အပိုင်း(၁၆၆၆):

ရီဖူရှင်း၏ရည်မှန်းချက်

ကောင်းကင်အာဏာစက်ဘုံမှ မိစ္ဆာကလန်များအားလုံးသည် စံအိမ်သို့ ရောက်လာခဲ့ကာ လူငယ်မျိုးဆက်များမှ အဓိကလူများကိုလည်း ဆင့်ခေါ်ခဲ့၏။

နတ်တောင်ကုန်းတစ်ထောင်နှင့် ကောဟွမ်တို့သည်ပင် ထိုနေရာသို့ ရောက်လာရ၏။

ဂူတုံးလျှိုသည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ကြောင်း သူတို့အားလုံး သိရှိကြ၏။ ထိုကိစ္စကား နတ်ဘုရားနန်းတော်တွင် လူတိုင်း ပြောဆိုကြရသော အကြောင်းအရာတစ်ခုဖြစ်သည်။ အက်ကြောင်းမဲ့ဝင်ရိုး၏တည်ရှိခြင်းက လူအများ၏ပြောစရာဖြစ်သည်။

“ဖူရှင်း… မင်းဆွေးနွေးစရာရှိလား” နတ်ဆင်အင်ပါယာက ရီဖူရှင်းကို မေးသည်။

“အစ်ကို၃အတွက် ကျွန်တော်က မိစ္ဆာဘုံသို့ တစ်ခေါက် သွားခဲ့ဖူးတယ်။ မိစ္ဆာဘုံက ကလန်တွေအကုန်လုံးက ကျွန်တော့ကို ဂရုစိုက်ခဲ့ကြတယ်။ အထူးသဖြင့် နတ်ဆင်အင်ပါယာက သူတို့ရဲ့ လျှို့ဝှက်ပညာရပ်ကို သင်ကြားပေးခဲ့ပြီးတော့ နတ်နဂါးကလန်ကလည်း ယူချင်းကို သင်ကြားခဲ့ကြတယ်။ ကောင်းကင်အာဏာစက်ဘုံရဲ့ မိစ္ဆာဘုံဟာ ကျွန်တော်နဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့တယ်။ လုံချန်နဲ့ တခြားလူတွေနဲ့လည်း ကျွန်တော်က နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ မဟာမိတ်ဖွဲ့ခဲ့သေးတယ်” ရီဖူရှင်းက ပြောသည်။ အားလုံးက သူ့ကို ကြည့်ကြသည်။ ရီဖူရှင်းက စိတ်ခံစားများကို ပြောနေသည်လား။

သူသည် အနာဂတ်အတွက် လမ်းဖောက်နေခြင်း ဖြစ်ရပေမည်။

“နောက်တစ်ခုက အစ်ကို၃ဟာ မူလတောင်မှာ ဂူထျန်းရှင်း ချန်ထားခဲ့တဲ့ အမွေကို လက်ခံရရှိခဲ့တယ်။ ဒါက မိစ္ဆာအင်ပါယာရဲ့ အမွေပဲ။ အစ်ကို၃ဟာ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ပြီးတော့ ရန်ဟောင်အဆင့်သို့ တက်လှမ်းခဲ့ပြီဆိုတာ အားလုံးသိကြပြီလို့ ထင်ပါတယ်။ သူဟာ မိစ္ဆာအင်ပါယာရဲ့ လမ်းစဉ်ကို ဆက်ခံတယ်လို့ ပြောလို့ရတယ်”

မိစ္ဆာဘုံမှ တန်ခိုးရှင်များက ဘာမှ မပြောကြပေ။  ဂူတုံးလျှို၏အနာဂတ်သည် ဂူထျန်းရှင်းကဲ့သို့ ထွန်းလင်းလာပေလိမ့်မည်။

“နောက်ထပ်တစ်ခုက ကျွန်တော်ဟာ နတ်တောင်ကုန်းတစ်ထောင်နဲ့ တစ်ခါမှ အဆက်အသွယ်မရှိခဲ့ဖူးပေမယ့် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာတော့ သူတို့နဲ့ မဟာမိတ်ပြုခဲ့တယ်။ သူတို့ဟာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို မထောက်ခံသလို ကျုပ်ကိုလည်း ကူညီခဲ့ကြတယ်။ ကျွန်တော် ဒါကို အမြဲအမှတ်ရနေမှာပါ”

နတ်တောင်ကုန်းတစ်ထောင်မှ တန်ခိုးရှင်များက စိတ်ဝင်စားစွာ နားထောင်နေကြသည်။ ရီဖူရှင်းက စိတ်ခံစားချက်များကို အဘယ်ကြောင့် ပြောဆိုနေသနည်း။

“ကောင်းကင်အာဏာစက်ဘုံမှာ လူသားတွေနဲ့မိစ္ဆာဘုံကို စည်းတားထားတယ်။ ဒီ့အတွက်ကြောင့်ပဲ ကောင်းကင်အာဏာစက်ဘုံရဲ့အင်အားဟာ နောက်ပိုင်းနှစ်တွေမှာ ဆုတ်ယုတ်ခဲ့တယ်။ အခု အဆင့်မြင့်ဘုံကိုးခုမှာ ကောင်းကင်အာဏာစက်ဘုံဟာ အင်အားအနည်းဆုံးပဲ” ရီဖူရှင်းက ပြောသည်။

သူတို့အားလုံးက ဝန်မခံလိုသော်လည်း ထိုအချက်မှာ အမှန်တရားဖြစ်ကြောင်း သိကြပေသည်။ လက်ရှိတွင် ကောင်းကင်အာဏာစက်ဘုံကား အင်အားအနည်းဆုံးဖြစ်သည်။ အထက်ကောင်းကင်ဘုံများတွင် နတ်နန်းတော်၌ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးရှိပြီး ထိုက်ရွှမ်တောင်တွင် အရှင်ထိုက်ရွှမ်၊ ရွှေရောင်နတ်ပြည်ထောင်မှ အရှင်သည်လည်း အလွန်စွမ်းအားကြီး၏။

လက်ရှိကောင်းကင်အာဏာစက်ဘုံ၌ ထိုသို့အဆင့်တွင် တစ်ဦးတစ်လေမျှ ရှိမနေပေ။

“ကောင်းကင်အာဏာစက်ဘုံက အားနည်းတာကြောင့်မဟုတ်ဘဲ ဘုံတွင်းပဋိပက္ခတွေကြောင့်ပဲ ဒီလိုဖြစ်လာတာပဲ။ ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ ခရမ်းရင့်နန်းတော်တို့က မဟာမိတ်ဖွဲ့ပြီး ကောင်းကင်နတ်တံခါးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်။ ဒါပေမဲ့ ဒီပဋိပက္ခရဲ့ရည်ရွယ်ချက်က ဘာလဲ” ရီဖူရှင်းက ဆက်ပြောသည် “သူတို့မှာ အရင်းအမြစ်အနည်းငယ်ရှိတယ်ဆိုပေမဲ့ ဒါက သူတို့ကို ဘယ်လောက် အထောက်အကူဖြစ်သွားလဲ။ နတ်နန်းတော်မှာ လမ်းစဉ်သက်သေပြဖို့အတွက် ဘိုးဘွားနယ်မြေရှိတယ်။ ကောင်းကင်အာဏာစက်ဘုံမှာ ဘာရှိလဲ။ ကျုပ်က နတ်ဘုရားအကြွင်းအကျန်နယ်မြေကို မသွားခဲ့ရင် ကျုပ်တို့ဘုံက တခြားဘုံတွေကို ယှဉ်နိုင်ခဲ့မလား”

ရီဖူရှင်း၏စကားများမှာ ခါးသက်သော်လည်း အမှန်တရားဖြစ်သည်။ လုံချန်သည်လည်း ထိုအချက်ကို နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ခံစားခဲ့ရသည်။ သူသည် မိစ္ဆာဘုံ၏အတော်ဆုံးဂျူနီယာဖြစ်သလို ရိထျန်းယွီသည်လည်း အတော်ဆုံးလူသားတန်ခိုးရှင်ဖြစ်၏။ သို့သော် သူတို့သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။

သူတို့သည် ကျန့်ချင်ကျူ၊ ရှန်ဟောက်၊ သောမျိုးနွယ်စုမှ သောကျောက်၊ သိုင်းနတ်ဘုရားကလန်မှ ဝူကျန်း၊ ရှန်ရှင်းကလန်မှ ဘုန်းကြီးတို့ကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ပေ။

“တကယ်လို့ ဘုံကိုးခုအကြား စစ်ပွဲတစ်ခု ဖြစ်လာခဲ့ရင် ကောင်းကင်အာဏာစက်ဘုံဟာ တခြားဘုံတွေက ထိပ်သီးအင်အားစုတွေကို ယှဉ်နိုင်ပါ့မလား” ရီဖူရှင်းက မေးသည်။

“မင်း ဘာကို ပြောတာလဲ…” နတ်နဂါးကလန်မှ နဂါးအင်ပါယာတစ်ပါး မေးသည်။

“ကျွန်တော် ကောင်းကင်အာဏာစက်ဘုံရဲ့အနာဂတ်ကို ပြောင်းလဲချင်တယ်” ရီဖူရှင်းက ပြောသည်။ တန်ခိုးရှင်များအားလုံးက မျက်မှောင်ကျုံ့လိုက်ကြ၏။ သူက ကောင်းကင်အာဏာစက်ဘုံ၏အနာဂတ်ကို ပြောင်းလဲလိုသည်လား။

မည်မျှ မောက်မာသော စကားနည်း။

သူကား ရန်ဟောင်အဆင့်ကို တက်ရောက်ခဲ့သူတစ်ဦးသာဖြစ်သည်။ သို့သော်လည်း ကောင်းကင်အာဏာစက်ဘုံ၏အနာဂတ်ကို ပြောင်းလဲလို၏။

“မင်း ဘယ်လို ပြောင်းလဲမှာလဲ” နဂါးမျိုးနွယ်က မေးသည်။

“ကောင်းကင်အာဏာစက်ဘုံက အင်အားစုတွေအကုန်လုံး မဟာမိတ်ဖွဲ့ပြီးတော့ အချင်းချင်းတိုက်ခိုက်တာကို ရပ်လိုက်မယ်။ လူငယ်မျိုးဆက်တွေ အကုန်လုံး အတူတူလေ့ကျင့်မယ်။ အစ်ကို၃နဲ့ ကျွန်တော်လည်း အတူလေ့ကျင့်မယ်။ အနာဂတ်မှာ သူတို့အားလုံး စွမ်းအားကြီးလာစေရမယ်” ရီဖူရှင်းက ပြောသည်။

“မင်းက အတော်ရည်မှန်းချက်ကြီးတာပဲ” နတ်တောင်ကုန်းတစ်ထောင်မှ အကြီးအကဲတစ်ဦး ပြုံးလျှက်ပြောသည်။ ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံး ပေါင်းစည်းမည်ဆိုပါက မည်သူက ခေါင်းဆောင်လုပ်မည်နည်း။

အကယ်၍ လူငယ်မျိုးဆက်တစ်ခုလုံး ရီဖူရှင်းနှင့်အတူ လေ့ကျင့်မည်ဆိုပါက ရီဖူရှင်းသာ ခေါင်းဆောင်ဖြစ်ပေမည်။

သူက ကောင်းကင်အာဏာစက်ဘုံ၏ခေါင်းဆောင်ဖြစ်လိုသည်လား။

ကောင်းကင်အာဏာစက်ပြည်ထောင်သည် ထိုသို့ဖြစ်လာရန် နှစ်ပေါင်းများစွာ အားထုတ်ခဲ့သည်။ အဆုံးသတ်၌ ကြီးမားသော ဆုံးရှုံးမှုကိုသာ ကြုံခဲ့ရ၏။

“မင်းက မိစ္ဆာဘုံနဲ့ လူသားဘုံကို ပေါင်းစည်းချင်တာလား” မိစ္ဆာအကြီးအကဲတစ်ဦးက မေးသည်။ သူကား ကောင်းကင်မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်သည်။

ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံမှ အတော်ဆုံးလူငယ်မျိုးဆက်ဖြစ်သော်လည်း ဘုံတစ်ခုလုံးကို စုစည်းလိုခြင်းကား အလွန်အကျူးမောက်မာခြင်းသာဖြစ်သည်။

“အကြီးအကဲများက အထင်မှားတာပါ။ ကျွန်တော်က ဘုံတစ်ခုလုံးကို ပေါင်းစည်းဖို့ရည်ရွယ်ချက် မရှိပါဘူး။ ဒါက အရမ်းအလုပ်များတယ်” ရီဖူရှင်းက ခေါင်းယမ်းသည် “ဘုံကို အင်အားစုတွေအကုန်လုံးကပဲ ဦးဆောင်မှာပါ။ ကျွန်တော်က အင်အားစုတွေအကုန်လုံး ပိုပြီး နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်စေချင်တာပါ။ အားလုံးပေါင်းစည်းပြီးတော့ သင်ကြားခြင်းမှာ ပိုပြီး အာရုံစိုက်စေချင်တာပါ။ ကျုပ်တို့က ကျောင်းတော်တစ်ခု ပူးပေါင်းဖန်တီးပြီးတော့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးစေချင်တယ်”

“သင်ကြားခြင်း…” အားလုံး အံ့အားသင့်သွားကြသည်။ ရီဖူရှင်းက နောက်ထပ်မျိုးဆက်များကို သင်ကြားပေးလိုသည်လား။ သူက ကျောင်းတော်တစ်ခု တည်ထောင်လိုနေသည်။

“မှန်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

ဂူတုံးလျှို အံ့အားသင့်သွားသည်။ သူက သူ၏ဆရာ၊ သူတို့၏ကျောင်းတော်နှင့် ကော့တေးအား ပြန်သတိရလာ၏။

အားလုံး၏မျက်နှာတွင် တွေးဆဟန်များ ပေါ်လာသည်။ ရီဖူရှင်း၏ရည်မှန်းချက်က ဤသို့ဖြစ်မည်ဟု သူတို့ မထင်ထားပေ။

“ကောင်းကင်အာဏာစက်ပြည်ထောင်ကရော…” တစ်ယောက်က မေးသည်။ ရီဖူရှင်းက သူတို့ကို ခေါ်ခဲ့ခြင်းမှာ ကောင်းကင်အာဏာစက်ပြည်ထောင်အား တိုက်ခိုက်လိုခြင်းကြောင့်ဟု တွေးထင်ခဲ့သည်။

နောက်ဆုံးတွင် ကောင်းကင်အာဏာစက်ပြည်ထောင်မှာ အကြီးမားဆုံး အန္တရာယ် ဖြစ်ပေတော့သည်။

“ကောင်းကင်အာဏာစက်ဘုံကို ပေါင်းစည်းမှတော့ ဒါကို ဖျက်ဆီးချင်တဲ့အင်အားစုကိုတော့ သေချာပေါက် တုန့်ပြန်ဖျက်ဆီးရမှာပဲ” ရီဖူရှင်းက ရိုးသားစွာ ပြောသည်။ အားလုံးက သူ့ကို ကြည့်ကြသည်။

သိသာစွာပင် ရီဖူရှင်းသည် မူလရည်ရွယ်ချက်ကိုတော့ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူသည် အင်အားစုတစ်ခုကို ဖျက်ဆီးပြီးမှ သင်ကြားရေးနေရာတစ်ခု တည်ထောင်ပေမည်။

“ကောင်းကင်အာဏာစက်ပြည်ထောင်ဟာ ဘုံရဲ့အဓိကကျတဲ့နေရာကို နေရာယူထားတယ်။ ဒါက သင်ကြားရေးအတွက် ကောင်းမွန်တဲ့နေရာပဲ” ရီဖူရှင်းက ပြောသည်။ အားလုံး၏စိတ်နှလုံးများ တုန်ခါသွားကြသည်။ သည်လူကား ရက်စက်ကြမ်းကြုတ်လွန်းပေသည်။ သူက ကောင်းကင်အာဏာစက်ပြည်ထောင်တစ်ခုလုံးကို မြေလှန်လို၏။

“ဘယ်သူက ဦးဆောင်မှာလဲ…” တစ်ယောက်က မေးသည်။

“ကျွန်တော့ ဆရာ ထျန်းဟယ်အကြီးအကဲ…။ သူ့ကို ဖိတ်ခေါ်ပြီးတော့ ဦးဆောင်ခိုင်းကြည့်မယ်။ အရှင်ထိုက်ရွှမ်နဲ့ဆရာဟာလည်း မိတ်ဆွေဟောင်းတွေပဲ။ သူလည်း ပူးပေါင်းပါဝင်ဖို့များတယ်။ ကောင်းကင်အာဏာစက်ဘုံက တခြားအင်အားစုတွေကလည်း ကိုယ်စားလှယ်တွေလွှတ်ပြီးတော့ သင်ကြားရေးမှာ ပူးပေါင်းပါဝင်နိုင်တယ်”

ရီဖူရှင်းကား ထိုကိစ္စကို တွေးတောခဲ့သည်မှာ ကြာပြီဖြစ်သည်။ မည်သူတို့က ဆရာအဖြစ် ဆောင်ရွက်မည်ကိုပင် ဆုံးဖြတ်ပြီးဖြစ်သည်။

“စိတ်ဝင်စားစရာပဲ…” ကုဟောင်က ပြုံးလျှက်ပြောသည်။ ရီဖူရှင်းကား အမှန်ပင် ဉာဏ်ကောင်း၏။

ထို့အပြင် သူသည် တခြားသော အင်အားစုများကိုလည်း အသုံးချကာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဖျက်ဆီးလို၏။

“အရှင်ထိုက်ရွှမ်က ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်တာမှာ ပါဝင်ပါ့မလား” တစ်ယောက်က မေးသည်။

အရှင်ထိုက်ရွှမ်ကသာ မပါဝင်ပါက ပြည်ထောင်အရှင် လွတ်မြောက်သွားမည်ဆိုလျှင် နောက်ပိုင်းတွင် ပြဿနာကြီးဖြစ်သွားပေလိမ့်မည်။

“ကျွန်တော် အထက်ဘုံတွေကို သွားခဲ့ကတည်းက အရှင်ထိုက်ရွှမ် အကူအညီပေးခဲ့တယ်” ရီဖူရှင်းက ဖြေသည် “ပြီးတော့ သူနဲ့ ကောင်းကင်အာဏာစက်ပြည်ထောင်အကြား ရန်ငြိုးမရှိဘူး။ ဒါကြောင့် သူပါဝင်မယ်ဆိုတာကတော့ တထစ်ချ ပြောမရဘူး”

“အရှင်ထိုက်ရွှမ်ကား သူ့ကို များစွာ အကူအညီပေးခဲ့ပြီးဖြစ်သည်။

“အခုလောလောဆယ်တော့ ငါတို့က ဒါကို တာဝန်ယူပြီးတော့ မဆုံးဖြတ်နိုင်သေးဘူး” နတ်နဂါးအင်ပါယာတစ်ပါးက ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်၏။ သူက လုံချင်ကို ကြည့်ကာ ပြောသည် “မင်းတို့အထဲက ဘယ်သူတွေ မိစ္ဆာအင်ပါယာအဆင့်ကို တက်လှမ်းခါနီးပြီလဲ”

“အတော်များများပဲ…” လုံချင်က ပြောသည်။ သူနှင့်ကောဟွမ်တို့သည်လည်း နီးကပ်နေပြီဖြစ်သည်။

“အင်း… နီးကပ်နေပြီဖြစ်တဲ့သူတွေက ဒီမှာပဲ ကျန်နေပြီး လေ့ကျင့်ကြပါ။ စံအိမ်မှာ မဟာဝင်္ကပါတစ်ခုရှိတယ်” ရီဖူရှင်းကပြောသည် “ကျန်တဲ့သူတွေကလည်း ကျုပ်စကားကို စဉ်းစားပေးကြပါ”

“ကောင်းပြီ…” အားလုံးက ခေါင်းညိတ်ကြသည်။ လုံချင်သည် အနည်းငယ် အံ့အားသင့်နေ၏။ ထျန်ရှင်းကျောင်းတော်တွင် လျှို့ဝှက်နယ်မြေအများအပြားရှိသည်။ ထို့အပြင် သူတို့တွင် များစွာသော အစီအရင်ဝင်္ကပါများလည်း ရှိ၏။ ရီဖူရှင်းက အဘယ်ကြောင့် သူ့ထံတွင် နေကာ အဆင့်တက်စေလိုရသနည်း။

နောက်တစ်ဆင့်တက်ရန် နီးကပ်နေသော သုံးယောက်မှ လွဲ၍ ကျန်သောသူများအားလုံး ထွက်သွားကြသည်။

လဝက်ခန့်ကြာပြီးနောက်တွင် သူတို့သုံးယောက်သည် စံအိမ်မှ ထွက်သွားကြ၏။ မကြာမှီ တခြားသော အင်အားစုများရောက်လာကာ သူတို့သည် ကောင်းကင်အာဏာစက်ဘုံမှ ကျောင်းတော်တည်ထောင်ခြင်းအတွက် ပြင်ဆင်ရန် ပြန်ကြတော့မည့်အကြောင်း ပြောကြားကြသည်။

စံအိမ်တွင် ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့ အတူရှိနေကြ၏။

“မင်းမှာ ဘာအစီအစဉ်ရှိလဲ…” ဂူတုံးလျှိုက မေးသည်။

“ကျောင်းတော်အတွက်လား…” ရီဖူရှင်းက ပြုံးလျှက်မေးသည် “ဒါကို ကောင်းကင်အာဏာစက်ကော့တေးလို့ ခေါ်ရင် မကောင်းဘူးလား”

ဂူတုံးလျှိုသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်သည် “နာမည်ကောင်းပဲ…”

“ကော့တေး” ဟူသော နာမည်ကား သူတို့အတွက် လေးနက်သော အဓိပ္ပာယ်ကို ဆောင်၏။ ထိုအရာကား သူတို့ဆရာ၏အိပ်မက်ဖြစ်သည်။

ကောင်းကင်အာဏာစက်ကော့တေးသာ အောင်မြင်ပါက အလွန်အဓိပ္ပာယ် ရှိပေမည်။

“ဒီကိစ္စတွေ ပြီးသွားရင် ကျွန်တော်တို့က အစ်မ၂တို့ကို ဒီကိုခေါ်လာသင့်တယ်…” ရီဖူရှင်းက ပြုံးကာ ပြောသည်။ ကောင်းကင်အာဏာစက်ကော့တေးသာ အောင်မြင်ပါက သူတို့သည် လုံလောက်သော အင်အားရှိပေမည်။

“အကြံကောင်းပဲ…” ဂူတုံးလျှိုက ခေါင်းညိတ်သည်။ သူသည်လည်း ကျူးကော့မင်းယွီအား သတိရ၏။

ရီဖူရှင်းသည်လည်း သူ၏မိတ်ဆွေဟောင်းများကို တွေးဖြစ်သည်။ ထိုအချိန်ရောက်လာပါက သူ၏ဆရာဟွာဖန်းလူနှင့် တခြားသောလူများသည်လည်း ကောင်းကင်အာဏာစက်ဘုံသို့ ရောက်လာကြပေလိမ့်မည်။ ထိုအချိန်တွင် သူတို့မိသားစု ပြန်ဆုံကြပေလိမ့်မည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset