ငြိမ်သောအမူအရာနှင့် စကားသံက ရီကျင်းနှင့် စစ်ခုန်ချင်းတို့ တစ်ယောက်နှင့် တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြသည်။

တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ “သိုင်းအကိုကြီးရန်၊ အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်၊ အဆင့်မြင့်ဝိဉာဉ်လက်နက်နဲ့ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တောင်ဖြစ်နိုင်ရင် အဲ့ထက် ပိုမြင့်…မြင့်…”

လက်ရှိကမ္ဘာတွင် အထွတ်အမြတ် ဝိဉာဉ်လက်နက်များမှာ အလွန့် အလွန် ရှားပါးသည်။ ထို့ကြောင့် ထိုလူငယ်သည် ထိုအကြောင်းကို ဆက်မတွေးရဲတော့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ “ကျွန်တော်တို့ဂိုဏ်းသာ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တွေ အများကြီး သန့်စင်နိုင်ရင် ကျွန်တော်တို့ဂိုဏ်းက… ဂိုဏ်းက”

ရန်ကျောက်ကဲက ခေါင်းငြိမ့်ပြရင်း ဖော်ရွေစွာ ပြုံးလိုက်သည်။ “မှန်တာပေါ့ ညီငယ်ရယ်၊ အနာဂတ်မှာ မင်းတို့  ဂိုဏ်းပြင်ပမှာ သွားလေ့ကျင့်တာပဲဖြစ်ဖြစ် အခြားထိပ်သီးနယ်မြေက ကျင့်ကြံသူတွေနဲ့ပဲ တွေ့တွေ့၊ သူတို့က တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်တွေ ကိုင်နိုင်တဲ့အချိန် မင်းတို့က ဝိဉာဉ်လက်နက်တွေ ကိုင်နိုင်မယ်၊ သူတို့က ဝိဉာဉ်လက်နက်တွေ ကိုင်နိုင်အချိန် မင်းတို့က စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တွေ ကိုင်နိုင်မယ်ဆိုရင် သူတို့ကို လက်နက်နဲ့တင် သေအောင် ပေါက်သတ်လို့ မရဘူးလား”

တဆက်ထဲမှာပင် တပည့်များအားလုံး ဝမ်းမြောက်ဝမ်းသာ ဩဘာပေးလိုက်ကြသည်။

ရန်ကျောက်ကဲက လူအုပ်အား တိတ်ဆိတ်ရန် သူ့လက်ကို ရမ်း၍ အချက်ပြလိုက်သည်။ “ကြိုးကြိုးစားစား ကျင့်ကြံကြ၊ မင်းတို့အားလုံးက ငါတို့ဝါဒတောင်ဂိုဏ်းရဲ့ အနာဂါတ်ကို ကိုယ်စားပြုတယ်”

တပည့်အားလုံးက တညီတညာတည်း ဟစ်ကြွးလိုက်ကြသည်။ “ကျွန်တော်တို့ နိမ့်နိမ့်ချချ၊ ဝိရိယရှိရှိနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ကျင့်ကြံပါ့မယ်၊ ဝါဒတောင်ဂိုဏ်း၏ နာမည် ကမ္ဘာတုန်ဟီးစေရမည်………”

တကယ်တော့ ရန်ကျောက်ကဲသည် ငယ်စဉ်ကပင် ကျော်ကြားခဲ့သူဖြစ်သည်။ သူ၏ ရှိရင်းစွဲအသက်က ရီကျင်း၊ စစ်ခုန်ချင်းနှင့် သူ့ရှေ့က အခြားသူများထက် သိပ် မကြီးသေးပေ။ သူတို့နှင့် သူက မျိုးဆက်တစ်ခုထဲ မဟုတ်သကဲ့သို့ သူတို့အား ဝါဒတောင်ဂိုဏ်း၏ အနာဂါတ်ဟု ခေါ်ခြင်းက အတော် မအပ်စပ်သလို ဖြစ်နေသည်။

သို့သော် လက်ရှိလူများအတွက်မူ လူတစ်ယောက်က လွဲ၍ မည်သူကမျှ ဤသည်ကို ထူးဆန်းသည်ဟု မတွေးကြချေ။

ရန်ကျောက်ကဲနှင့် ရီကျင်းတိုကြား နှိုင်းယှဉ်မှုများကို လူအများက မေ့လျော့ကုန်ကြပြီးဖြစ်သည်။
တကယ်တော့ သူတို့နှစ်ယောက်က တစ်ဆင့်ထဲ မဟုတ်ကြပေ။ သူတို့ စဉ်းစားသော ပြဿနာများ၊ သူတို့တွေးခေါ်သည့်ပုံစံ အမြင်ဖြစ်စေ ရှု့ထောင့်ဖြစ်စေ အများကြီး ကွာဟနေသည်။

အခြားအရာများ မစဉ်းစားဘဲ နေလျှင်ပင် ရန်ကျောက်ကဲ၏ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတည်ဆောက်ပုံကို ပြန်လည်ဖော်ထုတ်နိုင်မှုက ကမ္ဘာ့စင်မြင့်ပေါ်တွင် ဝါဒတောင်ဂိုဏ်း၏ ဩဇာနှင့် ရပ်တည်မှုကို အများကြီး အကျိုးဖြစ်ထွန်းနိုင်သည်။

ဤကဲ့သို့ စွမ်းဆောင်မှုမျိုးက သာမာန်ဂိုဏ်းသားတစ်ယောက် နှိုင်းယှဉ်နိုင်သော အရာမျိုး မဟုတ်ပေ။

ထို့အပြင် ရန်ကျောက်ကဲ ကိုယ်တိုင်ကလည်း မကောင်းဆိုးဝါးလို(မွန်းစတားလို) ပါရမီရှင်တစ်ဦးဖြစ်နေသေးသည်။

တန်းတူရွယ်တူများကြားတွင် ချွန်ထွက်နေစေရန် ကြိုးစားစဉ်မှာပင် ရန်ကျောက်ကဲက သူ၏ရည်မှန်းချက်များကို ဂိုဏ်းတစ်ဂိုဏ်းလုံး တိုးတက်ရေးသို့ ရှေးရှု့ပြီး ဖြစ်သည်။

အကြီးအကဲခွိုင်က သူ၏ ပြုံးသယောင်ယောင် မျက်နှာကို ပြန်လည် ထိန်းသိမ်းလိုက်သည်။ “သိုင်းတူလေးရန်၊ မင်းက ဝါဒတောင်ဂိုဏ်းရဲ့ ဒေါက်တိုင်၊ ငါတို့ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်၊ ဒါပေမယ့် ဒီကိစ္စကို ဂိုဏ်းကို အလျင်အမြန် သတင်းပို့သင့်တယ် ပြီးတော့…”

ရန်ကျောက်ကဲက ကြားဖြတ်ပြောလိုက်သည်။ “အကြီးအကဲခွိုင် ကိုယ်တိုင် ဒုက္ခခံနေစရာမလိုပါဘူး၊ ဒီကိစ္စကို ကျွန်တော် မနေ့ကဘဲ သတင်းပို့ပြီးပါပြီ၊ သိုင်းဘိုးဘေးနဲ့ အဖေလည်း သိနေပါပြီ၊ တကယ်တော့ အဖေက ကျွန်တော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို သုသေသနလုပ်ဖို့အတွက် ယူသွားပြီ၊ အခု အကြီးအကဲခွိုင် ရှေ့မှာ တွေ့နေရတဲ့ မီးပြင်းဖိုက ကျွန်တော် အပျော်သဘောနဲ့ လုပ်ထားတဲ့ ပုံတူပွားပဲ”

အကြီးအကဲခွိုင်၏ အဖြူရောင်မုတ်ဆိတ်များ တွန့်လိမ်သွားသည်။ သို့သော် ဟန်လုပ်ပြီး ဆက်ပြုံးထားလိုက်သည်။ “ဒါက အံ့ဩစရာသတင်းကောင်းပဲ၊ ဒါပေမယ့် ဒါကို လျို့ဝှက်ချက် အနေနဲ့ ထိန်းသိမ်းထားသင့်တယ်၊ ဒီသတင်းသာ အခြားထိပ်သီးနယ်မြေတွေကို ပေါက်ကြားသွားရင် ငါတို့ဝါဒတောင်ဂိုဏ်းကို ဒုက္ခလာပေးနိုင်တယ်၊ သိုင်းတူလေးရန်ရဲ့လုပ်ရပ်တွေက အတော် သတိလက်လွတ်နိုင်တာပဲ”

ရန်ကျောက်ကဲက ညင်သာစွာ ရယ်မောလိုက်သည်။ “မကြာခင် တရားဝင် ကြေငြာချက် ထုတ်ပြန်တော့မှာပါ၊ အကြီးအကဲခွိုင်ရဲ့အဆင်အတန်းနဲ့ဆို မနက်ဖြန်လောက်ရောက်ရင် သိရလောက်မှာပါ၊ သိုင်းဘိုးဘေးက ဘာလို့ဒီလိုဆုံးဖြတ်ချက်ကို ချမှတ်လဲဆိုတာတော့ ကျွန်တော့အဆင့်နဲ့ ထင်မြင်ချက်ပေးသင့်တာမျိုးမဟုတ်ဘူး၊ အကြီးအကဲခွိုင်လည်း ဒီလိုမျိုးတွေးရင် အကောင်းဆုံးဖြစ်မှာပါ”

အကြီးအကဲခွိုင်၏မျက်နှာ အနည်းငယ် တောင့်တင်းသွားသည်။ သူသည် ရန်ကျောက်ကဲက မမျှော်လင့်ဘဲ သူ့အရှေ့သို့ ဖြတ်လျှောက်လာသည်ကို ကြည့်နေသည်။

ထိုအချိန် ရန်ကျောက်ကူး၏အပြုံးက သိသိသာသာ အေးစက်သွား၏။  “ဒီလိုမြင့်မားတဲ့အဆင့်အတန်း၊ ဒီလိုမြင့်မားတဲ့ရာထူးနဲ့၊ လက်ထောက်အကြီးအကဲ….. ဟုတ်လား၊ လူငယ်မျိုးဆက်တပည့်တွေကတော့ ဒီနေ့ကိစ္စနဲ့ပတ်သတ်ပြီး ခင်ဗျားကို အထင်သေးကုန်ကြလိမ့်မယ်၊ အနာဂတ်မှာ ခင်ဗျားရဲ့ သဘောကောင်းပြီးကြင်နာတတ်တဲ့ အဘိုးကြီးပုံစံကို ဆက်ဟန်ဆောင်နေလိုက်၊ ဒါပေမယ့် ကျွန်တော့ကို အရှက်ခွဲဖို့ ကြိုးစားလို့ ကျွန်တော်က ဂျူနီယာညီလေးရီကို အငြိုးထားမယ်၊ ပြီးတော့ ခင်ဗျားကို ဘာမှ မလုပ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား”

Zawgyi

အခန်း ၅ နှစ်ယောက်က အဆင့်တစ်ခုထဲမှာ မဟုတ်ဘူး

Comment

  1. heintayzar955588257 says:

    ☹☹☹☹☹

Leave a Reply

Options

not work with dark mode
Reset