Switch Mode

အပိုင်း(၁၆၄၄)

ကျဆုံးခြင်း

ထိုဓားချက်က အလွန်ခမ်းနားလှသည်။ ၎င်းက တစ်ချက်တည်းနှင့် ရန်ဟောင်တစ်ပါးကို သတ်ဖြတ်ပစ်လိုက်သည်။

လူတိုင်းသည် လီဟန်ဓားသမား၏ နတ်ဝင်ရိုး အရှိန်အဝါကို ခံစားမိပေသည်။ ၎င်း၏ တောက်ပပြီး ပြီးပြည့်စုံရောင်ဝါတို့နှင့် ဓားစွမ်းအားများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထိုအချင်းအရာကြောင့် ထိပ်သီးအင်အားစုမှ လူများသည်ပင် အံ့အားသင့်နေကြသည်။

လူတိုင်းသည် နတ်ဝင်ရိုးအဆင့်များကို အနည်းအကျဥ်းသိရှိထားသော်လည်း ထိပ်သီးအင်အားစုများမှ အဓိကလူအနည်းငယ်သာ ထဲထဲဝင်ဝင် သိရှိထားသည်မှာ သံသယရှိစရာမရှိပေ။

အထူးသဖြင့် ကောင်းကင်အာဏာစက်ဘုံမှ လူများ၊ အထက်ကောင်းကင်ဘုံ၊ အသင်္ချေဘုံနှင့် လီဟန်ဓားသမားကို ရှုံးနိမ့်စေခဲ့သော ကောင်းကင်ဓားခန်းမမှ ဓားသမားများက အလွန် အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။

သူက အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူ့အနေနှင့် ထိုမျှထိ ပြောင်းလဲတိုးတက်လာခြင်းက ဖြစ်နိုင်ပါသည်လား။

ထိုသည်မှာ “ကောင်းကင်၏ကောင်းချီးပေးသားတော်များ” ဟု ခေါ်သော စကား၏ အဓိပ္ပါယ်လား။ သိသာစွာပင် ၎င်းက သာမန်နှင့် ဆန့်ကျင်နေပေသည်။

ယွမ်ယန်ကလန်မှ ယွမ်ဟုန်သည်လည်း ဓားမြို့တော်တွင် ရှိနေခဲ့ဖူးသည်။ သူက လီဟန်ဓားသမားကို ကြည့်လိုက်သည်။ သူက ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို အမှန်တကယ် ဖွဲ့စည်းနိုင်ခဲ့သည်။

မဟာအင်ပါယာသည် လောကကို စုစည်းနိုင်ခဲ့ပြီး နှစ်ငါးဆယ်ကြာတိုင်း နတ်ဘုရားအမွေအနှစ် နယ်မြေကို တစ်ခါ ဖွင့်လှစ်ပေးခဲ့သည်။ ဆိုလိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေသည် ပြီးပြည့်စုံခြင်း နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်မည့် အခွင့်အရေးများ ရှိနေသည့် လောက သီးခြားနယ်မြေ ဖြစ်လေသည်။ ထိုသည်မှာ ထိပ်သီးအင်အားစုများမျ လျှို့ဝှက်ချက်အချို့နှင့် တူညီသော်လည်း ဤသည်က ပို၍ ပြိုင်ဘက်ကင်းပေသည်။

ထို့ကြောင့် ယခင်က ဤနေရာသို့ ရောက်လာခဲ့သည့် လူများသည် နတ်ဘုရားအမွေအနှစ်များအတွက် သာမကဘဲ သူတို့ကိုယ်သူတို့ နောက်တစ်ဆင့်သို့ တက်ရောက်ရန် ထိုက်တန်ကြောင်း သက်သေပြဖို့ရာ အခွင့်အရေးကို အားထုတ် ရှာဖွေကြသည်။

ရှန်းဟောက်၊ နန်လော့ရှန်း၊ ကျန်ချင်းကျူ နှင့် အခြားသော သူများသည်လည်း ဤနေရာ၌ ပြီးပြည့်စုံခြင်းအဆင့် နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့ကြသည်။

သို့သော် နတ်ဘုရားအမွေအနှစ်သည် ထူးခြားဆန်းကြယ်သော နေရာတစ်ခုဖြစ်လျှင်ပင် ဤနေရာ၌ ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖန်တီးနိုင်မည်ဟူသော အာမခံချက်မရှိပေ။ ၎င်းသည် သူတို့၏ ကိုယ်ပိုင် စွမ်းအားအဆင့်ပေါ် အခြေခံသည့်အပြင် လက်ခံရရှိသည့် အခွင့်အရေးပေါ်တွင်လည်း မူတည်သည်။ သိသာစွာပင် လီဟန်ဓားသမား၏ အရည်အချင်းက အနည်းငယ် လစ်လပ်နေသည့်အတွက်ကြောင့် သူ လုပ်ခဲ့သည့် အရာမျိုးကို လုပ်ဆောင်နိုင်စွမ်း မရှိနိုင်ပေ။

ရှင်းပြစရာတစ်ခုရှိသည်မှာ ဓားမြို့တော်တိုက်ပွဲ၌ လီဟန်ဓားသမားသည် သူ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခံလိုက်ရပြီး အသစ်ပြန်ဖွဲ့စည်းခဲ့သည့်အတွက် ဖြစ်ပေလိမ့်မည်။

ထိုသို့လုပ်ရန်မှာ အလွန် သတ္တိကောင်းမှ ရပေမည်။ ထို့ပြင် သူ့၌ ရွေးချယ်စရာ မရှိခဲ့ပေ။ သူက အသက်အတွက် တိုက်ပွဲဝင်ရုံသာလျှင် လုပ်နိုင်ပေသည်။ သူက နတ်ဓားစွမ်းအားအောက်တွင် မသေခဲ့လျှင် နောက်တစ်ဆင့် အဆင့်တက်ကာ တစ်ဖန် ရပ်တည်လာနိုင်ပေမည်။ ဓားမြို့တော်အတွင်းမှ ဓားစွမ်းအား အားလုံးက သူ့ဆီ ရောက်ရှိသွားခဲ့သည်။

သို့သော် ထိုအရာအားလုံးမှာ မတော်တဆသာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သူ့ကို ယခုနေ ရွေးချယ်ခိုင်းပါက ထိုသို့အရဲစွန့်ကာ သတ္တိရှိရှိ ရွေးချယ်နိုင်ပါမည်လား။

ယွမ်ဟုန်သည် အခွင့်အရေးက ငါးဆယ် ငါးဆယ်သာ ဖြစ်လိမ့်မည်ဟု တွေးလိုက်မ်ပေသည်။

ယွမ်ဟုန်က လီဟန်ဓားသမားကို ကြည်​နေရင်း ဤသည်မှာ သူ စောင့်နေခဲ့သည့် အခွင့်အရေးဖြစ်နိုင်သည်ဟု တွေးလိုက်သည်ါ သူက ရန်ဟောင်အဆင့်ကို အမြင့်ဆုံးအနေအထားနှင့် ဝင်ရောက်သွားနိုင်ပါက အတိတ်က မလုံလောက်သည့် အရည်အချင်းကို လျစ်လျူရှုနိုင်ကာ အပြီးတိုင် ပြောင်းလဲသွားပေလိမ့်မည်။ သူက အနာဂတ်၌ ဤသို့သော အခွင့်အရေးမျိုး ထပ်ရခဲ့ပါလျှင် သူသည် မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ထိုသည်မှာ လီဟန်ဓားသမား တစ်ယောက်တည်းအတွက်သာ မှန်ကန်သည် မဟုတ်ပေ။ မဟာလမ်းစဥ် နတ်ဝင်ရိုးကို ပြီးပြည့်စုံသည့်အဆင့် ဖွဲ့စည်းနိုင်သူ မည်သူမဆို မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း ထိပ်သီးပုဂ္ဂိုလ်များကြား၌ ရပ်တည်နိုင်မည် ဖြစ်သည်။

အမှန်တကယ်ပင် အထက်ကိုးဘုံ၌ပင် ပြီးပြည့်စုံသည့် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သူ သိပ်မရှိပေ။

ဗဟိုအင်ပါယာဘုံမှ ထိပ်သီးအင်အားစုတစ်ခု၏ မျိုးဆက်အနေနှင့် ယွမ်ဟုန်သည် သူ၏ ကိုယ်ပိုင်အရည်အချင်းကို အလွန် ရှင်းလင်းစွာ နားလည်ပေသည်။

ကျန်ချင်းကျူ ၊ ရှန်းဟောက်နှင့် နန်လော့ရှန်းတို့ အောင်မြင်သွားသည့်အခါ၌ သူက စိတ်အနှောက်အယှက် မဖြစ်ခဲ့ပေ။ သူတို့အားလုံးက အထက်ကိုးဘုံ၏ အနာဂတ်အုပ်ချုပ်သူများ ဖြစ်လာမည်ဟူသော ကံကြမ္မာရှိလာမည် ဖြစ်သည်။ သို့သော် လီဟန်ဓားသမားက မတူညီပေ။ ထိုသည်မှာ အမှန်တကယ် ထိတ်လန့်အံ့သြဖွယ် ဖြစ်သည်။

သံသယဖြစ်ဖွယ်မရှိ အထိတ်လန့်ဆုံးသူများမှာ ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီနှင့် အခြားသူများ ဖြစ်ပေသည်။

အသတ်ခံရသူမှာ သူတို့၏ ရန်ဟောင်ဖြစ်သည်။

လီဟန်ဓားသမား ရောက်ရှိလာသည်နှင့် သူတို့၏ ရန်ဟောင်က သေဆုံးသွားခဲ့ရသည်။ အဖြစ်အပျက်က လုံးဝ ပြောင်းလဲသွားပေသည်။ ရီဖူရှင်းက သူတို့အားလုံးကို သတ်ချင်နေလျှင် သူတို့က မည်သို့ ရပ်တန့်နိုင်ပါမည်နည်း။

ဘန်း… အလွန် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကိုက်ရှီသည် သောကျောက်၏ လက်သီးချက်ကြောင့် လွင့်စင်သွားလေသည်။ သူသည် သောကျောက်၏ မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။ “အခု မင်း အကြောက်တရားဆိုတာ ဘာလဲ သိပြီလား”

ယခင်က ထိုသူသည် သူတို့အားနည်းနေသည့်အချိန်ကို အသုံးချကာ တိုက်ခိုက်ခဲ့သည်ဖြစ်ရာ သူက အနည်းငယ်မျှပင် ယဥ်ကျေးနေမည် မဟုတ်ပေ။

လီဟန်ဓားသမားက ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်ကို သတ်ပစ်လိုက်သည့်အခါ ရီဖူရှင်း၏ ရုပ်တုကို လိုချင်နေသော တန်ခိုးရှင်များက ထွက်ပြေးသွားကြလေသည်။ သူတို့သည် အစက အစီအစဥ်ကိုပင် စွန့်လွှတ်လိုက်ကြပုံရသည်။ သူတို့က မည်သည့်အတွက် အစောပိုင်းကကဲ့သို့ မလုပ်ရဲရ​တော့သနည်း။

ထိုသည်မှာ အခြားသူများအားလုံးက အလွန် အားကောင်းသောကြောင့် ဖြစ်လေသည်။ အရည်အချင်း ရှိသည့် ရန်ဟောင်များသာ ဤနတ်ဘုရားအမွေအနှစ် နယ်မြေ၌ ထိပ်တန်းဖြစ်ပေလိမ့်မည်။

ယခု လီဟန်ဓားသမား ရောက်ရှိလာပြီဖြစ်ရာ ရီဖူရှင်း၏ ဘေး၌ ရန်ဟောင်တစ်ယောက် ရှိသွားပြီ ဖြစ်သည်။ သူတို့က ရီဖူရှင်းထံမှ အမွေအနှစ်ကို ခိုးယူချင်နေသေးလျှင် ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်ကို ​သတ်ဖြတ်ပြီးနောက် လီဟန်ဓားသမားက ရီဖူရှင်းဆီ လျှောက်လာခဲ့သည်။ ခြေလှမ်းတိုင်းတွင် တောက်ပသည့် ဓားအလင်းတို့ တောက်ပနေပြီး

ကောင်းကင်မျှော်စင်ကျောင်းတော် မှ တန်ခိုးရှင်များပေါ်သို့ ဖြန့်ကျက်လာခဲ့သည်။ ဓားစွမ်းအားများက လေထဲတွင် ပြည့်နေခဲ့သည်။

ကောင်းကင်မျှော်စင်ကျောင်းတော် မှ ရန်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ နတ်ဝင်ရိုးက ကြီးမားသည့် ဖိအားအောက်တွင် ရောက်နေသည်ကို ခံစားမိလိုက်ပေသည်။ သူက ပြီးပြည့်စုံခြင်း နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်စွမ်း မရှိခဲ့သော်လည်း သူသည် ရတနာအဆင့်၌ ရှိနေပေသည်။ ကောင်းကင်မျှော်စင်ကျောင်းတော် ၏ ကောင်းကင်ဘုံသားတော် ဟူသော အဆင့်အတန်းကို ထည့်ပေါင်းဆိုရလျှင် သူက အလွန် သန်မာပေသည်။

ထိုသို့ဆိုလျှင်ပင် သူသည် ကြီးမားသည့် ဖိအားအောက် ရောက်နေသည်ကို ခံစားနေရဆဲ ဖြစ်သည်။

သူက လက်ကို မြှောက်လိုက်ကာ သူ၏ လက်ချောင်းများက ရွှေရောင်တောင်ငါးလုံးကဲ့သို့ ပြောင်းလဲသွားသည်။ သူက လက်ကို လီဟန်ဓားသမားရှိရာသို့ ဆန့်ထုတ်လိုက်၏။

အဆုံးမဲ့ ဓားစွမ်းအားများက လေထဲတွင် ပေါ်ပေါက်လာပြီး စွမ်းအားများ အားလုံးကို ဝါးမျိုနေသည်။ လီဟန်ဓားသမားက သူ၏ ဓားကို လျှပ်တပြက် လှုပ်ရှားလိုက်သည်။

ဓားတစ်ချက်တည်းမှနေ၍ ဓားပေါင်းများစွာ မွေးဖွားလာသကဲ့သို့ ထင်မှတ်ရသည်။

လက်ချောင်းများသည် တစ်ခုချင်းစီ ပိုင်းဖြတ်ခံရကာ တစ်ခုချင်း ဆိုးဝါးစွာ ပျက်စီးကြေမွသွားခဲ့လေသည်။ လီဟန်ဓားသမားက ဓားနှင့် ကောင်းကင်မျှော်စင်ကျောင်းတော် ၏ ရန်ဟောင်ကို ထိုးဖောက်လိုက်သည်။

လေထဲတွင် ကောင်းကင်မှ ဓားတစ်လက် ကျဆင်းလာသည်။ ၎င်းသည် မရေတွက်နိုင်သည့် ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မည်ဟု ထင်မှတ်ရသည်။

ကြောက်မက်ဖွယ် ဓားစွမ်းအားကို ခံစားလိုက်ရပြီး  ကောင်းကင်မျှော်စင်ကျောင်းတော် မှ တန်ခိုးရှင်သည် အဆုံးမဲ့တောက်ပနေသော အလင်းတို့ကို ထုတ်လွှတ်လိုက်သည်။ လီဟန်ဓားသမား၏ ဓားက အလွန် လျင်မြန်ပြီး အတွေးတစ်ချက်စာ ကြာရုံမျှအချိန်တွင် သူ့ထံ ရောက်ရှိလာလေသည်။ သို့သော် ၎င်းသည် ရွှေရောင်တောင်တစ်ခု၏ ပိတ်ဆို့တားဆီးထားခြင်းကို ခံရပေသည်။  အောက်ဘက်မှ ကောင်းကင်မျှော်စင်ကျောင်းတော် ရန်ဟောင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“သွား…” သူက ပြောလိုက်သည်။  ကောင်းကင်မျှော်စင်ကျောင်းတော် မှ အခြားတန်ခိုးရှင်များသည် သူတို့၏ မူလနေရာများမှ ပျောက်ကွယ်သွားလေသည်။

ဘန်း…

ကျယ်လောင်သည့်အသံနှင့်အတူ ဓားများက ကျဆင်းလာပြီး တောင်များကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော်  ကောင်းကင်မျော်စင်ကျောင်းတော် မှ တန်ခိုးရှင်များ​က အဝေးကို ရောက်နေပြီ ဖြစ်ကာ ရွှေရောင်ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်၏။

“ဝိညာဥ်လက်နက်” ရီဖူရှင်းက သူ့ပြိုင်ဘက်များကို စိုက်ကြည့်လိုက်သည်။ သူတို့သည် အလွန် လျင်မြန်စွာ လှုပ်ရှားနေကြသည်။ “ဟိုမှာ နောက်ထပ် ရှိသေးတယ် စီနီယာ” သူက လေထဲသို့ မော့ကြည့်လိုက်သည်။ ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာက နောက်ထပ် ရန်ဟောင်တစ်ယောက်နှင့် တိုက်ခိုက်​နေသည်။ ထိုသူမှာ ရုပ်တုကို ခိုးယူချင်နေသည့် နောက်တစ်ယောက် ဖြစ်သည်။

“ကောင်းပြီ” လီဟန်ဓားသမားက ပြောလိုက်ပြီး သူ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားကာ လေထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

တောက်ပသည့် ဓားအလင်းတို့က လေထဲတွင် ပေါ်ပေါက်လာပြီး ၎င်းမှ သွေးများက တစက်စက် ကျဆင်းလာသည်။ ထိုအဖြစ်ကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ နှလုံးသားများက လျင်မြန်စွာ ခုန်ပေါက်လာပေသည်။ ထိုသည်မှာ နောက်ထပ် ဓားတစ်ချက် ဖြစ်သည်။ ရန်ဟောင်နှစ်ဦးသည် ဓားနှစ်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ ကောင်းကင်မျှော်စင်ကျောင်းတော် မှတန်ခိုးရှင်သာလျှင် သူ၏ ဝိညာဥ်လက်နက်ကြောင့် ထွက်ပြေးနိုင်ခဲ့ပေသည်။

ထိုအမွေအနှစ်အား မည်သူဆက်ခံရရှိနိုင်မည်မှာ သံသယဖြစ်ဖွယ် မရှိတော့ဟု ထင်မှတ်ရသည်။ မည်သူကမှ ၎င်းကို မယှဥ်နိုင်ပေ။

“ယူချင်း.. မင်း သွား” ရီဖူရှင်းက ပြောလိုက်သည်။ ယူချင်းက သူ၏ အရှိန်အဝါကို ရုတ်သိမ်းလိုက်ကာ ရီဖူရှင်းထံသို့ လျှောက်သွားခဲ့သည်။

“ဆက်သွားလေ” ရီဖူရှင်းက နတ်အလင်းများ ဖြာကျနေသည့် ရုပ်တုကို ကြည့်လိုက်သည်။ ၎င်းက အလွန် လင်းလက်တောက်ပနေပေသည်။ ယူချင်းက မည်သို့မှ မပြောပေ။ သူက ထိုနေရာသို့ လျှောက်သွားကာ ရုပ်တုအတွင်းသို့ ဝင်ရောက်သွားသည်။

ရီဖူရှင်းက သူ့ကို စောင့်ကြည့်နေခဲ့သည်။ ယခင်က ယူချင်းသည် သူ့ထက် ကျင့်ကြံဆင့်နိမ့်နေခဲ့ပြီး ရန်ဟောင်အဆင့်သို့ တက်လှမ်းရန် ဝေးကွာနေဆဲ ဖြစ်သည်။ ယခု ဤအမွေအနှစ်က သူ့ အဆင့်ကို ပို၍ တိုးတက်လာစေနိုင်သည်။ သူက ရန်ဟောင်အဆင့်သို့ ရောက်ရှိရန် အကျိုးရှိစေပေလိမ့်မည်။

သူက အခြားတိုက်ပွဲနေရာသို့ တစ်ချက်ကြည့်လိုက်ကာ မျက်လုံးများကို ကျဥ်းမြောင်းလိုက်၏။ သူ့မျက်လုံးများမှ သတ်ဖြတ်ခြင်းစွမ်းအားတို့က ထွက်ပေါ်လာသည်။

သူက ယခု လက်လွှတ်လိုက်ရန် စိတ်ကူးမရှိပေ။

သောကျောက်က ဤတလျှောက်လုံး ကိုက်ရှီကို ဖိနှိပ်နိုင်ခဲ့သော်လည်း သူက ရီဖူရှင်းလာနေသည်ကို မြင်သည့်အခါ လမ်းဖယ်ပေးလိုက်သည်။ သောမျိုးနွယ်စုမှ တန်ခိုးရှင်များက ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များကို ဝန်းရံထားပြီး မည်သူမှ ထွက်ပြေးမလွတ်မြောက်နိုင်ပေ။

ရီဖူရှင်းက ကိုက်ရှီကို ကြည့်လိုက်လျှင် သူ၏ မျက်နှာက ဖြူဖျော့သွားသည်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးထဲ၌ နက်ရှိုင်းသည့် အကြောက်တရားတို့ ရှိနေခဲ့သည်။  သူက ရီဖူရှင်း၏ မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုစိတ်တို့အား မြင်တွေ့နိုင်ပေသည်။

“မင်း ဘယ်လို သေချင်လဲ။” ရီဖူရှင်းက မေးလိုက်သည်။ ရီဖူရှင်း၏ အသံက အလွန် တည်ငြိမ်နေသော်လည်း ကိုက်ရှီ၏ မျက်နှာက မည်းမှောင်နေသည်။

ရီဖူရှင်းသည် ဤတစ်ကြိမ်၌ အမှန်တကယ် သတ်တော့မည် ဖြစ်သည်။

နောက်ဆုံးတစ်ခေါက်က သူ့ကို နတ်ဘုရားနန်းတော်၌ ချန်ထားခဲ့သောအခါက ရီဖူရှင်းသည် သူ့အား သတ်ဖြတ်ရဲခြင်း မရှိပေ။

သို့သော် ယခုတွင် သူက မသေချာတော့ပေ။ အနည်းဆုံး ရီဖူရှင်းက သူ့ကို သတ်ဖြတ်လိုသည့် ဆန္ဒမှာ မျက်လုံးများထဲ၌ ရှင်းလင်းနေပေသည်။

ရီဖူရှင်းက ဆုပ်ကိုင်ထားသည့် လှံကို ဆန့်ထုတ်လိုက်ကာ တိုက်ခိုက်ရေးစွမ်းအားများက ၎င်း အနီးတွင် ရစ်ပတ်လာသည်။ ကြောက်မက်ဖွယ် လှံအလင်းတို့က ၎င်းမှ တောက်ပလာသည်။

“မင်းသာ ဒီလှံချက်အောက်မှာ အသက်ရှင်နိုင်မယ်ဆိုရင် မင်းကို သွားခွင့်ပေးမယ်။” ရီဖူရှင်းက ကိုက်ရှီကို လှံဖြင့် ချိန်ရွယ်လိုက်သည်။

ရီဖူရှင်းကို စူးစိုက်ကြည့်နေသည့် ကိုက်ရှီ၏ မျက်လုံးများထဲတွင် အုံ့မှိုင်းသော အကြည့်တို့ ရှိနေခဲ့သည်။ ရီဖူရှင်းက သူ့အား စော်ကားနေသည်လား။

လှံတစ်ချက်နှင့်။

သို့သော် ရီဖူရှင်း၏ စွမ်းအားအရ ကိုက်ရှီသည် လှံတစ်ချက်တည်းဆိုလျှင်ပင် အသက်ရှင်ကျန်နိုင်ရန် သေချာမှုမရှိပေ။

သူက မည်သည့် စကားမှမပြောခဲ့ပေ။ သူ၏ သွေးကြောများထဲ၌ စီးဆင်းနေသော ရွှေရောင်သွေးတို့က ဆူပွက်လာကာ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်လွှမ်းလာစေသည်။ သူက လက်ထဲ၌ ရွှေရောင်လှံကို ဆုပ်ကိုင်ကာ ရှေ့တိုးလာသည်။ သူ၏ အဆုံးမဲ့စွမ်းအားတို့က နတ်ဘုရားတစ်ပါး၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ သူက လေထဲသို့ ခြေချလိုက်၏။

သူသည် ရွှေရောင်နတ်ပြည်ထောင်မှ အကျော်ကြားဆုံး ဂျူနီယာ ကိုက်ရှီ ဖြစ်ကာ လောကကိုပင် တုန်လှုပ်စေနိုင်သည့် ပါရမီရှိသည်။ သူက လှံတစ်ချက်ကိုပင် ခံနိုင်ရည်မရှိခြင်းက ဖြစ်နိုင်ပါမည်လား။

“အသင့်ဖြစ်ပြီလား” ရီဖူရှင်းက မေးလိုက်သည်။ ပို၍ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားများက ရီဖူရှင်းထံမှ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအချိန်တွင် ကိုက်ရှီသည် ရီဖူရှင်းမဟုတ်ဘဲ စစ်နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ဝုန်း.. နတ်ဘုရားသက်ပြင်းချသံ ထွက်ပေါ်လာသည်နှင့် ရွှေရောင်တောက်ပနေသည့် အလင်းများက ထွက်ပေါ်လာသည်။ ရွှေရောင်ရှေးဟောင်းနတ်ဘုရားတစ်ပါးက ကောင်းကင်မှ ရီဖူရှင်းထံ ဆင်းသက်လာသည်။ ကိုက်ရှီသည် ခုခံရုံမဟုတ်ဘဲနှင့် တိုက်စစ်ဆင်ခြင်း ဖြစ်ပေသည်။ သူက တိုက်ခိုက်ခြင်း၌ ကောင်းမွန်ပြီး အထက်ကောင်းကင်ဘုံ၌ သူနှင့် ယှဥ်နိုင်သူမှာ ရေတွက်၍ ရသည်။ ထို့ကြောင့် သူက လက်ဦးမှုကာ ပြိုင်ဘက်ကို စတင်တိုက်ခိုက်ခြင်း ဖြစ်သည်။ သူသည် ရီဖူရှင်းက လှံတစ်ချက်တည်းနှင့် သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ကို သိနေသည်။

ရီဖူရှင်းသည် ကိုက်ရှီက သူ့ထံ လာနေသည်ကို မြင်လိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ၏ ခြေလှမ်းက လေထုကိုပင် တုန်ခါသွားစေသည်။ သူက အစွမ်းထက် နဂါးတစ်ကောင်ကဲ့သို့ လှံကို ဆန့်ထုတ်လိုက်ကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

မည်သူကမှ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ရှောင်ရန် မကြိုးစားခဲ့ပေ။ လှံများ ထိပ်တိုက်တွေ့သည့်အခါ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းတို့ ထွက်ပေါ်လာသည်။

လူတိုင်းက နတ်လှံတုန်ခါလာသည်ကို မြင်ရပြီးနောက် ကိုက်ရှီ၏ လက်နှင့် ခန္ဓာကိုယ်က တုန်ယင်နေသည်ကို မြင်လိုက်ကြရသည်။

ဘန်း…

သူ၏ ရွှေရောင်ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ထိတ်လန့်စွာ စောင့်ကြည့်နေကြသည့် လူတိုင်း၏ မျက်လုံးရှေ့၌ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် သူသည် အပိုင်းပိုင်း ပေါက်ကွဲထွက်သွားပေသည်။

“မဟုတ်ဘူး…..”

ထိတ်လန့်တုန်လှုပ်သည့် အကြည့်တစ်ခုက ကိုက်ရှီ၏ မျက်နှာထက်တွင် ပေါ်ပေါက်လာပေသည်။ သူက ထိုစကားကို ပြောပြီးသည့်အခါ ရွှေရောင်သွေးတို့က သူ့ထံမှ စတင်စီးကျလာကာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။ သူ၏ ခန္ဓာကိုယ်က အစအနပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့လေ၏။

“သူ တကယ်​သေသွားပြီ” ထိုအဖြစ်ကို မြင်သည့်အခါ လူတိုင်းက တုန်ယင်သွားကြသည်။ အထူးသဖြင့် အထက်ကောင်းကင်ဘုံမှ လူများဖြစ်၏။ ရွှေရောင်နတ်ပြည်ထောင်၏ သွေးဆက် ကိုက်ရှီသည် အမှန်တကယ်ပင် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထို့ပြင် ဤစွမ်းအား မည်သို့သော စွမ်းအားမျိုး ဖြစ်သနည်း။

လှံချက်တစ်ချက်က ကိုက်ရှီ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်သည်။ သူက မည်မျှ အားကောင်းနေသနည်း။

သူက ကိုက်ရှီကို အကြွင်းမဲ့ဖျက်ဆီးပစ်လိုက်နိုင်သည်။ ထိုသည်က မည်သည့်အဆင့် ဖြစ်သနည်း။

အထက်ကောင်းကင်ဘုံ၏ ထိပ်သီးပါရမီရှင် တစ်ဦးက နတ်ဘုရားအမွေအနှစ် နယ်မြေ၌ ကျဆုံးသွားခဲ့ပြီ ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset