အခန်း ( ၅၅၄ )

အလွန်တရာ ထူးဆန်းအံ့ဩဖွယ်ကောင်းသော

ပိုင်ရှောင်ချန်း၏ဝိညာဥ်က ကျောက်တိုင်ထဲရှိနတ်မီးလျှံစမ်းသပ်ပွဲထဲ ဝင်ရောက်သွားချိန်တွင် စမ်းသပ်ပွဲများမှာ ပါဝင်နေသော လူတစ်ယောက်ကိုမှ မမြင်ရတော့ပေ။

သို့သော် ကျိုးရီရှင်းသည် ယခုထက်ထိ မည်သည့်နတ်မီးလျှံစမ်းသပ်ပွဲကို ဝင်ရမည်လဲ မရွေးချယ်ရသေးချေ။ တစ်နေရာအရောက်တွင် သူသည် ထူးဆန်းသော ခံစားချက်များရလာ၍ လှည့်ကြည့်လိုက်ရာ စက်လုံးတစ်လုံးက စူးရှတောက်ပလာကြောင်း တွေ့လိုက်ရလေသည်။

ထိုအချိန်တွင် ထိုနေရာရှိ မျက်နှာပေါ်မှ မျက်နှာဖုံးကွာကျနေလျက် ထိုင်နေသော ပိုင်ရှောင်ချန်းကို မြင်တွေ့လိုက်လေရာ သူ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်း၏ စက်လုံးမှာ ယခင်ထက် များစွာပို၍ တောက်ပနေပြီး ၄င်းက အတောက်ပဆုံးစက်လုံး ၅၀၀ အတွင်းပင် ရောက်နေလေပြီ။

” ဒါဆို ဒါ ပိုင်ရှောင်ချန်းပေါ့။ ဘယ်လိုလုပ် မြန်နေတာတုံး။ ဘယ်နတ်မီးလျှံစမ်းသပ်ပွဲကိုများ ရွေးလိုက်ပါလိမ့်”
ပိုင်ရှောင်ချန်းက လျင်မြန်စွာ တိုးတက်နိုင်သည်ကို မယုံမကြည်ဖြစ်ရင်း သူက အသက်ပြင်းပြင်းရှူကာ အကြည့်လွှဲလိုက်ပြီး သူ၏ နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ထိုအချိန်တွင် သီးသန့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး အခန်းထဲ၌ လိပ်ဒယ်အိုးသည် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို စုပ်ယူနေပြီး ပိုင်ရှောင်ချန်းက လင်းလက်တောက်ပလာသော သစ်ရွက်ကို မျှော်လင့်တကြီး ကြည့်နေလေသည်။

အလင်းသည် ယခင်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများထက် များစွာ ပို၍ စူးရှတောက်ပလေရာ တစ်ခန်းလုံး ငွေရောင်အလင်းများ ဖြာထွက်လာတော့သည်။ သို့သော် ပိုင်ရှောင်ချန်းက မျက်လုံးပြူးကြီးဖြင့် ကြည့်နေစဥ် ငွေရောင်အမှတ်အသားဆယ်ခုသည် တစ်ခုနှင့်တစ်ခုထပ်သွားကာ ရွှေရောင်အမှတ်အသားတစ်ခုအသွင်ပြောင်းသွားတော့သည်။

” ဒီလို ပါလား”
ဤအချိန်တွင် ပိုင်ရှောင်ချန်းသည် ဖြစ်စဥ်ပြီးမြောက်သွားပြီဟု ထင်လိုက်သည်။ သို့သော် ရုတ်တရက်အလှည့်အပြောင်းဖြစ်သွား၏။ ရွှေရောင်အမှတ်အသားပေါ်လာသည့် အခိုက်အတန့်တွင် သစ်ရွက်မှာ လူးလွန့်သွားပြီး အစိမ်းရောင်ပြောင်းလာတော့သည်။

သစ်ရွက်က လုံးဝ အစိမ်းရောင်ဖြစ်သွားပြီးသော် ၄င်းထဲတွင် သက်စောင့်အားကို အာရုံရလိုက်လေရာ ပိုင်ရှောင်ချန်းမှာ အလွန်တရာ အံ့သြမှင်သက်သွားလေသည်။

” ဘယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူက အော်လိုက်လေသည်။ သူကြည့်နေချိန်မှာပင် သစ်ရွက်ရိုးတံများ ထွက်ပေါ်လာကာ သစ်ရွက်များရှိသော အကိုင်းအခက်တစ်ခုပြောင်းသွားတော့သည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုသစ်ရွက်များသည် တုတ်ခိုင်သော အကိုင်းအခက်များအဖြစ် ကြီးထွားလာလေသည်။

ပိုင်ရှောင်ချန်းမှာ သစ်ရွက်လေးမှ သေးငယ်သော ပင်စည်ဖြစ်ပေါ်လာပြီး အကိုင်းအခက်များ ပြန့်ကားထွက်လာသည်ကို ကြည့်ရင်း အသက်ရှူရန်ပင် မေ့နေတော့သည်။ ထိုအခိုက်အတန့်တွင် လိပ်ဒယ်အိုးမှာ သစ်ပင်အသေးတစ်ပင်ရှိနေလေပြီ။

သစ်ပင်သည် သက်စောင့်အားများဖြင့် ပြည့်ဝနေပြီး လုံးဝအသက်ဝင်နေသည့်ပုံပေါ်လေသည်။ ၄င်း၏ မျက်နှာပြင်ပေါ်တွင် တောက်ပနေသော ရွှေရောင် အမှတ်အသားကို မြင်ရ၏။ ထို့အပြင် မယုံကြည်နိုင်ဖွယ် ပြောင်းလဲမှုများက ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်အမှတ်အသားကို လုံးဝဖယ်ရှားပစ်လိုက်လေသည်။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ဆနဲ့ဆိုရင် ဒီသစ်ရွက်က သစ်ပင်တစ်ခုလုံးအသွင် ပြောင်းသွားတာပဲ”

” စိတ်စွမ်းအဆင့်မြှင့်တင်ခြင်းဆယ့်တစ်ဆက ငါ့ရဲ့ ခမ်းနားကြီးကျယ်တဲ့ အမှတ်အသားကိုတောင် ဖျက်နိုင်ပါလား ”

ထိုသည်မှာ မီးဝိညာဥ်မြားနှင့် လက္ခဏာတူလေသည်။

ပိုင်ရှောင်ချန်းမှာ သူပြုလုပ်ခဲ့သည့် တန်ဖိုးကြီးသော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကြောင့် လုံးဝတုန်လှုပ်သွားတော့သည်။ ဤအခိုက်အတန့်တွင် သူသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း မည်သို့အလုပ်လုပ်ပုံကို ပို၍ နက်နက်နဲနဲ နားလည်သွားလေပြီ။ ထို့နောက် သူ့အပိုင်အဖြစ် သစ်ပင်ပေါ်တွင် သူ၏ အမှတ်အသားကို တံဆိပ်နှိပ်နိုင်ရန် မျှော်လင့်ရင်း ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ လက်ညိုးထိုးလိုက်လေသည်။

သစ်ပင်ပေါ်တွင် အမှတ်နေရာကျသွားသည်နှင့် ထိုဆယ့်တစ်ဆယ်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားးသော ပစ္စည်းများ၌ပင်လျှင် သခင်အဖြစ် တံဆိပ်နှိပ်၍ရကြောင်း ပိုင်ရှောင်ချန်း အတည်ပြုလိုက်တော့သည်။

” ဒီတော့ ” သူက နှုတ်ခမ်းကို ကိုက်ကာ
” ရတနာတစ်ပါးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ဆရရင် အခြေခံအဆင့်တစ်ခုကို ပြောင်းလဲသွားတယ်။ အရင်က ဘယ်သူပိုင်ပိုင် ကိစ္စမရှိတော့ဘူး။ တံဆိပ်အမှတ်အသားချန်ခဲ့လိုက်တဲ့ ဘယ်သူမဆို သူ့ရဲ့ သခင်အသစ်ဖြစ်မှာပဲ ”
သို့နှင့် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမရရမည်ဆိုသော သူ၏ရည်ရွယ်ချက်ကို လုံးလုံးမေ့သွားလေပြီ။ သူ၏ စိတ်ဝင်စားမှုအားလုံးသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအပေါ်သာ အာရုံရောက်နေတော့သည်။

” ပထမဆုံး ဆယ်ခါအဆင့်မြှင့်တင်ခြင်းက ငွေအမှတ်အသားကျန်တယ်။ နောက်ထပ် ဆယ်ခါလုပ်ရင် ရွှေအမှတ်အသားပဲ ကျန်နိုင်မလား။ ဒါပေမယ့် အဲဒါ ပြီးရင်ရော ဘယ်လိုအမှတ်အသားပေါ်လာဦးမလဲ ”
နောက်ထပ် မီးတောက်ဖြစ်ပေါ်နေသော ကျောက်ခုံကို လှမ်းကြည့်ရင်း ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ မကြုံစဖူး အလင်းများဖြင့် တောက်ပလာတော့သည်။ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေပဲ သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ စလုပ်လိုက်တော့သည်။

ဆယ့်နှစ်ဆ။ ဆယ့်သုံးဆ။ ဆယ့်လေးဆ။

သစ်ပင်ငယ်၏ မျက်နှာပြင်ပေါ်တွင် ပိုမိုများပြားသော ရွှေရောင်အမှတ်အသားများစွာ ပေါ်လာပြီး နောက်ဆုံး လေးခုဖြစ်သွားလေပြီ။ တချိန်တည်းမှာပင် သစ်ပင်သည် ပိုမိုကြီးထွားလာ၏။ ပင်စည်သည် တုတ်ခိုင်လာပြီး အကိုင်းအခက်များ ပို၍ ပြန့်ကားလာကာ တစ်ခက်စီတိုင်းတွင် သစ်ရွက်အမြောက်အမြားရှိလေသည်။ ပြင်းထန်သော ဖိအားတစ်ခုလည်း သစ်ပင်ထံမှ ထွက်ပေါ်လာတော့သည်။

သစ်ပင်ထံမှ လာနေသော အလွန်တရာစွမ်းအားကြီးဖိအားတစ်ခုကို အာရုံရလိုက်သောအခါ ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ ယခုတွင် သူသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ လုံးဝနစ်မျောနေလေပြီ။ သူ၏ မျက်လုံးများက သစ်ပင်ပေါ်တွင်သာ အာရုံစိုက်ထားပြီး ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဆွဲယူကာ နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း စတင်လိုက်လေသည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် လိပ်ဒယ်အိုးသည် တစ်ခါမှ မကြုံဖူးသော ပုံစံမျိုးဖြင့် တုန်ခါလာတော့သည်။ ထိုသည်မှာ ပိုင်ရှောင်ချန်း အရင်ကတစ်ခါမှ မျက်မြင်ကိုယ်တွေ့မကြုံဖူးသော တုံ့ပြန်ချက်ဖြစ်သည်။ လိပ်ဒယ်အိုးမှ တောက်ပလာသော ရွှေရောင်အလင်းသည် မျက်စိကျိန်းမတတ် လွန်စွာ စူးရှတောက်ပလာ၏။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်ငါးဆသည် အကျိုးသက်ရောက်မှုရှိသော ပြောင်းလဲခြင်းများ ဖြစ်ပေါ်သည့် နေရာဖြစ်ကြောင်း သဘောပေါက်လိုက်၏။

” ဘယ်လို ပြောင်းလဲတာမျိုးပါလိမ့် ”
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကိုက်ရင်း ရေရွတ်လိုက်လေသည်။ မကြာမီ လိပ်ဒယ်အိုးပေါ်ရှိ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး သစ်ပင်သည် ပို၍ကြီးထွားလာတော့သည်။ တချိန်တည်းမှာပင် နတ်အဆင့်၏ စွမ်းအားမျှင်မျှင်ဖြင့် အသက်ဝင်လာတော့သည်။

” နတ်အဆင့် ”
ပိုင်ရှောင်ချန်း၏ နှုတ်မှလွှတ်ခနဲ ထွက်သွားပြီး သူ၏အမူအရာမှာ လုံးဝမယုံကြည်နိုင်ဖြစ်နေလေသည်။ သူက နတ်အဆင့်ကျင့်ကြံသူများနှင့် ကြိမ်ဖန်များစွာ မထိတွေ့ဖူးသော်လည်း နတ်အဆင့် အငွေ့အသက်များကို သတိပြုမိသည် အထိတော့ သူတွေ့ကြုံဖူးလေသည်။

သစ်ပင်ကို သေသေချာချာကြည့်ပြီးနောက် သူက လှမ်းထိလိုက်သည်။ ထိုသို့ပြုလုပ်လိုက်ချိန်တွင် သူက ကောင်းကင်ဘုံနှင့် ဆက်သွယ်သွားသည့်အလား ရုတ်တရက် ခံစားလိုက်ရ၏။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက အင်မတန် နက်နဲဆန်းကြယ်နေလိမ့်လို့ ယုံတောင် မယုံနိုင်ဘူး ”
သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်လေသည်။ ထို့နောက် သူက အတွေးထဲ နစ်မြောသွားပြီး ကျောက်ခုံ၏ နောက်ထပ် မီးညွန့်တစ်ခုကို ဆွဲယူကာ နောက်ထပ်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြုလုပ်လိုက်သည်။

ဝုန်းးးး။

ဆယ့်ခြောက်ဆ.။ ဆယ့်ခုနစ်ဆ။ ဆယ့်ရှစ်ဆ။ ဆယ့်ကိုးဆ။ အဆနှစ်ဆယ်…..။

သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို တစ်ဆက်တည်းပြုလုပ်လိုက်ရာ သစ်ပင်သည် ကြီးသထက်ကြီးလာတော့သည်။ ယခုတွင် ၄င်းက အလုပ်ရုံ၏ နေရာအများစုတွင် ပြည့်နေပြီး ဆက်လက် ကြီးထွားရန် နံရံကိုပင် ထိုးဖောက်တော့မည့်ပုံရလေသည်။ မော့ကြည့်လိုက်လျှင်ပင် ပိုင်ရှောင်ချန်းမှာ သစ်ပင်၏ ထိပ်ကိုပင် မမြင်ရတော့ပေ။ ကံကောင်းထောက်မစွာ လိပ်ဒယ်အိုးအတွင်းတွင် နောက်ထပ်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ဆက်လက်ပြုလုပ်ရန် နေရာတစ်ချို့ရှိနေသေးသည်။

သစ်ပင်၏ မျက်နှာပြင်ပေါ်ကို ရွှေရောင်အမှတ်အသားဆယ်ခုက ဖုံးလွှမ်းထားရာ တလက်လက်တောက်ပနေပြီး မျက်လုံးဖမ်းစားလေသည်။ ထိုမျှသာမက သစ်ပင်ထုတ်လွှတ်နေသော နတ်အဆင့်စွမ်းအားကြောင့် ပိုင်ရှောင်ချန်းမှာ တစ်ကိုယ်လုံးတုန်တက်သွားတော့သည်။

သူ့အတွက် သူ့ရှေ့တွင် ချိန်ဟဲ့ထျန် သို့မဟုတ် သခင်မလေး ဟုန်ချိန်တို့ထက် များစွာ အစွမ်းထက်သော နတ်အဆင့်ကျင့်ကြံသူတစ်ယောက် အမှန်တကယ်ရပ်နေသည့်အလား ခံစားလိုက်ရလေသည်။

ကြည့်ရသ၍ ဤစွမ်းအားအဆင့်သည် နတ်အဆင့်၏ အထွတ်အထိပ်ဖြစ်ဟန်တူသည်။

သူ၏ အပြင်အားခန္ဓာကိုယ်မည်မျှ အစွမ်းထက်ပါစေ၊ ပိုင်ရှောင်ချန်းကို ထိလိုက်သည်နှင့် ခန္ဓာကိုယ်သာမက ဝိညာဥ်ကိုပါ သတ်ပစ်နိုင်သည့် အလွန်ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းအလားပင်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် ၄င်းက ချိန်ဟဲ့တျန်နှင့် သခင်မလေးဟုန်ချိန်ကို လုံးဝ အစွမ်းကင်းမဲ့သွားစေရန် စွမ်းဆောင်နိုင်သည်အထိ အစွမ်းထက်ကြောင်း သေချာသိနေသည်။

ပိုင်ရှောင်ချန်းအတွက် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်မှာ သစ်ပင်ပေါ်၌ သူ့အမှတ်အသား ရှိနေဆဲဖြစ်သောကြောင့်ပင်။ အတွေးလေးတစ်ချက်၊ လက်လေးတစ်ချက်ဝှေ့လိုက်ရုံနှင့် သူ၏ကိုယ်ပိုင်ပိုင်ဆိုင်မှု မှော်ပစ္စည်းအဖြစ် ပြုလုပ်နိုင်လေသည်။

ထိုသို့သော မှော်ပစ္စည်းတစ်ခုနှင့်သာဆိုလျှင် ချိန်ဟဲ့ထျန် သို့မဟုတ် သခင်မလေး ဟုန်ချိန်ကို အနိုင်ယူရန် လုံးဝယုံကြည်ချက်ရှိသည်။

” ငါ၊ ငါ ဒီရတနာကို ငါ့ရဲ့ လိပ်ဒယ်အိုးလေးကြောင့် ဖန်တီးထားတာ။ ဒီကမ္ဘာမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အဆနှစ်ဆယ်ရှိတဲ့ တခြား အဖိုးတန်ရတနာတွေ ရှိသေးလား သိချင်လိုက်တာ ”

” တကယ်လို့၊ တကယ်လို့ ဒီသစ်ပင်ကိုသာ ငါနဲ့ယူသွားလို့ရလို့ကတော့ သေချာပေါက်ပွပြီပဲ။ ငါ.. ငါ အဏ္ဏဝါခေါ်သံဂိုဏ်းကို ချက်ချင်း ပြန်နိုင်မှာ ”
သို့သော် သူ၏ စိတ်လှုပ်ရှားမှုများသည် မသေချာမရေရာကြောင်း ပြန်စဥ်းစားမိလိုက်လေသည်။ ဤသစ်ပင် မည်မျှ စွမ်းအားကြီးကြောင်း တွေးလိုက်လျှင် ဤနေရာမှ အမှန်တကယ် ယူသွား၍ရမည်မထင်ပေ။ ထို့ကြောင့် မီးတောက်အသစ်တစ်ခုကို လှမ်းယူလိုက်ပြီး လိပ်ဒယ်အိုးထဲ ပစ်ထည့်လိုက်လေသည်။

” နှစ်ဆယ့်တစ်ဆ”

ထိုအချိန်တွင် အပြင်ဘက်၌ ကျိုးရီရှင်း၏ ဆံပင်မွှေးများ ထောင်ထနေလေပြီ။ အစောပိုင်းက သူသည် မည်သည့်နတ်မီးလျှံစမ်းသပ်ပွဲသို့ ရွေးရမည်ဆိုသည်ကို ဆုံးဖြတ်ပြီးသွား၍ ဝင်ရောက်အံ့ဆဲဆဲမှာပင် ပိုင်ရှောင်ချန်း၏ စက်လုံးက ပို၍ပင် တောက်ပလာတော့သည်။

အမှန်မှာ ပိုင်ရှောင်ချန်း၏ စက်လုံးက အလွန်လျင်မြန်စွာ တောက်ပလာနေသောကြောင့်ပင်။ ၄င်းက ဤနေရာရှိ အခြားသော စက်လုံးများအားလုံးနီးပါးထက် အလွန်လျင်မြန်စွာ ကျော်လွန်လာသည်ကို ကြည့်ရင်း ကျိုးရီရှင်း၏ မျက်လုံးများပြူးထွက်နေလေပြီ။

ထို စက်လုံးများအတွင်းရှိ လူအားလုံးသည် ပိုင်ရှောင်ချန်းထက် ကြိုတင်ရောက်နေခဲ့ကြသော်လည်း သူ့ကို မည်သို့မျှ မယှဥ်နိုင်ကြပေ။ သူက အပြတ်အသတ် ဦးဆောင်နေသည့် သခင်မလေး ဟုန်ချိန်ကိုပင် လိုက်နေလေသည်။

ယခုထက်ထိ မမီသေးသော်လည်း သူ၏ စက်လုံးထုတ်လွှတ်နေသော အကန့်အသတ်မဲ့ အလင်းများအရ သခင်မလေး ဟုန်ချိန်ကို မယှဥ်နိုင်သည်မှာ မဖြစ်နိုင်ပေ။

ကျိုးရီရှင်း၏ မျက်လုံးများ ပြူးကျယ်နေကာ သူ၏ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ယုံကြည်သွားပြီး မျက်လုံးများကို ပွတ်လိုက်သော်လည်း ပြန်ဖွင့်ကြည့်သောအခါ တစ်ခုမှ ပြောင်းလဲမသွားပေ။

” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
သူ့စိတ်ထဲတွင် မနာလိုမှုများ တိုးပွားလာပြီး အံကြိတ်ထားသောကြားမှ ဒေါသတကြီး ရေရွတ်လိုက်လေသည်။
” သောက်ကျိုးနည်း၊ ဒီကောင် ပထမရတော့မှာလို့ ငါ့ကို မပြောလိုက်နဲ့နော် “


Comment

Leave a Reply


Options

not work with dark mode
Reset