Switch Mode

အခန်း (၂)

နဂါးနှစ်ကောင်၊ ဘုရင်နှစ်ပါး ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်ကောင်က တကယ့်နဂါးလဲ

အခန်း ၂ နဂါးနှစ်ကောင်၊ ဘုရင်နှစ်ပါး ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်ကောင်က တကယ့်နဂါးလဲ

ရန်ကျောက်ကဲ လမ်းလျှောက်လာစဉ် အမျိုးမျိုးသော အသံများကို ကြားရသည်။

“စီနီယာအကိုကြီးရန်ကို ဂါဝရပြုပါတယ်”

“မင်္ဂလာပါ၊ အကိုကြီးရန်”

ဖြတ်သွားဖြတ်လာ သိုင်းညီငယ်များ၏ နှုတ်ဆက်သံများ ဖြစ်သည်။

“သိုင်းတူလေးရန်ရဲ့ ကျင့်ကြံမှုက တိုးတက်လာပြန်ပြီ”

“ဒီလူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်လို့ မပြောရဘူး၊ ပါရမီရှင်ထဲက ပါရမီရှင်ပဲ”

“အကြီးအကဲရန်မှာ အရည်အချင်းပြည့်မီတဲ့ ဆက်ခံသူ ရှိတာပဲ၊ တကယ့် ကျားလိုအဖေက ခွေးလိုသားကို မမွေးထားဘူးပဲ “

ထိုစကားများသည်ကား ဖြတ်သွားဖြတ်လာ အကြီးအကဲများ၏ ချီးကျူးသံများဖြစ်သည်။

“စီနီယာအကိုကြီးရန်က ပိုမိုခန့်ညားလာသလို နေ့စဉ်နဲ့အမျှ ပိုအစွမ်းကြီးလာတဲ့ပုံပဲ”

“သူကြည့်တဲ့ ပုံစံလေးက ညင်သာလိုက်တာ….”

“အားယား….၊ ငါလဲ အဲ့လိုပဲ ခံစားမိတယ်၊ အဲ့လိုထင်နေတာ ငါတစ်ယောက်ထဲ မဟုတ်ဘူးပဲ “

“ဒါပေမယ့်… ပေမယ့်… သူ ဒီလိုလေး နေလေလေ…. ငါ ပိုပြီးကြွေ…. ကြွေ…”

“ဟုတ်လား… ဟုတ်လား…”

“ဟီး ဟီး၊ ဘာ ဟုတ်လား ဟုတ်လားလဲ၊ အရှက်မရှိတဲ့ မိန်းမ”

“စီနီယာအမ၊ နင်… နင်…လဲ အတူတူပဲ မဟုတ်ဘူးလား”

ကောင်းပြီ။ ထိုအသံများသည်ကား အမျိုးမျိုးသော သိုင်းညီအမများ သူတို့၏ရင်ထဲမှ အချစ်ပန်းလေး စတင်ပွင့်ဖူးကြချိန် ခံစားရပုံများဖြစ်သည်။

ရန်ကျောက်ကဲသည် ထိုသိုင်းညီအမများကို တောက်ပစွာပြုံးပြလိုက်စဉ် တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ရေရွတ်နေသည်။ “အိနြေရရနေ…… စိတ်ကို ငြိမ်ငြိမ်ထား….”

သူ့အနောက်မှ လူထွားကြီးက ရယ်ချင်စိတ်ကို မနည်းမျိုသိပ်နေရပုံပေါ်ပြီး

“မင်းသား….”

ရန်ကျောက်ကဲက သူ့ဝသီအတိုင်း ဘေးသို့ စောင်းကြည့်လိုက်သည်။

“ဘာတုန်း…… ”

လူထွားကြီးသည် ရန်ကျောက်ကဲအပေါ် အကြွင်းမဲ့ သစ္စာရှိသော ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး ရန်ကျောက်ကဲ သွားလေရာနေရာသို့ လိုက်ပါစောင့်ရှောက်ရန် ရန်ကျောက်ကဲ၏အဖေက တာဝန်ပေးထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ပြန်လည်မွေးဖွာလာသူ တစ်ယောက်အနေဖြင့် ရန်ကျောက်ကဲသည် သရုပ်မှန်မပေါ်ပေါက်စေရန် သည်ခန္ဓာကိုယ်မူလပိုင်ရှင်၏ အနီးကပ်လက်အောက်ငယ်သားများကို ရှောင်ကြဉ်သင့်ပေသည်။

သို့ရာတွင် ထိုကဲ့သို့ လုပ်ရပ်မျိုးက အသွားနှစ်ဖက်ရှိသော ဓားတစ်ချောင်းကို ကိုင်ဆောင်ရသကဲ့သို့ပင်။ အပြန်အလှန်အားဖြင့် ထိုလက်အောက်ငယ်သားများနှင့် နီးနီးကပ်ကပ်နေထိုင်ခြင်းက သူ့ကို ဤကမ္ဘာတွင် ပိုမိုလျင်မြန်စွာ အသားကျနိုင်ရန် အကူအညီပေးသည်။

ကံကောင်းထောက်မစွာဖြင့်   ရန်ကျောက်ကဲသည် အရင်ပိုင်ရှင်ထံမှ ခန္ဓာကိုယ်သက်သက်သာ မဟုတ်ဘဲ အရင်ပိုင်ရှင်၏မှတ်ဉာဏ်များပါ လက်ခံရရှိခဲ့သည်။

သို့မဟုတ်ပါက လက်ရှိအသုံးပြုနေကြသော ဘာသာစကားသည်ပင် သူ့အတွက် ကျော်လွှားရန်ခက်ခဲသော စိတ်ခေါ်မှုကြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

“မင်းသား…၊ အန်းက အဲ့ဒီ ရီဂျင်းအကြောင်းကို စုံစမ်းပြီးပါပြီ၊ သူက ရုတ်တရက်ကြီး အကြီးအကျယ် တိုးတက်လာပေမယ့် မှတ်သားလောက်စရာ မဟုတ်ပါဘူး၊ သူက အရှင့်အပေါ် ရန်ငြိုးထားနေတော့ ကျွန်တော်တို့ သူ့ကို… ”

ရန်ကျောက်ကဲသည် လူထွားကြီးအား မျက်လုံးလှန်ကြည့်လိုက်သည်။

“ဇာတ်လမ်းက စလာချေပြီ

မောက်မာတဲ့သခင်လေးရဲ့ လက်အောက်ငယ်သားတွေအပေါင်းအပါတွေက သခင်လေးဆီက မျက်နှာသာရလို ရငြား ဂိုဏ်းထဲ အခုမှ ရောက်လာတဲ့ ဇာတ်လိုက်ကို ငချွတ်လေးမှတ်ပြီး သွားရန်စကြမယ်၊

ဟိုက ဆော်လွှတ်လိုက်တဲ့အခါ ဖူးယောင်ပြီး မောက်မာတဲ့သခင်လေးဆီ ပြန်ရောက်လာမယ်

လက်အောက်ငယ်သားတွေ ရိုက်နှက်ခံရတာ တွေ့တော့ ဂိုဏ်းက နံပါတ်တစ် သခင်လေးက သူ့ကို စော်ကားခံရသလို ခံစားရပြီး ထို ဇာတ်လိုက်ကို သွား စိန်ခေါ်မယ်

အဲ့သခင်လေးပါ ဝက်ခေါင်းရုပ်ပေါက်ပြီး သူ့အမေ သူ့ကို ပြန်မမှတ်မိတော့တဲ့အထိ အရိုက်ခံရမယ်

သူ့သားမျက်နှာတွေ့တော့ ဒေါသထွက်သွားတဲ့ သူ့အဖေပါ ပါလာပြီး တစ်မိသားစုလုံးပါ ပါလာလိမ့်မယ်

အဆုံးမှာတော့ မိသားစုတစ်စုလုံး တည်ကြည်၊ ရိုးသား၊ ဖြောင့်မတ်သည့် တရားဘက်တော်သား ဇာတ်လိုက်၏ နှိပ်ကွပ်မှုကို ခံရလေသတည်း”

ပြီးပြည့်စုံစွာ အကွက်ကျကျရေးသားထားသည့် ဇာတ်ညွှန်းတစ်ခုကဲ့သို့ မဟုတ်ပါလော။

“မင်း -င်ကြီးသာ ပြည့်စုံလိုက်တော့”

ဝက်ခေါင်းရုပ်ပေါက်သည်အထိ အရိုက်နှက်ခံရပြီး နောက်ဆုံးတွင် သေပေးရမည့် ဗီလိန်ဇာတ်ရုပ်ဖြစ်ရမည့် အရေးကို တွေးမိပြီး ရန်ကျောက်ကဲသည် သူ သတ်မှတ်ခံထားရသည့် အခန်းကဏ္ဍအပေါ်   မြူမှုန်တစ်မှုန်မျှပင် မကျေနပ်ခဲ့ချေ။

သူသည် အေးအေးလူလူ အပူအပင်ကင်းမဲ့စွာ နေရသည့် ဒုတိယမျိုးဆက် လူငယ်ပါရမီရှင်ဘဝမှ ထိုမိုးကောင်ကင်က သတ်မှတ်ထားသည့် ဇာတ်လိုက်ဖြစ်မည့်ကောင် အထက်သို့ တက်ရေးအတွက် နောက်ကွယ်က ခြေနင်းတုံးဖြစ်ပေးရမည့်ပုံ ပေါက်နေသည်။

ထိုအခိုက်တွင် ရန်ကျောက်ကူး၏ စိတ်ထဲရှိ အတွေးများသည် အတော် ရူးကြောင်ကြောင်နိုင်ပြီး အဓိပ္ပာယ်မရှိသည်ဟု ထင်ရသည်။

ထိုမိုးကောင်းကင် သားတော်၏ ကံကောင်းသော ရန်သူများက အနည်းငယ် ကောင်းမွန်သော အဆုံးသတ်ကို ကြုံရနိုင်သည်။ သူတို့သည် ထိုဇာတ်လိုက်၏ ပြိုင်ဘက်များ အဖြစ်ပြုမှုကြရာ သူတို့ပုံစံက အကြမ်းခံပြီး အသက်ပြင်းသော ပိုးဟပ်များနှင့် ဆင်တူသည်။ သူတို့က ရှုံးနိမ့်တိုင်းတွင် ဘယ်တော့မှ မသေဘဲ သူတို့ကိုယ်သူတို့ တိုးတက်လာသည်ဟု ယူဆရသောအခါ  ဇာတ်လိုက်ရှေ့၌ ပြန်ပေါ်လာကြသည်။ ထိုပြိုင်ဘက်များသည်  ထပ်တလဲလဲ ပြန်အသုံးပြုနိုင်သောပစ္စည်းများနှင့်တူပြီး ဇာတ်လိုက်အား အတွေ့အကြုံနှင့် လက်နက်များ စုဆောင်းမိသည်အထိ ကူညီပေးကြသူများဖြစ်သည်။

အနည်းငယ် ကံဆိုးသော ရန်သူများအတွက်မူ သူတို့ အခန်းအနည်းငယ်မျှပင် ရှင်နိုင်မည်လောဆိုတာ သံသယဖြစ်စရာကောင်းပြီး သေခြင်း သို့မဟုတ် သေသည်ထက် ဆိုးသောအဖြစ်များနှင့် အဆုံးသတ်သွားကြသည်။

ယေဘုယျအားဖြင့် ရန်ကျောက်ကဲကဲ့သို့ နောက်ခံကောင်းပြီး သူ့အတွက်ဆို အာဏာကိုအလွဲသုံးစားလုပ်မည့် အဖေရှိသည့် လူတစ်ယောက်သည် လူဆိုးဆရာကြီး(Big Boss)မလာခင် လူဆိုးခေါင်းဆောင်ငယ်(Mini Boss)ဖြစ်လေသည်။ လူဆိုးခေါင်းဆောင်ငယ်(Mini Boss)သည် အခန်းအနည်းငယ်သာ အသက်ရှင်ပြီး ဇာတ်လိုက်က ထိုခေါင်းဆောင်ငယ်(Mini-Boss)၏ သိုင်းပညာကို ဖျက်ဆီးခြင်းကြောင့်ဖြစ်စေ သို့မဟုတ် အာဏာကို အလွဲသုံးစားလုပ်သော သူ့အဖေနှင့်အတူ ဂိုဏ်းမှ နှင်ထုတ်ခံရ၍ဖြစ်စေ ဗီလိန်တို့သွားရာ လမ်းသို့ မြန်းရလေသည်။

လက်ဦးမှုယူကာ အရင်တိုက်ခိုက်သူက အသာစီးရသည်ဟူသော အယူအဆသည်လည်း ဤနေရာတွင် မဖြစ်နိုင်ပေ။ ထိုမိုးကောင်ကင်၏သားတော်များတွင် ရှိသော သဘောတရားအရ ဤကဲ့သို့ ကြမ္မာမျိုးကြုံရသော မည်သည့်ဇာတ်လိုက်မဆို တခဏမျှ ဖိနှိမ်ခံရမည်ဖြစ်သော်လည်း အရင်ကထက် ပိုမိုလျင်မြန်သောနှုန်းဖြင့်ပင် တိုးတက်လာနိုင်သည်။ ဤသည်က သူတို့ကို ပိုမိုကြီးမားသော ကံကောင်းမှုနှင့်တွေ့ဆုံနိုင်ရန် အကြောင်းဖန်ပေးသလိုဖြစ်ပြီး သူတို့ကို ပိုမိုလျင်မြန်သောနှုန်းဖြင့် ကြီးထွားလာစေသည်။

အဆုံးမှာတော့ ထိုဇာတ်လိုက်များသည် ခြစ်ရာမျှပင် ထိခိုက်မည်မဟုတ်ပါ။ ဆန့်ကျင့်စွာဖြင့် သူတို့သည် မစဉ်းစားနိုင်လောက်အောင် လျင်မြန်သောနှုန်းဖြင့် ကြီးထွားလာနိုင်သည်။ ထိုအချိန်တွင် သူတို့ပြန်လာကာ ဗီလိန် သခင်လေး၏မျက်နှာကို ချိန်ရွယ်ကြမည် ဖြစ်သည်။

ဇာတ်လိုက်၏ ဇာတ်ညွှန်းရေးဆရာဖန်တီးသော ကံကြမ္မာမှာ တစ်ဖက်စောင့်နင်းနိုင်လွန်းပြီး အဓိပ္ပာယ်မဲ့လွန်းသည်။ အကယ်၍ ၄င်းသည် ဇာတ်လိုက်၏ရန်သူများကို ခန္ဓာကိုယ် ပြားချပ်ပြီး သေစေချင်ပါက ပြားချပ်ပြီး သေသွားနိုင်သည်။ ၎င်းက သင့်ကို တစ်ရာလေးဆယ့်ရှစ်မျိုး အမျိုးမျိုးသော ထူးဆန်းသောနည်းလမ်းများဖြင့် ပြားချပ်၍ဖြစ်စေ ပျော့ဖတ်ဖြစ်သည်အထိ ရိုက်ခံရ၍ဖြစ်စေ အမျိုးမျိုးသေစေနိုင်သည်။

“ဒီဇာတ်လိုက်ရီအတွက် သူ့ရဲ့  ဝှက်ဖဲက ဘယ်လိုအရာဖြစ်မလဲ၊ ကမ္ဘာပျက်ကပ်ဘေးကြီးမတိုင်ခင်က ထိပ်တန်းသိုင်းကျမ်းလား၊ ဒါမှမဟုတ် အဆင့်အမြင့်ဆုံးနတ်ဘုရားပစ္စည်းလား၊ ဒါမှမဟုတ် နှစ်တစ်ထောင်လောက်ဂူအောင်းနေတဲ့ အဆင့်လွန်အဖိုးကြီးတွေရဲ့ မြေးလာ၊ ဒါမှမဟုတ် သူက ပြန်လည်မွေးဖွားလာသူ တစ်ယောက်လား ”

ရန်ကျောက်ကဲ၏ အပြုံးက အနည်းငယ် ကို့ယို့ကားယားနိုင်နေသည်။ “သူနဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုဘူး ”

“ဇာတ်ညွန်းက တစ်ခုခုမှားနေပေမယ့် မင်းတို့ကိုကြီး ငါ့ဆီမှာလဲ ဝှက်ဖဲတစ်ခုရှိပါတယ်ကွ”

ကမ္ဘာပျက်ကပ်ဘေးကြီးပြီးနောက် ခေတ်သစ်တစ်ခု ပေါ်ပေါက်လာသည်။ အကြောင်းမှာ ကပ်ဘေးမတိုင်မီကခေတ်နှင့် လက်ရှိခေတ်ကမ္ဘာကြီးတို့အကြား ကွာခြားမှုများးရှိခြင်းကြောင့် ဖြစ်သည်။ သိုင်းကျင့်ကြံခြင်း လမ်းစဉ်က အနည်းနှင့် အများ ပြောင်းလဲသွားသည်။ လူသားတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံများသည်ပင် တစ်ထေရာတည်း မတူတော့ပါ။ ထို့ကြောင့် ရန်ကျောက်ကဲသည် လက်ရှိခေတ်နှင့် ကိုက်ညီရန် သူ့စိတ်ထဲက မှတ်တမ်းအမျိုးမျိုးနှင့် သိုင်းကျမ်းများကို အနည်းငယ် ချိန်ညှိ့ရန် လိုအပ်သည်။ ဤအချက်ကြောင့်သာ မဟုတ်လျှင် သူ၏ကျင့်ကြံခြင်းက ပိုမိုလျင်မြန်သည့်နှုန်းဖြင့် တိုးတက်နေလိမ့်မည် ဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ဘ၀သစ်နှင့် ကမ္ဘာသစ်တွင် အသားကျရန် ဂရုတစိုက် ကြိုးပမ်းနေချိန်မှ လွဲလျှင် ရန်ကျောက်ကဲသည် ယခင်ဘ၀မှ ပါလာသော ပညာရပ်များကို လက်တွေ့အသုံးချရေးအတွက်သာ အလေးပေးကြိုးစားလျက်ရှိသည်။

ယခု သူ၏အားထုတ်မှုက အကျိုးဖြစ်ထွန်းလာခဲ့လေပြီ။ ပျံသန်းရန် အချိန်ရောက်ချေပြီ။

ရန်ကျောက်ကဲသည် သူ့ခန္ဓာကိုယ်၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်ကိုက်ညီသော ပညာရပ်များကိုသာ ယနေ့ခေတ်နှင့် ကိုက်ညီအောင် ပြောင်းလဲရသေးသည်။ သူ့ကျင့်ကြံမှုက အတိုင်းအတာတစ်ခုအထိရောက်သည်နှင့် သူ၏ဦးနှောက်ထဲတွင် သိမ်းဆည်းထားသော ပညာရပ်များကို ကျင့်ကြံခြင်းလမ်းစဉ်တစ်ယောက်လုံး ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရန် ပြောင်းလဲဖို့မှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။

အစားကို တစ်ကြိမ်လျှင် တစ်လုပ်သာ စားရန်လိုအပ်သလို ကျင့်ကြံခြင်းခရီးတွင်လည်း တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းရမည်ဖြစ်သည်။

သူ၏ကျင့်ကြံမှုတိုးတက်လာသည်နှင့် အယူအဆများကို လက်တွေ့အသုံးချခြင်းများတွင် ပေါင်းစပ်နိုင်ကာ ပိမိုများပြားသော ဖြစ်နိုင်ချေများနှင့် ကြီးမားသောအလားအလာများဆီသို့ ဦးတည်နေသည်။ လက်ရှိတွင် ရန်ကျောက်ကဲသည် ပထမခြေလှမ်း လှမ်းရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

သိုင်းလမ်းစဉ်နှင့် ပတ်သတ်သော အဆင့်မြင့်ပညာရပ်များကို သူ ပိုင်ဆိုင်ထားသည်သာမက ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းကဲ့သိုသော လမ်းစဉ်များမှ သူ့ဗဟုသုတများမှာ လက်ရှိခေတ်တွင် လှိုင်းထန်သွားရန် လုံလောက်ပေသည်။

သူ့လက်အောက်ငယ်သားများကို စေလွှတ်စုံစမ်းထားခိုင်းသော အစစ်အမှန် လီမီးတောက်သည် ထိုလမ်းစဉ်များနှင့် သွားရောက်ဆက်နွယ်နေလေ၏။

သူ၏စမ်းသပ်မှုသာ အောင်မြင်ခဲ့ပါက သူ့အတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းစေနိုင်သည်။

ရန်ကျောက်ကူး၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။ “နဂါးနဲ့ နဂါး၊ ဘုရင်နှစ်ပါး တွေ့ဆုံမှုမှာ ဘယ်သူက တကယ့်နဂါးလဲ ကြည့်ကြတာပေါ့၊ ဒီရီကျင်းက ကံကြမ္မာက ဖန်တီးလိုက်တဲ့ ဇာတ်လိုက် ဟုတ်ချင်မှ ဟုတ်မှာပါ၊ ငါအတွေးလွန်ပြီး သံသယများနေတာဖြစ်မှာပါ၊ အခြေအနေကို အရင်ဆုံး စောင့်ကြည့်တာပေါ့ “

ထိုထက်စာလျှင် ရန်ကျောက်ကဲသည် သူ့ခန္ဓာကိုယ်မူလပိုင်ရှင်မှ စားထားသည့် မိန်းကလေးနှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်ကို စဉ်းစားရကြပ်နေ၏။

လက်ရှိ သူ့အတွက် အရေးကြီးဆုံးဦးစားပေးမှာ သူ့ကိုယ်သူ တိုးတက်ရေးဖြစ်ပြီး သူ့၏ ကိုယ်ပိုင်ခွန်အားရော ဂိုဏ်းအတွင်း သူ့၏ ရပ်တည်မှုကိုပါ ဖြစ်၏။

မိန်းမလှများအတွက်မူ သူသည် အချိန်ကုန်ခံကာ တမင်သက်သက် သူတို့နောက် လိုက်မည် မဟုတ်သော်လည်း သူ့နောက် လိုက်သော မိန်းမလှများကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင် ထားခဲ့သော ပြဿနာမှာ တကယ်ပင် မသင့်တော်သောနေရာမှ အနာကဲ့သို့ ဖြစ်သည်။

အပြင်ပန်းတွင် ကျိန်ဆဲ၍ ညီးညူနေသော်လည်း ရန်ကျောက်ကဲသည် ဤပြဿနာကို စိတ်ထဲတွင် မထားပါ။ သူက ခေါင်းကိုယမ်းကာ ကိစ္စများကို သင့်တော်သလိုဖြေရှင်းလိုက်ပြီး အိမ်တော်သို့ ပြန်၍ အနားယူရန် ခြေဦးလှည့်လိုက်သည်။ နောက်တစ်နေ့နံနက်ရောက်သည်အထိ သူသည် တင်ပလ္လင်ခွေထိုင်လျက် ချီ သန့်စင်နေလိုက်သည်။ ထို့နောက် ဂိုဏ်း၏တာဝန်ခန်းမဆီသို့ ထွက်လာခဲ့သည်။

ရန်ကျောက်ကဲ ရောက်လာမှုက လူတိုင်း၏အာရုံများကို ဆွဲဆောင်စေသည်။ သူတို့၏မျက်လုံးများသည် သူ့အပေါ်၌သာ ကျရောက်နေကြသည်။

သို့သော်လည်း ရန်ကျောက်ကူး၏ အမူအရာက သာမာန်မျှပင်။ တစ်ချက်မျှ ဝေ့ကြည့်စဉ် သေးသွယ်ကျစ်လစ်သော ခန္ဓာကိုယ်ရှိသည့် ရွန်းစိုလှပသော မိန်းကလေးတစ်ယောက် သူ့ထံသို့ လျှောက်လာသည်ကို တွေ့ရသည်။

မိန်းကလေးသည် ၁၆၊ ၁၇ အရွယ်ဟုသာ ထင်ရ၏။ သို့သော် သူမ၏ ရုပ်ရည်က ထိပ်တန်းအဆင့်ဖြစ်နေပြီး လင်းမိန်းကလေးထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။ သူမသည် သေမျိုးတွေ၏ အစားအစာကို မစားသော ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သမီးလေးတစ်ပါးပမာ ဖြစ်၏။ သူမ၏ အားနည်းချက်မှာ မြင်ရတွေ့ရခဲသော ရေခဲပြာရောင် မျက်လုံးနှစ်လုံးဖြစ်ပြီး ထိုမျက်လုံးများကြောင့် သူမသည် အေးစက်၍ တသီးတခြားနေမည့်ဟန် ပေါက်နေသည်။

သူမ၏နာမည်မှာ စစ်ခုန်ချင်းဖြစ်ပြီး လူငယ်မျိုးဆက်မှ ထူးချွန်သူ နောက်တစ်ဦးဖြစ်သည်။ သူမသည် အတော်လေး ငယ်ရွယ်သေးသော်လည်း သူမ၏ ကျော်ကြားမှုက ပျံ့နှံ့နေပြီဖြစ်သည်။ သူမ၏ သိုင်းပါရမီမှာ ထူးခြား၍ ရန်ကျောက်ကဲ တစ်ယောက်တည်းထက်သာ နိမ့်ကျသည်ဟု ဆိုနိုင်သည်။ သူမသည် ဝါဒတောင်ဂိုဏ်းအတွက် ကောင်းကင်က ပေးအပ်သော နောက်ထပ်ကလေးငယ်တစ်ယောက်ဟု ဆိုနိုင်ပြီး ဤမျှငယ်ရွယ်သော အသက်မှာပင် အကြီးအကဲများ၏ အာရုံစိုက်မှုကို ခံရသူဖြစ်သည်။

ရန်ကျောက်ကဲ သူမကို မြင်သောအခါ သူ့နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။

သူသိရသမျှအတိုင်းဆို လင်းမိန်းကလေးက ထားခဲ့ပြီးနောက် ရီကျင်းသည် ဝါဒတောင်ဂိုဏ်းသို့ မဝင်ခင်မှာပင် စစ်ခုန်ချင်းနှင့် မည်သို့မည်ပုံ မသိရဘဲ တွေ့ဆုံမိသည်။ ကံကြမ္မာတိုက်ဆိုင်မှုအချို့ကြောင့် သူတို့နှစ်ယောက်အကြား ဆက်ဆံရေး အတော်ကောင်းကြသည်။

လက်ရှိအချိန်အထိ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ဖြူစင်သော မိတ်ဆွေ၊သူငယ်ချင်း ဆက်ဆံရေးသာ ရှိသေးသည်။ သို့သော် ဇာတ်ညွှန်းအရ သူမသည် နောက်ခံကောင်းမှ လာသူဖြစ်သည်။ သူမ၏ပါရမီက ကောင်းမွန်သလို သူမ၏အလှကလည်း ကမ္ဘာကို တုန်လှုပ်စေလောက်သည်။ သူမသည် အခြား ယောကျ်ား၊မိန်းမ ခံစားမှုမျိုး မရှိသည့် ရေခဲတမျှ အေးစက်သော မိန်းကလေးဖြစ်သည်။ သို့သော် သူမသည် သည်သာမာန်ရုပ်သာပေါက်သောလူအား အတော် မျက်နှာသာပေးပုံပေါက်သည်။

ရီချင်း၏ဇာတ်လိုက်ဟူသော အရောင်အဝါ၏ လွှမ်းမိုးမှုအောက်တွင် နို့နှစ်ရောင် အသားအရည်၊ မက်မွန်သီးလို နှုတ်ခမ်း၊ ဖြောင့်စင်းသော နှာတံ၊ ရေခဲပြာရောင် မျက်လုံးများနှင့် အကွေ့အကောက်၊အမို့အမောက်များ ပြည့်စုံ၍ နိုင်ငံများ၏ အတက်အကျကိုပင် ဖြစ်စေနိုင်ကာ ရောက်လေရာဘုံတိုင်း ကမ္ဘာတိုင်းမှ ရှင်ဘုရင်များ သခင်လေးများ၏ ငမ်းငမ်းတက်စွဲလမ်းမှုကို ခံရနိုင်သည့် ထိုကျောက်စိမ်းလို အလှပိုင်ရှင်သည် အနာဂတ်တွင် ဖြစ်လတ္တံ့သော ဧကရာဇ်ကြီးရီကျင်း၏ ဧကရီဖြစ်လာဖွယ် ရှိသည်။

စစ်ခုန်ချင်း၏ဘေးတွင် ထိုငတိက ရန်ကျောက်ကဲအား စူးစူးဝါးဝါး ကြည့်နေ၏။

ထိုငတိကား ရီကျင်းဖြစ်ပေသည်။

ရန်ကျောက်ကဲသည် မီးဝင်းဝင်းတောက်နေသည့် ရီကျင်း၏အကြည့်မှ မီးတောက်များကို သတိထားမိပြီး ထိုမီးတောက်များသည် အချိန်မရွေး ပေါက်ကွဲတော့မည့်သယောင် ဖြစ်နေသည်။

Zawgyi

အခန်း ၂

  နဂါးနှစ်ကောင်၊ ဘုရင်နှစ်ပါး ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်ကောင်က တကယ့်နဂါးလဲ

ရန်ကျောက်ကဲ လမ်းလျှောက်လာစဉ် အမျိုးမျိုးသော အသံများကို ကြားရသည်။



ဖြတ်သွားဖြတ်လာ သိုင်းညီငယ်များ၏ နှုတ်ဆက်သံများ ဖြစ်သည်။

“သိုင်းတူလေးရန်ရဲ့ ကျင့်ကြံမှုက တိုးတက်လာပြန်ပြီ”

“ဒီလူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်လို့ မပြောရဘူး၊ ပါရမီရှင်ထဲက ပါရမီရှင်ပဲ”

“အကြီးအကဲရန်မှာ အရည်အချင်းပြည့်မီတဲ့ ဆက်ခံသူ ရှိတာပဲ၊ တကယ့် ကျားလိုအဖေက ခွေးလိုသားကို မမွေးထားဘူးပဲ “

ထိုစကားများသည်ကား ဖြတ်သွားဖြတ်လာ အကြီးအကဲများ၏ ချီးကျူးသံများဖြစ်သည်။

“စီနီယာအကိုကြီးရန်က ပိုမိုခန့်ညားလာသလို နေ့စဉ်နဲ့အမျှ ပိုအစွမ်းကြီးလာတဲ့ပုံပဲ”

“သူကြည့်တဲ့ ပုံစံလေးက ညင်သာလိုက်တာ….”

“အားယား….၊ ငါလဲ အဲ့လိုပဲ ခံစားမိတယ်၊ အဲ့လိုထင်နေတာ ငါတစ်ယောက်ထဲ မဟုတ်ဘူးပဲ “

“ဒါပေမယ့်… ပေမယ့်… သူ ဒီလိုလေး နေလေလေ…. ငါ ပိုပြီးကြွေ…. ကြွေ…”

“ဟုတ္လား… ဟုတ္လား…”

“ဟီး ဟီး၊ ဘာ ဟုတ်လား ဟုတ်လားလဲ၊ အရှက်မရှိတဲ့ မိန်းမ”


ကောင်းပြီ။ ထိုအသံများသည်ကား အမျိုးမျိုးသော သိုင်းညီအမများ သူတို့၏ရင်ထဲမှ အချစ်ပန်းလေး စတင်ပွင့်ဖူးကြချိန် ခံစားရပုံများဖြစ်သည်။

ရန်ကျောက်ကဲသည် ထိုသိုင်းညီအမများကို တောက်ပစွာပြုံးပြလိုက်စဉ် တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ရေရွတ်နေသည်။ “အိနြေရရနေ…… စိတ်ကို ငြိမ်ငြိမ်ထား….”

သူ့အနောက်မှ လူထွားကြီးက ရယ်ချင်စိတ်ကို မနည်းမျိုသိပ်နေရပုံပေါ်ပြီး

“မင်းသား….”

ရန်ကျောက်ကဲက သူ့ဝသီအတိုင်း ဘေးသို့ စောင်းကြည့်လိုက်သည်။

“ဘာတုန်း…… ”

လူထွားကြီးသည် ရန်ကျောက်ကဲအပေါ် အကြွင်းမဲ့ သစ္စာရှိသော ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး ရန်ကျောက်ကဲ သွားလေရာနေရာသို့ လိုက်ပါစောင့်ရှောက်ရန် ရန်ကျောက်ကဲ၏အဖေက တာဝန်ပေးထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ပြန်လည်မွေးဖွာလာသူ တစ်ယောက်အနေဖြင့် ရန်ကျောက်ကဲသည် သရုပ်မှန်မပေါ်ပေါက်စေရန် သည်ခန္ဓာကိုယ်မူလပိုင်ရှင်၏ အနီးကပ်လက်အောက်ငယ်သားများကို ရှောင်ကြဉ်သင့်ပေသည်။

သို့ရာတွင် ထိုကဲ့သို့ လုပ်ရပ်မျိုးက အသွားနှစ်ဖက်ရှိသော ဓားတစ်ချောင်းကို ကိုင်ဆောင်ရသကဲ့သို့ပင်။ အပြန်အလှန်အားဖြင့် ထိုလက်အောက်ငယ်သားများနှင့် နီးနီးကပ်ကပ်နေထိုင်ခြင်းက သူ့ကို ဤကမ္ဘာတွင် ပိုမိုလျင်မြန်စွာ အသားကျနိုင်ရန် အကူအညီပေးသည်။

ကံကောင်းထောက်မစွာဖြင့်   ရန်ကျောက်ကဲသည် အရင်ပိုင်ရှင်ထံမှ ခန္ဓာကိုယ်သက်သက်သာ မဟုတ်ဘဲ အရင်ပိုင်ရှင်၏မှတ်ဉာဏ်များပါ လက်ခံရရှိခဲ့သည်။

သို့မဟုတ်ပါက လက်ရှိအသုံးပြုနေကြသော ဘာသာစကားသည်ပင် သူ့အတွက် ကျော်လွှားရန်ခက်ခဲသော စိတ်ခေါ်မှုကြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။

“မင်းသား…၊ အန်းက အဲ့ဒီ ရီဂျင်းအကြောင်းကို စုံစမ်းပြီးပါပြီ၊ သူက ရုတ်တရက်ကြီး အကြီးအကျယ် တိုးတက်လာပေမယ့် မှတ်သားလောက်စရာ မဟုတ်ပါဘူး၊ သူက အရှင့်အပေါ် ရန်ငြိုးထားနေတော့ ကျွန်တော်တို့ သူ့ကို… ”

ရန်ကျောက်ကဲသည် လူထွားကြီးအား မျက်လုံးလှန်ကြည့်လိုက်သည်။

“ဇာတ်လမ်းက စလာချေပြီ

မောက်မာတဲ့သခင်လေးရဲ့ လက်အောက်ငယ်သားတွေအပေါင်းအပါတွေက သခင်လေးဆီက မျက်နှာသာရလို ရငြား ဂိုဏ်းထဲ အခုမှ ရောက်လာတဲ့ ဇာတ်လိုက်ကို ငချွတ်လေးမှတ်ပြီး သွားရန်စကြမယ်၊

ဟိုက ဆော်လွှတ်လိုက်တဲ့အခါ ဖူးယောင်ပြီး မောက်မာတဲ့သခင်လေးဆီ ပြန်ရောက်လာမယ်

လက်အောက်ငယ်သားတွေ ရိုက်နှက်ခံရတာ တွေ့တော့ ဂိုဏ်းက နံပါတ်တစ် သခင်လေးက သူ့ကို စော်ကားခံရသလို ခံစားရပြီး ထို ဇာတ်လိုက်ကို သွား စိန်ခေါ်မယ်

အဲ့သခင်လေးပါ ဝက်ခေါင်းရုပ်ပေါက်ပြီး သူ့အမေ သူ့ကို ပြန်မမှတ်မိတော့တဲ့အထိ အရိုက်ခံရမယ်

သူ့သားမျက်နှာတွေ့တော့ ဒေါသထွက်သွားတဲ့ သူ့အဖေပါ ပါလာပြီး တစ်မိသားစုလုံးပါ ပါလာလိမ့်မယ်

အဆုံးမှာတော့ မိသားစုတစ်စုလုံး တည်ကြည်၊ ရိုးသား၊ ဖြောင့်မတ်သည့် တရားဘက်တော်သား ဇာတ်လိုက်၏ နှိပ်ကွပ်မှုကို ခံရလေသတည်း”

ပြီးပြည့်စုံစွာ အကွက်ကျကျရေးသားထားသည့် ဇာတ်ညွှန်းတစ်ခုကဲ့သို့ မဟုတ်ပါလော။

“မင်း -င်ကြီးသာ ပြည့်စုံလိုက်တော့”

ဝက်ခေါင်းရုပ်ပေါက်သည်အထိ အရိုက်နှက်ခံရပြီး နောက်ဆုံးတွင် သေပေးရမည့် ဗီလိန်ဇာတ်ရုပ်ဖြစ်ရမည့် အရေးကို တွေးမိပြီး ရန်ကျောက်ကဲသည် သူ သတ်မှတ်ခံထားရသည့် အခန်းကဏ္ဍအပေါ်   မြူမှုန်တစ်မှုန်မျှပင် မကျေနပ်ခဲ့ချေ။

သူသည် အေးအေးလူလူ အပူအပင်ကင်းမဲ့စွာ နေရသည့် ဒုတိယမျိုးဆက် လူငယ်ပါရမီရှင်ဘဝမှ ထိုမိုးကောင်ကင်က သတ်မှတ်ထားသည့် ဇာတ်လိုက်ဖြစ်မည့်ကောင် အထက်သို့ တက်ရေးအတွက် နောက်ကွယ်က ခြေနင်းတုံးဖြစ်ပေးရမည့်ပုံ ပေါက်နေသည်။

ထိုအခိုက်တွင် ရန်ကျောက်ကူး၏ စိတ်ထဲရှိ အတွေးများသည် အတော် ရူးကြောင်ကြောင်နိုင်ပြီး အဓိပ္ပာယ်မရှိသည်ဟု ထင်ရသည်။

ထိုမိုးကောင်းကင် သားတော်၏ ကံကောင်းသော ရန်သူများက အနည်းငယ် ကောင်းမွန်သော အဆုံးသတ်ကို ကြုံရနိုင်သည်။ သူတို့သည် ထိုဇာတ်လိုက်၏ ပြိုင်ဘက်များ အဖြစ်ပြုမှုကြရာ သူတို့ပုံစံက အကြမ်းခံပြီး အသက်ပြင်းသော ပိုးဟပ်များနှင့် ဆင်တူသည်။ သူတို့က ရှုံးနိမ့်တိုင်းတွင် ဘယ်တော့မှ မသေဘဲ သူတို့ကိုယ်သူတို့ တိုးတက်လာသည်ဟု ယူဆရသောအခါ  ဇာတ်လိုက်ရှေ့၌ ပြန်ပေါ်လာကြသည်။ ထိုပြိုင်ဘက်များသည်  ထပ်တလဲလဲ ပြန်အသုံးပြုနိုင်သောပစ္စည်းများနှင့်တူပြီး ဇာတ်လိုက်အား အတွေ့အကြုံနှင့် လက်နက်များ စုဆောင်းမိသည်အထိ ကူညီပေးကြသူများဖြစ်သည်။

အနည်းငယ် ကံဆိုးသော ရန်သူများအတွက်မူ သူတို့ အခန်းအနည်းငယ်မျှပင် ရှင်နိုင်မည်လောဆိုတာ သံသယဖြစ်စရာကောင်းပြီး သေခြင်း သို့မဟုတ် သေသည်ထက် ဆိုးသောအဖြစ်များနှင့် အဆုံးသတ်သွားကြသည်။

ယေဘုယျအားဖြင့် ရန်ကျောက်ကဲကဲ့သို့ နောက်ခံကောင်းပြီး သူ့အတွက်ဆို အာဏာကိုအလွဲသုံးစားလုပ်မည့် အဖေရှိသည့် လူတစ်ယောက်သည် လူဆိုးဆရာကြီး(Big Boss)မလာခင် လူဆိုးခေါင်းဆောင်ငယ်(Mini Boss)ဖြစ်လေသည်။ လူဆိုးခေါင်းဆောင်ငယ်(Mini Boss)သည် အခန်းအနည်းငယ်သာ အသက်ရှင်ပြီး ဇာတ်လိုက်က ထိုခေါင်းဆောင်ငယ်(Mini-Boss)၏ သိုင်းပညာကို ဖျက်ဆီးခြင်းကြောင့်ဖြစ်စေ သို့မဟုတ် အာဏာကို အလွဲသုံးစားလုပ်သော သူ့အဖေနှင့်အတူ ဂိုဏ်းမှ နှင်ထုတ်ခံရ၍ဖြစ်စေ ဗီလိန်တို့သွားရာ လမ်းသို့ မြန်းရလေသည်။

လက်ဦးမှုယူကာ အရင်တိုက်ခိုက်သူက အသာစီးရသည်ဟူသော အယူအဆသည်လည်း ဤနေရာတွင် မဖြစ်နိုင်ပေ။ ထိုမိုးကောင်ကင်၏သားတော်များတွင် ရှိသော သဘောတရားအရ ဤကဲ့သို့ ကြမ္မာမျိုးကြုံရသော မည်သည့်ဇာတ်လိုက်မဆို တခဏမျှ ဖိနှိမ်ခံရမည်ဖြစ်သော်လည်း အရင်ကထက် ပိုမိုလျင်မြန်သောနှုန်းဖြင့်ပင် တိုးတက်လာနိုင်သည်။ ဤသည်က သူတို့ကို ပိုမိုကြီးမားသော ကံကောင်းမှုနှင့်တွေ့ဆုံနိုင်ရန် အကြောင်းဖန်ပေးသလိုဖြစ်ပြီး သူတို့ကို ပိုမိုလျင်မြန်သောနှုန်းဖြင့် ကြီးထွားလာစေသည်။

အဆုံးမှာတော့ ထိုဇာတ်လိုက်များသည် ခြစ်ရာမျှပင် ထိခိုက်မည်မဟုတ်ပါ။ ဆန့်ကျင့်စွာဖြင့် သူတို့သည် မစဉ်းစားနိုင်လောက်အောင် လျင်မြန်သောနှုန်းဖြင့် ကြီးထွားလာနိုင်သည်။ ထိုအချိန်တွင် သူတို့ပြန်လာကာ ဗီလိန် သခင်လေး၏မျက်နှာကို ချိန်ရွယ်ကြမည် ဖြစ်သည်။

ဇာတ်လိုက်၏ ဇာတ်ညွှန်းရေးဆရာဖန်တီးသော ကံကြမ္မာမှာ တစ်ဖက်စောင့်နင်းနိုင်လွန်းပြီး အဓိပ္ပာယ်မဲ့လွန်းသည်။ အကယ်၍ ၎င်းသည် ဇာတ်လိုက်၏ရန်သူများကို ခန္ဓာကိုယ် ပြားချပ်ပြီး သေစေချင်ပါက ပြားချပ်ပြီး သေသွားနိုင်သည်။ ၎င်းက သင့်ကို တစ်ရာလေးဆယ့်ရှစ်မျိုး အမျိုးမျိုးသော ထူးဆန်းသောနည်းလမ်းများဖြင့် ပြားချပ်၍ဖြစ်စေ ပျော့ဖတ်ဖြစ်သည်အထိ ရိုက်ခံရ၍ဖြစ်စေ အမျိုးမျိုးသေစေနိုင်သည်။

“ဒီဇာတ်လိုက်ရီအတွက် သူ့ရဲ့  ဝှက်ဖဲက ဘယ်လိုအရာဖြစ်မလဲ၊ ကမ္ဘာပျက်ကပ်ဘေးကြီးမတိုင်ခင်က ထိပ်တန်းသိုင်းကျမ်းလား၊ ဒါမှမဟုတ် အဆင့်အမြင့်ဆုံးနတ်ဘုရားပစ္စည်းလား၊ ဒါမှမဟုတ် နှစ်တစ်ထောင်လောက်ဂူအောင်းနေတဲ့ အဆင့်လွန်အဖိုးကြီးတွေရဲ့ မြေးလာ၊ ဒါမှမဟုတ် သူက ပြန်လည်မွေးဖွားလာသူ တစ်ယောက်လား ”

ရန်ကျောက်ကဲ၏ အပြုံးက အနည်းငယ် ကို့ယို့ကားယားနိုင်နေသည်။ “သူနဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုဘူး ”

“ဇာတ်ညွန်းက တစ်ခုခုမှားနေပေမယ့် မင်းတို့ကိုကြီး ငါ့ဆီမှာလဲ ဝှက်ဖဲတစ်ခုရှိပါတယ်ကွ”

ကမ္ဘာပျက်ကပ်ဘေးကြီးပြီးနောက် ခေတ်သစ်တစ်ခု ပေါ်ပေါက်လာသည်။ အကြောင်းမှာ ကပ်ဘေးမတိုင်မီကခေတ်နှင့် လက်ရှိခေတ်ကမ္ဘာကြီးတို့အကြား ကွာခြားမှုများးရှိခြင်းကြောင့် ဖြစ်သည်။ သိုင်းကျင့်ကြံခြင်း လမ်းစဉ်က အနည်းနှင့် အများ ပြောင်းလဲသွားသည်။ လူသားတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံများသည်ပင် တစ်ထေရာတည်း မတူတော့ပါ။ ထို့ကြောင့် ရန်ကျောက်ကဲသည် လက်ရှိခေတ်နှင့် ကိုက်ညီရန် သူ့စိတ်ထဲက မှတ်တမ်းအမျိုးမျိုးနှင့် သိုင်းကျမ်းများကို အနည်းငယ် ချိန်ညှိ့ရန် လိုအပ်သည်။ ဤအချက်ကြောင့်သာ မဟုတ်လျှင် သူ၏ကျင့်ကြံခြင်းက ပိုမိုလျင်မြန်သည့်နှုန်းဖြင့် တိုးတက်နေလိမ့်မည် ဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ဘဝသစ်နှင့် ကမ္ဘာသစ်တွင် အသားကျရန် ဂရုတစိုက် ကြိုးပမ်းနေချိန်မှ လွဲလျှင် ရန်ကျောက်ကဲသည် ယခင်ဘဝမှ ပါလာသော ပညာရပ်များကို လက်တွေ့အသုံးချရေးအတွက်သာ အလေးပေးကြိုးစားလျက်ရှိသည်။

ယခု သူ၏အားထုတ်မှုက အကျိုးဖြစ်ထွန်းလာခဲ့လေပြီ။ ပျံသန်းရန် အချိန်ရောက်ချေပြီ။

ရန်ကျောက်ကဲသည် သူ့ခန္ဓာကိုယ်၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်ကိုက်ညီသော ပညာရပ်များကိုသာ ယနေ့ခေတ်နှင့် ကိုက်ညီအောင် ပြောင်းလဲရသေးသည်။ သူ့ကျင့်ကြံမှုက အတိုင်းအတာတစ်ခုအထိရောက်သည်နှင့် သူ၏ဦးနှောက်ထဲတွင် သိမ်းဆည်းထားသော ပညာရပ်များကို ကျင့်ကြံခြင်းလမ်းစဉ်တစ်ယောက်လုံး ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရန် ပြောင်းလဲဖို့မှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။

အစားကို တစ်ကြိမ်လျှင် တစ်လုပ်သာ စားရန်လိုအပ်သလို ကျင့်ကြံခြင်းခရီးတွင်လည်း တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းရမည်ဖြစ်သည်။

သူ၏ကျင့်ကြံမှုတိုးတက်လာသည်နှင့် အယူအဆများကို လက်တွေ့အသုံးချခြင်းများတွင် ပေါင်းစပ်နိုင်ကာ ပိမိုများပြားသော ဖြစ်နိုင်ချေများနှင့် ကြီးမားသောအလားအလာများဆီသို့ ဦးတည်နေသည်။ လက်ရှိတွင် ရန်ကျောက်ကဲသည် ပထမခြေလှမ်း လှမ်းရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

သိုင်းလမ်းစဉ်နှင့် ပတ်သတ်သော အဆင့်မြင့်ပညာရပ်များကို သူ ပိုင်ဆိုင်ထားသည်သာမက ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းကဲ့သိုသော လမ်းစဉ်များမှ သူ့ဗဟုသုတများမှာ လက်ရှိခေတ်တွင် လှိုင်းထန်သွားရန် လုံလောက်ပေသည်။

သူ့လက်အောက်ငယ်သားများကို စေလွှတ်စုံစမ်းထားခိုင်းသော အစစ်အမှန် လီမီးတောက်သည် ထိုလမ်းစဉ်များနှင့် သွားရောက်ဆက်နွယ်နေလေ၏။

သူ၏စမ်းသပ်မှုသာ အောင်မြင်ခဲ့ပါက သူ့အတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းစေနိုင်သည်။

ရန်ကျောက်ကူး၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။ “နဂါးနဲ့ နဂါး၊ ဘုရင်နှစ်ပါး တွေ့ဆုံမှုမှာ ဘယ်သူက တကယ့်နဂါးလဲ ကြည့်ကြတာပေါ့၊ ဒီရီကျင်းက ကံကြမ္မာက ဖန်တီးလိုက်တဲ့ ဇာတ်လိုက် ဟုတ်ချင်မှ ဟုတ်မှာပါ၊ ငါအတွေးလွန်ပြီး သံသယများနေတာဖြစ်မှာပါ၊ အခြေအနေကို အရင်ဆုံး စောင့်ကြည့်တာပေါ့ “

ထိုထက်စာလျှင် ရန်ကျောက်ကဲသည် သူ့ခန္ဓာကိုယ်မူလပိုင်ရှင်မှ စားထားသည့် မိန်းကလေးနှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်ကို စဉ်းစားရကြပ်နေ၏။

လက်ရှိ သူ့အတွက် အရေးကြီးဆုံးဦးစားပေးမှာ သူ့ကိုယ်သူ တိုးတက်ရေးဖြစ်ပြီး သူ့၏ ကိုယ်ပိုင်ခွန်အားရော ဂိုဏ်းအတွင်း သူ့၏ ရပ်တည်မှုကိုပါ ဖြစ်၏။

မိန်းမလှများအတွက်မူ သူသည် အချိန်ကုန်ခံကာ တမင်သက်သက် သူတို့နောက် လိုက်မည် မဟုတ်သော်လည်း သူ့နောက် လိုက်သော မိန်းမလှများကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင် ထားခဲ့သော ပြဿနာမှာ တကယ်ပင် မသင့်တော်သောနေရာမှ အနာကဲ့သို့ ဖြစ်သည်။

အပြင်ပန်းတွင် ကျိန်ဆဲ၍ ညီးညူနေသော်လည်း ရန်ကျောက်ကဲသည် ဤပြဿနာကို စိတ်ထဲတွင် မထားပါ။ သူက ခေါင်းကိုယမ်းကာ ကိစ္စများကို သင့်တော်သလိုဖြေရှင်းလိုက်ပြီး အိမ်တော်သို့ ပြန်၍ အနားယူရန် ခြေဦးလှည့်လိုက်သည်။ နောက်တစ်နေ့နံနက်ရောက်သည်အထိ သူသည် တင်ပလ္လင်ခွေထိုင်လျက် ချီ သန့်စင်နေလိုက်သည်။ ထို့နောက် ဂိုဏ်း၏တာဝန်ခန်းမဆီသို့ ထွက်လာခဲ့သည်။

ရန်ကျောက်ကဲ ရောက်လာမှုက လူတိုင်း၏အာရုံများကို ဆွဲဆောင်စေသည်။ သူတို့၏မျက်လုံးများသည် သူ့အပေါ်၌သာ ကျရောက်နေကြသည်။

သို့သော်လည်း ရန်ကျောက်ကူး၏ အမူအရာက သာမာန်မျှပင်။ တစ်ချက်မျှ ဝေ့ကြည့်စဉ် သေးသွယ်ကျစ်လစ်သော ခန္ဓာကိုယ်ရှိသည့် ရွန်းစိုလှပသော မိန်းကလေးတစ်ယောက် သူ့ထံသို့ လျှောက်လာသည်ကို တွေ့ရသည်။

မိန်းကလေးသည် ၁၆၊ ၁၇ အရွယ်ဟုသာ ထင်ရ၏။ သို့သော် သူမ၏ ရုပ်ရည်က ထိပ်တန်းအဆင့်ဖြစ်နေပြီး လင်းမိန်းကလေးထက်ပင် သာလွန်သည်ဟု ဆိုနိုင်သည်။ သူမသည် သေမျိုးတွေ၏ အစားအစာကို မစားသော ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သမီးလေးတစ်ပါးပမာ ဖြစ်၏။ သူမ၏ အားနည်းချက်မှာ မြင်ရတွေ့ရခဲသော ရေခဲပြာရောင် မျက်လုံးနှစ်လုံးဖြစ်ပြီး ထိုမျက်လုံးများကြောင့် သူမသည် အေးစက်၍ တသီးတခြားနေမည့်ဟန် ပေါက်နေသည်။

သူမ၏နာမည်မှာ စစ်ခုန်ချင်းဖြစ်ပြီး လူငယ်မျိုးဆက်မှ ထူးချွန်သူ နောက်တစ်ဦးဖြစ်သည်။ သူမသည် အတော်လေး ငယ်ရွယ်သေးသော်လည်း သူမ၏ ကျော်ကြားမှုက ပျံ့နှံ့နေပြီဖြစ်သည်။ သူမ၏ သိုင်းပါရမီမှာ ထူးခြား၍ ရန်ကျောက်ကဲ တစ်ယောက်တည်းထက်သာ နိမ့်ကျသည်ဟု ဆိုနိုင်သည်။ သူမသည် ဝါဒတောင်ဂိုဏ်းအတွက် ကောင်းကင်က ပေးအပ်သော နောက်ထပ်ကလေးငယ်တစ်ယောက်ဟု ဆိုနိုင်ပြီး ဤမျှငယ်ရွယ်သော အသက်မှာပင် အကြီးအကဲများ၏ အာရုံစိုက်မှုကို ခံရသူဖြစ်သည်။

ရန်ကျောက်ကဲ သူမကို မြင်သောအခါ သူ့နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။

သူသိရသမျှအတိုင်းဆို လင်းမိန်းကလေးက ထားခဲ့ပြီးနောက် ရီကျင်းသည် ဝါဒတောင်ဂိုဏ်းသို့ မဝင်ခင်မှာပင် စစ်ခုန်ချင်းနှင့် မည်သို့မည်ပုံ မသိရဘဲ တွေ့ဆုံမိသည်။ ကံကြမ္မာတိုက်ဆိုင်မှုအချို့ကြောင့် သူတို့နှစ်ယောက်အကြား ဆက်ဆံရေး အတော်ကောင်းကြသည်။

လက်ရှိအချိန်အထိ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ဖြူစင်သော မိတ်ဆွေ၊သူငယ်ချင်း ဆက်ဆံရေးသာ ရှိသေးသည်။ သို့သော် ဇာတ်ညွှန်းအရ သူမသည် နောက်ခံကောင်းမှ လာသူဖြစ်သည်။ သူမ၏ပါရမီက ကောင်းမွန်သလို သူမ၏အလှကလည်း ကမ္ဘာကို တုန်လှုပ်စေလောက်သည်။ သူမသည် အခြား ယောကျ်ား၊မိန်းမ ခံစားမှုမျိုး မရှိသည့် ရေခဲတမျှ အေးစက်သော မိန်းကလေးဖြစ်သည်။ သို့သော် သူမသည် သည်သာမာန်ရုပ်သာပေါက်သောလူအား အတော် မျက်နှာသာပေးပုံပေါက်သည်။

ရီချင်း၏ဇာတ်လိုက်ဟူသော အရောင်အဝါ၏ လွှမ်းမိုးမှုအောက်တွင် နို့နှစ်ရောင် အသားအရည်၊ မက်မွန်သီးလို နှုတ်ခမ်း၊ ဖြောင့်စင်းသော နှာတံ၊ ရေခဲပြာရောင် မျက်လုံးများနှင့် အကွေ့အကောက်၊အမို့အမောက်များ ပြည့်စုံ၍ နိုင်ငံများ၏ အတက်အကျကိုပင် ဖြစ်စေနိုင်ကာ ရောက်လေရာဘုံတိုင်း ကမ္ဘာတိုင်းမှ ရှင်ဘုရင်များ သခင်လေးများ၏ ငမ်းငမ်းတက်စွဲလမ်းမှုကို ခံရနိုင်သည့် ထိုကျောက်စိမ်းလို အလှပိုင်ရှင်သည် အနာဂတ်တွင် ဖြစ်လတ္တံ့သော ဧကရာဇ်ကြီးရီကျင်း၏ ဧကရီဖြစ်လာဖွယ် ရှိသည်။

စစ်ခုန်ချင်း၏ဘေးတွင် ထိုငတိက ရန်ကျောက်ကဲအား စူးစူးဝါးဝါး ကြည့်နေ၏။

ထိုငတိကား ရီကျင်းဖြစ်ပေသည်။

ရန်ကျောက်ကဲသည် မီးဝင်းဝင်းတောက်နေသည့် ရီကျင်း၏အကြည့်မှ မီးတောက်များကို သတိထားမိပြီး ထိုမီးတောက်များသည် အချိန်မရွေး ပေါက်ကွဲတော့မည့်သယောင် ဖြစ်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset