အပိုင်း (၁၇၄၀)

ရှေးဟောင်းဘိုးဘေးများ

ရီဖူရှင်းက တောင်တန်းဘုံမှ ကျင့်ကြံသူများအားကြည့်လိုက်ပြီး ဗုဒ္ဓ၏တရားသံက လေထုထဲတွင်ပြန့်နှံနေလေသည်။ သူတို့၏အလွန်ရိုသေလေးစားသောအပြုအမူများအရ ထိုရှေးဟောင်းဗုဒ္ဓမှာတောင်တန်းဘုံနှင့် တစ်စုံတစ်ခုပတ်သတ်နေမည်မှန်း ရီဖူရှင်းကသိလိုက်ရသည်။

” အရှင်ဗုဒ္ဓ…” ရှန်လော့ရွှီက အသံတိုးတိုးဖြင့်ပြောလိုက်သည်။ သူမက လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓဆင်းတုတော်အား အရိုအသေပြုလိုက်သည်။

သိသာစွာပင် ထိုရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်သည် သူမအလွန်လေးစားသော ဘိုးဘေးတစ်ပါးဖြစ်နေပေသည်။

” အဲ့ဒါက အခုထျန်ရှန်းကျောင်းတော်က ကျောင်းထိုင်ဆရာတော်ရဲ့ စီနီယာအကိုကြီးဖြစ်ပြီး ဆရာတော်ပုတောက်ရဲ့ ဦးရီးတော်ပဲ…”သူ၏ဘေးမှ ဟွားကျန့်ရှန်ကရီဖူရှင်းအားမိတ်ဆက်ပေးလိုက်သည်။ “ငါကြားဖူးတာကတော့ သူကထျန်းရှန်းကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်သင့်တာ ဒါပေမဲ့အရှင်ဗုဒ္ဓက သူ့နဲ့ဂျူနီယာညီလေးကို ကျောင်းထိုင်ရာထူးကိုလွှဲပေးခဲ့ပြီး သူကမိစ္ဆာတွေကိုနှိမ်နင်းဖို့ ထွက်ခွာဖို့ကို ရွေးချယ်ခဲ့တယ်တဲ့…”

” အရှင်ဗုဒ္ဓကတောင်တန်းဘုံရဲ့ ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးလို့ လူသိများကြတယ်။ သူရဲ့တိုက်ပွဲဝင်စွမ်းရည်က သူ့မျိူးဆက်မှာရှိတဲ့လူအားလုံးထဲမှာအစွမ်းအထက်ဆုံးလို့ပြောကြတယ်”

ပတ်ဝန်းကျင်မှလူများ၊ အထူးသဖြင့် ထိုစဥ်ကအဖြစ်အပျက်အားသိထားကြသောလူများကြားတွင် ဆွေးနွေးမှုက မြင့်တတ်လာသည်။

အရှင်ဗုဒ္ဓသည် အလွန်အားကောင်းသောထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ခဲ့သည်။ သူကကျောင်းထိုင်ဆရာတော်ဖြစ်ရန် ဆန္ဒမရှိဘဲ လောကအနှံခြေဆန့်သွားလာရန်ကိုသာ ရွေးချယ်ခဲ့သည်။ သူကခြေဗလာဖြင့်ဝတ်ရုံတထည်ကိုသာ ဝတ်ဆင်၍လောကအနှံ့ကိုခြေဆန့်ရသည်အား အလွန်နှစ်သက်လှပြီး ခြိုးခြံခြွေတာရသည်ကိုနှစ်သက်သည်။ သူက ဤလောကကြီးအားငြိမ်းချမ်းမှုရစေရန် လုပ်ဆောင်ခဲ့ပြီး မိစ္ဆာများနှင့်တစ္ဆေများအားနှိမ်နှင်းခဲ့သည်။

သူသည်အခြားဗုဒ္ဓကျင့်ကြံသူများနှင့်မတူဘဲ တစ်ကိုယ်တည်းသာလှုပ်ရှားသွားလာတတ်ပြီး မတရားမှုကို အလွန်ရွံမုန်းလှသည်။

ဗုဒ္ဓဘာသာဝင်များတွင် ဗုဒ္ဓကသူ၏ဓားအားလွှတ်ချလိုက်ချိန်၌ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခဲ့သည်ဟူ၍ဆိုရိုးစကားရှိလေသည်။ သို့သော်သူကမူ ခြားနားလှပေသည်။ သူကမိစ္ဆာများနှင့်ရင်ဆိုင်ရချိန်တွင် သူလုပ်သည့်တစ်ခုတည်းသောအရာမှာ ထိုမိစ္ဆာအား ဘဝတစ်ပါးသို့ကူးပြောင်းသွားစေရန် နှိမ်နှင်းလိုက်ခြင်းသာဖြစ်ပေသည်။

ဤနေရာသည်သူ၏နောက်ဆုံးခေါင်းချရာနေရာဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ သူသည်ဤနေရာ၌နှစ်ပေါင်းများစွာတည်ရှိလာခဲ့ပြီး ထာဝရတည်တံ့သွားမည်သာဖြစ်ပေသည်။

လူအများက အရှင်ဗုဒ္ဓ၏ဆန့်ကျင်ဘက်၌ရှိနေသောရုပ်ထုအားကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်ကြီးသေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သော်လည်း သူ၏ပတ်ဝန်းကျင်၌ကြောက်မက်ဖွယ်အငွေ့အသက်များလွှမ်းခြုံနေပြီး မည်သူမျှအနားသို့ကပ်မလာစေရန် တားမြစ်ထားသည်။ ထိုမျက်လုံးများက ယခုသည့်တိုင် ခြောက်ခြားဖွယ်မိစ္ဆာအလင်းတန်းအား သယ်ဆောင်ထားသည့်နှယ်ဖြစ်နေလေသည်။

တစ်ချိန်ကငရဲမင်းသည် လျှို့ဝှက်နယ်မြေဘုံ၌ အစွမ်းထက်ဆုံးတည်ရှိမှုအဖြစ်တည်ရှိခဲ့သည်။သူအသက်ရှင်နေစဥ်က ယခုရှိနေကြသော ယခင်မျိုးဆက်မှလူများအားလုံးသည် သူ့အားမြင်သည်နှင့်အရိုးထဲထိစိမ့်အောင်ကြောက်လန့်ခဲ့ကြရသည်။ လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုများစွာအတွက် ထိုငရဲမင်းသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကဲ့သို့ဖြစ်သည်။

သူ၏စွမ်းအားထိပ်ဆုံးသို့ရောက်ခဲ့စဥ်ကသူသည် လျှို့ဝှက်နယ်မြေဘုံ၏ဘုရင်တစ်ပါးဖြစ်ပြီး အခြားထိပ်သီးအင်အားစုအားလုံးသည် သူ၏အမိန့်အားမလိုက်နာဘဲ ဆန့်ကျင်ဝံ့သူဟူ၍မရှိပေ။သူကမဟာလမ်းစဥ်၏ဘုံသုံးထောင်လုံးအား သူ၏ငရဲကမ္ဘာ၌ လက်အောက်ခံအဖြစ်သွတ်သွင်းလိုခဲ့ပြီး စစ်ကိုကြေညာခဲ့သည်။

ယခုမူသူ၏ခန္ဓာကိုယ်အားဤနေရာ၌ ချိတ်ပိတ်လျက်တွေ့ရှိခဲ့ရသည်။

လျှို့ဝှက်နယ်မြေမှထိပ်သီးပုဂ္ဂိုလ်များ၏ မျက်လုံးများထဲတွင်လောဘတက်သော အရိပ်အယောင်များပေါ်ပေါက်နေလေသည်။ ထိုသည်မှာ ငရဲမင်း၏ရုပ်ခန္ဓာဖြစ်လေသည်။

သူတို့ရှေ့တွင်ရှိနေသော ထိုရုပ်ထုနှစ်ခုက အခြားရုပ်ထုများနှင့် ဆက်စပ်နေပြီး သွယ်တန်းနေကာ တောင်တန်းများသဖွယ်ဖြစ်ပေါ်နေသည်။ သူတျို့ကကောင်းကင်နှင့် နေမင်းအား ကာရံထားပြီး ဤနေရာအားကမ္ဘာကြီးနှင့်ခြားနားထားကာ ဤနယ်မြေ၏အဆုံးသတ်သဖွယ်ဖြစ်နေလေသည်။

သူတို့ရှေ့တွင်မြင်နေရသောမြင်ကွင်းကြောင့် ကျင့်ကြံသူများကစတင်စိုးရိမ်လာကြသည်။ ငရဲဂိတ်တံခါးပေါ်ထွက်လာကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သော်လည်း ယခုမူသူတို့မြင်နေရသည်မှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးနှစ်ယောက်ဖြစ်နေလေသည်။

ထိုသို့ဆိုလျှင် ငရဲဂိတ်တံခါးက မည်သည့်နေရာတွင်ရှိနေလေသနည်း။

ထိုငရဲဂိတ်တံခါးအား ဤနေရာ၌ ထိုရုပ်ထုများကချိတ်ပိတ်ထားခြင်းဖြစ်နေမည်လော။

ထိုရုပ်ထုများ၏နောက်တွင်မည်သည့်အရာများရှိနေမည်နည်း။

ဤငရဲတိုက်ပွဲကွင်းပြင်၏အဆုံးသက်က ဤနေရာတွင်ရှိနေသည်လား…။

ထို့နောက် အရှင်ဗုဒ္ဓ၏ရုပ်ထုထံ၌ အဆုံးမဲ့ဗုဒ္ဓကျမ်းစာများကပေါ်ထွက်လာလေသည်။ထျန်းရှန်းကျောင်းတော်မှ ကျင့်ကြံသူများ၏ ဗုဒ္ဓတရားတော်များရွတ်ဖတ်သံအောက်တွင် သူ၏ခန္ဓာကိုယ်မှဗုဒ္ဓအလင်းရောင်သည် ပိုမိုတောက်ပလာပြီး ထိုမှောင်မဲနေသောနေရာအား ထွန်းလင်းသွားစေသည်။ ကြည့်ရသည်မှာမှော်ဆန်၍ အလွန်အမင်းအားကောင်းလှသောစွမ်းအားတစ်ခုက နိုးထလာဟန်ပေါ်ပေသည်။

လူများစွာက အလွန်အံအားသင့်သွားကြသည်။ သူတို့ကအမှန်တကယ်ပင် အရှင်ဗုဒ္ဓအားနိုးထအောင်ပြုလုပ်နိုင်ခဲ့သည်လော…။

ဗုဒ္ဓတရားတော်များသံပြိုင်ရွတ်ဆိုနေခြင်း၏ အောက်တွင်ထိုဗုဒ္ဓအရှင်၏ရုပ်ပွားတော်၌ ရှေးဟောင်းဗုဒ္ဓတစ်ပါး၏ ပုံရိပ်ကဖြေးဖြေးချင်းပေါ်ပေါက်လာလေသည်။ ထိုပုံရိပ်မှာ အစစ်အမှန်မဟုတ်သော်လည်း ပုံရိပ်ကတဖြည်းဖြည်း ပို၍ပို၍ကြီးမားလာလေသည်။ ထိုအရိပ်မှာ ရုပ်ထုမှကွဲထွက်လာသကဲ့သို့ပင် ဖြစ်သည်။ အလွန်ကြီးကျယ်လှသောအငွေ့အသက်က ကောင်းကင်ယံအားဖုံးလွှမ်းသွားပြီး လူအားလုံးကမဟာလမ်းစဥ်၏ကြီးကျယ်ခမ်းနားလှသောဖိအားကိုခံစားလိုက်ကြရလေသည်။

ထိုရှေးဟောင်းဗုဒ္ဓ၏မျက်လုံးများတွင်ဒေါသကိုမြင်တွေ့ခဲ့ရပြီး ရုပ်ထုမှအလွန်စူးရှသောဗုဒ္ဓရောင်ခြည်တော်များက ထွက်ပေါ်လာသည်။ တောင်တန်းဘုံမှ ဗုဒ္ဓကျင့်ကြံသူအားလုံးသည် ထိုနေရာသို့ကြည့်လိုက်ကြသည်။ ထို့နောက်သူတို့အားလုံးက လက်အုပ်ချီ၍သူတို့၏မျက်လုံးများကိုမှိတ်ကာ ဆင်ခြင်ရန်ကြိုးစားလိုက်ကြသည်။

ရီဖူရှင်းကထိုသည်ကိုမြင်လိုက်ရပြီးစူးစမ်းသောအကြည့်က ပေါ်ပေါက်လာသည်။ ဗုဒ္ဓအရှင်၏ရုပ်ထုတစ်ခုတည်းသာမဟုတ်ပဲ သူ၏နောက်မှရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်အားလုံးမှာ အလွန်စူးရှသောဗုဒ္ဓရောင်ခြည်တော်များကားထွန်းလင်းလာလေသည်။ ထိုသည်မှာရုပ်ထုများအားလုံးနိုးထလာသကဲ့သို့ဖြစ်သည်။

ထိုအခိုက်တွင် ဗုဒ္ဓရောင်ခြည်တော်ကအမှောင်ထုအား ဖိနှိပ်သွားပြီးအဆုံးမဲ့အလင်းတန်းများက ငရဲတိုက်ပွဲကွင်းပြင်တစ်လျှောက်ပျံနှံ့သွားလေသည်။ ဖျက်ဆီးခြင်းစွမ်းအားများသည် ဖယ်ရှား၍သန့်စင်ခြင်းခံလိုက်ရဟန်ပေါ်ပြီးကျန်ရှိနေသည့် သတ်ဖြတ်လိုသည့်စိတ်အသိအားလုံးမှာ သန့်စင်ခြင်းခံလိုက်ရသည်။ ဤဘက်ခြမ်းမှကမ္ဘာသည်အလွန်တောက်ပလာပြီး အဆုံးမဲ့သောဗုဒ္ဓများကပေါ်ထွက်လာသည် ထိုသည်မှာဗုဒ္ဓအားလုံးက သူ၏မူလအရင်းမြစ်ရှိရာသို့ပြန်လာသကဲ့သို့ဖြစ်လေသည်။

လူများက ထိုကြီးကျယ်ခမ်းနား၍ ကမ္ဘာတုန်လောက်သောမြင်ကွင်းအားကြည့်ရန် သူတို့၏ခေါင်းများအားလှည့်လိုက်ကြသည်။

ထို့နောက် သူတို့က ငရဲမင်း၏ နက်မှောင်နေသော ရုပ်တုထံသို့ကြည့်လိုက်ကြသည်။

ရွှယ်ယူမြို့မှ ထိပ်သီးအင်အားစုများနှင့် ကျင့်ကြံသူများအပါအဝင်

လျှို့ဝှက်နယ်မြေဘုံမှကျင့်ကြံသူများက နောက်မှအလျင်အမြန်လိုက်လာကြသည်။သူတို့က ထိုကြီးမားလှသော ငရဲမင်း၏ အနက်ရောင်ပုံရိပ်ကြီးအားကြည့်ကာ ထိုရုပ်တုမှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ကြရသည်။

ဗုဒ္ဓရုပ်တုမှ အလင်းရောင်များထွက်လာသကဲ့သို့ ငရဲမင်းရုပ်ထုထံမှ ကြောက်မက်ဖွယ် အမှောင်ထုနှင့်ဖျက်ဆီးခြင်းအလင်းရောင်များ ထွက်ပေါ်လာသည်။

အမှောင်ထုက ထိုနယ်မြေအား ပိတ်လှောင်သွားပြီး အရိပ်များက ဗုဒ္ဓရောင်ခြည်တော်အား ဖုံးလွှမ်းသွားသည်။ ထိုအခိုက်တွင် ထိုအမှောင်ထုအလင်းရောင်နှင့် တောက်ပသောဗုဒ္ဓရောင်ခြည်တော်များက လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

“မကောင်းဆိုးဝါးကျင့်ကြံသူတွေကို မကူညီကြနဲ့” ဗုဒ္ဓ၏အသံက ဟင်းလင်းပြင်ကိုဖြတ်၍ ရှင်းလင်းကျယ်လောင်စွာ ပေါ်ထွက်လာသည်။ ထိုသည်မှာ ဟင်းလင်းပြင်ထဲမှ ရှေးဟောင်းဗုဒ္ဓက ပြောလိုက်သကဲ့သို့ဖြစ်လေသည်။ သို့သော် ထိုစကားအား ပြောလိုက်သူမှာ ဆရာတော်ပုတောက်ဖြစ်လေသည်။

သူ၏ပုံရိပ်က ရှေးဟောင်းဗုဒ္ဓရုပ်တု၏အောက်ခြေ၌ လက်အုပ်ချီလျှက် ထိုနေရာတွင်တိတ်ဆိတ်စွာရပ်နေပြီး ဦးညွှတ်နေဟန်ဖြင့် ပေါ်ပေါက်လာသည်။ သူ၏အမူအရာက အလွန်ပင်ခမ်းနားထည်ဝါလှပြီး လွှမ်းမိုးနိုင်လေသည်။ ဗုဒ္ဓရောင်ခြည်တော်များ လွှမ်းခြုံနေသော သူ့အားကြည့်ရသည်မှာ သူသည် ဗုဒ္ဓတပါးအဖြစ် ပြန်လည်မွေးဖွားလာဟန်တူသည်။

သို့သော် တစ်ဖက်အဖွဲ့မှလူများက သူ၏စကားများအား အလေးမထားပေ။ ထိုရုပ်တုနှစ်ခုမှနေ၍ လူတိုင်းက သူတို့၏စွမ်းအားများကို ခံစားမိကြသည်။ ထျန်းရှန်းကျောင်းတော်မှ ထိုဗုဒ္ဓကျင့်ကြံသူများက သူတို့၏ဘိုးဘေးဖြစ်သော အရှင်ဗုဒ္ဓထံမှ ဗုဒ္ဓဒေသနာတော်များအား ဆင်ခြင်နိုင်ကြသည်။ တခြားကျင့်ကြံသူများအတွက်မူ မတူညီပေ။ သူတို့က ငရဲမင်းထံမှ အစွမ်းထက်သောစွမ်းအားများအား နားလည်ဆင်ခြင်နိုင်ကြသည်။

အမှောင်ထုက ကမ္ဘာမြေအား လွှမ်းခြုံသွားချိန်တွင် ငရဲတိုက်ပွဲကွင်းပြင်တစ်ခုလုံး၏ ဖျက်စီးနိုင်မှုစွမ်းအားက သူတို့အားလွှမ်းခြုံသွားသည်။ ထိုစွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး သူတို့အား ငရဲမင်း၏စွမ်းအားကို ခံစားမိစေသည်။

သူတို့သည် ထိုအမှောင်ထုစွမ်းအားများအား ဆက်လက်ပျံ့နှံ့ခွင့်ပြုလိုက်လျှင် သူတို့က ထိုအရာထံမှ စွမ်းအားများရလာနိုင်သည်။

ထိုကဲ့သို့ အခြေနေမျိုးအောက်တွင် သူတို့က လက်လျော့ပေးပြီး ဗုဒ္ဓကျင့်ကြံသူများအား ရှေးဟောင်းဗုဒ္ဓ၏စွမ်းအားများကို အမွေဆက်ခံခွင့်ပြုမည်မဟုတ်ပေ။

ထိုအဖွဲ့နှစ်ခု၏ကြားမှ အငြင်းပွားမှုကိုကြည့်၍ လူများ၏မျက်နှာထက်တွင် မသေချာမရေရာသောအမူအရာများပေါ်လာကြသည်။ သို့သော် ပြည်ထောင်များမှလူများက ကြားနေအဖြစ်သာရပ်တည်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က ဘေးသို့ထွက်၍ နှစ်ဖက်လုံးအား တိတ်ဆိတ်စွာကြည့်နေလေသည်။

“ဒါက ငရဲဂိတ်တံခါးရဲ့သော့ချက်ဖြစ်နိုင်တယ်” ရီဖူရှင်းက အသံကိုနှိမ့်၍ပြောလိုက်သည်။ နတ်တစ္ဆေအဖွဲ့ကလူများက ဘုံကိုးခုမှကျင့်ကြံသူများကို ဤနေရာသို့ရောက်လာအောင် ဖြားယောင်းခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ရည်ရွယ်ချက်မှာ ငရဲဂိတ်တံခါးကိူ ပြန်လည်ဖွင့်လှစ်ရန် ဖြစ်နိုင်ပေသည်။

သူ့အမြင်အရ ငရဲဂိတ်တံခါးသည် ထိုရုပ်တုနှစ်ခုနှင့် ပတ်သတ်နေမည်မှာ သေချာလှသည်။

သို့သော် မေးစရာရှိနေသည်က သူတို့အနေဖြင့် ဗုဒ္ဓကို ထိုမကောင်းဆိုးဝါးများအားဖိနှိပ်နိုင်ရန်ကူညီရမည်လော…သို့မဟုတ် သူတို့အား လုပ်ချင်ရာလုပ်ခွင့်ပေးရမည်လော ဆိုသည်ပင်ဖြစ်သည်။

ရီဖူရှင်းက ရှေ့သို့ကြည့်လိုက်သည်။ ထိုရှေးဟောင်းဗုဒ္ဓအရှင်နှင့် ငရဲမင်းတို့ကြားမှတိုက်ပွဲသည် သူတို့သေဆုံးသွားပြီးသည့်နောက်တွင်ပင် နှစ်ပေါင်းများစွာကြာသည်အထိ ဆက်လက်၍ဖြစ်ပွားနေဟန်ပေါ်သည်။

ထိုသို့ဖြစ်၍ လူအများစုက ထိုတိုက်ပွဲမှဘေးထွက်နေရန် ရွေးချယ်ပေလိမ့်မည်။

သူတွေးထင်ထားသကဲ့သို့ပင် ပြည်ထောင်များမှလူများက ဘေးမှနေ၍ တိတ်ဆိတ်စွာကြည့်နေကြပြီး ထိုနှစ်ဖွဲ့အား အငြင်းပွားခွင့်ပေးထါးကာ မည်သည့်ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ကို စောင့်ကြည့်​နေကြသည်။

ဝုန်း…

ထိုကျယ်ပြော၍ အဆုံးမဲ့သောနယ်မြေက လှုပ်ခါလာသည်။ လူများက ခေါင်းကိုမော့၍ ကောင်းကင်ယံသို့ကြည့်လိုက်ကြသည်။ ထိုနေရာ၌ ဗုဒ္ဓရောင်ခြည်တော်များထဲတွင် ကြီးမားလှသော ဗုဒ္ဓတပါးက ရပ်နေလေသည်။ ထိုမြင်ကွင်းက လူများ၏စိတ်နှလုံးအား ဆွဲဆောင်သွားသည်။

ထိုသည်မှာ ဆရာတော်ပုတောက်ဖြစ်လေသည်။

ရီဖူရှင်းသည်လည်း အံအားသင့်သွားလေသည်။ သူကခေါင်းကိုငုံ့၍ အောက်သို့ကြည့်လိုက်သည်။ ဆရာတော်ပုတောက်၏ရုပ်ခန္ဓာက ရှေးဟောင်းဗုဒ္ဓ၏အောက်တွင်ထိုင်လျက်ရှိနေပြီး တိတ်ဆိတ်စွာ စျာန်ဝင်စားနေဆဲဖြစ်သည်။ သူ၏မျက်လုံးများက တင်းကြပ်စွာမှိတ်ထားပြီး ဗုဒ္ဓရောင်ခြည်တော်များက သူ၏ဝန်းကျင်တွင် လွှမ်းခြုံနေကာ အချိန်၌စီးမြောနေသော ဗုဒ္ဓတပါးသဖွယ်ဖြစ်နေသည်။ သို့သော် သူ၏စိတ်ဝိညာဥ်ပုံရိပ်ကမူ ကောင်းကင်ယံကိုကျော်၍ အရှင်ဗုဒ္ဓ၏စိတ်အသိအား အမွေဆက်ခံနေလေသည်။

ဗုဒ္ဓ၏ အနှိုင်းမဲ့လမ်းစဥ်စွမ်းအားက သူ့ထံသို့စုရုံးရောက်ရှိလာသည်။ တခဏအတွင်းတွင် ဆရာတော်ပုတောက်က တစထက်တစ ပို၍သန်မာလာပြီး ရှေးအခါက အရှင်ဗုဒ္ဓအဖြစ် ပြန်လည်ဝင်စားသကဲ့သို့ပြောင်းလဲသွားသည်။

“ငရဲက ဒီနေရာမှာထာဝရဖိနှိပ်ခံရမယ်ဆိုရင် ငြိမ်းချမ်းခြင်းကိုရရှိလိမ့်မယ်” ဟင်းလင်းပြင်၌ရှိနေသော ရှေးဟောင်းဗုဒ္ဓ၏ အသံကထွက်ပေါ်လာသည်။ သူတို့က အရှင်ဗုဒ္ဓ၏ အသိအားနှိုးထစေရန် ဤနေရာသို့ရောက်လာခြင်းဖြစ်ပြီး သူ၏အသိအားနိုးထစေ၍ မကောင်းဆိုးဝါးဝိညာဥ်များအား တဖန်ပြန်လည်ဖိနှိပ်ကာ ဤတိုက်ပွဲကွင်းပြင်အား ချိတ်ပိတ်ခြင်း သို့မဟုတ် ဗုဒ္ဓ၏ဒေသနါတော်ဖြင့် သန့်စင်ခြင်းအားပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် ထိုအခိုက်တွင် ငရဲတိုက်ပွဲကွင်းပြင်မှ ဖျက်ဆီးနိုင်သောစွမ်းအားက မြင့်တက်လာပြီး ထိုနေရာသို့ဦးတည်လာသည်။ ဟင်းလင်းပြင်၌ ပုံရိပ်များစွာက သိပ်သည်းစွာပေါ်ပေါက်လာသည်။ ထိပ်သီးပုဂ္ဂိုလ်များစွာက ငရဲမင်း၏စွမ်းအားကို နိုးထစေခဲ့ပြီး အဓိကအားဖြင့် ထိုစွမ်းအားများကို နှိုးဆွခဲ့သည့် ထိပ်သီးကျင့်ကြံသူ သုံးယောက်ရှိလေသည်။

သူတို့တစ်ယောက်ချင်းစီက စွမ်းအားတခုချင်းအား ကိုယ်စားပြုလေသည်။

“ငရဲက ချိတ်ပိတ်ခံခဲ့ရပြီး သူ့ရဲ့စွမ်းအားတွေပဲကျန်ခဲ့တယ်။ အဲ့ဒီ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဆိုတာက ဂုဏ်ပုဒ်တစ်ခုထက်မပိုဘူး။ အဲ့လိုဆိုရင်တောင် ကျင့်ကြံသူတိုင်းက တစ်ယောက်ကိုတစ်ယောက် အနှောက်အယှက်ပေးစရာမလိုဘဲ ကျင့်ကြံလို့ရနိုင်တယ်” အသံတစ်သံက ကံကြမ္မာလောကမှကျင့်ကြံသူတစ်ဦးထံမှ ထွက်ပေါ်လာသည်။ သူက ဖျက်ဆီးခြင်းနတ်ဘုရားအသွင်ပြောင်းလဲသွားဟန်ပေါ်ပြီး လေထုထဲတွင်ရပ်နေကာ အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများက သူ့ခန္ဓာကိုယ်ပေါ်၌ စုစည်းလာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်အားပေးစွမ်းလေသည်။

ထိုသည်က မဟာလမ်းစဥ်အားပြိုင်ချင်းပေလေါ။

လူများက သူတို့ရှေ့မှ ကြီးကျယ်ခမ်းနားသောမြင်ကွင်းအား စိုက်ကြည့်နေကြသည်။ ငရဲတိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် ကသောင်းကနင်းဖြစ်၍နေလေသည်။ယခင်ကတည်းက ဤကွင်းပြင်၌ ဖျက်ဆီးခြင်းစွမ်းအားနှင့် အခြားမဟာလမ်းစဥ်စွမ်းအားများမှာ တခြားနေရာများထက် ပို၍အားကောင်းနေပြီးသားဖြစ်သည်။ သူတို့နိုးထလာချိန်၌ ထိုစွမ်းအားများက ကောင်းကင်ယံ၌ထွန်းလင်းနေသော ဗုဒ္ဓရောင်ခြည်တော်အား ဖိနှိပ်လိုက်သည်။

ဆရာတော်ပုတောက်က သူ၏လက်နှစ်ဖက်ကိုယှက်လိုက်ပြီး ဗုဒ္ဓရောင်ခြည်တော်က ကြီးမား၍အဆုံးမဲ့သောရှေးဟောင်းဗုဒ္ဓအပေါ်၌ ထွန်းလင်းလာသည်။ သန့်စင်သောအလင်းရောင်က လောက၌ရှိသော မကောင်းဆိုးဝါးစွမ်းအားများအားလုံးကို သန့်စင်နိုင်လေသည်။ ဗုဒ္ဓရောင်ခြည်တော်ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဖျက်ဆီးခြင်းလမ်းစဥ်က မြူမှုန်မျှပင်မကျန်အောင် သန့်စင်ခံလိုက်ရပြီး ထိုအလင်းတန်းက ပေါ်ပေါက်လာသော ပုံရိပ်သုံးခုထံသို့ ဦးတည်တိုးဝင်သွားသည်။

သို့သော် ထိုအခိုက်တွင် ဟင်းလင်းပြင်က ပိန်းပိတ်အောင်မှောင်သော အမှောင်ထုအဖြစ်သို့ပြောင်းလဲသွားလေသည်။ သန့်စင်သောအလင်းရောင်ကဆင်းသက်လာသော်လည်း အမှောင်ထုကနေရာအနှံသို့ပြန့်ကျဲမသွားပေ။ တချိန်တည်းမှာပင် ဗုဒ္ဓရောင်ခြည်တော်က နည်းနည်းချင်းတိုက်စားခံ​နေရပြီး ထိုးဖောက်ခံလိုက်ရသကဲ့သို့ စတင်ပျက်စီးလာသည်။

ထိုခဏ၌ ရှေးဟောင်းဗုဒ္ဓ၏ရုပ်တုအောက်တွင်ရှိနေသော ပုံရိပ်တစ်ခုပေါ်ရှိ ဗုဒ္ဓရောင်ခြည်တော်က ပို၍တောက်ပလာသည်။ ထိုသူမှာ ကိုက်ထန်ဖြစ်လေသည်။ မရေမတွက်နိုင်သော ဗုဒ္ဓရောင်ဝါများက သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသည်။ သူက ဘိုးဘေးများ၏ဆင့်ခေါ်ခြင်းအားခံရသကဲ့သို့ ကောင်းကင်ယံကိုကျော်၍ ခရီးဆန့်နေဟန်ပေါ်သည်။ ဗုဒ္ဓကလန်မှစွမ်းအားများက  အတူစုပေါင်းလိုက်သောအခါ သူက ကောင်းကင်ထက်၌ပေါ်ပေါက်လာပြီး ဗုဒ္ဓတပါးအဖြး်သို့ ပြောင်းလဲသွားဟန်ပေါ်သည်။

“အဲ့ဒီနှစ်ယောက်က တကယ်ကိုကြောက်စရာကောင်းတာပဲ။ သူတို့က ဒီနေရာမှာနှစ်ပေါင်းများစွာ ချိတ်ပိတ်ခံခဲ့ရတာတောင် သူတို့ရဲ့စွမ်းအားတွေက ဒီနေ့အထိ ငါတို့အပေါ်သက်ရောက်​နေတုန်းပဲ” တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

လူများက ထိုနေရာသို့ကြည့်လိုက်ကြပြီး ကျင့်ကြံသူတိုင်းက ထိုအားကောင်းသော ပဲ့တင်လှိုင်းများအား အနည်းနှင့်အများ ဆင်ခြင်နားလည်လိုက်ကြသည်။

ရီဖူရှင်း၏မျက်လုံးများ၌ တမူထူးခြားသောအမူအရာပေါ်လာကာ သူသည် ထိုရုပ်တုနှစ်ခုလုံးထံမှ အရှိန်အဝါကြီးမားသော လမ်းစဥ်စွမ်းအားများကို နားလည်နိုင်နေလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset