အပိုင်း(၁၇၆၁)

ကစဉ့်ကလျားအခြေအနေနှင့် အခွင့်အလမ်း

အရှင်ထိုက်ရွှမ်က နတ်နန်းတော်သခင် ကတိပြုသည်ကိုကြားလျှင် ပြုံးလျှက်ပြောသည် “နတ်နန်းတော်သခင်က အများကောင်းကျိုးကို ရည်မှန်းတာပဲ။ ဝရိန်ခုနစ်ပါးကလန်နဲ့ ယောင်ယွဲ့နတ်နန်းတော်က ဒီကိစ္စကို ဘယ်လိုမြင်လဲ။ အခု အာကာသဘုံဟာ အပြောင်းအလဲကြီးကြီးမားမားဖြစ်လာပြီးတော့ ကျုပ်တို့က ဒီအတွက် ပြင်ဆင်ဖို့လိုတယ်”

ဝရိန်ခုနစ်ပါးကလန်ခေါင်းဆောင်ကား ကိုယ်တိုင်ရောက်မလာဘဲ သူ၏ပထမဆုံးတပည့် ဝရိန်၁ သည်သာ ရောက်လာသည်။ ဝရိန် ၁ ကား အသက် ၃၅ အရွယ်ခန့်ရှိကာ အေးစက်သော အမူအရာရှိသည်။

“ကျုပ်က ဒီကိစ္စကို ဆရာနဲ့တွေ့တဲ့အခါ ဆွေးနွေးလိုက်ပါ့မယ်” ဝရိန်၁က ပြောသည်။

“အင်း…” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။

“ယောင်ယွဲ့နန်းတော်ကတော့ အထက်ဘုံကနေ ပင်မအဖွဲ့နဲ့ ဆက်သွယ်ပြီးမှပဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်” ချန်းရှီက တောင်းပန်သည်။ အရှင်ထိုက်ရွှမ်က ခေါင်းညိတ်၏။

“ဒီတစ်ခေါက် လေဟာနယ်ဘုံ ပဋိပက္ခဟာ လျှို့ဝှက်နယ်မြေဘုံတစ်ခုတည်းနဲ့ မရပ်တန့်တာ သေချာတယ်။ မဟာအင်ပါယာရဲ့ သေချာတဲ့အမိန့်တော်တစ်ခုခုမရောက်လာခဲ့ရင် သေချာပေါက် အပြောင်းအလဲကြီးကြီးဖြစ်မှာပဲ” နတ်နန်းတော်သခင်က ပြောသည်။ ထိုသို့ အပြောင်းအလဲဖြစ်လျှင် အင်အားကြီးအဖွဲ့အစည်းများ ပျက်စီးသွားသည်အထိ ဖြစ်နိုင်၏။

အရှင်ထိုက်ရွှမ်က သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။

ထိုအချိန်တွင် လူတစ်ယောက်က အရှင်ထိုက်ရွှမ်ထံသို့ ရောက်လာသည် “အရှင်… နန်ထျန်းနတ်ပြည်ထောင်က ကျောင်းတော်ကို ရောက်လာပါတယ်”

“သူတို့ကို ဝင်ခွင့်ပေးလိုက်…” အရှင်ထိုက်ရွှမ်က ပြောသည်။ နန်ထျန်းနတ်ပြည်ထောင်ကား ထိပ်သီးအင်အားစုဖြစ်ကာ အင်ပါယာနန်ကား အလွန်အစွမ်းထက်၏။ သူတို့ရောက်လာခြင်းက အလွန်ကြီးမားသော အခွင့်အလမ်းဖြစ်သည်။

မကြာခင် နန်ထျန်းနတ်ပြည်ထောင်မှ လူများရောက်လာသည်။ သူတို့အား ဦးဆောင်လာသူကား နန်လော့ရှန်းဖြစ်သည်။

“နန်လော့ရှန်းက အရှင်ထိုက်ရွှမ်နဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်” နန်လော့ရှန်းကား နန်ထျန်းနတ်ပြည်ထောင်၏မင်းသမီးဖြစ်သော်လည်း လက်ရှိဧည့်ခံပွဲတွင် သူမအဖေနှင့် အဆင့်အတန်းတူသူများ အများအပြားရှိသည်။ ထို့ကြောင့် သူမက ထိုလူများကို လေးစားမှုဖြင့် နှုတ်ဆက်ရန်လို၏။

“မင်းသမီးရောက်လာတာ အချိန်ကိုက်ပဲ။ အားလုံး ထိုင်ကြပါ” အရှင်ထိုက်ရွှမ်က ပြောသည်။ နန်ထျန်းနတ်ပြည်ထောင်မှလူများ ထိုင်ကြသည်။

နန်လော့ရှန်းရောက်လာခြင်းက ရီဖူရှင်းကို အံ့အားသင့်စေသည်။

“မင်းသမီးလော့ရှန်း… အခုဖြစ်နေတဲ့ကိစ္စတွေအပေါ် မင်းသမီးရဲ့အဖေက ဘယ်လိုမြင်လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

“အရင်တုန်းက မဟာအင်ပါယာရဲ့အမိန့်တော်နဲ့ အဖေဟာ ငရဲတံခါးကို တိုက်ခိုက်ပြီးတော့ လောကကြီးကို ငြိမ်းချမ်းစေခဲ့တယ်။ အခု ငရဲတံခါးပြန်ပေါ်လာတယ်။ အဖေက ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ နန်ထျန်းနတ်ပြည်ထောင်ကို အာကာသခရီးသွားဝင်္ကပါတစ်ခုဆောက်ဖို့ ကျောင်းတော်ကို အဆိုပြုချင်တယ်။ ဒီနည်းနဲ့ ကျွန်မတို့က အချင်းချင်း ကူညီပေးနိုင်မယ်” နန်လော့ရှန်းက ပြောသည်။

သူမ၏စကားက အရှင်ထိုက်ရွှမ်ကို အံ့အားသင့်စေသည်။ သူကား အင်ပါယာနန်၏အဆိုပြုမှုကို ကြားလျှင် အလွန်ဝမ်းမြောက်၏။

“ကျုပ်မှာလည်း ဒီလိုအကြံရှိတယ်။ အင်ပါယာနန်က အကူအညီပေးမယ်ကြားရတာ ကျုပ်တို့အတွက် တကယ်အားတက်စရာပဲ။ အင်ပါယာနန်ကို ကျုပ်ကိုယ်စား ကျေးဇူးတင်စကားဆိုပေးပါ။ ကျုပ်တို့က ဝင်္ကပါကို မြန်မြန်ဆန်ဆန် တည်ဆောက်ပါ့မယ်” အရှင်ထိုက်ရွှမ်က ပြုံးလျှက်ပြောသည်။

“ဒီလိုလည်း မဟုတ်ပါဘူး။ နန်ထျန်းနတ်ပြည်ထောင်ဟာလည်း လာမည့်မုန်တိုင်းမှာ ကျောင်းတော်ရဲ့အကူအညီကို လိုအပ်မှာပါပဲ။ ကျွန်မတို့က အချင်းချင်း ကူညီကြတာပါ” နန်လော့ရှန်းက ပြုံးလျှက်ပြောသည်။

အရာအားလုံးက မသေချာမရေရာခြင်းများဖြင့် ပြည့်နှက်နေသည်။

အင်ပါယာနန်သည် သူကိုယ်တိုင်က အလွန်အစွမ်းထက်သော်လည်း သူ၏တစ်ခုတည်းသော စိတ်ပူပန်မှုက သူ့သမီး နန်လော့ရှန်းဖြစ်သည်။ သူသာ တစ်စုံတစ်ခုဖြစ်သွားပါက သူ့သမီး ကူရာမဲ့ဖြစ်မည်ကို သူမလိုလားပေ။

အမှန်တကယ်အားဖြင့် နန်ထျန်းနတ်ပြည်ထောင်သည် ထျန်ရှင်းကျောင်းတော်နှင့် ရှန်ကလန်တို့ကို ရွှေးချယ်နိုင်၏။

သို့သော်လည်း သူသည် နန်လော့ရှန်းကို နောက်နှစ်အနည်းငယ်သာ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် သူ၏အလောင်းအစားက ရီဖူရှင်းဖြစ်၏။ ရီဖူရှင်းသည် နောင်တွင် အင်ပါယာနန်ထက်ပင် အစွမ်းထက်ရန် အလားအလာရှိသည်။

ဧည့်ခံပွဲပြီးသွားလျှင် ကျင့်ကြံသူများ စတင်ထွက်ခွာကြသည်။ ငရဲတံခါးနှင့် တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း မကြာမီ အနှေးနှင့်အမြန် စစ်ပွဲများဖြစ်တော့မည် ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် အာကာသခရီးသွားဝင်္ကပါများ စတင်၍ တည်ဆောက်၏။ သူတို့က ရှန့်ရှောင်းနတ်နန်းတော်၊ နန်ထျန်းနတ်ပြည်ထောင်နှင့် ဝရိန်ခုနစ်ပါးကလန်တို့ဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်တော့မည်ဖြစ်သည်။

ဝရိန်ခုနစ်ပါးကလန်သည်လည်း မဟာမိတ်ထဲတွင် ပါဝင်လာခဲ့သည်။

ထိုပင်မအင်အားစုများက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပူးပေါင်းလာခြင်းမှာ သူတို့၏စိတ်ဓာတ်နှင့် ခံယူချက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် မဟာမိတ်ဝင်များသည် ကျောင်းတော်ကို အပြည့်အဝ ယုံကြည်ကြ၏။

မျက်လုံးတမှိတ်အတွင်း ရက်သတ္တပတ်များစွာ ကုန်ဆုံးသွားသည်။ ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း ဘုံသုံးထောင်သည် အလွန်ငြိမ်သက်နေသည်ဟု ဆိုရမည်။ ထိုအရာကပင် မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုး မဟုတ်ပါလား။

လျှို့ဝှက်နယ်မြေဘုံကို စုစည်းခဲ့သော ငရဲတံခါးသည် တခြားသော လှုပ်ရှားမှုများကို အစပြုလာသည်။ သူတို့၏နောက်ထပ်ပစ်မှတ်မှာ အာကာသဘုံတစ်ခုလုံးဖြစ်သည်။

တချို့သော အင်အားစုများသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဖြစ်အပျက်များကို မမြင်မတွေ့ခဲ့သော်လည်း ထိုအင်အားစုများနှင့် ကျောင်းတော်၏ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့သည်။

တစ်ဘက်တွင် မဟာမိတ်အင်အားစုများမှာလည်း ပိုမိုနီးကပ်သော ဆက်ဆံရေးများရှိလာ၏။ နန်လော့ရှန်းကိုယ်တိုင်က ကျောင်းတော်တွင် လာရောက်လေ့ကျင့်သည်။

တစ်နေ့ ကျောင်းတော်တွင် ရှိနေစဉ် ရီဖူရှင်းသည် ဖိတ်ကြားမှုတစ်ခုကို လက်ခံရရှိသည်။

ကောင်းကင်ဒေသမှ အင်အားစုတစ်ခုသည် ကောင်းကင်အာဏာစက်မြို့တွင် ရီဖူရှင်းနှင့် တွေ့လိုသည်။

ရီဖူရှင်းသည် ကောင်းကင်အာဏာစက်မြို့မှ လှပစွာ အဆင်တန်ဆာများဖြင့် တည်ဆောက်ထားသော နန်းတော်တစ်ခုသို့ ရောက်လာ၏။

နန်းတော်ထဲတွင် သာယာနာပျော်ဖွယ်ကောင်းသော ကု့ချင်းသံစဉ်တစ်ခုကို ကြားနိုင်၏။ အစေခံတစ်ယောက်က ရီဖူရှင်းအား လမ်းပြလျှင် ရီဖူရှင်းသည် ကု့ချင်းတီးခတ်နေသော အမျိုးသမီးတစ်ဦးအား တွေ့ရသည်။ သူမကား အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ ကောင်းကင်မှ နတ်သမီးတစ်ပါးအလား အလွန်ချောမောလှပသည်။

ရီဖူရှင်းသည် ဘေးနားတွင် တိတ်ဆိတ်စွာ နားထောင်ကာ ရပ်စောင့်နေသည်။ ထိုအခိုက်တွင် တခြားအရပ်မှ လူတစ်စု လျှောက်လာသည်။ ခေါင်းဆောင်လာသူကား ကောင်းမွန်သော အရှိန်အဝါဖြင့် အကြီးအကဲတစ်ဦးဖြစ်သည်။ သူက ပြောသည် “ကျုပ်တို့က အဝေးက ရောက်လာတာကြောင့် ဒီမှာ ခဏစတည်းချနေကြတယ်။ ဒါကြောင့် ဧည့်ဝတ်မကျေခဲ့ရင် စိတ်မရှိပါနဲ့”

ရီဖူရှင်းက အနည်းငယ်ဦးညွှတ်ကာ ပြောသည် “အကြီးအကဲက ကျုပ်ကို ဖိတ်ခေါ်တယ်။ ဘာများအလိုရှိလို့ပါလဲ”

“ထိုင်ပြီးပြောကြတာပေါ့” အကြီးအကဲက ပြောကာ သူကိုယ်တိုင်က ထုံခုံတစ်နေရာတွင်ထိုင်၏။ သူ့ဘေးမှ အမျိုးသမီကား မည်သူမှ မရှိသည့်အလား တိတ်ဆိတ်စွာ ကု့ချင်းတီးနေ၏။

ထိုလူများအားလုံးသည် ကောင်းမွန်သော အရှိန်အဝါများကို ပိုင်ဆိုင်ကာ အဆင့်မြင့်ရန်ဟောင်များဖြစ်သည်။

သည်လူများအားလုံး အလွန်အစွမ်းထက်၏။

ယနေ့တွင် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်း၏အဆင့်အတန်းမှာ အလွန်မြင့်၏။ သာမန်လူများက သူ့အား တွေ့လိုလျှင်ပင် မဖြစ်နိုင်ပေ။ သို့သော်လည်း တစ်ဘက်လူက ရီဖူရှင်းအား လာတွေ့ရန် ဖိတ်ခေါ်ခဲ့သည်။ ဤက ထိုလူများ၏အထက်စီးဆန်သော အပြုအမူကို တွေ့နိုင်သည်။

သို့သော်လည်း အခြေအနေက ရှုပ်ထွေးနေကော တစ်ဘက်အင်အားစု၏အခြေအနေကို သေသေချာချာမသိဘဲ ထိုဖိတ်ကြားမှုကို လုံးဝလျစ်လျူရှုရန် ခက်ခဲ၏။ ထို့ကြောင့် ရီဖူရှင်းက ကိုယ်တိုင်ရောက်လာခဲ့ခြင်းဖြစ်သည်။

“စကားဦးသန်းရရင် မိတ်ဆွေလေး… ကျုပ်တို့က ကောင်းကင်ဒေသက ဖြစ်တယ်” အဘိုးအိုက ပြောသည် “ကျုပ်တို့က ကောင်းကင်ဒေသရဲ့ ဂီတနန်းတော်က လာခဲ့တာ”

ဂီတတော်ဝင်နန်းတော်…။

ရီဖူရှင်း တွေးဆမိသည်။ ကောင်းကင်ဒေသတွင် တော်ဝင်နန်းတော်နာမည်ကို သုံးစွဲနိုင်ခြင်းက မဟာအင်ပါယာတစ်ပါးက ကိုယ်တိုင်မအုပ်စိုးတော့လျှင်ပင် မဟာအင်ပါယာနှင့်တူညီသော အဆင့်အတန်းရှိသော အင်အားစုတစ်ခုဖြစ်ဟန်ရှိသည်။ သူတို့ကား ရှေးဟောင်းမိသားစုကြီးတစ်ခုဖြစ်နိုင်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset