အခန်း ၁၇၇၄

အကန့်အသတ်

မဆိုးဘူးဟုတ်လား…။မုချန်းကီ၏စကားကိုကြားလိုက်ရသည့်အခါ အံ့အားသင့်သွားပြီး လူတိုင်း အထူးသဖြင့်‌ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက အလွန်အံအားသင့်သွားကြသည်။ သူသည် “မဆိုးပါဘူး”ဟုပြောပြီး ရီဖူရှင်းအား ချီးကျူးလိုက်သည်လား။

မုချန်းကီ၏ဓားအား တားဆီးနိုင်ခဲ့သဖြင့် သူ့အရည်အချင်းသည်မဆိုးဘူးတဲ့လား…

သူ၏စကားပြောပုံသည် ဆရာတစ်ယောက်မှ တပည့်အားပြောနေသကဲ့သို့ဖြစ်သည်။

ရီဖူရှင်းကဲ့သို့‌သောပြိုင်ဘက်နှင့်ရင်ဆိုင်နေရသည်ကိုပင် မုချန်းကီသည် သူ၏ရန်သူက သူ့ပြိုင်ဘက်မဟုတ်ဟုတွေးနေပုံပေါ်သည်။သို့သော် ဤသည်က မထူးဆန်းပေ။ သူသည် ပြင်ပဘုံရှိကောင်းကင်ဒေသမှအင်အားစုတစ်ခုဖြစ်သည့် ထိုက်ချူတော်ဝင်မြေမှ အသန်မာဆုံးသောကျင့်ကြံသူဖြစ်သည်။ သူသည် သူတို့အင်အားစု၏အကြွင်းမဲ့ကိုယ်စားပြုသူဖြစ်သည်။ ဤပြိုင်ပွဲတွင် သူသာရှုံးနိမ့်ခဲ့မည်ဆိုလျှင် သူတို့သည်အမှန်တကယ်ရှုံးနိမ့်သွားပြီဟုဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏စွမ်းအားကို အမှန်တကယ်ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။

ထိုသို့ဆိုလျှင်ပင် သူသည်ကြမ်းကြုတ်သန်မာနေဆဲဖြစ်သည်။

သူသည် ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး လက်နှစ်ဖက်ဖြင့်မြှောက်လိုက်သည်။ရုတ်တရတ်‌ေကာင်းကင်မှဓားပုံစံ၏အဆုံးမရှိသောဓားအသိသည် ရွှေရောင်မီးတောက်များကဲ့သို့ သူ၏ဓားထံ စီးဝင်သွားသည်။ ဓားမှကြောက်မက်ဖွယ်ရွှေရောင်အလင်းတန်းက တောက်ပလာပြီး ဓားသွားပုံစံဖြင့် အထက်မှဓားပုံစံကွက်ထံသို့ ထိုးဖောက်ဝင်ရောက်လာသည်။

မုချန်းကီ၏ခန္ဓာကိုယ်သည် ဓားအသိဖြင့်ကာကွယ်ထားပုံရသည်။ သူသည် တင်းတင်းဆုပ်ထားသည်ကိုလွှတ်လိုက်ပြီး ရုတ်တရတ်သူ၏ဓားမှ ထိခိုက်သံကျယ်လောင်စွာထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်ပုံရိပ်များက သူ၏ဘေးပတ်လည်တွင်ပေါ်လာသည်။

သူသည် ဓားကိုလှည့်လ်ိုက်ပြီး ရီဖူရှင်းအားချိန်ရွယ်လိုက်သည်။

မုချန်းကီသည် လက်ဖြင့် ချိတ်စည်းသဏ္ဍာန်ကိုဖော်လိုက်ပြီး အောက်ကိုညွှန်လိုက်သည်။

ဝှစ်…

ရွှေရောင်မီးတောက်သည် ကောင်းကင်ကိုထိုးဖောက်ဝင်ရောက်ကာလေထုထဲတွင်အလွန်တောက်ပနေသောဓားချက်များကိုချန်ထားရစ်ခဲ့ကာ နေရာတစ်လုံးကိုရွှေရောင်လွှမ်းသွားစေခဲ့သည်။

ထိုက်အဲနတ်ဓားသည် ယခင်ဓားထက်ပို၍အားကောင်းလှသည်။

ကြောက်မယ်ဖွယ်ဓားအသိသည် ရီဖူရှင်း၏ဘေးပတ်လည်တွင်လည်း စီးဆင်းနေသည်။သူ၏ပြိုင်ဘက်လုပ်နေသည့်အရာကို သူမြင်သောအခါသူကိုယ်တိုင်လည်းအလားတူလှုပ်ရှားမှုပြုလုပ်ခဲ့သည်။သူသည်ကောင်းကင်သို့ချိန်ရွယ်လိုက်ပြီးနောက် လေကိုဖြတ်၍ကြောက်မက်ဖွယ်အဖျက်စွမ်းအားကိုသယ်ဆောင်လာသည့် ဓားတစ်လက်ထွက်ပေါ်လာသည်။ ဓားဖြတ်သွားသည့်‌ေနရာတိုင်းမှအရာအားလုံးသည်ပျက်ဆီးသွားသလိုပင်ဖြစ်သည်။

ဤသည်မှာ သူလေ့ကျင့်သင်ယူခဲ့သည့် ဟွေ့ဓားချက်ပင်ဖြစ်သည်။

ဓားနှစ်လက်သည် လေထဲတွင်တပြိုင်နက်ထိခတ်ကာပျက်စီးစေသောမုန်တိုင်းဖြစ်ပေါ်လာစေသည်။ အလင်းတန်းနှင့်စည်းချက်ညီသောဓားအသိ၏ရွှေရောင် ရောင်စဉ်တန်းများသည်အချင်းချင်းဖျက်ဆီးလိုက်ကြသည်။နတ်ဓားများသည် အချင်းချင်းမဖျက်ဆီးနိုင်သည့်ဟန်ပေါ်ကာ ဓားနှစ်လက်အချင်းချင်းထိမိရာမှ စူးရှပြီးကျယ်လောင်သည့်အသံထွက်ပေါ်လာသည်။

“ဒီဟာ‌ရောဘယ်လိုလဲ” ရီဖူရှင်းသည်လေထဲမှတောက်ပသည့်ပုံရိပ်ကိုမော့်ကြည့်ပြီးပြောလိုက်သည်။သူ၏ဆံပင်ဖြူများက လေထဲတွင်ဝဲလွင့်နေသည်။

သူ၏ပထမဓားချက်သည်”မဆိုးဘူး”ဟုအပြောခံခဲ့ရသည်။ ထိုသို့ဆိုလျှင် ဤဓားချက်ကရော မည်သို့နည်း။

မုချန်းကီက ပြုံးလိုက်သည်။ နှိုင်းယှဉ်မရသည့်ကြောက်မက်ဖွယ်ဓားအသိသည်ကောင်းကင်ရှိဓားပုံစံမှလွင့်ထွက်သွားသည်။ထို့နောက် များပြားသည့်ဓားများဖြစ်ပေါ်လာပြီး ထိုထဲမှ ဓားကိုးလက်သည်အစဉ်လိုက်ပေါ်လာသည်။၎င်းတို့သည်သူ၏‌ဘေးပတ်လည်တွင်ပျံဝဲနေပြီးသူ၏ခန္ဓာကိုယ်အားလှည့်ပတ်နေကြသည်။ဓားခုတ်သံများသည်ပို၍ကြောက်မက်ဖွယ်ကောင်းလာလေသည်။

“အခြားတစ်ခုလုပ်ကြရအောင်” မုချန်းကီမှပြောလိုက်သည်။သူ ထိုသို့​ပြောလိုက်ပြီး ဓားကိုးလက်က လေကိုထိုးဖောက်ကာ ရီဖူရှင်းထံသို့တိုးဝင်သွားသည်။လေထုသည်ကွဲထွက်သွားသကဲ့လို့ဓားကိုးလက်အမှတ်အသားနောက်တွင်ကျန်ရစ်ခဲ့သည်။

ဓားများသည်အလွန်လျင်မြန်လွန်းသည်။သူတို့သည် အကန့်အသတ်ကိုအမှန်တကယ်တွန်းပို့ခံလိုက်ရသည်။

မုချန်းကီသည် ရီဖူရှင်းနှင့်မတူပေ။သူသည်ထိုက်ချူလေ့ကျင့်ရေးကွင်း၏ဆက်ခံသူဖြစ်ပြီး သူ့မျိုးဆက်၏အရှင်သခင်ဟုခေါ်ကြသည်။သူသည်ဓားသမားစစ်စစ်ဖြစ်သည်။ ထိုက်အဲဓားအလင်းတန်း၏အောက်တွင် တူညီသောမျိုးဆက်မှ မည်သူတစ်ဦးတစ်ယောက်မျှသူ့အားမယှဉ်နိုင်ပေ။

ရီဖူရှင်း၏ရွှေရောင်နတ်ဆင်နတ်ဝင်ရိုးသည် သူ၏ဒုတိယတန်းစားနတ်ဝင်ရိုးနှင့်အတူအသက်ဝင်လာသည်။ ထိုသို့ဖြစ်သွားသည်နှင့် ပြင်းထန်သည့်စွမ်းအားသည်ထွက်ပေါ်လာပြီး အရာအားလုံးကို တိတ်ဆိတ်သွားစေသည်။ဘေးပတ်လည်တွက် မရေတွက်နိုင်သည့်နတ်ဆင်ပုံရိပ်များပေါ်လာသော်လည်း၎င်းတို့သည် ဓား၏တိုက်ခိုက်မှုအားမတားဆီးနိုင်ခဲ့ပေ။

ဓားများသည်၎င်းတို့၏ပစ်မှတ်ကို‌ေရာက်သည်နှင့်သူ၏ခန္ဓာကိုယ်အားထိုးဖောက်သွားမည်ဖြစ်သည်။

ရီဖူရှင်းသည် နတ်ဆင်လေဟာနယ်ခွင်းလက်သီးဖြင့်ထိုးလိုက်ရာ ရုတ်တရတ် မဆုံးနိုင်သည့်နတ်ဆင်လက်သီးအသိက ကြောက်မက်ဖွယ်ရာဟိန်းသံဖြင့်ပေါ်ထွက်လာသည်။ လက်သီးအသိသည် လာနေသည့်ဓားကိုးလက်ထံသို့ တိုးဝင်သွားသောကြောင့် လေသည်အစိတ်စိတ်အမွှာမွှာကွဲသွားသကဲ့သို့ဖြစ်သွားသည်။

ပြိုင်ဘက်ကင်းနတ်ဓားများသည်ကွဲအက်ခြင်းမရှိပဲ နတ်ဆင်လေဟာနယ်ခွင်းလက်သီးကိုဖြတ်၍ထိုးဖောက်သွားသည်။ထိုဓားများက ရှေ့ဆက်သွားသော်လည်း အလွန်အားလျော့သွားသည်။

ခလွပ်… ထိုဓားများက ကြီးမားသည့်နတ်ဆင်များကိုဖြတ်သန်းသွားသောကြောင့်ဓားရာများက ဆင်များ၏ကိုယ်၌ပေါ်လာသော်လည်း ထိုသည်က ဆင်များအားဖြတ်ကျော်ရန်မလုံလောက်သေးပေ။

ရီဖူရှင်းသည် သူ၏ခံစစ်အား ဓားဖြင့်ဖြိုခွင်းခံရပြီးနောက် လေကိုဖြတ်၍ဓားကဲ့သို့ရဲဝံ့စွာဖြတ်လျှောက်သွားသည်။သူ၏အထက်‌ေလထဲမှဓားနှစ်လက်သည်လည်းကျိုးသွားခဲ့သည်။

ဓားသုံးလက်။မုချန်းကီသည် လေးကြိမ်မြောက်ဓားသုံးလက်ကိုယူဆောင်လာခဲ့ပြီးဓားတစ်လက်စီတိုင်းသည် ယခင်ဓားများထက် ပို၍အားကောင်းလှသည်။

ပထမဓားသည် နတ်ဓားအားတစ်ခဏယှဉ်နိုင်ခဲ့ပြီး ဒုတိယဓားသည်သူ၏ရှုပ်ထွေးသည့်ဓားကျွမ်းကျင်မှုစွမ်းရည်ကိုယှဉ်နိုင်ခဲ့သည်။တတိယဓားသည်သူ၏နတ်ဆင်လက်သီးအသိကိုမှန်ကန်စွာဖြတ်နိုင်ခဲ့သော်လည်း သူ၏နတ်ဆင်ခန္ဓာကိုယ်ဖြင့်ရပ်တန့်ခဲ့သည်။

မုချန်းကီရင်ဆိုင်ခဲ့ဖူးသည့်သူနှင့်အဆင့်တူလူများအားလုံးတွင် ရီဖူရှင်းသည် သံသယဖြစ်စရာမလိုအောင် အသန်မာဆုံးဖြစ်ပြီးသူနှင့်ယှဉ်ပြိုင်နိုင်သည်။

သူသည် ထိုက်ချူတော်ဝင်မြေမှ ဓားအကျော်အမော်ဖြစ်ပြီး ကောင်းကင်ဒေသ၏ အနာဂတ်ဖြစ်သည့် ထူးချွန်သောပုဂ္ဂိုလ်ဖြစ်သည်။သူ၏စွမ်းအားနှင့်အရည်အချင်းသည် သံသယအားလုံးကိုကျော်လွန်ခဲ့သည်။

ရီဖူရှင်းက သူ၏ဓားသုံးလက်အားတားဆီးလိုက်သည်ကို ကောင်းကင်တွင်ရပ်တန့်နေရင်း သူသည်စောင့်ကြည့်နေသည်။ လေဟာနယ်ဘုံရှိ သူ၏မျိုးဆက်တွင် သူသည် အားအကောင်းဆုံးကျင့်ကြံသူဟု ခေါ်ဆိုရန် အမှန်တကယ်ထိုက်တန်သည်ဟု သူ့ကိုယ်သူတွေးထင်နေသည်။ သူက အမှန်တကယ်ပင် အလွန်အရည်အချင်းရှိသည်။

သို့သော်သူသည် ထိုက်အဲဓား၏ သတ္တမအဆင့်ကို ကျင့်ကြံပြီးဖြစ်သည်။ဓားသုံးလက်သည် အစသာဖြစ်သည်။

သူ၏လာမည့်ဓားများသည်ပို၍အားကောင်းလာမည်ဖြစ်သည်။

ဘန်းးး..ကြောက်မက်ဖွယ်ဓားအသိက ဆင်းသက်လာသည်။သူသည် ဓားအရှိန်အဝါများလွှမ်းခြုံ၍ ရပ်နေသောကြောင့် မုချန်းကီသည် ပုံစံပြောင်းလဲသွားပြီဖြစ်သည်။သူ၏သွင်ပြင်သည်တဖြည်းဖြည်း ပို၍ပို၍အားကောင်းလာသည်။ သန့်စင်သောဓားများကဓားအိမ်တွင်သူ့အား ကာထားရန်ဖြစ်ပုံပေါ်သည်။ သူသည် အရင်ကထက်ပို၍အဆင့်မြင့်လာပုံပေါ်ပြီး ယခုအခါအလွန်အားကောင်းလာပြီဖြစ်သည်။

ဘုန်း…

ကြောက်မက်ဖွယ်မုန်တိုင်းသည် သူတို့အပေါ်ကျရောက်လာပြီးကျဆင်းလာသောဓားအသိသည်ပို၍ပြင်းထန်လာသည်။လူတိုင်းသည် ကောင်းကင်အားကြည့်နေကြသည်။ ဤသည်မှာဓားပညာလောကဖြစ်လာပြီး မုချန်းကီသည်ထိုလောက၏သခင် ဓားဘုရင်ဖြစ်ပုံပေါ်သည်။

“ဒါကဓားပညာမှာအဆင့်ဘယ်လောက်လဲ” လူအုပ်အတွင်းရှိတေးသံသာနန်းမြို့တော်မှမင်းသမီးက မေးလိုက်သည်။သူမသည် ဓားအသိ၏မယုံနိုင်‌လောက်သည့်စွမ်းအားကိုကောင်းစွာခံစားနိုင်သော်လည်း ထိုသည်က အမှန်တကယ်မည်သည့်အဆင့်တွင်ရှိသည်ကို သူမသေသေချာချာမသိပေ။

“ပထမ‌ဓားသုံးလက်က ပဥ္စမအဆင့် ဒါမှမဟုတ် အာ့ထက်လဲအဆင့်နိမ့်ကောင်းနိမ့်နိုင်တယ်။ဒီတစ်ခုကတော့ ဆဌမအဆင့်လောက်ဖြစ်နိုင်တယ်”အကြီးအကဲကပြောလိုက်သည်။သူသည်ထိုက်အဲဓားကိုသိထားသော်လည်း ဘုံတိုင်းတွင် ထိုဓားကွက်ကို သူတို့ကိုယ်ပိုင်ပုံစံအမျိုးမျိုးရှိကြသည်။

မုချန်းကီသည် ထိုက်အဲဓား၏ဆဌမအဆင့်ကို ကျင့်ပြီးသွားပြီဟုသူကြားသိထားသည်။သူ၏အမြင်တွင် မုချန်းကီယခုပြသနေသောစွမ်းအားများအရ သူသည် အနည်းဆုံးဆဌမအဆင့်တွင်ရှိနေမည်ဖြစ်သည်။

ထိုကဲ့သောစွမ်းအားများဖြင့် မုချန်းကီသည်လေဟာနယ်ဘုံတွင် အမှန်တကယ်ပြိုင်ဘက်ကင်းဖြစ်နေမည်ဟု အကြီးအကဲသံသယဖြစ်ရန်မလိုပေ။ သူနှင့်အဆင့်တူသူများမှ မည်သူမျှသူ့အားမယှဉ်နိုင်ပေ။ယခုအဓိကလုပ်ရမည်မှာ ရီဖူရှင်းလုပ်နိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မုချန်းကီသည် ထိုက်အဲဓားအသိကို ဆဌမအဆင့်သို့တိုးမြှင့်လိုက်သည်။ဤမျှကြီးမားလှသောစွမ်းအားအောက်တွင် မရေမတွက်နိုင်သောဓားများသည်ကောင်းကင်ရှိဓားပုံစံကိုဖြတ်သန်ထိုးဖောက်သွားပြီး ထိုနေရာတွင်မြောလွင့်နေသည်။ ဓားတစ်လက်စီသည် ယခင်ဓားများကဲ့သို့ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းလှသည်။

ကောင်းကင်သည် ဓားအားလုံးကြောင့် ပြိုကွဲသွားသကဲ့သို့ဖြစ်နေသည်။အောက်မှာရှိသည့်လူတိုင်းက ကြည့်နေကြသည်။ သူတို့သည်ဓားအသိ၏စွမ်းအား မည်မျှအားကောင်းသည်ကို ခံစားနိုင်ပြီး တုန်လှုပ်သွားကြသည်။

ဓားသည်သူ၏အပေါ်ကို ကျသွားမည်ဆိုပါက ရီဖူရှင်းက ခံနိုင်ရည်ရှိနိုင်ပါမည်လော။

ရီဖူရှင်းသည် ယခုအခါမုချန်းကီ၏ဓားပညာရပ်သည်မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုအလိုအ‌ေလျာက်ခံစားမိလိုက်သည်။အကယ်၍ ဤအဆင့်တိုက်ခိုက်မှုက သူ့အားထိမှန်ခဲ့လျှင်သူသည် ခက်ခဲသည့်အခြေအနေကိုရောက်ရှိသွားမည်ဖြစ်သည်။

“နောက်ဓားကို ငါကြိုးစားကြည့်​မယ်”မုချန်းကီကပြောလိုက်သည်။ သူ၏ဓားအသိသည် စုစည်းနေဆဲဖြစ်သည်။

ရီဖူရှင်းသည် သူ့အားကြည့်လိုက်သည်။မဟာလမ်းစဥ် ကုချင်းကြိုးသည် တုန်ခါနေဆဲဖြစ်သည်။ဓားပညာ၏‌ေတးသံသည် တစ်လောကလုံးကိုပဲ့တင်ထပ်သွားသည်။ ဓားများသည်တေးသံ၏စည်းချက်အလိုက် အားကောင်းသည့်ပဲ့တင်သံများ လွှတ်ထုတ်နေပြီး သူ၏ဘေးပတ်လည်တွင် ထွက်ပေါ်လာသည်။

ထိုတစ်ချိန်တည်းမှာပင် သူ၏ဦးခေါင်းအထက်ကောင်းကင်တွင် နတ်ဘုရားရုပ်တုပေါ်လာသည်။ဤသည်မှာ ရွှေရောင်နတ်ပြည်ထောင်၏အစွမ်းထက်ဆုံးတိုက်ကွက်ဖြစ်ပြီး နတ်ဘုရား၏သက်ပြင်းချသံဟုအမည်တွင်သည်။ ရုတ်တရတ်သူ၏စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလာသည်။

သူသည် ကောင်းကင်ပေါ်သို့ရောက်ရှိသွားပြီး ရုတ်တရတ် မဟာလမ်းစဉ်၏ကြိုးများမှ များစွာသောဓားများဖြစ်ပေါ်လာသည်။သူတို့သည် တေးသံ၏စည်းချက်နှင့်အတူ ဓားတစ်လက်အဖြစ်ပေါင်းစည်းသွားပြီး ရီဖူရှင်း၏လက်တွင်းသို့ကျရောက်လာသည်။

“ငါ မင်းရဲ့ဓားသုံးလက်ကို ခုခံပြီးပြီ အခုမင်းအတွက် ငါရဲ့ဓားစွမ်းရည်ကိုပြရမယ့်အချိန်ပဲ” ရီဖူရှင်းပြောလိုက်သည်။သူသည် ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီးရှေ့သို့‌ေပြးဝင်လိုက်သည်။ သူတို့၏ဘေးပတ်လည်တွင်အဆုံးမရှိရွေ့လျားသွားကာ

အရာအားလုံးသည်ပျက်စီးသွားပြီး ဖုန်အဖြစ်ပြောင်းလဲသွားသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း မဟာလမ်းစဉ်သည်နောက်သို့ပြန်ဆုတ်သွားပုံရသည်။ကျဆင်းလာသောဓားအသိက ဖျက်ဆီးခံလိုက်ရသည်။

မုချန်းကီသည် ထိုအဖြစ်အပျက်အားကြည့်လိုက်ပြီးနောက် အောက်သို့ပိုင်းချလိုက်သည်။မဆုံးနိုင်သည့်ဓားများသည် ရီဖူရှင်းထံသို့ပြေးဝင်သွားကာ သူ့အားမြှုပ်နှံရန်ကြိုးစားရင်း လေထုကိုဖျက်ဆီးလိုက်သည်။

နေရာတစ်ခုလုံးသည် ဓားအသိကြောင့်ကွဲကြေသွားပုံပေါ်သော်လည်း ရီဖူရှင်းသည်သူလက်ထဲရှိဓားဖြင့် ဓားမုန်တိုင်းအတွင်းသို့တဟုန်ထိုးတိုက်ခိုက်လိုက်သည်။သူသည် ဓားကိုရှေ့သို့တွန်းလိုက်သည်။

ဓားသည်လေကိုဖြတ်သွားကာ  တောက်ပသောအလင်းတန်းများထွက်ပေါ်လာပြီး မုချန်းကီ၏ဓားပညာကိုဖျက်ဆီးလိုက်ပြီး သူ၏ဓားကို ဖုန်အဖြစ်သို့ဖြိုခွဲပစ်လိုက်သည်။ထိုအချိန်တွင် ရီဖူရှင်း၏ဓားက ဝါးပင်ကိုခုတ်ဖြတ်လိုက်သကဲ့သို့ ဖြတ်တောက်နိုင်ခဲ့သည်။ သူသည် ရှေ့သို့ဆက်၍တိုးလိုက်သည်။

ဤသည်ကိုမြင်သောအခါ မုချန်းကီသည် သူ၏ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူသည်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီးသူရှိသည့်နေရာမှပျောက်ကွယ်သွားသည်။ထို့နောက်သူကအောက်သို့ထိုးဆင်းကာ ဓားဖြင့်လွှဲခုတ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း… ဓားများသည်ရီဖူရှင်း၏ခန္ဓာကိုယ်ထဲသို့ထိုးဖောက်ဝင်ရောက်သွားသော်လည်း သူတို့က ဖျက်ဆီးခံလိုက်ရကာ သူ၏အရှိန်ကိုမရပ်တန့်နိုင်ခဲ့ပေ။ မုချန်းကီ၏ရှေ့သို့ရောက်သည်အထိ သူသည် အရာအားလုံးကိုထိုးဖောက်သွားသည်။

သူရောက်သွားသည့်အခါ  ကောင်းကင်ရှိ ဓားပုံစံမှ မဆုံးနိုင်သည့် ဓားအသိသည် မုချန်းကီ၏ခန္ဓာကိုယ်အားဖုံးအုပ်သွားသည်။ ထိုအခိုက် မုချန်းကီသည် နတ်ဓားတစ်လက်အဖြစ်သို့ပြောင်းလဲသွားသကဲ့သို့ ရောထွေးနေသည်။သူသည်ဓားများ၏အရှင်ဖြစ်သည်။ သူကိုယ်တိုင်သည်လည်း ဓားတစ်လက်ပင်ဖြစ်သည်။

သူသည် အောက်သို့ညွှန်လိုက်ပြီး တိုးဝင်လာသည့် ရီဖူရှင်း၏ဓားကိုချိန်ရွယ်လိုက်သည်။သူ၏လက်ချောင်းထိပ်သည် ဓားဖြင့်ထိသွားသဖြင့် ထိုမြင်ကွင်းသည် ထိတ်လန့်သွားစေသည်။ကြောက်မက်ဖွယ်ဓားအသိသည် ၎င်းကိုဖြတ်သွားပြီး ရီဖူရှင်း၏ဓားသည် တစ်လက်မပြီးတစ်လက်မကွဲအက်စပြုလာသည်။

ဝုန်း…

ဖျက်ဆီးတတ်သည့်ဓားအသိသည် သူ၏ခန္ဓာကိုယ်အားဒေါသဖြင့်ဖြတ်ပြီး သူ့အားတစစီဖြိုခွင်းရန်တိုးဝင်လာကာ ရီဖူရှင်းက နောက်သို့ လွင့်စင်သွားသည်။

“အားကောင်းလိုက်တာ…” လူတိုင်း၏နှလုံးသားများသည် စိုးရိမ်ပူပန်မှုကြောင့်တုန်ရီနေကြသည်။ ရီဖူရှင်း၏ဓားသည်ကပင် လုံလောက်အောင်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။သို့သော်ထိုဓားသည်ပင် ပုံရိပ်တစ်ခုတည်းဖြင့်ရပ်တန့်ခံလိုက်ရသည်။

“သတ္တမအဆင့်” တေးသံသာနန်းမြို့တော်၏အကြီးအကဲကပြောလိုက်သည်။ ထိုသည်မှာ ထိုက်အဲဓား၏သတ္တမအဆင့်ဖြစ်ပေမည်။

ထိုအခိုက်တွင် မုချန်းကီသည်ဓားနတ်ဘုရားကဲ့သို့ပင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းသည် ဓားများဖြင့်ပြုလုပ်ထားပြီး ဓားတစ်လက်စီတိုင်းသည် လောကတစ်ခွင်လုံးတွင် အထက်မြက်ဆုံးဖြစ်ဟန်ပေါ်သည်။

ဝှစ်…

မုချန်းကီသည် ပျောက်ကွယ်သွားပြီ ရီဖူရှင်းသည် ရုတ်တရတ်ပြင်းထန်သည့်ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။သူသည် လျှပ်စစ်ကြောင်းထဲသို့တိုးဝင်သွားပြီးပျောက်ကွယ်သွားသည်။

သူရောက်ရှိနေသည့်နေရာတွင် ဓားအသိ၏ရောင်စဉ်တန်းသည် လေဟာနယ်ကိုဖြတ်သွားသဖြင့် စူးရှသောကွဲအက်သံထွက်ပေါ်လာသည်။ထိုအရာသည်ကောင်းကင်မှာ ကျဆင်းလာပြီးဖြောင့်တန်းသော ဓားအမှတ်အသားတစ်ခုချန်ရစ်ခဲ့သည်။ အောက်မြေပြင်တွင် ဓားချီနှင့်ပြည့်နေသည့် ကြောက်မက်ဖွယ်ရာတွင်းနက်ကြီးကျန်ရစ်ခဲ့သည်။

မုချန်းကီသည် လွဲသွားသော်လည်း သူကခဏချင်းပင် ထပ်မံပျောက်ကွယ်သွားပြန်သည်။ သူသည် တတ်နိုင်သမျှ လျှင်မြန်စွာရွေ့လျားနေသည်။

ရီဖူရှင်းက အဆက်မပြတ် ဆုတ်ခွာသွားသည်။ သူတို့နှစ်ယောက်သည် လျှပ်စီးကြောင်းတစ်စုံလိုဖြစ်သွားပြီး ကြည့်ရှူနေသည့်လူများသည် သူတို့ကိုမှီအောင်လိုက်မကြည့်နိုင်တော့ပေ။သူတို့နှစ်ယောက်လုံးသည် လေဟာနယ်မဟာလမ်းစဉ်၏စွမ်းအား၌ အထူးကျွမ်းကျင်ကြသည်။

ဘုန်း…

နောက်ဆုံးတွင် ထိခိုက်မှု၏အသံထွက်ပေါ်လာသည်။ ဆင်တစ်သောင်း၏ကြွေးကျော်သံများထွက်လာပြီး‌ေနာက် နတ်ဆင်လေဟာနယ်ခွင်းလက်သီးကထိုးဖောက်ဝင်ရောက်သွားသဖြင့်ကြမ်းတမ်းသည့်ဖျက်ဆီးသံများလည်း ထွက်ပေါ်လာသည်။ ရီဖူရှင်းက နောက်သို့တဖန်လွင့်စင်သွားပြန်သည်။

ဓားအသိကလွှမ်းခြုံ၍ မုချန်းကီထွက်ပေါ်လာသည်။ သူ၏နောက်တွင်ရှိသည့် တလောကလုံးသည် ဓားလောကအဖြစ်ပြောင်းသွားသလိုပင်။ ဤကြောက်မက်ဖွယ်မြင်ကွင်းသည် လူတိုင်းအားထိန်းချုပ်မရအောင် တုန်လှုပ်သွားစေသည်။

“ဆက်ပြီးနောက်ဆုတ်နေလို့ ဘာထူးမှာလဲ…” မုချန်းကီက ရီဖူရှင်းအားမေးလိုက်သည်။ “မင်းက ငါ့ကို ထိုက်အဲဓားရဲ့ သတ္တမအဆင့်ကိုတောင် ထုတ်သုံးရအောင်လုပ်ပြီးပြီ။ မင်းဘယ်လောက်အားကောင်းလဲဆိုတာ သက်သေပြပြီးနေပြီလေ…”

ရီဖူရှင်းသည် ပြိုင်ဘက်ကိုကြည့်ပြီးပြောလိုက်သည်။”မင်းရဲ့ လုပ်နိုင်စွမ်းကန့်သတ်ချက်ကိုရောက်ပြီလားဆိုတာ ငါသိချင်တယ်။ဒါကမင်းရဲ့ စွမ်းအားအမြင့်ဆုံးဓားလို့ထင်တယ် ဟုတ်တယ်မဟုတ်လား”

မုချန်းကီသည် ရီဖူရှင်းအား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး “အဲ့ဒါကဘာလဲ”ဟုမေးလိုက်သည်။

“မင်းက တကယ်တော်ပါတယ်” ရီဖူရှင်းကဖြေလိုက်သည်။”ဒါပေမယ့် ငါတို့က ငါရဲ့ကန့်သန်ချက်နဲ့ ဝေး‌နေသေးတယ်”

***


Comment

Leave a Reply


Options

not work with dark mode
Reset