Switch Mode

အပိုင်း(၁၆၄၈)

နတ်ဘုရားများ၏ ဂူသင်္ချိုင်း

ကောင်းကင်နန်းတော်အထက်တွင် နတ်အလင်းတို့ လင်းလက်နေသည်။ မဟာလမ်းစဥ် ဖိအားအောက်မှ ယူချင်းသည် သူ၏ ကိုယ်ပိုင် နတ်ဆိုးစွမ်းအားများကို အစွမ်းထက် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့  ပြောင်းလဲထားသည်။

သူ၏ နတ်ဆိုးစွမ်းအားတို့က ကောင်းကင်နန်းတော်ကို ထိုးဖောက်ဝင်ရောက်နေပြီး သူသည် အလွန် ကြီးမားလေးလံ၍ နက်မှောင်သည့် အရာဝတ္ထုတစ်ခုကို မြင်တွေ့ခဲ့ရသည်။ သူ၏ နတ်ဆိုးစွမ်းအားများက လှုပ်ရှားလာပြီး လှုပ်ခါနေသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူသည် ကောင်းကင်နန်းတော်အတွင်းရှိ ထိုအရာက သူ၏ ကိုယ်ပိုင်နတ်ဆိုးစွမ်းအားများကို ပြင်းထန်စွာ သက်ရောက်ကြောင်း ခံစားမိပြီး ထို နတ်အလင်းများ တောက်ပနေသည့် မည်းနက်နေသည့် အရာက ပျံသန်းထွက်လာသည်ကို တွေ့လိုက်ရသည်။  ၎င်းသည် လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားနိုင်ခဲ့သည်။

“အဲဒါ ဘာကြီးလဲ။”

လူအများသည် ထိုမည်းနက်နေသည့် အရာဝတ္ထုကို မြင်သည့်အခါ ဆွေးနွေးလိုက်ကြသည်။ အဝေးမှ ရှိနေသည့်လူများသည်ပင် ထိုမည်းနက်နေသော အရာ၏ အလေးချိန်ကို ခံစားမိပေသည်။

“ကျောက်တုံးတစ်တုံးနဲ့ တူတယ်။” အလွန် လေးလံသည့် ခံစားမှုကို ပေးသော ကျောက်တုံးနက်ကြီးကို ကြည့်ကာ တစ်ယောက်က ရေရွတ်လိုက်သည်။

ထိုကျောက်တုံးနက်က ယူချင်းဆီသို့ တိုက်ရိုက်ပျံသန်းလာပြီး ယူချင်း၏ လက်ဝါးအတွင်း ဆင်းသက်လာသည်။ ချက်ချင်းပင် ထိုကျောက်တုံးသည် သူ၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွား၏။

ဘုန်း…

ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ယူချင်း၏ ခန္ဓာကိုယ်သည် ဖိနှိပ်ခံလိုက်ရကာ သူ၏ ကြံခိုင်သန်စွမ်းသော နတ်ဆိုးခန္ဓာသည်ပင် ၎င်း၏ စွမ်းအားကို ခံနိုင်ရည်မရှိဟု ထင်မှတ်ရသည်။

ကြည့်ရသည်မှာ ယူချင်းသည်လည်း တူညီသည့် နတ်လက်နက်တစ်ခုကို  ရရှိခဲ့ပုံရသည်။

ထို့နောက်တွင် အနည်းငယ်ပိုမိုသည့် နတ်လက်နက်ပစ္စည်းတို့ ပျံသန်းထွက်ပေါ်လာကာ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူတို့သည် နတ်လက်နက်ပစ္စည်းများကို လက်ခံရရှိသူတို့သည် ရီဖူရှင်းမှလွဲ၍ အခြားသူတို့သည် ယခင် ရုပ်တု စွမ်းအားများကို ဆက်ခံထားသူများဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

သို့သော် ရီဖူရှင်းက ရုပ်တုကို ဖြေရှင်းနိုင်ခဲ့သည်ဖြစ်ရာ သူ့ကို တစ်စိတ်တစ်ပိုင်းဟု မှတ်ယူနိုင်ပေသည်။

သို့ဆိုလျှင် သူတို့က ရုပ်တု၏ စွမ်းအားတို့ကို ဆက်ခံနိုင်ခဲ့သည့်အတွက် သူတို့၏ စွမ်းအားတို့က ပို၍ အားကောင်းလာသည်လား။ မဟုတ်လျှင် သူတို့က မည်သို့ ကောင်းကင်နန်းတော်၏ နတ်စွမ်းအားတို့ကို ခုခံနိုင်စွမ်းရှိပြီး ရတနာများကို ရရှိခဲ့သနည်း။

သူတို့၏ ကိုယ်ပိုင် ခွန်အားက အားကောင်းပြီး ရုပ်တုစွမ်းအားများကို ဆက်ခံရန် အရည်အချင်း ပြည့်မီခဲ့သည့်အတွက် နတ်လက်နက်များကို ရရှိနိုင်ခဲ့သည်လား။

ဖြစ်နိုင်သည်မှာ သူတို့၏ ပင်ကိုစွမ်းအားက အားကောင်း၍ ရုပ်တု၏ စွမ်းအားများကို ဆက်ခံနိုင်ခဲ့သည်။ ထို့နောက်တွင် သူတို့က ပို၍ အားကောင်းလာသည့်အတွက် ယခု ဖြစ်ပျက်ခဲ့သမျှ အားလုံးက ပို၍ ကျိုးကြောင်းဆီလျော်ပေသည်။

အရာအားလုံးက တိုက်ဆိုင်စွာ ဖြစ်ပွားနိုင်သော်လည်း ခွန်အားကလည်း ပြဿနာတစ်ရပ် ဖြစ်နိုင်ပေသည်။

နတ်သိုင်းဝိညာဥ်ရရှိသူ ဆယ်ယောက်တွင် ရီဖူရှင်းမှလွဲ၍ ကျန်သည့်ကိုးယောက်မှာ ရုပ်တု၏ စွမ်းအားကို ဆက်ခံနိုင်ခဲ့ကြသည်။ သတ်ဖြတ်ခြင်းလောက မှ ရုပ်တု၏ လျှို့ဝှက်ချက်ကို ဖြေရှင်းခဲ့သော်လည်း ရုပ်တု၏ အမွေအနှစ်ကို ဆက်ခံရန် အရည်အချင်း မလုံလောက်၍ အခြားသူများ၏ လုယူသွားခြင်းကို ခံရပေသည်။ သူက နတ်လက်နက်ပစ္စည်းများကို မရရှိခဲ့သလို သူ၏ ကံတရားသည်လည်း အခြားသူများ၏ လုယူသွားခြင်းကို ခံလိုက်ရသည်။

ဤသို့ဖြင့် ရီဖူရှင်းက ချင်းလင်ထက် ပို၍ ထူးချွန်သည်ကို ပြသနေသည်။ သူသည် ရုပ်တု၏ စွမ်းအားကို မဆက်ခံရသော်လည်း နတ်လက်နက်ကို ရရှိခဲ့ပေသည်။

အခြားသော ထိပ်သီးပုဂ္ဂိုလ်များမှာ အလွန် ကြီးမားသည့် ဖိအားအောက် ရောက်ရှိနေပေသည်။ သူတို့၏ နတ်ဝိညာဥ်တို့က ကောင်းကင်နန်းတော်သို့ ဝင်ရောက်သွားနိုင်လျှင်ပင် အခက်တွေ့ရပြီး နတ်လက်နက်ပစ္စည်းများအား မထုတ်ယူနိုင်ခင် နန်းတော်မှ ထုတ်လွှတ်နေသည့် အစွမ်းထက်လှသော ကောင်းကင်အာဏာစက် စွမ်းအားကြောင့် ကျရှုံးခဲ့ရလေသည်။

ရှန်းကလန်အပါအဝင် ထျန်းရှန်ကျောင်းတော်မှ အခြားသော ထိပ်တန်းပုဂ္ဂိုလ်များသည် အရှုံးကို လက်မခံနိုင်ဘဲ ထပ်ခါထပ်ခါ ကြိုးစားနေကြသည်။

သို့သော် တစ်ကြိမ်ကျရှုံးသွားသည်နှင့် နောက်တစ်ကြိမ် ကြိုးစားမှုတွင် ဖိအားက ပိုကြီးလာကာ သူတို့၏ စွမ်းအားများကို ပိုမိုများပြားစွာ သုံးစွဲလာရကြောင်း တွေ့ရှိရပေသည်။

သို့ဆိုလျှင်ပင် ကျန်ချင်းကျူ၊ ရှန်းဟောက်နှင့် အခြားသူများသည် ခေါင်းမာစွာနှင့် အထက်သို့ တက်သွားနေကြဆဲ ဖြစ်ကာ ကောင်းကင်နန်းတော်၏ အောက်ခြေတွင် ရပ်နေခဲ့သည်။ သူတို့သည် နန်းတော်အတွင်းရှိ နတ်လက်နက်ပစ္စည်းများကို စူးစမ်းလေ့လာချင်နေသည်။

နတ်လက်နက်ပစ္စည်းများအပြင် အခြား နတ်ဘုရားအမွေအနှစ်များလည်း ရှိနေနိုင်သည်လား။

သူတို့သာလျှင် ထိုသို့တွေးသည်မဟုတ်ဘဲ ရီဖူရှင်း၌လည်း တူညီသော အတွေးရှိပေသည်။ ဤနေရာက နတ်ဘုရားအမွေအနှစ် နယ်မြေဖြစ်သည့်အတွက် နတ်ဘုရားအမွေအနှစ်များ ကျိန်းသေ ရှိသင့်ပေသည်။

ဤကောင်းကင်နန်းတော်သည် နောက်ဆုံး အမွေအနှစ်ဖြစ်ကာ အင်ပါယာ၏ ပုံရိပ်ကလည်း ပေါ်ပေါက်လာခဲ့ပြီး ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှ အလွန် တောက်ပသည့် ရွှေရောင်ရောင်ဝါများ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးများသည်လည်း ရွှေရောင်နတ်မျက်ဝန်းများကဲ့သို့ ပြောင်းလဲသွားပြီး အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ ဖြစ်လာသည်။

ဘုန်း…

နတ်ဝိညာဥ်က ကောင်းကင်နန်းတော်သို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ပြီး နန်းတော်၏ မြင့်မြတ်သော ပုံရိပ်က သူ့စိတ်အတွင်း ပေါ်ပေါက်လာပြီး တောက်ပသည့် ရောင်ဝါများကို ထုတ်လွှတ်နေသည်။

တုန်ခါနေသည့် အသံများကို ကြားလိုက်ရပြီး ကောင်းကင်နန်းတော်တစ်ခုလုံးကို တုန်ခါလာစေသည်။ အင်ပါယာ၏ ပုံရိပ်က ကောင်းကင်မှနေ၍ ကြည့်နေဟန်တူသည်။ ထိုအချိန်တွင် အကြည့်နှစ်ခုက တစ်နေရာတည်းတွင် စုံစည်းလာသည်ဟု ထင်မှတ်ရပေသည်။

ကောင်းကင်နန်းတော်အတွင်း ရီဖူရှင်းသည် သူ့အရှေ့တွင် ကောင်းကင်လမ်းစဥ်၏ အရှင်သခင် မဟာအင်ပါယာက  နောက်ကျော၌ လက်များကို ယှက်ကာ ရပ်နေသည်ဟု ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ် ဖိအားတစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး မဟာအင်ပါယာ၏ အစစ်အမှန် စွမ်းအားတို့က သူ့မျက်လုံးများကို ထိုးဖောက်လာသကဲ့သို့ ထင်မှတ်ရပေသည်။

“အဲဒီတော့ ဒါက…”

ထိုအချိန်တွင် ရှေးခေတ်အခါက သက်ပြင်းချသံက ရီဖူရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသကဲ့သို့ ထင်မှတ်ရသည်။ နောက်တစ်ခဏတွင် အင်ပါယာ၏ အရိပ်က ပျောက်ကွယ်သွားပြီး ကောင်းကင်နန်းတော်သည် အဆုံးမဲ့အလင်းများ ပေါက်ကွဲထွက်လာကာ ချက်ချင်း ပြိုကျသွားလေသည်။ အောက်ဘက်ရှိ လူများသည် သူတို့၏ နတ်ဝိညာဥ်တို့ ပြင်းထန်စွာ တုန်ခါသွားသည်ကို ခံစားမိပြီး မျက်လုံးများဖွင့်ရန် ခက်ခဲသွားပေသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ။” လူအများသည် သူတို့၏ မျက်လုံးများ​ကို မှိတ်ကာ နတ်ဝိညာဥ်ကို ပြန်ရုပ်သိမ်းလိုက်ကြပြီး ချောင်းကြည့်ရန်ပင် ကြောက်ရွံ့နေကြသည်။

ရှန်းဟောက်သည် သူ၏ နတ်မျက်လုံးကို ဖွင့်ကာ အနီးကပ်ကြည့်လိုသော်လည်း အင်ပါယာ၏ ပုံရိပ်က ပေါ်ပေါက်လာပြီး သူ၏ မျက်လုံးများကို အလွန် စူးရှပြင်းထန်သည့် ဖိအားတို့ ဝင်ရောက်လာကာ သွေးစတို့ပင် ထွက်လာခဲ့၏။ သူက ညည်းညူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ကာ နောက်ထပ် ချောင်းမကြည့်ရဲတော့ပေ။

မည်သည်တို့ ဖြစ်နေသနည်း။

ရှန်းဟောက်သာလျှင် မဟုတ်ဘဲ လူတိုင်းသည်လည်း မည်သို့ ဖြစ်နေသည်အား သိချင်နေကြသည်။

သူတို့သည် အင်ပါယာ၏ စွမ်းအားက မည်သည့်အတွက် ရုတ်တရက် အားကောင်းလာပြီး လူတိုင်းကို ဖိနှိပ်နေရသည်ကို နားမလည်နိုင်​ကြပေ။

ရီဖူရှင်း၏ မျက်လုံးများသာ ပွင့်နေခဲ့ပြီး သူ့အနီးမှ အရာအားလုံးက ပုံရိပ်ယောင်များ ဖြစ်လာသည်။ မရေတွက်နိုင်သည့် နတ်အလင်းတို့က အောက်သို့ ကျဆင်းလာကာ သူ၏ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားပြီး အစစ်အမှန် အင်ပါယာတစ်ပါး မြေပေါ် သက်ဆင်းလာသကဲ့သို့ ထင်မှတ်ရသည်။ သူမှလွဲ၍ အခြားမည်သူကမှ မျက်လုံးမဖွင့်ရဲကြသလို နတ်ဝိညာဥ်နှင့်လည်း ချောင်းမကြည့်ရဲကြပေ။

ထိုသက်ပြင်းချခြင်းက အဓိပ္ပါယ်က မည်သည်နည်း။

နှိုင်းယှဥ်မရအောင် သန့်စင်သည့် အလင်းတို့က သူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေပြီး ကောင်းကင်နန်းတော်မှ အလင်းများ အားလုံးက သူ့ဆီသို့ လာနေခဲ့သည်။

“ဧကရာဇ်စွမ်းအား”

ရီဖူရှင်းသည် ဧကရာဇ်၏ နောက်ထပ် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း တစ်ဟုန်ထိုး ဝင်ရောက်နေသည်ကို ရှင်းလင်းစွာ ခံစားမိ​ပေသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာအတွင်းမှ အင်ပါယာ၏ စွမ်းအားများက အပြင်းအထန် လှုပ်ရှားနေကာ အဆုံးမဲ့ ရောင်ဝါတို့ကို ထုတ်လွှတ်နေသည်။  ရီဖူရှင်း၏ ဝတ်ရုံက တဖျတ်ဖျတ် လွင့်နေခဲ့သည်။ သူသည် အထွတ်အထိပ် အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

သို့သော် မည်သူကမှ ဤမြင်ကွင်းကို မမြင်တွေ့ခဲ့ကြပေ။

ရှေးဟောင်း ကမ္ဘာ့သစ်ပင်က ယိမ်းထိုးနေကာ အလွန် တောက်ပသည့် အလင်းတို့ ပေါက်ကွဲထွက်လာ၍ ကျဆင်းလာသည့် စွမ်းအား အားလုံးကို ဝါးမျိုနေပြီး နတ်အလင်းတို့က အလွန်တရာ တောက်ပနေသည်။

“အချိန်ကျပြီ။” အတွေးတစ်ခုက ရီဖူရှင်းထံ၌ ဖြစ်ပေါ်လာသည်။ သူ၏ စိတ်ထဲ အတွေးတစ်ချက် ဖြစ်လာသည်နှင့် အဆုံးမဲ့ မဟာလမ်းစဥ် နတ်အလင်းတို့က သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ ပေါင်းစည်းသွားသည်။ အတွင်း၌ အလွန်များကြားသည့် သက်စောင့်ဝိညာဥ်များ တစ်ချိန်တည်းတွင် ပေါ်ပေါက်လာသည်။ မမြင်ရသည့် လမ်းစဥ်စွမ်းအားတို့က တောက်ပမှုများအတွင်း လှည့်ပတ်နေကာ တလောကလုံးကို ဖုံးလွှမ်းထားသည်။

ဓားအသိ နှင့်အတူ တေးသွားတစ်ခု ထွက်ပေါ်လာသည်။

နတ်အလင်းများက စုစည်းလာပြီး ရီဖူရှင်း၏ တစ်ကိုယ်လုံးကို ကြီးမားသည့် အရိပ်တစ်ခုက ဖုံးလွှမ်းသွားသည်။ ထိုသည်မှာ ကု့ချင်းတစ်လက်ဖြစ်ပြီး ကြိုးတိုင်းသည် ဓားတစ်လက်ဖြင့် လုပ်ထားသကဲ့သို့ အလွန် ထက်ရှနေသည်။

ကောင်းကင်နှင့် မြေကြီးအကြားတွင် တေးသွားသံစဥ်က စီးမျောနေပြီး သန့်စင်သည့် အလင်းတန်းများစွာ ကျဆင်းလာနေကာ ကု့ချင်းသည် တဖြည်းဖြည်း ပုံစံပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားသည်။

မဟာလမ်းစဥ်နတ်အလင်း၊ ရှေးဟောင်း ကမ္ဘာ့သစ်ပင်မှ လမ်းစဥ်စွမ်းအားနှင့် ကောင်းကင်နှင့် မြေကြီးအကြားမှ အဆုံးမဲ့ စွမ်းအားတို့က စုစည်းလာသည်။ တစ်စုံတစ်ယောက်က သူတို့၏ မျက်လုံးများကို ဖွင့်ကြည့်နိုင်ခဲ့လျှင် လေဟာနယ်အတွင်း မရေတွက်နိုင်သည့် ကု့ချင်းများ ပေါ်ပေါက်နေသည်ကို မြင်တွေ့နိုင်လိမ့်မည် ဖြစ်သည်။ အားလုံးသော ကု့ချင်းများက တစ်ခုတည်းအဖြစ် စုစည်းနေပြီ နောက်ဆုံး၌ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားကာ မဟာလမ်းစဥ်နတ်ဝင်ရိုးအဖြစ် ပြောင်းလဲသွားသည်။

“တစ်ယောက်ယောက် အဆင့်တက်နေတာလား။”

ကျန်ချင်းကျူ၊ ရှန်းဟောက်နှင့် အခြားသူများသည် အပြင်လောကမှ ဖြစ်ပျက်နေသည်များကို လေ့လာစူးစမ်း၍ မရသော်လည်း သူတို့၏ အာရုံက ခံစားမိသေးပေသည်။ ၎င်းသည် ရှင်းပြ၍ မရနိုင်အောင် ခက်ခဲသည့် ခံစားမှုကို ပေးသော်လည်း တစ်စုံတစ်ယောက်က အဆင့်တက်နေခြင်းနှင့်တူကာ တေးသွားသံစဥ်များကို ခပ်ရေးရေး ကြားနေရသည်။

တခဏအကြာ၌ အခြားသော ကြီးမားသည့် ရွှေရောင်နတ်ဆင် အရိပ်ကြီး ပေါ်ပေါက်လာသည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် မရေတွက်နိုင်သည့် နတ်ဆင်ပုံရိပ်များ ပေါ်ပေါက်လာကာ ကောင်းကင်ကို ဖြတ်သန်းချီတက်လာသည်မှာ အလွန်ပင် ခမ်းနားလှပေသည်။

ခမ်းနားထည်ဝါ၍ အားကောင်းလှသော နတ်ဆင်များက လေထုအတွင်း ပြေးလွှားနေပြီးနောက် တစ်ခုတည်းအဖြစ်သို့ စုစည်းသွားကာ နတ်အလင်းရောင်ဝါတို့ လိုက်ပါလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ထောင်ချီနတ်ဆင်အရိုးတို့သည်ပင် နတ်ဝင်ရိုးအတွင်းသို့ ပေါင်းစပ်ပျော်ဝင်သွားလေသည်။

သူ ဖွဲ့စည်းလိုက်သည့် နတ်ဝင်ရိုးက အလွန် ထူးခြားလှသည်။ ယခင်က လီဟန်ဓားသမားသည် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ထုတ်လွှတ်ခဲ့သော်လည်း ရီဖူရှင်းကဲ့သို့ တောက်ပခြင်း မရှိပေ။ ထို့ပြင် ဤနတ်ဝင်ရိုးသည် အလွန် သန့်စင်သည့် စွမ်းအားများဖြင့် ပေါင်းစပ်ထားသည်။

ဘုန်း…

အားကောင်းလှသည့် နတ်ဝိညာဥ်က ကောင်းကင်သို့ တစ်ဟုန်ထိုး တက်သွားခဲ့သည်။ ရီဖူရှင်းသည် တစ်လောကလုံးက မတူကွဲပြားသွားသည်ဟု ခံစားမိပြီး သူ၏ နတ်ဝိညာဥ်သည် မဟာလမ်းစဥ်ကို ကိုယ်စားပြုသည့် သူကိုယ်တိုင်ထက်ပင် ပို၍ အားကောင်းလာသည်။

ရန်ဟောင်သည် ကောင်းကင်နှင့် မြေကြီး၏ ဂုဏ်သရေကို မျှဝေပြီး နေမင်းနှင့် လမင်း၏ တည်ရှိမှုကဲ့သို့ ရှင်သန်ကြသည်။

ထိုအချိန်၌ ရီဖူရှင်းသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူ၏ မျက်လုံးများက ပို၍ တောက်ပလာပြီး ကောင်းကင်နန်းတော်ကို ထိုးဖောက်သွားကာ ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်လိုက်သကဲ့သို့ ကြည့်နေခဲ့သည်။ သူ၏ နတ်ဝိညာဥ်က အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ထိုအချိန်တွင် ရီဖူရှင်း၏ နတ်ဝိညာဥ်သည် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းသွားနေသည်ဟု ထင်မှတ်ရပြီး သူသည် အလွန် ခမ်းနားကြီးကျယ်သည့် မြင်ကွင်းကို မြင်တွေ့ရကာ သူ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာသည်။

“အဲဒါက ဘာလဲ”

သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ နှလုံးသားက အပြင်းအထန် တုန်လှုပ်သွားခဲ့သည်။ ဤအရာအားလုံးက မည်သည်ကို ဆိုလိုနေသနည်း။

ဘုန်း… နှိုင်းယှဥ်၍မရသော မဟာလမ်းစဥ်နတ်စွမ်းအားများက ကျဆင်းလာပြီး ကောင်းကင်လမ်းကြောင်းက ပိတ်ဆို့သွားခဲ့သည်။ ကောင်းကင်မျက်လုံးသည်လည်း ပိတ်သွားခဲ့၏။ ရီဖူရှင်း၏ နတ်ဝိညာဥ်က တုန်ခါကာ နောက်သို့ ဆုတ်ခွာလိုက်ရပြီးနောက် နတ်အလင်းတို့က တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ ကောင်းကင်နန်းတော်သည်လည်း မှေးမှိန်လာပေသည်။

ရီဖူရှင်းသည် သူ ထုတ်လွှတ်ထားသည့် စွမ်းအားတို့ကို ရုတ်သိမ်းလိုက်သည့်အခါ အရာအားလုံးက ပုံမှန်ဖြစ်သွားခဲ့ပြီ လူတိုင်း၏ မျက်လုံးများလည်း ပွင့်လာကာ အပြင်ဘက်ရှိ အရာအားလုံးကို စူးစမ်းလိုက်ကြသည်။ ယခု မည်သည်တို့ ဖြစ်ပျက်သွားသနည်း။

“ကောင်းကင်နန်းတော် ပိတ်သွားပြီ။” လူအများသည် ကောင်းကင်နန်းတော် ပိတ်သွားပြီး နတ်အလင်းတို့ ပျောက်ကွယ်သွားကာ အင်ပါယာ၏ အရိပ်လည်း မရှိတော့သည်ကို မြင်တွေ့လိုက်ကြရသည်။

မည်သို့ ဖြစ်ပျက်သွားသနည်း။

မည်သူမှ မသိကြပေ။ သူတို့သည် အချင်းချင်းကြည့်လိုက်ကြပြီးနောက် ရီဖူရှင်း၏ အရှိန်အဝါက ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ကြသည်။

“ရန်ဟောင်” လူအများသည် ရီဖူရှင်းကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီးသည့်အခါ သူတို့၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။ သူက မည်သို့ဖြစ်၍ ဤမျှ အချိန်တိုအတွင်း အဆင့်တက်သွားနိုင်ရသနည်း။

သူက အချို့သော အကျိုးအမြတ်တို့ ရရှိခဲ့သည်လား။

သို့သော် ရီဖူရှင်းသည် ယခင်က လမ်းစဥ်သစ်သီးများစွာကို စားသုံးခဲ့ပြီး သူသည် အဆင့်တက်ရန် အခွင့်အရေးကို ရရှိခဲ့ပြီး ဖြစ်သည်။ အဆင့်တက်ခြင်း မရှိသေးဘဲနှင့်ပင် သူ၏ လမ်းစဥ်စွမ်းအားများက အလွန် အားကောင်းလှပြီး သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုး ဖွဲ့စည်းခြင်းကို ပံ့ပိုးပေးနိုင်နေပြီ ဖြစ်၏။

သူက လုပ်နိုင်သော်လည်း တတ်နိုင်သမျှ ရန်ဟောင်အဆင့်မတက်ရန် လုပ်ဆောင်ခဲ့ပြီး ယခု အချိန်ကျလာသည့်အခါ၌ အဆင့်တက်ရန် ရွေးချယ်ခဲ့ပေသည်။

ရီဖူရှင်းသည် အခြားသူများ၏ အကြည့်တို့ကို သတိမပြုမိဘဲ သူ၏ အကြည့်တို့က လေထုအထက်တွင် စူးစိုက်နေခဲ့သည်။ သူသည် အစောပိုင်းက မြင်တွေ့ခဲ့သည့်အရာကို ဖော်ပြ၍ မရနိုင်ပေ။

မိုးကုပ်စက်ဝိုင်းအပြင်ဘက်၌ သူသည် မရေတွက်နိုင်သည့် လေဟာနယ် နယ်မြေများကို မြင်တွေ့ခဲ့ပြီး ထိုအရာအားလုံးက နတ်ဘုရားအမွေအနှစ် နယ်မြေ အစိတ်အပိုင်းများ ဖြစ်ပုံရသည်။

ထိုအချိန်၌ သူသည် နတ်ဘုရားအမွေအနှစ် နယ်မြေကို ခေါ်သည့် နောက်ထပ် အမည်တစ်မျိုးကို  သတိရလာပေသည်။

နတ်ဘုရားတို့၏ သင်္ချိုင်းမြေ။

ရှေးအခါကပင် ကောင်းကင်လမ်းကြောင်းက ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကျဆုံးသွားသည့် နတ်ဘုရားများ ချန်ရစ်ခဲ့သော နတ်ဘုရားတို့၏ သင်္ချိုင်းဖြစ်နေသည်လား။

နတ်ဘုရားအမွေအနှစ် နယ်မြေက နတ်ဘုရားသင်္ချိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလား။

သူသည် ဤနေရာ၏ ဝင်ပေါက်အား မည်သူက ထိန်းချုပ်နေသည်ကို မှန်းဆ၍ မရနိုင်ပေ။

မရေတွက်နိုင်သည့် မေးခွန်းများက သူ အဆင့်တက်၍ ပျော်ရွှင်ရမည်ကိုပင် မေ့သွားအောင် ပြုလုပ်နေသည်။

အခုနက မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို အကြီးအကျယ် သက်ရောက်စေပုံရသည်။

“အခုနက ဘာဖြစ်သွားလဲ မြင်လိုက်လား။” ကျန်ချင်းကျူက ရီဖူရှင်းကို မေးလိုက်သည်။ သူသည် တစ်ယောက်ယောက် အဆင့်တက်နေသည်ဟု ခံစားမိလိုက်ပြီး ယခု သူ၏ အာရုံခံစားမှုက မှန်ကန်ကြောင်း သက်သေပြနေသည်။ ရီဖူရှင်းသည် သူ မည်သည့်အရာမှ မမြင်တွေ့လိုက်ရသောအချိန်တွင် အဆင့်တက်သွားခဲ့သည်။

သို့ဆိုလျှင် ရီဖူရှင်းက အရာအားလုံးကို မြင်တွေ့ခဲ့သည်လား။

“မြင်လိုက်တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ရုတ်ချည်းပင် အားလုံး၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ သူ့ကို စူးစိုက်ကြည့်လာခဲ့သည်။

“ကျုပ်က မဟာအင်ပါယာ နိုးထလာပြီး ကျုပ်ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားတာကို မြင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ အမွေအနှစ်တွေကို ကျုပ်ဆီ ပေးအပ်ခဲ့တယ်။ နတ်ဘုရားတွေရဲ့ ခေါ်သံကို ခံစားမိပြီး နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေကို မြင်တွေ့ခဲ့တယ်။ နတ်ဘုရားတွေကို မျက်မြင်တွေ့ခဲ့ပြီး ကံကြမ္မာအမိန့်ကို ကျုပ်ရဲ့ အဆင့်တက်ခြင်းနဲ့ သက်သေပြပြီးခဲ့ပြီ။” ရီဖူရှင်းက အလွန် တည်ငြိမ်သော အသံနှင့် ကြေညာခဲ့သည်။

သို့သော် လူတိုင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ဤအကောင်က အခုမှ ရန်ဟောင်အဆင့် တက်ရောက်ခဲ့သော်လည်း သူက ဤသို့ ပိုင်စိုးပိုင်နင်း ပြုမူနိုင်သည်လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset