ကောင်းကင်နန်းတော်၏ အောက်ခြေတွင် နေရာအနှံ့မှ တန်ခိုးရှင်တို့ စုစည်းရောက်ရှိနေသည်။ အထက်ကိုးဘုံမှ ထင်ရှားသော တန်ခိုးရှင်များ အားလုံး တစ်နေရာထဲတွင် စုစည်းနေကြ၏။
နတ်ဘုရားအမွေအနှစ် နယ်မြေသည် အထက်ကိုးဘုံ၏ လက်ရှိ ပါရမီရှင်များ စုစည်းရောက်ရှိလာစေသည့် နေရာဖြစ်သည်။ ရှန့်ထိုအဆင့်မှ အတော်ဆုံးများအားလုံး ဤနေရာ၌ ထွက်ပေါ်လာကြ၏။
ထိုအချိန်တွင် ကောင်းကင်နန်းတော်လှေကားကို တက်ရန်အတွက် လမ်းစဥ်လမ်းမသို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည့် တန်ခိုးရှင် အမြောက်အမြား ရှိပြီး ဖြစ်သည်။
သို့သော် မည်သူမှ မအောင်မြင်ဘဲ ကောင်းကင်ထက်ရှိ ထာဝရရှင်သန်ခြင်း နတ်နန်းတော်သညလည်း လှမ်း၍ မမီနိုင်အောင် ဖြစ်နေသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ ပြန်ရောက်လာသည့်အခါ ယခင်ကထက် ပိုမို များပြားသော လူများ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ယခင်က ထိုနေရာတွင် သူဦးဆောင်သည့် အဖွဲ့နှင့် ကျန်ချင်းကျူ ဦးဆောင်သည့်အဖွဲ့ နှစ်ဖွဲ့သာ ရှိသည်။ သူတို့ ရောက်ရှိပြီးနောက်ထပ် အရပ်မျက်နှာနှစ်ခုမှ ရောက်ရှိလာသူများကြောင့် ဤနေရာ၌ အတော်လေး စုရုံးလာကြပေသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ ရောက်လာမှုက အာရုံစိုက်ခံရမှု သိပ်မရှိခဲ့ပေ။ သူတို့ကို အချို့သော သူများကသာ သတိပြုမိပေသည်။
ဥပမာအနေနှင့် အထက်ကောင်းကင်ဘုံမှ ရီဖူရှင်းကို သိသူ အများအပြားရှိပြီး နတ်ဘုရားနန်းတော်၊ နတ်ဓားလီမိသားစုနှင့်
ကောင်းကင်နှစ်မြုတ် ကလန်ကဲ့သို့သော ယခင်က သူနှင့် တွေ့ဖူးသူများလည်း ရှိနေသည်။ ထိုသည်မှာ သူ၏ ကိုယ်ပိုင်ကျော်ကြားမှု ဖြစ်၏။
ထိုနေရာ၌ ရွှေရောင်နတ်ပြည်ထောင်လည်း ရှိနေသည်။
ကိုက်ရှီ၏ မျက်လုံးထဲမှ ရွှေရောင်နတ်အလင်းတို့ စူးရှစွာ ထိုးထွက်လာပြီး ရီဖူရှင်းထံ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။ အတိတ် တိုက်ပွဲမှ စော်ကားခံရမှုက သူ့ကို မျိုသိပ်ထားရန် ခက်ခဲအောင် ပြုလုပ်နေသည်။ ထိုသည်မှာ သူ့ဘဝတွင် အကြီးကျယ်ဆုံး အရှက်ခွဲစော်ကားခံရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သော နတ်ဘုရားနန်းတော်မှ ဟွမ်ကျုံးလည်း ရောက်ရှိနေပြီး ရီဖူရှင်းကို ကြည့်နေခဲ့သည်။ သူက အဆင့်ကို လျင်မြန်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူ၏ တည်ရှိမှုက ယခင်ကနှင့် အလွန် ကွဲပြားသွားပြီ ဖြစ်၏။
ယခင်က ရီဖူရှင်းထံ၌ ရှုံးနိမ့်ခဲ့ကြသော သိုင်းနတ်ဘုရားကလန်၊ ကောင်းကင်ဓားခန်းမ၊ ကျီဝေးနန်းတော်နှင့် အခြားသော အင်အားစုများမှ လူများကလည်း သူ့ကို သတိပြုမိကြသည်။ သူတို့အားလုံးက ယခု ပြန်ရောက်လာကြပြီ ဖြစ်သည်။ ရီဖူရှင်းသည် လေဟာနယ်ခန်းမ၌ သူတို့နှင့် တိုက်ပွဲဆင်နွှဲခဲ့သော်လည်း သူက ခန်းမတစ်ခုလုံးကို ယူဆောင်သွားခဲ့ပြီး ထိုတံခါးကို ဖွင့်ခဲ့သည်။ ထို့ကြောင့် သူက ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သော်လည်း သူတို့၏ မျက်လုံးများက သတိရှိရှိနှင့် ရီဖူရှင်းကို စောင့်ကြည့်နေခဲ့သည်။
ထို့အပြင် ရှောင်းမုယွီ နှင့် အခြားသူများကလည်း ရီဖူရှင်းကို ညစ်ပတ်သော အကြည့်ဖြင့် ကြည့်နေကြသည်။
“ဘာတွေ ဖြစ်နေတာလဲ။” ထိုအချိန်တွင် လူအုပ်ကြားမှ တစ်နေရာက အာရုံစိုက်မှု ရရှိသွားခဲ့သည်။ အလွန် ထက်မြက်၍ အစွမ်းထက် အရှိန်အဝါများ ပိုင်ဆိုင်ထားသည့် လူများက ထိုနေရာတွင် စုဝေးနေရာ သူတို့ထဲမှ တစ်ယောက်က ဘေးမှ လူကို မေးလိုက်သည်။
“သူ့တပည့်” လူငယ်၏ စူးရှသည့် မျက်လုံးများက ရီဖူရှင်းဘက်သို့ လှည့်ကြည့်လာသည်။
“သူလား” ထိုသူက သူ၏ ဘေးသို့ သံသယအချို့နှင့် မေးလိုက်သည်။
“ထျန်းဟယ်ဘုံက တစ်ယောက်” လူငယ်က ပြန်ဖြေလိုက်သည်။ ထိုသူတို့မှာ ရှန်းကလန်မှ တပည့်များ ဖြစ်ကြသည်။ မကြာသေးခင်က သူသည် အဖေဖြစ်သူ ရှန်းယောင်းနှင့် ထျန်းဟယ်ဘုံသို့ သွားရောက်ကာ ထျန်းဟယ်မဟာအကြီးအကဲထံ တောင်းဆိုချက်ပြုလုပ်ခဲ့သည်။ သူသည် ထိုစဥ်က ရီဖူရှင်းနှင့် တွေ့ခဲ့ဖူးသည့်အတွက် မှတ်မိနေခြင်း ဖြစ်သည်။
“ထျန်းဟယ်မဟာအကြီးအကဲ” သူတို့က လူငယ်၏ စကားကို ကြားသည့်အခါ ရှန်းကလန်မှ တန်ခိုးရှင်များက နားလည်သွားကြသည်။ ရုတ်တရက် သူတို့က ရီဖူရှင်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
ရှန်းကလန်မှ လူများသည် ကြောက်မက်ဖွယ် ရန်လိုသည့် ခံစားချက်တို့ကို ထုတ်လွှတ်နေသည့်အတွက် မည်သည့်အင်အားစုကမှ သူတို့ရပ်နေရာနှင့် နီးနီးကပ်ကပ် ရှိမနေခဲ့ပေ။ လူတိုင်းသည် သူတို့၏ အဝေးတွင် ရှိနေခဲ့ပြီး စူးစမ်းနေကြသည်။
ရီဖူရှင်းသည်လည်း ရှန်းကလန်မှ တန်ခိုးရှင်များကို ချက်ချင်း သတိပြုမိခဲ့သည်။ သူသည် အခြားသူများ၏ အကြည့်ကို ခံစားမိသည်။ နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် စူးစိုက် ကြည့်နေခဲ့ကြ၏။
“ရှန်းကလန်က တပည့်တွေ” ရီဖူရှင်းသည် သူတို့ကို ချက်ချင်း မှတ်မိသွားခဲ့ပြီး သူ့ကိုယ်သူ ပ်ု၍ သတိထားလာမိသည်။
ရှန်းကလန် ထျန်းဟယ်ဘုံသို့ လာစဥ်က သူ့ဆရာ ချင်ရွှမ်ကန်းကို ဗဟိုအင်ပါယာဘုံ ရှန်းကလန်သို့ ခေါ်မသွားခင်၌ သူ့ကို ခေါ်သွားရန် လုပ်ဆောင်ခဲ့ကြသည်။ သူက ထိုအရာကို မည်သို့ မေ့နိုင်ပါမည်နည်း။
“သူတို့က ဘယ်သူတွေလဲ။” ရှားရှင်းယွန်က တစ်ခုခုကို ခံစားမိကာ ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။ ထိုသူများက ရင်းနှီးဖော်ရွေပုံမရဘဲ သူတို့သည် ရီဖူရှင်းကို အသေးစိတ် စစ်ဆေးသလို ကြည့်နေခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
သူတို့သည် ရီဖူရှင်း ဆန့်ကျင်မိခဲ့သော အင်အားစုတစ်ခုခုမှ ဖြစ်နေနိုင်သည်လား။
သူမသည် ယခင်က အခြားဘုံသို့ ပို့ဆောင်ခံခဲ့ရသည့်အတွက်ကြောင့် ရီဖူရှင်း မည်သည်တို့ ဖြစ်ပျက်ခဲ့သည်အား မသိရှိပေ။
“မဟာလမ်းစဥ် ဘုံသုံးထောင်ထဲက ဗဟိုအင်ပါယာဘုံမှာ ကျုပ်က ရှန်းကလန်နဲ့ အပေးအယူလုပ်စရာရှိတယ်။” ရီဖူရှင်း ပြောလိုက်လျှင် ရှားရှင်းယွန်က အနည်းငယ် မျက်မှောက်ကြုတ်လိုက်သည်။ ဗဟိုအင်ပါယာဘုံမှ ထိပ်သီးအင်အားစုတစ်ခုက သူမကို စိုးရိမ်ပူပန်စေနိုင်သည်။
ရီဖူရှင်း၏ အရည်အချင်းက အခြားသော ထိပ်သီးအင်အားစု ပါရမီရှင်များထက် နိမ့်ကျခြင်း မရှိသည့်အတွက် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း မည်သူ့ကိုမှ ကြောက်နေရန် မလိုသည်ကို သူမ ယုံကြည်ပေသည်။ သို့သော် ဤသည်မှာ ရန်ငြိုးရန်စ ဖြစ်လျှင်တော့ ၎င်းက လူငယ်မျိုးဆက်လောက်နှင့် ကန့်သတ်ထားလိမ့်တော့မည် မဟုတ်ပေ။ ရီဖူရှင်း၏ ပါရမီ မည်မျှ မြင့်မားသည်ဖြစ်စေ ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစုများကို ဆန့်ကျင်ရန် မလုံလောက်ပေ။
ရီဖူရှင်းနှင့် ရှားရှင်းယွန်က ယူချင်းနှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။ ကောင်းကင်အာဏာစက်ဘုံမှ အစွမ်းထက်တန်ခိုးရှင်များလည်း ဤနေရာတွင် ရှိနေကြသည်။ သူတို့၏ ဘေးတွင် သောမျိုးနွယ်စုနှင့် ယွမ်ယန်ကလန် ယမှ တန်ခိုးရှင်များ ရှိနေသည်။
ယွမ်ယန်ကလန်မှ ယွမ်ဟုန်က ရှန်းကလန်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ရီဖူရှင်းက ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူဟု ပြောခဲ့သည့်အတွက် သူသည် ရှန်းကလန်နှင့် ရန်ငြိုးရန်စကို သိရှိထားရပေမည်။ ယခု ကြည့်ရသည်မှာ သူက ထိုအရှုပ်အထွေးများကို သိရှိနှင့်နေခဲ့ပြီး ဖြစ်ပုံပင်။
“သူက တစ်ချိန်တုန်းက ကျော်ကြားတဲ့ ပုဂ္ဂိုလ်ပါပဲ။ ဒါပေမယ့် အသက်က ရလာတော့ သူ့ရဲ့ ပင်ကို အမူအကျင့်တွေတောင် ပျက်စီးကုန်ပြီ။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဆက်ခံသူတစ်ယောက် လက်ခံခဲ့တာကို ကြည့်ရတာ သူက အဲဒီဆက်ခံသူအပေါ်မှာ မျှော်လင့်ချက်ကြီးကြီး ထားတဲ့ပုံပဲ။” ရှန်းကလန်ဘက်မှ သူတို့၏ ခေါင်းဆောင်က သိမ်မွေ့စွာ ပြောလိုက်သည်က စိတ်ချင်းဆက်သွယ်၍ ပြောခြင်း မဟုတ်ပေ။ ရီဖူရှင်းနှင့် သူတို့က အတော်လေး ဝေးနေပေမယ့် ရီဖူရှင်းက သူတို့၏ စကားများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
ထိုသူတို့က ပြောသည့်အခါ သူတို့၏ မျက်လုံးများကို သူ့ထံ၌ စူးစိုက်ထားကြသည်။
“ကျုပ်ကြားတာတော့ သူက အဲဒီဆက်ခံသူကို ပျက်စီးခြင်းမြို့တော်ထိ ကိုယ်တိုင်လိုက်ပို့တာဆို။” သူ့ဘေးမှ လူက ထပ်ဖြည့်ပြောလိုက်သည်။
“သူ့ ခေတ်အခါ ကျော်ကြားနေတုန်းက ထျန်းဟယ်ခန်းမမှာ တပည့်ပေါင်း သုံးထောင်ရှိခဲ့တယ်။ အခု သူက နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်တယ်ဆိုတော့ တခြားထက် သူ့ရဲ့ ပညာရပ် အမွေအနှစ်ကိုပဲ လက်ဆင့်ကမ်းနိုင်ရင်တောင် နောက်ပိုင်းနှစ်တွေမှာ သူ့အတွက် စိတ်သက်သာရာရနိုင်တာပေါ့။” လူငယ်က ဆက်ပြောလိုက်သည်။ “သူသာ ဒီနေ့လို့ ဖြစ်မယ်ဆိုတာ သိခဲ့ရင် အရင်တုန်းက အရာအားလုံးကို ဖျက်ဆီးဖို့ ဘာလို့ အလုပ်ရှုပ်ခံနေခဲ့မှာလဲ။”
သူ ပြောပြီးသွားသည်နှင့် လူငယ်၏ အာရုံက ရီဖူရှင်းထံ၌ မရှိတော့ပေ။ သူတို့က ရီဖူရှင်းကို စစ်ဆေးကြည့်ခဲ့သော်လည်း ယခု သူတို့ လက်ထဲ၌ ချင်ရွှမ်ကန်း ရှိနေခဲ့ရာ သူသည် ရီဖူရှင်း အပေါ်၌ အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ပေ။ ထိုသည်က သူ့ကို အောက်ကျသွားစေပေလိမ့်မည် ဖြစ်သည်။
ထျန်းဟယ်မဟာအကြီးအကဲနှင့် ရှန်းကလန်တို့သည် အစကတည်းကပင် လျှောက်သည့်လမ်းမတူကြပေ။ သူတို့က သူ့ကို ဤဆက်ခံသူတစ်ယောက်အား ထိန်းသိမ်းကာ သူ၏ အမွေအနှစ်များကို ဆက်ခံခွင့် ပြုလိမ့်မည် ဖြစ်သည်။
ယွမ်ဟုန်သည် တစ်ဖက်လူတို့၏ စကားများကို ကြားသည့်အခါ သူ၏ အကြည့်များကို ရီဖူရှင်းထံသို့ ရွှေ့လိုက်သည်။ သူက ရီဖူရှင်း၏ ပါရမီကို မျက်မြင်တွေ့ပြီးခဲ့လျှင်ပင် အဆင့်အတန်းအရ နှစ်ဖက်အခြေအနေက အလွန်ပင် ကွာခြားမှု ကြီးမားလှသည်။ ရီဖူရှင်းသည် အနာဂတ်၌ ဖိအားများစွာကို ထမ်းပိုးရနိုင်ပေသည်။
ထို့အပြင် သူသည် ထိုစကားပြောလိုက်သည့် လူငယ်ကို သိထားသည်။ ထိုသူမှာ ရှန်းကလန် လက်ရှိ မျိုးဆက်များအတွင်း အားအကောင်းဆုံးဖြစ်သည်။ သူသည် ဗဟိုအင်ပါယာဘုံ သူ့မျိုးဆက်များအကြားတွင်လည်း အတောက်ပဆုံးတစ်ယောက် ဖြစ်သည့် ရှန်းဟောက် ပင် ဖြစ်သည်။
ရှန်းဟောက်သည် အလွန် ထူးခြားပြောင်မြောက်သည့် အရည်အချင်း ရှိသည်။ သူ၏ ဖခင်က ရှန်းကလန်မှ ထူးခြားသော တန်ခိုးရှင်တစ်ဦး ဖြစ်ကာ မွေးဖွားစဥ်ကပင် သူသည် အောင်မြင်ခြင်းလမ်းကြောင်း၌သာ လျှောက်လှမ်းရမည့် ကံကြမ္မာရှိသည်ဟု ဆိုကြသည်။ သူက စိတ်မပျက်စေခဲ့ပေ။ ကျင့်ကြံမှု စတင်စဥ်ကပင် ကလန်မှ မရေတွက်နိုင်သော ကလေးများကြားတွင် သူက အမြဲ ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။ အနာဂတ်၌ သူသည် ဖခင်ဖြစ်သူ၏ အမွေကို ကျိန်းသေ ဆက်ခဲရပေမည်။
ထို့အပြင် သူသည် အနာဂတ်၌ ရှန်းကလန်ခေါင်းဆောင်ပင် ဖြစ်လာရန် အလားအလာ ရှိပေသည်။
ယခင်က လေဟာနယ်ခန်းမ တိုက်ခိုက်မှု၌ ရီဖူရှင်းသည် ထိပ်သီးအင်အားစုများစွာကို ဆန့်ကျင်မိခဲ့သည်။ သို့သော် သူ၏ မဟာမိတ်များကလည်း အစွမ်းထက်သည့်အတွက် ပြဿနာများများစားစား မရှိခဲ့ပေ။ သို့သော် ယခု ကောင်းကင်နန်းတော် နတ်ဘုရားအမွေအနှစ်အတွက် တိုက်ခိုက်ခြင်းတွင် အဆင့်အတန်း နောက်ခံတို့်အား ထည့်သွင်းစဥ်းစားကြပေလိမ့်မည်။ ထို့ကြောင့် သူ လုပ်နိုင်ပါမည်လားဟု မေးခွန်းထုတ်ရန်လိုသည်။
ထို့ကြောင့် ရီဖူရှင်း၏ အရည်အချင်းက မည်မျှ အစွမ်းထက်နေပါစေ သူ ခံရမည့် ဖိအားမှာ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်သည်။
“မင်းသမီး အဆင့်တက်သွားပြီလား” ရာရာက ရှားရှင်းယွန်၏ အရှိန်အဝါ ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။ သူမ၏ စွမ်းအားက ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိလာပေသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက သူမအတွက် အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့ပုံရ၏။
“အင်း” ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး သူမဘေးမှ ရီဖူရှင်းကို ကြည့်လိုက်သည်။
“ငါ မင်းအတွက် သင့်တော်တာ ရှာမတွေ့သေးလို့ပါ။” ရီဖူရှင်းက ရာရာကို ပြောလိုက်သည်။
“သိတယ်” ရာရာက ထပ်မပြောတော့သလို သူမထံ၌ အခြား မည်သည့်အတွေးမှ မရှိပေ။ ယခင် ဓားမြို့တော်၌ ရီဖူရှင်းသည် သူမကို ရွေးချယ်ခွင့်ပေးခဲ့ပြီး သူမကသာ လီဟန်ဓားသမားကို အခွင့်အရေး ပေးခဲ့သူ ဖြစ်သည်။ သူမသည် ဤခရီးတလျှောက် အခွင့်အရေး ရလိမ့်ဦးမည်ကို နားလည်ကာ ရီဖူရှင်းကလည်း သူ၏ လူများကို မည်သည့်အခါမှ မမျှမတဆက်ဆံမည့်သူ မဟုတ်ပေ။
“သခင် ကျွန်တော့်အတွက်ရော” သိမ်းငှက်လေးက ရီဖူရှင်းကို သနားစဖွယ်ကြည့်လိုက်သည်။ ဤအဆိပ်ပြင်းသော မိန်းမကပင် အဆင့်တက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသည်က အနာဂတ်တွင် အရှင်သိမ်းငှက်အတွက် စိတ်မချမ်းမြေ့စရာ ဖြစ်လာလိမ့်မည်လား။
“နင်က ဘာကို စိုးရိမ်နေတာလဲ။” ရှားရှင်းယွန်က သိမ်းငှက်လေးကို ကြည့်ကာ ပြုံးလိုက်သည်။
ရှားရှင်းယွန်း မျက်လုံးများမှ အကြည့်တို့အား မြင်လျှင် သိမ်းငှက်လေးသည် ကြက်သီးမွေးညင်းတို့ ထလာကာ ရေရွတ်လိုက်သည်။ “
“Oh boy, သူမက သခင်မ ဖြစ်ချင်နေတယ်။”
ရီဖူရှင်း၏ မျက်နှာက မှောင်မိုက်သွားကာ သိမ်းငှက်လေး၏ ခေါင်းကို ရက်စက်စွာ ဖိချလိုက်သည်။ ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “နင် အပြင်ထွက်တဲ့အခါကျရင် သိမ်းငှက်လေးကို ငါနဲ့ ရက်နည်းနည်းလောက် ထားခဲ့။ ငါ သူနဲ့ အတွေ့အကြုံနည်းနည်းလောက် ဖလှယ်ချင်လို့”
“အာ….” သိမ်းငှက်လေးက ရီဖူရှင်းအား တုန်ရီစွာ ကြည့်လိုက်သည်။
“တကယ်ကြီးလား” ရီဖူရှင်းက ခဏလောက် ဆွံ့အသွားခဲ့သည်။ ရှားရှင်းယွန်နှင့် သိမ်းငှက်လေး၏ အရှုပ်အထွေးက ရှင်းရခက်လှ၏။
“ဒီမှာ အခြေအနေ ဘယ်လိုလဲ” ရီဖူရှင်းက ယူချင်းကို မေးလိုက်သည်။
“လူတိုင်းရောက်ပြီ။ ဒါပေမယ့် ကောင်းကင်လှေကားကို ဘယ်သူမှ မသွားနိုင်ကြသေးဘူး။” ယူချင်းက ရှေ့သို့ ကြည့်နေရင်း ပြောသည်။ “ရုပ်တုတွေကို ကြည့်ရတာ အသက်ရှိနေသလိုပဲ။ အရင်ဘဝက အသိစိတ်တွေ ကျန်နေသေးတာ ဖြစ်ရမယ်။ အဲဒါတွေက ပုံရိပ်ယောင်တွေ ဆိုရင်တောင် အထဲကို ခြေချလိုက်တာနဲ့ အစစ်တွေလို ပေါ်လာလိမ့်မယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုသည်က သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ ဤနေရာက ဒဏ္ဍာရီ မဟာအင်ပါယာ၏ ကျင့်ကြံရာ ဖြစ်သည့်အတွက် လွယ်လွယ်နှင့် ချိုးဖျက်ဝင်နိုင်စရာ မရှိပေ။
ဤသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေ၌ ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့သည်။ နှစ်ပေါင်းသုံးရာကျော်အတွင်း ဤနယ်မြေ ဖွင့်သည့်အချိန်တိုင်း အထက်ကိုးဘုံမှ ပါရမီရှင်များ ဝင်ရောက်ကြသည်။ သို့သော် မည်သူကမှ ဝင်ရောက်နိုင်ခြင်း မရှိပေ။
ဤတစ်ကြိမ်၌ သူနှင့် ကျန်ချင်းကျူတို့နှစ်ယောက်သည် တံခါးနှစ်ချပ်ကို ဖွင့်နိုင်ခဲ့ကာ အခြားနှစ်ဖက်ကိုလည်း အသက်သွင်းနိုင်ခဲ့ခြင်းကြောင့် အခြေအနေက လပိတစ်ကမ်းတွင် ရှိနေသည်။
“ကျန်ချင်းကျူ သွားပြီလား” ရီဖူရှင်းသည် အခြားတစ်ဖက်သို့ ကြည့်လိုက်ပြီး ထျန်းရှန်ကျောင်းတော်ဘက်တွင် ကျန်ချင်းကျူအား မမြင်သည့်အတွက် မေးလိုက်သည်။
“သူက တခြားနေရာနှစ်ခုကို သွားကြည့်မယ်လို့ ပြောတယ်။” ရာရာက ပြောလိုက်ပြီး ရီဖူရှင်းက သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ကျန်ချင်းကျူ၌ သူနှင့် တူညီသော အတွေးများ ရှိသော်လည်း သူက နတ်ဘုရားဥယျာဥ်သို့သာ သွားရောက်ခဲ့သည်။ ကျန်သည့် နေရာများအတွက် ဝင်ပေါက်တစ်ပေါက်ထက် ပိုမိုကာရှိသည်။ အမွေအနှစ်အများစုသည် ကျူးကျော်ခံခဲ့ရပြီး ဖြစ်သည့်အတွက် သွားလည်ရန် မတတ်နိုင်ပေ။
ထိုအချိန်တွင် လေထဲမှ အသံများကြားလိုက်ရပြီး ထျန်းရှန်ကျောင်းတော်မှ အဖွဲ့လာနေသည်ကို တွေ့လိုက်ရသည်။ ဥိီးဆောင်လာသည့်သူမှာ ကျန်ချင်းကျူသာ ဖြစ်သည်။
မျက်လုံးများက သူ့ပေါ်၌ ကျရောက်နေပြီး သူတို့က အလွန် တည်ကြည်နေသည်။ ယခင် သူတို့ ဝင်ပေါက်၌ ရှိစဥ်က ထျန်းရှန်ကျောင်းတော်မှ လူများက ချိပ်စည်းတံခါးကို ဖွင့်လှစ်ခဲ့သည်။ ပြောကြသည်မှာ ကျန်ချင်းကျူက ထိုအမိန့်ကို ပေးခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ကျန်ချင်းကျူက ဤနေရာသို့ ရောက်ရှိလာပြီး passages များအားလုံးကို အသက်သွင်းခဲ့ခြင်းကြောင့် သူတို့က လာရောက်စုဝေးနိုင်ခြင်း ဖြစ်သည်။
ဤနေရာသို့ရောက်လာပြီးနောက် လူတိုင်းသည် ကောင်းကင်နန်းတော်တွင် အာရုံစိုက်နေကြပြီး မည်သည့်စကားမှ မဆိုကြပေ။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံကို ဦးဆောင်လာသည့် ရီဖူရှင်းက ကျန်ချင်းကျူထက် စောရောက်မည်ဟု ထင်ထားကြမည် မဟုတ်ပေ။ ကောင်းကင်အာဏာစက်ဘုံနှင့် ယွမ်ယန်ကလန်ကဲ့သို့ အခြားသော အင်အားစုများမှ လူတို့သည် သူတို့၏ သတင်း အချက်အလက်များနှင့် နီးစပ်မည် မဟုတ်ပေ။ မဟုတ်လျှင် ရီဖူရှင်းအတွက် ပြဿနာ ပိုများရုံသာ ဖြစ်ပေလိမ့်မည်။
ကျန်ချင်းကျူက အမွေအနှစ်နယ်မြေ တံခါးအားလုံးကို ဖွင့်နိုင်ခြင်းက ကိစ္စမရှိပေ။ ကျော်ကြားသည့် ပုဂ္ဂိုလ်များက သူ၏ အမည်ကို သိကြပြ ထျန်းရှန်းကျောင်းတော်၏ မျိုးဆက်များအကြား နံပါတ်တစ် ဟု သိကြသည်။ သူတို့ မကြားဖူးသည့် သူများကိုတော့ ဤနေရာ၌ ရောက်ရှိမှပင် တွေ့ကြုံကြားသိရပေမည်။
သူတို့ရှေ့၌ ကောင်းကင်နန်းတော်၏ နတ်ဘုရားအမွေအနှစ် ကြောင့်သာ မဟုတ်လျှင် အထက်ကိုးဘုံ၏ ထူးချွန်သော ပုဂ္ဂိုလ်များ စုဝေးနေခြင်းက သူတို့ကို အချင်းချင်း ယှဥ်ပြိုင်ရန် ကြိုးစားလာစေပေလိမ့်မည်။
***