အခန်း (၃) ကောင်းမွန်စွာ သရုပ်ဆောင်သွားခြင်း
စစ်ခုန်ချင်းသည် ရန်ကျောက်ကဲကို ကြည့်လျက် အသေးစိတ် အကဲခတ်နေပုံရသည်။ သူတို့အားလုံးသည် နာမည်ဆိုးနှင့်ကျော်ကြားသည့် အန္တရာယ်နယ်မြေ နဂါးချုပ်လှောင်ခြင်းချောက်နက်သို့ ဦးတည်သွားကြမည်ဖြစ်၏။ ဤခရီး၏ ခေါင်းဆောင်ဖြစ်သော ရန်ကျောက်ကဲသည် ရီကျင်းအား ဒုက္ခပေးခဲ့ပါက ရီကျင်းအဖို့ ဤခရီးတွင် အသက်ရှင်နိုင်ရန် ခဲယင်းမည်ဖြစ်သည်။
အခြားသူများ၏ အတွေးတို့မှာ များစွာ ရိုးရှင်း၏။ တချို့က စီနီယာအကိုကြီးရန်ကဲ့သို့ အစွမ်းထက်သောလူက လေ့ကျင့်ရေးခရီးကို ဦးဆောင်လိုက်ပါမည့်အတွက် ဝမ်းမြောက်နေကြသည်။ အခြားလူများက ရန်ကျောက်ကဲကို စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်း သူတို့က သူနှင့် မိတ်ဆွေဖြစ်၍ သူ့ထံမှ မျက်နှာသာပေးမှုကို လိုချင်နေပုံရသည်။
လူအုပ်ထဲမှ အကြောင်းသိအနည်းငယ်ကတော့ ပွဲကောင်းတစ်ပွဲ ကြည့်နေသကဲ့သို့ ရီကျင်းအား ကြည့်နေကြ၏။
ရီကျင်း၏မျက်ခုံးများ တင်းတင်းကြပ်ကြပ် ကျုံ့သွား၏။ ဤဂိုဏ်းသို့ ရောက်လာပြီးနောက် သူ အများကြီး သိလာရသည်။
သူ့ရှေ့မှ သူ့ထက် အနည်းငယ် အသက်ကြီးသော လူငယ်သည် မြင့်မားသောကျင့်ကြံမှုနှင့် စွမ်းအားရှိရုံသာမက ဂိုဏ်းအတွင်း ကြီးမားသော နောက်ခံကိုလည်း ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲ၏ဖခင်သည် ဂိုဏ်းထဲတွင် ဩဇာအကြီးဆုံး အကြီးအကဲတစ်ဦးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကို ထည့်မတွက်လျှင်တောင်မှ သူ၏ရာထူးနှင့် ဩဇာအာဏာက ဂိုဏ်းအတွင်း ထိပ်ဆုံးငါးယောက် ဝင်၏။ သူသည် ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်တစ်ဦးဖြစ်ရုံသာမက ဂိုဏ်းချုပ်၏ဆက်ခံသူနေရာအတွက် ရေပန်းစားနေသူလည်း ဖြစ်သည်။
ရီကျင်း၏ လက်သီးများ တင်းတင်းကြပ်ကြပ် ဆုပ်ထား၏။ သူ၏မျက်လုံးများက ရှောင်လွဲမနေ၊ အားနည်းမှုကို ပြသမနေဘဲ ရန်ကျောက်ကဲထံသို့သာ စူးစူးစိုက်စိုက် ကြည့်နေ၏။
“အရှုံးမပေးတဲ့စိတ်ဓာတ်အပြည့်ဆိုတဲ့ မျက်လုံးတွေလား” ရီရမည်လော၊ ငိုရမည်လောပင် မသိဘဲ ရန်ကျောက်ကဲ၏အကြည့်များသည် ခန်းမဘေးမှ လှေကားထစ်များဆီသို့ ရောက်သွားသည်။ “မင်္ဂလာပါ၊ အကြီးအကဲခွိုင်”
တခေါင်းလုံးဖြူဖွေးနေသော အဖိုးကြီးတစ်ဦး လှေကားဝမှ တက်လာသည်။ သူ့ကိုမြင်သောအခါ ရီကျင်းနှင့်အခြားသူများလည်း အလျင်အမြန် ဂါဝရပြုလိုက်ကြသည်။ “လေးစားအပ်ပါသောအကြီးအကဲကို တပည့်တို့ ဂါဝရပြုပါတယ်…”
ဆံပင်ဖြူနှင့် အကြီးအကဲသည် ရန်ကျောက်ကဲနှင့် မနေ့က တွေ့ခဲ့သော သက်လတ်ပိုင်းလူကြီးကဲ့သို့ တာဝန်ခန်းမ၏ လက်ထောက်အကြီးအကဲတစ်ဦးဖြစ်သည်။
ရီကျင်းနှင့် အခြားသူများအတွက်မူ သူ၏ကျင့်ကြံမှုအရဖြစ်စေ ရာထူးအဆင့်အတန်းအရဖြစ်စေ သူသည် အစွမ်းထက်ပြီး လေးစားမှုနှင့်ထိုက်တန်သော လူတစ်ယောက်ဖြစ်လေသည်။
လူအိုကြီးက ရန်ကျောက်ကဲအား ပြုံးလျက် “တူလေးရန်၊ မင်းရောက်လာပြီပဲ
ကောင်းတယ်… ကောင်းတယ်”
ရန်ကျောက်ကဲက “အကြီးအကဲခွိုင်…
ဒီလိုမှတော့ နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ လက်ရှိအခြေအနေတွေကို ကျွန်တော့ကိုယ်စား အကြီးအကဲခွိုင်ကပဲ ရှင်းပြပေးပါလား”
အကြီးအကဲခွိုင်သည် ရန်ကျောက်ကဲ၊ ရီချင်း၊ စစ်ခုန်ချင်းနှင့် ကျန်လူများကို ဝေ့ကြည့်၍ ပြုံးရင်း ပြောလိုက်၏။
“နဂါးချုပ်လှောင်ခြင်းချောက်နက်က မမျှော်လင့်ဘဲ မြူတွေတက်လာတယ်၊ ဒီအခြေအနေကို အနီးအနားက အင်အားစုတွေပေါင်းပြီး လောလောဆယ် ဖြေရှင်းထားတယ်၊ ဒီတစ်ကြိမ် မင်းတို့ရဲ့ တာဝန်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို ဆင်းပြီး မူမမှန်တဲ့ အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးဖို့ပဲ” သူ စကားစကို ရပ်လိုက်ပြီး ရန်ကျောက်ကဲအား ကြည့်လိုက်၏။
“ပုံမှန်အတိုင်းဆို ဒီတာဝန်က အခြေအနေကို စစ်ဆေးပြီး ပြန်တင်ပြရုံလောက်ပဲ၊ ဒါပေမယ့် မင်းတို့အဖွဲ့ ဆုံးဖြတ်ချက်ဖို့လိုမယ့် မမျှော်လင့်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရနိုင်တယ်၊ ဒီလူအိုကြီးက မင်းရဲ့စွမ်းရည်ကို ယုံပြီးသားပါ သိုင်းတူလေးရန်၊ သိုင်းတူလေးရန် သဘောရှိသာ လှုပ်ရှားပါ”
ရန်ကျောက်ကဲက ရယ်မောလိုက်သည်။
“အကြီးအကဲခွိုင် မြှောက်ပင့်လွန်းပါပြီ”
အကြီးအကဲခွိုင်ပါ အတူတူ ရယ်မောလိုက်ပြီး ရီကျင်းအပါအဝင် လူသုံးယောက်အား ကြည့်လိုက်သည်။ “မင်းတို့သုံးယောက် လူငယ်သိုင်းပြိုင်ပွဲက ဆုအနေနဲ့ ဝိဉာဉ်လက်နက် တစ်ယောက်တစ်ခု ရထားတယ်မလား၊ အဲ့ဝိဉာဉ်လက်နက်တွေကို အားဖြည့်ပေးပြီး ဘယ်လိုအသုံးပြုရလဲဆိုတာ တော်တော် နားလည်နေပြီလား”
ရီကျင်းနှင့် အခြားသူနှစ်ဦးက လေးစားမှုရှိသောလေသံဖြင့် ပြန်ဖြေလိုက်ကြသည်။ “ဝိဉာဉ်လက်နက်တွေ ရရှိကထဲက ကျွန်တော်တို့တပည့်တွေ ဝိဉာဉ်လက်နက်တွေကို အဆက်မပြတ် အားဖြည့်ပေးပြီး ဆက်လက်လေ့ကျင့်နေကြပါတယ်၊ ကျွန်တော်တို့ အခြေခံလောက်တော့ ထိန်းချုပ်နိုင်ပါပြီ”
ဤကမ္ဘာ၌ သာမာန်လက်နက်များနှင့် ခုခံရေးပစ္စည်းများကို သေမျိုးကိရိယာများဟု ခေါ်ကြသည်။ သေမျိုးကိရိယာ၏အထက်တွင် တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်၊ ဝိဉာဉ်လက်နက်၊ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်နှင့် အထွတ်အမြတ် ဝိဉာဉ်လက်နက်ဟူ၍ အဆင့်ဆင့်ရှိကြသည်။
အဆင့်မြင့် တိုက်ခိုက်ရေးလက်နက်များနှင့် ခုခံရေးပစ္စည်းများသည် သူတို့ကိုယ်၌ကပင် စွမ်းအားကြီးမားလှကာ ကောင်းကင်ကို ထိုးဖောက်ပြီး မြေကြီးကိုနှစ်ခြမ်းကွဲနိုင်သည်အထိ စွမ်းဆောင်နိုင်သည်။
သို့သော် သာမာန်လက်မှုပညာရှင်များသည် သေမျိုးကိရိယာများကိုသာ ဖန်တီးနိုင်၏။ ထို့ထက် အဆင့်မြင့်သော လက်နက်များကိုမူ သိုင်းကျင့်ကြံသူများကသာ သန့်စင်နိုင်၏။ ထပ်ပြောရလျှင် ထိုရှေးဟောင်းပစ္စည်းကို သန့်စင်မည့် ကျင့်ကြံသူသည် ထိုရှေးဟောင်းပစ္စည်းအဆင့်နှင့်ကိုက်ညီသော ကျင့်ကြံခြင်းအဆင့်ရှိရန် လိုအပ်သည်။
ထိုမျှသာမက ဝိဉာဉ်လက်နက်သန့်စင်ခြင်းဟူသည် လူတိုင်း သင်ယူနိုင်သော အရာမျိုး မဟုတ်ပေ။ ယင်းပညာရပ်ကို နားလည်နိုင်ရန် အလွန်အမင်း ခက်ခဲသည်။ လိုအပ်သော ပစ္စည်းများက ရှားပါးလွန်းသည်။ အချုပ်ပြောရလျှင် လက်ရှိကမ္ဘာတွင် သိုင်းကျင့်ကြံသူအရေအတွက်နှင့် ယှဉ်လျှင် အဆင့်တူ ဝိဉာဉ်လက်နက်အရေအတွက်က နည်းပါးလွန်းသည်။
ဝါဒတောင်ဂိုဏ်းကဲ့သို့ ထိပ်သီးနယ်မြေများကသာ သူတို့၏ တပည့်များကို ဝိဉာဉ်လက်နက်များ ဆုချီးမြှင့်နိုင်သည့် အင်အားရှိပေသည်။
ရီကျင်းနှင့်ကျန်လူနှစ်ယောက်သည် တက်သစ်စ လူငယ် သိုင်းပြိုင်ပွဲတွင် ထိပ်ဆုံးသုံးနေရာရရှိခဲ့ကြသူများ ဖြစ်သည်။ သူတို့ရရှိသော ဝိဉာဉ်လက်နက်များကပင် အခြားသူများ အားကျစွာ ကြည့်ရန် လုံလောက်ပေသည်။
အကြီးအကဲခွိုင် ခေါင်းငြိမ့်လိုက်၏။ “ဝိဉာဉ်လက်နက်တွေမှာ ဝိဉာဉ်ရှိတယ်၊ မင်းတို့ မပျင်းရိဘဲ သူတို့ကို ဆက်တိုက်အားဖြည့်ပေးရင်
ရန်သူနဲ့ မင်းတို့ ရင်ဆိုင်ရချိန်မှာ သူတို့ရဲ့ အထူးအစွမ်းနဲ့ မင်းတို့ကို အကူအညီလိမ့်မယ်”
ရီကျင်းနှင့် အခြားနှစ်ယောက်တို့ ချက်ချင်း ခေါင်းငြိမ့်လိုက်ကြသည်။ ဆုချီးမြှင့်သော ဝိဉာဉ်လက်နက်များက အဆင့်နိမ့်ဖြစ်သော်လည်း လက်ရှိသူတို့အတွက်မူ သူတို့၏ကမ္ဘာကိုပြောင်းလဲနိုင်သော အဆင့်မြင့်ရတနာကြီးများ ဖြစ်သည်။
တကယ်တော့ သူတို့၏လက်ရှိကျင့်ကြံမှုအရ တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်များကိုသာ ထိန်းချုပ်နိုင်သည်။ သူတို့ရရှိသော ဝိဉာဉ်လက်နက်များသည် အလွန်အမင်းတန်ဖိုးကြီးပစ္စည်းများဟု ဆိုနိုင်သည်။
အကယ်၍ သူတို့သာ ဝါဒတောင်ဂိုဏ်းသား မဟုတ်ပါက တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်တစ်ခုရှိလျှင်ပင် မိုးကောင်းကင်၏မျက်နှာသာပေးမှုဟု ဆိုနိုင်၏။
ရီကျင်းတို့သုံးယောက်နှင့် အဆင့်တူသော ကျင့်ကြံသူများအနက် သေမျိုးလက်နက်ပိုင်ဆိုင်သူများသည် ဤကမ္ဘာပေါ်တွင် မရေမတွက်နိုင်အောင် များပြား၏။
အကြီးအကဲခွိုင်က စစ်ခုန်ချင်း၊ ရီကျင်းနှင့် ကျန်လူများကို ကြည့်လိုက်၏။ “မင်းတို့ရှစ်ယောက်က တပည့်အသစ်တွေပဲ၊ မင်းတို့လည်း တာဝန်တွေကို ခွဲယူရမယ်၊ ဒါပေမယ့် မင်းတို့က အတွေ့အကြုံ အတော် နည်းတယ်၊ မင်းတို့ရှစ်ယောက် အထူးဂရုစိုက်ကြပါ”
စစ်ခုန်ချင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီတပည့် သဘောပေါက်ပါတယ်”
ကျန်ခုနစ်ယောက်ကလည်း သဘောတူကြောင်း အသံများ ထုတ်ဖော်လိုက်ကြသည်။
အကြီးအကဲခွိုင်သည် ခရီးသို့ လိုက်ပါမည့် ဆယ့်ခြောက်ယောက်အား အသေးစိတ်ကြည့်ရှု့ရင်း မုတ်ဆိတ်မွေးကို သပ်နေ၏။
သူ့အကြည့်က ရီကျင်းဆီသို့ ရုတ်တရက် ကျရောက်သွားကာ အံ့အားသင့်နေဟန်ဖြင့် “ဟမ်….. မင်းရဲ့ ကျင့်ကြံခြင်း…၊ မင်း ဒန်တျန်ချီပင်လယ်တောင် တည်ဆောက်ပြီးပြီပဲ၊ လူငယ် သိုင်းပြိုင်ပွဲတုန်းက မင်း ဒီအဆင့်မဟုတ်ပါဘူး၊ ဒီအချိန်တိုလေးအတွင်း… မင်းအဆင့်တစ်ဆင့်တောင် ခုန်တက်လာတာပဲ”
မနိမ့်ချ၊မဝင့်ဝါသာ အမူအရာဖြင့် ရီကျင်းက ပြုံးရင်း “ဂိုဏ်းက ထောက်ပံ့ပေးတဲ့ နည်းစနစ်နဲ့ အရင်းအမြစ်တွေက ကျွန်တော့ကလန်ကထက် အများကြီး သာလွန်ပါတယ်”
“မင်း ဂိုဏ်းကို ရောက်တာ ခဏပဲ ရှိသေးတယ်၊ ဒါ မင်းရဲ့ ထူးခြားတဲ့ သိုင်းပါရမီကြောင့်ပဲ” အကြီးအကဲခွိုင်က ချီးကျူးလိုက်သည်။
ထိုအချိန်တွင် ရီကျင်းနှင့်အတူတူ ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော လူငယ်တပည့်များ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသည်။
“အရင်တုန်းက သူက လူငယ်သိုင်းပြိုင်ပွဲမှာ နံပါတ် ၁၊ အချိန်ခဏလေးပဲရှိသေးတယ် သူ နောက်တစ်ဆင့် တက်သွားပြန်ပြီ”
“သူ့ကို ငါ အချိန်နည်းနည်းကြာရင် လိုက်မီမယ်လို့ တွေးထားတာ၊ ငါတို့ကြား ကွာခြားမှုက ဒီလောက်ကြီးမားမယ်လို့ မထင်ခဲ့ဘူး” လူငယ်တစ်ဦးက ခေါင်းတရမ်းရမ်းနှင့် ပြောလိုက်၏။
“သူ့နောက်ခံက စီနီယာအကိုကြီးရန်လောက် မကောင်းပေမယ့်….
ဒါ… ဒါ… ဒါကမှ တကယ့်ပါရမီရှင်ပဲ” တစ်ယောက်ကလည်း အံ့ဩတကြီး ပြောဆိုလိုက်ပြန်သည်။
ထိုအချိန်တွင် အကြီးအကဲခွိုင်က တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် “ဒီအဘိုးကြီး အခုမှ တွေးမိတယ်၊ ငါ မှတ်မိတဲ့အတိုင်းဆို မင်းကျင့်ကြံတာ သုံးနှစ်လောက်ပဲ ရှိသေးတာ မလား”
ရီကျင်းက “ဟုတ်ကဲ့ အကြီးအကဲ၊ ကျွန်တော်ငယ်ငယ်တုန်းက ကျန်းမာရေးမကောင်းလို့ အခြေခံ မတည်ဆောက်နိုင်ခဲ့ဘူး၊ ကျင့်ကြံခြင်းနည်းစနစ်တွေ သိုင်းတွေကို အသက် ဆယ့်သုံးနှစ်ရောက်မှ စတင် ထိတွေ့ခဲ့တာပါ”
အကြီးအကဲခွိုင်က အလွန် နွေးထွေးသော ပုံစံဖြင့် ရယ်မောလိုက်သည်။
“ကောင်းတယ်… အရမ်းကောင်းတယ်ကွာ…”
တစ်ဖက်တွင် ရပ်နေသော ရန်ကျောက်ကဲက ဤအဖြစ်အပျက်ကို ကြည့်ရင်း နှုတ်ခမ်းများ မဲ့ရွဲ့နေ၏။ “ဒီလောက်မရိုးရှင်းမှန်း ထင်သားပဲ၊ လတ်စသတ်တော့ ဒါကို ပြောချင်လို့ကိုး”
ရန်ကျောက်ကဲက အကြီးအကဲခွိုင်အား ပြုံးယောင်ယောင် မျက်နှာဖြင့် ကြည့်လိုက်သည်။
တပည့်အချို့က တစ်စုံတစ်ခုကို သတိရသွားပြီး ရန်ကျောက်ကဲအား တိတ်တဆိတ် ခိုးကြည့်နေကြ၏။
အကြီးအကဲခွိုင်သည် ရန်ကျောက်ကဲနှင့် ရီကျင်းတို့ကြား တစ်လှည့်စီ ကြည့်ကာ သဘောကျမိဟန်ဖြင့် သက်ပြင်းချလိုက်၏။ “ငါမှတ်မိတဲ့အတိုင်းဆို သိုင်းတူလေးရန်က ဒန်တျန်မှာ ချီပင်လယ် တည်ဆောက်ဖို့ သုံးနှစ်လောက် အချိန်ယူခဲ့ရတယ်နော်၊ မိုးကောင်ကင်က ငါတို့ ဝါဒတောင်ဂိုဏ်းကို ကူညီနေတာပဲ၊ ပါရမီတွေထဲက ပါရမီရှင်နောက်တစ်ဦး ပေါ်ထွက်လာခဲ့ပြီ”
လူတိုင်း၏မျက်နှာများမှာ မယုံကြည်နိုင်ဟန်၊သံသယဖြစ်ဟန်များနှင့် ပြည့်နှက်နေပြီး ရန်ကျောက်ကဲနှင့် ရီကျင်းအား ခေါက်တုံ့ခေါက်ပြန် ကြည့်နေကြ၏။
“အရင်တုန်းက ရီကျင်းရဲ့ အခြေအနေတွေကို နားမလည်ခဲ့ဘူး၊ တကယ်တော့ သူ စတင် ကျင့်ကြံတာ သုံးနှစ်ပဲ ရှိသေးတာပဲ”
“မဟုတ်သေးဘူး…. စီနီယာအကိုကြီးရန်က ဝါဒတောင်ပေါ်မှာ အကြီးအကဲရန်ရဲ့ တိုက်ရိုက်လမ်းညွှန်မှုအောက်မှာ ကြီးပြင်းလာတာ၊ အကိုကြီးရန်ရဲ့ ကျင့်ကြံမှုပတ်ဝန်းကျင်တွေ အခြေအနေတွေ နည်းစနစ်တွေ အရင်းအမြစ်တွေ ပြီးတော့ သိုင်းအမွေတွေ ဘယ်ဘက်ကကြည့်ကြည့် ရီကျင်းထက် အဖက်ဖက်က သာလွန်တာပဲ”
“အဲ့တာဆို ဒီရီကျင်းကတောင် ပိုပြီး… ပိုပြီး… ဘုရားရေ… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရီကျင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်လုံးများကို ပင့်လျက် ကျောကို မတ်လိုက်ရင်း ရန်ကျောက်ကဲအား တည်ငြိမ်စွာ ကြည့်နေ၏။ သူကား မိုးကောင်ကင်ကို ထိုးဖောက်မည့် လှံတစ်စင်းကဲ့သို့ပင်။
ရန်ကျောက်ကဲက သူ့အား ပြန်မကြည့်ပေ။ သူ့စိတ်ဝင်စားမှုက ပြုံးနေသော အကြီးအကဲခွိုင်ထံသို့သာ ရောက်နေ၏။
လူငယ်မျိုးဆက်၏ အခြားတပည့်များက ဤလူ၏ နောက်ကြောင်းကို မသိလျှင် မသိဘဲ ရှိလိမ့်မည်။ သူက အဘယ်သို့ မသိဘဲ နေမည်နည်း။
သည်အဘိုးကြီးသည် သူ၏ဒုတိယဦးလေးကို ထောက်ခံသော လူတစ်ယောက်ဖြစ်သည်။ သူ၏ဒုတိယဦးလေးသည် ဝါဒတောင်ဂိုဏ်း၏ ဆက်ခံသူနေရာနှင့် နောက်တက်မည့် ဂိုဏ်းချုပ်ရာထူးအတွက် သူ့အဖေ၏ ပြိုင်ဘက်ဖြစ်သည်။
ရန်ကျောက်ကဲသည် တခဏမျှ မျက်လုံးမှေးလိုက်ပြီး စိတ်ထဲတွင် ကြိတ်ရယ်နေတော့သည်။
Zawgyi
အခန်း ၃ ကောင်းမွန်စွာ သရုပ်ဆောင်သွားခြင်း