Switch Mode

Chapter 11

ရန်ပွဲ

တွေ့ဆုံပွဲက အထက်တန်းအဆင့် ပွဲဖြစ်ပုံပေါ်သော်လည်း တကယ်တမ်းတွင် အထက်တန်းစားအဆင့်များ၏ ပါတီပွဲဟု သတ်မှတ်၍ မရနိုင်ပါ။ ဤပွဲသည် အနုပညာနယ်ပယ်မှ နောက်မှပေါ်သည့် ရွှေကြာပင်များဟု ပြော၍ရနိုင်မည့် ဘီအဆင့် အနုပညာရှင် တစ်ချို့နှင့် အလိုလိုက်ခံထားရသော လူချမ်းသာ ကလေးများ၏ ပွဲသာ ဖြစ်ပေသည်။

သို့သော် အသိုင်းအဝိုင်းချင်း မတူစေကာမူ မိန်းမလှများအတွက် ပြောစရာ အကြောင်းအရာများ နည်းပါး မသွားချေ။ ကျန်းယွင်ရှီ၏ အသွင်အပြင်က ခန်းမတစ်ခုလုံး၏ အာရုံစိုက်စရာ အခရာတစ်ခု ဖြစ်သွားလေသည်။

“အဲ့မိန်းမလှလေးက ဘယ်သူလဲ၊ ငါ ဘာလို့ အရင်က သူ့ကို မမြင်ဖူးတာလဲ”

“သူက တော်တော် ငယ်ပြီး နူးညံ့သိမ်မွေ့မယ့်ပုံပဲ၊ သူက ကျောင်းသူပဲ ရှိဦးမယ်လို့ ငါ ထင်တယ်”

“သူ့ဘေးက အဲ့ဆင်းရဲသား မျိုးမစစ်က သူ့ရည်းစားတော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား၊ ချီးပဲကွာ၊ ဒါကြီးက လန်းဆန်းတဲ့ ပန်းပွင့်နား နွားချေးကပ်နေသလိုပဲကွာ”

“သူတို့ကို ခုန်ဝေ့ ခေါ်လာတာကို ငါ တွေ့လိုက်တယ်၊ ငါ အခွင့်အရေးရှာပြီး သူ့ကို ဘယ်ဈေးလဲ မေးရမယ်”

လူအများသည် ရဲ့လင်းချန်၏ တည်ရှိမှုကို ဥပေက္ခာပြုထားသည်။ သူတို့သည် ကျန်းယွင်ရှီအား ပစ္စည်းတစ်ခုသဖွယ် သတ်မှတ်ကာ ဆွေးနွေးနေကြသည်။ သူတို့သည် သူတို့၏ ပိုင်နယ်အတွင်းမှ အမျိုးသမီးများကို မည်သူမှ လာလုခွင့် မပေးနိုင်ဟန်ဖြင့် ပြောနေကြလေသည်။

ထိုစဉ် တစ်စုံတစ်ယောက်က ဝင်ပြောလာသည်။

“အဲ့ကောင်မလေးအကြောင်း တွေးနေတာ ရပ်လိုက်တော့၊ သူ့ကို ခုန်ဝေ့က အထွေထွေ မန်နေဂျာဝမ်ဆီ ဆက်သမှာ”

“အထွေထွေ မန်နေဂျာဝမ်လား၊ အဲ့လူ မိန်းမတွေ ပြောင်းတွဲတာက အဝတ်အစား လဲတာထက်တောင် မြန်သေးတယ်၊ သွားပါပြီကွာ … နောက်ထပ် လှပတဲ့ ပန်းပွင့်လေး ပျက်စီးတော့မယ်”

တစ်စုံတစ်ယောက်က ရင်ကွဲစွာ ပြောလာသည်။

“လခွမ်း မင်းပြောပုံက မင်းလည်း အဲ့လိုမလုပ်တတ်တဲ့ပုံနဲ့”

တစ်စုံတစ်ယောက်က အထင်သေးသော အပြုအမူဖြင့် ပြန်ပြောလေသည်။

“အဲ့ကောင် ဘာဖြစ်သွားမလဲ ငါ သိချင်မိသား”

“ဟုတ်တယ်၊ ငါ ကြားဖူးတာကတော့ အထွေထွေ မန်နေဂျာဝမ်က မိန်းကလေးတစ်ယောက်ကို သဘောကျလို့ အဲ့ကောင်မလေးရဲ့ ရည်းစားကို ခြေထောက်ချိုးဖူးတယ်တဲ့ကွ၊ ပြီးတော့ ဘာမှမဖြစ်သလို အဲ့ရည်းစားကို ပိုက်ဆံ ပေးလိုက်တယ်ဆိုပဲ”

“ငါ့အထင် အထွေထွေ မန်နေဂျာဝမ်က သူ့အတွင်းရေးမှူးမလေးကို အပေါ်ထပ်ဆီ ခေါ်သွားတာ မဟုတ်ဘူးလား၊ သူတို့ မကြာခင် ဆင်းလာမယ်လို့ ငါ ထင်တယ်”

အထွေထွေ မန်နေဂျာဝမ်သည် ဗိုလ်ကျတတ်သော စရိုက်ရှိပြီး သူ သဘောကျသော အမျိုးသမီးများအား ဘယ်သောအခါမှ လက်လွှတ်မခံတတ်ချေ။ ရဲ့လင်းချန် ရှိနေသည်ကို သတိပြုမိသည်နှင့် အထွေထွေ မန်နေဂျာဝမ်က သူ့ခြေထောက်ကို နေရာမှာတင် ရိုက်ချိုးလောက်သည်။

“ကြည့်လိုက် အထွေထွေ မန်နေဂျာဝမ် ရောက်လာပြီ”

တစ်စုံတစ်ယောက်က လှမ်းပြောလာ၏။ သူတို့ ကြည့်နေစဉ်မှာပင် ဗိုက်ရွဲရွဲနှင့် အဆီများသော မျက်နှာရှိသည့် လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ဒုတိယထပ်မှ ဖြည်းဖြည်းနှင့် ခြေလှမ်း မှန်မှန်ဖြင့် ဆင်းလာ၏။ သူ၏ လက်မောင်းက နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ထားပြီး နှစ်ယောက်သား ပျော်ရွှင်စွာ စကားပြောနေကြသည်။

အထွေထွေ မန်နေဂျာဝမ်ကို မြင်သည်နှင့် ခုန်ဝေ့၏ မျက်လုံးများက ဝင်းလက်သွားသည်။ မကြာခင်မှာပင် သူတို့ရှိရာသို့ သူမ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။

အထွေထွေ မန်နေဂျာဝမ်က သူမကို မြင်မြင်ခြင်း မကျေမနပ်နှင့် စိတ်မရှည်ဟန် ပြသည်။ သို့သော် ကျန်းယွင်ရှီကို မြင်သည်နှင့် သူ့အကြည့်များက ကျန်းယွင်ရှီ၌သာ စွဲထင်သွားလေသည်။ ကျန်းယွင်ရှီ၏ ကိုယ်လေးပေါ်၌ သူ တက်ကြမ်းချင်သည်ဟု တွေးနေသည်။

“အထွေထွေ မန်နေဂျာဝမ်၊ ကျွန်မညီမကို ကျွန်မ ခေါ်လာခဲ့ပါပြီ၊ ကျွန်မကို ပေးတဲ့ ကတိကို မဖောက်နဲ့နော်”

ခုန်ဝေ့က ကလူ၏သို့ မြှူ၏သို့ အမူအရာဖြင့် ပြောလိုက်သည်။

“ဟားဟားဟား … ဒါပေါ့၊ ဒါပေါ့”

အထွေထွေ မန်နေဂျာဝမ်သည် သွားရည်ကျလုနီးပါး ဖြစ်နေ၏။ သူ ကျန်းယွင်ရှီအား တွေ့မိသည်မှာ သိပ်မကြာသေးပေ။ ယခုတစ်ခေါက် ကျန်းယွင်ရှီက ခုန်ဝေ့ကြောင့် ဝတ်စုံ လှလှလေး ဝတ်ဆင်ထားလေသည်။ ကျန်းယွင်ရှီထံသို့ သူ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။

“ယွင်ရှီ၊ ဒါက အထွေထွေ မန်နေဂျာဝမ်ပဲ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ”

ခုန်ဝေ့ မိတ်ဆက်ပေးလိုက်သည်။

“မိန်းကလေးကျန်း၊ ငါ့နာမည်က ဝမ်ဝမ်းလုံပါ၊ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်”

အထွေထွေ မန်နေဂျာဝမ်က ကျိချွဲနေသော သူ့လက်အား ကျန်းယွင်ရှီထံ ဆန့်တန်းပေးလိုက်သည်။ ကျန်းယွင်ရှီ မျက်မှောင်ကြုတ်သွားရသည်။ သူမ နောက်သို့ မဆုတ်ဘဲ မနေနိုင်တော့ချေ။ ထိုစဉ် ရဲ့လင်းချန်က ရှေ့တိုး၍ အထွေထွေ မန်နေဂျာဝမ်၏ လက်ကို လှမ်းဆွဲကာ လက်ဆွဲနှုတ်ဆက်လေသည်။

“ကျုပ်နာမည် ရဲ့လင်းချန်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”

“ငရှုပ်ကောင်၊ မင်းနဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ်လို့ ငါ ပြောလို့လား၊ ထွက်သွားစမ်း”

အထွေထွေ မန်နေဂျာဝမ်၏ မျက်နှာထားက ချက်ချင်း မည်းမှောင်သွားသည်။ ရဲ့လင်းချန်ကို သူ အေးစက်စွာ ကြည့်လိုက်သည်။

“လင်းချန် အထွေထွေ မန်နေဂျာဝမ်က ယွင်ရှီကို အရေးပါတဲ့ တောင်းဆိုမှုကို သီးသန့်ဆွေးနွေးမလို့၊ ဝေးဝေးသွား လာမနှောင့်ယှက်နဲ့”

ခုန်ဝေ့က ထိုသို့ပြောပြီး ရဲ့လင်းချန်ကို အဝေးသို့ ဆွဲခေါ်ရန် ပြင်လေသည်။

ထိုစဉ် အထွေထွေ မန်နေဂျာဝမ်က သူ၏ ကျိချွဲနေသော လက်အား ကျန်းယွင်ရှီထံ ထပ်မံ၍ ဆန့်တန်း ပေးလိုက်သည်။ ဤသည်က ကျန်းယွင်ရှီ၏ လှပသော မျက်နှာလေးအား ဖြူရော်သွားစေသလို တစ်ကိုယ်လုံး တုန်ယင်သွားစေ၏။

ရဲ့လင်းချန်က ခြေထောက်ကို ဆတ်ခနဲ လှည့်၍ သူ့ခန္ဓာကိုယ်အား လူနှစ်ယောက် ပိတ်ရပ်နိုင်အောင် လှုပ်ရှားလိုက်သည်။

“ကျုပ်ကို ထွက်သွားဖို့ အမိန့်ပေးရအောင် ခင်ဗျားက ဘယ်သူလဲ၊ ပြီးတော့ ဘာလို့ ကျုပ်က ထွက်သွားရမှာလဲ”

“မင်းက ဘယ်သူလဲ”

တစ်စုံတစ်ယောက်က သူ့အား ထပ်ခါထပ်ခါ ဖီဆန်လောက်အောင် ရဲတင်းလိမ့်မည်ဟု အထွေထွေ မန်နေဂျာဝမ် ထင်မထားမိပေ။ သူသည် မျက်လုံးကို မှေး၍ ရဲ့လင်းချန်က ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ ထို့နောက် သူက အထင်သေးသလို ပြုံးလေသည်။

“မင်း ဘယ်သူလဲ ငါ စောက်ဂရုမစိုက်ဘူး၊ မင်းက ငါ့ကို တားရဲလောက်အောင် ရဲတင်းတယ်ဆိုရင်တာ့ သေဖို့ ပြင်လိုက်တော့၊ ငါ မင်းကို အခွင့်အရေး ထပ်ပေးလိုက်မယ်၊ ထွက်သွား”

သို့သော် ရဲ့လင်းချန်က မလှုပ်မယှက် ရပ်နေ၏။ အထွေထွေ မန်နေဂျာဝမ်၏ အဆီပိုနေသော ပါးများက လှုပ်ရွလာပြီး ဒေါသထွက်လာသည့်ပုံပင်။

“ဟေ့ကောင် မင်း ငါ့ကို ဆန့်ကျင်ချင်တာ သေချာပြီလား”

“ကျုပ်က အဲ့လိုလုပ်ချင်တာဆိုရင်ရော”

ရဲ့လင်းချန် အေးစက်စက် ပြန်ကြည့်လိုက်သည်။

“ငမွဲကများ၊ ငါ ဘယ်သူလဲဆိုတာ မင်းသိလား”

အထွေထွေ မန်နေဂျာဝမ်က လောက၌ အရယ်ရဆုံး ဟာသတစ်ပုဒ်ကို နားထောင်လိုက်ရသကဲ့သို့ ပြုမူလေသည်။

“မင်းလို လူမျိုးကို ငါ ပညာပေးလာတာ အယောက်တစ်ရာနီးပါး ရှိနေပြီ၊ အဲ့တစ်ယောက်ချင်းစီရဲ့ ဘဝတွေအားလုံး ပျက်စီးနေပြီ၊ သူတို့အားလုံး အနည်းဆုံး ခြေထောက်တစ်ဖက်တော့ ကျိုးတာပဲ”

သူက ရဲ့လင်းချန်ကို ထီမထင်စွာ ကြည့်လေသည်။

“အခု မင်း ငါ့ကို ဆန့်ကျင်ချင်သေးတာ”

“ကျုပ် အဲ့လိုလုပ်မှာပဲ ဆိုရင်ရော”

ရဲ့လင်းချန်က ယခင်အတိုင်း ပြတ်သားသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်နေလေသည်။ ကျန်းယွင်ရှီသည် ကြောက်လွန်းသဖြင့် တုန်ယင်နေ၏။ သူမ လုံခြုံသလို ခံစားရစေရန် ရဲ့လင်းချန်၏ အနောက်၌သာ ပုန်းနေမိသည်။

ဘေးပတ်လည်မှ လူများသည်လည်း ဤအဖြစ်အပျက်ကို တစ်ချိန်လုံး အာရုံစိုက်၍ ကြည့်နေကြသည်။ အခြေအနေက သူတို့ ထင်ထားသည်ထက် ကျော်လွန်နေသဖြင့် အားလုံး လှုပ်လှုပ်ရွရွ ဖြစ်လာ၏။

“အကြောက်တရား ကင်းလိုက်တာ၊ ဒီကောင်လေးက တကယ်ကို သေမှာ မကြောက်ဘူးပဲ”

“လခွမ်း အဲ့ကောင်လေး သေချင်နေတာလား၊ သူက အထွေထွေ မန်နေဂျာဝမ်နဲ့ ရန်ဖြစ်ဖို့ ပြင်ဆင်ထားတာပဲ”

“ဗရုတ်လေးပဲ၊ သူက ဗရုတ်ကျတဲ့ လူငယ်လေးပဲ”

“အိုးအိုး မဖြစ်တော့ဘူး၊ အထွေထွေ မန်နေဂျာဝမ်ရဲ့ မျက်နှာထားကိုလည်း ကြည့်ဦး၊ သူက သတ်ဖို့ စိတ်လှုပ်ရှား နေသလိုပဲ”

ခန်းမထဲမှ လူတိုင်း ထိုလူနှစ်ယောက်ကိုသာ မရည်ရွယ်ဘဲ ဝိုင်းကြည့်နေမိသည်။ အထွေထွေ မန်နေဂျာဝမ်အား ဤသို့ ရဲတင်းစွာ ပြောရဲသည့် တစ်စုံတစ်ယောက်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“အရူးတွေက မကြောက်တတ်ဘူးဆိုတာ တကယ်ပဲကိုး၊ ဟေ့ကောင်လေး မင်းနဲ့ ငါက အဆင့်မတူဘူး၊ ငါ တစ်ခွန်း ပြောလိုက်ရုံနဲ့ မင်း ထွက်သွားအောင် လုပ်လို့ရတယ်၊ အခုကစပြီး မင်း တစ်သက်လုံး ကံဆိုးတော့မှာ၊ ငါ မင်း အသက်ရှင်နေတဲ့ ဘဝတစ်လျှောက်လုံး နောင်တရအောင် လုပ်ပေးမယ်”

အထွေထွေ မန်နေဂျာဝမ်က ထပ်ခါထပ်ခါ ထေ့ငေါ့လိုက်ပြီးနောက် အေးအေးလူလူ ပြောလိုက်သည်။

“သူ့ခြေတွေလက်တွေကို ချိုးပစ်လိုက် ပြီးရင် သူ့ကို လူးလိမ့်နေရအောင် လုပ်ပေးလိုက်”

သူ့အနောက်မှ တုတ်ခိုင်သန်မာသော သက်တော်စောင့် နှစ်ယောက် ထွက်လာ၏။ သူတို့သည် ရဲ့လင်းချန်အား မကြိုဆိုသော အမူအရာဖြင့် ကြည့်နေကြသည်။

ကျန်းယွင်ရှီ၏ လက်က ရဲ့လင်းချန်၏ အဝတ်အစားကို မရည်ရွယ်ဘဲ ဆုပ်ကိုင်ထားမိသည်။ သူမ အားကုန်ဆုပ်ကိုင်ထားမိသဖြင့် သူမလက်သည်းများပင် ဖြူလာလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော မြင်ကွင်းမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသောကြောင့်ပင်။

ရဲ့လင်းချန်က ကျန်းယွင်ရှီ၏ လက်လေးကို အသာပုတ်လိုက်ပြီးနောက် သူ့ထံ လာနေသော ဗလတောင့်တောင့်နှင့် သက်တော်စောင့် နှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်နေလေသည်။

သူသည်လည်း စိုးရိမ်သလို ခံစားမိပါ၏။ သို့သော် သူသည် စနစ်တစ်ခု လက်ဆောင်ရထားသော လူတစ်ယောက် ဖြစ်သည်။ သူ ကပျက်ကချော် မလုပ်သရွေ့ ဘာမှမရှုံးနိုင်ပါ။

“လာလေ”

သူသည် ခါးကိုကိုင်း၍ အရဟာ လက်သီးကွက် အနေအထားအတိုင်း ဟန်ပြင်လိုက်သည်။

“ငါလခွမ်း၊ အဲ့ဒါ ဘာလဲ၊ အဲ့ကောင်လေးက သိုင်းပညာ လေ့ကျင့်ထားဖူးတာလား”

“သူ ဘာလို့ ဒီလောက် တည်ငြိမ်နေလဲလို့ ငါ တွေးနေတာ၊ လတ်စသက်တော့ သူက ရယ်စရာကောင်းတဲ့ အေရိုးဗစ် အကွက်တွေ ကျင့်ထားတာကိုး၊ သူ့ကိုယ်သူ သိုင်းသမားလို့ ထင်နေတာလား”

“ဟူး … ဒီအေရိုးဗစ်ကပဲ သူ့ကို သေအောင် လုပ်လိမ့်ဦးမယ်”

“အရူးလေးပဲ၊ အထွေထွေ မန်နေဂျာဝမ်ရဲ့ သက်တော်စောင့် နှစ်ယောက်က အရှေ့တောင်အာရှသမားတွေ၊ သူတို့က အတိတ်တုန်းက မြေအောက် တိုက်ပွဲတွေမှာ ဝင်ပါဖူးပြီးတော့ လူတော်တော် သတ်ဖူးတယ်လို့ ငါ ကြားဖူးတယ်”

“လူငယ်လေးရဲ့ ခန္ဓာကိုယ်အရ လက်သီးတစ်ချက်တည်းနဲ့ သူ့နံရိုးတွေ ကျိုးလောက်မယ် ထင်တယ်”

ရဲ့လင်းချန်၏ လက်ရှိပုံစံကိုမြင်ပြီး သက်တော်စောင့် နှစ်ယောက်က အပြုံးကြီး ပြုံးလေသည်။

“ဟားဟားဟား တုံးလိုက်တဲ့ မြေယိုးလေးကွာ၊ မင်း ဖတ်ထားတဲ့ ဝတ္ထုအားလုံးကို စိတ်ထဲမှာ မှတ်ထားတယ် လို့တော့ လာမပြောနဲ့နော်”

အထွေထွေ မန်နေဂျာဝမ် ရယ်ချင်နေ၏။ လက်ရှိတွင် သူ့မျက်လုံးထဲ၌ ရဲ့လင်းချန်က လူပြက်တစ်ယောက်နှင့် တူနေလေသည်။

“ဟေ့ကောင်လေး သေလိုက်တော့”

သက်တော်စောင့် တစ်ယောက်က လက်ကိုမြှောက်လာသည်။ သူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ကြွတက်လာပြီး တောင့်တင်းလာသဖြင့် ကျောက်တုံးကြီးနှင့် တူနေလေသည်။ ဤသည်က လူတိုင်းအား ကြောက်လန့်တကြား ဖြစ်ကာ နှလုံးခုန် မြန်လာစေသည်။

*သူက သန်မာသလို ကြောက်စရာလည်း ကောင်းတာပဲ*

တစ်ခဏအတွင်းမှာပင် သူသည် လက်ကိုလွှဲယမ်း၍ ရဲ့လင်းချန်အား လက်သီးဖြင့် ထိုးလေသည်။ လက်သီးချက်ကြောင့် လေတိုးသံပင် ထွက်လာရသည်။ သူ၏ သန်မာသော ခွန်အားကိုမြင်ပြီး လူတိုင်း ဖြုံသွားကြသည်။ သို့သော် ရဲ့လင်းချန်သည် လုံးဝ မရှောင်တိမ်းဘဲ နဂိုအနေအထားအတိုင်း နေနေ၏။

“လူငယ်လေးတော့ ကြောက်ပြီး ငြိမ်သွားပြီထင်တယ်”

“လက်သီးတစ်ချက်တည်းနဲ့ အဲ့ကောင်လေး ဘဝတစ်ဝက်စာလောက် ကြွသွားလောက်တယ်”

“ဟူး သူကိုက ကံဆိုးတာလို့ပဲ ပြောတော့မယ်၊ လူတွေအများကြီးထဲမှာမှ အထွေထွေ မန်နေဂျာဝမ်ကို သွားရန်စရတယ်လို့ကွာ”

“သေလိုက်တော့”

သက်တော်စောင့်၏ အမူအရာက သုန်မှုန်လာပြီး ပို၍ အားသုံးလာသည်။ သို့သော် ထိုအခိုက်တွင် ရဲ့လင်းချန်က ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။

သူ၏ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီး လက်ဆန့်ကာ ထိုသက်တော်စောင့်၏ လက်မောင်းကို ရစ်ပတ်လိုက်သည်။ ထို့နောက် ကိုယ်ကိုလှည့်၍

သူ၏ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီး လက်ဆန့်ကာ ထိုသက်တော်စောင့်၏ လက်မောင်းကို ရစ်ပတ်လိုက်သည်။ ထို့နောက် ကိုယ်ကိုလှည့်၍ ခါးကိုကွေးလိုက်သည်။ ဤပုံစံက နောက်ပြန် အရဟာဟု ခေါ်လေသည်။

ဝှစ်

သက်တော်စောင့်၏ တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ခပ်လှမ်းလှမ်းသို့ လေနှင့်အတူ လွင့်သွားသော ပေါ့ပါးသော ထိကရုန်းကဲ့သို့ လွင့်သွားလေသည်။ သူ၏ လှုပ်ရှားမှုက ကြော့ကြော့မော့မော့ပင်။

*ဘယ်လိုဖြစ်သွားရတာလဲ*

လူတိုင်း တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်ကာ မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်သွားသည်။

*သူက အဝတ်ရုပ်လို လွှင့်ပစ်ခံလိုက်ရတာလား*

အံ့ဩစရာကောင်းသော မြင်ကွင်းဖြစ်သောကြောင့် ဘေးနားမှလူတိုင်း အံ့ဩကာ မှင်တက်နေကြသည်။ သူတို့ ပြောစရာ စကား မဲ့နေ၏။

ထိုသက်တော်စောင့်သည် တစ်ကိုယ်လုံး ကြွက်သား အမြောင်းမြောင်းနှင့် တုတ်ခိုင်သော ခန္ဓာကိုယ် ရှိသည်။ သူသည် အနည်းဆုံး တစ်ရာကီလိုဂရမ်မျှ ကိုယ်အလေးချိန် ရှိပေမည်။ သူ မတ်တပ်ရပ်နေလျင်တောင်မှ သာမန်လူတစ်ယောက်အတွက် သူ့ကို တွန်းထိုးရန် အလွန် ခက်ခဲနိုင်သည်။

*အဲ့ကောင်လေးက တကယ် လေ့ကျင်ထားတဲ့ သိုင်းသမားများလား*

ထို့နောက် သက်တော်စောင့်သည် အောက်သို့ ပြန်ပြုတ်ကျလာ၏။ သူ၏ ကိုယ်အပေါ်ပိုင်းက ကြမ်းပြင်ပေါ် အရင် ကျလာသည်။ သူ ချက်ချင်း မျက်ဖြူလန်ကာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူ၏ ကိုယ်အောက်ပိုင်းသည်လည်း အရှိန်ဖြင့် ကျသောကြောင့် အကြောသေနေလောက်သည်။

“ဟေ့ကောင် ငါ မင်းကို သတ်ပစ်မယ်ကွ”

အထွေထွေ မန်နေဂျာဝမ်၏ အဆီများသော ပါးများက လှုပ်ခါလာပြီး သူ၏ မျက်လုံးများက စဉ်းလဲစွာ တောက်ပနေ၏။

“ရှေ့တက်ပြီး သူ့ကို ရိုက်ချိုးလေ”

အခြား သက်တော်စောင့်သည် ရဲ့လင်းချန်အပေါ် မမောက်နိုင်တော့ချေ။ သူသည် ကြမ်းပြင်အား အသာဆောင့်နင်း၍ လေပေါ် ခုန်လိုက်သည်။ သူ၏ ခြေထောက်အား ဝဲသဖွယ် အလျင်အမြန် လှည့်၍ ရဲ့လင်းချန်အား လွှားခနဲ ကန်ထုတ်ရန် ပြင်လေသည်။

လေထဲ၌ အရိပ်များစွာ ပေါ်လာသည်။ ဤသက်တော်စောင့်၏ ကန်ချက်တိုင်းက အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ချက်ချင်း ဒုက္ခတိ ဖြစ်သွားစေနိုင်ပုံ ရသည်။ ဤအကွက်အား ဆိုင်ကလုန်း တစ်ကျော့ ကန်ချက်ဟု လူသိများ၏။

“ဝိုး အထင်ကြီးစရာပဲ”

လူအများသည် တံတွေးမျိုချ၍ နောက်ဆုတ်လိုက်ကြသည်။ ရန်ပွဲက သူတို့ထံ သက်ရောက်လာမည်ကို စိုးထိတ်‌နေ၏။

ရဲ့လင်းချန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူသည် နောက်မဆုတ်ဘဲ ရှေ့တက်လေသည်။ သူသည် မြင်း၏ ကိုယ်နေဟန်ထားပုံစံ အသွင်ဆောင်ကာ လက်သီးဖြင့် ဆက်တိုက် ထိုးနှက်လိုက်သည်။ ဤသည်အား လဗိမာန် ပွေ့ဖက်ခြင်း အရဟာဟု ခေါ်၏။

ဘန်း

သက်တော်စောင့်၏ ခန္ဓာကိုယ်က ပတ်ချာလည်နေဆဲပင်။ သို့သော် သူသည် ထိုအရှိန်ဖြင့် နောက်သို့ လွင့်သွားသဖြင့် နံရံနှင့် ဦးခေါင်း ဆောင့်မိသွားသည်။ သူ၏ခန္ဓာကိုယ်က တစ်ခဏမျှ အပြင်းအထန် လှုပ်ခါ သွားပြီးနောက် သတိလစ်သွားလေတော့သည်။

“လခွမ်း မိုက်တယ်ဟ”

ဘေးမှကြည့်နေသူများ အံ့ဩမှင်တက်နေကြသည်။ သူတို့သည် နေရာ၌ ရပ်ကာ အချင်းချင်း မယုံနိုင်ဟန်ဖြင့် ပြန်ကြည့်နေ၏။

*ဒါ ဘယ်လိုဖြစ်သွားတာလဲ*

*ဒီကောင်လေး သိုင်းဆရာတော့ မဖြစ်နိုင်ပါဘူးနော်၊ ဟုတ်တယ်မလား*

“အိုး … ဟေ့ကောင် မင်းကို ငါ သတ်မယ်ကွ”

အထွေထွေ မန်နေဂျာဝမ်၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာသည်။ သူ ရဲ့လင်းချန်အား မရှင်းဘဲ မနေနိုင်တော့ချေ။

“မင်းက သိုင်းကွက် အတုလေး နည်းနည်း တတ်တာနဲ့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား၊ ဟမ် … ဒီမှာ မင်းကို ပြောလိုက်မယ်၊ ဒီလောကမှာ မင်းကို သတ်နိုင်တဲ့ နည်းတွေ အများကြီး ရှိတယ်၊ စောင့်နေလိုက်, ငါ မင်းနောက်က မိန်းမကို ရအောင် ယူပြမယ်၊ ဟားဟားဟား …”

ကျန်းယွင်ရှီ သွေးမရှိလောက်အောင် ဖြူရော်လာပြီး ကူကယ်ရာမဲ့နေ၏။ သူ့မျက်လုံးထဲတွင် ဆောက်တည်ရာ မရခြင်းများ ထင်ဟပ်နေ၏။

ကျန်လူများအားလုံးသည် ခေါင်းတခါခါနှင့် ရဲ့လင်းချန်ကို သနားသလို ကြည့်လာကြသည်။

*သူ သိုင်းကျင့်ထားလို့ရော ဘာဖြစ်မှာလဲ၊ သူ အတိုက်အခိုက် ကျွမ်းတော့ရော ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်တည်းရဲ့ ခွန်အားက မစို့မပို့လေးပဲကို*

သို့သော် ရဲ့လင်းချန်က ကျန်းယွင်ရှီကို တည်ငြိမ်စွာ နှစ်သိမ့်လေသည်။

“သေခါနီး လူတစ်ယောက်ကို ကြောက်စရာ မလိုပါဘူး”

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို မော့ကြည့်လိုက်မိသည်။ သူမဘာသာ မသိလိုက်ဘဲ ခေါင်းညိတ်ပြလိုက်မိသလို ရင်ထဲ၌ အနည်းငယ် စိတ်အေးသွားလေသည်။

“သေခါနီး လူတစ်ယောက် ဟုတ်လား၊ ဟားဟားဟား … ဟေ့ကောင်၊ မင်းက ငါ့ကို သတ်ချင်နေသေးတာလား၊ မင်းမှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိရှိလို့လား”

အထွေထွေ မန်နေဂျာဝမ်က ရဲ့လင်းချန်ကို ရယ်သွေးသွမ်းဟန်ဖြင့် ကြည့်လေသည်။

“အခုတလော ခင်ဗျားတစ်ကိုယ်လုံး ယားသလို ခံစားရလား၊ ခင်ဗျားကိုယ်ရဲ့‌ နေရာတစ်ချို့မှာ အနီရောင် အင်ပျဉ်တွေ ရှိတယ်၊ အထူးသဖြင့် ခင်ဗျားလည်ပင်းမှာပေါ့”

ရဲ့လင်းချန်က အထွေထွေ မန်နေဂျာဝမ်ကို တည်ငြိမ်စွာ ကြည့်နေ၏။ အထွေထွေ မန်နေဂျာဝမ်၏ မျက်နှာတွင် အနည်းငယ် သွေးပျက်ဟန် ပေါ်လာ၏။

“ငါ့မှာ ရှိတော့ ဘာဖြစ်လဲ’

“ခင်ဗျား ဝမ်းဗိုက်အောက်ပိုင်းကို နှိပ်နယ်ကြည့်လိုက်၊ ခင်ဗျား ဝမ်းဗိုက်အောက်ပိုင်းရဲ့ ဘေးနှစ်ဘက်က တော်တော်လေး နာသလို ခံစားရလား”

ရဲ့လင်းချန်က ဆက်ပြောလေသည်။ အထွေထွေ မန်နေဂျာဝမ်က ထိုသို့လိုက်လုပ်လိုက်သည်။ သူ့ကိုယ်သူ ထိုသို့ နှိပ်နယ်လိုက်သည်နှင့် တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်သွားသည်။ သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့လာပြီး ချွေးစေးပြန်လာ၏။

“ခင်ဗျားအနားက မိန်းမက မသန့်ရှင်းဘူး၊ ခင်ဗျား ဆေးရုံမှာ မြန်မြန် ဆေးစစ်သင့်တယ်၊ ဖြစ်နိုင်တာက ခင်ဗျား အလွန်ဆုံး နောက်တစ်လ၊ နှစ်လောက်ပဲ နေနိုင်တော့မှာ”

ရဲ့လင်းချန်က အထွေထွေ မန်နေဂျာဝမ်အား အေးစက်စွာ ကြည့်၍ တည်တည်ငြိမ်ငြိမ် ပြောနေလိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset