အပိုင်း(၁၆၈၆)

တစ်ချက်တည်း

ကောင်းကင်အာဏာစက်ပြည်ထောင်မှ စွမ်းအားမြင့်တန်ခိုးရှင်များသည် သူတို့ထွက်ပြေးလွတ်မြောက်နိုင်တော့မည်မဟုတ်သည်ကို နားလည်လိုက်ကြ၏။ လက်ရှိအခြေအနေတွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏အိမ်ရှေ့မင်းသားရိထျန်းယွီသည် တိုက်ပွဲကို ရင်ဆိုင်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိတော့။

မျိုးဆက်သုံးခုကို ဆက်နွယ်ထားသော ရှောင်လွှဲမရသော တိုက်ပွဲသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏နန်းတော်၌ စတင်၏။

အတိတ်တွင် ဂူထျန်းရှင်းသည်လည်း ဘုရင်အိုနှင့် တိုက်ခိုက်ခဲ့သည်။

ယခုမျိုးဆက်တွင် ဂူတုံးလျှိုသည် ရိထျန်းယွီရှေ့တွင် ရပ်နေ၏။

အတိတ်တွင်ဖြစ်စေ၊ လက်ရှိတွင်ဖြစ်စေ ကောင်းကင်အာဏာစက်ပြည်ထောင်သည် အရေးနိမ့်သည်ဟု ယူဆနိုင်၏။ ဤသည်ကပင် ကောင်းကင်အာဏာစက်ပြည်ထောင်၏ဆုတ်ယုတ်မှု အကြောင်းအရင်းလား…။

အက်ကြောင်းမဲ့ဝင်ရိုးသည် အလွန်တောက်ပလင်းလက်နေသည်။ နတ်ဝင်ရိုးကား ပုံမှန်အားဖြင့် ချွဲရှင်းအစီအရင်ဖြစ့် ပြုလုပ်ထားခြင်းဖြစ်သည်။

ဂူတုံးလျှိုထံမှ ထူးခြားလင်းလက်သော ရောင်ဝါများ ထွက်ပေါ်နေသည်။ သူကား လူသားတို့ကမ္ဘာကို ဆင်းသက်လာသော နတ်မင်းတစ်ပါးအလား ထင်မှတ်ရ၏။

ချွဲရှင်းနတ်ဝင်ရိုးသည် ကောင်းကင်နှင့်မြေပြင်အကြားတွင် လှည့်ပတ်နေကာ နတ်ရုပ်ပုံလွှာအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ကို ပိတ်ဆို့ကာဆီးသွား၏။ အဆုံးအစမဲ့သော အလင်းများသည် မဟာလမ်းစဉ်နှင့်ပနံသင့်ကာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်၏။ ရုပ်ပုံသည် ပိုမိုကြီးမားလာခဲ့ကာ သူတို့နှစ်ဦးရပ်နေရာ တိုက်ပွဲမြေပြင်ကို ဖုံးအုပ်သွား၏။

သန့်စင်သွေးနဂါးများ မာန်ဖီကြ၏။ ရှေးဟောင်းဖီးနစ်များ ကောင်းကင်တွင် ပျံသန်းကြ၏။ ကြမ်းရမ်းခက်ထန်သော သားရဲဆန်းကြီးများလည်း ပေါ်လာသည်။ မိစ္ဆာသားရဲနတ်ဘုရားများ ရုတ်တရက်ဆင်းသက်လာသည်နှင့် ဆင်တူလှသည်။ သင်္ကေကိုးခုဖြစ်ပေါ်လာကာ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများသည် ပတ်ပတ်လည်သို့ ဆင်းသက်လာကြသည်။

ဂူတုံးလျှိုကား ယနေ့တွင် ထိုမျှ အားကောင်းသော ပညာရပ်ကို ထုတ်သုံးရန် မလိုချေ။ သို့သော်လည်း သူ၏အဖိုးသည် ဤနေရာတွင် တစ်ချိန်တစ်ခါက တိုက်ခိုက်ဖူးသည်ကို အမှတ်ရမိရာ အစွမ်းကုန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ရဲ့ထျန်းယွီကလည်း ကောင်းကင်အာဏာစက်ပညာရပ်ကို ထုတ်သုံးလိုက်သည်။ သူကား နတ်မင်းတစ်ပါးအသွင်သို့ ပြောင်းလဲသွား၏။ သို့သော်လည်း ထူးခြားဆန်းပြားသော သားရဲများအကြားတွင် သူသည် အနည်းငယ် မှိန်ဖြော့၏။

သူ့တွင် အလွန်ကောင်းမွန်သောပါရမီရှိသော်လည်း တစ်စုံတစ်ယောက်သည် သူ့ထက် သာလွန်နေသည်။

ရှေးဟောင်းစာလုံးများ၏ဖိအားသည် ရိထျန်းယွီ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်သို့အထိ သက်ရောက်စေသည်။

အမှန်တကယ်လည်း သူတို့အကြားတွင် ကွာဟချက် ကြီးမားလွန်းသည်။

သို့သော်လည်း တစ်ချိန်က သူနှင့်တူညီခဲ့သူများမှာ ရန်ဟောင်အဆင့်သို့ရောက်ပြီးနောက်တွင် ဤမျှ အလှမ်းကွာသွားမည်ဟု သူမည်သည့်အချိန်ကမှ မထင်မှတ်ခဲ့ပေ။

သူ့အနေဖြင့် နောက်ကျကျန်ရစ်ခဲ့သည်မှာ ထင်ရှားပေသည်။

ဘုန်း…

ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ချွဲရှင်းအစီအရင်မှ စူးရှသော အလင်းများ ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားသည်။ သင်္ကေတကိုးခုမှ ထွက်လာသော အလင်းများသည် မဟာလမ်းစဉ်နှင့် ပျော်ဝင်စီးဆင်း၏။

ထိုအခိုက်တွင် အဆုံးအစမဲ့သော ရှေးဟောင်းသင်္ကေတများ ဆင်းသက်လာကြတော့သည်။ ရီဖူရှင်းက ဆင်းသက်လာသော ရှေးဟောင်းစာလုံးများကို ကြည့်သည်။ ထိုရှေးဟောင်းစာလုံးများမှာ ဓားအသိများဖြင့် ပြုလုပ်ထားသည့်အလား သူခံစားရသည်။ သို့သော်လည်း ရန်ဟောင်အဆင့်ထက်သာလွန်၏။

ထူးဆန်းသောအလင်းများ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းလက်သွား၏။ ချွဲရှင်းအစီအရင်အောက်မှ အရာအားလုံးသည် ပျက်စီးသွားတော့သည်။

ဖိအားကိုခံစားမိသည်နှင့် တိုက်ပွဲမှာ မကြာခင်အဆုံးသတ်တော့မည်ကို သိနားလည်၏။ အက်ကြောင်းမဲ့ဝင်ရိုး ထွက်ပေါ်လာကတည်းက အရာအားလုံးမှာ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။

သူက ရှေ့ကိုတစ်လှမ်းတက်ကာ ဂူတုံးလျှိုထံသို့ ရွေ့လျားလိုက်၏။ သူ၏ခွန်အားကို အစွမ်းကုန်သုံးကာ ဂူတုံးလျှို၏ဓားအသိစွမ်းအားတို့ကို ဖြတ်ကျော်ရန် ကြိုးစားသည်။

ချက်ချင်းပင် ဂူတုံးလျှိုထံမှ စူးရှသော အလင်းများ ထွက်ပေါ်လာ၏။

ဓားများမှာ ထည်ဝါသော အလင်းများအောက်၌ ပျက်စီးသွားရသည်။ သို့သော်လည်း သင်္ကေတများမှာ အဆုံးမဲ့၏။ နောက်ဆုံးတွင် စာလုံးများသည် ရိထျန်းယွီ၏တောက်ပသော ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကြတော့သည်။

သူက ဂူတုံးလျှိုကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်ကို တခြားတစ်နေရာသို့ ရွှေ့လိုက်၏။ ထိုနေရာတွင် ရီဖူရှင်းရှိသည်။

အမှန်တကယ်အားဖြင့် သူတို့နှစ်ဦးသည်သာ ဆန့်ကျင်ဘက် အင်အားစုနှစ်ခု၌ မမွေးဖွားခဲ့လျှင်၊ ရီဖူရှင်းသည်သာ နတ်နန်းတော်သို့ သွားခဲ့လျှင် သူတို့သည် မိတ်ဆွေများပင် ဖြစ်နိုင်ပေသည်။

ဤက သူတို့၏ကံကြမ္မာလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

စူးရှသောအလင်းများအောက်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏အိမ်ရှေ့မင်းသားရိထျန်းယွီသည် အငွေ့အသက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။

ကောင်းကင်အာဏာစက်ပြည်ထောင်မှ စွမ်းအားမြင့်တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို မြင်ကြ၏။ အိမ်ရှေ့မင်းသားကား အသတ်ခံလိုက်ရပြီဖြစ်သည်။ ထို့အပြင် သူတို့၏အင်ပါယာမှာလည်း ထိပ်သီးတန်ခိုးရှင်သုံးဦး၏တိုက်ခိုက်ခြင်းကို ခံနေရ၏။ ဤသို့သော အခြေအနေတွင် မည်သူမှ ရိထျန်းယွီကို မကယ်တင်နိုင်ပေ။

သူတို့အားလုံးမှာ သေရေးရှင်ရေးအခြေအနေကို ကြုံနေရခြင်းဖြစ်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် ပျက်စီးလုနီးပါးဖြစ်နေလေပြီ။

ကောင်းကင်အာဏာစက်ဘုံ၌ နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သော ကောင်းကင်အာဏာစက်ပြည်ထောင်သည် ယနေ့တွင် ပျက်စီးတော့မည်လော။

ရိထျန်းယွီပျောက်ကွယ်သွားသည်ကို ရီဖူရှင်း တည်ငြိမ်စွာ ကြည့်နေသည်။ သို့သော်လည်း သူ၏နှလုံးက အနည်းငယ် မငြိမ်မသက်ဖြစ်နေ၏။ ကောင်းကင်အာဏာစက်ပြည်ထောင်၏မောက်မာသော မင်းသားသည် ဤသို့ သေဆုံးသွားရသည်။ သို့သော်လည်း သူသည် နောက်ဆုံးအချိန်၌ မကြောက်မရွံ့ တိုက်ပွဲကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်သွားခဲ့၏။

ဝုန်း…

ကောင်းကင်တွင် ကျယ်လောင်သောအသံတစ်သံကို ကြားရသည်။ ရိထျန်းယွီ သေဆုံးသွားသည်ကို ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သိပေသည်။ သူက အတင်းရုန်းကန်တိုက်ခိုက်ကာ အခွင့်အရေးကို ဖန်တီးလိုခဲ့၏။ သို့သော်လည်း ထိပ်သီးတန်ခိုးရှင်သုံးဦး၏တိုက်ခိုက်မှုက သူ့အား ကူရာမဲ့စေသည်။

သူ ထွက်မသွားနိုင်ပေ။ ထိပ်သီးတန်ခိုးရှင်သုံးဦးသည် သူ့အား သတ်ဖြတ်ရန် အလျင်မလိုပေ။ သူတို့က သူ့အား အဆက်မပြတ် ပိတ်ဆို့ထားကြသည်။

သူ့အား သတိကြီးစွာထားကာ တဖြေးဖြေးပန်းအောင်လုပ်လျှက် သတ်ဖြတ်ရန် ကြိုးစားနေကြခြင်းလည်းဖြစ်သည်။

ကောင်းကင်အာဏာစက်အရှင်၏မျက်လုံးတွင် သွေးနီရောင်လွှမ်းလာသည်။ သူတို့က မတိုက်ခိုက်တော့ဘူးလား။

သူသည် မျှော်လင့်ချက်အနည်းငယ်ဖြင့် အဝေးသို့ ပျံသန်းထွက်ပြေးရန် ကြိုးစားသည်။ သူ၏မဟာမိတ်များက လှုပ်ရှားကာ ရီဖူရှင်းနှင့်ရင်ဆိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း တစ်ဘက်လူများက သူ့အား တိုက်ခိုက်ခြင်းမပြုကြသေးပေ။

ထိုမဟာမိတ်ဟုခေါ်သောလူများသည် သိပ်အားမကိုးရသော်လည်း ထိုလူများသည် သူတို့၏ကျဆုံးမှုကို ရက်စက်စွာ ထိုင်ကြည့်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။

သို့သော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည် မျှော်လင့်ချက်ကို မရုတ်သိမ်းသေးပေ။

သူတို့က တစ်ချက်တည်းဖြင့် ဝင်ရောက်အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားဆဲဖြစ်သည်။

ဤသို့သောအခြေအနေတွင် ရီဖူရှင်းကို တစ်ချက်တည်း အဆုံးသတ်နိုင်ရန် သူမျှော်လင့်၏။ ရီဖူရှင်း သေသွားသည်နှင့် အရာအားလုံး အဆုံးသတ်ပြီဖြစ်သည်။ တစ်ဘက်မဟာမိတ်၏ပင်မလူသည် ရီဖူရှင်းဖြစ်သည်။ ရီဖူရှင်းသာ သေသွားလျှင် တစ်ဘက်မဟာမိတ်လည်း ပြိုလဲသွားပေလိမ့်မည်။

“လှုပ်ရှားကြတော့…” ရီဖူရှင်းက ပြောသည်။ မိစ္ဆာကလန်နှင့် ကောင်းကင်နတ်တံခါးမှ လူတို့သည် ရှေ့ကို တက်လာကာ ရန်သူများကို စတင်ရှာဖွေကြ၏။ သူတို့သည် အရေအတွက်အားဖြင့် အဆမတန် အသာရပေသည်။ နတ်ဆင်အင်ပါယာက ပိတ်ဆို့ထားသည်နှင့်ဆိုပါက တိုက်ပွဲရလဒ်မှာ ရှင်းလင်းသိသာနေပေ၏။

ရီဖူရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင်အား တစ်ချက်တည်းဖြင့် အပြတ်ဖြတ်ရန် ကြံစည်ခဲ့၏။ သူက ကောင်းကင်အာဏာစက်ပြည်ထောင်မှ အဆင့်မြင့်တန်ခိုးရှင်များအားလုံးကို ပိတ်ဆို့ထားသည်။

ဘုန်း…

လေထဲတွင် နတ်ဆင်အင်ပါယာက ခြေတစ်လှမ်းချနင်းလိုက်သည်။ နတ်ဆင်အင်ပါယာသည် အဆုံးမဲ့သော လေဟာနယ်အား ဖိနင်းလိုက်သည့်အလား ထင်မှတ်ရသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်မှ များစွာသော အင်ပါယာတို့မှာ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိကြချေ။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲပြိုကျကာ သွေးများအန်ကျ၏။ ရန်ဟောင်အဆင့်များပင် ညည်းတွားကြရသည်။ သူ၏မဟာမိတ်များလည်း ထိခိုက်မည်ကို စိုးရိမ်၍သာ နတ်ဆင်အင်ပါယာက ဧရိယာကျယ်ကျယ်ပျံ့ပျံ့ မနင်းချခြင်းဖြစ်သည်။

ရန်ဟောင်အဆင့်တန်ခိုးရှင်လေးဦးမှာ တိုက်ရိုက်နင်းခြေခံရကာ သေဆုံးသွား၏။ သူတို့မှာ ပြန်လည်ခုခံရန်ပင် အခွင့်အရေးမရလိုက်ပေ။

အဆောက်အဦးများမှာလည်း အမှုန်အမွှားများအဖြစ် ပြိုကျပျက်စီးသွားရသည်။ သည်နေ့ကား ကောင်းကင်အာဏာစက်ပြည်ထောင်၏ပျက်စီးခြင်းနေ့ရက်ဖြစ်ပေသည်။

“ဟမ်…”

ထိုအခိုက်တွင် နတ်ဆင်အင်ပါယာည် မပျက်မစီးဘဲ မားမတ်စွာ ကျန်ရစ်သော ကောင်းကင်အာဏာစက်နန်းတော်၏တော်ဝင်ခန်းမကို လှမ်းကြည့်သည်။ ကြီးမားသော ဖိအားဖြင့် ရင်ဆိုင်ရသည့်တိုင် တော်ဝင်ခန်းမသည် ပြိုပျက်ခြင်းမရှိပေ။

ထိုတော်ဝင်ခန်းမသည် အထူးတလေ တည်ဆောက်ထားခြင်း သို့မဟုတ် မှော်ဝင်္ကပါတစ်ခုဖြင့် ကာကွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။ သူက နတ်ဘုရားအာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်ရာ သူ၏စိတ်အသိမှာ အတွင်းသို့ ဝင်ရောက်၍ မရပေ။

တော်ဝင်ခန်းမသည် နတ်ဘုရားအာရုံကို တားဆီးနိုင်၏။

သူက တဖန် နင်းခြေလိုက်ပြန်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် ပျက်စီးပေတော့မည်။ ထို့ကြောင့် တော်ဝင်ခန်းမသည်လည်း ဆက်ရှိရန် မလိုတော့။

နတ်ဆင်၏ဧရာမခြေလှမ်းကြီးသည် တော်ဝင်ခန်းမအပေါ်သို့ ကျဆင်းလာခဲ့၏။ ကျယ်လောင်သံကြီးတစ်ခု မြည်လာခဲ့ကာ တော်ဝင်ခန်းမသည် မြေကြီးထဲသို့အထိ နစ်ဝင်သွားရသည်။ သို့သော်လည်း ခန်းမဆောင်ကား အက်ကြောင်းအချို့ပေါ်လာသည်မှလွဲ၍ မပြိုပျက်သွားပေ။

ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် အက်ကြောင်းတစ်ခုမှ ထွက်ပေါ်လာခဲ့သည်။

နတ်ဆင်အင်ပါယာ၏အမူအရာ ပြောင်းလဲသွားသည်။ သူက ခြေထောက်ကိုမြှောက်ကာ မြန်ဆန်စွာ ချနင်းလိုက်၏။ လေထုသည် ပြင်းထန်စွာ လှိုင်းထကာ အားလှိုင်းသည် တော်ဝင်ခန်းမထံသို့ ကျဆင်းလာခဲ့သည်။

တချိန်တည်းမှာပင် နတ်အလင်းတစ်ခုသည် တော်ဝင်ခန်းမထံမှ ထွက်ပေါ်လာခဲ့ကာ လူတိုင်း၏မျက်လုံးကို စူးရှစေခဲ့သည်။

“သတိထား…” နတ်ဆင်အင်ပါယာက ပြောသည်။ သူက ဖိနှိပ်ခြင်းလောကဓာတ်ကို အဆုံးစွန်အထိ သုံးလိုက်၏။ တစ်စုံတစ်ခု လွဲမှားနေသည်ကို သူသတိပြုမိသည်။

တော်ဝင်ခန်းမထဲတွင် တစ်စုံတစ်ယောက်ရှိနေသည်။ ထို့အပြင် ထိုသူသည် ထိပ်သီးအဆင့်တန်ခိုးရှင်တစ်ဦးဖြစ်၏။

ပို၍ကြောက်စရာကောင်းသည်ကား ထိုသူသည် တချိန်လုံး ငြိမ်သက်စွာ စောင့်ကြည့်နေခြင်းပင်။ ရိထျန်းယွီသေဆုံးသွားသည်ကိုပင် သူက သွေးအေးစွာ စောင့်ကြည့်နေခဲ့သည်။

သူ့တွင် မည်သို့သော ရည်ရွယ်ချက်ရှိသနည်း။

၄င်းကား သူတို့က ကောင်းကင်အာဏာစက်ပြည်ထောင်ကို တစ်ချက်တည်းဖြင့် ပွဲသိမ်းတိုက်မည့်အစီအစဉ်နှင့် ဆင်တူသည်။

သို့သော်လည်း သူ၏သတိပေးမှုမှာ နောက်ကျသွားဟန်ရသည်။ နတ်လှံသည် ရွှေရောင်အလင်းအသွင်ဖြင့် လေထုကိုခွင်းကာ ရီဖူရှင်းထံသို့ ပျံသန်းသွားသည်။ ထိပ်သီးတန်ခိုးရှင်တစ်ပါးအနေဖြင့် ထိုမျှအကွာအဝေးက သေးငယ်လွန်းသည်။

နတ်ဆင်အင်ပါယာ၏အမူအရာ ပြောင်းလဲသွား၏။ တစ်ဘက်လူ၏ပစ်မှတ်ကား ရီဖူရှင်းဖြစ်သည်။

ဝုန်း… ဝုန်း…

မရေမတွက်နိုင်သောအသံများ ထွက်ပေါ်လာသည်။ ရွှေအတောင်ပံနတ်ငှက်အင်ပါယာနှင့် ဟွားကျန့်ချန်တို့မှာ နောက်ကိုလွင့်စင်သွား၏။ သူတို့ကား ထိုတိုက်ခိုက်မှုကို မခုခံနိုင်ပေ။ ရွှေရောင်နတ်လှံသည် လေထုကိုခွင်းဟာ ရီဖူရှင်းရှေ့ကို ရောက်လာ၏။

အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။ ရွှေရောင်အလင်းတန်းသည် စူးရှလွန်း၏။

ဘုန်း…

ရီဖူရှင်း၏ခန္ဓာကိုယ်ကား ရွှေရောင်ရတနာခန်းမအလင်းများဖြင့် လွှမ်းခြုံသွားသည်။ ခန်းမထဲတွင် ရီဖူရှင်းသည် နံရံဖြင့် ပြင်းထန်စွာ ရိုက်မိ၏။ သူနောက်ဆုတ်စဉ် အဆောက်အဦများ ပြိုလဲသော်လည်း ရတနာခန်းမသည် အက်ရာမျှပင် မထင်ပေ။

“ဟူး…” လူတိုင်း သက်ပြင်းရှိုက်လိုက်ကြ၏။

ရီဖူရှင်း အသတ်ခံရပြီဟု သူတို့တွေးလိုက်ကြသည်။ ထိပ်သီးတန်ခိုးရှင်တစ်ဦး၏အသေသတ်ကွက်ကား ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

သို့သော်လည်း လေဟာနယ်ရတနာခန်းမသည် ရီဖူရှင်း၏အသက်ကို ကယ်တင်သွားခဲ့၏။

သူသည် ထိုရတနာကို နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ရရှိခဲ့ဟန်ရသည်။

သူသည် စစ်မြေပြင်သို့ ဝင်လာရဲသည်မှာ မထူးဆန်းတော့။

ရီဖူရှင်းက တော်ဝင်ခန်းမထံသို့ လှမ်းကြည့်လိုက်သည်။ ခန်းမထဲတွင် လူတစ်ယောက်တည်း မဟုတ်ပေ။ နောက်ထပ် တန်ခိုးရှင်နှစ်ဦးလည်း ပေါ်လာသည်။ သို့သော်လည်း သူတို့မှာ နတ်ဆင်အင်ပါယာ၏ဖိနှိပ်ခြင်းစွမ်းအားကြောင့် ဖျက်ဆီးအားများ ကျဆင်းနေသည်။

“ရွှေရောင်နတ်ပြည်ထောင်…” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များ ကောင်းကင်အာဏာစက်ပြည်ထောင်၌ ရှိနေမည်ဟု ရီဖူရှင်း မထင်ထားပေ။

သူတို့ သည်နေရာ၌ အမြဲတမ်းအားဖြင့် သူ့ကို စောင့်နေခဲ့ကြသည်လား။

***


Comment

Leave a Reply


Options

not work with dark mode
Reset