အပိုင်း(၁၆၀၁)

အင်ပါယာရှင်းကျောင်းတော်

သူတို့သည် အချို့သော နတ်ဆိုးငယ်လေးများနှင့် သားရဲရိုင်းများကို ဖြတ်ကျော်လာခဲ့ကြသည်။ ဤနေရာတစ်ခုလုံးသည် မြေရိုင်း သဲကန္တာရ ဖြစ်နေပေသည်။ ကြည့်ရသည်မှာ ထိုနေရာ၌ မည်သူမှာ မရှင်သန်နိုင်သကဲ့သို့ ဖြစ်သည်။ ၎င်းသည် ရှေးဟောင်းအငွေ့အသက်တို့နှင့် တိတ်ဆိတ်နေခဲ့သည်။

“နတ်ဘုရားအမွေအနှစ် နယ်မြေက ကိုယ်ပိုင်ဘုံတစ်ခုလား။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ အခြားသူများ၏ မျက်နှာထက်တွင်လည်း စဥ်းစားတွေဝေနေဟန် ပေါ်ပေါက်လာသည်။ သူတို့သည်လည်း ထိုအကြောင်းကို သိချင်မိပေသည်။ နတ်ဘုရားအမွေအနှစ်နယ်မြေသည် သူတို့ ယခင်က တွေ့ကြံဖူးခဲ့သည့် အမွေအနှစ်နယ်မြေများနှင့် မတူပေ။ ၎င်းသည် အဆုံးမရှိ ကျယ်ပြောပေသည်။

“ဘာလို့ အဲဒီလို ထင်ရတာလဲ” လီဟန်ဓားသမားက မေးလိုက်သည်။

“ဆရာ​ တစ်ခါက မဟာလမ်းစဥ်ဘုံသုံးထောင်အကြောင်း ပြောတာ ကြားဖူးတယ်။ စစ်ပွဲအတွင်းမှာ ပျက်သုဥ်းသွားတဲ့ ဘုံတချို့ ရှိတယ်တဲ့…”

ရီဖူရှင်းက ပြောလိုက်သည်။ သူသည် မည်သို့ ဖြစ်သွားသည်ကို အတွေးအနည်းငယ် ရှိပေသည်။ “ဒီမှာက လူသားလက္ခဏာမရှိဘဲ တိတ်ဆိတ်နေတဲ့ မြေရိုင်းကန္တာရ ဖြစ်နေတယ်။ တချို့က လူတွေ ပြန်ရောက်လာကြပြီး ပြန်ထူထောင်လာနိုင်တယ်။ ဒါပေမယ့် ဘုံတစ်ခုက တကယ် ပျက်စီးသွားခဲ့ပြီး  တစ်စုံတစ်ယောက်က ထိန်းချုပ်ထားလို့ အထဲကို ဘယ်သူ့မှ ဝင်ခွင့်မပြုရင် အဲဒီဘုံက ဘယ်မှာ ပြန်ထူထောင်နိုင်ပါ့မလဲ။”

“ဒါက တကယ်ပဲ ကိုယ်ပိုင်ဘုံတစ်ခုနဲ့ တူတယ်။ အဲဒါကြောင့် မင်းရဲ့ ခန့်မှန်းမှုက ဖြစ်နိုင်ချေများတယ်။” လီဟန်ဓားသမားက ပြောလိုက်သည်။ သူသည်လည်း ရီဖူရှင်းကဲ့သို့ပင် စဥ်းစားနေခြင်း ဖြစ်သည့်အတွက် မေးလိုက်ခြင်း ဖြစ်သည်။

နတ်ဘုရားအမွေအနှစ် နယ်မြေက အထက်ကိုးဘုံကို လှုပ်ခါနိုင်ခဲ့ပြီး ၎င်းသည် ကိုယ်ပိုင်ဘုံတစ်ခု ဖြစ်ရန် များပေသည်။  ၎င်းသည် အရှင်ဒွန်ဟောင်၏ စည်းခတ်ထားခြင်းကို ခံခဲ့ရ၏။ နှစ်ငါးဆယ်မှ တစ်ကြိမ်သာလျှင် လူများကို ဝင်ခွင့်ပြုခဲ့သည်။

ဤဘုံသည် နတ်ဘုရားများမှ ကြွင်းကျန်ရစ်သော နယ်မြေ ဖြစ်သည်။ လော့ယွဲ့ ယခင်က ပြောသည်မှာ အမှန်ဖြစ်လျှင် ဤဘုံသည် နတ်ဘုရားများ သေဆုံးမြှုပ်နှံခဲ့ရရာ နေရာဖြစ်ပေလိမ့်မည်။

ခရမ်းရွှေကြွက်များသည် ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်တွင် စတင် ဖြန့်ကျက် လှုပ်ရှားကြသည်။ သူတို့သည် ကျယ်ပြောသည့် ဘုံအတွင်းပိုင်းသို့ ပြေးလွှားသွားနေကြသည်။ ဤနည်းလမ်းဖြင့် သူတို့သည် အခြားတန်ခိုးရှင်များ လာသည့်လမ်းကို ရှောင်ရှားသွားနိုင်ပြီး ခရမ်းရွှေကြွက်များသည်လည်း မြေကျင်းများထဲ၌ပင် သွားလာနေကြသည်။ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း မြေအောက်၌ ပုန်းကွယ်သွားနေသည့် ကြွက်များကို အရေးလုပ်လိမ့်မည် မဟုတ်ပေ။ သူတို့ကို ခြိမ်းခြောက်မှုတစ်ခုဟု ​ဆုံးဖြတ်၍ မရနိုင်ပေ။

တစ်ချိန်တည်းမှာပင် နတ်ဘုရားအမွေအနှစ်နယ်မြေ၏ အခြားအပိုင်းတစ်ခုတွင် အဖွဲ့တစ်ဖွဲ့ ခရီးဆက်နေကြသည်။ သူတို့အဖွဲ့တွင် အရေအတွက်က couple dozen မျှသာ ဖြစ်သော်လည်း သူတို့အားလုံးက ထူးချွန်ကြသည်။ သံသယကင်းစင်ခြင်းအဆင့် အနည်းငယ်သာပါ၍  အခြားသူများအားလုံးမှာ ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။ သူတို့အဖွဲ့ကြားမှ အသက်အတိုင်းအတာက အလွန် ကွာဟပေသည်။ အချို့က ငယ်ရွယ်ပြီး အချို့က အိုမင်းနေသည်။ ငယ်ရွယ်သည့် ပါရမီရှင်လူငယ်များသာလျှင် မဟုတ်ဘဲ အချို့ သက်ကြီးပိုင်းများမှာ ရှန့်ထိုအတင့်၌ပင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

သူတို့အားလုံးတွင် ထူးခြားသည့် အရှိန်အဝါများ ရှိကြပေသည်။ သူတို့သည် ဝံ့ကြွားပြီး မြင့်မြတ်ကြသည့် အသွင်ရှိသည်။ သူတို့၏ မျက်လုံးများက ကြယ်များကဲ့သို့ပင် တောက်ပနေကာ အလွန် နက်ရှိုင်းလှသည်။

သူတို့ကို ဦးဆောင်လာသည့် အဘိုးအိုက ကြယ်စင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ထံမှ ခမ်းနားထည်ဝါသည့် ကြယ်ရောင်များ တောက်ပနေသည်။ သူ၏ အရှေ့ လေထဲမှ လက်တစ်ကမ်းခန့်တွင် ကြယ်ဝင်္ကပါငယ်တစ်ခုရှိပြီး သူ့အနီးလောကမှ အသက်ဓာတ်များကို စုပ်ယူနေကာ သူ့အား လောကနှင့် ဆက်သွယ်ပေးထားသည်။

ကြယ်ဝင်္ကပါငယ်မှ အလင်းစက်များက ရှေ့သို့ သွားရမည့် လမ်းအားညွှန်ပြပေးပေသည်။

သူ့နောက်မှ လူများသည် ၎င်း၏ လမ်းညွှန်မှုကို ယုံကြည်စွာ အလင်းနောက်သို့ လိုက်ကြပေသည်။

ထိုသူများသည် ကျီဝေးဘုံမှ လာကြခြင်း ဖြစ်သည်။ သူတို့သည် ကျီဝေးဘုံ၏ ထိပ်သီးအင်အားစုမှ တန်ခိုးရှင်များ ဖြစ်ကာ အင်ပါယာရှင်းကျောင်းတော်မှ ဖြစ်သည်။ ကျီဝေးဘုံ၌ သူတို့၏ စွမ်းအားကို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံမှ ကောင်းကင်အာဏာစက်ပြည်ထောင်ကဲ့သို့ပင် ကျီဝေးဘုံ၌ တစ်ခါက လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သော ရှေးဟောင်းအင်အားစုတစ်ခုမှ ဖြစ်သည်။

ပြောကြသည်မှာ ကျီဝေးဘုံ၏ အုပ်ချုပ်သူမှာ အင်ပါယာရှင်းကျောင်းတော်၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်သည်ဟု ဆိုကြသည်။ သူသည် ကြယ်သခင်ကျီဝေး အဖြစ် ကျော်ကြားပြီး အလွန် အစွမ်းထက်လှသည်။ ထိုအကြောင်းအရာမှာ ရှေးဟောင်းစာအုပ်များမှ တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး သမိုင်းအစစ်အမှန်က မည်သို့ ဖြစ်မည်​ကို မည်သူမှ မသိကြပေ။

သူတို့က ရှေ့သို့ ဆက်လျှောက်လာကြပြီး သူတို့ရှေ့၌ အဆောက်အဦးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ကြရသည်။ ၎င်းကို ကြည့်၍ သူတို့၏ မျက်လုံးများက စူးရှလာသည်။ သူတို့သည် ၎င်း၏ ဝင်ပေါက်တံခါးကိုပင် ခပ်ရေးရေး မြင်နေရပြီ ဖြစ်၏။

သူတို့သည် သတိလက်လွတ်နှင့် အလျင်အမြန် စတင်သွားလိုက်ကြသည်။ မြေပြင်က တဖြည်းဖြည်း မြင့်တက်လာ၏။ တခဏကြာပြီးနောက် သူတို့သည် ကောင်းကင်နန်းတော်၏ ဒဏ္ဍာရီတံခါးပေါက်ဟု ထင်မှတ်ရသော ကောင်းကင်တံခါးကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ ၎င်းသည်  ခမ်းနားထည်ဝါပြီး ပေရာချီ မြင့်မားပေသည်။

သို့သော် ၎င်းက ကျိုးပဲ့ပျက်စီးနေပြီ ဖြစ်သည်။ ၎င်း၏ သုံးပုံတစ်ပုံက ပျက်စီးနေခဲ့၏။ အရာအားလုံးက ပျက်စီးနေသည်ကို အဝေးမှပင် မြင်တွေ့ရပေသည်။ ကြည့်ရသည်မှာ ဤနေရာ၌ ကာလရှည် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သလိုပင် ထင်မှတ်ရသည်။

အင်ပါယာရှင်းကျောင်းတော်မှ လူများသည် အကြွင်းအကျန်နေရာကို ရှာတွေ့သော်လည်း စိတ်လှုပ်ရှားခြင်း မရှိပေ။ ကျီဝေးဘုံမှ ထိပ်သီးအင်အားစုအနေနှင့် သူတို့ ဤနေရာသို့ လာရောက်ခဲ့သည်မှာ ပထမဆုံး မဟုတ်ပေ။ သူတို့အဖွဲ့အတွင်း လူအများစုသည် ယခင်က ဝင်ရောက်ဖူးခဲ့ပြီး သူတို့ ထွက်လာပြီးနောက် မှတ်သားထားခဲ့သည်။ သူတို့ထဲမှ အချို့က လက်ရှိအကြီးအကဲများ ဖြစ်ပြီး အထဲ၌ သူတို့ မည်သည်တို့ တွေ့ခဲ့သည်အား ဖော်ပြခဲ့ကြပေသည်။

အကြွင်းအကျန်နယ်မြေကို ရှာတွေ့ရန် ကံကောင်းရန် မလိုအပ်ပေ။ ထိုသည်မှာ အန္တရာယ်လက္ခဏာဖြစ်နိုင်သည့် အလားအလာလည်း ဖြစ်သည်။

အန္တရာယ်ဖြစ်နိုင်သည့် အလားအလာလည်း များစွာ ရှိပေသည်။ ထို့ကြောင့် သူတို့က အလွန့်အလွန် သတိထားရန် အရေးကြီးပေသည်။

သူတို့သည် ဝင်ပေါက်တံခါးကို ဖြတ်ကာ အကြွင်းအကျန်နယ်မြေသို့ ဖြတ်လျှောက်လာကြသည်။ ဤနေရာ၌ ပြည့်စုံသည့် အဆောက်အဦးဟူ၍ မရှိတော့ပေ။ ၎င်းတို့အားလုံးသည် ပျက်စီးယိုယွင်းကာ ပြိုကျနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ကျန်ရစ်သော အဖိုးတန် မည်သည့်အရာကိုမှ မတွေ့ရှိကြပေ။ ထို့ပြင် အခြားသူများသည် သူတို့ရှေ့မှ ရောက်လာကာ ရတနာ လာရောက် ရှာဖွေခဲ့သော်လည်း သူတို့သည်ပင် တစ်ခုခု ရှာဖွေတွေ့ရှိရန် ခက်ခဲပေသည်။

အင်ပါယာရှင်းကျောင်းတော် အဖွဲ့ကြားမှ လူငယ်တစ်ယောက်က ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက မျက်လုံးများကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် ဝိညာဥ်မြေပုံချက်ချင်း ပေါ်ပေါက်လာသည်။ သူတို့၏ မျက်လုံးရှေ့တွင် အလွန် ရင်းနှီးနေသည့် မြင်ကွင်းနှင့် အကြွင်းအကျန်နယ်မြေ၏ မြေပုံပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ သူ့ကို အချက်ပြနေပုံရသည်။

အင်ပါယာရှင်းကျောင်းတော်မှ အကြီးအကဲများသည် တစ်ချိန်က ရောက်ရှိဖူးသည့်အတွက် ယခု သူတို့ကို လမ်းပြနေခြင်း ဖြစ်သည်။

သူတို့သည် ဤနေရာသို့ လျင်မြန်စွာ ရောက်လာနိုင်စွမ်း ရှိကြသည်။ သူတို့တွင် အထူးစွမ်းရည်များ ရှိနေသည့်အပြင် သူတို့ အကြီးအကဲများ၏ လမ်းညွှန်ပေးမှုလည်း ရှိနေသေးသည်။

လူငယ်သည် ကိုယ်ကို ကိုင်းကာ သူ၏ လက်များကို မြေပေါ်သို့ ထားလိုက်သည်။ လျှပ်တပြက်အတွင်း မြေပြင်က တုန်ခါကာ အော်မြည်လာ၏။ မဟာလမ်းစဥ် မုန်တိုင်းတစ်ခုက လွှမ်းခြုံလာသည်။ သူတို့အနီးမှ အကြွင်းအကျန်နယ်မြေက အဝေးသို့ လွင့်ပါးသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။

မုန်တိုင်းက အားကောင်းလာပြီး အပျက်အစီးများအားလုံးကို ရှင်းလင်းသွားခဲ့သည်။ မကြာခင်၌ သူတို့အားလုံးသည် အပျက်အစီးများ အောက်မှ  ရှေးဟောင်းလမ်းမကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

အပျက်အစီးများ အားလုံးသည် မုန်တိုင်းကြောင့် ရှင်းထုတ်ပစ်ခြင်းကို ခံလိုက်ရသည်။ အများစုမှာ မထင်ရှားတော့သည့် အရိုးစုများ ဖြစ်ကြပြီး အသုံးဝင်ခြင်း မရှိပေ။

လမ်းတစ်လျှောက် သွားပြီးသည့်အခါ သူတို့သည် ပွင့်လျက်ရှိသော ကျိုးပဲ့နေသည့် ဝင်ပေါက်တံခါးနှင့် မြေအောက်ရောက်နေသည့် နန်းတော်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ဝင်ပေါက်သည် အခြားသူများ၏ ဖျက်စီးခြင်းကို ခံထားရပြီး ​ဖြစ်သည်။

အင်ပါယာရှင်းကျောင်းတော်မှ လူများ၏ မျက်လုံးများက စူးလက်သွားသည်။ သူတို့၏ အကြီးအကဲများက ပြောခဲ့သည်မှာ ဤအပျက်အစီးများအတွင်း ယခင်က သူတို့နှင့်အတူ ပြန်သယ်လာနိုင်ခြင်း မရှိခဲ့သည့် အရာတို့ ရှိသည်ဟူ၍ ဖြစ်သည်။ သူတို့က ၎င်းတို့အား အရင်ရှာဖွေရန် ပြောခဲ့သည်။ ထို့ကြောင့် သူတို့က ဤနေရာသို့ ချက်ချင်းလာခဲ့ခြင်း ဖြစ်သည်။

လူစုက ရှေ့သို့ ဆက်လက် တိုးလာခဲ့ကြသည်။ သူတို့သည် နန်းတော်တံခါး အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ သူတို့က လက်များကို ဝေ့ယမ်းလိုက်ပြီး တံခါးအတွင်းရှိ အရာအားလုံးကို ပိတ်ဆို့ကာ အခြားသူများ၏ နတ်ဝိညာဥ် စွမ်းအားတို့ ဝင်ရောက်ခြင်းမှ တားဆီးထားလိုက်သည်။ ထိုနည်းလမ်းဖြင့် မည်သူမှ သူတို့လုပ်ခဲ့သည်များကို သိကြလိမ့်မည် မဟုတ်တော့ပေ။

အဝေးရှိ အမြင့်တစ်နေရာတွင် အခြားလူတစ်စု မတ်တပ်ရပ်နေကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ သူ၏ မျက်လုံးများအတွင်း သွေးကြောများကို မြင်နေရကာ ကြည့်ရ အတော်လေး ထူးဆန်းနေသည်။ သူ့ထံမှ လေဟာနယ်နတ်အလင်းတို့ တောက်ပနေပြီး သူသည် ကျယ်ပြောသည့် အကွာအဝေးကို ဖြတ်ကာ ကြည့်နေခဲ့သည်။

“အပျက်အစီးနေရာက ဒီမှာပဲ” သူက ပြောလိုက်သည်။ “ကြည့်ရတာ ငါတိုဘ အင်ပါယာရှင်းကျောင်းတော်က လူတွေနောက် လိုက်လာတာ မှန်သွားတယ်။”

ထိုသူများသည် ကျီဝေးဘုံရှိ အခြားသော ထိပ်သီးအင်အားစုမှ လူများဖြစ်ပြီး သူတို့က အင်ပါယာရှင်း ကျောင်းတော်မှ လူများနောက်သို့ လိုက်လာကြခြင်း ဖြစ်သည်။

“မင်း ဘာမြင်လဲ” သူ့ဘေးမှ တစ်ယောက်က မေးလိုက်သည်။

“သူတို့က အဲဒီနေရာကို အစီအရင်နဲ့ ပိတ်ဆို့လိုက်တာကြောင့် ငါလည်း သိပ်ရှင်းရှင်းလင်းလင်း မမြင်ရဘူး။” ထိုသူက ပြောလိုက်၏။ “အပျက်အစီးတွေကို ရှင်းပြီးတော့ မြေအောက်နန်းတော်ကို အစီအရင်ချပြီးမှ ဝင်သွားတာ။ ငါတို့ အခု သွားကြည့်သင့်လား စောင့်ရမလား။”

“သွားကြမယ်” သူ့ဘေးမှ လူက ပြောလိုက်သည်။ လူစုက စတင် လှုပ်ရှားလိုက်ကြသည်။ သူတို့သည် ကျယ်ပြောသော အကွာအဝေးကို ဖြတ်ကာ အလွန် လျင်မြန်စွာ သွားရောက်ကြပေသည်။

ထိုစဥ်တွင် အခြားသော လူတစ်စုသည်လည်း အခြားသော နေရာမှ တစ်ဟုန်ထိုး ရောက်လာခဲ့ကြသည်။ ထိုပေါ်ပေါက်လာသူများမှာ အင်ပါယာရှင်းကျောင်းတော်ကို စောင့်ကြည့်နေသူများ မဟုတ်ကြပေ။

သိသာစွာပင် အင်ပါယာရှင်းကျောင်းတော်သည် ကျီဝေးဘုံအတွင်း အရေးကြီးသည့် အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ အနည်းဆုံး ဤအင်အားစုများက သူတို့ကို အများကြီး ယုံကြည်ကြပေသည်။ သူတို့ ယုံကြည်သည်မှာ အင်ပါယာရှင်းကျောင်းတော်က အပျက်အစီးနယ်မြေကို ရှာတွေ့နိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။

အပျက်အစီးနယ်မြေအပြင်ဘက် မြေအောက်တွင် နတ်ဆိုးကြွက်တစ်ကောင် ရှိ​နေခဲ့သည်။ သူက သူ့အပေါ် ကျဆင်းလာသည့် အလွန် ကြောက်မက်ဖွယ် ဖိအား အရှိန်အဝါကို ခံစားမိလိုက်သည်။ သူသည် အင်အားစုနှစ်ခု တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်ကို ခံစားမိပြီး နှစ်ဖက်လုံးက အလွန် အစွမ်းထက်လှသည်။

အဝေးမှ ရီဖူရှင်းသည် ခရမ်းရွှေကြွက်ကို ဖြတ်ကာ အရာရာကို ခံစားမိ၏။ “တစ်ခုခု ဖြစ်နေပြီ။” သူက ပြောလိုက်သည်။

ယူချင်းက လှည့်ကာ ရီဖူရှင်းကို ​ကြည့်လိုက်သည်။

“အင်အားစုသုံးခု ရောက်နေပြီ။ ရင်ဆိုင်ရ လွယ်မှာတော့ မဟုတ်ဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “ယူချင်း ငါတို့နှစ်ယောက် သွားရမယ်။”

ယူချင်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ”

“အင်အားစုသုံးခုက ကျီဝေးဘုံက လာကြတာ ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့က အရမ်းအစွမ်းထက်တယ်။ သူတို့ ဝါးနိုင်တာထက် ပိုမကိုက်သင့်ဘူး။ သွားကြစို့။” ရီဖူရှင်းက ပြောလိုက်သည်။ အပျက်အစီးနယ်မြေအတွင်း တိုက်ပွဲတစ်ကြိမ် ဖြစ်လာလျှင် ကျိန်းသေ ရက်စက်ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပေလိမ့်မည်။ သူတို့နှင့် လူပေါင်းများစွာ ထိပ်တိုက်တွေ့ခြင်းမှာ ကောင်းသည့် အရာမဟုတ်ပေ။ ရီဖူရှင်းသည် အပျက်အစီးနယ်မြေမှ အင်အားစုများကို မြင်တွေ့ခဲ့ပြီး သူတို့သည် လူနည်းစုသာလျှင် ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့က အတော်လေး အစွမ်းထက်သည်ဟူ၍ ဖြစ်ပေသည်။

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်သည် အရှိန်မြှင့်လိုက်ပြီး အပျက်အစီးနယ်မြေမှ ဆုတ်ခွာလိုက်သည်။

တစ်ချိန်တည်းတွင် အင်အားစုနှစ်ခုက ရောက်ရှိလာပြီး စကားပြောဆိုနေကြသည်။ သူတို့အကြား၌ မည်သည့် ပဋိပက္ခမှ မရှိသကဲသို့ပင် ဖြစ်သည်။ သူတို့သည် အစီအရင်ကို ချိုးဖျက်ကာ ဝင်ရောက်ရန် လက်တွဲ ကြိုးစားနေကြသည်။

အစွမ်းထက်လူတစ်စု ဆင်းသက်လာသည်။ သူတို့က အစီအရင်ကို ချိုးဖျက်ပြီးနောက် အင်အားစုနှစ်ခုသည် ထိုနေရာ၌ အထိတ်တလန့် ရပ်နေကြပေသည်။ သူတို့သည် အပျက်အစီးနယ်မြေအတွင်း မဝင်ဘဲ ရပ်နေသည့် လူတစ်စုကို မြင်တွေ့လိုက်ကြရသည်။  ထိုနေရာ၌ ရပ်နေသူများသည် တောက်ပသည့် အလင်းများလင်းလက်နေသည်။

နှိုင်းယှဥ်မရအောင် လင်းလက်တောက်ပသည့် အလင်းတို့က မြေပြင်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် ဝင်္ကပါတစ်ခု ဖြစ်တည်လာသည်။

“မကောင်းတော့ဘူး။ ပြေး…” ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အစွမ်းထက်သည့် အရှိန်အဝါတို့က ထိုအင်အားစုမှ လူများအကြား ပေါက်ကွဲထွက်လာသည်။ သူတို့သည် ခြုံခိုတိုက်ခိုက်ခံရပြီကို သတိပြုမိလိုက်ကြသည်။

အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များသည် မည်သည့် ခံစားချက်မှ မရှိဘဲ အေးစ​က်စွာ ကြည့်လိုက်ကြသည်။ သူတို့က ဝင်္ကပါကြီးကို စတင်ဖွဲ့စည်းလိုက်ကြသည်။ အဆုံးမဲ့ ကြယ်အလင်းများ ပေါက်ကွဲထွက်လာပြီး ကြီးမားသော ကြယ်ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှ  ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ကြယ်ဝင်္ကပါကို ဖွဲ့စည်းပြီးနောက်၌ ထိုနေရာတစ်ခုလုံးသည် အဆုံးမဲ့ သတ်ဖြတ်ခြင်း ကြယ်စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့သည်။ နာကျင်စွာ အော်ညည်းသံများစွာ ထွက်ပေါ်လာသည်။ လူအများသည် ချက်ချင်းပင် ကြယ်အလင်းများနှင့် ထိုးဖောက်ခံလိုက်ရသည်။

သွေးများက နေရာအနှံ့ လွင့်စင် ပျံ့နှံ့သွားခဲ့သည်။ လူအများသည် သူတို့၏ စွမ်းအားများကို အသုံးပြုကာ တိုက်ခိုက်မှုများကို ပိတ်ဆို့ပြီး ဝင်္ကပါအလယ်မှ ပြေးထွက်ခဲ့သည်။ သူတို့သည် အေးစ​က်သည့် အမူအရာများနှင့် လေထဲမှ ပြေးထွက်ခဲ့ကြသည်။ သူတို့က အင်ပါယာရှင်းကျောင်းတော်မှ တန်ခိုးရှင်များကို အထင်သေးလိုက်မိ​ကြသည်။

လျှပ်တပြက်အတွင်း အင်အားစုနှစ်ခုမှ သုံးပုံတစ်ပုံသော လူများသည် ဝင်္ကပါကြောင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။

“မင်းတို့ စောင့်ကြည့်နေတာကို ငါတို့ မသိဘူး ထင်လို့လား။” အင်ပါယာရှင်းကျောင်းတော်မှ အကြီးအကဲက အေးစ​က်စွာ မေးလိုက်သည်။ သူတို့သည် မသိဟန်ဆောင်၍ ပြိုင်ဘက်၏ အာရုံခံမှုကို ပိတ်ဆို့တားဆီးရန် အစီအရင် ထားရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူတို့က ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်၏။

နတ်ဘုရားအမွေအနှစ် နယ်မြေတွင် ယှဥ်ပြိုင်လာသည့် မည်သူမဆို ရန်သူအဖြစ် သတ်မှတ်ပြီး သတ်ဖြတ်ရန် လိုပေသည်။

ဤနေရာ၌ ထောက်ထားညှာတာခြင်းဟူ၍ မရှိပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset