အပိုင်း (၁၇၁၀)

ထင်ထားတာထက်အားနည်းတယ်

ရှန်ကလန်အတွင်းမှ မရေမတွက်နိုင်သောအကြည့်များက ထိုပုံရိပ်နှစ်ခုအပေါ်ကျရောက်သွားသည်။

ရီဖူရှင်းက ရှန်ကလန်သို့ အင်အားစုများကိုဦးဆောင်လာခဲ့ခြင်းက ထင်ရှားသောအပြောင်းအလဲတစ်ခုဖြစ်ပြီး ဘုံကိုးဆင့်၏အင်အားစုများကြား အပြောင်းအလဲကို​ဖြစ်ပေါ်စေသည်ဟုဆိုလျှင် ရီဖူရှင်းနှင့် ရှန်ဟောက်ကြားမှတိုက်ပွဲက နောက်မျိုးဆက်အတွက် မည်သူကသူရဲကောင်းဖြစ်လာမည်လဲဆိုသည်အား ဆုံးဖြတ်မည့်တိုက်ပွဲဟု ခေါ်ဆိုနိုင်သည်။

ရီဖူရှင်းက ဒီအထိရောက်လာပြီဖြစ်၍ အနိုင်ရမှဖြစ်ပေမည်။

ထိုသည်မှာ ရှန်ဟောက်အတွက်လည်း အတူတူပင်ဖြစ်သည်။ သူသာရှုံးနိမ့်ခဲ့လျှင် ရှန်ကလန်က လုံးဝပျက်စီးသွားမည်ဖြစ်သည်။

သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ရပ်နေသော်လည်း ယခုထိမတိုက်ခိုက်ကြသေးပေ။ သူတို့၏ဘေးပတ်ဝန်းကျင်တွင် မဟာလမ်းစဥ်၏ပြိုင်ဘက်ကင်းစွမ်းအင်များက မုန်တိုင်းသဖွယ်ရိုက်ခတ်နေသည်။

အလင်းရောင်များက ကောင်းကင်မှဆင်းသက်လာသည်။ အဆုံးမရှိသော ရောင်စဥ်တန်းများမွေးဖွားလာသလိုပင်။ ရှန်ဟောက်၏နတ်မျက်လုံးက သူ၏မျက်ခုံးနှစ်ခုကြားတွင် ပေါ်ထွက်လာပြီး ရီဖူရှင်း၏မျက်လုံးများထဲသို့ စူးစိုက်ကြည့်လိုက်သည်။ ရီဖူရှင်းကလည်း အလားတူပင် သူ၏မှော်မျက်လုံးနယ်ပယ်ကိုထုတ်လွှတ်လိုက်သည်။ သူတို့နှစ်ဦးလုံးက တစ်ဦး၏အသိစိတ်ကို တစ်ဦးကကျူးကျော်လိုနေခြင်းဖြစ်သည်။

နတ်ဘုရားများ၏ မိန်းမောစေသောမှော်အစွမ်းကိုမြင်နိုင်ပေသည်။ အခုအချိန်တွင် ရှန်ဟောက်သည် အလွန်မောက်မာဝံ့ကြွားနေလေသည်။

ရီဖူရှင်း၏မျက်လုံးများက သာမန်နှင့်မတူဘဲ ထူးကဲလှသည်။ သူ့တွင် နတ်ဝင်ရိုးမှ ဖြစ်တည်လာသော မျက်လုံးများရှိနေသည်။ ရှန်ဟောက်က မြောက်မြားစွာသောအာကာသပိတ်ဆို့မှုများက သူ၏စိတ်အတွင်းသို့ဝင်ရောက်၍ အသိစိတ်အား ပိတ်လှောင်ရန်ကြိုးပမ်းနေသည်အားမြင်နေရသည်။ ရှန်ဟောက်က ရီဖူရှင်းဖြစ်စေချင်သလို မည်သို့ဖြစ်ခွင့်ပေးနိုင်ပါမည်နည်း…။ သူ၏နတ်မျက်လုံးများအောက်တွင် ကြောက်မက်ဖွယ် အာကာသအသိများပါဝင်သော မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။ သူတို့နှစ်ဦးက လေထုအလယ်တွင် ရင်ဆိုင်မိကြသည်။

တိုက်ဆိုင်စွာပင် သူတို့နှစ်ဦးလုံးက မဟာလမ်းစဥ်၏ အာကာသစွမ်းအားများကို အသုံးပြုကြလေသည်။

ရီဖူရှင်း၏ မှော်မျက်လုံးနတ်ဝင်ရိုးက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအရာက ရှန်ဟောက်အား ဆက်တိုက်တိုက်ခိုက်နေလေသည်။ ရှန်ဟောက်က သွေးအေးရက်စက်သောအကြည့်ဖြင့်ကြည့်လိုက်ပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သူ့ခန္ဓာကိုယ်မှထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ကောင်းကင်ယံ၌ဖုံးလွှမ်းနေသော နတ်ရောင်စဥ်တန်းများက နတ်သင်္ကေတများသဖွယ်ကျဆင်းလာလေသည်။

ရှန်ထျန်းနတ်ရောင်စဥ်သည် ရှန်ကလန်၏ မွေးရာပါစွမ်းရည်ဖြစ်သည်။ ထိုစွမ်းအားသည် မဟာလမ်းစဥ်၏စွမ်းအားများအားလုံးအပေါ်တွင် ဖိနှိပ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။

ရှန်ကလန်မှ ပင်မမျိုးဆက်များသာလျှင် ထိုစွမ်းရည်ကိုပိုင်ဆိုင်နိုင်ကြသည်။

နတ်ရောင်စဥ်များကျဆင်းလာချိန်တွင် ရီဖူရှင်းက သူ၏လမ်းစဥ်သည်လည်း ဖိနှိပ်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ သူက အံ့အားသင့်စရာကောင်းသော လှုံ့ဆော်မှုကိုခံစားလိုက်ရသည်။ ထိုစွမ်းအားသည် နတ်ဘုရား၏ရောင်စဥ်တန်းနှင့် အလွန်တူလေသည်။ ကြည့်ရသည်မှာ ရှန်ကလန်၏သမိုင်းတွင် ကြီးကျယ်သော အင်ပါယာအဆင့်ပုဂ္ဂိုလ်ကြီးတစ်ပါး ပေါ်ထွန်းခဲ့ဖူးဟန်ရှိသည်။

သူတို့၏ပတ်ဝန်းကျင်တွင် အာကာသလမ်းစဥ်မုန်တိုင်းက တိုက်ခတ်နေသည်။ မရေမတွက်နိုင်သော နတ်ဝိညာဥ်အလင်းတန်းများက သူတို့ပတ်ဝန်းကျင်အားဖျက်ဆီးသွားပြီး ရီဖူရှင်းရှိနေသောနေရာတွင် ရစ်သိုင်းနေလေသည်။ ရှန်ဟောက်၏ခန္ဓာကိုယ်တွင်းမှ မုန်တိုင်းနတ်ဝင်ရိုး၏စွမ်းအားကြောင့် နေရာတစ်ခုလုံးသည် အာကာသစွမ်းအားမုန်တိုင်းဖြင့်ဖုံးလွှမ်းနေလေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှ ကုချင်းနတ်ဝင်ရိုးသည်လည်း တူညီစွာပင် ရှေ့သို့တက်လာသည်။ အံ့အားသင့်ဖွယ်အလင်းတန်းများထွက်ပေါ်လာပြီး ကုချင်းကြိုးများမှ မဟာလမ်းစဥ်၏ကုချင်းသံစဥ်က အတင်းအကြပ်ထွက်ပေါ်လာသည်။ ချီဓားမုန်တိုင်းက ကောင်းကင်ယံကိုဖုံးလွှမ်းသွားပြီး အာကာသစွမ်းအင်မုန်တိုင်းနှင့် ရောနှောသွားသည်။

ဘန်း…

မရေမတွက်နိုင်သော အလင်းတန်းများက ရီဖူရှင်းထံသို့ပြေးဝင်လာကြသည်။ အာကာသစွမ်းအင်မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော အလင်းတန်းတစ်ခုချင်းစီတွင် ရှန်ထျန်းဓားစွမ်းအားများပါဝင်နေသည်။ ထိုစွမ်းအားများက သူ့အားအပိုင်းပိုင်းဖြတ်ပစ်ရန်ရည်ရွယ်၍ ရီဖူရှင်းရှိနေသောနေရာသို့ထိုးဖောက်ဝင်ရောက်လာကြသည်။

သို့သော်လည်း ရီဖူရှင်း၏ခန္ဓာကိုယ်ဝန်းကျင်တွင် တန်ပြန်ဓားစွမ်းအားစီးကြောင်းတစ်ခုပေါ်ထွက်လာသည်။ ချီဓားမုန်တိုင်းက အရာရာကိုခုတ်ဖြတ်သွားပြီး အာကာသစွမ်းအားမုန်တိုင်းကိုတားဆီးလိုက်ချိန်တွင် ကျယ်လောင်သောအသံကျယ်ကြီး ထွက်ပေါ်လာလေသည်။

နှစ်ယောက်လုံး၏ပုံရိပ်က လှုပ်ရှားမှုမရှိဘဲ နေရာတွင်ပင်ရပ်၍ကျန်ခဲ့သည်။ မဟာလမ်းစဥ်စွမ်းအားများသာ ထိတ်တိုက်တွေ့ခြင်းဖြစ်သော်လည်း အလွန်ပြင်းထန်၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။  သူတို့ထဲမှတစ်ဦးက အားနည်းနေလျှင် ထိုသူသည် မဟာလမ်းစဥ်အသိကြောင့် အငွေ့အဖြစ်ပြောင်းလဲသွားနိုင်လောက်ပေသည်။

သူတို့ရှိနေသောနေရာတစ်ခုလုံးသည် မဟာလမ်းစဥ်မုန်တိုင်းကြောင့် ပျက်ဆီးသွားရသည်။ နှစ်ယောက်လုံးက အဆုံးမရှိဖျက်ဆီးနိုင်သော မုန်တိုင်းအလယ်တွင်ရောက်ရှိနေသောကြောင့် သူတို့အား မှုန်ဝါးဝါးသာမြင်နိုင်လေသည်။

ထိုအချိန်တွင် လူအုပ်ကြီးက စူးရှသောအလင်းတန်းများကြောင့် ဘာမှမမြင်ရတော့ပေ။ အဆုံးမဲ့နတ်အလင်းတန်းများက ရှန်ဟောက်၏ခန္ဓာကိုယ်တွင်းမှထွက်ပေါ်လာပြီး နတ်ဘုရား၏အတောင်ပံကဲ့သို့ ဖြစ်ပေါ်လာသည်။နတ်ဘုရားများ၏ပုံရိပ်များက ရှေးခေတ်မှဆင့်ခေါ်ခံလိုက်ရသကဲ့သို့ ထွက်ပေါ်လာလေသည်။

ရှန်ဟောက်ကနောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီး ရှေ့သို့တစ်လှမ်းတက်လိုက်သည်။ နောက်တခဏတွင် သူ၏ပုံရိပ်က အာကာသစွမ်းအားမုန်တိုင်းထဲ၌ ခြေရာမကျန်အောင်ပျောက်ကွယ်သွားလေသည်။

ရီဖူရှင်းက ရှန်ဟောက်၏ပုံရိပ်ပျောက်ကွယ်သွားသည်ကိုစောင့်ကြည့်နေပြီး သူ့အမူအရာကမပြောင်းမလဲပင်ရှိနေလေသည်။ သူကချက်ချင်းလက်ကိုဆန့်တန်း၍ အရှေ့သို့လက်ညှိုးညွှန်လိုက်သည်။

ထိုအခိုက်တွင်ပင် ရီဖူရှင်းလက်ညှိုးညွှန်လိုက်သောနေရာမှ တောက်ပသောအလင်းရောင်တစ်ချက်ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည်အလွန်ထက်မြ၍ ဟင်းလင်းပြင်ကိုပင်အပိုင်းပိုင်းဖြတ်သွားနိုင်လောက်သည်။

နတ်ဓားတစ်လက်က သူ၏လက်ချောင်းထိပ်မှဖြစ်ပေါ်လာပြီး ရှန်ဟောက်၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ထိုထိပ်တိုက်တွေ့မှုကြောင့် အသံကျယ်ကြီးထွက်ပေါ်လာပြီး တည်နေရာသည် ပေါက်ကွဲသွားလေသည်။ နတ်ဓားမှအလင်းရောင်က ဟင်းလင်းပြင်ကိုနှစ်ပိုင်းစုတ်ပစ်မလိုပင်…။ သို့သော်လည်း ရှန်ဟောက်၏ခန္ဓာကိုယ်မှ ဖျက်ဆီးနိုင်သောစွမ်းအားက သူ့ခန္ဓာကိုယ်နှင့်အတူပျောက်ကွယ်သွားသည်။

ရွှတ်…

ရီဖူရှင်း၏ကျောဘက်မှ နောက်ထပ်စူးရှသောအလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ရီဖူရှင်းက မရှောင်လိုက်ပေ။ တောက်ပသောရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်မှရုတ်တရက်ပေါက်ကွဲထွက်လာပြီး ကောင်းကင်ထက်သို့ထိုးတက်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ နတ်ဆင်ဝင်ရိုးကပေါ်ထွက်လာပြီး ရွှေရောင်နတ်ဆင်ကြီးတစ်ကောင် ပေါ်ထွက်လာလေသည်။

သုံးခုမြောက် နတ်ဝင်ရိုး…

တိုက်ပွဲကိုကြည့်ရှုနေကြသော ရှန်ကလန်မှကျင့်ကြံသူများမှာ ဆွံ့အနေကြလေသည်။ သူ၏နတ်ဝင်ရိုးအားလုံးသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးများဖြစ်နေလေသည်။

ရှန်ဟောက်ပင်လျှင် အက်ကြောင်းမဲ့နတ်ဝင်ရိုးနှစ်ခုသာဖွဲ့စည်းနိုင်လေသည်။

ဘန်း…

ကြောက်မက်ဖွယ်ပေါက်ကွဲသံကြီးက နေရာတစ်ခုလုံးဖုံးလွှမ်းသွားသည်။ ရွှေရောင်နတ်ဆင်ကြီးက ကောင်းကင်ကိုတုန်ခါသွားစေသည်။ နတ်ရောင်စဥ်များက ထက်ရှသောဓားသွားများအသွင်ပြောင်းလဲသွားပြီး နတ်ဆင်ကြီး၏ခန္ဓာကိုယ်ကိုထိုးဖောက်ကာ အပိုင်းပိုင်းဖြစ်စေသည်။ ထိုဓားစွမ်းအားတိုက်ခိုက်မှုက မည်မျှအားပြင်းကြောင်း ခန့်မှန်းကြည့်နိုင်သည်။

သို့သော်လည်း ရီဖူရှင်းက နောက်သို့လှည့်၍ လက်သီးတစ်ချက် ချက်ချင်းပစ်လွှတ်လိုက်သည်။ ဆင်ပေါင်းတစ်သောင်းက ကောင်းကင်ကိုဖြတ်၍ အစုလိုက်အပြုံလိုက်ထွက်ပေါ်လာသည်။ နတ်ဆင်များသည် ဟင်းလင်းပြင်ကိုဆုတ်ဖြဲကာ မဟာလမ်းစဥ်အား တစစီ ပျက်ပြယ်သွားစေသည်။ ရှန်ဟောက်၏ပုံရိပ်က ထပ်မံပျောက်ကွယ်သွားရန်ကြိုးစားလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့ရှေ့မှ အာကာသစွမ်းအားမုန်တိုင်းက လွင့်ပျောက်သွားပြီး စွမ်းအားထိခတ်ခံရကာ သူ၏ပုံရိပ်ကပေါ်ထွက်လာရသည်။

နတ်ဆင်လက်သီးချက်တွင် ဟင်းလင်းပြင်ကိုဖြိုခွဲ၍ မဟာလမ်းစဥ်ကိုပျက်ပြယ်သွားစေသော စွမ်းအားများပါဝင်လေသည်။ ထိုလက်သီးချက်က အာကာသစွမ်းအားကိုပျက်ပြယ်စေပြီး ရှန်ဟောက်၏စွမ်းအားကို တန်ပြန်တိုက်ခိုက်နိုင်သည်။

ရီဖူရှင်း၏အကြည့်က ရှန်ဟောက်ထံသို့ရောက်ရှိသွားပြီး ပြောလိုက်သည်။ ” ရှန်ကလန်ရဲ့ လူငယ်မျိုးဆက်နံပါတ်တစ်က ဒီလောက်ပဲတတ်နိုင်တာလား…”

ရှန်ဟောက်၏အကြည့်က ဓားသွားလိုထက်ရှသွားသည်။ သူကလက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်သောအခါ နတ်ရောင်စဥ်ထောင်ပေါင်းများစွာက တချိန်ထဲတွင်ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှ နောက်ထပ်နတ်ဝင်ရိုးတစ်ခု ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ရွှေရောင်အရိပ်များဖြင့် အာကာပြင်နတ်လှံများ ပေါ်ထွက်လာလေသည်။

ရှန်ဟောက်၏ခန္ဓာကိုယ်မှသွေးကြောများသည် အပြင်းအထန်လှည့်ပတ်လာပြီး သူ၏သွေးများက ဆူပွက်လာလေသည်။

ထိုခဏတွင် ရှန်ဟောက်သည် အဆုံးမဲ့နတ်အလင်းများလွှမ်းခြုံနေပြီး အစစ်အမှန်နတ်ဘုရားတပါးကဲ့သို့ ဖြစ်လာသည်။ နတ်ရောင်စဥ်များက သူ၏ခန္ဓာကိုယ်နှင့်တိုက်ရိုက်ပေါင်းစည်းသွားသည်။ တစ်ချိန်ထဲမှာပင် သူ၏ခန္ဓာကိုယ်တွင်းမှ နတ်လှံတစ်ချောင်းထွက်ပေါ်လာပြီး ကောင်းကင်ကိုဖုံးလွှမ်းနေသော နတ်ရောင်စဥ်များကြား၌ပေါ်ပေါက်လာလေသည်။

ရှန်ဟောက်က လက်ထဲတွင်နတ်လှံဝင်ရိုးကိုကိုင်၍ သူ၏လက်ကိုဆန့်တန်းလိုက်ပြီး ရီဖူရှင်းထံသို့ချိန်ရွယ်လိုက်သည်။

နတ်ရောင်စဥ်များက နတ်လှံချိန်လိုက်သောနေရာသို့ စီးဆင်းသွားပြီး ကောင်းကင်တွင်ဖုံးလွှမ်းနေသော လှံထောင်ပေါင်းများစွာ၏ပုံရိပ်များသည်လည်း ရီဖူရှင်းထံသို့ မိုးရွာသလိုကျဆင်စလာလေသည်။

ဘန်း…

ရှန်ဟောက်ကထပ်မံလှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် နတ်ဘုရားတပါး လူ့ပြည်သို့ဆင်းသက်လာသကဲ့သို့ ရီဖူရှင်းထံသို့ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ နတ်ရောင်စဥ်များ၊ အံ့အားသင့်ဖွယ်အာကာသစွမ်းအားမုန်တိုင်းများနှင့်အတူ သူ၏နတ်လှံကို ထိုးသွင်းတိုက်ခိုက်လိုက်သည်။ သူ၏တိုက်ခိုက်မှုက ထိုနေရာဝန်းကျင်မှ မဟာလမ်းစဥ်စွမ်းအားများအားလုံးကို ချက်ချင်းဖိနှိပ်လိုက်လေသည်။

ထိုနေရာတစ်ခုလုံးတွင် ဤနတ်လှံသာတည်ရှိနေသကဲ့သို့ပင် ခံစားလိုက်ကြရသည်။

ရီဖူရှင်းက ရှန်ဟောက်၏စိတ်အခြေအနေမှာပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။ ရီဖူရှင်းက လေထုထဲတွင်ရပ်လိုက်သည်။ နတ်ဆင်များက သူ့နောက်တွင်ရပ်ကာ အော်မြည်လိုက်ကြပြီး သူတို့၏မြည်သံများက ပတ်ဝန်းကျင်လောကတစ်ခုလုံးကို တုန်ခါသွားစေသည်။ သူသည် နတ်ဆင်လက်သီးကိုထိုးသွင်းလိုက်ပြီး အာကာသစွမ်းအားမုန်တိုင်းကို ပျက်ပြယ်သွားစေသည်။

ရှန်ဟောက်၏လှံက ဆင်းသက်လာပြီး ရီဖူရှင်း၏လက်သီးချက်မှစွမ်းအားကို ထိုးဖောက်သွားသည်။ လှံတံက ကြီးမားလှသောနတ်ဆင်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားလေသည်။

ချလွမ်…

အက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး နတ်ဆင်၏ပုံရိပ်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်။ လှံက နတ်ဆင်အားအပိုင်းပိုင်းဖြစ်သွားစေရန် ကြိုးစားခဲ့သည်။

“ဘန်း…”

ရီဖူရှင်းသည်ပြင်းထန်သောအရှိန်ကြောင့် အနောက်သို့လွှင့်သွားသည်။ ရှန်ဟောက်က ကောင်းကင်ယံတွင် မတ်တပ်ရပ်နေလေသည်။ သူ့၏နတ်လှံကား အဆုံးမဲ့အလင်းတန်းများကြားတွင် နစ်မြုတ်နေလေသည်။ ရောင်စဥ်တန်းများသည် ကောင်းကင်သို့ဝန်းရံကာ မဟာလမ်းစဥ်၏အသိအား ဖိနှိပ်ထားလေသည်။ဤပတ်ဝန်းကျင်ရှိ မဟာလမ်းစဥ်တစ်ခုလုံးသည် ရှန်ဟောက်၏ ထိန်းချုပ်မှုအောက်တွင်ရှိလေသည်။

သူ့ပတ်ဝန်းကျင်မှ နတ်အလင်းတန်းများဖြင့် ရှန်ဟောက်က နောက်တကြိမ်တိုက်ခိုက်လိုက်သည်။

ရီဖူရှင်းက တည်ငြိမ်စွာပင်ရှိနေသည်။ နတ်ဘုရား၏ သံစဥ်များကိုတီးခတ်ပြီး နတ်ဘုရားပုံရိပ်များ တစ်ခုပီးတစ်ခု ဟင်းလင်းပြင်တွင်ပေါ်ပေါက်လာလေသည်။ ဒီတစ်ခေါက်မှာတော့ သူတို့ကို ရှန်ဟောက်ကဆင့်ခေါ်လိုက်ခြင်းမဟုတ်ပဲ ရီဖူရှင်းကဆင့်ခေါ်လိုက်ခြင်းဖြစ်ပေသည်။

အက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ဆင်၏ပုံရိပ်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်။ လှံက နတ်ဆင်အားအပိုင်းပိုင်းဖြစ်သွားစေရန် ကြိုးစားခဲ့သည်။

“ဘန်း…”

ရီဖူရှင်းသည်ပြင်းထန်သောအရှိန်ကြောင့် အနောက်သို့လွှင့်သွားသည်။ ရှန်ဟောက်က ကောင်းကင်ယံတွင် မတ်တပ်ရပ်နေလေသည်။ သူ့၏နတ်လှံကား အဆုံးမဲ့အလင်းတန်းများကြားတွင် နစ်မြုတ်နေလေသည်။ ရောင်စဥ်တန်းများသည် ကောင်းကင်သို့ဝန်းရံကာ မဟာလမ်းစဥ်၏အသိအား ဖိနှိပ်ထားလေသည်။ဤပတ်ဝန်းကျင်ရှိ မဟာလမ်းစဥ်တစ်ခုလုံးသည် ရှန်ဟောက်၏ ထိန်းချုပ်မှုအောက်တွင်ရှိလေသည်။

သူ့ပတ်ဝန်းကျင်မှ နတ်အလင်းတန်းများဖြင့် ရှန်ဟောက်က နောက်တစ်ကြိမ်တိုက်ခိုက်လိုက်သည်။

ရီဖူရှင်းက တည်ငြိမ်စွာပင်ရှိနေသည်။ နတ်ဘုရား၏ သံစဥ်များကိုတီးခတ်ပြီး နတ်ဘုရားပုံရိပ်များ တစ်ခုပီးတစ်ခု ဟင်းလင်းပြင်တွင်ပေါ်ပေါက်လာလေသည်။ ဒီတခေါက်မှာတော့ သူတို့ကို ရှန်ဟောက်ကဆင့်ခေါ်လိုက်ခြင်းမဟုတ်ပဲ ရီဖူရှင်းကဆင့်ခေါ်လိုက်ခြင်းဖြစ်ပေသည်။

ထိုအရာသည် ရွှေရောင်နတ်ပြည်ထောင်၏အထွဋ်အမြတ်သဏ္ဍာန်၊ နတ်ဘုရားအမှတ်သင်္ကေတဖြစ်ပေသည်။

နတ်ဆင်ဝင်ရိုးကို ထုတ်ဖော်လိုက်ကာ ရီဖူရှင်းက ကောင်းကင်ယံသို့ ပျံတက်သွားပြီးတိမ်ထဲသို့ဝင်ရောက်သွားလေသည်။ ကြောက်မက်ဖွယ်ဟိန်းသံကြီးကိုကြားလိုက်ရပြီး ဆင်အကောင်တစ်သောင်းခန့်သည် ဟင်းလင်းပြင်ကိုဖြတ်၍ပေါ်ပေါက်လာပြီး ကောင်းကင်တစ်ဝက်ခန့် ဖုံးလွှမ်းသွားသည်။ ရီဖူရှင်းက သူ၏နတ်ဝင်ရိုးသည် ရှန်ဟောက်အပေါ် သေချာပေါက်ဖိနှိပ်ထားနိုင်မည်ဖြစ်သော်လည်း ရှန်ဟောက်က သူတို့ကြားမှ အင်အားကွာခြားချက်ကိုဖြေရှင်းရန် ရှန်ကလန်၏ မွေးရာပါအစွမ်းကိုအသက်သွင်းလိုက်ကြောင်း သတိထားမိလိုက်သည်။

သို့သော်လည်း စွမ်းအားခြင်းယှဥ်မည်ဆိုလျှင်တောင်မှ ရီဖူရှင်းက ရှန်ဟောက်ကိုကြောက်နေမည်မဟုတ်ပေ။

ရှန်ဟောက်၏တိုက်ခိုက်မှုကိုရင်ဆိုင်ရချိန်တွင် ရီဖူရှင်းက လက်သီးတစ်ချက်ကိုပစ်လွှတ်လိုက်သည်။ ဆင်အကောင်တစ်သောင်းခန့်သည် တချိန်တည်းထွက်ပေါ်လာပြီး ထိုစက်ကွင်းကိုချေဖျက်လိုက်သည်။ ကောင်းကင်နှင့်မြေပြင်ပင်တုန်လှုပ်သွားပြီး မဟာလမ်းစဥ်ပင်ပျက်ပြယ်သွားလေသည်။

တူညီသောနည်းစနစ်ပင်ဖြစ်စေကာမူ အသုံးပြုသူ၏ခွန်အားပေါ်မူတည်၍ မတူညီသောစွမ်းအားများဖြစ်ပေါ်စေပေလိမ့်မည်။ နတ်ဆင်တို့၏ထိပ်သီးပုဂ္ဂိုလ်များပင်လျှင် ရီဖူရှင်းလောက် သူတို့ကလန်မှ ရွှေရောင်နတ်ပြည်ထောင်၏အထွဋ်အမြတ်သဏ္ဍာန်ကို ကျွမ်းကျင်ပိုင်နိုင်မည်မဟုတ်ကြောင်း ဝန်ခံရပေမည်။ သူ၏ခွန်အားနှင့် သဘာဝစွမ်းအားကိုအသာထား၍ ရီဖူရှင်းတွင် အလုံးစုံသာလွန်နေပေသည်။

ဝုန်း…

ကျယ်လောင်သောအသံကြီးမြည်ဟီးသွားကာ ရှန်ဟောက်၏ခန္ဓာကိုယ်က လေထဲသို့လွင့်စင်သွားသည်။ မရေမတွက်နိုင်သော နတ်ဆင်များက မုန်တိုင်းသဖွယ် သူ့ထံသို့ပြေးဝင်လာကြပြီး သူ့ကိုနင်းချေရန်ကြိုးပမ်းကြလေသည်။

ရှန်ဟောက်၏အမူအရာက ပျက်ယွင်းသွားသည်။ သူက မွေးရာပါစွမ်းရည်ကိုအသုံးပြုတာတောင်မှ ရှုံးနိမ့်သွားသည်လား…

သူက အောက်တွင်ရှိသော ရီဖူရှင်းကိုစိုက်ကြည့်လိုက်သည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သူ့ထံမှပေါက်ကွဲထွက်လာသည်။ ထိုရှေးဟောင်းအရှိန်အဝါများသည် ရှန်ဟောက်၏ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာဟန်ပေါ်သည်။ ထိုစွမ်းအားမှာ နတ်ဝိညာဥ်လက်နတ်မှထွက်ပေါ်လာခြင်းဖြစ်သည်။အာကာသတံခါးကဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာပြီး နတ်ဆင်အုပ်ကြီးကို ဝါးမြိုသွားလေသည်။ နတ်ဆင်များသည် ထိုတံခါးနောက်တွင်ကွယ်ပျောက်သွားကြသည်။

ဟမ်…ရီဖူရှင်းက မျက်မှောင်ကြုတ်၍ ရှန်ဟောက်ကိုကြည့်လိုက်သည်။

အဲ့ဒါက..ရှန်ဟောက် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှရလာသော နတ်ဝိညာဥ်လက်နတ်မဟုတ်ဘူးလား…

နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင်ရှိစဥ်က ကောင်းကင်ဘုံနန်းတော်၏အောက်တွင်ရပ်တည်ခဲ့သောသူအားလုံးသည် နတ်ဝိညာဥ်လက်နတ်တစ်ခုစီရရှိခဲ့ကြသည်။ ရီဖူရှင်းက သူ၏လက်နက်ကို ရာရာအားပေးခဲ့သည်။

“မင်း ရှုံးသွားပြီ” အရှင်ထိုက်ရွှမ်က အေးစက်စွာပြောလိုက်သည်။ သူ၏အသံက ဟင်းလင်းပြင်ကိုဖြတ်၍ ရောက်ရှိလာသည်။

“အရှင်ထိုက်ရွှမ် ကိစ္စမရှိပါဘူး” ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ “နတ်ဝိညာဥ်လက်နက်နှင့်တောင်မှသူက ကျွန်တော့အတွက်ပြိုင်ဘက်မဖြစ်နိုင်သေးဘူး”

ရီဖူရှင်း၏စကားများကို ရှန်ဟောက်ကြားလိုက်ရသောအခါ ဒေါသကြောင့် သူ၏မျက်နှာမှာ အစိမ်းရောင်သို့ပြောင်းသွားလေသည်။ ယနေ့တိုက်ပွဲသည် သူ့အတွက်တော့ အရှက်ခွဲမှုကြီးပင်ဖြစ်သည်။

သူ၏နည်းစနစ်အားလုံးသည် ရီဖူရှင်းအပေါ်တွင် အသုံးမဝင်ခဲ့ပေ။ အခုအချိန်တွင် သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှရလာသော နတ်ဝိညာဥ်လက်နတ်ကိုပင် သုံးနေရလေသည်။

“ဒီလက်နက်က ငါသန့်စင်ထားတာဆိုတော့ ငါ့ရဲ့တစိတ်တပိုင်းဖြစ်နေပြီ…” ရှန်ဟောက်ကပြောလိုက်သည်။

အာကာသမုန်တိုင်းနတ်ဝင်ရိုးက ပေါက်ကွဲထွက်လာပြီး အာကာသစွမ်းအားမုန်တိုင်းထဲတွင် အရာအားလုံးကို ဝါးမြိုပစ်မည့် အာကာသတံခါးကပေါ်ထွက်လာလေသည်။ ထိုအရာက ရီဖူရှင်းရှိနေသော နေရာတစ်ခုလုံးအား ဝါးမြိုနေလေသည်။

ရီဖူရှင်းက သူရှိနေသောတည်နေရာတွင် အပြောင်းအလဲများဖြစ်ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။ ထိုအရာက အလုံပိတ်ဟင်းလင်းပြင်အဖြစ် အသွင်းပြောင်းလဲနေခြင်းဖြစ်သည်။

ရှန်ဟောက်က ကောင်းကင်တွင်ရပ်၍ ရီဖူရှင်းကိုငုံ့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် နတ်ရောင်စဥ်များဖြင့် လွှမ်းခြုံထားဆဲဖြစ်သည်။ သူကပြောလိုက်သည် “ဒီနေရာမှာ ငါက မဟာလမ်းစဥ်ရဲ့အရှင်သခင်ပဲ”

ရီဖူရှင်းက သူ၏ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်လိုက်ပြီး သူသည် သာမှန်နတ်ဝင်ရိုးပိုင်ဆိုင်ထားသောရန်ဟောင်တစ်ပါးက အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်ထားသောရန်ဟောင်တစ်ပါးနှင့် ရင်ဆိုင်ရာတွင်ကြုံတွေ့ရသောအခြေအနေကဲ့သို့ အလားတူအခြေနေမျိုးတွင်ကျရောက်နေကြောင်း သတိပြုမိလိုက်သည်။ မဟာလမ်းစဥ်ကိုထိန်းချုပ်နိုင်မှုနှင့်ပတ်သတ်၍ အလုံးစုံဖိနှိပ်နိုင်သောအခြေနေများစွာကို သူကြုံတွေ့ခဲ့ဖူးလေသည်။

ဘန်း…

ရှန်ဟောက်၏ပုံရိပ်ကား အောက်သို့ကျဆင်းလာသည်။ နတ်လှံကကောင်းကင်ကိုထိုးဖောက်၍ ရီဖူရှင်းထံသို့ တည့်တည့်တိုးဝင်လာလေသည်။

ဤတစ်ခေါက်တွင်  ရီဖူရှင်းသည်နတ်လှံ၏အရှိန်ကြောင့် လွင့်စင်သွားလေသည်။ သူ၏ပြိုင်ဘက်သည် သူ၏မဟာလမ်းစဥ်စွမ်းအားကိုဖိနှိပ်ထားသကဲ့သို့ဖြစ်သည်။

“မင်းတတ်တာ ဒါအကုန်ပဲလား?” ရီဖူရှင်းက ခေါင်းမော့ကာ ရှန်ဟောက်ကိုမေးလိုက်သည်။

ရှန်ဟောက်က မျက်မှောင်ကျုတ်လိုက်သည်။ ဖူရှင်း၏ မျက်လုံးမှအကြည့်အရ မည်သူမျှ သူ့အားအနိုင်ယူနိုင်မည်မဟုတ်ကြောင်း ယုံကြည်နေပုံပေါ်သည်။ သို့သော် သူသည်ယခုအခြေအနေနှင့်ပတ်သတ်၍ စိုးရိမ်စိတ်ရှိမနေသေးပေ။

ထိုအကြည့်က ရှန်ဟောက်အား စိတ်မသက်မသာဖြစ်စေသည်။

ရှန်ဟောက်သည်သူ၏အကန့်အသတ်သို့မရောက်သေးလျှင် အဘယ်ကြောင့်နတ်ဝိဥာဥ်လက်နက်များပေါ်မှီခိုနေရမည်နည်း။ ပုံမှန်အားဖြင့်ထိုအရာမှာသူ၏ ဝှက်ဖဲဖြစ်ပေသည်။

“ရှန်ကလန်ရဲ့ ကောင်းကင်ဘုံကတောင် ဂုဏ်ယူရတဲ့နံပါတ်တစ် ပါရမီရှင်က ငါထင်ထားတာထက်အများကြီးပိုအားနည်းနေတာပဲ” ရီဖူရှင်းက ညင်သာစွာပြောလိုက်သည်။”အနည်းဆုံးတော့ ငါ့အတွက်ဖိအားနည်းနည်းလောက် အပေးခံရမယ်ထင်နေခဲ့တာ….”

ရီဖူရှင်း၏ စကားများကိုကြားရသောအခါ ရှန်ဟောက်၏အမူရာကား မဲမှောင်သွားလေသည်။

ရီဖူရှင်းက တမင်တကာပြောခြင်းပေလား….အမှန်တကယ်ပင်သူသည် မည်သည့်ဖိအားမျှမခံစားရခြင်းပေလား။….

***


Comment

Leave a Reply


Options

not work with dark mode
Reset