Switch Mode

အခန်း (၁၈၂)

အစီအရင်ကျွမ်းကျင်သူကိုလက်သီးဖြင့်ပင်သတ်မည်

အခန်း (၁၈၂) အစီအရင်ကျွမ်းကျင်သူကိုလက်သီးဖြင့်ပင်သတ်မည်

ကျိုးစူးတို့ (၃)ယောက် ကျန်းလန်နောက်မှ လိုက်လာကြသည်။

သူတို့စိတ်ထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နက်လျှက် ရှိ၏။ သူတို့ရှေ့မှလူက သူတို့အဖွဲ့ခေါင်းဆောင်ဖြစ်မည်ဟု လုံး၀ ထင်မထားခဲ့ကြပေ။

ကျင်းယွီနှင့် ကျန်းရှီတို့မှာလည်း စကားတစ်လုံးပင် မပြောဝံ့ကြပေ။ ဂိုဏ်းတူအစ်ကိုကြီးကို ထပ်ပြီး စော်ကားသလိုဖြစ်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။

အစိုးရိမ်ဆုံးသူကတော့ ကျိုးစူးဖြစ်၏။

စောစောက ကျန်းလန်ကို စော်ကားခဲ့သလို ပြောခဲ့မိသည်မှာ အသာထား ဟိုးအရင်ကလည်း သူက ကျန်းလန်ပေါ် ရိုင်းစိုင်းခဲ့ဖူးသည်။

အရင်တုန်းက သူက ဂိုဏ်းတူအစ်ကိုကြီးနှင့်တွေ့ဆုံလေးတိုင်း အထင်အမြင်သေးစွာဖြင့် ဆက်ဆံခဲ့သည်။ ယနေ့ သူက ဂိုဏ်းတူအစ်ကိုကြီးကိုပင် ခေါင်းဆောင်ဖြစ်သူကို လက်ဆောင်ပေးရန် သင်ပေးလိုက်သေးသည်။

သူ မှော်ရုံနယ်မြေမှ အသက်ရှင်လျှက်ပင် ပြန်ထွက်လာနိုုင်ပါတော့မည်လား မသေချာပေ။

သူ ပြင်ဆင်လာသည့် လက်ဆောင်ကိုလည်း မပေးရဲတော့ပေ။

ကျန်းလန်က ရှေ့မှ လျှောက်သွားပြီး သူ၏ တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ အဖွဲ့ဝင် (၃)ယောက်ကို ရစ်ပတ်ထားလိုက်သည်။

ကျိုးစူးတို့ (၃)ယောက်မှာ ချက်ချင်းပင် ကြီးမားလွန်းသည့် မူလဝိညာဉ် ၊ ကနဦးအဆင့် တန်ခိုးစွမ်းအးတစ်ခုက သူတို့ကို လာရောက်ရစ်ပတ်သည်ကို အာရုံခံလိုက်မိကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင်…

ကျန်းလန်က သူတို့အဖွဲ့ခေါင်းဆောင်ဖြစ်လေသည်။

သူတို့အားလုံးရင်ထဲ လေးလံလျှက် ရှိကြတော့၏။

ကျန်းလန်ကတော့ သူတို့ (၃)ယောက်၏ အတွေးများကို စိတ်မဝင်စားပေ။ သူက တာဝန်ရှိသည့်အတိုင်း တာဝန်ယူပေးမည် ဖြစ်သည်။

ကျိုးစူးတို့ (၃)ယောက်ကတော့ ကျန်းလန်ကို စော်ကားမော်ကားပြုမိပြီဟု တွေးနေမိကြသည်။

ကျန်းလန်ကတော့ ထိုသို့တွေးနေလျှင်လည်း ကောင်းသည်ဟု ယူဆသည်။ ထိုသို့ဆိုလျှင် သူတို့ (၃)ယောက် ပိုပြီး တိတ်ဆိတ်ငြိမ်သက်ကာ သတိရှိနေကြပေလိမ့်မည်။

ဤတပည့်ငယ်များက သူ့ကို မည်သို့သောဒုက္ခပေးဦးမည်လဲ မသိနိုင်ပေ။

ထို့နောက် သူတို့ (၃)ယောက်လုံး မှော်ရုံနယ်မြေဝင်ပေါက်ရှိရာတွင် ပျောက်ကွယ်သွားကြပြီး အတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။

မှော်ရုံနယ်မြေသို့ ဝင်ရောက်လာလမ်းတစ်လျှောက်တွင် စွမ်းအားမုန်တိုင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မူလဝိညာဉ်အဆင့် အဖွဲ့ခေါင်းဆောင်က တစ်ဖွဲ့လုံးကို ကာကွယ်ပေးရမည် ဖြစ်သည်။

စွမ်းအားမုန်တိုင်းချဉ်းကပ်လာသည်နှင့် ကျန်းလန်က မုန်တိုင်း၏ အတိုင်းအဆကို အာရုံခံမိသည်။ စွမ်းအားမုန်တိုင်းက ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ပြီးသူလောက် စွမ်းအားမြင့်မားသော်လည်း မူလဝိညာဉ်အဆင့်ကျင့်ကြံသူလောက် စွမ်းအားမမြင့်မားပေ။

သူက မူလဝိညာဉ် ၊ ကနဦးအဆင့် တန်ခိုးစွမ်းအားကို အသုံးပြုလျှင် လုံလောက်မည် ဖြစ်သည်။

အချိန်ခဏကြာပြီးတော့ သူတို့အားလုံးရှေ့တွင် ကြီးမားသည့် တောအုပ်ကြီးတစ်ခုကို တွေ့မြင်လိုက်ကြရသည်။ သစ်ပင်များက အစီအရီပေါက်ရောက်နေပြီး လူနည်းနည်းချင်းစီသာ တောအုပ်အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

သစ်ပင်များကို အထူးပြုလုပ်ထားသည့် နွယ်ပင်များက ဝန်းရံထားလေရာ အားလုံး တစ်ပြိုင်တည်းအထဲသို့ ဝင်ရောက်နိုင်ခြင်းရှိမည် မဟုတ်ပေ။

သစ်ပင်ကြီးများကတော့ အဆုံးမရှိသည့် အဆောက်အဦကြီးများအလား ထင်မှတ်ရသည်။

သူတို့မျက်စိရှေ့တွင် မြူခိုးပင်လယ်ကြီးကို တွေ့မြင်လိုက်ရသည်။ များပြားလှသောမြူခိုးများက အဆုံးမရှိပေ။

လွန်ခဲ့သည့် ရက်ပိုင်းကပင် ကျန်းလန်က မှော်ရုံနယ်မြေများအကြောင်း အကြမ်းဖျင်းနားလည်သိရှိထားခဲ့သည်။

မြူခိုးများ မည်သည့်နေရာက ထွက်ပေါ်လာသည်ကို မည်သူမှ မသိနိုင်သလို မြူခိုးများ၏ ဗဟိုချက်ကိုလည်း မည်သူမှ မသိရှိနိုင်ပေ။

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ကျန်းလန်နှင့် အခြားသူများ မြူခိုးများဖြင့် ပြည့်နက်နေသည့် မြေပြင်ထက်သို့ ဆင်းသက်လိုက်ကြသည်။

အရှေ့ဆီတွင် ဝင်ပေါက်တစ်ခု ရှိနေလေသည်။

ကျန်းလန်က…

“အထဲကိုဝင်ကြ…”

ထို့နောက် ကျန်းလန်က ဆက်ပြောသည်။

“သတိထားကြ… အရမ်းတော့ အန္တရယ်မများနိုင်ဘူး ဒါပေမဲ့ မှတ်ထားရမှာက ဓားစီးပြီး မပျံသန်းကြနဲ့… ၊ မင်းတို့ မြူခိုးတွေပေါ်က ဖြတ်ပျံလို့ ရမှာမဟုတ်ဘူး… ၊ ပျံသန်းလိုက်တာနဲ့ အစီအရင်ထဲမှာ လမ်းပျောက်သွားလိမ့်မယ်…”

ကျန်းလန်က လိုအပ်သည်များကို ရှင်းပြလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။

သူက ထူးခြားသည့်နေရာတစ်ခုရှာဖွေကာ စနစ်တွင်မှတ်ပုံတင်ရန် စဉ်းစားထားသည်။

အရင်က တတိယတောင်ထွတ် မှော်ရုံနယ်မြေ၏ တောင်ထိပ်တွင် စနစ်မှတ်ပုံတင်ခဲ့သည်။ ယခု ပဉ္စမတောင်ထွတ် မှော်ရုံနယ်မြေ၏ မြူခိုးဗဟိုချက်တွင် စနစ်မှတ်ပုံတင်ချင်မိသည်။

သို့သော် မြူခိုးဗဟိုချက်က မည်သည့်နေရာတွင်ရှိသည်လဲ ကျန်းလန် မသိရှိပေ။

နောက်ပိုင်းတွင်တော့ သူ မြူခိုးဗဟိုချက်ကို ရှာတွေ့နိုင်မည် ဖြစ်သည်။ သို့သော် ဤတပည့် (၃)ယောက်က သူ့ကို ဝေးဝေးမသွားနိုင်စေရန် ကန့်သတ်ထားကြသည်။

ကျန်းလန်စကားကို နားထောင်ပြီးသည်နှင့် သူတို့ (၃)ယောက်လုံး ရင်ထဲလေးလံစွာဖြင့် လမ်းလျှောက်သွားကြသည်။

စကားစပြောလိုက်သူက ကျန်းရှီ ဖြစ်သည်။

“ဂိုဏ်းတူအစ်ကိုကြီး… စောစောက အစ်ကိုကြီးကို အဖွဲ့ခေါင်းဆောင်မှန်း မသိလို့ပါ…”

သူမက တောင်းပန်လိုက်သည်။

ကျင်းယွီနှင့် ကျိုးစူးတို့ကလည်း လိုက်ပြီး တောင်းပန်လိုက်ကြသည်။

ကျန်းလန်က ပုံမှန်လေသံဖြင့်ပင်…

“ဘာမှ မဖြစ်ဘူး… အထဲကိုဆက်ဝင်ကြ…”

သူ့စကားသံထဲတွင် ဒေါသသံလည်းမပါသလို အခြားခံစားချက်များလည်း မပါဝင်ပေ။

ထို့ကြောင့် ကျန်းလန် ဒေါသထွက်နေသည်လား ဝမ်းသာနေသည်လားဆိုသည်မှာ ဝေခွဲရခက်လှသည်။

သူတို့ (၃)ယောက်လုံး စိတ်ရှုတ်ထွေးလျှက် ရှိကြသည်။

နောက်ဆုံးတော့ သူတို့ (၃)ယောက် မြူခိုးများအတွင်းသို့ ဦးတည်ဝင်ရောက်သွားကြသည်။

သူတို့ လူကွဲမသွားစေရန်ဆုံးဖြတ်လိုက်ကြပြီး သတူတို့အချင်းချင်းစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုသို့ဆိုလျှင် ဂိုဏ်းတူအစ်ကိုကြီးက အငြိုးထားပြီး ဒုက္ခပေးလျှင်တောင်မှ သူတို့ တောင့်ခံနိုင်မည် ဖြစ်သည်။

သူတို့ လေးလံသည့်ခြေလှမ်းများဖြင့် မြူခိုးများအတွင်းသို့ ဝင်ရောက်သွားကြသည်။ မြူခိုးများက ထူထပ်လွန်းပြီး သူတို့လျှောက်နေသည့်လမ်းအရှေ့လေးကိုသာ တွေ့မြင်ရလေသည်။

လမ်းအဆုံးတွင် လမ်းခွဲ (၂)ခု (၃)ခုခန့် ရှိသည်။

ခဏမျှ တုန့်ဆိုင်းနေကြပြီးနောက် လက်ဝဲဘက်မှ လမ်းခွဲသို့ သူတို့ ဆက်လျှောက်သွားရန် ရွေးခြယ်လိုက်ကြသည်။ ထိုလမ်းမှသွားလျှင် သူတို့ လွယ်လွယ်နှင့် အပြင်သို့ ပြန်ထွက်နိုင်မည် ဖြစ်သည်။

သို့သော် သူတို့ရွေးခြယ်လိုက်သည့်လမ်းက မကြာမီ သစ်ပင်များနှင့် နွယ်ပင်များပြည့်နက်လာသည်ကို သူတို့ မသိခဲ့ကြပေ။

လမ်းက စတင်ပြောင်းလဲသွားသည်။

ကျန်းလန်က လမ်းဆုံတွင်ရပ်နေပြီး အထဲသို့ ဆက်မဝင်သေးပေ။ သူ ခဏမျှ လေ့လာရန် လိုအပ်သည်။

သူက သူ့အဖွဲ့ဝင် (၃)ယောက်ကို စောင့်ရှောက်ရသည်သာမက ပတ်ဝန်းကျင်ကိုလည်း လေ့လာရသည်။

တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေမည်ဆိုလျှင် သူကလည်း ထိုသူကို ပြန်လည်စောင့်ကြည့်ရမည် ဖြစ်သည်။

ကျန်းလန် မြေပြင်ထက် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးနှင့် သူ့အဖွဲ့ဝင် (၃)ယောက်ကို သတိဖြင့် လေ့လာနေလိုက်သည်။

မြူခိုးများက သာမန်မျက်လုံးဖြင့်တွေ့မြင်နိုင်သည့်အရာများကို ကန့်သတ်ထားခြင်း မရှိပေ။

သူ မည်သည့်နေရာတွင် ရှိနေပါစေ သူ့အဖွဲ့ဝင် (၃)ယောက် မည်သည့်နေရာရောက်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိမည် ဖြစ်သည်။

ကျန်းလန် တစ်နေ့လုံး ထိုင်နေခဲ့လေသည်။

တစ်နေ့အတွင်း သူ့အဖွဲ့ဝင် (၃)ယောက်ကတော့ သိပ်ဝေးဝေး မသွားနိုင်ဘဲ တစ်နေရာတည်းတွင် အချိန်အတာ်ကြာအောင် ပိတ်မိနေကြလေသည်။

ထို့ပြင် အခြားအဖွဲ့များ၏ ခေါင်းဆေင်များမှာလည်း အားလုံး မြူခိုးများထဲတွင် ပိတ်မိနေခဲ့ကြသည်။

“ငါ အတွေးလွန်နေတာများလား…”

မည်သူမှ သူ့ကိုစောင့်ကြည့်နေသည်ကို မခံစားရသည့်အတွက် ကျန်းလန် တွေးလိုက်မိသည်။

ထို့နောက် ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး အထဲသို့ ဆက်ဝင်သွားလိုက်သည်။ မည်သူမှ သူ့ကိုစောင့်ကြည့်နေခြင်း မရှိလျှင် သူက မြူခိုးဗဟိုချက်ကို ရှာဖွေရမည် ဖြစ်သည်။

“တစ်ရက်တောင်ကြာသွားပြီ… လုန်ယွိလည်း ပေါ်မလာသေးပါလား… ၊  သူ ဘယ်မှာလဲ မသိဘူး…”

လုန်ယွိက အဖွဲ့တစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သည်။

သူမ၏အဆင့်က အားလုံးထက် မြင့်မားလေသည်။

ကျန်းလန် မြူခိုးမဏ္ဍိုင်နှင့် နီးကပ်လာပြီလားဟု လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။

တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေကဲ့သို့ နေရာမျိုးတွင် အဖွဲ့ခေါင်းဆောင်ကို စောင့်ကြည့်သည့် သူလျိုများ ရှိနေခဲ့သည်။

ယခု ပဉ္စမတောင်ထွတ်၏ မှော်ရုံနယ်မြေတွင် အဖွဲ့ခေါင်းဆောင်များက သူလျှိုများဖြစ်နေပါက အန္တရယ်အလွန်များမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သားရဲတွင်းထဲဝင်မိသည့် သိုးငယ်များပမာ ဖြစ်ရပေလိမ့်မည်။

မြူခိုးများကြားတွင် လမ်းလျှောက်ရင်း လမ်းဆုံလမ်းခွများစွာကို ရင်ဆိုင်ရမည် ဖြစ်သည်။ လမ်းခွဲတစ်ခုက မည်သည့်နေရာကို ရောက်ရှိမည်ကို မည်သူမှ မသိနိုင်ကြပေ။ အားလုံးက ကံတရားအပေါ်တွင် မူတည်သည်။

“မြူခိုးတွေကို ရှင်းပစ်နိုင်တဲ့ နည်းလမ်း ရှိရမယ်…”

ကျန်းလန်က ဘေးဘက်ရှိ လမ်တစ်လမ်းထက်တွင် လမ်းလျှောက်နေရင်း တွေးလိုက်သည်။

သာမန်အခြေအနေဆိုလျှင် လမ်း၏ နံရံဘက်ခြမ်းကို မှီလိုက်ရုံဖြင့် သူက မြူခိုးများအတွင်းမှ ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

ဤသည်က အနည်းငယ် ကလိန်ကျသည့် နည်းလမ်းဖြစ်သည့်တိုင် အသုံးဝင်လေသည်။

သို့သော် သူက လမ်းအတိုင်းလျှောက်သွားရင်း သူ့နောက်မှ စွမ်းအားအငွေ့အသက်တစ်ခုကို ခံစားလိုက်မိသည်။

သူလှည့်ကြည့်လိုက်သည့်အခါ သူလျှောက်လာသည့်လမ်း အနောက်ဘက်တွင် သစ်ပင်ကြီးများ ပိတ်ဆို့သွားပြီဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်။

“ဒါက သာမန်ပြောင်းလဲမှုမျိုးလား… ဒါမှမဟုတ် အစီအရင်ကို တစ်ယောက်ယောက်က ကြားဝင်နှောက်ယှက်နေတာလား…”

ကျန်းလန် ပိုမိုသတိထားလိုက်ပြီး ဘာဖြစ်သည်လဲ စစ်ဆေးကြည့်လိုက်သည်။

သူက အစီအရင်ပညာ ကျွမ်းကျင်သူတစ်ယောက်ဟု မဆိုနိုင်သေးသော်လည်း မဆိုးလှသည့် အခြေအနေတွင် ရှိသည်။

အနည်းဆုံးတော့ သူက လုန်ယွိထက်သာလေသည်။

ထို့နောက် ကျန်းလန်က ပိတ်ဆို့သွားသည့် သစ်ပင်ကြီးများ ရှိရာနေရာသို့ လက်တစ်ဖက်ကို ဆန့်တန်းကာ တစ်ချက် စစ်ဆေးကြည့်လိုက်သည်။

“ဒီနေရာက တကယ်ပဲ ပြောင်းလဲနေတာလား…”

ခဏအကြာတွင်တော့ ကျန်းလန် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“အစီအရင်ရဲ့ ပြေင်းလဲမှုတွေကို တစ်ယောက်ယောက်က ကြားဖြတ်နှောက်ယှက်နေတာပဲ… ၊ ရန်သူရဲ့ နည်းလမ်းက အရမ်းကောင်းတယ်…”

ထို့နောက် ကျန်းလန် ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး သူ မြူခိုးများကြားမှ ထွက်ခွာနိုင်မည်လား တစ်ချက်ကြည့်လိုက်သည်။

သူ သစ်ပင်ကြီးများထက်သို့ တက်ပြီးမပြေးသရွေ့ သူ မြူခိုးများထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

ထိုသို့ဆိုလျှင် လွတ်မြောက်နိုင်မည် ဖြစ်သည်။

“ဒါပေမဲ့ ရန်သူက ဘယ်သူ့ကို ပစ်မှတ်ထားမှန်း မသိဘူး…”

ကျန်းလန် တွေးလိုက်သည်။

သို့သော် ကျန်းလန် တစ်ခုနားလည်လိုက်သည်မှာ ရန်သူက သူ၏ပစ်မှတ်ကို တိုက်ခိုက်ရန်အတွက် အစီအရင်ပညာကို အသုံးချနေသည်ဆိုသည့်အချက်ပင် ဖြစ်သည်။

ပစ်မှတ်က မည်သူမှန်း ကျန်းလန်မသိရှိပေ။

သူလည်းဖြစ်နိုင်သလို လုန်ယွိလည်း ဖြစ်နိုင်သည်။ သူတို့ (၂)ယောက် မဟုတ်သည့် အခြားတစ်ယောက်လည်း ဖြစ်နိုင်သည်။

နောက်ဆုံးတော့ ကျန်းလန် ခေါင်းကို ခါရမ်းလိုက်ပြီး အများကြီးမတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ရန်သူက သူ့ကို လာမထိသေးမချင်း သူ အရေးစိုက်စရာ မလိုပေ။ သူ့အဖွဲ့ဝင် (၃)ယောက်ကို မတိုက်ခိုက်သရွေ့ သူ့တွင် တာဝန်မရှိပေ။

ရှောင်ယွိကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုလျှင် မရှိမှုအာကာသအဆင့် ကျင့်ကြံသူများ တိုက်ပွဲဖြစ်သည့်အတွက် သူက ပါဝင်ပတ်သက်ရမည် ဖြစ်သည်။

ခွန်လွန်တောင်တွင် အဘယ့်ကြောင့် သူလျှိုများ ထိုမျှ များပြားနေရသည်ကို ကျန်းလန် နားမလည်နိုင်ပေ။

ဒုတိယတောင်ထွတ်မှ ဦးဆောင်ပြီး သူလျှိုများကို သုတ်သင်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ပြင် တပည့်အသစ်များဝင်ခွင့်ကိုလည်း တင်းကျပ်ထားသည့်အတွက် ခွန်လွန်တောင်တွင် သူလျှိုများ များပြားစွာ ရှိမနေသင့်ပေ။

ထို့နောက် ကျန်းလန်က မြူခိုးဗဟိုချက်ကို ရှာဖွေရန် စတင်လိုက်သည်။

အစီအရင်အသုံးပြုကာ တိုက်ခိုက်နေသူကတော့ ရန်သူက အစီအရင်ပညာတွင် ကျန်လန်ထက်မြင့်မားနေလဆင် သူက အစီအရင်ပညာဖြင့် တန်ပြန်တိုက်ခိုက်ရန် မရည်ရွယ်တော့ပေ။

ရန်သူကို သတ်ဖြတ်ရန်အတွက် အန္တရယ်ကိုးသွယ်စွမ်းအားက ပိုပြီးထိရောက်သည်။

ရန်သူက သူ့လမ်းပေါ်သို့ ရောက်လာသည့်အချိန်ထိ စောင့်ရမည် ဖြစ်သည်။

ကျန်းလန်က မြူခိုးများအထက်မှ ပျံသန်းသွားရန်လည်း မရည်ရွယ်ပေ။ ထိုသို့ပြုလုပ်ခြင်းက ရန်သူကို ပိုပြီး သတိုပြုမိသွားစေနိုင်သည်။

အလျဉ်လိုစရာမရှိသောကြောင့် ဓာကိုစီးနှင့်ပျံသန်းသွားရန်လည်း မလိုအပ်ပေ။

***

ကျိုးစူးတို့ (၃)ယောက်မှာလည်း လမ်းအတိုင်း လမ်းလျှောက်လာကြသည်။

သူတို့က ပုံမှန်မဟုတ်စွာပင် သတိကြီးကြီးဖြင့် လမ်းလျှောက်နေခြင်းဖြစ်ပြီး စွန့်စားမှုများကိုလည်း ဘာတစ်ခုမှ မပြုလုပ်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ကို ကာကွယ်ပေးမည့်သူ မရှိဟု ယူဆထားသောကြောင့် ဖြစ်သည်။

“ငါ တစ်ခု သတိရပြီ…”

ရုတ်တရက် ကျန်းရှီက ကျင်းယွီနှင့် ကျိုးစူးကိုကြည့်ပြီး ပြောလိုက်သည်။

“ငါတို့အဖွဲ့ခေါင်းဆောင် ဂိုဏ်းတူအစ်ကိုကြီးကို ရင်းနှီးနေတယ်လို့ မထင်မိဘူးလား…”

Comment

Leave a Reply

Options

not work with dark mode
Reset