Switch Mode

အပိုင်း(၁၆၅၇):

အခြေအနေကို အသာစီးယူ ဖြေရှင်းခြင်း

ချန်ရှီး ထိုသို့တွေးမိသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းက သူ့ကို ကူညီရန် မေးခဲ့လျှင် သူမက နားလည်နိုင်ပေလိမ့်မည်။

သို့သော် ရီဖူရှင်းက သူမကို လေးစားကြောင်း အပြည့် စကားများကိုသာ ဖောဖောသီသီ ပြောဆိုသွားပြီး သူက ဝိညာဥ်လက်နက်များကို အလကားပေးမည်ဟုပင် ပြောခဲ့သေးသည်။ ထိုသည်က သူမကို ဆွံ့အသွားစေသည်။

“ဒီလိုဆိုရင်တော့ ကျေးဇူးပါပဲ သခင်လေးရီ” သူမရှေ့မှ အဖြူရောင်ဆံပင်နှင့် လူငယ်သည် အလွန် အစွမ်းထက်လှသော်လည်း ဤသို့သော အခြေအနေအောက်တွင် သူ့ကိုယ်သူ ကယ်တင်နိုင်စွမ်းရှိလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

“တူလေးရီ၊ မင်းကို လူအများကြီးက စောင့်နေကြတယ်။ ဘာလို့ ငါတို့နဲ့ စကားမပြောတာလဲ။”

ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က အနည်းငယ် အေးစက်လာသည့် အသံနှင့် ပြောလိုက်သည်။ သူက အချိန်ဆွဲနေသည်လား။

မည်သည့်အတွက် တိတ်ဆိတ်နေရသနည်း။

လေထဲမှ ပြင်းထန်သည့် တိုက်ပွဲသည် အဖြေမထွက်သေးဘဲ ရှိကာ ရီဖူရှင်းဘက်မှ အနိုင်ရခဲ့လျှင်ပင် သူက လက်ရှိအခြေအနေတွင် မည်သို့ လုပ်နိုင်မည်နည်း။

ထိပ်သီးအင်အားစုများစွာကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူခြင်းမရှိပေ။

“ကောင်းပြီလေ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ခင်ဗျားက အဲဒီလို ပြောလာမှတော့ ကျုပ်က ငြင်းဆန်မှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် ကျုပ်တို့ ဘာလို့ အခု အလဲအလှယ်မလုပ်ရမှာလဲ။ ခင်ဗျားက ဘယ်လို ဝိညာဥ်လက်နက်ကို လိုချင်တာလဲပြောလိုက်။ ဒါပေမယ့် နတ်လက်နက်တွေက အဖိုးတန်တာမို့ ခင်ဗျား အလဲအလှယ်ပြုမယ့် ပစ္စည်းက ခင်ဗျားတို့ ကလန်က ရတနာတွေ ဖြစ်ရမယ်။ ကောင်းကင်မျှော်စင် ကျောင်းတော်ရဲ့ အားအကောင်းဆုံး ကျင့်စဥ်ဆိုရင်ရော ဘယ်လိုလဲ။”

ရီဖူရှင်း၏ စကားကို ကြားသည့်အခါ ဒုကျောင်းအုပ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ ၎င်းတို့မှ အေးစက်သည့် အလင်းတို့ ထွက်ပေါ်လာလေသည်။

သူက ကောင်းကင်မျှော်စင် ကျောင်းတော်မှ အကောင်းဆုံး ကျင့်စဥ်ကို အလဲအလှယ်တန်ဖိုး အနေနှင့် လိုချင်နေသည်လား။

သူက အိပ်မက်မက်နေသည်လား။

အခြားသော ထိပ်သီးအင်အားစုများ အားလုံးကို စိတ်ကူးထဲပင် မထည့်ပုံရသည်။  ဤလူက ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူက မည်သို့သော အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို ကျိန်းသေ သတိပြုမိသင့်ပေသည်။

“ငါက မင်း ဆရာရဲ့ မိတ်ဆွေဟောင်းပဲ။ အဲဒါကြောင့် မင်းကို ‘တူလေး’ လို့ ခေါ်ခဲ့တယ်။ ငါက မင်းကို လွတ်မြောက်အောင် ကူညီဖို့ စိတ်ကူးခဲ့ပေမယ့် မင်း ဒီလို ဆက်လုပ်နေမယ်ဆိုရင် ငါ ကူညီနိုင်မှာ မဟုတ်ဘူး။” ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က ရီဖူရှင်း၏ စိတ်ကို စွဲဆောင်နိုင်ရန် တည်ငြိမ်စွာ ပြောလိုက်သည်။

“မိတ်ဆွေဟောင်းလား” ရီဖူရှင်း၏ စိတ်ထဲမှ ထေ့ငေါ့လိုသည့် စကားလုံးများ ဆန်တက်လာသည်ကို ခံစားမိလိုက်သည်။ တစ်စုံတစ်ယောက်က အခက်အခဲတွေ့သည့်အချိန်မှသာ လူများ၏ မျက်နှာအစစ်ကို မြင်တွေရန် ပိုလွယ်ကူပေသည်။  သူ၏ ဆရာ ရှန်းကလန်၏ သမီးနှင့် လက်ထပ်ခဲ့စဥ်က သူတို့သည် မိတ်ဆွေကောင်းများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ယခု သူသည် အနည်းငယ်မျှပင် ယဥ်ကျေးမနေဘဲ မိတ်ဆွေ၏ နောက်ကျောကို ဓားဖြင့် နှစ်ခါထိုးခဲ့ပေသည်။

“ဒီလိုဆိုရင် ခင်ဗျားက ဘာနဲ့ လဲလှယ်ချင်တာလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“မင်းက ရန်ဟောင်အဆင့်ကို ရောက်သွားပြီဆိုတော့ မင်းကျင့်ကြံဆင့်အတွက် အသုံးဝင်မယ့် အရာနဲ့ လဲမယ်။” ကောင်းကင်မျှော်စင် ကျောင်းတော်၏ ဒုကျောင်းအုပ်က ပြောလိုက်သည်။ ဤသည်မှာ အဆင့်မြင့်လုယက်ခြင်းပင် ဖြစ်ပေသည်။

“အဲဒီလိုလား” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ “ခင်ဗျားက ကျုပ် တကယ်ပဲ အဲဒီအဆင့် ပညာရပ်ကို လိုအပ်တယ် ထင်လို့လား။ ဘာလို့ ခင်ဗျားတပည့်တွေကို ကျုပ်နဲ့ လာမတိုက်ခိုင်းကြည့်တာလဲ။ ဘယ်လို အဆင့်နိမ့်ရန်ဟောင်မဆို ကျုပ်ကို ရိုက်နိုင်မယ်ဆိုရင် အဲဒါကို လက်ခံလိုက်မယ်”

ကောင်းကင်မျှော်စင် ကျောင်းတော်မှ တပည့်များသည် တဖြည်းဖြည်း စိတ်ရှည်သည်းခံမှု ပျောက်ဆုံးလာသည်။ သူက ရူးချင်ယောင်ဆောင်နေတာများလား။

“ဒီလိုဆိုမှတော့ မင်းကိုယ်တိုင်မင်းသာ ဖြေရှင်းတော့ပေါ့။” ဒုကျောင်းအုပ်က ပြောလိုက်တော့သည်။

“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်။ ဒီလိုဆိုမှတော့ ကျုပ်ကလည်း အလဲအလှယ်မလုပ်တော့ပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူက အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ရဲ့ စိတ်ကောင်းစေတနာတွေကို သတိရနေမှာပါ။”

လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းက ဤကိစ္စကို ပြီးသွားပြီဟု ထင်နေသည်လား။

“တော်လောက်ပြီ။ ခင်ဗျားတို့က ဂျူနီယာလေးတစ်ယောက်ကို အဲဒီလောက် ဝိုင်းအနိုင်ကျင့်ဖို့ လိုအပ်လို့လား။” ထိုအချိန်၌ လူတစ်စုက ရှေ့သို့ တက်လာခဲ့၏။ ထိုသူတို့မှာ ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်များ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က ရီဖူရှင်းနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ “ကျန်ချင်းကျူရဲ့ စကားအရဆိုရင် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်သူ အများကြီး ရှိတယ်။ အဲဒါက မဟာအင်ပါယာဆီက ရတဲ့ လက်ဆောင်ပဲ။ မဟာလမ်းစဥ် ဘုံသုံးထောင်မှာ ကျုပ်တို့ရဲ့ ကျောင်းတော်က ကျင့်ကြံခြင်းအတွက် ကျော်ကြားတယ်။ အခု ခင်ဗျားတို့အားလုံး ဒီနေရာမှာ ရှိနေတာ ကောင်းတယ်။  ထျန်းရှန်ကျောင်းတော်မှာ ကျင်းပမယ့် ယှဥ်ပြိုင်ပွဲအတွက် ပါရမီရှင်အားလုံးကို တက်ရောက်ဖို့ ကျုပ်တို့ ဖိတ်ကြားချင်တယ်။”

“အခွင့်အရေးရှိရင် ကျိန်းသေ လာခဲ့ပါ့မယ်။” ထိပ်သီးအင်အားစုမှ လူအများအပြားက ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။ သူတို့ထဲမှ အများစုသည် ထျန်းရှန်ကျောင်းတော်သို့ သွားရောက် ကြည့်ရှုချင်ကြသည်။

“ကောင်းတယ်။” ထျန်းရှန်ကျောင်းတော် အကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရီဖူရှင်း၊ မင်းက ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်တာဆိုတော့ ထျန်းရှန်ကျောင်းတော်ကို အချိန်မရွေးလာပြီး ပညာဖလှယ်လို့ရတယ်။”

“ကျွန်တော် ကျိန်းသေ အဲဒီလို လုပ်ပါ့မယ်။” ရီဖူရှင်းက ဦးညွှတ်ကာ ပြောလိုက်သည်။

“ကောင်းတယ်” အကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထိုမြင်ကွင်းက ထိပ်သီးအင်အားစုများမှ လူအများကို မှင်တက်သွားစေသည်။

ထိုသည်က မည်သည့် အဓိပ္ပါယ်နည်း။

ကိစ္စများက မပြီးပြတ်သေးသော်လည်း ထျန်းရှန်ကျောင်းတော်က ရီဖူရှင်းကို ကျောင်းတော်၌ ကျင့်ကြံရန် ဖိတ်ခေါ်နေသည်လား။

“လော့ရှန်းကလည်း ထျန်းရှန်ကျောင်းတော်ကို အမြဲ သွားချင်နေခဲ့တာ။ ခင်ဗျားက အခု ဖိတ်ကြားထားတယ်ဆိုတော့ သူမလည်း သွားလို့ ရနိုင်မလား။” အင်ပါယာနန်က မေးလိုက်သည်။

“နန်လော့ရှန်းက တကယ့်ကို အရည်အချင်း ရှိတယ်။ သူမသာ ကျောင်းတော်ကို လာခဲ့ရင် ကျိန်းသေ ကြိုဆိုခံရမှာပါ။ သူမ လာတဲ့အတွက် ကျုပ်တို့ရဲ့ တပည့်တွေလည်း ပျော်လိမ့်ကြမယ်ဆိုတာ သေချာပါတယ်။” အကြီးအကဲက အပြုံးနှင့် ပြောလိုက်သည်။ နန်လော့ရှန်းသည် ဗဟိုအင်ပါယာဘုံ၏ အထူးချွန်ဆုံး အမျိုးသမီးတစ်ဦးဟု ဆိုနိုင်သည်။ သူမ၏ အသွင်အပြင်နှင့် ပါရမီအရည်အချင်းက ထျန်းရှန်ကျောင်းတော်တွင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခံရပေလိမ့်မည်။

“ကောင်းတယ်။” အင်ပါယာနန်က ခေါင်းညိတ်လိုက်သည်။ “နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ခရီးစဥ်မှာ ပဋိပက္ခအများကြီး ရှိခဲ့ပေမယ့် အားလုံးက အတိတ်ဖြစ်သွားခဲ့ပြီပဲ။ ကျုပ်တို့ မီးခိုးကြွက်လျှောက်လိုက်နေဖို့ မလိုပါဘူး။ အခု ထျန်းရှန်ကျောင်းတော်က ဖိတ်ကြားချက်လည်း ရှိနေပြီဆိုတော့ ကျုပ်တို့ တပည့်တွေကို အဲဒီကို ပို့ဆောင်လို့ရတယ်။ ကျင့်ကြံခြင်းလောကရဲ့ အနာဂတ်က မျိုးဆက်သစ်လူငယ်လေးတွေရဲ့ လက်ထဲမှာ ရှိနေတယ်လေ။”

ထျန်းရှန်ကျောင်းတော်မှ အကြီးအကဲ နှင့် အင်ပါယာနန်၏ စကားသံများက တိုက်ပွဲကွင်းပြင်အနီးကို တိတ်ဆိတ်သွားစေခဲ့သည်။

အင်ပါယာနန်ကလည်း ရီဖူရှင်းကိုယ်စား ပြောပေးနေသည်လား။

ထျန်းရှန်ကျောင်းတော်နှင့် အင်ပါယာနန်၏ စကားတို့က ဤနေရာ၌ အတော် လေးလံလွန်းလှသည်။

အထူးသဖြင့် အားအကောင်းဆုံးဖြစ်သော အင်ပါယာနန်က ဤနေရာ၌ ရှိနေသည်။

ထို့ပြင် ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစုများသည်ပင် အင်ပါယာနန်ကို လွယ်ကူစွာ ဆန့်ကျင်နိုင်ကြမည် မဟုတ်ပေ။ မည်သည့် ကြီးမားသော ရန်ငြိုးရန်စများ မရှိပါဘဲနှင့် မည်သူက ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေသူကို ဆန့်ကျင်ရဲပါမည်နည်း။

သို့သော် ရီဖူရှင်းက အင်ပါယာနန်နှင့် ထျန်းရှန်ကျောင်းတော် အကြီးအကဲကို သိပင် မသိချေ။ သူတို့က မည်သည့်အတွက် သူ့ကိုယ်စား ပြောဆိုပေးနေရသနည်း။

ဖြစ်နိုင်သည်က…

ထို့သို့ တွေးမိသည့်အခါ သူတို့၏ မျက်နှာတွင် စိတ်မသက်မသာသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက တိတ်ဆိတ်နေသည့် အချိန်အတွင်း အကူအညီ တောင်းခံခဲ့သည်လား။

ထိုသို့သာ ဖြစ်လျှင် သူတို့က ထျန်းရှန်ကျောင်းတော် အကြီးအကဲနှင့် အင်ပါယာနန်တို့အကြား ပေါင်းကူးပေးသူများ ဖြစ်သွားခဲ့သည်လား။

အင်ပါယာနန်နှင့် ထျန်းရှန်ကျောင်းတော်တို့က ကောင်းသည့်အရာကို လုပ်ဆောင်ရုံမျှမက ဝိညာဥ်လက်နက်အချို့ကိုလည်း ရရှိသွားသည်လား။

“ဒီခရီးပြီးသွားတဲ့နောက်မှာ တူလေးရီ ဘယ်ကိုသွားချင်သည် ဖြစ်စေ ကျုပ် တားဆီးလိမ့်မှာ မဟုတ်ဘူး။” ကောင်းကင်မျှော်စင် ကျောင်းတော်မှ ဒုကျောင်းအုပ်က ပြောလိုက်သည်။

ထျန်းရှန်ကျောင်းတော်နှင့် နန်ထျန်းနတ်ပြည်ထောင်က မကျေနပ်မှုအားလုံးကို သူတို့သာလျှင် ယူဆောင်သွားချင် နေသည်လား။

“ခင်ဗျားက မဟာအကြီးအကဲရဲ့ မိတ်ဆွေ ဖြစ်ပြီးတော့ ဘာလို့ သူ့တပည့်ဆီက လူယူဖို့ ကြိုးစားနေရတာလဲ။ ခင်ဗျား အပြုအမူတွေက စီနီယာတစ်ယောက်နဲ့ကို မတူတော့ဘူး။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကတော့ ဒီနေ့မှာ ပျောက်ဆုံးသွားပြီပဲ။” ထိုအချိန်၌ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက ထိုသူကို လှည့်ကြည့်လိုက်ကြလျှင် ထိုသူမှာ ရှောင်းကလန်မှ တန်ခိုးရှင်တစ်ဦး ဖြစ်လေသည်။

“နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်းမှာ အခွင့်အရေးတွေ အများကြီး ရှိပေမယ့် ရီဖူရှင်းက အဲဒါတွေကို အလဲအလှယ်လုပ်ဖို့ ဆန္ဒမရှိရင် သူ လုပ်စရာမလိုဘူး။ ခင်ဗျားတို့ သူ့ကို ဒီလို ဖိအားပေးဖို့ ကြိုးစားနေတာ ရှက်တတ်ဖို့ ကောင်းတယ်။” ရှောင်းကလန်မှ တန်ခိုးရှင်က ဆက်ပြောလိုက်သည်။ ယခု ထျန်းရှန်ကျောင်းတော်နှင့် အင်ပါယာနန်က ပါဝင်ပတ်သတ်လာပြီ ဖြစ်ရာ သူ ပါဝင်ပေးရန်အတွက် ဝန်လေးလိမ့်မည် မဟုတ်ပေ။

ထျန်ရှန်းအကယ်ဒမီနှင့် အင်ပါယာနန်တို့က သူ့ရှေ့မှ စကားပြောမပေးခဲ့လျှင် သူက အခြားသော အင်အားစုကြီးများကို ဆန့်ကျင်ရဲလိမ့်မည် မဟုတ်ပေ။

“ကောင်းကင်မျှော်စင် ကျောင်းတော်ရဲ့ ကျင့်စဥ်တွေကို မင်းကနေတဆင့် တခြားလူတွေ မြင်ခွင့်ရစေချင်မှာ မဟုတ်ဘူး။” ယွမ်ယန်ကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစု လေးခုသည် သူတို့၏ သဘောထားကို ပြသပြီး ဖြစ်သည်။

ယွမ်ဟုန်၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ သူသည် ရီဖူရှင်းက ထိုသို့ နည်းလမ်းကို သုံးလိမ့်မည်ဟု မတွေးမိခဲ့ပေ။

လူအများက သူ၏ ဝိညာဥ်လက်နက်များကို လုယူလိုကြသော်လည်း သူတို့က ရရှိလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းသည် သူတို့ ခိုးယူရန် မကြိုးစားခင်ကပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း မဟာမိတ်ပြုခြင်းနှင့် အလွန် ဆင်တူပေသည်။

လူအများ၏ အမူအရာတို့က ပြောင်းလဲသွားခဲ့သည်။ အခြေအနေက ပြောင်းလဲသွားပုံရလေသည်။

“သိပ်ကောင်းတယ်!” ထိုအချိန်တွင် ခေါင်းလောင်းကြီးတစ်လုံး၏ အသံကဲ့သို့သော အသံက အနီးဝန်းကျင်ကို ပျံနှံ့လာသည်။ တောင်တန်းဘုံ ထျန်ရှင်းကျောင်းတော် မှာ ဆရာတော်က လက်နှစ်ဖက်ကို အုပ်ချီကာ ပြောလိုက်သည်။ “ကျုပ်တို့ ဘုံမှာ ရှန်ရှင်းကလန်က ဗုဒ္ဓအမည်ကို အလွဲသုံးစားလုပ်တဲ့ သစ္စာဖောက်တွေပဲ။ သူတို့က အမြဲ အထင်အမြင်သေး စက်ဆုပ်ဖွယ်ကောင်းတယ်။ အခု သူတို့က ဒီမှာ ပြဿနာလာရှာချင်နေပြန်ပြီ။ သူတို့ကို မယုံကြပါနဲ့။ အရှင်ရီက ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့တယ်။ သူက အရေးပါတဲ့ ကံကြမ္မာရှိတဲ့ တစ်စုံတစ်ယောက်ပါပဲ။ သူ့ကို ခက်ခဲအောင် မလုပ်ကြပါနဲ့။”

ရီဖူရှင်းက ထျန်ရှင်းကျောင်းတော် ၏ သစ္စာတရားကိုလည်း ဝယ်ယူလိုက်နိုင်သည်လား။

“ကျွန်မက ထျန်းရှန်ကျောင်းတော် အကြောင်း ခဏခဏ ကြားဖူးပါတယ်။ မဟာလမ်းစဥ် ဘုံသုံးထောင်မှာ ကျင့်ကြံဖို့ အကောင်းဆုံးလို့ ကျော်ကြားတဲ့ နေရာတစ်ခုပဲ။” ယိုယွဲ့ကလန်မှ ချန်ရှီးက ပြောလိုက်သည်။ “ကျွန်မလည်း အဲဒီကို အချိန်တစ်ခုလောက်ထိ သွားချင်ပါတယ်။ အခု သခင်လေးရီက ရန်ဟောင်အဆင့်ကို ဖြတ်ကျော်သွားနိုင်ပြီး ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့တယ်။ ကျွန်မ အခွင့်အရေး ရှိရင် သခင်လေးရီနဲ့ ပညာဖလှယ်ကြည့်ချင်ပါတယ်။”

“နတ်မိမယ်ရဲ့ တောင်းဆိုချက်ကို ဘယ်လို လက်မခံဘဲ နေနိုင်ပါ့မလဲ။” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

အရာအားလုံးသည် သူစီစဥ်ထားသည့်အတိုင်း ​ဖြစ်ပျက်နေခဲ့သည်။

လောကမှ အရာအားလုံးသည် ခွန်အားအပေါ်တွင် မူတည်သည်။ ယခင်က သူသည် အဘက်ဘက်မှ ဝန်းရံခံထားရပြီး လူတိုင်းက သူနှင့် ရန်သူ ​ဖြစ်လိုကြသည်။ ထိုသည်မှာ တွန်းအားတစ်မျိုးပင် ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သူကမှ သူ့အတွက် ပြောဆို မပေးလိုကြပေ။

သို့သော် ယခု ထျန်းရှန်ကျောင်းတော်နှင့် အင်ပါယာနန်က ပါဝင်ပတ်သတ်လာခဲ့ပြီးနောက် ရှောင်းကလန်နှင့် သူ့နောက်မှ အင်အားစုများလည်း လိုက်ပါလာကြခြင်းမှာ တွန်းအားကြောင့်ပင် ဖြစ်သည်။

သူသည် ထျန်ရှင်းကျောင်းတော် နှင့် ယိုယွဲ့နတ်နန်းတော်ကို ဝိညာဥ်လက်နက်များ ပေးမည်ဟု ပြောခဲ့သည့်အတွက် သူတို့က တုန့်ပြန်သည့်အနေနှင့် ရပ်တည်မှုကို ပြသပေးခဲ့သည်။ ဤအခြေအနေက အရှိန်မြင့်လာပေသည်။

အမှန်တွင် ထျန်းရှန်ကျောင်းတော်နှင့် အင်ပါယာနန်က သူ့ကို ကူညီထောက်ခံမည်ဟု ပြောခဲ့သော်လည်း တထစ်ချအောင်မြင်ရမည်ဟူ၍ အာမခံချက် မရှိပေ။ သို့သော် သူတို့သည် ဝင်စွက်ဖက်ကာ ကြိုးစားကြည့်ပေးလိုသည်။ နောက်ထပ် ဖြစ်ပျက်လာသည်များကြောင့် အင်ပါယာနန်နှင့် ထျန်းရှန်ကျောင်းတော်က တန်ခိုးရှင်က ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

ဤအလှည့်အပြောင်းက အလွန် ကောင်းမွန်ပေသည်။

ဤနည်းလမ်းဖြင့် နန်ထျန်းနတ်ပြည်ထောင်၊ ရှောင်းကလန်၊ ယွမ်ယန်ကလန်နှင့် အခြားလူများသည် ရီဖူရှင်းပေးမည့် ဝိညာဥ်လက်နက်များကြောင့် သူတို့၏ အင်အား တိုးပွားလာနိုင်ပေသည်။ ဆန့်ကျင်ဘက်အနေနှင့် ဝိညာဥ်လက်နက်များကို လုယက်လိုသူတို့မှာ မည်သည်ကိုမှ မရခဲ့ကြပေ။ တစ်ဖက်မှ အားကောင်းလာသည့်အခါ တစ်ဖက်မှ အားနည်းသွားပြီး တစ်ဖက်မှ အရေးသာသည့်အခါ တစ်ဖက်က အရေးမသာတော့၍ နောက်ပြန်ဆုတ်ရမည် ဖြစ်သည်။

ကောင်းကင်မျှော်စင် ကျောင်းတော်မှ လူအများက အတော်​လေး ဒေါသထွက်နေကြသည်။ ဤအပြောင်းအလဲ သူတို့၏ ရန်သူများက ပေါင်းစည်းသွားခဲ့သည်လား။

ယခု ရီဖူရှင်း၏ ဘက်တွင် ထျန်းရှန်ကျောင်းတော်၊ အင်ပါယာနန်၊ ယွမ်ယန်ကလန်၊ ရှောင်းကလန်၊

ထျန်ရှင်းကျောင်းတော်၊ သောမျိုးနွယ်စု၊ ထိုက်ရွှမ်တောင်နှင့် ကောင်းကင်အာဏာစက်ဘုံမှ အချို့သော အင်အားစုများ ရှိနေသည်။ နတ်ဘုရားနန်းတော်နှင့်

ဝရိန်ခုနစ်ပါး ကလန်တို့သည်လည်း သူ့ဘက်တွင် ရှိနေသေးသည်။

ဤမျှ အင်အားတောင့်သော အဖွဲ့ကြားတွင် ရီဖူရှင်းထံမှ တစ်ခုခု လုယူနိုင်ရန် ခက်ခဲပေလိမ့်မည်။

အချိန်တစ်ခုကြာသည်ထိ မည်သူမှ စကားမပြောကြပေ။

ရီဖူရှင်းက လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုဟန်ဖြင့် ပြောလိုက်သည်။ “ကျုပ်အတွက် စဥ်းစားငဲ့ညှာပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ထဲမှာ ညီမျှတဲ့ တန်ဖိုးနဲ့ အလဲအလှယ်လုပ်ချင်တဲ့သူ ရှိရင် ကျုပ် ငြင်းပယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျုပ်မှာ ဝိညာဥ်လက်နက်က သိပ်အများကြီးမရှိဘူး။ ကျုပ်က မိတ်ဆွေတွေနဲ့ အကြီးအကဲတွေကို ပေးရဦးမှာဆိုတော့ အများကြီးကျန်မှာ မဟုတ်ဘူး။ လဲလှယ်ဖို့ ဆန္ဒရှိတဲ့လူက မြန်မြန်လုပ်ရင် ပိုကောင်းမှာပါ။”

“…”

လူတိုင်းက ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်ကြသည်။ သူက ဤသည်ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည်လား။

သူက သူတို့နှင့် မျှဝေပေးမည်လား။

အစွမ်းထက် အင်အားစုများမှ လူများ၏ နှလုံးသားများက တင်းကြပ်သွားသည်။ သူက မည်သူတို့နှင့် ထိုပစ္စည်းများ​ကို မျှဝေပေးမည်နည်း။ ပြောစရာစကားပင် ပျောက်ရှကုန်ခဲ့သည်။

သူတို့က မည်သည့်အရာကိုမှ မရခဲ့ကြပေ။

“ဘယ်သူမှ မပြောဘူးဆိုရင် ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့။ ကျုပ်ကို လာရှာချင်တယ်ဆိုရင်တော့ ထျန်းရှန်ကျောင်းတော်မှာ ရှိနေမယ်။ ကျုပ် အဲဒီမှာ အချိန်တစ်ခုထိ ကျင့်ကြံဦးမယ်။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူက မလိမ်ခဲ့ပေ။

သူသည် မည်သည့်နေရာကိုမှ သွားရန် ရည်ရွယ်မထားခဲ့ပေ။ သူက ကျင့်ကြံရန် အချိန်တချို့ ယူဦးမည် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းနှင့် ယနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးက အချိန်လိုအပ်ပေသည်။

ယနေ့တွင် ဖြစ်ပျက်ခဲ့သည့် ပြဿနာများက ဘုံတစ်ခွင်ကို ပျံ့နှံ့သွားမည် ဖြစ်သည်။ ထိုအချက်ကြောင့် ကောင်းကင်နတ်တံခါးဂိုဏ်းမှ အခြားနေရာသို့ ပို့ဆောင်ခံရသူများက သတင်းစကား ကြားသည့်အခါ သူ့ကို လာရောက် ရှာဖွေကြပေလိမ့်မည်။

သူသည် ရီဝူချင်းနှင့် အခြားသူများ မည်သည့်နေရာ၌ ယ ကျင့်ကြံနေသည်ကို မသိရှိပေ။ ကောင်းကင်နတ်တံခါးဂိုဏ်းမှ တန်ခိုးရှင်များသည် ဘုံအနှံ့အပြားသို့ ကွဲသွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းက တည်ငြိမ်လာသည့်အခါ အခက်အခဲများက လျော့ကျသွားမည်ဖြစ်ကာ ကောင်းကင်နတ်တံခါးဂိုဏ်းလည်း ပြန်လည်ဖွဲ့စည်းနိုင်ကာ သူတို့သည် ကောင်းကင်အာဏာစက်ဘုံသို့ ပြန်လာနိုင်ပေလိမ့်မည်။

သို့သော် ထိုအချိန်မတိုင်ခင် သူသည် ရွှေရောင်နတ်ပြည်ထောင်နှင့် ရင်ဆိုင်ရန် လိုပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset