Switch Mode

အပိုင်း(၁၅၈၃)

ထွက်ပေါ်လာခြင်း

ရီဖူရှင်းသည် ချန်းယောင်နှင့် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများအားလုံး၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏ ကိုယ်ပေါ်သို့ စွမ်းအင်တစ်ခုကျဆင်းလာပြီး သူ၏လျှို့ဝှက်ချက်များကိုစူးစမ်းရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။

ချန်းယောင်၏နဖူးတွင် နတ်မျက်စိတစ်လုံး ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ နတ်အလင်းတန်းများ ကျဆင်းလာသည်။ ထိုနတ်အလင်းတန်းများသည် ရီဖူရှင်း၏ကိုယ်ပေါ်တွင် လွှမ်းခြုံသွားပြီး ထိုအလင်းတန်းများအောက်တွင် အကျဉ်းချခံလိုက်ရသလို  ခံစားလိုက်ရသည်။

ဘုန်း…

ကြောက်မက်ဖွယ်ရာ ပြင်းထန်သည့် မဟာလမ်းစဉ်၏ ဖိအားသည် ရုတ်တရက်ကျဆင်းလာပြီး ရုတ်တရက် ရီဖူရှင်းသည် အသက်ရှုရပ်မတတ် ဖိအားကို ခံစားလိုက်ရသည်။ ထိုစွမ်းအားသည် စိတ်ဝိညာဉ်ကို ကျဆင်းလာခြင်းဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာမှထွက်လာပြီး နတ်ဘုရားအလင်းများဖြင့် ချည်နှောင် ဖိနှိပ်ခြင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။

ရီဖူရှင်းသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ကျရောက် သွားသလို ခံစားလိုက်ရသည်။ ထိုအံ့ဩဖွယ်ရာကောင်းသော ပုံရိပ်ယောင် ကမ္ဘာကြီးတွင် သူ၏အသိစိတ်နှင့် စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ခွဲထွက်သွားသည်။

ကောင်းကင်မျက်လုံးများအောက်တွင် ချန်းယောင်၏ မရေမတွက်နိုင်သောပုံရိပ်များသည် နတ်ဘုရားရုပ်ထုများကဲ့သို့ သူ၏စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက် သွားပြီး သူ၏အသိစိတ်၏အနက်ရှိုင်းဆုံးနေရာမှ လျှို့ဝှက်ချက်များကို လေ့လာဆန်းစစ်နေကြသည်။ ထိုစွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။ ၎င်းသည် အခြားသူများ၏လျှို့ဝှက်ချက်များကို တိုက်ရိုက်ထောက်လှမ်းနိုင်သည်။

မဟာကောင်းကင်မြစ်အကြီးအကဲသည် သူ့အား နတ်ဘုရားဂိုဏ်းသို့ ခေါ်ဆောင်သွားခြင်းကိုတားမြစ်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုအချိန်တွင် မဟာကောင်းကင်မြစ်အကြီးအကဲသည် ရီဖူရှင်းအပေါ်သို့ အာရုံစိုက် နေသည်။ စွမ်းအား၏ဖိအားသည် သူ၏ခန္ဓာကိုယ်တစ်လျှောက်လုံး ပျံ့နှံ့နေသည်။ ရီဖူရှင်းသာ ထိုစွမ်းအား၏ ဖိအားကို မခံနိုင်တော့သည်နှင့် သူကဝင်ရောက်တားမြစ်ရန် ပြင်ဆင်ထားသည်။

“ချန်းယောင် မင်းတကယ်ပဲ အရွယ်ရောက်လာပြီပဲ” မဟာကောင်းကင်မြစ်အကြီးအကဲသည် မာကြောခက်ထန်ခြင်းမရှိဘဲ ပေါ့ပါးစွာ ပြောလိုက်သည်။

သူသည် သူ၏ရှေ့တွင် ရီဖူရှင်း၏ကိုယ်တွင်းသို့ အတင်းအဓမ္မ ထောက်လှမ်းဝံ့ပေသည်။ တစ်ချိန်က သူ့နောက်သို့လိုက်ခဲ့သည့် သူငယ်လေးသည် ယခုအခါ ရန်ဟောင်တစ်ပါးဖြစ်လာပြီး နတ်ဘုရားဂိုဏ်း၏ ကျောရိုးဖြစ်လာလေပြီ။ ရန်ဟောင်အဆင့်သို့ ဝင်ရာက်သွားပြီးနောက် သူ၏အပြုအမူနှင့် ကိစ္စများအပေါ် ကိုင်တွယ်ပုံများ ကွဲပြားလာခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကလေးတစ်ယောက်တစ်ယောက်သည် ယခုအခါ ဆန်းကြယ်သည့် အစွမ်းများရှိသော ရန်ဟောင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

ရီဖူရှင်းသည် သူ၏စိတ်ဝိညာဉ်အား အနီးကပ်စောင့်ကြည့်နေပြီး တစ်ချိန်တည်းမှာပင် Deed of Thorough Comprehension ၏စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ်ကို သန့်စင်ပေးခဲ့သည်။  စိတ်ဝိညာဉ်အတွင်းတွင် မဟာလမ်းစဉ်၏ရှေးဟောင်းစာလုံးများလှည့်ပတ်နေကြပြီး အခြားသော စိတ်ဝိညာဉ် ကျူးကျော်ခြင်းတို့ကို ပိတ်ဆို့လိုက်ပြီး သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ထားကြသည်။  “ဟွန့်” ချန်းယောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏နဖူးပေါ်ရှိ မျက်လုံးမှ နတ်ဘုရားအလင်းတန်းများ ပိုပြီးအားကောင်း လာခဲ့သည်။ အဆုံးမဲ့တောက်ပသော နတ်ဘုရားအလင်းတန်းများသည် ရီဖူရှင်းဆီသို့ ထိုးဖေါက်ဝင်ရောက်သွားကာ မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်လွှမ်းခြုံသွားသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် ထိုအလင်းရောင်များ အောက်တွင် အလွန်သေးငယ်သည့်ပုံ ပေါ်နေလေသည်။ သူရင်ဆိုင်နေရသောလူသည် သာမန်ရန်ဟောင်အဆင့် ကျင့်ကြံသူ မဟုတ်ဘဲ အထက်ဘုံကိုအုပ်ချုပ်သော မျိုးနွယ်မှဆင်းသက်လာသူ နတ်ဘုရားဂိုဏ်းမှ ရန်ဟောင်တစ်ပါးဖြစ်ပြီး နတ်ဘုရားဂိုဏ်း၏ အဓိကသွေးမျိုးဆက်မှ ဆင်းသက်လာသည့်သူဖြစ်သည်။ မဟာကောင်းကင်မြစ် အကြီးအကဲသည် သူ၏အဒေါ်ကိုလက်ထပ်ထိမ်းမြားခဲ့၍သာ သူ၏ဦးလေးဖြစ်လာခြင်းဖြစ်သည်။ သူမသည် ထိုအချိန်တွင် အလှဆုံးမိန်းမပျိုတစ်ဦး ဖြစ်ခဲ့သည်။

ထိုကဲ့သို့သော နောက်ခံမျိုးရိုးရှိသူတစ်ဦးအတွက် ရှန့်ထိုအဆင့်တန်ခိုးရှင်တစ်ဦးအား စိတ်ထဲထည့်စရာ မလိုအပ်ပေ။ မဟာကောင်းကင်မြစ်အကြီးအကဲ၏ တိုက်ရိုက်တပည့်တော်ဖြစ်သော ထျန်းဟယ်ဘုံ၏ ဘုံကမ္ဘာ နန်းတော်မှ သွင့်ချင့်ပင်လျှင် သူ့ရှေ့တွင် ရပ်တည်နိုင်ရန် ခဲယဉ်းပေလှပြီး ရိုးရှင်းစွာပင် သွင့်ချင့်နှင့်ရီဖူရှင်းသည် အဆင့်တူများပင် မဟုတ်ကြပေ။  ယခုအချိန်တွင် ချန်းယောင်သည် အနည်းငယ်အံ့အားသင့်နေမိသည်။ ပုံမှန်အားဖြင့် သာမန်ရန်ဟောင်တစ်ယောက်သည် သူ၏နတ်ဘုရားမျက်လုံးများအား ကာကွယ်နိုင်ခြင်းမရှိကြပေ။ သို့သော် ယနေ့တွင်မူ ရှန့်ထိုအဆင့်မှ လူတစ်ဦးသည် ခုခံမှုအချို့ ပြုလုပ်နိုင်ခဲ့သည်။ သူသည် အံ့ဖွယ်ရာ ပါရမီရှင်တစ်ဦးဖြစ်ရာ သူ၏ဦးလေးက သူ့အား ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ခြင်းသည် အံ့သြစရာမဟုတ်တော့ပေ။

“ခွင့်လွှတ်ပါ ဦးလေး… ဦးလေးက သူ့ကို နတ်ဘုရားဂိုဏ်းကို ခေါ်သွားဖို့ ငြင်းဆန်နေတော့ ကျွန်တော်လုပ်နိုင်တာ ဒါပဲရှိတော့တယ်” ချန်းယောင်ကပြောလိုက်သည်။ တန်ခိုး၏ဖိအားသည် ပိုမိုအားကောင်းလာပြီး ရီဖူရှင်း၏ စိတ်ဝိညာဉ် အနည်းငယ်တုန်လှုပ်လာသည်။ မဟာကောင်းကင်မြစ်အကြီးအကဲထုတ်လွှင့်ထားသော ဖိအား သည်လည်း ပြင်းထန်သည်ထက် ပြင်းထန်လာပြီး စွမ်းအားများသည် အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သည်။ တစ်ချိန်တည်းမှာပင် ချန်းယောင်၏နောက်ဘက်မှ နတ်ဘုရားဂိုဏ်း၏ အစွမ်းထက်တန်ခိုးရှင်များ ရှေ့သို့ တက်လာကြသည်။ သူတို့အားလုံးသည် မဟာကောင်းကင်မြစ်အကြီးအကဲထုတ်လွှင့်သည့် ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် အသက်ရှုရန် ခက်ခဲလာကြသည်။

တောင်တန်းတစ်ခုလုံးသည် ဖိနှိပ်ခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေပြီး လူပေါင်းများစွာသည် အလွန်ဖိနှိပ် ခံရသဖြင့် အသက်ရှူရန်ပိုမိုခက်ခဲလာသည်။ “အကြီးအကဲ” သို့သော် ထိုအချိန်တွင် အဝေးမှ အလွန်ပြင်းထန်သော စွမ်းအားတစ်ခု ရိုက်ခတ်လာသည်။ ထိုစွမ်းအားသည် အလွန်ဝေးကွာသောနေရာဖြစ်သော ထျန်းဟယ်ဘုံ၏ ဘုံကမ္ဘာနန်းတော်မှ ဖြစ်သည်။

“အဖေ” သွင့်ချင့်သည် ထိုစွမ်းအားကိုအာရုံခံမိသွားသောအခါတွင် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ဖခင် နန်းတော်သခင်သည် မည်သည်ကြောင့် ရုတ်တရက် ထွက်ပေါ်လာသနည်း။ မည်သည့်အရာများဖြစ်ပျက်နေသနည်း။

“ ဟင် ” ရီဖူရှင်းကိုဖိအားပေးနေသော နတ်ဘုရားဂိုဏ်းမှ ချန်းယောင်လည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့နံဘေးမှ အဘိုးအိုကိုလှည့်ကာ မေးလိုက်သည်။ “ဘုံကမ္ဘာအင်ပါယာက ဘာကိုဆိုလိုချင်တာလဲ”

“ချင်ရွှမ်ကန်း ပြန်လာပြီ”  ဟူသောအသံတစ်သံ ထွက်ပေါ်လာပြီး ထိုစကားကိုကြားလိုက်ရသော လူတိုင်းစိတ်ရှုပ်ထွေးသွားကြသည်။

ရီဖူရှင်းအပေါ်ကျရောက်နေသော ချန်းယောင်၏စွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အခြားသော ကျင့်ကြံသူများလည်း သူတို့၏စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အားလုံး၏အကြည့်များသည် ကောင်းကင်ပေါ်သို့ ရောက်သွားကြသည်။

သွမ့်ကျင်း၏ စိတ်နှလုံးများ တုန်လှုပ်သွားသည်။ ချင်ရွှမ်ကန်း ပြန်လာလေပြီလော။ သူအမှန်တကယ် ပြန်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။ မဟာကောင်းကင်မြစ် အကြီးအကဲ၏ မျက်နှာတွင် စိတ်အနှောက်အယှက်ဖြစ်သွားသည့် အရိပ်များဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူပြန်လာချေပြီ။

ရီဖူရှင်း၏ စိတ်ထဲတွင်လည်း တုန်လှုပ်သွားသော်လည်း စိတ်လှုပ်ရှားပုံမပေါ်အောင် ကြိုးစားကာ ထိန်းချုပ်လိုက်သည်။ တစ်ဖက်တွင်မူ ရွှီဖျင်အန်း၏မျက်နှာသည် ဖြူဖျော့သွားသည်။

ချန်းယောင်သည် ထိုသို့သော အသေးစိတ် အချက်အလက်များအား မလွတ်တမ်း အကဲခတ်နေသည်။ သွင့်ချင့်သည် တစ်စုံတစ်ယောက်က ရွှီဖျင်အန်းကို ကယ်တင်ခဲ့သည်ဟု သတင်းပို့သည်။ ကြည့်ရသည်မှာ ထိုသူသည် ပြန်ရောက်လာသည့် ချင်ရွှမ်ကန်း ဖြစ်ရပေမည်။ သူပြန်လာပြီး ရွှီဖျင်အန်း၏မိဘများအား သွားတွေ့ခဲ့သော်လည်း တောင်ပေါ်သို့ ပြန်မလာခဲ့ပေ။ သို့ဆိုလျှင် အဖြူရောင်ဆံပင်ရှိသောလူငယ်သည် ချင်ရွှမ်ကန်းနှင့် လုံးဝမသက်ဆိုင်ပေ။

“ ဘယ်မှာလဲ” ချန်းယောင်က မေးလိုက်သည်။

“ဘုံကမ္ဘာနန်းတော်ရဲ့အပြင်မှာပါ” အသံက ထွက်ပေါ်လာပြန်သည်။ “သူကသွင့်ချင့်နဲ့တွေ့ချင်နေတယ်”

“ပြန်ကြမယ်” ချန်းယောင်က ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားသည်။ သူသာမကဘဲ နတ်ဘုရားဂိုဏ်းမှကျင့်ကြံသူများနှင့် သွင့်ချင့်တို့လည်း အသံထွက်ပေါ်လာရာ အရပ်သို့ထွက်ခွါသွားကြသည်။

“မင်းသွားချင်လား” မဟာကောင်းကင်မြစ်အကြီးအကဲသည် ရီဖူရှင်းထံသို့အသံပို့လွှတ်ကာ မေးလိုက်သည်။ ရီဖူရှင်းက ထိုမေးခွန်း၏ အဓိပ္ပါယ်ကိုနားလည်သည်။ ဆရာသည် ထွက်လာရန် ရွေးချယ်ခဲ့ကတည်းက အရာရာကိုရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးပုံပေါ်သည်။ သူထိုနေရာသို့ သွားလျှင် သူ၏ခံစားချက်များကို ထိန်းချုပ်နိုင်ပါမည်လား။

“ကျွန်တော်သွားမယ်” ရီဖူရှင်းကပြန်ပြောလိုက်လျှင် မဟာကောင်းကင်မြစ်အကြီးအကဲက မည်သို့မျှ မဆိုဘဲ ခေါင်းညိတ်လိုက်သည်။ မဟာလမ်းစဉ်မုန်တိုင်းသည် ရီဖူရှင်းအား ဖုံးလွှမ်းသွားပြီးနောက်တွင် ရီဖူရှင်းနှင့် အကြီးအကဲတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားကြသည်။ “ဆရာဦးလေးကြီး” ရွှီဖျင်အန်းသည် ဖြူဖျော့သော မျက်နှာဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ထျန်းဟယ်ဘုံ၏ ဘုံကမ္ဘာနန်းတော်အပြင်ဘက်တွင် လူတစ်ယောက်သည် တိတ်ဆိတ်စွာဖြင့် ရပ်နေပြီး သူ၏ရှေ့တွင် ထျန်းဟယ်ဘုံ၏ အစွမ်းထက်ကျင့်ကြံသူအုပ်စုအပြင် ထျန်းဟယ်ဘုံ၏ဘုရင်မင်းမြတ်ပင် ရှိနေလေသည်။ သူရပ်နေသည့်နေရာသို့ လူပေါင်းများစွာ ကြည့်နေကြသည်။ ချီရွှင်ကောင်းသည် ပြန်လာပြီးနောက် သူတို့၏ရှေ့တွင် ရဲရင့်စွာဖြင့် ရပ်နေလေသည်။ ထို့အပြင် ယခုအချိန်တွင် သူသည်လည်း ရန်ဟောင်တစ်ယောက်ဖြစ်နေလေပြီ။ ဖြစ်ပျက်ခဲ့သော ကြီးမားသည့် တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့သော သူသည် ရန်ဟောင်အဆင့်သို့ ရောက်ရန်မလွယ်ကူပေ။ မဟာကောင်းကင်မြစ်အကြီးအကဲသည် သူ၏သမီးအတွက် သူ့ကိုရွေးချယ်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

သူနှင့် အနည်းငယ်ဝေးကွာသည့်နေရာတွင် လူများ စုရုံးနေကြသည်။ ချီရွှမ်းကောင်းသည် ယနေ့ ထျန်းဟယ်ဘုံအတွက် အကျွမ်းတဝင်မရှိသော နာမည်တစ်ခုဖြစ်သည်။ သို့သော်တစ်ချိန်က ထျန်းဟယ်ဘုံတွင် သူကြောင့် မငြိမ်မသက်မှုများဖြစ်ပွါးခဲ့ပြီး ထျန်းဟယ်ဘုံတစ်ခုလုံး ပျက်စီးမည့်အန္တရာယ်နှင့်တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် ယနေ့တိုင်အောင် လူများသည် သူ့အား မဟာကောင်းကင်မြစ်အကြီးအကဲ၏ တပည့်တဖြစ်လဲ သားမက်အဖြစ် သူ့အား အမှတ်ရနေကြဆဲဖြစ်သည်။

ချင်ရွှမ်ကန်းသည် သူ၏ဦးထုပ်ကို ချွတ်လိုက်ပြီး ဖြောင့်မတ်တည်ကြည်စွာဖြင့် မတ်တပ်ရပ်နေသည်။ သူ၏မျက်နှာပေါ်တွင် အမျက်ဒေါသမရှိဘဲ အရာရာတိုင်းအား ဉပေက္ခာပြုထားသည့် ပုံစံပေါ်နေလေသည်။ သူ့ထံတွင် ထိုမျှစောစီးစွာဖြင့် ထွက်ပေါ်လာမည့်အစီအစဉ်မရှိပေ။ သို့သော် နတ်ဘုရားဂိုဏ်းမှရောက်လာပြီး တောင်သို့သွားကြသည်ဆိုသည့်သတင်းအား သိသည်နှင့်တစ်ပြိုင်နက် ထွက်လာရန်ဆုံးဖြတ်ခဲ့သည်။ သူသည် အရာရာတိုင်းကို သူ၏နည်းလမ်းအတိုင်း အဆုံးသတ်တော့မည်ဖြစ်သည်။

ကောင်းကင်ထက်တွင် နတ်အလင်းတန်းများ ကျဆင်းလာပြီးနောက် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ သူတို့သည် လှေကားထိပ်တွင်ပေါ်လာကြပြီး ချင်ရွှမ်ကန်းကို ကြည့်နေကြသည်။ ချင်ရွှမ်ကန်း ဒဏ်ရာအပြင်းအထန်ရပြီးနောက် သူတို့သည် သူ့အားနှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ကြပေ။ ချင်ရွှမ်ကန်းသည် အလွန်ဝေးကွာသော အရပ်ဒေသများတွင် လှည့်လည်သွားလာနေခြင်း ဖြစ်နိုင်ပေသည်။ သူသည် သူ့အလိုလို ပြန်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ကြပေ။ ထိုအချိန်တွင် သွင့်ချင့်ရောက်လာပြီး သူ၏အကြည့်သည် ချင်ရွှမ်ကန်းအပေါ် ချက်ချင်းကျရောက်လာသည်။ သူ၏ မျှော်လင့်ချက်များ အမှန်တကယ်ဖြစ်ပေါ်လာပေပြီ။

နှစ်ပေါင်းများစွာကြာပြီးနောက် ပျောက်ကွယ်သွားသည့်သူသည် ပြန်ပေါ်လာချေပြီ။ သူသည် သူတို့ ထင်မှတ်ထား သကဲ့သို့ ဆက်ခံသူမဟုတ်ပေ။

ချင်ရွှမ်ကန်းသည် ရောက်လာကြသူများကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ မဟာကောင်းကင်မြစ်အကြီးအကဲ ရောက်လာသည်ကိုတွေ့လိုက်သောအခါ သူ၏မျက်လုံးများ အသက်ဝင် လှုပ်ရှားလာပြီး ပေါ်ထွက်လာသည့် အအိုးအိုကိုလှည့်ကြည့်လိုက်သည်။

ချင်ရွှမ်ကန်းသည် မဟာကောင်းကင်မြစ် အကြီးအကဲရှိရာသို့လှည့်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး နဖူးကို မြေပြင်နှင့်ထိကာ အရိုအသေပေးလိုက်သည်။

“ မင်းပြန်လာပြီဆိုရင် တောင်ပေါ်ကို ဘာလို့အလည်မလာတာလဲ။ လူတိုင်းသိပြီးသားဖြစ်နေပြီပဲ။ ငါ့ကို ထိခိုက်မှာ စိုးရိမ်နေတုန်းလား။ ”

“ ဒီတပည့်က ဒါကိုမစဉ်းစားဘူး။”  ချင်ရွှမ်ကန်းသည် မဟာကောင်းကင်မြစ် အကြီးအကဲကို ကြည့်ပြီးပြောလိုက်သည်။ “ဒီအဖြစ်အပျက်အတွက် ဒီတပည့်က ဆရာနဲ့ဆရာကတော်ကို မျက်နှာမပြရဲတော့ပါဘူး။ တပည့်က ဘယ်လိုပြန်လာပြီး ဆရာ့ကိုလာကြည့်ရဲမှာလဲ။”

“ငါ့ကို မတွေ့ရဲဘူးလို့ ခံစားနေရတယ်ဆိုရင်လဲ ဘာလို့ပြန်လာတာလဲ” မဟာကောင်းကင်မြစ်အကြီးအကဲက အနည်းငယ် အေးစက်သော လေသံဖြင့်မေးလိုက်သည်။ “မင်းက ဒီကမ္ဘာကနေ ပျောက်ကွယ်သွားပြီးပြီလေ။ ဘာလုပ်ဖို့ ပြန်လာတာလဲ”

“တစ်ချို့အရာတွေကို ကျွန်တော်မဖြေရှင်းခဲ့ရင် နှလုံးသားထဲမှာ ဘယ်တော့မှအေးချမ်းနိုင်မှာမဟုတ်တေ့ဘူး” ချင်ရွှမ်ကန်းက ပြေလိုက်သည်။ “ကျွန်တော် ဆရာ့ရဲ့ တောင်ပေါ်ကို အလည်မလာခဲ့ပေမယ့် ဆရာ့ကို နောက်တစ်ခေါက်လောက် တွေ့ချင်တဲ့စိတ်လေးတော့ ရှိနေဆဲပါပဲ”  မဟာကောင်းကင်မြစ်အကြီးအကဲက သူ့ကိုကြည့်နေသော်လည်း မည်သည့်စကားမျှ မဆိုတော့ပေ။

တစ်ချိန်က သူသည် ချင်ရွှမ်ကန်းကို အလွန်သဘောကျခဲ့ခြင်းကြောင့် မဟုတ်လျှင် သူ၏သားမက်အဖြစ်လက်ခံခဲ့မည်မဟုတ်ပေ။ ချင်ရွှမ်ကန်းသည် အေးဆေးတည်ငြိမ်သော စိတ်သဘောထားရှိသည်။ သူ၏စိတ်ထားသည် ထူးခြားပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တူညီသော စိတ်သဘောထားများရှိခဲ့ကြသည်။ အကယ်၍ အခွင့်အရေးရခဲ့လျှင် ချင်ရွှမ်ကန်းသည် သူ၏ပညာအမွေအား ဆက်ခံနိုင်ပြီး အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်လာနိုင်ပေသည်။ ကံမကောင်းစွာဖြင့် အတိတ်တွင်ဖြစ်ခဲ့သော ဖြစ်ရပ်ကြောင့် အရာရာအားလုံးပျက်စီးသွားခဲ့သည်။

“မင်းက တော်တော်ဟုတ်တဲ့တပည့်ပဲ” မဟာကောင်းကင်မြစ်အကြီးအကဲက မကျေမနပ်ဖြင့် ပြောလိုက်သည်။ တစ်ချက်လေးကြည့်ရုံဖြင့် မည်မျှပေးဆပ်ရမည်နည်း။ ယခုချင်ရွှမ်ကန်းထွက်ပေါ်လာသည်နှင့် နတ်ဘုရား ဂိုဏ်းသည် မည်သည့်နည်းနှင့်မဆို သူ့ကိုခေါ်ဆောင်သွားကြမည်သာဖြစ်သည်။ သူထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထပ်၍ထွက်သွားနိုင်မည်မဟုတ်တော့ပေ။

“ဂိုဏ်းတူညီလေးက ဒီလိုတွေးမှတော့ ဆရာကဘာလို့ စိတ်အနှောက်အယှက် ဖြစ်နေရတာလဲ” ထိုအချိန်တွင် သွင့်ချင့်ထံမှ စကားသံထွက်ပေါ်လာသည်။

သူက မဟာကောင်းကင်မြစ်အကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။ “အခုလို ညီလေးပြန်လာလိုက်တာက အရာရာတိုင်းကနေ ဆရာလွတ်မြောက်သွားနိုင်တာပေါ့”

မဟာကောင်းကင်မြစ်အကြီးအကဲက သွင့်ချင့်ကိုကြည့်ကာပြောလိုက်သည်။ “ငါ့မှာ ဆရာကို လိမ်လည်လှည့်ဖျားတတ်ပြီး ဒုက္ခရောက်စေတဲ့ တပည့်မျိုးမရှိဘူး။ မင်းငါ့တပည့်ဖြစ်ဖို့မထိုက်တန်ဘူး။ ”

သွင့်ချင့် အံ့အားသင့်သွားသည်။ အတိတ်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို လူတိုင်းက မှန်းဆနိုင်ခဲ့သော်လည်း ထိုအရာများကို တိတ်တဆိတ်သာပြောဆိုလေ့ရှိကြပြီး လူရှေ့သူရှေ့တွင် ပြောလေ့မရှိပေ။ မဟာကောင်းကင်မြစ် အကြီးအကဲသည်ပင် ထိုအရာအား ပြောလေ့မရှိပေ။

သို့သော် ယခုတွင်မူ သူသည် မိမိဆရာအား လှည့်ဖျားကာ ဒုက္ခရောက်စေခဲ့သည်ဟု ပွင့်လင်းစွာ စွပ်စွဲပြောဆို နေသည်။ ယခုအခါ ချင်ရွှမ်ကန်းပြန်လာပြီဖြစ်ရာ အရာအားလံဒး အဆုံးသတ်သွားပြီဖြစ်သဖြင့် ဆရာသည် မည်သည့်ကိုမျှ ဂရုမစိုက်တော့သည်ဖြစ်ကြောင်း နားလည်လိုက်သည်။

“ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ဘူး” သွင့်ချင့်က မဟာကောင်းကင်မြစ်အကြီးအကဲကို ပြောလိုက်သည်။ လူတိုင်းသည် သူတို့ဘဝနှင့်သူတို့ မွေးဖွါးလာကြခြင်းဖြစ်သည်။ ထို့ကြောင့် သူမည်သည့်အမှားမှ လုပ်ခဲ့သည်ဟု မထင်ပေ။ သူသည် ဘုံကမ္ဘာနန်းတော်၏ တော်ဝင်မျိုးဆက်သွေးဖြစ်သည်။ နတ်ဘုရားဂိုဏ်း၏ သားစဉ်မြေးဆက်အားလုံးသည် နတ်ဘုရားဂိုဏ်း၏ အမိန့်ကိုနာခံလိုက်နာရပြီး သူသည်လည်း ချွင်းချက်မဟုတ်ခဲ့ပေ။ ထို့ပြင် ဘုံကမ္ဘာ နန်းတော်အတွက် အကျိုးအမြတ်များစွာရခဲ့ကြောင်း မေးခွန်းထုတ်စရာပင်မလိုပေ။

သူသည် ဘုံကမ္ဘာနန်းတော်အား ချင်ရွှမ်ကန်းလက်ထဲ ကျရောက်သွားမည့်အဖြစ်အား ကြည့်နေရန် မဖြစ်နိုင်ပေ။ သူသည် ဘုံကမ္ဘာနန်းတော်ကို ကာကွယ်ရန်လိုအပ်ခဲ့သည်။ သူတစ်ခုခုလုပ်မှသာ သူ၏မိသားစုနှင့် သူ၏ဂိုဏ်းသည် ထိုစစ်ပွဲအတွင်းတွင် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်သူသည် နောင်တရစရာမရှိဘဲ သူ၏ စိတ်ထဲတွင် ရှင်းနေသည်။ အကယ်၍ ထပ်ပြီးထိုသို့ဖြစ်လာပါက ထိုအတိုင်းတူညီစွာလုပ်ဆောင်မည်ဖြစ်သည်။

ရီဖူရှင်းသည် အရာအားလုံးကို တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့သည်။ သူ၏စိတ်ထဲတွင် အလွန်အမင်း လှုပ်ရှား နေသော်လည်း သူ၏မျက်နှာတွင် မည်သည့်အမူအယာမျှ မပေါ်ပေ။ ချင်ရွှမ်ကန်းသည် အစတည်းက ယခုတိုင်အောင် သူ့အားတစ်ကြိမ်မှ မကြည့်ခဲ့ပေ။ သူတို့နှစ်ယောက်သည် အမှန်တကယ် မသိကျွမ်းကြသော သူစိမ်းများ ပမာဖြစ်ပေသည်။

(မှတ်ချက်။     ။ မဟာကောင်းကင်မြစ်အကြီးအကဲနှင့် ထျန်းဟယ်မဟာအကြီးအကဲတို့မှာ အတူတူဖြစ်သည်။)

***

Comment

Leave a Reply

Options

not work with dark mode
Reset