အပိုင်း (၁၇၃၄)

သီးသန့်နယ်မြေဖိနှိပ်ခံရခြင်း

ရီဖူရှင်းက ရွှယ်ယူခေါင်းဆောင်အား သံသယအပြည့်ဖြင့်ကြည့်လိုက်သည်။ သူသည် မနေနိုင်တော့ဘဲ မေးလိုက်မိလေသည်။ “မိန်းမငယ်လေးတစ်ယောက်အတွက် ဘာလို့ ဒီလောက်လူတွေအများကြီးခေါ်လာရတာလဲ”

ရွှယ်ယူခေါင်းဆောင်၊သွေးမိစ္ဆာအင်ပါယာ၊ ကောင်းကင်ဓားအင်ပါယာနှင့် အခြားလူများစွာက ဤကိစ္စတွင်ပါဝင်နေလေရာ တစ်ခုခုတော့အကြောင်းရှိရပေမည်။

“စိတ်မပူပါနဲ့ အင်ပါယာရီ။ ကျုပ်တို့က သူမကိုထိခိုက်အောင်မလုပ်ပါဘူး” ရွှယ်ယူခေါင်းဆောင်က ပြောလိုက်သည်။

“ဒါက ငရဲဂိတ်တံခါးနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ” ရီဖူရှင်းက မေးလိုက်သည်။

ရွှယ်ယူခေါင်းဆောင်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ယင်ဓာတ်စွမ်းအားက သူ့ထံမှထွက်ပေါ်လာသည်။

ဝှစ်…။

ထိုအခိုက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါကပေါ်ထွက်လာသည်။ကောင်းကင်ဓားအင်ပါယာက သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး မဟာလမ်းစဥ်အား ဖြတ်ပိုင်းလိုက်သည်။ ဖျက်စီးစွမ်းအားပြင်းထန်လှသော ဓားအလင်းရောင်က လေထဲမှဖြတ်သန်းသွားပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများထံသို့ တိုးဝင်သွားသည်။ သူသည် သနားကြင်နာမှုအနည်းငယ်မျှပင်ရှိဟန်မပေါ်ဘဲ တိုက်ခိုက်လိုက်သည်။

သူတို့က လှုပ်ရှားရန်ရွေးချယ်လိုက်ကြသည်။ သူတို့သည် ပြန်လှည့်ရန်လမ်းမရှိတော့သလို ပြန်လှည့်ဖို့ရန်လမ်းလည်း ချန်ထားခဲ့မည်မဟုတ်ပေ။

ခွန်ပန်မိစ္ဆာအင်ပါယာက အတောင်ပံများကိုခတ်လိုက်သောအခါ အားပြင်းလှသောမုန်တိုင်းကြီးတိုက်ခတ်လာပြီး ကောင်းကင်ယံအားဖုံးအုပ်သွားသည်။ သူသည် အတောင်ပံများကိုဖြန့်ကား၍ ကျဆင်းလာသော အလင်းရောင်များကို တားဆီးလိုက်သည်။

ရီဖူရှင်းက ထိုနေရာတွင် မလှုပ်ရှားဘဲရပ်နေပြီး ရွှယ်ယူခေါင်းဆောင်ကိုသာ စိုက်ကြည့်နေလေသည်။

ငရဲဂိတ်တံခါး၏သတင်းက ရွှယ်ယူမြို့၌ ထွက်ပေါ်လယလေသည်။ ထိုနေရာမှာ မြစ်ဝါမြစ်တွင်ဖြစ်မည့်ပုံရသည်။

ထိုသို့ဆိုလျှင် ရွှယ်ယူမြို့၏ စွမ်းအားက ငရဲဂိတ်တံခါးနှင့်ပတ်သတ်နေသည်လော။

အလယ်အဆင့်ရန်ဟောင်တပါးက ရွှယ်ယူမြို့၌ပေါ်ပေါက်လာခဲ့သည်။

ခွန်ပန်မိစ္ဆာအင်ပါယာက ကောင်းကင်ဓားအင်ပါယာနှင့် ရင်ဆိုင်ရန် ကောင်းကင်သို့ပျံတက်သွားချိန်တွင် ကြောက်မက်ဖွယ်မုန်တိုင်းကတိုက်ခတ်လာသည်။

သောမျိုးနွယ်စုမှကျင့်ကြံသူတစ်ဦးက လေထဲသို့တက်လှမ်းလိုက်ပြီး စစ်နတ်ဘုရားတပါးသဖွယ် ဆင်းသက်လာသည်။ သူ၏ခန္ဓာကိုယ်က မီတာရာဂဏန်းခန့် ကြီးမားလာပြီး သူ၏အောက်မှတည်းခိုဆောင်ကို အကာကွယ်ပေးလိုက်သည်။ သူက လက်သီးဆုပ်ကြီးဖြင့် မြေကြီးအားထိုးခွင်းလိုက်ချိန်တွင် အနက်ရောင်အက်ကြောင်းများက နေရာအနှံ့၌ ပေါ်ပေါက်လာသည်။ အဆုံးမဲ့မီးလျှံနက်များက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

ဘန်း…

သူက ရွှေရောင်နတ်အလင်းတန်းများအဖြစ် အသွင်ပြောင်းလိုက်ချိန်တွင် ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာသည်။ သူက လက်သီးဖြင့်ထပ်မံပစ်ခွင်းလိုက်ပြီး ဤတစ်ကြိမ်တွင်မူ သွေးမိစ္ဆာအင်ပါယာထံသို့ ဦးတည်နေလေသည်။

သွေးမိစ္ဆာအင်ပါယာက သွေးနီရောင်ခန္ဓာကိုယ်အဖြစ်အသွင်ပြောင်းလိုက်ချိန်တွင် ခန္ဓာကိုယ်က အဆမတန်ကြီးမားလာပြီး သွေးချီများက မြင့်တက်လာသည်။ သူ၏ပုံစံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ပြိုင်ဘက်ကတိုက်ခိုက်လိုက်သည်ကိုမြင်သောအခါ သူက လက်မောင်းတစ်ဖက်ကိုမြှောက်လိုက်သည်။ ထိုအခိုက်တွင် မိုင်ပေါင်းများစွာမှလူများသည်ပင် သူတို့၏သွေးကြောများမှ သွေးများဆူပွက်လာပြီး ပေါက်ထွက်တော့အလိုခံစားလိုက်ကြရသည်။

သူတို့နှစ်ဦး ထိပ်တိုက်တွေ့မိချိန်တွင် သွေးနီရောင်အလင်းတန်းက သောမျိုးနွယ်စုမှ ပုဂ္ဂိုလ်ကြီးအပေါ်၌ ထွက်ပေါ်လာလေသည်။ သို့သော် လက်သီးချက်က ဝါးပင်အားဓားဖြင့်ခုတ်လိုက်သလို လူများအားဖြတ်တောက်သွားသည်။ လမ်းတစ်ဝက်တွင် ထိုလက်သီးချက်က တောက်ပသောနတ်အလင်းတန်းအသွင်ပြောင်းလဲသွားပြီး သူ၏ပြိုင်ဘက်အား အပေါ်စီးမှပစ်ခွင်းလိုက်သည်။

ဤတိုက်ပွဲကွင်းပြင်မှာ သူတို့အဆင့်မှလူများအတွက် အလွန်သေးငယ်လှပေသည်။ သူတို့က ပိုမိုကျယ်ပြန့်သောနေရာအားလိုအပ်ပြီး ထိုမှသာလျှင် သူတို့ထက်အားနည်းသောသူများအား မထိခိုက်မိစေမည်ဖြစ်သည်။

ရီချင်းယောင်က ရီဖူရှင်းအားကြည့်လိုက်သည်။ သူမက သူတို့အမှန်တကယ်ပင် သူမအတွက်တိုက်ခိုက်ကြလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ညီမလေးက နေချင်တယ်ဆိုရင် အကိုကြီးက သူတို့ကိုခေါ်သွားခွင့်ပြုမှာမဟုတ်ဘူး” ရာရာက သူမအားပြောလိုက်သည်။ ရီချင်းယောင်က ကြောင်အသွားသည်။ သူမက စိတ်ထဲတွင်ခံစားသွားရသလို စိုးရိမ်ပူပန်မိသွားလေသည်။ သူမက သူတို့အား ကံကြမ္မာဆိုးများသယ်ဆောင်လာပေးမိမည်ကို စိုးရိမ်နေမိသည်။

“ရာရာ… ချင်းယောင်ကိုဂရုစိုက်ထား” ရီဖူရှင်းက ပြောလိုက်သည်။ လူများစွာက လေထုထဲ၌ အကာအကွယ်မန္တာန်များအားဖြတ်၍ သူတို့ထံသို့ရောက်ရှိရန် အဆက်မပြတ်ကြိုးစားနေကြသည်။

“ကောင်းပြီ” ရာရာကခေါင်းငြိမ့်ကာပြောလိုက်သည်။

ရီဖူရှင်း၏နဖူးထက်မှ တောက်ပသောအလင်းရောင်ထွက်ပေါ်လာပြီး ထိုသည်က နတ်နန်းတော်သဖွယ်ပြောင်းလဲသွားကာ ရာရာနှင့်ရီချင်းယောင်အား ဖုံးအုပ်သွားသည်။

ရာရာက ကြောင်အမ်းသွားသည်။ ထိုသည်မှာ ရီဖူရှင်း၏ အကာအကွယ်ရတနာဖြစ်ပြီး သူက သူမတို့အားထိုရတနာကို ပေးထားခဲ့သည်။ သူက ကိုယ်တိုင်တိုက်ခိုက်ရန် ရည်ရွယ်နေသည်လား။

လျှို့ဝှက်နယ်မြေဘုံသို့လာရောက်ကြသောလူအားလုံးမှာ ရန်ဟောင်အဆင့်နှင့်အထက်များပင်ဖြစ်ကြသည်။ ဤနေရာ၌ အားနည်းသူဟူ၍ မရှိပေ။

ဤသည်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများအတွက် စမ်းသပ်မှုကြီးပင်ဖြစ်သည်။

“ငါသွားကူပေးမလို့…” ရီဖူရှင်းက ထိုသို့ပြောလိုက်ပြီး ရုတ်တရက်ပင် လေထုထဲသို့တက်လှမ်းသွားသည်။ သူ့ဘေးမှကျင့်ကြံသူများစွာ လိုက်ပါလာကြပြီး ရွှယ်ယူခေါင်းဆောင်နှင့် အခြားကျင့်ကြံသူများဆီသို့ တိုးဝင်သွားကြသည်။

ဝှစ်…

ယင်ဓာတ်မုန်တိုင်းကတိုက်ခတ်လာသည်။ ကြီးမားသော အနက်ရောင်တောင်ပံများနှင့် ရန်ဟောင်တစ်ယောက်က ရီဖူရှင်းထံသို့ ဦးတည်လာသည်။ သူ၏နတ်ဝင်ရိုးကပေါ်ထွက်လာပြီး ဖျက်ဆီးနိုင်သောအရှိန်အဝါအပြည့်ဖြင့် ကြီးမားသော ကြက်သွေးရင့်ရောင်ငှက်များက ပေါ်ထွက်လာသည်။

ကြက်သွေးရောင်ငှက်များက နေရာအနှံ့မှရီဖူရှင်းဆီသို့ထိုးဆင်းလာကြသည်။

ထိုသည်မှာ အလယ်အလတ်အဆင့်ရန်ဟောင်ဖြစ်ပြီး သူ၏စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

လှံတစ်ချောင်းက ရီဖူရှင်း၏လက်ထဲ၌ပေါ်ပေါက်လာသည်။ ထိုသည်မှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ သူရရှိခဲ့ခြင်းဖြစ်ပြီး စစ်နတ်ဘုရားအသိဖြင့် ပြည့်နှက်နေလေသည်။

ထိုအခိုက်တွင် သူ၏အရှိန်အဝါကပေါက်ကွဲထွက်လာပြီး သူ၏ပုံရိပ်က လေထုကိုဖြတ်သန်းသွားသည်။ သူ၏နတ်ဝင်ရိုးက စွမ်းအင်ကိုထုတ်လွှတ်လိုက်ပြီး အာကာသအား နှစ်ပိုင်းဖြတ်သွားပြီး ကြက်သွေးရောင်ငှက်များက အပိုင်းပိုင်းပြတ်သွားလေသည်။ သူ၏ပြိုင်ဘက်ထံသို့ မရောက်ခင် အလင်းတန်းတစ်ခုက ထွက်ပေါ်လာသည်။

ခလွပ်…

ထိုအချိန်တွင် သူ၏တိုက်ပွဲဝင်အသိကပေါ်ထွက်လာပြီး သူ၏လှံတံက ပြိုင်ဘက်အားထိုးဖောက်သွားလေသည်။ ရီဖူရှင်းက သူ့ကိုဖောက်ထွက်သွားပြီး ကြီးမားသော ကြက်သွေးရောင်ငှက်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။

အဝေးမှကြည့်နေကြသောလူများမှာ ထိုမြင်ကွင်းကိုမြင်ရချိန်တွင် တုန်လှုပ်သွားကြလေသည်။

သူတို့က လျှို့ဝှက်နယ်မြေဘုံတွင်နေထိုင်ကြသော်လည်း ရီဖူရှင်း၏ပါရမီနှင့် အင်အားကြီးမားပုံကိုအမြဲတမ်းကြားနေကြရသည်။ သို့သော် ထိုသည်များမှာ ဒဏ္ဍာရီပုံပြင်များသဖွယ်သာ သူတို့တွေးထင်ခဲ့ကြသည်။

ကြင်နာတတ်သော ငွေဖြူရောင်ဆံပင်နှင့်လူငယ်က လေထုထဲ၌ရပ်နေပြီး စစ်နတ်ဘုရားတပါးသဖွယ် နတ်ရောင်စဥ်များဖြင့်လွှမ်းခြုံထားလေသည်။ သူ၏စိတ်အသိမှာအလွန်အားကောင်းလှပြီး လှံတံတစ်ချက်တည်းဖြင့်ပင် အလယ်အလတ်အဆင့်ရန်ဟောင်တပါးအား သတ်ဖြတ်နိုင်ခဲ့လေသည်။

ထို့အပြင် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ သူ၏နတ်ဝင်ရိုးကိုဖွဲ့စည်းခဲ့သည်မှာ လေး၊ငါးနှစ်ခန့်သာရှိသေးသော်လည်း ယခု သူကအဆင့်တက်သွားပြီး ဒုတိယတန်းစားနတ်ဝင်ရိုးကိုပင်ဖွဲ့စည်းထားနိုင်ခဲ့ပြီးဖြစ်သည်။ သူကဲ့သို့ အလွန်ထက်မြက်လှသောပါရမီရှင်အား သာမန်လူများနှင့် နှိုင်းယှဥ်၍မရပေ။

ထို့အပြင် ထိုသည်မှာ ရီဖူရှင်းတစ်ယောက်တည်းသာမဟုတ်ပေ။ တခြားကျင့်ကြံသူများမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ နားလည်ကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ပထမအဆင့်ရန်ဟောင်များက သူတို့၏နတ်ဝင်ရိုးအားထုတ်လွှတ်လိုက်ချိန်တွင် သူတို့၏ပါရမီများမှာ အလွန်ထင်ရှားလှပြီး တောက်ပနေလေသည်။ သူတို့အားလုံးက အဆင့်မြင့်သူရဲကောင်းများဖြစ်ကြသည်။ သူတို့အားလုံးသည် ဤနေရာ၌ တိုက်ခိုက်ရန် ဘုံပေါင်းများစွာကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်လေသည်။

သူတို့က ရီဖူရှင်းတစ်ယောက် ပထအဆင့် အဆင့်နိမ့်ရန်ဟောင်များကိုဦးဆောင်၍ ရှန်ကလန်ကိုတိုက်ခိုက်ခဲ့ချိန်တွင် ရှန်ကလန်က ပြန်လည်ခုခံရန်ပင် မစွမ်းနိုင်ခဲ့ကြောင်း ကြားခဲ့ရစဥ်က ထိုသည်မှာ ချဲ့ကားပြောဆိုခြင်းသာဖြစ်မည်ဟု တွေးမိခဲ့ကြသည်။ သို့သော် သူတို့ပြောခဲ့ကြသော ရှုံးနိမ့်သွားခဲ့သည့် ပြိုင်ဘက်မှာ ရှန်ကလန်ဖြစ်လေသည်။

သို့သော် ယခုတွင် တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ရချိန်၌ ထိုလူများသည် မည်မျှအားကောင်းကြောင်း ရှင်းလင်းစွာ နားလည်သွားခဲ့သည်။

အဝေးမှနေ၍ အခြားဘုံများမှ ထိပ်သီးအင်အားစုများအပါအဝင် ပို၍များပြားသောကျင့်ကြံသူများက တိုက်ပွဲကွင်းပြင်သို့ရောက်ရှိလာကြသည်။ ဤအဆင့်မှတိုက်ပွဲသည် လှုပ်ခတ်မှုကြီးစွာဖြစ်စေခဲ့လေသည်။ ရွှယ်ယူမြို့မှလူတိုင်းက ထိုသည်ကို ခံစားမိကြသည်။

အလွန်ဝေးကွာသောနေရာများမှပင် လူများက ထိုတိုက်ပွဲအားမြင်နိုင်ကြသည်။

ထိုအခိုက်တွင် နန်ထျန်းနတ်ပြည်ထောင်မှ မင်းသမီးနန်လော့ရှန်းက လေထဲတွင်ရောက်ရှိလာပြီး တိုက်ပွဲအားကြည့်ရှုနေလေသည်။ သူမ၏မျက်လုံးများက ဆံပင်ဖြူနှင့်လူငယ်ထံသို့ ကျရောက်သွားသည်။

သူမက ရှန်ကလန်မှတိုက်ပွဲအကြောင်းကို ကြားသာကြားဖူးခဲ့သည်။ ထို့ကြောင့် သူမက တိုက်ပွဲဝင်နေသောရီဖူရှင်းတစ်ယောက် မည်မျှတတ်နိုင်မည်ကို အလွန်သိချင်ပေသည်။

ရီဖူရှင်းက အမှန်တကယ်ပင် ပြင်ပကမ္ဘာမှလူအများတွေးထင်နေခဲ့သကဲ့သို့ပင် ဖြစ်လေသည်။ သူက မဟာလမ်းစဥ်၏ဘုံသုံးထောင်ရှိ သူ၏မျိုးဆက်တွင် အကြီးကျယ်ဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနှင့်ပြီးသားပေလေါ…။

သူမ၏ဖခင်ကိုယ်တိုင်ကပင် သူ့အားအလွန်ချီးကျူးနေခဲ့သည်။ သူက ဤမျိုးဆက်၏ စံပြပုဂ္ဂိုလ်ဖြစ်နေလေသည်။

ထိုအခိုက်တွင် သူမက ရီဖူရှင်း၏ပတ်ဝန်းကျင်မှကောင်းကင်ယံသည် အမှောင်ထုကဝါးမြိုခြင်းခံလိုက်ရသလို မှေးမှိန်လာသည်ကိုမြင်လိုက်ရလေသည်။

ရီဖူရှင်းက လုံးဝပျောက်ကွယ်သွားလေသည်။

“ဟင်…” နန်လော့ရှန်းက ကြက်သေသေသွားသည်။ ထိုသည်က…

“နတ်တစ္ဆေအဖွဲ့” နန်လော့ရှန်းက ပြောလိုက်သည်။ သူမထိုသို့ပြောပြီးနောက် ရှေ့သို့တိုး၍ ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ “သူတို့ကို တိုက်…”

နောက်ထပ်တစ်ဖွဲ့က ပေါ်ထွက်လာသည်။

ထို့အပြင် ရွှယ်ယူမြို့၌နှစ်ပေါင်းများစွာနေထိုင်လာခဲ့သည့် ရွှယ်ယူခေါင်းဆောင်နှင့် အခြားထိပ်သီးပုဂ္ဂိုလ်ကြီးများသည်လည်း ထိုအဖွဲ့အစည်းနှင့် တနည်းတဖုံပတ်သတ်နေဟန်တူသည်။

နတ်တစ္ဆေအဖွဲ့ဟု လူသိများသော ပျောက်ကွယ်နေသည့်လျှို့ဝှက်အဖွဲ့အစည်းသည် ဤနှစ်များအတွင်း လျှို့ဝှက်နယ်မြေဘုံ၌ တဖြည်းဖြည်းချင်း စိမ့်ဝင်နေခဲ့သည်လော…။

တခြားကျင့်ကြံသူများက ရွှယ်ယူခေါင်းဆောင်သည် နတ်တစ္ဆေအဖွဲ့နှင့်ပတ်သတ်နေကြောင်း နားလည်သွားကြသည်။ ရုတ်တရက် ကျင့်ကြံသူတစ်စုက တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်လာသည်။

ရီဖူရှင်းကား အရိပ်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

သူရောက်ရှိနေသောနေရာမှာ အမှောင်ထုက အပြည့်အဝဖုံးအုပ်ထားလေသည်။ မည်သည့်အသံ၊ လေထု၊ အလင်းရောင်မျှပင်မရှိဘဲ ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုသာရှိလေသည်။ ကျင့်ကြံသူများသည် အမြင်စွမ်းအားကောင်းမွန်လှသောကြောင့် ညအမှောင်ကပင် သူတို့၏အမြင်အာရုံအား သက်ရောက်မှုမရှိပေ။ ထို့အပြင် သူတို့တွင် စိတ်စွမ်းအားလည်းရှိပေသေးသည်။

သို့သော် သူယခုရောက်ရှိနေသည့်နေရာမှာ ညအမှောင်မဟုတ်ဘဲ မဟာလမ်းစဥ်၏ သီးသန့်နယ်​မြေပင်ဖြစ်လေသည်။ သူ၏ စိတ်အသိပင်လျှင် အမှောင်ထုက ပိတ်ဆို့ထားခြင်းခံရလေသည်။ သူသည် ပြင်ပကမ္ဘာအား လုံးဝအာရုံခံ၍မရတော့ပေ။

ရီဖူရှင်းက သူ၏နတ်ဝင်ရိုးကို ထုတ်လွှတ်လိုက်သော်လည်း ထိုနတ်ဝင်ရိုး၏အလင်းရောင် နေရာအနည်းငယ်ကိုသာ အလင်းပေးနိုင်လေသည်။ ကျန်နေရာအားလုံးမှာ အကြွင်းမဲ့အမှောင်ထုသာဖြစ်လေသည်။ ထိုသည်မှာ သူ၏မဟာလမ်းစဥ်အသိက လုံးဝဖိနှိပ်ခံထားရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူ့အားတိုက်ခိုက်လိုက်သော ကျင့်ကြံသူမှာ ဆဌမမြောက်နတ်ဝင်ရိုးပိုင်ဆိုင်ထားသည့် အင်ပါယာအလယ်အဆင့်ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။

သူတို့က ရီချင်းယောင်အားခေါ်ဆောင်ရန်လာခဲ့သော်လည်း ရီဖူရှင်းက သူ၏သိဒ္ဓိဝင်လက်နက်ဖြစ်သော အာကာသရတနာခန်းမကိုသုံး၍ သူတို့နှင့် သူမအားအဆက်အသွယ်ဖြတ်ခဲ့လေသည်။ သူတို့က သူမအားခေါ်ဆောင်သွား၍မရသောကြောင့် ရီဖူရှင်းအားဖမ်းဆီး၍ သူ့အား သူမနှင့်လဲလှယ်ရန်သာ တတ်နိုင်တော့သည်။ ဤသည်မှာ သူတို့၏နောက်ဆုံး အခွင့်အရေးဖြစ်လေသည်။

ရုတ်တရက် အားကောင်းသော ခြိမ်းခြောက်နိုင်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရ၍ ရီဖူရှင်းက နောက်သို့လှည့်လိုက်သည်။ အလွန်အားကောင်း၍ ပြင်းထန်လှသောစွမ်းအားများဖြင့်လွှမ်းခြုံနေသည့် ယင်နတ်ဘုရား၏ လှံတံက သူ၏နောက်မှ အမှောင်ထုထဲတွင် ပေါ်ပေါက်လာလေသည်။ ကြောက်မက်ဖွယ် ပုံရိပ်တစ်ခုက ထိုလှံတံအား သူ့ထံသို့ပစ်လွှတ်လိုက်သည်။ အားကောင်းလှသော ထိတ်လန့်ဖွယ် အာကာသမုန်တိုင်းက လေထုထဲတွင်ပေါ်ပေါက်လာပြီး မုန်တိုင်းအတွင်းရှိအရာအားလုံးအား ဖျက်ဆီးသွားသည်။

အမှောင်ထဲမှထွက်လာသော ထိုလှံတံသည် အလွန်လျင်မြန်လှပြီး သေစေနိုင်လောက်အောင် အားကောင်းလှသည်။

ကျီ…

နတ်ဆင်များက အော်ဟစ်လိုက်ကြပြီး လှံတံက ကြီးမားလှသောနတ်ဆင်ကြီး၏ ခန္ဓာကိုယ်သို့ ထိုးဖောက်ဝင်ရောက်သွားကာ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားစေသည်။ ရက်စက်ကြမ်းကြုတ်သော အာကာသမုန်တိုင်းက ရီဖူရှင်းထံသို့ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်အား အက်ကွဲသွားစေကာ အမှောင်ထုမျဥ်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ပေါ်ပေါက်လာသည်။

ရီဖူရှင်းက လွင့်စင်သွားပြီး အဆမတန်နာကြင်မှုကြောင့် အော်ညည်းလိုက်မိသည်။

သူ၏ပြိုင်ဘက်က ရှေ့သို့တက်လှမ်းလာပြီး အမှောင်ထုအားဧရိယာအား ထပ်မံတိုးချဲ့ရန်ကြိုးစားလိုက်သည်။ သို့သော် သူက မတတ်နိုင်တော့ကြောင်းတွေ့လိုက်ရလေသည်။

“ဘာဖြစ်သွားတာလဲ…” သူကလေထုထဲသို့ကြည့်လိုက်သည်။ လေထုထဲ၌ ကြယ်များကလှည့်ပတ်နေပြီး အားကောင်းသော အသိကပြန့်နှံ့လာကာ သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားလေသည်။ သူကိုယ်တိုင်ကမူ မဟာလမ်းစဥ်အား ထုတ်ဖော်၍မရတော့ပေ။ သူနှင့်မဟာလမ်းစဥ်မှာ ဖြတ်တောက်ခြင်းခံလိုက်ရသကဲ့သို့ လုံးဝဆက်သွယ်၍မရတော့ခြင်းဖြစ်လေသည်။

သူက မဟာလမ်းစဥ်၏သီးသန့်နယ်မြေမှ ဖြတ်တောက်ခံလိုက်ရခြင်းပေလော…။

ရီဖူရှင်းက သူ့အား သူ၏မဟာလမ်းစဥ်သီးသန့်နယ်မြေအတွင်းသို့ ပိတ်လှောင်ထားလိုက်ခြင်းဖြစ်ပေသည်။

သို့သော် ရီဖူရှင်းက သူ့ထပ်များစွာအားနည်းလေရာ ထိုအရာအား မည်သို့လုပ်နိုင်ခဲ့လေသည်နည်း။ သူ၏မဟာလမ်းစဥ်သီးသန့်နယ်မြေကသာလျှင် ရီဖူရှင်းအား မဟာလမ်းစဥ်မှဖြတ်တောက်ပစ်ခြင်းဖြစ်ရမည်မဟုတ်ပါလော။

ထိုသို့လုပ်နိုင်သည်မှာ ရီဖူရှင်းက အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်ထားခြင်းကြောင့်ပေလါး…။

သို့သော် အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုပိုင်ဆိုင်ထားလျှင်ပင် ရီဖူရှင်းက ဒုတိယတန်းစားနတ်ဝင်ရိုးသာ ရှိနေပေသေးသည်။ သူ၏ပြိုင်ဘက်မှာ ဆဌမတန်းစားနတ်ဝင်ရိုးကို ဖွဲ့စည်းပြီးသည့်သူဖြစ်လေသည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးသည်ပင် ထိုမျှကြီးမားသော အဆင့်ကွာခြားချက်အား ကျော်ဖြတ်၍ သူ၏မဟာလမ်းစဥ်သီးသန့်နယ်မြေအား ဖိနှိပ်ထားနိုင်ပါ့မည်လော…။

***


Comment

Leave a Reply


Options

not work with dark mode
Reset