Switch Mode

အပိုင်း(၁၆၀၃)

တိုက်ခိုက်ရေးစွမ်းအား

မြေအောက်နန်းတော်မှ ပြင်းထန်သည့် ဆူညံသံများကို အဆက်မပြတ်ကြားနေရသည်။ ထိပ်သီးပုဂ္ဂိုလ်များကြားမှ တိုက်ပွဲတစ်ခု ဖြစ်ပွားရန် လုံလောက်သည့် နေရာမရှိလုနီးပါးပင် ဖြစ်သည်။ သာမန်နန်းတော်တစ်ခုသာ ဖြစ်လျှင် သေချာပေါက် ပြိုကျပေလိမ့်မည်။ သို့သော် မြေအောက်နန်းတော်က ပြင်းထန်စွာ တုန်ခါနေလျှင်ပင် ပြိုကျသွားခြင်း မရှိပေ။

နန်းတော်အပြင်တွင် ရီဖူရှင်းနှင့် ယူချင်းသည် အနည်းငယ် အရေးသာနေပြီး သူတို့က နန်းတော်ကို စောင့်ကြည့်နေကြသည်။

“ငါ ဘာမှ အာရုံခံလို့မရဘူး” ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သည်။ သူတို့က အထဲကို ဝင်သွားသင့်သည်လား မဝင်သွားသင့်သည်လား။

“ငါတို့ ဝင်သွားသင့်လား” ယူချင်းက မေးလိုက်သည်။

“နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။” ရီဖူရှင်းက ဖြေလိုက်၏။ သူတို့အကြားမှ တိုက်ပွဲက အလွန်ပင် ရုန်းရင်းဆန်ခတ်နိုင်လှသည်။ ကျီဝေးဘုံမှ ထိပ်သီးအင်အားစု သုံးခုကြားတန်ခိုးရှင်များက တိုက်ပွဲအတွင်း ပိတ်မိနေပေသည်။ သူတို့က ယခု ဝင်သွားခဲ့ပါက သူတို့သည် မြေစာပင်သက်သက် ဖြစ်သွားရပေလိမ့်မည်။

အနည်းဆုံးတော့ သူတို့က သုံးဖွဲ့လုံး အားနည်းသွားချိန်ကို စောင့်ဆိုင်းသင့်ပေသည်။

ရီဖူရှင်းသည် သူတို့၏ ပြိုင်ဘက်များက သူတို့်အား လျစ်လျူရှုထားလျှင်ပင် သူတို့က တစ်ဟုန်ထိုးပြေးဝင်၍ အကျိုးအမြတ်ကို လုယူရန် ကြိုးစားသည့်အခါ ပြိုင်ဘက်များက တွေဝေခြင်းမရှိ သူတို့ကို အရင်ဆုံး ဖျက်ဆီးရန် ကြိုးစားပေလိမ့်မည်။

ယူချင်းသည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူသည် အနည်းငယ် စိတ်ပျက်အားလျော့နေခဲ့သည်။ ဤလူများအကြားတွင် ရန်ဟောင်တစ်ဦးတစ်ယောက်မှ မရှိပါလျက်နှင့် သူတို့က အဘယ့်ကြောင့် စောင့်ဆိုင်းနေရသနည်း။ သူတို့က ချက်ချင်း စတင်တိုက်ခိုက်သင့်ပေသည်။ သို့သော် ဤကောင်စုတ်က ​ပျင်းရိနေဆဲ ဖြစ်၏။

ပြင်းထန်သည့် တိုက်ပွဲသံက ဆက်လက်ထွက်ပေါ်နေသည်။ သူတို့၏ နတ်ဝိညာဥ်များက မြေအောက်နန်းတော်သို့ ဝင်ရောက်ရန် တားဆီးခံထားရသော်လည်း သူတို့သည် အထဲမှ တိုက်ပွဲက မည်မျှ ပြင်းထန်သည်ကို ခန့်မှန်းနိုင်ပေသည်။ အသံများသည် သူတို့၏ ရဲသွေးကိုနှိုးဆွရန် လုံလောက်နေသည်။

ထိုအသံများ ဆက်လက်ထွက်ပေါ်နေပြီး ရီဖူရှင်းကလည်း အဆောတလျင် လှုပ်ရှားခြင်း မရှိပေ။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။

ခဏအကြာတွင် မြေအောက်နန်းတော်အတွင်းမှ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တိုက်ပွဲ၏ ပြင်းထန်သော အသံများ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

“သူတို့ ရပ်သွားပြီလား။” ရီဖူရှင်းက တအံ့တသြ ရေရွတ်လိုက်သည်။ သူက မြေအောက်နန်းတော်ကို စိုက်ကြည့်လိုက်သည်။ အရှေ့မှ စင်္ကြန်အဆုံးကို မြင်တွေ့ရခြင်း မရှိပေ။ အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားခဲ့ပြီလား။

သူက ရှေ့သို့ လှမ်းလိုက်သော်လည်း တစ်လှမ်းပြီးနောက် ရပ်တန့်လိုက်၏။ သူသည် မြေအောက်နန်းတော်မှ ထွက်ပေါ်လာသော ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။ မကြာခင်၌ သူတို့သည် ​အပြင်ဘက်သို့ ရောက်လာကြသည်။ ရီဖူရှင်းသည် သူတို့ကို မြင်သည့်အခါ သူ့မျက်နှာထက်၌ အံ့အားသင့်သည့် အကြည့်တို့ ထွက်ပေါ်လာသည်။ သူတို့သည် အင်အားစုသုံးခုလုံးမှ လူများဖြစ်ကြသည်။

သူတို့က ငြိမ်းချမ်းရေးရသွားသည်လား။

“မင်းတို့ နှစ်ယောက် ကိုယ့်ဘာသာ ထွက်သွားမလား။ ငါတို့ ပို့ပေးရမလား။” တစ်ယောက်က မေးလိုက်သည်။ ရီဖူရှင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ ထိုသူများက အဘယ့်ကြောင့် သူတို့ကို တွေးမိသွားရသနည်း။

ထိုသူများက အထဲတွင် သဘောတူညီမှု ရလာခြင်း ဖြစ်ိုင်သည်လား။

မဟုတ်လျှင် သူတို့က အပြင်ဘက်မှ စောင့်​ကြည့်နေသူများကို အရင် ဖြေရှင်းလိုသည်လား။

ယူချင်း၏ မျက်လုံးများက အေးစက်သွားသည်။ သူ့ထံမှ ခြိမ်းခြောက်နိုင်သည့် နတ်ဆိုးစွမ်းအားတို့ ထွက်ပေါ်လာသည်။ ရီဖူရှင်းက ပြောလိုက်သည်။ “ကျုပ်တို့ အထဲဝင်ပြီးသွားကြည့်ချင်တယ်။ ပြီးတော့ အချိန်တစ်ခုထိ နေမယ်။”

ဟူး…

အစွမ်းထက် သတ်ဖြတ်ခြင်းစွမ်းအားများက ဝရိန်ခုနစ်ပါး ကလန် တန်ခိုးရှင်ထံမှ ထွက်ပေါ်လာသည်။ အဆုံးမဲ့ သတ်ဖြတ်ခြင်းချီစွမ်းအားများက ကြောက်မက်ဖွယ် အင်အားနှင့် ထွက်ပေါ်လာသည်။ အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များနှင့် သောမျိုးနွယ်စုမှ စွမ်းအားအရှိန်အဝါများလည်း ထွက်ပေါ်လာပြီး ရီဖူရှင်းနှင့် ယူချင်းကို ဖိနှိပ်လိုက်သည်။

သူတို့ထဲမှ တစ်ယောက်က လှုပ်ရှားလာသည်။  ဝရိန်ခုနစ်ပါး ကလန်မှ တန်ခိုးရှင်ဖြစ်ပြီး သူသည် ကြားထဲမှ အကွာအဝေးကို လျစ်လျူရှု၍ လေထုကို ထိုးဖောက်လာသည်။ သူက ရီဖူရှင်းနှင့် ယူချင်းရှေ့သို့ ရောက်လာကာ လှံဖြင့် ထိုးသွင်းလိုက်သည်။ သတ်ဖြတ်ခြင်းချီစွမ်းအားများက လေထဲတွင် ပြည့်နှက်လာသည်။ သူတို့နှစ်ယောက်ကို ထိုစွမ်းအားများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ လှံတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ပမာဏနှင့် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေသည်။ ယင်းသည် သူတို့နှစ်ယောက်၏ နတ်ဝိညာဥ်များက ဖိအားအောက်၌ ရောက်​နေသကဲ့သို့ ခံစားမိစေသည်။

ယူချင်းက ရှေ့သို့ လှမ်းလိုက်၏။ တချိန်တည်းမှာပင် သူ၏ နတ်ဆိုးစွမ်းအားများက လှည့်ပတ်အော်မြည်လာသည်။ အမှောင် နတ်ဆိုးချီစွမ်းအားများ ထွက်ပေါ်လာကာ သတ်ဖြတ်ခြင်းချီစွမ်းအားများနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ သူ၏ လက်သီးက လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ပြိုင်ဘက်က၏ လှံကို ကုပ်ဆွဲလိုက်သည်။

လှံက ဖိနှိပ်ခံရသည့်အခါ ၎င်းမှ နှိုင်းယှဥ်မရအောင် ပြင်းထန်သည့် သတ်ဖြတ်ခြင်း စွမ်းအားများ ထွက်ပေါ်လာသည်။ ယင်းသည် ယူချင်း၏ လက်ကို ဖြတ်သန်းကာ လက်မောင်းသို့ ထိုးစိုက်ရန် ကြိုးစားလိုက်သော်လည်း ယူချင်းသည် သူ၏ လက်ကို နတ်ဆိုးလက်သည်းများ အသွင်သို့ ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ သတ်ဖြတ်ခြင်း စွမ်းအားများက လက်သည်းများအတွင်း စိမ့်ဝင်ရန် ​ကြိုးစားလာသော်လည်း တားဆီးခံလိုက်ရသည်။ ကြည့်ရသည်မှာ ယူချင်း၏ လက်များက လူသား အသွေးအသားနှင့် ဖွဲ့စည်းထားခြင်း မဟုတ်သကဲ့သို့ပင် ဖြစ်၏။ ၎င်းသည် နတ်ဆိုးနဂါး၏ အရိုးများနှင့် ဖွဲ့စည်းထားသလိုပင် ဖြစ်သည်။

ထိုသူက အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ လှံက ပြုတ်ကျသွားပြီး နောက်သို့ ဆုတ်ခွာကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ ထွက်ပြေးလိုက်သည်။

ယူချင်းသည် သူလက်ထဲမှ လှံကို အထက်အောက် ပွတ်သပ်လိုက်သည်။ သူက ရုတ်တရက် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာစေသည်။ တည်ငြိမ်သည့် လောကကို မဟာလမ်းစဥ်စွမ်းအားများက ဖိနှိပ်လာပြီး ထိုနေရာရှိ လေများက ပြေးထွက်လစ်ဟာသွားသလို ထင်မှတ်ရပေသည်။ အချိန်နှင့် လေဟာနယ်က ရပ်တန့်သွားခဲ့သည်။ သူသည် ပြိုင်ဘက်ဆီသို့ လက်ဆန့်ထုတ်လိုက်သည်။

ဘုန်း…

အလွန် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အချိန်တို့ ရပ်တန့်သွားသည့်အချိန်အတွင်း သူသည်  ဝရိန်ခုနစ်ပါးကလန်မှ တန်ခိုးရှင်၏ ရင်ဘတ်ကို လှံဖြင့် ထိုးစိုက်လိုက်သည်။ ထိုသူသည် ပျက်စီးနေသည့် နံရံတစ်ခုနှင့် ရိုက်မိသွားခဲ့ပြီး ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရသည်။ သူ၏ ကိုယ်တွင်းကလီစာများက အထက်သို့ ဆန်တက်လာသကဲ့သို့ ခံစားရပေသည်။ သူ၏ ဒဏ်ရာများက သွေးတို့က အဆက်မပြတ် စီးကျနေသည်။

“မင်းက ခုထိ အရမ်း ရက်စက်တတ်တုန်းပဲ။” ထိုအဖြစ်ကို မြင်သည့်အခါ အနီးရှိ ရီဖူရှင်းတစ်ယောက် ဆွံ့အသွားခဲ့သည်။ သူတို့က နှစ်ပေါင်းအတော်ကြာသည်ထိ အချင်းချင်း မတွေ့ခဲ့ရသော်လည်း ယူချင်း၏ တိုက်ခိုက်မှုပုံစံက ရိုးစင်းကာ တိုက်ရိုက်ဆန်နေဆဲပင် ဖြစ်သည်။ မည်သည့် မလိုအပ်သော ရှုပ်ထွေးမှုမှ မလုပ်ဘဲ ရှင်းလင်းကာ စနစ်ကျနေသည်။ သို့​သော် သူ၏ ဖျက်ဆီးခြင်းစွမ်းအားက ထိတ်လန့်ဖွယ်ရာ ဖြစ်၏။ ဝရိန်ခုနစ်ပါး မှ တန်ခိုးရှင်အား မသတ်နိုင်လျှင်ပင် ထိုသူက အချိန်တစ်ခုထိ နလန်ထူနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့က ထိုသည်ကို မြင်သည့်အခါ လူတိုင်း၏ နှလုံးသားက လျင်မြန်စွာ ခုန်ပေါက်လာကြသည်။ သူတို့ထဲမှ အချို့က သူတို့ အကြီးအကဲများ၏ မှာကြားချက်ကို ပြန်တွေးမိကြပြီး သူတို့သည် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ပေါ့ပါးစွာ ဝင်ရောက်လာသည့် ဤလူများကို ရင်ဆိုင်မိပြီး အမှားလုပ်မိခဲ့ပြီဟု ခံစားလိုက်ကြရသည်။

အင်အားစုသုံးခု၏ ရှေ့တွင် မည်မျှ အစွမ်းထက်သည့်သူ ဖြစ်စေ ရှန့်ထိုအဆင့်မှ တန်ခိုးရှင်လေးနှစ်ဦးက ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။ ယူချင်းက လှုပ်ရှားလိုက်သည့်အခါ ထိုနှစ်ယောက်က သူတို့ မူလယူဆထားသည်ထက် ပိုအားကောင်းသည်ကို ခံစားမိလိုက်သည်။

ဘန်း…

ယူချင်းသည် ရန်သူ အုပ်စုထံ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ ကောင်းကင်သည် အမှောင်နတ်ဆိုးစွမ်းအင်များ၏ အော်မြည်သံတို့ဖြင့် ပြည့်နေသည်။ ထိုသည်မှာ အနက်ရောင်နတ်နဂါးအသွင် ပေါ်ပေါက်လာသည်။ သူက လေထုကို ဖြတ်ကာ လက်သည်းကို ဆန့်ထုတ်လိုက်သည်။ အနက်ရောင်နဂါးကြီးက အော်မြည်လာပြီး သူ့ ပြိုင်ဘက်များဆီသို့ ပြေးဝင်သွား၏။ အခြားတန်ခိုးရှင်များသည် လေထဲသို့ တက်ကာ တကွဲတပြား ထွက်ပြေးလိုက်ကြသည်။

ဟူး…

ရီဖူရှင်းသည် ရှေ့သို့ တစ်ဟုန်ထိုးပြေးဝင်သွားပြီး မြေအောက်နန်းတော်ရှေ့၌ ထွက်ပေါ်လာသည်။ သူက အထဲသို့ ခြေချကာ ပြောလိုက်သည်။ “ငါ သွားကြည့်လိုက်ဦးမယ်။”

အထဲ၌ မည်သည့် လှုပ်ရှားမှုမှ ရှိမနေပေ။ သူတို့၏ ပြိုင်ဘက်များက သူတို့နှင့် ရင်ဆိုင်ရန် လူများ လွှတ်လိုက်သည့်အတွက် အထဲ၌ မည်သည်တို့ ဖြစ်နေသည်အား သွားကြည့်ချင်နေပေသည်။ အပြင်ဘက်ရှိ ကိစ္စများကို သူက ယူချင်းထံ အပ်ထားခဲ့၏။ သူက သူ၏ စွမ်းရည်အပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိပြီး ပြဿနာအား လျင်မြန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။

နန်းတော်ရှေ့ စင်္ကြန်တလျှောက်တွင် အလောင်းတချို့ ရှိနေပြီး ဒဏ်ရာရနေသူများလည်း ရှိသည်။ သူတို့အားလုံးသည် လတ်တလော တိုက်ပွဲမှ နောက်ချန်ရစ်ခဲ့ခြင်း ဖြစ်၏။ ထို့ပြင် ရီဖူရှင်းက အရိုးစုများကိုလည်း မြင်တွေ့ခဲ့သည်။

အလင်းတိုင်တို့ ရှိနေသော်လည်း အတော်လေး မှောင်နေဆဲ ဖြစ်၏။ ထိုသည်မှာ မြေအောက်၌ အချိန်ကြာမြင့်စွာ နစ်မြုပ်နေခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဝင်ပေါက်ကို ကြည့်ကာ ဆုံးဖြတ်လျှင် နန်းတော်သည် အလွန်ကြီးမားသည်ကို သိနိုင်ပြီး မည်မျှ ခိုင်ခံ့သည်ကိုလည်း မြင်တွေ့နိုင်ကာ ဤနေရာသည် တစ်ချိန်က အချို့သော ပုဂ္ဂိုလ်ကြီးများ ကျင့်ကြံရာနေရာ ဖြစ်ပေလိမ့်မည်။

ဤနေရာသည် တစ်ချိန်က ဘုံတစ်ခု ဖြစ်ခဲ့သည်ဟူသော သူ၏ ခန့်မှန်းမှုက မှန်ကန်လိမ့်မည်ဟု တွေးမိပေသည်။ ဤမျှထိ ပျက်စီးသွားလောက်အောင် မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။

လော့ယွဲ့သည် ဤနေရာက နတ်ဘုရားများအားလုံးကို မြှုပ်နှံရာဟု ပြောခဲ့သည်။ အတိတ်ကာလ၌ ဤဘုံတွင် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်လား။ ထိုစစ်ပွဲက တန်ခိုးရှင်အပြည့်ဖြင့် ဘုံတစ်ခုလုံး၏ သမိုင်းကြောင်းကို ပျက်စီးစေခဲ့သည်လား။ ထိုသို့ဆိုလျှင် အရှင်ဒွန်ဟောင်က ဤနေရာကို သိမ်းပိုက်ပြီးနောက် ဤနေရာအား သူ၏ မျိုးဆက်နောင်လာနောင်သားများ ကျင့်ကြံရန် နေရာအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းက ရှေ့သို့ ဆက်သွားခဲ့သည်။ သူသည် စင်္ကြန်အတွင်းသို့ ပို၍ တိုးဝင်သွားခဲ့သည်။ နောက်ဆုံး၌ သူသည် အင်အားစုသုံးခုတိုက်ခိုက်ခဲ့ရာ နေရာသို့ ရောက်ရှိသွားခဲ့သည်။

တန်ခိုးရှင်များက ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ဘဲ သူတို့အားလုံးက ထိုနေရာ၌ ရပ်နေကြသည်။

သူတို့ရှေ့တွင် ပလ္လင်တစ်ခု ရှိနေသည့် ခန်းမ အဆုံးပင် ဖြစ်သည်။ ပလ္လင်၏ ရှေ့တွင် အလွန် ခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခု ရှိသည်။ သူ၏ မျက်လုံးများက  ခေတ်များကို ဖြတ်သန်းမြင်နိုင်စွမ်း ရှိပုံရသည်။ သူသည် နှိုင်းယှဥ်မရအောင် အစွမ်းထက်သည့် တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သူ၏ လက်ထဲတွင် လှံတစ်လက်ကို ကိုင်ဆောင်ထားပြီး မြေပြင်တွင် ထိုးစိုက်ထား၏။ တောက်ပသည့် တိုက်ခိုက်ရေးစွမ်းအားများက လှံမှ ထွက်ပေါ်နေကာ အလင်းလွှာအဖြစ် ပြောင်းလဲ၍ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သူက သေဆုံးပြီး ဖြစ်သည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ ဤပုံရိပ်မှာ အစစ်အမှန် မဟုတ်ပေ။ ထိုသည်က လူသားခန္ဓာအစစ်မဟုတ်သလို သူ၏ ဝိညာဥ်လည်း မဟုတ်ပေ။ သူ၏ ခန္ဓာအတွင်း၌ မည်သည့်အသက်ဓာတ်မှ ကျန်ရစ်နေခြင်း မရှိချေ။ ကျန်ရှိနေသည့်အရာအားလုံးမှာ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားပင် ဖြစ်၏။

သူက သေဆုံးပြီးနောက်၌ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်သည့် တိုက်ခိုက်ရေး စွမ်းအားများ အသွင်ပြောင်းလဲသွားခဲ့သည်လား။

သူ၏ လှံတွင် သူတစ်ဘဝလုံး ပိုင်ဆိုင်ခဲ့သမျှ တိုက်ခိုက်ရေးစွမ်းအားများကို ဆက်ခံထားသလို ထင်မှတ်ရပေသည်။

ထိုတိုက်ခိုက်ရေး စွမ်းအားများနှင့် ယှဥ်လျှင် သောမျိုးနွယ်စုမှ သောကျောက်၏ တိုက်ခိုက်ရေးစွမ်းအားက လစ်ဟာမှုများစွာ ရှိနေသေးပေသည်။

သောမျိုးနွယ်စုသည် တိုက်ပွဲစွမ်းရည် ကောင်းမွန်ပြီး တိုက်ပွဲနတ်ဘုရားမှ ဆင်းသက်လာသည့် မျိုးဆက်များဟု ပြောကြသည်။ သူတို့သည် အားသာချက်များကို အပြည့်အဝ ဖော်ထုတ်နိုင်သည့်အခါ သူတို့၏ တိုက်ခိုက်မှုစွမ်းအားက ကောင်းကင်တစ်ခွင်ကို ပြည့်နှက်၍ စွမ်းအားများကို အကန့်အသတ်ထိ ရောက်ရှိစေသည်။ သို့သော် ထိုလှံအတွင်းမှ တိုက်ခိုက်ရေးစွမ်းအားများနှင့် ယှဥ်လျှင် အလွန်ပင် အလှမ်း ကွာလွန်းလှသည်။ သူတို့သည် တူညီသော အဆင့်၌ပင် ရှိမနေပေ။ ထိုသည်မှာ လပြည့်ဝန်းနှင့် ပိုးစုန်းကြူးကို နှိုင်းယှဥ်နေသကဲ့သို့ပင် ဖြစ်၏။

ဤတိုက်ခိုက်ရေးစွမ်းအားများက အမှန်ပင် ဒဏ္ဍာရီဆန်လှသည်။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်၌ပင် ပျက်ပြယ်သွားခဲ့ခြင်း မရှိပေ။ ထိုစွမ်းအားများသည် လှံအတွင်း စိမ့်ဝင်နေခဲ့သည်။ ထိုတိုက်ခိုက်ရေးစွမ်းအားများက အလွန် ပြင်းထန်လွန်းသဖြင့် လးအများက အနီးသို့ပင် ကပ်နိုင်ခြင်းမရှိပေ။ ယင်းသည် ထိုစွမ်းအားများက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေသည်။

သောကျောက်၏ မျက်လုံးများအတွင်း၌ မီးလျှံတို့ လောင်ကျွမ်းနေသည်။ ဤနေရာသည် သူ့အတွက် ပြင်ဆင်ပေးထားသည်နှင့် တူပေသည်။ အကယ်၍ သူသာ ဤတိုက်ခိုက်ရေးစွမ်းအားများကို ရရှိခဲ့လျှင် သူ၏ စွမ်းအားက မည်မျှ တိုးမြင့်သွားလိမ့်မည်နည်း။ သူသည် ရန်ဟောင်များကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိသွားပေလိမ့်မည်။

ယခုတွင် မည်သူမှ အနီးသို့ ကပ်နိုင်ခြင်းမရှိသည့်အတွက် သူတို့က တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ကြခြင်း ဖြစ်သည်။

သူတို့က ဆက်၍ တိုက်ခိုက်​နေလျှင်လည်း အသုံးဝင်ပုံမရပေ။ တိုက်ခိုက်ရေးစွမ်းအားများကို ရရှိနိုင်သူသာ သေချာပေါက် အနိုင်ရသူ ဖြစ်ပေလိမ့်မည်။

ရုတ်တရက် လူစိမ်းတစ်ယောက် ဝင်ရောက်လာသည့်အခါ လူတိုင်း၏ အကြည့်တို့က ရီဖူရှင်းထံသို့ ရောက်ရှိသွားသည်။

သူတို့သည် ထိုနှစ်ယောက်ကို ရင်ဆိုင်ရန် သူတို့လူများကို စေလွှတ်ခဲ့သည်။ ထို့ကြောင့်  အထဲ၌ သူတို့နှင့်အတူ တစ်ယောက်စီသာ ကျန်ရစ်ခဲ့ပေသည်။

ကြည့်ရသည်မှာ ဤလူများသည် သာမန် တန်ခိုးရှင်များ ဟုတ်ပုံမရပေ။

သူတို့က အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ ရုတ်တရက် ရီဖူရှင်းသည် ကြီးမားသည့် ဖိအားအောက်သို့ ရောက်ရှိသွားပေသည်။ သူက ထိုသူတို့ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က ဒီမှာ လာကြည့်ရုံပါ။ ခင်ဗျားတို့ ဆက်လုပ်ကြလေ။”

“လာကြည့်တာလား” လူတိုင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်ကြသည်။ သူက ဤနေရာသို့ လာ၍ အမှန်တကယ် ရူးချင်ယောင်ဆောင်နေသည်လား။

သူက ဤမျှအထိ လုပ်နိုင်စွမ်းရှိလျှင် အမှန်တကယ် လာကြည့်ရုံသာ ဟုတ်ပါမည်လား။

သူတို့ထဲမှ တစ်ယောက်က ရီဖူရှင်းထံ လှမ်းလာသည်။ ထိုသူမှာ သောမျိုးနွယ်မှ တန်ခိုးရှင်တစ်ဦး ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ်လာ၏။ သူ၏ အရှိန်အဝါက ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည်။ ယင်းသည် ရှန့်ထိုအဆင့် အထွတ်အထိပ်သို့ ချက်ချင်း မြင့်တက်လာပေသည်။

ဘုန်း…

သူက ရှေ့သို့ တစ်ဖန် ခြေလှမ်းလိုက်ပြီး အော်မြည်သံ ထွက်ပေါ်လာသည်။ နတ်အလင်းတို့က သူ့ထံမှ တောက်ပလာနေသည်။ သူက အလင်းတန်းကဲ့သို့ ပျံသန်းကာ ရီဖူရှင်းထံ တိုးဝင်လာသည်။ နတ်အလင်းတန်းက လေထုကို ဖြတ်၍ သူ့နောက်မှ လိုက်ပါလာသည်။

ရီဖူရှင်းသည် ရှောင်တိမ်းရန် မကြိုးစားဘဲ သူရှိနေရာ၌ တည်ငြိမ်စွာ ရပ်​နေပေသည်။ သူ၏ ပြိုင်ဘက်လက်သီး တိုးဝင်လာသည်ကို မြင်သည့်အခါ သူသည်လည်း လက်သီးတစ်ချက် ဆန့်ထုတ်လိုက်သည်။

ဘန်း…

ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။ မြေအောက်နန်းတော်က ပြင်းထန်စွာ တုန်ခါလာခဲ့၏။ သောမျိုးနွယ်စုမှ တန်ခိုးရှင်က အလွန် အားကောင်းလှသော်လည်း သူသည် ရီဖူရှင်းကို အလဲထိုးနိုင်လောက်အောင် အားကောင်းခြင်း မရှိပေ။ ကြည့်ရသည်မှာ အဖြစ်မှန်က သူ စိတ်ကူးထားသည်နှင့် ကွာခြားနေပုံရ၏။ ပြင်းထန်သည့် ဆူညံသံနှင့်အတူ သောမျိုးနွယ်စုမှ တန်ခိုးရှင်က နောက်သို့ လွင့်စင်သွားခဲ့သည်။ သူ၏ လက်မောင်းမှ စူးရှပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာပြီး သူအရိုးများက ကြေမွသွားခဲ့သည်။

သူက မြေပြင်နှင့် ရိုက်မိသည့်အခါ စတင် ဆုတ်ခွာလိုက်သည်။ သူ၏ ပါးစပ်မှ သွေးတို့ စီးကျနေခဲ့သည်။ ထိုသည်က လူတိုင်းကို အံ့အားသင့်သွားစေသည်။ ရီဖူရှင်းကို ကြည့်​နေသည့် သူတို့၏ မျက်ဝန်းများက အနည်းငယ် ပို၍ လေးနက်လာပေသည်။

သောမျိုးနွယ်စုသည် သူတို့၏ တိုက်ပွဲစွမ်းရည်ကြောင့် ကျော်ကြားခဲ့ပြီး အနီးကပ်တိုက်ပွဲတွင် ပြိုင်ဘက်ကင်းပေသည်။ သို့သော် သူတို့၏ လက်သီးက ထိပ်တိုက်တွေ့ဆုံမိသည့် အချိန်တွင် သူက ရှုံးနိမ့်ခဲ့ရသည်။ ယခု ထွက်ပေါ်လာသည့် ဆံပင်အဖြူရောင်နှင့် လူငယ်က မည်မျှ အားကောင်းနေသည်လဲ။

သောကျောက်က လှည့်လာပြီး သူ၏ အကြည့်များက ရီဖူရှင်းထံ ကျရောက်လာသည်။ သူ့ပေါ်သို့ ပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအားများ ကျဆင်းလာ၏။ ထိုသည်မှာ အလွန် ဖိနှိပ်နိုင်လှပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset