Switch Mode

အပိုင်း(၁၆၀၅)

တိုက်ခိုက်ခြင်းနတ်ဘုရားဝင်စီးခြင်း

ဂါး…

နဂါးအော်မြည်သံက ရှင်းလင်းစွာ ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွား၏။ နတ်ဓားများ သူ့ထံ ရောက်ရှိလာချိန်၌ ယူချင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူနှင့် ရီဖူရှင်းကို အမှောင်နတ်ဆိုးအလင်းများက လွှမ်းခြုံသွားပြီး နတ်ဘုရားသဏ္ဌာန် နတ်နဂါးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။

ဓားများသည် အလင်းကို ဖြတ်သန်းထိုးဖောက်ရန် ကြိုးစားလိုက်ပြီး အားကောင်းလှသည့် ခရမ်းရောင်ဓားများက ယူချင်း၏ နဖူးကို ထိုးဖောက်ရန် ကြိုးစားလာသည်။ သို့သော် သူသည် အနက်ရောင်လက်ကြီးကို ဆန့်ထုတ်လိုက်ပြီး ၎င်းတွင် နဂါးနက်ကြေးခွံများ ပေါ်ပေါက်လာ၏။ သူ၏ လက်များက ပုံမှန်လက်များ မဟုတ်တော့ဘဲ နဂါးလက်များအဖြစ် ပြောင်းလဲသွားပေသည်။ သူက နဂါးကြေးခွံများနှင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ဓားကို ဆွဲယူလိုက်သည်။

စူးရှသည့် အသံတစ်ခု ရှင်းလင်းစွာ ထွက်ပေါ်လာပြီး သူ၏ ကြေးခွံများကို ဖျက်ဆီးလိုက်ကာ နတ်အလင်းများ ပေါက်ကွဲထွက်လာပေသည်။ သို့သော် သူက ယင်းတို့ကို တားဆီးနိုင်စွမ်း ရှိခဲ့၏။ သူသည် လက်ကို တင်းကျပ်စွာ ဖိညှစ်လိုက်သည့်အခါ ဓားမှာ ချက်ချင်းကျိုးပဲ့သွားခဲ့ပြီးနောက် အမှုန်များအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ယူချင်းအနီးတွင် နတ်ဘုရားကဲ့သို့ နတ်နဂါးတစ်ကောင် ရစ်ပတ်နေပြီး နတ်အလင်းများ အားလုံးကို တားဆီးထားသည်။ မြေအောက်နန်းတော်၏ နေရခက်ခဲသည့် လေထုအတွင်း နတ်ဆိုးအရှိန်အဝါများသာလျှင် လွှမ်းမိုးနေပေသည်။ ပေချန်က ယူချင်းကို စူးစိုက်ကြည့်လိုက်ပြီး သူက ထိတ်လန့်အံ့အားသင့်နေခဲ့သည်။

သူ၏ တိုက်ခိုက်မှုက ထိုသူနှစ်ယောက်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု မသေချာသော်လည်း သူသည် ယူချင်းက ထိုမျှ လွှမ်းမိုးနိုင်သော အမူအရာဖြင့် ၎င်းတိုက်ခိုက်မှုကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု တွေးမထားမိခဲ့ပေ။ ဤလူသည်လည်း ထိုက်ရွှမ်တောင်မှ သူပေလော။

ဘုန်း… ယူချင်းက ကျယ်ဝန်းသည့် အကွာအဝေးကို ဖြတ်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာသည့်အတွက် ပေချန်တွင် အံ့အားသင့်နေရန် အချိန်မရှိခဲ့ပေ။ ခြေသံသည် ပဲ့တင်ထပ်ကာ မြေအောက်နန်းတော်ကို ဖြတ်၍ မြည်ဟီးနေသည်။

ရုတ်တရက် ပေချန်သည် ဖိနှိပ်နိုင်စွမ်းသော ဖိအားကို ခံစားလိုက်ရသည်။ ယူချင်းက သူ့ဆီသို့ လာနေပြီး သူ့ စေလွှတ်လိုက်သည့် ဓားများကို တုန့်ပြန်လိုက်သည်။

ယူချင်း၏ နဂါးကြေးခွံနှင့် လက်က မြောက်တက်လာပြီး ၎င်းတို့်အား ရိုက်ချလိုက်သည်။  ၎င်းတွင် ပြင်းထန်သည့် စွမ်းအားများ ပါဝင်နေပြီး သူ၏ နတ်ဆိုးပညာရပ်အတွင်း နဂါးစွမ်းအားများ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်သီးများက လေဟာနယ်ကိုပင် ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်နေပေသည်။

ပေချန်က သူ၏ လက်များကို မြှောက်လိုက်သည်။ ကြယ်များ ပေါ်ပေါက်လာပြီး သူ့ကို ရစ်ပတ်လိုက်ကာ သူ့အနီးတွင် တောက်ပနေသည့် ကြယ်လွင်ပြင်တစ်ခု ဖြစ်ပေါ်လာစေသည်။ ကြယ်များသည် သူ့အနီးတွင် မျောလွင့်နေပြီး ထူးခြားဆန်းကြယ်သည့် စွမ်းအားများကို ထုတ်လွှတ်နေကာ သူ့ကို အပြည့်အဝ ကာကွယ်ပေးထားသည်။

ဘုန်း…

နောက်ထပ် နားစည်ကွဲလုမတတ် အသံတစ်ခု ထွက်ပေါ်လာကာ ကြယ်များက ဖျက်ဆီးခံလိုက်ရသည်။ နဂါးစွမ်းအားများနှင့် ဖွဲ့စည်းထားသည့် နတ်ဆိုးနဂါးနက်ကြီးက ကြယ်အလင်းလွှာကို ဖျက်ဆီးပစ်လိုက်သည်။

ပေချန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ဤမျှ နေရာ ကျဥ်းကျဥ်းလေးတွင် သူ၏ စွမ်းအားကို အပြ​ည့်အဝ ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။ နေရာတစ်ခုလုံးသည်  နဂါးစွမ်းအားများဖြင့် လွှမ်းခြုံထားသည်ဟု ထင်မှတ်ရပြီး သူက ထွက်ပြေးလွတ်​မြောက်ရန် မဖြစ်နိုင်ပေ။ သူက နှင်တံ ကို သူ့ရှေ့တွင် ထားလိုက်ပြီး သူ ပြန်ဆုတ်ခွာလိုက်သည်နှင့် ၎င်းမှ ကြယ်အလင်းများ ပေါက်ကွဲထွက်သည်။

ဘန်း…

ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာကာ ပေချန်သည် ကျောက်နံရံနှင့် တိုက်မိခဲ့ပြီး မြေအောက်နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေသည်။ သူက နာကျင်စွာ ညည်းညူလိုက်ရ၏။

သူ၏ မျက်နှာထက်တွင် အရုပ်ဆိုးသော အ​ကြည့်တို့ ဖြစ်တည်လာပြီး သူက ချက်ချင်း ထရပ်လိုက်သည်။ သူသည် မည်သည့်ဒဏ်ရာမှ မရသည့်အလား လေထဲသို့ လွင့်မျောတက်လာခဲ့သည်။ သူက  နှင်တံ ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများမှ ကြယ်ရောင်တောက်ပနေကာ ခန်းမတစ်ခုလုံးကို ပျံ့နှံ့သွားပေသည်။

မြေအောက်နန်းတော်အတွင်း…

အင်ပါယာရှင်းကျောင်းတော်မှ အခြားတန်ခိုးရှင်များသည်လည်း လေထဲသို့ တက်လာခဲ့ကြသည်။ တခဏအတွင်း ခန်းမထဲ၌ ကြယ်အလင်းများ ပြည့်နှက်သွားခဲ့သည်။ လေထဲ၌ မျောလွင့်နေသူတို့၏ အကြည့်များက ရီဖူရှင်း နှင့် ယူချင်းထံ ကျရောက်နေခဲ့သည်။ သိသာစွာပင် ယခု သူတို့၏ ပစ်မှတ်မှာ ထိုနှစ်ယောက် ဖြစ်၏။

ခန်းမတစ်ခုလုံးသည် အလွန်တောက်ပသည့် ကြယ်အလင်းများအောက် ရောက်ရှိသွားခဲ့၏။ ရီဖူရှင်းသည် ပေချန်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်တို့တွေ အကြမ်းမဖက်ဘဲ လိုက်လျောညီထွေ ဖြေရှင်းသင့်တယ်မလား။ ဘာလို့ ဒီလို တိုက်ခိုက်ဖို့ လိုအပ်တာလဲ။ ကျုပ်တို့တွေ အဲဒီစွမ်းအားကို ယူနိုင်တဲ့သူ ယူဖို့ ခွင့်ပြုလိုက်သင့်တယ်။” သူက ယူချင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “သူ့ကို မင်းဆီလွှဲလိုက်ပြီ”

“ကောင်းပြီ” ယူချင်းက ခေါင်းညိတ်၍ ပြောလိုက်၏။ သူက ပေချန်ထံသို့ ခြေလှမ်းသွားခဲ့သည်။

သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ကြက်သေသေသွားခဲ့သည်။ ဤလူက အမှန် အရှက်မဲ့လှသည်။ သူသည် အားလုံးထဲမှ အစွမ်းထက်ဆုံးဖြစ်သည့် ပေချန်ကို ယူချင်းနှင့် ထားခဲ့ပြီး သူက အင်ပါယာရှင်းကျောင်းတော်မှ အခြားတန်ခိုးရှင်များကို ရင်ဆိုင်ရန် ပြင်နေခဲ့သည်။

ယူချင်းသည် လေထုကို ဖြတ်ကာ ပေချန်ထံ လျှောက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင် အစွမ်းထက် နတ်ဆိုးစွမ်းအားများနှင့် ပြည့်နေခဲ့သည်။ လူတိုင်းသည် နတ်ဆိုးအင်ပါယာတစ်ပါး၏ အရှိန်အဝါကို ခပ်ရေးရေး ခံစားမိလိုက်ပေသည်။ ဤလူက မဟာနတ်ဆိုးအချို့၏ မျိုးဆက် ဖြစ်နေနိုင်သလား။

သို့သော် သူက နတ်ဆိုးသားရဲ မဟုတ်ပေ။ သူက မည်သည့်အတွက် အစစ်အမှန် နဂါးသွေးဆက် စွမ်းအားများကို ကျင့်ကြံနိုင်ရသနည်း။

ရီဖူရှင်းသည် လေထဲ၌ ရပ်နေသော အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များရှေ့ လျှောက်သွားခဲ့သည်။ ခဏအတွင်းတွင် ကု့ချင်းဂီတ ထွက်ပေါ်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့ အားလုံးက ထက်ရှသည့် အရှိန်အဝါကို ခံစားမိကြပေသည်။

ထို့နောက် မရေတွက်နိုင်သည့် နတ်ဓားများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် လေထုကို ဖြတ်သန်း၍ ထိုးထွက်သွားလေသည်။

အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များသည် ဓားစွမ်းအားကို ခံစားမိသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ ရီဖူရှင်းက လေထဲသို့ ညွှန်ပြလိုက်လျှင် မဟာလမ်းစဥ် မှော်တေးသွားတစ်ပုဒ်က သူတို့၏ နားများအတွင်း ထိုးဖောက် ဝင်ရောက်လာသည်။ သူတို့သည် မရေတွက်နိုင်သည့် နတ်ဓားများက သူတို့၏ နတ်ဝိညာဥ်များကို ထိုးဖောက်နေသကဲ့သို့ ခံစားကြရပေသည်။ တစ်ချိန်တည်းမှာပင် မြေအောက်နန်းတော်တစ်ခုလုံးကို ဓားများ ပြည့်နှက်သွားသကဲ့သို့ ထင်မှတ်ရသည်။ ထိုသည်မှာ တစ်ဒင်္ဂနတ်ဓားပင် ဖြစ်လေသည်။

အင်ပါယာရှင်းကျောင်းတော်မှ လူများသည် အထိတ်တလန့် ကြည့်လိုက်ကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် ကြယ်အလင်းများက သူတို့အားလုံးအနီးတွင် တောက်ပလာသည်။ နတ်ဓားများက ထိုအုပ်စုထံ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ ရီဖူရှင်းကဲ့သို့ အဆင့်မှ တစ်စုံတစ်ယောက်အနေနှင့် တစ်ဦးတစ်ယောက်တည်းကို တိုက်ခိုက်ခြင်းနှင့် အုပ်စုလိုက်တိုက်ခိုက်ခြင်းမှာ အနည်းငယ်သာ ကွဲပြားမှု ရှိပေသည်။

ဘုန်း… ဘုန်း… ဘုန်း…

တစ်ယောက်ချင်းစီက နောက်သို့ လွင့်စင်သွားခဲ့ကြသည်။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ခြင်း မရှိသူများမှာ ဓားပျံများ၏ ပိုင်းဖြတ်ခြင်းကို ခံရပြီး သနားစဖွယ် အော်မြည်သံများ ထွက်ပေါ်လာပေသည်။

ရီဖူရှင်းက ရှေ့သို့ ဆက်တိုးလာခဲ့ပြီး အခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ မှော်တေးသွားက လူတိုင်း၏ နားထဲသို့ တစ်ဖန် ဝင်ရောက်လာပြန်သည်။ ၎င်းသည် မဟာလမ်းစဥ် နတ်ဂီတနှင့်တူပေသည်။ ထိုတေးသံ ထွက်ပေါ်လာသည်နှင့် ဓားများက ဆက်လက်ကျဆင်းလာပေသည်။

ရီဖူရှင်း၏ မျက်လုံးများထဲမှ တောက်ပသည့် အလင်းတို့ ထွက်ပေါ်လာသည်။ ဓားများက တစ်ဖန် ထွက်ပေါ်လာကာ လေထုကို ဖြတ်သန်း ထိုးဖောက်လိုက်သည်။

သူ့ ဓားများက အလွန် လျင်မြန်သလို အလွန် အားကောင်းလှသည်။

အတွေးတစ်ချက်နှင့် ဓားများသည် မြေအောက်နန်းတော် နေရာအနှံ့သို့ သွားရောက်နိုင်ပြီး လေထဲ၌ ကြောက်မက်ဖွယ် ဓားအမှတ်အသားများ ချန်ရစ်ခဲ့ပေသည်။ အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များ၏ ခုခံမှုက ပျက်စီးသွားခဲ့ပြီး လေထဲတွင် သွေးစီးကြောင်းများ လွင့်ပျံလာသည်။ သူတို့အားလုံးသည် ဖြူဖျော့နေသည့် မျက်နှာများနှင့် နောက်သို့ လွင့်စင်သွားခဲ့ကြပြန်၏။

အင်ပါယာရှင်းကျောင်းတော်မှ မည်သည့်တန်ခိုးရှင်မှ ထိုဓားရှေ့၌ ရပ်တည်နိုင်စွမ်းမရှိကြပေ။

တစ်ဖက်တိုက်ပွဲတွင် ပေချန်သည် ယူချင်း၏ ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်းကို ခံ​နေရသည်။ မြေအောက်နန်းတော်၏ ကျဥ်းမြောင်းသည့် နေရာအတွင်း ယူချင်းသည် အရေးသာဆုံးသူ ဖြစ်နေခဲ့သည်။ သူ၏ လက်သီးများက နေရာအနှံ့ ကျရောက်သွားပြီး ရှောင်တိမ်းရန် နေရာမရှိပေ။ ပေချန်သည် သူ၏ တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ကြိုးစားကြည့်နိုင်သည်။ သူ့ကို ရိုက်ခတ်လာသည့် တိုက်ခိုက်မှုများသည် တရစပ်ကျရောက်လာ၏။ သူသည် နံရံနှင့် တစ်ဖန် ပြင်းထန်စွာ တိုက်မိသွားခဲ့ပြီး သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။

သူက ထရပ်လိုက်လျှင် လေထဲမှ ဓားတစ်လက်က သူ့ထံသို့ တည့်မတ်စွာ ပြေးဝင်လာနေသည်အား မြင်တွေ့လိုက်ရ၏။

ဘန်း…

ကျယ်လောင်သည့် ဆူညံနှင့်အတူ ဓားတစ်လက်က သူ့ခေါင်းကို ထိခတ်လာပြီး သူ၏ ဆံပင်အချို့ကို ဖြတ်တောက်သွားခဲ့သည်။

ပေချန်သည် လှုပ်ရှားခြင်းမရှိတေတာ့ပေ။ သူသည် သူ့ကိုယ်ပေါ်၌ ချွေးစေးများ ရွှဲနစ်နေခြင်းကို ခံစားမိသည်။ အကယ်၍ ဓားကသာ အနည်းငယ် ချော်သွားခဲ့ပါက သူ၏ နဖူးအတွင်း ထိုးဖောက်ဝင်ရောက်သွားခဲ့မည် ဖြစ်၏။

သူက မှောင်မည်းနေသည့် အကြည့်ဖြင့် ခေါင်းကို မော့လိုက်သည်။ ရီဖူရှင်းသည် အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ယူချင်းနှင့် လာပူးပေါင်းသည်ကို မြင်တွေ့လိုက်ရသည်။ ရီဖူရှင်း​က ပေချန်ကို ကြည့်ကာ ပြောလိုက်၏။  “မင်းဆန္ဒရှိရင် ထွက်သွားလို့ရတယ်။”

သူသည် နတ်ဘုရားအမွေအနှစ် အတွက် အဆင့်မီသူများသာ တိုက်ခိုက်နိုင်သည်ဟု ပြောခဲ့သည်။ သိသာစွာပင် အင်ပါယာရှင်းကျောင်းတော်မှ လူများက အဆင့်မမီစွာနှင့် ရှုံးနိမ့်ခဲ့ရသည်။

သူတို့သည် ဆိုးဝါးသည့် ရှုံးနိမ့်ခြင်းအား ခံစားခဲ့ရသည်။ သူတို့၏ ပြိုင်ဘက်ကသာ သနားညှာတာပေးခဲ့ခြင်း မရှိပါလျှင် သူတို့က အသတ်ခံနေရပြီး ဖြစ်ပေလိမ့်မည်။

ဤတိုက်ပွဲက အရှက်ရဖွယ်ဖြစ်ကာ အန္တရာယ်များလှပေသည်။

သူတို့အားလုံးသည် လူနှစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံရကာ ကန်ထုတ်ခံကြရသည်။

ပေချန်က မည်သည့်စကားမှ မပြောခဲ့ပေ။ သူက အင်ပါယာရှင်းကျောင်းတော်မှ လူများနှင့်အတူ လှည့်ထွက်သွားခဲ့သည်။ သူတို့သည် လက်သီးကို ကျစ်ကျစ်ဆုပ်ထားသော်လည်း မည်သည့်စကားမှ မဆိုခဲ့ကြပေ။

အရှုံးက အရှုံးသာ ဖြစ်သည်။ သူတို့က ဤနေရာသို့ အရင်ရောက်ကာ ခြုံခိုတိုက်ရန် စီစဥ်ခဲ့ကြသည်။ သို့သော် သူတို့ မည်သည့်အခါမှ မတွေးမိခဲ့သည်က သူတို့အားလုံးက လူနှစ်ယောက်၏ မောင်းထုတ်ခြင်းကို ခံရလိမ့်မည်ဆိုခြင်းကို ဖြစ်ပေသည်။

အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များ ထွက်ခွာသွားပြီးနောက် ရီဖူရှင်းက သောကျောက်နှင့် သတ္တမဝရိန် ကို ကြည့်​ကာ မေးလိုက်သည်။ “မင်းတို့ရော အခု ဘယ်လိုလုပ်မှာလဲ။ ဒီနေရာမှာနေပြီး စွမ်းအားကို ဘယ်သူယူနိုင်မလဲလို့ ကြည့်ချင်လား။ ဒါမှမဟုတ် အခုနက နည်းလမ်းနဲ့ ဖြေရှင်းချင်လား။”

သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်များက ရီဖူရှင်းကို ​ကြည့်လိုက်သည်။ သူက အမှန်တကယ် ထိုမျှ မောက်မာနိုင်သည်လား။

သူက သူတို့ မည်သည်ကို ရွေးချယ်ပါစေ နောက်ဆုံး၌ သူသာ တိုက်ပွဲစွမ်းအားများကို ရရှိသူ ဖြစ်မည်ဟု ထင်နေသည်လား။

“ငါတို့ တစ်ယောက် တစ်ယောက်စီ ရင်ဆိုင်ကြမလား။” သောကျောက်က သတ္တမဝရိန် ကို မေးလိုက်သည်။

“ကောင်းပြီလေ” သတ္တမဝရိန် က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ငါ သူနဲ့ ရင်ဆိုင်မယ်။” သောကျောက်က ယူချင်းကို ညွှန်ပြလိုက်သည်။ ယခင်က ရီဖူရှင်းသည် ယူချင်းက သူ့ထက် အားကောင်းသည်ဟု ပြောခဲ့ပြီး သူသည်လည်း ဤနတ်ဆိုးကျင့်ကြံသူက မည်မျှအားကောင်းသည်ကို မြင်တွေ့ချင်နေပေသည်။ သူက ပေချန်နှင့် ကွာခြားပေသည်။  သောမျိုးနွယ်စုသည် တိုက်ခိုက်ရေးစွမ်းအားနှင့် ကျော်ကြားသည့်အတွက် သူက ယူချင်းကြောင့် ဖိနှိပ်ခြင်း မခံရနိုင်ပေ။ သူသည် ယူချင်းက သူ၏ စွမ်းအားကို မည်မျှထိ အသုံးရန် ဖိအားပေးနိုင်မည်ကို မြင်တွေ့လိုပေသည်။

“ကောင်းပြီ” သတ္တမဝရိန် သည် ရီဖူရှင်းအား မုဆိုးမှ သားကောင်ကို ကြည့်သကဲ့သို့ ​ကြည့်လိုက်သည်။ ဝရိန်ခုနစ်ပါး ကလန်သည် သူတို့၏ ထိုက်တန်မှုကို သတ်ဖြတ်ခြင်းဖြင့် သတ်သေပြကြသည်။

“မင်း ​အပြင်ကို သွားချင်လား” ရီဖူရှင်းက မေးလိုက်သည်။

“ဒီမှာပဲ တိုက်ရင် ပိုမြန်လိမ့်မယ်။” သောကျောက်က ဖြေလိုက်သည်။ မြေအောက်နန်းတော်၏ နံရံများ​က ခိုင်ခံ့လှသည်ဖြစ်ရာ ပြိုကျမည် မဟုတ်ပေ။ ဤနေရာသည် ကျယ်ဝန်းပြီး လူများစွာ ဆံ့သော်လည်း တိုက်ခိုက်မည့်လူများအတွက် ကျဥ်းမြောင်းနေကာ စွမ်းအားအပြည့်အဝ ထုတ်သုံးရန် ခက်ခဲပေလိမ့်မည်။

သို့သော် ဤနေရာ၌ တိုက်ခိုက်ခြင်းက ပို၍ မြန်ဆန်ပြီး ပို၍လည်း အန္တရာယ်များပေသည်။ ဤနေရာတွင် ယှဥ်ပြိုင်ခြင်းသည် အမှန်တကယ် ယှဥ်ပြိုင်မှုမျိုး ဖြစ်ပြီး လှည့်စားရန် မလွယ်ကူပေ။

သူနှင့် သတ္တမဝရိန် က တိုက်ခိုက်ခြင်း၌ အားကောင်းသည်။ သူတို့က မည်သို့ အပြင်ထွက်နိုင်ပါမည်နည်း။

သို့သော် အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များက အပြင်ဘက်၌ တိုက်ခိုက်ရန် ပိုသင့်တော်ပေသည်။

“ကောင်းပြီလေ” ရီဖူရှင်း၌ မည်သည့် ကန့်ကွက်ချက်မှ မရှိပေ။ သူက သတ္တမဝရိန် သို့ လျှောက်သွားခဲ့ပြီး ယူချင်းက သောကျောက်ထံသို့ လျှောက်သွားခဲ့သည်။

သောကျောက်၏ အကြည့်များက ထက်ရှလာပြီး သူ့ထံမှ နတ်အလင်းများ ပေါက်ကွဲထွက်လာသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများ လွှမ်းမိုးလာ၏။ တိုက်ပွဲနတ်ဘုရား၏ ဒုတိယ တတိယ အမှတ်အသားများက သူ၏ နဖူးထက်၌ ပေါ်ပေါက်လာသည်။ တခဏအတွင်း နှိုင်းယှဥ်မရအောင် ကြောက်မက်ဖွယ် ကောင်းလှသည့် တိုက်ခိုက်ရေးအလင်းများက မြေအောက်နန်းတော်ကို ဖြတ်ကာ ထွက်ပေါ်လာသည်။ ယူချင်းကဲ့သို့ အစွမ်းထက်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် တိုက်ပွဲ ဝင်ချိတ်စည်းသုံးခုကို တိုက်ရိုက်အသုံးပြုခဲ့၏။

ဘန်း…

သောကျောက်သည် ယူချင်းဆီသို့ လျှောက်သွားခဲ့သည်။ သူသည် အလွန် တည့်တိုးဆန်လှသည်။ သူနှင့် ယူချင်းနှစ်ဦးလုံးက တိုက်ပွဲ စွမ်းရည် ကောင်းမွန်ကြသည့်အတွက် သူသည် မည်သည့် လှည့်ကွက်မှ သုံးနေရန် မလိုအပ်ပေ။ သူသည် သူ့ရှေ့မှ နတ်ဆိုးတန်ခိုးရှင်ကို သူနှင့် တူညီသည်ဟု ယူဆထားပေသည်။

သူက ထိုသို့ တွေးလိုက်ပြီးနောက် ယူချင်းသည်လည်း ရှေ့သို့ တိုးလာကာ သူ့လက်များက နတ်ဆိုးလက်များအဖြစ် ပြောင်းလဲသွားသည်။ သူသည် နတ်နဂါးများ၏ စွမ်းအားကို အသက်သွင်းလိုက်လျှင် လူတိုင်းသည် နဂါးအော်မြည်သံများကို ခပ်ရေးရေး ကြားလိုက်ကြရပေသည်။

သူတို့နှစ်ယောက်သည် တွေဝေခြင်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံခဲ့ပြီး ပြင်းထန်သည့် အသံများက လေထဲတွင် ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ် လေပွေတစ်ခုက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့လွမ်းခြုံသွားခဲ့သည်။ ဤတစ်ခေါက်တွင် သောကျောက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရ၏။ ထိုမြင်ကွင်းကို ကြည့်နေသည့် သောမျိုးနွယ်စုမှ လူများ၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်လာကြပေသည်။

သောကျောက်က အမှန်တကယ်ပင် နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။

ဤနတ်ဆိုးတန်ခိုးရှင်က အလွန် အစွမ်းထက်လှသည်။

သောကျောက်၏ အကြည့်တို့က ထက်ရှလာသည်။ နောက်ထပ် နတ်အမှတ်အသားတစ်ခုက သူ၏ နဖူးပေါ်တွင် ပေါ်ပေါက်လာကာ သူ့ခန္ဓာကိုယ်မှ နှိုင်းယှဥ်မရသည့် နတ်အလင်းများ ထွက်ပေါ်လာသည်။ သူက ဟစ်ကြွေးလိုက်ပြီး သူ့ထံမှ စူးရှသည့် အသံများထွက်ပေါ်လာသည်မှာ သူ့ခန္ဓာကိုယ်က ကွဲထွက်လာသည်ဟု ထင်မှတ်ရပေသည်။ တိုက်ပွဲနတ်ဘုရားသဏ္ဌာန်က သူ့နောက်တွင် ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ သူက တိုက်ပွဲနတ်ဘုရားကို ပိုင်ဆိုင်ထားပုံရသ​ည်။

“သူက စတုတ္ထချိတ်စည်း တိုက်ပွဲနတ်ဘုရားကို ဆင့်ခေါ်လိုက်ပြီ။” သောမျိုးနွယ်စုမှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သောကျောက်၏ စွမ်းအားက အဆင့်သစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ယူချင်းသည် ထိုမြင်ကွင်းကို မြင်သည့်အခါ သူထံမှ နတ်ဆိုးစွမ်းအားများ အော်မြည်လှည့်ပတ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ နောက်၌ ကြီးမားသော နတ်မိစ္ဆာတစ်ပါး၏ ပုံရိပ်ထွက်ပေါ်လာပေသည်။ ၎င်း၏ နတ်ဆိုးမျက်လုံးများသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ၎င်းကို ကြည့်လိုက်ကြသူတိုင်း သူ့ရှေ့၌ ဒူးထောက်ခစားလိုစိတ်ကို ဖြစ်ပေါ်လာစေပေသည်။  သူ့အနီးတွင် ပြိုင်ဘက်ကင်း နတ်ဆိုးပုံရိပ်များ ထွက်ပေါ်လာပြီး သူ့အား သူတို့၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုနေသည်ဟု ထင်မှတ်ရသည်။  ထိုသည်မှာ အလွန် အံ့သြဖွယ်ရာပင် ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset