အပိုင်း(၁၆၀၀)

ထိန်းချုပ်ခြင်း

ရီဖူရှင်းသည် လေထဲတွင် ရပ်နေဆဲ ဖြစ်ကာ မရေတွက်နိုင်သည့် နတ်ဓားများက သူ့အနီးမှ ကျဆင်းလာနေသည်။ ၎င်းတို့သည် နေရာအနှံ့ကို ပိတ်ဆို့ထားခဲ့သည်။ ယူချင်းလည်း ဤနေရာ၌ ရှိနေရာ ကြွက်တစ်ကောင် လှုပ်ရှားရန်ပင် နေရာမရှိပေ။

နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်လာသည့် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များသည် လူနှစ်ယောက်ကြောင့် ကြောက်ရွံ့တုန်လှုပ်နေခဲ့ပေသည်။ ဤသည်မှာ သူတို့ကို အနည်းငယ် ဝမ်းနည်းမှုကို ခံစားမိစေသည်။

သူတို့သည် အထက်ကိုးဘုံ နတ်ဘုရားအမွေအနှစ်နယ်မြေ ခရီးစဥ်၌ ကြီးမားသည့် အင်အားစုများကို ချဥ်းကပ်နိုင်စွမ်း ရှိကာ သူတို့အတွက် အကျိုးအမြတ်ရှိမည်ဟု တွေးခဲ့ကြသည်။ သူတို့သည် ဤအဖြစ်မျိုးကို အစမှ အဆုံးတိုင် မတွေးမိခဲ့ကြပေ။

ဖြစ်ရပ်များက အလွန် ဆိုးဝါးလှပေသည်။

ရီဖူရှင်းသည် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ကို ရွေးချယ်စရာပေးမယ်။ အညံ့ခံမလား။ သေမလား”

သူ့မျက်လုံးများက အေးစက်နေသည်။ သူ့အသံတွင် မည်သည့် ခံစားချက် အရိပ်အယောင်မှ ရှိမနေပေ။

သူက ယူချင်းပြောခဲ့သည်ကို စဥ်းစားကြည့်ခဲ့သည်။ နတ်ဘုရားအမွေအနှစ် နယ်မြေကို ရောက်လာသည့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ အားမနည်းလှပေ။ သူတို့နှစ်ဦးအတွက်က မည်သည့်ပြဿနာမှ ရှိလိမ့်မည် မဟုတ်သော်လည်း တိုက်ပွဲတစ်ခု ဖြစ်ပွားလာလျှင် အခြားလူများအတွက် သူတို့ကို ဂရုစိုက်ပေးနိုင်ရန် ခက်ခဲပေသည်။

ထို့ကြောင့် သူသည် သူတို့ကို ဂရုစိုက်ရန် အစေခံတချို့ လိုအပ်ပေသည်။

ခရမ်းရွှေကြွက်ကလန်မှာ သံသယဖြစ်ဖွယ်မရှိ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။

“အညံ့ခံရမယ်လား” ရှုဟွမ်စွန်းသည် ပို၍ ကြီးမားလာ၏။ သူ၏ ခန္ဓာကိုယ်က အလွန် ကြောက်မက်ဖွယ် ကောင်း၍ အကျည်းတန်လှသည်။ သူ၏ အမွေးများက ရွှေရောင်တောက်ပနေသည်။ ကြွက်ကလန်မှ အဖွဲ့သားတစ်ဦးအနေနှင့် ၎င်းသည် မည်သူ့ကိုမှ လှပသည့် ခံစားမှု ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ ရွှေရောင်အမွေးများက မာကျောလာကာ ဓားများကဲ့သို့ ထက်ရှလာ၏။ သူက ထက်ရှသော လက်သည်းများ​ကို ဆန့်ထုတ်လိုက်သည်။ ၎င်းတို့မှ နတ်ဆိုးအင်ပါယာ၏ အရှိန်အဝါ ထွက်ပေါ်လာသည်။ ယင်းတို့က ရှေ့သို့ ဖိနှိပ်လာပြီး လူတိုင်းသည် ၎င်းတို့မှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိပေသည်။

ခရမ်းရွှေကြွက်ကလန်သည် နတ်ဆိုးဘုံ၌ ထိပ်သီးနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် သူတို့က ဤလူသားကြောင့် ဖိနှိပ်ခံရသည်။ သူက သူတို့ကို သာမန်ကြွက်ဟု ထင်နေသည်လား။

သူက အမှန်တကယ်ပင် သူတို့၏ တော်ဝင်မိသားစုများအား အညံ့ခံစေရန် ကြိုးစားနေသည်လား။

ခရမ်းရွှေကြွက်ရှန့်ထိုများသည် ရီဖူရှင်းကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်ကြသည်။ သူက သူတို့ကို စော်ကားရန် ကြိုးစားနေသည်လား။

ယူချင်းသည် ခရမ်းရွှေကြွက်များမှ ထွက်ပေါ်လာသည့် အေးစက်သော နတ်ဆိုးအရှိန်အဝါကို ခံစားမိလိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေပြီး သူ၏ အကြည့်တို့တွင် သတ်ဖြတ်လိုစိတ် အပြည့်ပင် ဖြစ်သည်။

“အဲဒါက မင်းတို့အတွက် ဂုဏ်ယူစရာပဲ” သူက ပြောလိုက်သည်။ သူ၏ နက်မှောင်သော နတ်ဆိုးချပ်ဝတ်တွင် ကြောက်မက်ဖွယ် အလင်းတို့ လင်းလက်လာသည်။ သူ၏ လက်မောင်းတွင် နက်မှောင် ထက်ရှသည့် ဓားသွားများ ပေါ်ပေါက်လာပြီး ထိတ်လန့်ဖွယ် မြင်ကွင်းဖြစ်လာခဲ့၏။ ၎င်းသည် ခရမ်းရွှေကြွက်ရှန့်ထိုများကို အလွန် ကြီးမားသည့် ဖိအား ခံစားမိစေသည်။ ဤနတ်ဆိုးတန်ခိုးရှင်သည် ရီဖူရှင်းထက်ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် မည်သည့် စိတ်ခံစားချက်မှ ရှိမနေပေ။ သူက သတ်ဖြတ်ခြင်းလက်နက်နှင့် ကွဲပြားခြင်း မရှိပေ။

ရှုဟွမ်စွန်းသည် သူ့အကြည့်များကို ယူချင်းထံ ပို့ဆောင်လိုက်သည်။ သူ၏ ထက်ရှသော လက်သည်းများသည် ပို၍ လင်းလက်တောက်ပလာကာ သန်မာလာပေသည်။ သူသည် သူ၏ လက်သည်းများကို သုံးကာ ရီဖူရှင်းနှင့် ယူချင်း၏ ဦးခေါင်းအား ခုတ်ဖြတ်ရန် ကြိုးစားနေသည်။

သူသည် ခရမ်းရွှေကြွက်ကလန်မှ ဘိုးဘေးးတစ်ယောက်၏ လက်အရိုးကို သုံးကာ သူ၏ လက်သည်းများကို စွမ်းအားတိုးမြှင့်ထားသည်။ ၎င်းတွင် ကြောက်မက်ဖွယ် စွမ်းအားတို့ ပါဝင်နေသည်။ ယင်းမှ အလင်းတို့ ပေါက်ကွဲထွက်ပေါ်လာသည့်အခါ သူ့ရှေ့မှ လေဟာနယ်က နှစ်ခြမ်းကွဲသွားသကဲ့သို့ ထင်မှတ်ရသည်။

ရီဖူရှင်းသည် ၎င်း၏ အရှိန်အဝါကို ခံစားမိပေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အရပ်လေးမျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးစွမ်းအားများ ထွက်ပေါ်လာကာ အော်မြည်သံတို့ ဖြစ်ပေါ်လာ၏။ တခဏအတွင်း ပေါက်ကွဲထွက်လာသည့် ပြိုင်ဘက်ကင်းစွမ်းအားတို့က နေရာတစ်ခုလုံးကို ပြည့်နှက်သွားပေသည်။

ဟူး…

ရှုဟွမ်စွန်းသည် အလွန် လျင်မြန်လှစွာဖြင့် လေထုကို ဖြတ်သန်းသွားခဲ့သည်။ သူသည် လက်သည်းကြီးကို ရီဖူရှင်း၏ ဦးခေါင်းဆီ ဆန့်ထုတ်လိုက်သည်။ သူ၏ လက်သည်းများက လေထုကို ပြည့်နှက်သွားသည့်တိုင်အောင် ပြန့်ကားလာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ၎င်း တိုက်ခိုက်မှုက ဖုံးလွှမ်းသွားသည်။

မည်သည့် တွေဝေမှုမှ မရှိဘဲ ရီဖူရှင်းသည် သူ့လက်ကို မြှောက်ကာ ရှေ့သို့ ရိုက်လိုက်သည်။ မဟာလမ်းစဥ်သည် ကျယ်လောင်စွာ အော်မြည်ကာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ အရိုးကျိုးသံများကို ကြားလိုက်ရပြီး ရှုဟွမ်စွန်းသည် သူ့အရိုးများ ကျိုးကြေသွားသည်ဟု ခံစားလိုက်ရသည်။

သူသည် မကြာခင်၌ ရေခဲကဲ့သို့ အေးစက်နေသည့် မျက်လုံးအစုံကို မြင်တွေ့လိုက်ရသည်။ ယင်းတို့သည် အလွန် နက်ရှိုင်းလှပြီး ကြည့်နေသူကို ချောက်နက်အတွင်း ကျသွားပြီဟုပင် ထင်မှတ်ရပေသည်။

သူ့ စိတ်ထဲတွင် ရီဖူရှင်း၏ ပုံရိပ်က ကြီးသထက် ကြီးမားလာသည်။ ထိုသည်က သူ၏ နတ်ဝိညာဥ်ကို ဖိနှိပ်နေသည်။ ကြောက်မက်ဖွယ် စွမ်းအားမုန်တိုင်းက သူ့ကို ဖြတ်ကာ အော်မြည်လာသည်။ သူသည် ညည်းညူလိုက်ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်က စတင် တုန်ခါလာသည်။

ဘုန်း…

ကျယ်လောင်သည့် ဆူညံသံနှင့်အတူ သူ၏ ခေါင်းသို့ လက်သီးချက် ကျရောက်လာပေသည်။ သူသည် သနားသဖွယ် အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားများက လျော့ကျသွားကာ သူ့တွင် မည်သည့် ခုခံစွမ်းအားမှ မကျန်တော့အောင် ဖြစ်စေသည်။

သူသည် တစ်ခုခုကို သတိပြုမိစွာဖြင့် စူးရှစွာ အော်ဟစ်လိုက်၏။ သူသည် နောက်ဆုံးခုခံမှုကို ပြုလုပ်ခဲ့ပေသည်။

သူသည် ခရမ်းရွှေကြွက်ကလန်၏ တော်ဝင်မိသားစုမှ ဖြစ်သည်။ သူက လူသားများ၏ အစေခံအဖြစ် ကျရောက်ပြီး သူတို့၏ အမိန့်ကို နာခံနိုင်ပါမည်နည်း။ ထိုသည်မှာ ကြီးစွာသော စော်ကားမှုပင် ဖြစ်သည်။

ဘုန်း…

နောက်ထပ် ကျယ်လောင်သည့် ဆူညံသံ ထွက်ပေါ်လာပြီး သူ၏ နတ်ဝိညာဥ်က တစ်ဖန် ထပ်ကာ တိုက်ခိုက်ခံလိုက်ရပြန်သည်။ သူက ခုခံလေ ပို၍ ဆိုးဝါးလေပင် ဖြစ်၏။ ရီဖူရှင်းသည် သူ၏ စိတ်စွမ်းအားကို နှိုးဆွရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းသည် သူ့ ပြိုင်ဘက်၏ နတ်ဝိညာဥ်အတွင်းမှ ခရမ်းရွှေကြွက်ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ သူသည် ထိုသည်မှာ ရှုဟွမ်စွန်း၏ ပင်မဝိညာဥ်ဖြစ်ကြောင်း သိရှိလိုက်သည်။ အစွမ်းထက်စွမ်းအားများက ပြင်းထန်သည့် စွမ်းအင်မုန်တိုင်းအဖြစ်  သူ၏ ဝိညာဥ်အတွင်း တိုးဝင်ကာ အမှတ်တံဆိပ်ကို ခပ်နှိပ်ပစ်လိုက်လေသည်။

ထိုအခိုက်တွင် သူ၏ ခုခံမှုစွမ်းအား အားလုံးက ပျောက်ကွယ်သွားခဲ့သည်။

“ဒူးထောက်” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်၏။ သူတို့အောက်မှ ခရမ်းရွှေကြွက် တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို ကြည့်နေရင်း ကြောက်ရွံ့တုန်လှုပ်နေသည်။ လေထံမှ ရှုဟွမ်စွန်းက ဒူးထောက်လိုက်သည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းထံ အညံ့ခံရန် ဆန္ဒရှိပုံရပေသည်။

ထိုသည်မှာ သူတို့၏ ဝိညာဥ်အတွင်းမှပင် သိပ်သည်းသော အေးစိမ့်မှုကို ခံစားမိစေသည်။

သူတို့က ပြီးဆုံးသွားကြပြီ ဖြစ်၏။

သူတို့သည် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ပြီး အောင်မြင်မှုအချို့ရရန် မျှော်လင့်ခဲ့သည်။ ထို့အစား သူတို့ကို ပျက်စီးဆုံးရှုံးခြင်းကသာ စောင့်ကြိုနေခဲ့ပေသည်။

ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းကာ ရှုဟွမ်စွန်း၏ နောက်ကျောပေါ်သို့ ခြေတင်လိုက်သည်။ သူသည် ထက်ရှသည့် အ​ကြည့်တို့ဖြင့် အောက်ဘက်ရှိ ခရမ်းရွှေကြွက်များကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ “အညံ့မခံတဲ့ သူ အားလုံးကို သတ်မယ်”

ဟူး…

ခရမ်းရွှေကြွက်ကလန်မှ ရှန့်ထိုနတ်ဆိုးများက ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ဘန်း…

ယူချင်းသည် ရှေ့သို့ လျင်မြန်စွာ ခြေလှမ်းလိုက်ပြီး တစ်လှမ်းတည်းနှင့် အလွန် ဝေးကွာလှသည့် အကွာအဝေးသို့ ရောက်ရှိသွားပေသည်။ သူ၏ ခြေဖျားမှ စွမ်းအားသည် ကမ္ဘာမြေကြီးကို တုန်ခါ၍ အက်ကွဲပွင့်ဟလာစေသည်။ သူက လက်ဆန့်ထုတ်လိုက်၏။ ကြောက်မက်ဖွယ် နတ်အလင်းတို့က ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ဝါးမျိုခြင်း စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ခရမ်းရွှေကြွက်ကလန်မှ အားလုံးသော တန်ခိုးရှင်များသည် နှေးကွေးသွားခဲ့သည်။ ခဏအတွင်း မရေတွက်နိုင်သည့် အနက်ရောင်အလင်းများက သူတို့ကို ရစ်ပတ်သွားခဲ့၏။ ယင်းတို့သည် အနက်ရောင်လက်သည်းများအဖြစ် ပြောင်းလဲသွားကာ သူတို့ကို နောက်သို့ ဆွဲချလိုက်သည်။

ဂါး…

ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်တစ်ဦးက မာန်ဖီလိုက်၏။ ရွှေရောင်အလင်းများက သူ့ထံမှ လင်းလက်လာသည်။ သူသည် သူ့ကို ချုပ်ကိုင်ထားသည့် လက်သည်းများ၏ စွမ်းအားကိုချိုးဖျက်ရန် ကြိုးစားလိုက်သည်။ သူက အောင်မြင်နိုင်ရန် လမ်းမရှိပေ။ သူသည် ယူချင်း၏ လက်များအတွင်း ဆွဲယူခံလိုက်ရ၏။

ယူချင်း၏ လက်များသည် ထက်ရှသည် နတ်ဆိုးလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး သူ့ရန်သူ အသွေးအသားများထဲသို့ ထိုးဖောက်သွားခဲ့သည်။ ထိုသည်မှာ ထိတ်လန့်ဖွယ် မြင်ကွင်းပင် ဖြစ်၏။

နောက်ထပ် ကျယ်လောင်သော ဆူညံသံတစ်ခုနှင့်အတူ ယူချင်းသည် ကောင်းကင်သို့ ခြေလှမ်းလိုက်သည်။ မရေတွက်နိုင်သည့် အနက်ရောင်နတ်ဆိုးအလင်းတန်းများက အခြားသော ခရမ်းရွှေကြွက် နတ်ဆိုးတန်ခိုးရှင်များထံ ရောက်ရှိသွားပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ယူချင်း၏ စောင့်ကြည့်မှုအောက်မှ တန်ခိုးရှင်များသည် ကျယ်လောင်သည့် ဆူညံသံနှင့်အတူ ထွက်ပြေးရန် ကြိုးစားသည့် တန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရပေသည်။ ထွက်ပြေးလွတ်မြောက်ရန် မည်သည့် မျှော်လင့်ချက်မှ မရှိဘဲ သူတို့အားလုံး ပွဲချင်းပြီး သေဆုံးခဲ့ရလေ၏။

မကြာခင်၌ အရာအားလုံးက တည်ငြိမ်သွားခဲ့သည်။ ထိုနေရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် မည်သည့် လက္ခဏာမှ မရှိတော့ပေ။

ခရမ်းရွှေကြွက်ကလန် တန်ခိုးရှင်များ ခံစားခဲ့ရသည့် အရာများက မျှော်လင့်ချက်မဲ့စရာပင် ဖြစ်သည်။ သူတို့သည် ကံကြမ္မာကို လက်ခံရုံအပြင် ရွေးချယ်စရာ မရှိတော့ပေ။ သူတို့သည် နတ်ဘုရားအမွေအနှစ်နယ်မြေသို့ ဝင်ရောက်ပြီးနောက်၌ပင် မျှော်လင့်ချက်များ ပျောက်ဆုံးသွားခဲ့ပေသည်။

ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူသည် လေထဲတွင် ရပ်လိုက်ပြီး သူ့ထံမှ တောက်ပသည့် အလင်းတို့ ဖြာထွက်နေသည်။ ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များသည် သူတို့၏ ခေါင်းများ​ကို ငုံ့ထားခဲ့ကြသည်။ သူတို့သည်ခုခံရန် မည်သည့် စွမ်းအားမှ မရှိတော့ပေ။ သူတို့သည် စိတ်ထဲမှ စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း မည်သို့မှ လုပ်နိုင်ကြခြင်း မရှိပေ။ ယခု သူတို့ရှေ့တွင် ရိုးရှင်းသည့် ရွေးချယ်မှုတစ်ခု ရှိနေသည်။

သူတို့သည် ရှင်သန်မလား အသေခံမလား ရွေးချယ်ရန် လိုပေသည်။

ရီဖူရှင်းသည် ခေါင်းများငုံ့ထားသည့် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များကို ကြည့်လိုက်သော်လည်း မည်သည့် သနားစိတ်မှ မဝင်မိပေ။ ကောင်းကင်နတ်တံခါးကိက ဝန်းရံခြင်း၌ ပါဝင်ခဲ့ခြင်းအပြင် သူတို့သည် မူလတောင်တန်း၌ သူ့ကို သတ်ကာ နတ်ဆင်အင်ပါယာ၏ အရိုးအား ခိုးယူရန် ကြိုးစားခဲ့သည်။

“အခုကစပြီး မင်းတို့မှာ ခုခံဖို့ အခွင့်အရေး မရှိတော့ဘူး။” ရီဖူရှင်းက သူတို့၏ ရှေ့သို့ လျှောက်လာခဲ့သည်။ သူက သူတို့အား အပြည့်အဝ စတင်ထိန်းချုပ်တော့မည် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များက တုန်ခါနေပြီး မကြာခင်၌ သူတို့၏ မျက်လုံးများထဲတွင် စစ်မှန်သည့် အကြည့်တို့ ပေါ်ပေါက်လာကာ အားလုံး မြေပြင်၌ ဒူးထောက်လိုက်ကြသည်။ ယခု သူတို့အားလုံးက ရီဖူရှင်းကို အပြည့်အဝ နာခံကြရတော့မည် ဖြစ်သည်။

သူတို့နောက်ရှိ လော့ယွဲ့နှင့် ထိုက်ရွှမ်တောင်မှ အခြားတန်ခိုးရှင်များက တအံ့တသြ ကြည့်နေကြသည်။ ဤသည်က မည်သည်နည်း။

ရီဖူရှင်းသည် နတ်ဆိုးများကို ထိန်းချုပ်နိုင်စွမ်း ရှိပုံရပေသည်။

ခရမ်းရွှေကြွက်ကလန်မှ နတ်ဆိုးအားလုံးကို ထိန်းချုပ်ပြီးသွားသည့်အခါ ရီဖူရှင်းက ထိုက်ရွှမ်တောင်မှ လူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဒီလို စွမ်းရည်မျိုးကို နတ်ဆိုးကလန်တွေက သဘောကျမှာ မဟုတ်ဘူး။ ခင်ဗျားတို့အားလုံး ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားမယ်လို့ ယုံပါတယ်။”

“စိတ်မပူပါနဲ့…” လော့ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ ထိုက်ရွှမ်တောင်မှ လာသည့် လူမှာ များများစားစား မရှိပေ။ ထိုက်ရွှမ်တောင်က အတော်လေး အားနည်းလှပေသည်။ သူတို့သည် ဤနေရာသို့ စူးစမ်းလေ့လာရန် သက်သက်သာ လာရောက်ကြခြင်း ဖြစ်သည်။ သူတို့ ဂရုစိုက်သည့် အရေးကြီးဆုံးအရာမှာ အသက်ရှင်ရန်သာ ဖြစ်သည်။ သူတို့၏ ကံကြမ္မာကောင်းကို ငြင်းဆန်ရန် စိတ်ကူးမရှိပေ။

ရီဖူရှင်းသည် ယခု လာခဲ့သူအားလုံးကို သိရှိသည်။ ထို့ပြင် သူသည် သူတို့အားလုံးက သူ့စကားကို နားထောင်ကြမည်အား သိရှိပေသည်။ ရှန့်ထိုအဆင့်ထိ ကျင့်ကြံပြီးသူများသည် ပါးစပ်သရမ်း၍ လျှို့ဝှက်ချက်များအား ဖော်ထုတ်ကြလိမ့်မည် မဟုတ်ပေ။

အရာအားလုံး ပြီးဆုံးသွားသည့်အခါ ရီဖူရှင်းသည် သူ့အကြည့်များကို ခရမ်းရွှေကြွက်ကလန်မှ သူများကို ကြည့်လိုက်သည်။ အတွေးတစ်ချက်နှင့် သူတို့အားလုံးသည် ရုတ်တရက် မြေထဲသို့ ဝင်ရောက်သွားကာ မတူညီသည့် နေရာအသီးသီးသို့ သွားရောက်ခဲ့ကြပေသည်။

တစ်ချိန်တည်းမှာပင် သူတို့ထဲမှ တစ်ကောင်သည် သူတို့၏ ခြေထောက်အောက် မြေကျင်းထဲ၌ ရှိနေကာ သူတို့ကို အောက်မှ စောင့်ကြပ်ပေးနေသည်။ ထိုသူက သူတို့ကို ထားသွားလိမ့်မည် မဟုတ်ပေ။ ဤကြွက်သည် သူ့အသက်ကိုပင် ပေးကာ သူတို့ကို ကာကွယ်ရန် ဆန္ဒရှိပေသည်။ သူတို့ အလိုအပ်ဆုံးအချိန်၌ သူသည် ရှားရှင်းယွန်နှင့် အခြားသူများကို ကာကွယ်ပေးပေလိမ့်မည်။

လီဟန်ဓားသမားက ရီဖူရှင်းထံ လျှောက်လာကာ တီးတိုးပြောလိုက်သည်။ “ကြွက်နတ်ဆိုးတွေကို ထောက်လှမ်းဖို့ လွှတ်လိုက်တာလား။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ကျွန်တော် သူတို့ကို တစ်နေရာစီ လွှတ်လိုက်တယ်။ ဒီကြွက်တွေမှာ သာလွန်တဲ့ အရည်အချင်းတချို့ ရှိတယ်လို့ ပြောကြတယ်။ ရတနာရှာတာနဲ့ ထောက်လှမ်းရေးအတွက် သင့်တော်လိမ့်မယ်။ ကျွန်တော် သူတို့ကို လွှတ်လိုက်မယ်ဆိုရင် သူတို့က နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားနိုင်တယ်။ သူတို့ကို ရှာတွေ့သွားမယ်ဆိုရင်တောင် တခြားအင်အားစုကလူတွေက ကြွက်တစ်ကောင်ကို ခြိမ်းခြောက်မှုတစ်ခုလို သတ်မှတ်မှာမဟုတ်ဘူး။ သူတို့က သေချာပေါက် လျစ်လျူရှုကြလိမ့်မယ်။”

လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။ ကြွက်များက ရှာဖွေတွေ့ရှိပြီး ပစ်မှတ်ထားခံရလျှင်ပင် ကြွက်တစ်ကောင်သည် ကိုယ်တိုင်ရပ်တည်ရန် မျှော်လင့်ချက် မရှိပေ။ သူက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများ ရရှိပြီးနောက် တစ်ချိန်က ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် ယိမ်းယိုင်လွယ်ခဲ့သည့် ဤလူငယ်လေးက ပို၍ ရက်စက်တတ်လာပေသည်။

သူသည်လည်း ဤကြွက်များကို သနားနေလိမ့်မည် မဟုတ်ပေ။ သူက ရီဖူရှင်း ပြောသည်ကို ကြားပြီးနောက် သူတို့ နှစ်ဖက်ကြားတွင် ကြီးမားသည့် ရန်ငြိုးများ ရှိနေကြောင်း သိခဲ့ပေသည်။

“ဒီလိုဆို ကျွန်တော် ရှေ့ဆက်သွားဖို့ အများကြီး စိတ်ပူနေစရာ မလိုတော့ဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့ လူစုက ရှေ့သို့ ဆက်သွားခဲ့ကြ၏။ သူတို့သည် မြန်မြန်ဆန်ဆန် လှုပ်ရှားခြင်း မရှိကြပေ။ ကြွက်များကို နေရာအနှံ့သို့ လွှတ်ထားခဲ့သော်လည်း သူသည် နတ်ဘုရားများ ချန်ရစ်ခဲ့သော ဤပျက်စီးခြင်းနယ်မြေအတွင်း၌ မည်သည့် နေရာသို့ သွားရမည်အား မသိရှိသေးပေ။

ရီဖူရှင်းသည် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များ ထိန်းချုပ်ထားနိုင်သော်လည်း အခြားအင်အားစုမျကလည်း နတ်ဘုရားနယ်မြေအတွင်း လှုပ်ရှားနေကြမည် ဖြစ်သည်။ သူတို့သည် မတူသည့် နေရာများသို့ သွားခဲ့ကြသည်။ ရန်ဟောင်အဆင့်သို့ ရောက်နေသည့် တန်ခိုးရှင်များသည် အမြန်ဆန်ဆုံးဖြစ်ကာ သူတို့၏ အာရုံသည် ကျယ်ပြောသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည်။ သူတို့တွင် အားသာချက် တစ်ခု ရှိနေခဲ့ပြီး သူတို့သည် ပျက်စီးခြင်းနယ်မြေကို တတ်နိုင်သမျှ မြန်မြန် ရှာဖွေနိုင်ရန် မျှော်လင့်မိပေသည်။

သူတို့သည် အချိန်ကုန်လာသည်နှင့်အမျှ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ရန်ဟောင်အရေအတွက် ပို၍ များပြားလာလိမ့်မည် ဖြစ်သည်။ နောက်တဆင့်သို့ တက်ရောက်နိုင်သော အစွမ်းထက် တန်ခိုးရှင်များစွာ ရှိပေသည်။

သို့သော် တိုက်ပွဲကြီး ဖြစ်ပွားခြင်း မရှိသေးပေ။ ရီဖူရှင်း၏ ခရမ်းရွှေကြွက်ကလန်နှင့် တိုက်ပွဲပြီးနောက် အခြားအင်အားစုများသည် တခဏ အေးချမ်းသွားကာ အချင်းချင်း တိုက်ခိုက်ခြင်း မရှိကြပေ။ သူတို့အားလုံးသည် ယခုက အချိန်ကောင်းမဟုတ်သည်ကို သိကြပေသည်။

နတ်ဘုရားများချန်ရစ်ခဲ့သော အကြွင်းအကျန်နယ်မြေကို တွေ့ရှိသည်နှင့် ရက်စက်သော တိုက်ပွဲများ သေချာပေါက် ပေါ်ပေါက်လာပေလိမ့်မည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset