အပိုင်း (၁၇၂၈)

စိန်ခေါ်ခြင်း

နန်ထျန်းနတ်ပြည်ထောင်နှင့် ရှန်ကလန်တို့သည် တည်းခိုခန်း၌ တပြိုင်နက်တည်း ပေါ်လာကြ၏။ ထိုအဖြစ်က ရွှယ်ယူမြို့မှ တန်ခိုးရှင်မျာကို ကြီးစွာ လှုပ်ခတ်စေခဲ့သည်။ ရွှယ်ယူမြို့မှ တန်ခိုးရှင်များသည် တခြားဘုံမှ ထိပ်သီးတန်ခိုးရှင်များကို မြင်တွေ့လိုသော မျှော်လင့်ချက်ဖြင့် ရောက်လာကြ၏။

နန်လော့ရှန်းကို မြင်တွေ့ပြီးနောက်တွင် လူအများတို့သည် မြို့နှင့် နိုင်ငံတို့အား ပျက်စီးစေနိုင်လောက်သော သူမ၏အလှတရားကို အံ့အားတသင့် မြင်တွေ့ကြရ၏။ အနည်းဆုံးတော့ သူတို့သည် သူမထက် ပြီးပြည့်စုံသော မိန်းမလှကို မမြင်ဖူးကြပေ။

သို့သော်လည်း မကြာခင် တခြားတစ်နေရာ၌ နောက်ထပ် မှင်တက်ဖွယ် မိန်းမလှတစ်ဦးပေါ်လာသည်။ သူမကား ယောင်ယွဲ့နတ်နန်းတော်မှ ချင်းချီဖြစ်သည်။

မြစ်ဝါမြစ်ကမ်းနံဘေးရှိ တောင်ကုန်းပေါ်မှ စားသောက်ဆိုင်တစ်ခုသို့ လူတစ်စု ရောက်လာသည်။ သူတို့က နေရာကောင်းကောင်းတစ်ခုရှာကာ သဘာဝပတ်ဝန်းကျင်အလှတရားများကို ရှုစားနေကြ၏။

ရီဖူရှင်းသည် တည်းခိုခန်း၏ထောင့်စွန်းတစ်နေရာတွင် ရပ်နေသည်။ သူ၏အကြည့်က မြစ်ဝါမြစ်ကမ်းနံဘေးရှိ မြင့်မားလှသော ချောက်ကမ်းပါးကို ကြည့်လိုက်သည်။ မြင်ကွင်းသည် ခန်းနားကြီးကျယ်သော ခံစားချက်အား ပေး၏။

“ဘုံသုံးထောင်မှာ မရေမတွက်နိုင်အောင် ထင်ရှားတဲ့သူတွေ ရှိတယ်။ လက်ရှိမျိုးဆက်မှာတော့ နန်လော့ရှန်းဟာ ပြိုင်စံရှား အလှပဂေးပဲ။ နတ်မိမယ်ချန်းချီဟာပဲ သူမနဲ့ ယှဉ်နိုင်တဲ့သူပဲ…” ရီဖူရှင်းနှင့် သိပ်မဝေးသော တစ်နေရာမှ လူတစ်ယောက်က ပြောသည်။ သူတို့၏အကြည့်က တခြားတစ်ဘက်ကို ရောက်နေသည်။ ထိုနေရာတွင် သူတို့သည် မင်တက်ငေးမောဖွယ်မိန်းမလှလေးအား ရေးရေးမျှ မြင်ရပေသည်။

ရီဖူရှင်းသည် သူ့အနီးတဝိုက်မှ လူများ ဆွေးနွေးနေသည်များကို သတိထားမိသည်။ သူက ဆန့်ကျင်ဘက်အရပ်ကို လှည့်ကာ ကြည့်လိုက်လျှင် မြစ်ဝါမြစ်၏တခြားတစ်ဘက်တည်းခိုခန်းတွင် နတ်သမီးအလား အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်၏။

ဤကား တစ်နည်းနည်းဖြင့် တိုက်ဆိုင်ခြင်းပေလော။ ရီဖူရှင်းက မိမိကိုယ်ကို တွေးလိုက်သည်။ သို့သော်လည်း သည်နေရာသည် ကောင်းမွန်သော ရေမြေရှုခင်းများရှိသည်။ ထို့ကြောင့် သူမကို သည်နေရာ၌ တွေ့ဆုံခြင်းက သာမန်တော့ မဟုတ်ပေ။

“ဗဟိုအင်ပါယာဘုံက နတ်မိမယ်ရှောင်မုယွီဟာ ရန်ဟောင်အဆင့်ကို ရောက်ပြီးနောက် ကလန်ရဲ့ဆက်ခံသူဖြစ်လာခဲ့တယ် ကြားတယ်။ သူမက နန်လော့ရှန်းနဲ့ ချန်းချီတို့ကို ယှဉ်နိုင်လောက်တယ်…” တစ်ယောက်က ပြောသည်။

“ငါတော့ သူမကို တစ်ခေါက်လောက် မြင်ချင်သေးတယ်။ သူမက ဒီကို လာလောက်တယ် ဟုတ်တယ် မလား…” တစ်ယောက်က ရယ်ရယ်မောမောပြောသည်။

ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်နေသည်။ ရှောင်ကလန်၏ဆက်ခံသူဖြစ်လာပြီးနောက်တွင် မုယွီ၏နာမည်ဂုဏ်သတင်းမှာ လျှို့ဝှက်နယ်မြေဘုံသို့အထိ ကျော်ကြားလာမည်ဟု သူမထင်ထားပေ။

“ရှောင်မုယွီနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် နောက်တစ်ယောက်ကို ထည့်ပြောမှ ဖြစ်မယ်။ ကောလာဟလအရ အဲဒါတွေက လူတစ်ယောက်နဲ့ပတ်သက်နေတယ်…” တစ်ယောက်က ပြောသည်။ လူအုပ်က ခေတ္တာမျှ တိတ်ဆိတ်သွားသည်။ သူတို့အားလုံး ထိုအကြောင်းကို ကြားဖူးကြပေသည်။ လက်ရှိတွင် ဘုံကိုးခုမှ လူငယ်မျိုးဆက်များထဲတွင် ရီဖူရှင်း၏နာမည်ကျော်ကြားမှုကို မည်သူမျှ လိုက်မမှီပေ။

“ရှောင်မုယွီပဲ မဟုတ်ဘူး… ကောင်းကင်အာဏာစက်ကျောင်းတော်က အတော်ဆုံးတပည့်တွေအားလုံးဟာ သူ့ရဲ့လေ့ကျင့်ပေးမှုနဲ့ မကင်းဘူး။ သူက ဒီလောက်တောင် ထူးခြားထက်မြက်တာလား…” တစ်ယောက်က မေးသည်။ ရီဖူရှင်း၏ဂုဏ်သတင်းကား ကြီးမားလွန်းသည်။ ရန်ဟောင်အဆင့်ကို ယခုမှ ရောက်လာသူတစ်ဦးက ထိုမျှ ဂုဏ်သတင်းကြီးစရာမရှိပေ။

မည်သို့ဆိုစေ သည်နေရာကား လျှို့ဝှက်နယ်မြေဘုံဖြစ်သည်။ သူနှင့်ပတ်သက်သော သတင်းများအားလုံးသည် တခြားဘုံများသို့ ရောက်ရှိ၏။ ထို့ကြောင့် သူတို့အားလုံးသည် အဝေးတစ်နေရာမှ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကို နားထောင်နေခဲ့သလိုမျိုး ဖြစ်နေသည်။

“ကောလာဟလတွေအရ သူ့မှာ ငွေရောင်ဆံပင်တွေ ရှိတယ်တဲ့။ သူရောက်တဲ့နေရာတိုင်းမှာ ဆန်းကြယ်တဲ့အမှတ်သင်္ကေတတွေကို တွေ့နိုင်တယ်။ သူ့ရုပ်ရည်ကလည်း ချောမောခန့်ညားပြီးတော့ သူ့ကို တွေ့တဲ့မိန်းကလေးတိုင်းက သူ့ကို ချစ်ခင်နှစ်သက်ကြရတယ်တဲ့…” နောက်တစ်ယောက်က ပြောသည်။

ရီဖူရှင်းတို့အုပ်စုတွင် လူအများအပြားက သူ့အား လှမ်းကြည့်ကာ ပြုံးနေကြသည်။

ရီဖူရှင်းကား အဝေးကို ငေးကြည့်ကာ ငြိမ်သက်စွာ ရပ်နေသည်။ သည်လောကတွင် လူအများစုမှာ ကောင်းမွန်သော အမြင်များရှိနေဆဲဖြစ်ကြောင်း မိမိကိုယ်ကိုလည်း မှတ်ချက်ချလိုက်သည်။

ထိုအခိုက်တွင် လူတစ်စု သူတို့ရှိရာအရပ်သို့ ဦးတည်လာနေသည်။ ဦးဆောင်လာသူကား မြင်သူတကာ ငေးကြည့်ရလောက်အောင် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမတွင် တောက်ပသော အပြုံးနှင့် လှပသော မျက်လုံးများရှိသည်။ သူမသည် ပန်းချီကားထဲမှ နတ်သမီးအလား သိမ်မွေ့ညင်သာစွာ လှုပ်ရှား၏။

လူအများအပြားမှာ အံ့အားသင့်ရသည်။ သို့သော်လည်း ထိုအမျိုးသမီးသည် သူတို့ရှိရာအရပ်သို့ အမှန်တကယ်လာနေကြောင်း ရိပ်မိလိုက်ကြသည်။ သူတို့အားလုံး ထူးဆန်းသော အမူအရာများဖြစ်လာသည်။

သူမကား ယောင်ယွဲ့နတ်နန်းတော်မှ ချန်းချီဖြစ်သည်။

သူမသည် လေထဲမှ ပျံသန်းလာနေ၏။ သူမ၏မျက်နှာပေါ်တွင် အပြုံးယဲ့ယဲ့တစ်ခု ရှိနေ၏။

သူမက မည်သူကို လာရှာသနည်း။ လူအများအပြားက တွေးတောနေကြသည်။ အားလုံး၏အကြည့်က တည်းခိုခန်းနေရာသို့ ရောက်နေ၏။

ထိုနေရာတွင် သူမက မည်သူကို လာရှာသနည်း။

တည်းခိုခန်းမှ လူများကလည်း စိတ်ဝင်စားစွာ ကြည့်နေကြသည်။ သူမက လေထဲတွင်ရပ်ကာ ထောင့်စွန်းတစ်နေရာတွင်ရပ်နေသော လူငယ်အားကြည့်ကာ ပြောသည် “ရန်ဟောင်ရီကို ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး”

အားလုံး၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ သူ၏အဖြူရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံက ပနံသင့်လှသည်။ ယခု ယောင်ယွဲ့နတ်နန်းတော်မှ ချန်းချီက သူ့အား ရန်ဟောင်ရီဟု ခေါ်ဆိုသည်။

သူ့အား အထူးအထွေ ခန့်မှန်းနေစရာ လိုပါဦးမည်လော။

ရီဖူရှင်း…။

သူသည်လည်း အမှန်တကယ် ရောက်လာခဲ့၏။ သူသည် လူအများပြောနေသည်များကိုလည်း ကြားခဲ့ရပေမည်။

“နတ်မိမယ်ချန်းချီ… ခင်ဗျားလည်း အဆင်ပြေနေတယ်လို့ ကျုပ်ယူဆပါတယ်…” ရီဖူရှင်းက အပြုံးဖြင့် နှုတ်ဆက်သည်။

“ရန်ဟောင်ရီ… ရှင်က ကျွန်မကို တစ်ခွက်လောက်သောက်ဖို့ မဖိတ်ခေါ်တော့ဘူးလား…” ချန်းချီက ပြုံးလျှက်မေးသည်။ သူမ၏အပြုံးတိုင်းက လူတိုင်း၏စိတ်နှလုံးကို လှုပ်ရှားစေသည်။ သူမ၏အရှိန်အဝါသည် အနည်းငယ် အေးစက်၏။ သို့သော်လည်း သူမထံမှ လေပြေလေညင်း၏နူးညံ့သိမ်မွေ့မှုကို ရီဖူရှင်း ခံစားရသည်။

“နတ်မိမယ်က ကျုပ်နဲ့အတူ လာသောက်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ…” ရီဖူရှင်းက ပြောသည်။

“ရန်ဟောင်ရီဆီက ဖိတ်ခေါ်မှုကို လက်ခံရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ…” ချန်းချီက ပြန်ပြောသည်။

“ကြွပါ…” ရီဖူရှင်းက လက်ဆန့်တန်းကာ ပြောသည်။ ချန်းချီကလည်း ရှေ့ကိုတက်ကာ ရီဖူရှင်းတို့စားပွဲဝိုင်း၌ ထိုင်၏။ ရီဖူရှင်းကလည်း သူ့နေရာတွင် ထိုင်သည်။

သူတို့နှစ်ဦးသည် ရယ်မောကာ စကားပြောနေကြ၏။ လူအများအပြားက ထိုမြင်ကွင်းကိုမြင်လျှင် တူညီသော အတွေးတစ်ခု ဖြစ်ပေါ်လာကြသည်။ သူတို့နှစ်ဦးသည် စုံတွဲချစ်သူများကဲ့သို့ လိုက်ဖက်ညီလှသည်။ သူတို့အကြား တစ်ခုခု ပတ်သက်နေသည်များလား။

သူတို့နှင့်မျက်နှာချင်းဆိုင်အရပ်တစ်ခုတွင် နန်လော့ရှန်းနှင့် ရှန်ဟောက်တို့သည်လည်း ထိုမြင်ကွင်းကို မြင်တွေ့ကြသည်။ သူတို့နှစ်ဦးသည် အတူတူထိုင်နေခြင်းမဟုတ်သော်လည်း သူတို့၏အကြည့်က ရီဖူရှင်းထံသို့ ရောက်နေသည်။ နန်လော့ရှန်းကား ရီဖူရှင်းနှင့်ပတ်သက်၍ တစ်နည်းတဖုံ စိတ်ဝင်စားနေသည်။ ထျန်ရှင်းကျောင်းတော်၌ သူမသည် ရီဖူရှင်းနှင့် တွေ့ဆုံဖူးသည်။ ထိုစဉ်က ထျန်ရှင်းကျောင်းတော်တွင် ရီဖူရှင်း ဘာလုပ်နေသည်ကို မည်သူမှ နားမလည်ခဲ့။ နောက်ပိုင်းတွင်မှ ရီဖူရှင်းသည် ထိုနေရာ၌ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် အတော်များများကို လေ့ကျင့်ပေးနေခဲ့ကြောင်း လူအများက သိနားလည်လာကြသည်။

ဥပမာအားဖြင့် သောမျိုးနွယ်စုမှ သောကျောက်နှင့် ရှောင်ကလန်မှ ရှောင်မုယွီတို့ဖြစ်ကြသည်။

ရီဖူရှင်းက ရှန်ကလန်ထံသို့ သွားရောက်သည့်သတင်းကို ကြားသောအခါ သူမ၏အဖေနှင့်အမေသည်ပင် ကြီးစွာ အံ့အားသင့်ခဲ့ကြသည်။ ကောင်းကင်ဒေသ ပြန်လည်စုစည်းပြီးကတည်းက ရီဖူရှင်းသည် ပထမဆုံး ထိုမျှ အတင့်ရဲသောသူဖြစ်ကြောင်း ပြောပြခဲ့သည်။ ရီဖူရှင်းသည် ခေတ်တစ်ခုလုံးကို ပြောင်းလဲနိုင်သော သူမျိုးဖြစ်သည်။ သူမ၏အဖေက အမှန်တကယ် ရီဖူရှင်းအပေါ် အလွန် ကောင်းမွန်သော မှတ်ချက်ပေးခဲ့၏။

ရှန်ဟောက်မူကား ရီဖူရှင်းနှင့်ပတ်သက်၍ မည်သို့ခံစားရမည်ကို ခန့်မှန်းနိုင်သည်။ သူ၏အကြည့်ကား အေးစက်နေ၏။

သူ့စိတ်တွင်းတွင် အတွေးများစွာ ရှိနေသော်လည်း ထိုနေရာတွင် ထိုင်ကာ ရီဖူရှင်းထံသို့ သွားတွေ့ခြင်းတော့ မရှိခဲ့ပေ။

ထိုစဉ် မြစ်ဝါမြစ်အပေါ်၌ ပုံရိပ်တစ်ခုပေါ်လာသည်။ သူကား အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ထူးခြားသော အရှိန်အဝါရှိ၏။ သူ့ထံမှ အန္တရာယ်၏အငွေ့အသက်များကို ရနေကြသည်။

သူကား ရက်စက်ကာ ရင့်သီး၏။ သူ့ထံမှ ရန်ဟောင်တစ်ပါး၏အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုလူပေါ်လာသည်ကိုမြင်လျှင် ရွှယ်ယူမြို့မှ လူများက သူ့ကို မှတ်မိကြ၏။

“သူက မိစ္ဆာအင်ပါယာရဲ့တပည့် တုယွင်ပဲ…”

မိစ္ဆာအင်ပါယာသည် ရွှယ်ယူမြို့၏ဂုဏ်သတင်းကျော်ဇောသော တန်ခိုးရှင်တစ်ဦးဖြစ်သည်။ သူသည် အဆင့်မြင့်ရန်ဟောင်တစ်ပါးလည်းဖြစ်၏။ တုယွင်သည် သူ၏တပည့်ဖြစ်ကာ နောင်တွင် မိစ္ဆာအင်ပါယာထက်ပင် ပိုမို၍ အစွမ်းထက်လာမည့်သူအဖြစ် သတ်မှတ်ထားကြသည်။ ယခု တုယွင်သည် နတ်ဝင်ရိုးအဆင့်၂ သို့ ရောက်နေပြီဖြစ်သည်။

မိစ္ဆာအင်ပါယာ၏တပည့် တုယွင် အဘယ့်ကြောင့် ရောက်လာရသနည်း။

သူသည် ရီဖူရှင်းနှင့် ချန်းချီတို့ရှိနေရာသို့ ဦးတည်နေဟန်ရသည်။

ရီဖူရှင်းနှင့် ချန်းချီတို့သည် အေးအေးလူလူ စကားစမြည်ပြောနေကြဆဲဖြစ်သည်။ သူတို့က တစ်ဘက်လူ၏တည်ရှိမှုကိုပင် လျစ်လျူရှုထားကြ၏။ အမှန်တကယ်အားဖြင့် သူတို့၏လက်ရှိအဆင့်အတန်းတွင် တခြားလူများကိုလည်း သိပ်ဂရုစိုက်စရာမလိုပေ။

တုယွင်သည် ရန်ဟောင်တစ်ပါးဖြစ်သော်လည်း သူတို့၏အာရုံစိုက်ခံရရန် မထိုက်တန်သေးပေ။

“ကျုပ် ရွှယ်ယူမြို့က တုယွင်… ရန်ဟောင်ရီဆီက လမ်းညွန်ပြသမှုကို ခံယူလိုပါတယ်…” တုယွင်က ပြောသည်။ လူအများအပြားက ထူးဆန်းစွာ လှမ်းကြည့်ကြ၏။

သူက စိန်ခေါ်လိုသည်လား။

သို့သော်လည်း တုယွင်၏လေသံက အလွန်လေးစားမှုကို ပြသနေသည်။ သူက အမှန်တကယ် လမ်းညွှန်ပြသမှုကို ခံယူလိုခြင်းလည်းဖြစ်နိုင်၏။

ရီဖူရှင်း၏ကျော်ကြားမှုက သာမန်မဟုတ်ပေ။ ထို့အပြင် သူသည် ရှန်ကလန်ထံသို့ သွားရောက်ကာ ရှန်ဟောက်ကို စိန်ခေါ်တိုက်ခိုက်အနိုင်ယူခဲ့သူဖြစ်၏။ ရီဖူရှင်း၏စွမ်းရည်ကို မည်သူမှ သံသယ မဝင်ပေ။ ရှောင်ကလန်မှ ရှောင်မုယွီသည်ပင် ရီဖူရှင်းကို ဆရာတင်ထားသည်။

တုယွင်သည် နတ်ဝင်ရိုးဒုတိယအဆင့်ကို ရောက်နေပြီဖြစ်သော်လည်း ရီဖူရှင်းကို ယှဉ်နိုင်ရန်မှာ မဖြစ်နိုင်ပေ တုယွင်ကိုယ်တိုင်က ထိုအချက်ကို နားလည်ပေလိမ့်မည်။

သူသည် ရန်ဟောင်ဖြစ်သော်လည်း ရီဖူရှင်းကို စိန်ခေါ်ရန်ကား မထိုက်တန်သေးပေ။

သူက လမ်းညွှန်ပြသမှုကို ခံယူလိုသောကြောင့် ရောက်လာခြင်း အမှန်တကယ်ဖြစ်ဟန်ရသည်။

မိစ္ဆာအင်ပါယာ၏တပည့်အနေဖြင့် သူသည် မာနကို ခဝါချကာ မျိုးဆက်တူမှ လူတစ်ဦးထံ၌ ဤသို့ လမ်းညွန်ပြသမှုကို ခံယူလိုခြင်းသည် အလွန်ရှားပါး၏။

မည်သို့ဆိုစေ ရွှယ်ယူမြို့တွင် တုယွင်သည် အလွန်ကျော်ကြား၏။

ထိုအခါမှသာ ရီဖူရှင်းနှင့် ချန်းချီတို့သည် တုယွင်ကို လှမ်းကြည့်လိုက်ကြသည်။ တစ်ဘက်လူသည် ဒုတိယအတန်းအစားနတ်ဝင်ရိုးကို ပိုင်ဆိုင်ကြောင်း သူတို့ ခန့်မှန်းမိ၏။

“ခင်ဗျား ဘာသိချင်တာလဲ…” ရီဖူရှင်းက တည်ငြိမ်စွာ မေးသည်။ ယခင်က သူသည် ရန်ဟောင်အဆင့်မှ လူများကို မော့ကြည့်ရန် လိုခဲ့၏။ ယခုကား သူကိုယ်တိုင်က ရန်ဟောင်ဖြစ်လာခဲ့ရာ သူ၏စိတ်မှာလည်း ပိုမို၍ ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ အဆင့်မြင့်ရန်ဟောင်များရှေ့တွင်ပင် သူ၏စိတ်သည် မတုန်လှုပ်တော့။

“ရန်ဟောင်ရီရဲ့ နာမည်ကို ကျုပ်က ကြားဖူးတာ ကြာပါပြီ… ဒါကြောင့် ကျုပ်တို့အကြား တိုက်ခိုက်ရေးစွမ်းအား ဘယ်လောက်ကွာဟလဲ သိချင်လို့ပါ” တုယွင်က ရှင်းပြသည်။ ရီဖူရှင်းကား အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သည်။ ထို့အပြင် လက်ရှိမျိုးဆက်၏အတော်ဆုံးလည်းဖြစ်၏။ တစ်ဘက်လူနှင့် တိုက်ခိုက်ခွင့်ရခဲ့ပါက သူ့အတွက် များစွာ အကျိုးရှိနိုင်သည်။

တုယွင်က သေချာပေါက် ရှုံးနိမ့်မည်ကို သိသော်လည်း ထိုကိစ္စက များစွာ အရေးမပါပေ။

ရီဖူရှင်း၏အကြည့်က ဝတ်စုံဖြူလူငယ်ဓားသမားထံသို့ ရောက်လာသည်။ သူက ပြောသည် “ဝူချင်း… မင်းက ရန်ဟောင်လည်း ဖြစ်နေပြီ။ တကယ့်တိုက်ခိုက်ရေးအတွေ့အကြုံရချင်တယ်ဆိုရင် သူနဲ့စမ်းကြည့်မလား…”

ရီဝူချင်းသည် ရန်ဟောင်ဖြစ်လာသေးသည်မှာ မကြာသေးပေ။ သူသည် ကျောင်းတော်တွင် တစ်ချိန်လုံးလေ့ကျင့်နေခဲ့ကာ ရန်ဟောင်တစ်ပါးအနေဖြင့် မတိုက်ခိုက်ရသေးပေ။

“ကောင်းပြီ…” ရီဝူချင်းက ခေါင်းညိတ်ကာ ထရပ်သည်။

ရီဖူရှင်းက တုယွင်ကို လှမ်းကြည့်ကာ ပြောသည် “ကျုပ်မိတ်ဆွေက အဆင့်တက်တာ မကြာသေးဘူး။ သူနဲ့ လက်ရည်စမ်းလို့ အဆင်ပြေမလား…”

“ကောင်းပြီ…” တုယွင်က ခေါင်းညိတ်သည်။ တစ်ဘက်လူက ယခုမှ အဆင့်တက်ခြင်းဖြစ်သည့်တိုင် သူက လျှော့မတွက်ပေ။ ရီဖူရှင်းဘေးမှ လူများအားလုံးမှာ ထက်မြက်သူများဖြစ်ကြောင်း သူကြားသိပြီးဖြစ်သည်။ ထိုကိစ္စကို ရှန်ကလန်တိုက်ပွဲက သက်သေပြနေသည်။

ရီဝူချင်းက ရီဖူရှင်း၏မိတ်ဆွေဖြစ်မှတော့ သူသည်လည်း အလွန်စွမ်းရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset