အပိုင်း(၁၆၂၅):

အသက်ချမ်းသာပေးခြင်း

ရီဖူရှင်းသည် ပျောက်ကွယ်သွားသောပုံရိပ်ကို လှည့်၍ကြည့်လိုက်သည်။ သူသည် ရန်ဟောင်ကို သတ်နိုင်ခဲ့သော်လည်း ပျော်ရွှင်သည့်ပုံပေါ်ချေ။ သူ၏စွမ်းရည်သည် ရန်ဟောင်တစ်ဝက်ဟုပင် ဆိုနိုင်သည်။ သူ၏များစွာသော စွမ်းရည်များသည် သတ်မှတ်ထားသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

သူသည် ဧကရာဇ်စွမ်းအင်ကို အသက်သွင်းလိုက်သည့်အခါတွင် မဟာလမ်းစဉ်၏ အကန့်အသတ်များကို နားလည်ခဲ့သည်။ သူယခုတိုက်ခိုက်ခဲ့သည့် လှံချက်သည် မဟာလမ်းစဉ်၏ ကန့်သတ်ချက်များကို တိုက်ရိုက်ချိုးဖောက်ခဲ့သည်။ ထို့အပြင် နတ်ဘုရားကလန်မှရန်ဟောင်၏ မဟာလမ်းစဉ်သည် ချို့ယွင်းချက်ရှိပေသည်။

ရီဖူရှင်းသည် ချို့ယွင်းချက်ကင်းသည့် ရန်ဟောင်သည် မည်မျှ သန်မာသည်ဆိုသည်အား သိချင်ခဲ့သည်။ မဟာလမ်းစဉ်၏ဘုံသုံးထောင်တွင် အပြစ်အနာအဆာ ကင်းသော ရန်ဟောင် အရေအတွက်အနည်းငယ်သာ ရှိပေမည်။ ထို့အပြင် ထိုသူတို့သည် ဘုံကိုးပါး၏ ထိပ်တန်းအင်အားစုများမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ အထူးသဖြင့် ထိုပါရမီရှင်များနှင့် တွေ့ဆုံနိုင်ရန် ကံကောင်းခြင်းများစွာလိုအပ်လိမ့်မည်။

နတ်အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ရီဖူရှင်းသည် သူ၏စွမ်းအင်အတော်များများ ကုန်ခန်းသွားသည်ဟု ခံစားလိုက်ရသည်။ သူသည် ရှန့်ထို အထွပ်အထိပ်အဆင့်သို့ ရောက်နေသော်လည်း ဧကရာဇ်စွမ်းအင်ကို အသက်ဝင်စေခြင်းသည် သူ၏ခန္ဓာကိုယ်အား အလွန်ထိခိုက်စေလေသည်။ သို့သော် ရီဖူရှင်းသည် သူ၏လက်ရှိတိုးတက်မှုအတွက် အလွန်ပျော်ရွှင်ခဲ့သည်။

သူသည် ယခုအချိန်တွင် ဧကရာဇ်စွမ်းအားကို အသက်သွင်းခြင်းသည် ယူချင်းက သူ၏ နတ်ဆိုးနည်းလမ်းကို အသုံးပြုသည်နှင့် ဆင်တူနေသည်။

ရီဖူရှင်းသည် ပင်ပန်းလွန်းသဖြင့် သတိလစ်မေ့မျောသွားတော့မည် မဟုတ်ပေ။ သူသည် လမ်းစဉ်သစ်သီးတစ်လုံးကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆန်းကြယ်သော အသက်စွမ်းအင်များထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ပြန်လည်ပြည့်နှက်လာသည်။ ယူချင်းသည် ဘေးတွင်ရပ်နေပြီး အဖြစ်အပျက်အားလုံးကို အေးဆေးစွာ ရပ်ကြည့်နေသည်။ ရန်ဟောင်ကိုသတ်ဖြတ်ခြင်းသည် သာမန်ဖြစ်စဉ်တစ်ခုကဲ့သို့ပင် လုံးဝ အံ့ဩဟန်မပြပေ။

“ပြန်သွားကြမယ်” ရီဖူရှင်းကပြောလိုက်သည်။ ထို့နောက် သူသည် သူလာခဲ့သည့်နေရာသို့ ပြန်ပြေးသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် အသက်စွမ်းအားသည် သူ၏ကိုယ်ခန္ဓာကို ဝိုင်းရံထားပြီး သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာပြန်လည်ကောင်းမွန်လာခဲ့သည်။ သူတို့သည် နတ်ဘုရားကလန်၏ ရန်ဟောင်ကို ဖယ်ရှားပြီးဖြစ်ရာ ပြိုင်ဘက်အသင်းတွင် ရန်ဟောင် တစ်ဦးတည်းသာ ကျန်တော့သည်။ သူတို့ထွက်ခွာလာသည့်အချိန်တွင် သူတို့၏မဟာမိတ်အဖွဲ့သည် အားနည်းနေသည်တော့ မဟုတ်ပေ။ ချီရှောင်းနတ်တောင်တန်းသည် သူတို့၏ကတိ တည်နေသမျှ ကာလပတ်လုံး  ရီဖူရှင်းဘက်တွင် အားသာချက်ကြီးတစ်ခုရှိနေမည်ဖြစ်ပြီး တိုက်ပွဲများကို ကောင်းစွာ စီမံနိုင်မည်ဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့သည် တိုက်ပွဲကွင်းပြင်တွင် အခြားသူများနှင့် ပူးပေါင်းလိုက်သောအခါ ကျန်ပြိုင်ဘက်များကို အမြစ်ပြတ်သုတ်သင်နိုင်မည်ဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့သည် လေထဲတွင် တူညီသောအမြန်နှုန်းဖြင့် အမြန်လာနေကြသည်။

ယခုအချိန်တွင် မြင့်မြတ်ခန်းမအထက်တွင် ဖြစ်ပွားနေသောတိုက်ပွဲများသည် ပိုမိုပြင်းထန်လာနေသည်။ ဤနေရာမှ ကျင့်ကြံသူအများစုသည် ရှန့်ထိုအဆင့်ထိပ်ဆုံးတွင် ရှိကြသည်။ သူတို့သည် ပြန်လည်ရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ တိုက်ပွဲများကြောင့် နေရာအနှံ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်။ ကျယ်ဝန်းသော နေရာအနှံ့အပြားအထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများဖြစ်ပွားနေသည့်နေရာတိုင်းတွင် ကောင်းကင်နှင့်မြေကြီးသည် အပြင်းအထန် လှုပ်ခါနေသည်။ ကောင်းကင်အောက်တွင် အပြန်အလှန်တိုက်ခိုက်မှုများသာ လွှမ်းခြုံနေသည်။

ဘုန်း…

ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ဝူကျန်းနှင့် ယွမ်ဟုန်တို့သည် လူလုံးကွဲသွားကြပြီး သူတို့၏ အရှိန်အဝါများသည် မငြိမ်မသက်ဖြစ်နေကြသည်။

ဝူကျန်းသည် ယွမ်ဟုန်ကို စိုက်ကြည့်ရင်း သိမ်းသွင်းသည့်လေသံဖြင့် ပြောလိုက်သည်။ “ယွမ်ဟုန် မင်းက ဧကရာဇ်ဘုံက ယွမ်ယန်မျိုးနွယ်စုက ဆင်းသက်လာသူဖြစ်ရက်သားနဲ့ ဒီတိုက်ပွဲမှာ အခြားသူရဲ့အကူပဲဖြစ်နေတယ်။ မင်းက သူတို့ပေးမယ့် ရန်ဟောင်လက်နက်အနည်းငယ်ကို မျှော်လင့်နေတာလား။ ငါတို့နဲ့ပူးပေါင်းပြီးတော့ မြင့်မြတ်ခန်းမက ရတနာတွေကို သိမ်းယူကြတာက ပိုကောင်းတယ်မဟုတ်လား”

“ဒါက ရတနာတွေကို မင်းယူနိုင် မယူနိုင်ဆိုတဲ့အပေါ် မူတည်တယ်လေ” ယွမ်ဟုန်က အပြုံးဖြင့်ပြန်ပြောလိုက်သည်။ သူတို့သည် ဓားမြို့တော်တွင်ရှိစဉ်က ရီဖူရှင်းသည် လီဟန်ဓားသခင်ကို ဓားကိုရယူနည်းကု သင်ကြားပေးရုံသာမက သူသည် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများကို လှံဖြင့်တိုက်ခိုက်အနိုင်ယူခဲ့သည်။ ဤတစ်ကြိမ်တွင် မည်သည့်အဖွဲ့က အောင်နိုင်မည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

“မင်းတို့က ဒီစစ်မြေပြင်မှာ အသာစီးရနေပေမယ့် သူတို့နှစ်ယောက်က နတ်ဘုရားကလန်ရဲ့ရန်ဟောင်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား” ဝူကျန်းက အေးဆေးစွာပြုံးပြီး ပြန်ပြောလိုက်သည်။

သူကဆက်ပြီးပြောလိုက်ပြန်သည်။ “ သူ့ကိုငါတို့ ဖမ်းလိုက်တာနဲ့ အရာရာတိုင်းဟာ အဆုံးသတ်သွားပြီ။ ဝူမန်ပြန်လာတဲ့အချိန်မှာ မင်းရင်ဆိုင်နိုင်မယ်လို့ထင်လား။ ယွမ်ယန်ကလန်ကို ငါသတ်သင့်လား မသတ်သင့်ဘူးလား။”

“မင်းဘက်ကရှုံးသွားရင်ရော” ယွမ်ဟုန်က မေးလိုက်သည်။

ဝူကျန်းသည် ယွမ်ဟုန်၏တုံ့ပြန်မှုကို ကြားလျှင် လှောင်ပြုံးပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ “ယွမ်ဟုန် ဘယ်လိုပြောလိုက်တာလဲ။ မင်းလည်းပဲ ဧကရာဇ်ဘုံရဲ့ထိပ်တန်းအင်အားစုက ဆင်းသက်လာတဲ့သူ ဖြစ်ပြီးတော့ဒီလိုရယ်စရာကောင်းတဲ့ စကားကိုပြောလိုက်တာလား။ မင်းက ရှန့်ထိုအဆင့်ကျင့်ကြံသူက ရန်ဟောင်တစ်ယောက်ကို အနိုင်ရနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား။ မင်းရဲ့မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ မထင်ဘူးလား။”

ယွမ်ဟုန်သည် မျက်ခုံးကို အနည်းငယ် ပင့်မြှောက်လိုက်သည်။ ရီဖူရှင်းသည် ယူချင်းနှင့်အတူ နတ်ဘုရားကလန်၏ ရန်ဟောင်ကို တိုက်ခိုက်ရန်ရွေးချယ်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ ထိုအရာသည် အလွန်အန္တရာယ်များလေသည်။ သို့သော် ယခုအချိန်တွင် သူသည် ရီဖူရှင်း နှင့် ယူချင်းတို့ကို ယုံကြည်နိုင်ရန်သာ တတ်နိုင်ပေသည်။ နတ်ဘုရားကလန်ဘက်မှ တိုက်ခိုက်နိုင်သေးသောသူများအား ရီဖူရှင်းဘက်မှ မဟာမိတ်များက တိုက်ခိုက်နေကြသည်။ ရီဖူရှင်း မထွက်ခွာမီတွင် သူ၏အသင်းမှသူများအား တိုက်ခိုက်ရမည့်သူများကို သတ်မှတ်ပေးထားခဲ့သည်။

အင်အားစုအားလုံးထဲတွင် ကောင်းကင်အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရားပြည်ထောင်သည် အဆိုးဆုံး ဖြစ်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ခရမ်းရွှေကြွက်ကလန်သည် အလွန် အားကောင်းသည် မဟုတ်သော်လည်း ကောင်းကင်အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရား ပြည်ထောင်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကြုံတွေ့ခဲ့ရသည်။ သူတို့၏ ကျင့်ကြံသူ အများစုမှာ အသတ်ခံခဲ့ကြရသည်။ ထို့အပြင် ချီရှောင်းနတ်တောင်တန်း၏ အလစ်ချောင်းတိုက်ခိုက်မှုကို ဖြေရှင်းရန်လည်း လိုအပ်သေးသည်။

စစ်ပွဲသည် အမှန်တကယ်တမ်းတွင် တစ်ဖက်သတ် ရိုက်နှက်ခြင်းသာ ဖြစ်သည်။ ကောင်းကင်အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရားပြည်ထောင်မှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေကြရသည်။ ရိထျန်းယွီ နှင့် ယဲ့မန်တို့၏ မျက်နှာများသည် ရုပ်ဆိုးစွာပျက်ယွင်းနေကြသည်။ သူတို့သည် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြသော်လည်း ချင်းဟယ်နှင့်ရင်ဆိုင်ရသောအခါ ယဲ့မန်သည် အသာစီးမရနိုင်ခဲ့ပေ။

ရိထျန်းယွီသည် စွမ်းအားကြီးမားသော်လည်း ရှုဟွမ်စွန်း နှင့် ချီရှောင်းနတ်တောင်တန်းမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက သူ့အား ပူးပေါင်းတိုက်ခိုက်နေသဖြင့် အပြတ်အသတ်အနိုင်မယူနိုင်ခဲ့ပေ။ ရိထျန်းယွီသည် ဒေါသထွက်နေခဲ့သော်လည်း သူတို့နှစ်ယောက်ကြားတွင် မလှုပ်ရှားနိုင်ဖြစ်နေခဲ့သည်။

ချီရှောင်း နတ်တောင်တန်းမှ ထိပ်တန်းပုဂ္ဂိုလ်သည် တမင်တကာ အေးဆေးစွာ တိုက်ခိုက်နေပုံပေါ်သည်။ သူသည် ကောင်းကင်အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရားပြည်ထောင်တို့ကို ပြိုင်ဘက်များအဖြစ် ရွေးချယ်ခဲ့သည်မှာ ထိုအင်အားစုများသည် အားနည်းနေသောကြောင့် အန္တရာယ်မရှိနိုင်၍ ဖြစ်သည်။ သူ့တွင် ရိထျန်းယွီနှင့် ယဲ့မန်တို့ကိုသတ်ရန် အစီအစဉ်မရှိပေ။ တစ်ယောက်မှာ မင်းသမီးတစ်ပါးဖြစ်ပြီး ကျန်တစ်ယောက်မှာ အိမ်ရှေ့မင်းသားဖြစ်သည်။ သူသည်သူတို့ကို သတ်ရန်မကြောက်သော်လည်း သူတို့အင်အားစုနှစ်ခုလုံးအား လုံးလုံးလျားလျား ဆန့်ကျင်ရန်စိတ်ကူးမရှိပေ။ သူ့အတွက် စီစဉ်ထားသည့် အရာအား လုပ်ဆောင်နေရန်သာ လိုအပ်ပေသည်။

ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ ရိထျန်းယွီသည် လေထဲတွင် ဝံ့ကြွဦးစွာ ရပ်နေခဲ့သည်။ သူ၏နောက်ဘက်တွင် နတ်ဘုရားပုံရိပ်များ ရှိနေသည်။ ရိထျန်းယွီသည် ယဲ့မန်ကို ကြည့်လိုက်သည်။ သူမသည်လည်း ချင်းဟယ်နှင့်ဝေးရာကို ဆုတ်လိုက်ပြီး ရိထျန်းယွီကို ကြည့်လိုက်သည်။

“မင်းကို ဒုက္ခရောက်စေမိပြီ” ရိထျန်းယွီက ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေမှာ လုယက်ရင်းနဲ့ အမြဲတမ်း ဒီလိုဖြစ်ခဲ့ရတာပဲ။ ဒါကို ဒုက္ခလို့ ယူဆလို့ဘယ်ရပါ့မလဲ။ ကျွန်မတို့ နတ်ဘုရားကလန်က ရန်ဟောင်ပြန်မလာမချင်း အချိန်ဆွဲထားနိုင်ဖို့ပဲလိုတယ်။ သူပြန်လာတဲ့အချိန်က သူတို့သေမဲ့အချိန်ပဲ” ယဲ့မန်က ပြန်ပြောလိုက်သည်။ ရိထျန်းယွီသည် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ထိုနတ်ဘုရားကလန်မှရန်ဟောင်သည် ထွက်ခွာသွားခဲ့သော ရီဖူရှင်းကို ဖမ်းယူနိုင်မည်လား။ သူတို့မဟာမိတ်ဘက်မှ ကျင့်ကြံသူများအားလုံးသည် ဝူမန်က ရီဖူရှင်းကို ဖမ်းဆီးပြီး ပြန်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ သူတို့အားလုံးစောင့်မျှော်နေကြချိန်တွင် ကောင်းကင်မှ ရွှေရောင်အလင်းတန်းများ ကျဆင်းလာသည်။ ချက်ချင်းပင် အောက်ဘက်ရှိ လူအုပ်ကြီးသည် အရှိန်အဝါ လှိုင်းများကို ခံစားမိလိုက်ကြသည်။

“သူပြန်လာပြီ” ဝူကျန်းသည် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်သည်။ သူ့လက်ထဲမှစေတီဖြင့် ယွမ်ဟုန်ကို ပြန်၍ ဖိနှိပ်လိုက်သည်။ “မင်းတို့အားလုံး လုပ်ဆောင်ခဲ့သမျှ ပြန်ပြီးပေးဆပ်ရမယ်” ဝူကျန်းက ကောက်ကျစ်သည့်လေသံဖြင့် ပြောလိုက်သည်။

“နောက်ဆုံးတော့ သူပြန်လာပြီ” ယဲ့မန်၏မျက်ဝန်းများသည် အေးခဲထက်ရှသွားသည်။

သူမသည် ချင်းဟယ်ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။ “ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ကြီးမြတ်တဲ့သမီးတော်… မင်းကဒီရှေးဟောင်းနယ်မြေထဲမှာ ကျဆုံးရလိမ့်မယ်။”

ရန်ဟောင်ပြန်လာပြီဖြစ်ရာ သူတို့ သတိထားတိုက်ခိုက်နိုင်လျှင် သူတို့မဟာမိတ်ဘက်မှ ပြန်လည်အသာစီးရလာနိုင်မည်ဖြစ်သည်။ ယခင်ကကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်လာတော့မည်မဟုတ်ပေ။ ရီဖူရှင်းဘက်မှ သူများကို ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးပေးမည်မဟုတ်တော့ပေ။ အရာရာတိုင်းသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူတို့ကိုယ်သူတို့ ပြန်လည်ကာကွယ်လာနိုင်ပေမည်။ နတ်ဘုရားကလန်ဘက်ရှိ အင်အားစုများအားလုံးသည် မျှော်လင့်စောင့်စားနေကြသည်။ သူတို့သည် ဖိနှိပ်ခံနေရသဖြင့် ထိုအရာကိုသာ အလွန်မျှော်လင့်ထားကြသည်။

တောက်ပသော အလင်းရောင်းသည် သူတို့အပေါ်ဖြာကျလာ၏။ ပုံရိပ်နှစ်ခုသည် အာကာသကိုဖြတ်လာပြီး လေထဲတွင် ရပ်လိုက်သည်။ တစ်စုံတစ်ခုကို အာရုံခံစားလိုက်မိသဖြင့် လူအများစု၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားသည်။ ဆံပင်အဖြူရောင်ပုံရိပ်တစ်ခုနှင့် နတ်ဆိုးသံချပ်ကာဝတ်ဆင်ထားသော လူငယ်၏ပုံရိပ်သည် ကောင်းကင်တွင် ထင်ရှားစွာပေါ်လာသောအခါ နတ်ဘုရားကလန် မဟာမိတ်အဖွဲ့၏ အင်အားစုများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ရေခဲရေအတွင်းသို့ ပြုတ်ကျသွားသလို သူတို့၏ အသည်းနှလုံးများသည် အေးစက်သွားသည်။

နတ်ဘုရားကလန်၏ရန်ဟောင် ဝူမန်ပြန်လာခြင်း မဟုတ်ပေ။ ပြန်လာသောလူများသည် ရီဖူရှင်းနှင့် ယူချင်းတို့ဖြစ်သည်။ ဤအရာသည် မည်သည့် အဓိပ္ပာယ်နည်း။

ရှန့်ထိုများသည် ရန်ဟောင်ကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အဓိပ္ပါယ်ကင်းမဲ့လှပေသည်။

“မဟုတ်ဘူး” ယဲ့မန်သည် အဖြူရောင်ဆံပင်နှင့် ပုံရိပ်ကို တွေ့သောအခါ သူမသည်နှလုံးအေးခဲသွားသည်ဟု ခံစားလိုက်ရသည်။ သူမသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ပြန်လာသည့်သည် ရီဖူရှင်းလား။ နတ်ဘုရားကလန်မှ ရန်ဟောင် ဘယ်ရောက်သွားသနည်း။ ရိထျန်းယွီသည် ခေါင်းမော့ကာ လေထဲရှိပုံရိပ်ကို ကြည့်လိုက်သည်။ ထိုသူ၏မျက်ဝန်းများတွင် တည်ငြိမ်အေးဆေးမှုများရှိနေပြီး သူ၏အဝတ်စသည် လေထဲတွင် လွှင့်မျှောနေသည်။

သူသည် အနိုင်ယူကာ ပြန်လာခဲ့သည်လား။  ရီဖူရှင်းနှင့် ယူချင်းတို့သည် နတ်ဘုရားကလန်၏ ရန်ဟောင်ကို အနိုင်ယူနိုင်ခဲ့သည်လား။ ရိထျန်းယွီသည် အမြင့်ဆုံးပါရမီနှင့် မွေးဖွားလာသည်ဟု သတ်မှတ်နိုင်သည်။ ကောင်းကင်အာဏာစက်ဘုံမှ သူ၏မျိုးဆက်အတွင်းတွင် သူနှင့်ယှဉ်နိုင်သည့်သူ မရှိပေ။ သူသည် သူတို့မျိုးဆက်များကြားတွင် မရှုံးနိမ့်နိုင်သောသူဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ အနည်းဆုံးတော့ ကောင်းကင်အာဏာစက်ဘုံတွင် ရီဖူရှင်းနှင့် ဂူတုံးလျှို မပေါ်လာမှီအချိန်ထိ သူနှင့်တူညီသည့်သူမရှိပေ။ ရီဖူရှင်းသည် သူ့ထက် ပို၍ လျှင်မြန်စွာ ပြန်လာသည်လား။ ရီဖူရှင်းနှင့်ယူချင်းတို့သာ ပြန်လာသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဖြစ်နိုင်သည်မှာ ရန်ဟောင်သည် မည်သည့်အခါမှ ပြန်မလာနိုင်တော့သည်လား။

“မဖြစ်နိုင်ဘူး” ဝူကျန်းသည် လေသံတိုးတိုးဖြင့် ရေရွတ်မြည်တမ်းလိုက်မိသည်။

ခေါင်းကိုမော့ကာ ရီဖူရှင်းကိုကြည့်လိုက်ပြီး သူ၏မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ ဝူမန်သည် ရန်ဟောင်ဖြစ်သည်။ သူကမည်သို့ ရှုံးနိုင်မည်နည်း။ သူ၏ဆန့်ကျင်ဘက်ဖြစ်သော ယွမ်ဟုန်က အပြုံးဖြင့် ပြောလိုက်သည်။ “ကြည့်ရတာမင်းရဲ့ နတ်ဘုရားကလန်က ရန်ဟောင်က မင်းရဲ့ မျိုးနွယ်ကိုရှုတ်ချတာပဲ။”

“ယူချင်း လျှို့ဝှက်နယ်မြေဘုံက အဖွဲ့သားတွေကို သွားပြီးကိုင်တွယ်လိုက်။”

ထို လျှို့ဝှက်နယ်မြေဘုံ၏ အကျဉ်းချခံတပ်ကလန်မှ ကျင့်ကြံသူများသည် နတ်နဂါးကလန်နှင့် တိုက်ခိုက်လျက်ရှိသည်။ ထိုအင်အားစုသည် အလွန်အားကောင်းသည့်အပြင် ရှုံးနိမ့်မည့် လက္ခဏာ မပြပေ။ သူတို့ကို ယူချင်းလက်ထဲအပ်လိုက်ခြင်းသည် စစ်ပွဲ၏ရလဒ်ကို တိုက်ရိုက်ဆုံးဖြတ်နိုင်သည်။ ဘုန်း..

ယူချင်းသည် ခြေတစ်လှမ်းလှမ်းပြီး အောက်သို့ ဆင်းသွားခဲ့သည်။ ခြောက်ခြားဖွယ် နတ်ဆိုးတစ်ပါးသည် ကောင်းကင်မှ ဆင်းသက်သည်နည်းတူ ထွက်ပေါ်လာသည်။ သူသည်ချက်ချင်းပင် နတ်နဂါးများ နှင့် အကျဉ်းချခံတပ်ကလန်တို့ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာသို့ ရောက်ရှိသည်နှင့် ယူချင်းသည် လက်ကိုမြှောက်ပြီး သူတို့ကို တိုက်ခိုက်လိုက်သည်။

နတ်ဆိုးနဂါး၏ မြည်ဟည်းသံသည် ကောင်းကင်သို့တိုင်အောင် ရိုက်ခတ်သွားသည်။ နတ်နဂါး၏စွမ်းအားသည် အကျဉ်းချခံတပ်မှကျင့်ကြံသူများဆီသို့ ကျဆင်းသွားသည်။

ဘုန်း…

နတ်ဆိုးနဂါးစွမ်းအားများကြောင့် ကျင့်ကြံသူအချို့လွှင့်စင်သွားကြသည်။ သူတို့၏ပါးစပ်မှ သွေးများကျဆင်းလာပြီး သူတို့၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။ ယူချင်း တိုက်ပွဲအတွင်းသို့ ၀င်ရောက်သွားပြီး နောက်ထပ် ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားစေသော မြည်ဟည်းသံကြီးများ ထွက်ပေါ်လာသည်။ သူဖြတ်သန်းသွားသော နေရာတိုင်းတွင် မည်သူမျှ သူ့အား မဆီးတားနိုင်ပေ။ အကျဉ်းချခံတပ်ကလန်မှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လွှင့်စင်သွားကြသည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းသည် ခေါင်းကိုငုံ့ပြီး ရိထျန်းယွီကိုကြည့်လိုက်သည်။ ကောင်းကင် အာဏာစက်မင်းဆက်၏ နတ်ပန်းချီသည် ကောင်းကင်ဘုံ နတ်ဘုရားနည်းလမ်းဖြင့် ကောင်းကင် ထက်တွင် ဝဲပျံနေပြီး မဟာလမ်းစဉ်စွမ်းအားများကို စုဆောင်းနေသည်။ ရိထျန်းယွီသည် မမျှတသော ပုံရိပ်ထင်ဟပ်နေသည်။ လက်ရှိတွင်သူ၏ကျင့်ကြံမှုသည် ရှန့်ထိုအဆင့်၏ထိပ်ဆုံးတွင်ရှိပြီး ရန်ဟောင် အဆင့်နှင့် နီးကပ်လာပြီဖြစ်သည်။ ရီဖူရှင်းသည် လှံရှည်ကို ကောင်းကင်အောက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

“ကောင်းကင်အာဏာစက်မင်းဆက်ရဲ့ အိမ်ရှေ့မင်းသား။ မင်းက ပါရမီရှင်အဖြစ် မွေးဖွားလာခဲ့တယ်။ အခုမင်းက ငါ့ရဲ့လှံထိပ်မှာ ရပ်ပြီးတိုက်ခိုက်ဝံ့လား” ရိထျန်းယွီသည် အသံထွက်ပေါ်ရာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

သူ့ကိုလှံဖြင့်ချိန်ရွယ်ထားခြင်း။ ရီဖူရှင်းသည် သူ့ကိုထိုနည်းဖြင့် အရှက်ခွဲရန် ကြိုးစားနေသည်လား။ ကောင်းကင်အာဏာစက် နတ်ပန်းချီသည် ကောင်းကင်ပေါ်သို့ လွှင့်မျှောသွားသည်။ အခုအချိန်တွင် ရိထျန်းယွီသည် နတ်ဘုရား တစ်ပါးကဲ့သို့ပင်ဖြစ်သည်။ သူသည် မဟာလမ်းစဉ်နှင့် တစ်သားတည်းဖြစ်တည်နေခဲ့သည်။ ကောင်းကင် အာဏာစက်နတ်ပန်းချီမှ အဆုံးမဲ့မြင့်မြတ်သော နတ်အလင်းများသည် သူ့ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လာကြသည်။

ဘုန်း…

ထိုအချိန်တွင် ရီဖူရှင်း လှုပ်ရှားလိုက်သည်။ လေဟာနယ်ကိုဖြတ်ပြီး တောက်ပသောနတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အနားမှ ယဲ့မန်၏အကြည့်တို့သည် သူတို့အပေါ်တွင် စွဲမြဲနေသည်။ တောက်ပသောအလင်းသည် ထိုနေရာကို လွှမ်းမိုးသွားခဲ့သည်။ အဖျက်စွမ်းအားများကို အဝေးမှပင် ခံစားနေရသည်။ သူမ၏အဝတ်များသည် လေထဲတွင် ပျံ့လွင့်နေသည်။

သူမ၏နက်ရှိုင်းသော မျက်ဝန်းအတွင်းတွင် ပုံရိပ်နှစ်ခု ထင်ဟပ်နေသည်။ ပုံရိပ်နှစ်ခုသည် ဆန့်ကျင်ဘက်အရပ်တွင် ရပ်နေကြသည်။ တစ်ယောက်သောသူသည် လက်ထဲတွင် လှံတစ်ခုကိုင်ဆောင်ထားပြီး ကောင်းကင်ထက်တွင် ဂုဏ်ယူစွာရပ်နေခဲ့သည်။ နောက်တစ်ယောက်သည် သူ၏ပါးစပ်မှ သွေးများစီးကျနေသည်။ တစ်ချိန်က ခေါင်းမာပြီးမာနထောင်လွှားသောသူသည် ကိုယ်ကို ကိုင်းညွှတ်နေသည်မှာ သူ၏ထေင်လွှားခဲ့သည့်ခေါင်းကို နှိမ့်ချထားသည်နှင့်ပင်တူညီနေပေသည်။ သူသည် ထိုလှံချက်ကို မခုခံနိုင်ခဲ့ပေ။ သူသည်ပါရမီရှင်အဖြစ် မွေးဖွားလာခဲ့သည်။

“မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ ငါအစ်ကို၃က ဒီကိစ္စကိုဆုံးဖြတ်လိမ့်မယ်” သူက ဂူတုံးလျှိုအတွက် ရိထျန်းယွီကို ချန်ထားလိုက်သည်။ ဂူတုံးလျှိုနှင့် ရိထျန်းယွီတို့သည် ရန်သူများဖြစ်သည်။ သူတို့၏ မိသားစုများသည် မျိုးဆက်ပေါင်းများစွာ ရန်ငြိုးဖွဲ့ခဲ့ကြသည်။ ဤရန်ငြိုးကို မကြာခင်မှာပဲ သူ၏တတိယအစ်ကိုက အဆုံးသတ်ပေလိမ့်မည်။ သူသည် ရိထျန်းယွီကို အသက်ရှင်သန်ခွင့်ပေးလိုက်ပြီး ကောင်းကင် အာဏာစက်မင်းဆက်နှင့် ခရမ်းရွှေကြွက် ကလန်တို့ကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ပြုလုပ်ခဲ့သည်။

ကောင်းကင်အာဏာစက်မင်းဆက်က ဤသို့သောအချင်းအရာကို မည်သို့သည်းခံနိုင်မည်နည်း။ ရိထျန်းယွီ၏မျက်လုံးများတွင် အပြုံးရိပ်များ ထင်ဟပ်နေပြီး သူခံစားနေရသော မသက်မသာမှုများ ပေါ်လွင်နေသည်။ သူ့အသက်ကိုချမ်းသာပေးလိုက်ခြင်းသည် သူ့အား သတ်လိုက်သည်ထက် ပို၍ ဆိုးလေသည်။ ရီဖူရှင်းသူ့အပေါ် ကြင်နာလိုက်ခြင်းသည် အရှက်ကြီးစွာရလိုက်ခြင်းဖြစ်သည်။ ရီဖူရှင်းသည်သူ့အား အရေးမပါသူတစ်ဦးပမာ ထင်မှတ်ထားခဲ့သည်။ ရီဖူရှင်းသည် သူ့အား ပြိုင်ဘက်တစ်ဦးအဖြစ်ပင် မှတ်ယူခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ့အားလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset