Switch Mode

အပိုင်း(၁၅၆၃)

မတရားဆက်ဆံခံရခြင်း

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က ရီဖူရှင်းကို လွှတ်ပေးလိုက်ပြီးနောက် သူက ထိုက်ရွှမ်အိမ်တော်သခင်ကို ပြောလိုက်သည်။ “သူ့ကိုလည်း လွှတ်ပေးမှာလား”

ထိုက်ရွှမ်အိမ်တော်သခင်က လှံအား ကိုက်ရှီ၏ နဖူးပေါ်မှ ဖယ်လိုက်ပြီးနောက် ရန်ဟောင်တန်ခိုးရှင်အား ပြုံးကာ ကြည့်လိုက်သည်။ “စိတ်မပူပါနဲ့။ ကျွန်မက ရှင့်လိုမျိုး မလှည့်စားတတ်လို့ ရှင့် ဂျူနီယာလေးကို မသတ်ပါဘူး”

သူမက ထိုသို့ ပြောပြီးသည့်အခါ ရီဖူရှင်းက လျင်မြန်စွာဖြင့် သူမ၏ ဘေးသို့ ရောက်လာကာ ပြောလိုက်သည်။ “အိမ်တော်သခင်”

ရွှေရောင်နတ်ပြည်ထောင်မှ လူက သူမကို ကြည့်လိုက်ပြီး သူမ ကိုက်ရှီအား လွှတ်ပေးမည်ကို စောင့်နေခဲ့သည်။ သူမက ရီဖူရှင်းထံသို့ ရွှေရောင်နတ်လှံအား ကမ်းပေးလိုက်ကာ ပြောသည်။ “ယူထား”

ရီဖူရှင်းက ဇဝေဇဝါဖြစ်သွားသော်လည်း ယူထားလိုက်သည်။

ထိုက်ရွှမ်အိမ်တော်သခင်က ရယ်မောရင်း ပြောလိုက်၏။ “သူတို့ နှစ်ယောက်ကြားက တိုက်ပွဲ မပြီးသေးဘဲ နှောက်ယှက်ခံလိုက်ရတယ်။ အခု ဆက်တိုက်ကြလေ”

ရီဖူရှင်းက အံ့အားသင့်သွားကာ သူ့မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်တန်ခိုးရှင်ထံမှ ရွှေရောင်အလင်းတို့ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါက ​နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။

“ရွှေရောင်နတ်ပြည်ထောင် မင်းသားက မင်းနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ချင်နေပြီး အစွမ်းထက်ဆုံး တိုက်ကွက်ကို သုံးခဲ့တဲ့အပြင် သူ့ရဲ့ ရန်ဟောင်တန်ခိုးရှင်ကလည်း ဝင်စွက်ဖက်ခဲ့တယ်။ အဲဒါကြောင့် ယဥ်ကျေးနေစရာမလိုတော့ဘူး။ ဒီတိုက်ပွဲကလည်း မပြီးသေးတာမို့လို့ မင်း ဆန္ဒရှိသလို လုပ်နိုင်တယ်။ သူ့ကို သတ်ချင်ရင်တောင် သတ်ပစ်လိုက်လို့ရတယ်” ထိုက်ရွှမ်အိမ်တော်သခင်က ရီဖူရှင်းကို ပြုံးကာ ပြောလိုက်သည်။

ရီဖူရှင်းက သူမကို ကြောင်အစွာ ကြည့်လိုက်မိ၏။ သူက ကိုက်ရှီကို သတ်ပစ်၍ပင် ရနိုင်သည်လား။

သူက ထိုက်ရွှမ်အိမ်တော်သခင်က မည်မျှ မှန်ကန်၍ မည်မျှ မှားယွင်းသည်ကို မပြောနိုင်ပေ။

“ဧကရီယန်” ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က ခေါ်လိုက်သည်။ ဧကရီယန်သည် ထိုက်ရွှမ်အိမ်တော်သခင်ဟူသည့် ဂုဏ်ပုဒ်ရှိသည်။ လူအနည်းငယ်သာလျှင် သူမ၏ အမည်အရင်းက ယန်မုရွှယ် ဖြစ်ကြောင်းကို သိရှိကြသည်။ ထို့​ကြောင့် လူအနည်းငယ်သာလျှင် သူမကို ယန်မုရွှယ် ဟု ခေါ်၍ လူအများက သူမအား ဧကရီယန်ဟု သိကြပေသည်။

“ထိုက်ရွှမ်တောင်မှာက လူအများကြီးမရှိပေမယ့် ဒီလို အနိုင်ကျင့်တာမျိုးကိုတော့ လက်သင့်မခံနိုင်ဘူး။ ဒီအစ်မကြီးက ဒီ​နေရာမှာရောက်နေပြီဆိုတော့ ဘာမှ ကြောက်နေစရာမလိုဘူး” ထိုက်ရွှမ်အိမ်တော်သခင်က အပြုံးနှင့် ပြောလိုက်သည်။ သူမ၏ အပြုံးထဲတွင် ဆိုးသွမ်းသည့် အမူအရာတို့ ရှိနေ၏။

သူမက ကိုယ့်ကိုယ်ကိုယ် ‘ဒီအစ်မကြီး’ ဟု သုံးနှုန်းခဲ့သည်။

ရီဖူရှင်း၏ မျက်နှာက မှောင်မည်းသွားသော်လည်း သူက ခေါင်းညိတ်ခဲ့သည်။ သူက လှံရှည်ကို ကိုင်စွဲလျက် ကိုက်ရှီထံသို့ လျှောက်သွားခဲ့၏။

ကိုက်ရှီက ယနေ့တွင် အမှန်တကယ်ပင် ရီဖူရှင်း၏ အသက်ကို ရန်ရှာခဲ့သည်။ ကိုက်ရှီက ရွှေရောင်နတ်လှံကို အသုံးပြု၍ တိုက်ခိုက်လာခဲ့ပြီး အစွမ်းထက်ဆုံး တိုက်ကွက်ကိုပင် ထုတ်သုံးခဲ့သော်လည်း တန်ခိုးရှင်များ၏ ဝန်းရံမှုကို ဖောက်ထွက် အနိုင်ရခဲ့ပြီးနောက်တွင် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်က  ဝင်ရောက်စွက်ဖက်ခဲ့သည်။ မည်သို့ပင် ဖြစ်စေ သူက အသတ်ခံရရန် ဖိအားပေး တိုက်ခိုက်ခံခဲ့ရပေသည်။ ထိုအရာအားလုံးက သူ့ကို သတ်ဖြတ်ပစ်ရန်ပင် ​ဖြစ်သည်။ သူက မည်သည့် ထောက်ထားညှာတာမှုမှ ပြသရန် မလိုအပ်တော့ပေ။

ရွှေရောင်နတ်ပြည်ထောင်မှ မင်းသားသည် မည်သည့် စောင့်စည်းမှုမှ မထားရှိခဲ့ဘဲ လုပ်ဆောငဲခဲ့သည်။

သူက ခေါင်းကို ငုံ့ကာ ကိုက်ရှီအား ကြည့်လိုက်၏။ ဤမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသော တန်ခိုးရှင်များ၏ နှလုံးသားတို့က တုန်လှုပ်နေကြသည်။

သူတို့အားလုံးက ဧကရီယန်သည် ကိုက်ရှီအား သွားခွင့်ပြုလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သူတို့သည် သူမက မည်သို့မှ မလှုပ်ရှားသော်လည်း ရီဖူရှင်းကို သူတို့၏ မပြီးပြတ်သေးသော တိုက်ပွဲအား ဆက်လက်လုပ်ဆောင်စေလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။

ယခင်က ကိုက်ရှီသည် ရှုံးနိမ့်ခဲ့ပြီးဖြစ်ကာ သူ၏ ရန်ဟောင်လက်နက်က လုယူခံခဲ့ရသည်။ သူတို့ ဆက်၍ တိုက်ခိုက်ပါက သူသည် ကျိန်းသေ အသတ်ခံရလိမ့်မည် ဖြစ်သည်။ ထိုသည်က ယခင်ကနှင့် အလားတူပေသည်။

ထိုသည်မှာ ယခင်က မည်သည့်အတွက် ရန်ဟောင်တန်ခိုးရှင် ဝင်စွက်ဖက်ခဲ့ရသလဲ ဆိုသည်ပင် ဖြစ်၏။ ယခု ကိစ္စရပ်များက အစသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ကိုက်ရှီ၏ နဖူးမှ သွေးများ တစက်စက်စီးကျနေသည်။ တောက်ပသည့် ရွှေရောင်အလင်းက သူ့မျက်လုံးများမှ တောက်ပလာပြီး ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးများအတွင်းမှ အစွမ်းထက် စွမ်းအားများက ဓားသွားကဲ့သို့ ထက်ရှနေကာ ရီဖူရှင်းကို သတိပေးချင်နေဟန်ရှိသည်။

သူက ရွှေရောင်နတ်ပြည်ထောင်၏ မင်းသားတစ်ပါးဖြစ်ပြီး အထူးချွန်ဆုံး လူငယ်တန်ခိုးရှင်ဖြစ်သည်။ သူက သူ၏ ပြိုင်ဘက် သူ့အား သတ်ဖြတ်ရဲလိမ့်မည်ဟု မယုံကြည်ပေ။

“ကျုပ်က မင်း ရွှေရောင်နတ်ပြည်ထောင်ရဲ့ အားအကောင်းဆုံး လူငယ်တန်ခိုးရှင်ဖြစ်နေရင်တောင် သေသေရှင်ရှင် တကယ် ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းလုပ်ခဲ့သမျှကို ဒီတိုင်း လွှတ်ပေးလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီတော့ ကျုပ် မင်းကို ဘာလုပ်သင့်တယ်လို့ ထင်လဲ” ရီဖူရှင်းက ကိုက်ရှီကို မေးလိုက်သည်။

“ဒီနေ့ ဒီနေရာမှာ ဖြစ်ခဲ့တဲ့ အရာတွေက အချင်းချင်း ကြေပြီလို့ သတ်မှတ်နိုင်တယ်။ ကျုပ်တို့ ကိုယ့်အိမ်ကိုယ် ပြန်ပြီး ကျင့်ကြံကြမယ်။ နောက်ထပ် အချင်းချင်း ဘယ်တော့မှ မနှောက်ယှက်တော့ဘူး” ကိုက်ရှီက ပြောလိုက်သည်။

ဝှီး…

ကိုက်ရှီ၏ စကားဆုံးသည်နှင့် ရီဖူရှင်းက လက်ကို အောက်သို့ စိုက်ချလိုက်သည်။ ကိုက်ရှီသည် ပြင်းထန်စွာ ရှုံ့မဲ့သွားခဲ့ပြီး ကြောက်မက်ဖွယ် ညည်းညူလိုက်သည်။ သူက ရီဖူရှင်းကို စူးစူးဝါးဝါး မော့ကြည့်လိုက်ပြီးနောက် သူ၏ ရင်ဘတ်အား ငုံ့ကြည့်လိုက်သည်။ နတ်လှံက သူ၏ နှလုံး ဘေးသို့ တိုးဝင်သွားပြီး ကြောက်မက်ဖွယ် စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားခဲ့သည်။ ကြည့်ရသည်မှာ သူ၏ အသွေးအသားတို့က အချိန်မရွေး ဖျက်ဆီးခံရတော့မလိုပင် ဖြစ်သည်။

လူတိုင်းက ထိုမြင်ကွင်းကို ကြည့်နေရင်း သူတို့၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်​နေကြသည်။ ထိုသည်က အလွန် ရက်စက်လှသည်။

ရီဖူရှင်းက အမှန်တကယ်ပင် သူ့ကို လှံဖြင့် ထိုးခဲ့လေသည်။

“မင်းက ရယ်ရတယ်” ရီဖူရှင်းက လှံကို လှုပ်ရှားလိုက်၏။ သူ့အမူအရာက တည်ငြိမ်နေပြီး ကိုက်ရှီ၏ ပုံစံကို ​တွေ့မြင်ရသည်မှာ မည်သို့မှ အနှောက်အယှက် မဖြစ်သကဲ့သို့ပင် ဖြစ်သည်။

ယနေ့ဖြစ်ပျက်သမျှ ကိစ္စတို့အား အချင်းချင်း ကြေပြီဟု သတ်မှတ်နိုင်သည်လား။

“နောက်ဆုံးတော့ ကိစ္စတွေက စိတ်ဝင်စားဖို့ ကောင်းလာပြီ”

ရီဖူရှင်းက နောက်သို့ ပြန်ကြည့်လိုက်သည့်အခါ ဧကရီယန်က အေးစက်စွာ ပြုံးနေသည်အား မြင်လိုက်ရသည်။ သူမကို​ကြည့်ရသည်မှာ အလွန် ကျေနပ်နေဟန်တူသည်။

ထိုက်ရွှမ်တောင်မှ တစ်စုံတစ်ယောက် ဤကဲ့သို့ အနိုင်ကျင့်ခံရ​ပြီးသည့်အခါ စကားလုံးများဖြင့်သာ ဖြေရှင်းနိုင်သည့် ပြဿနာ မဟုတ်ပေ။

ဆရာသည် မကြာသေးခင်က နောက်တစ်ဆင့်သို့ ချိုးဖျက် ရောက်ရှိသွားခဲ့သော်လည်း ရွှေရောင်နတ်ပြည်ထောင်က သူတို့ကို အထင်အမြင်သေးရဲသေးသည်လား။ သူတို့က မည်သူ့အား လာနောက်ပြောင်နေသနည်း။

ရီဖူရှင်းသာ ရှုံးနိမ့်ခဲ့လျှင် သူမက မည်သို့မှ ပြောနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ သို့သော် သူ နိုင်သွားခဲ့သည့်အခါ ရန်ဟောင်အဆင့် တန်ခိုးရှင်က မည်သို့များ ဝင်ရောက်စွက်ဖက်ရဲရသနည်း။

ရွှေရောင်သွေးများက ကိုက်ရှီ၏ ရွှေရောင်ဝတ်ရုံပေါ် စီးဆင်းသွားသည်။ အဝေးမှ ကြည့်နေသည့် လူတိုင်းက ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ယခင်က ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့သော ထိပ်သီးအင်အားစုမှ တန်ခိုးရှင်များသည်ပင် ထိတ်လန့်တုန်လှုပ်နေကြ၏။

ကိုက်ရှီသည် ယနေ့တွင် ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း ယခု ရွှေရောင်နတ်ပြည်ထောင်မှ မင်းသားက လူနှစ်ယောက် ပူးပေါင်းကာ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ထိုသည်က လုံးဝ စော်ကားခြင်းပင် ဖြစ်၏။

၎င်းသည် အတော်လေး ကြောက်မက်ဖွယ် ဖြစ်သည်။

သို့သော် ထိုသည်က သူလုပ်ခဲ့သည့် အရာအတွက် တန်ဖိုး ပြန်ပေးဆပ်ရခြင်း ဖြစ်၏။

“ဧကရီယန်” အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်မှ ရွှေရောင်အလင်းက ဧကရီယန်နှင့် ရီဖူရှင်းအပေါ်သို့ ကျရောက်လာသည်။ ၎င်းတွင် ကြောက်မက်ဖွယ် စွမ်းအားတို့နှင့် ပြည့်​နေခဲ့သည်။ ကြည့်ရသည်မှာ ဧကရီယန်၏ သေးသွယ်သော ခန္ဓာကိုယ်က ထိုရွှေရောင်နတ်အလင်းတို့ဖြင့် အချိန်မရွေး ထိုးဖောက်ခံရ​တော့မလိုပင် ဖြစ်သည်။

“မင်းက ထိုက်ရွှမ်တောင်နဲ့ ရွှေရောင်နတ်ပြည်ထောင်ကြားမှာ စစ်ပွဲစဖို့ ကြိုးစားနေတာလား” ရန်ဟောင်က အေးစက်စွာ ပြောလိုက်သည်။

“ရှင်က ကျွန်မကို ခြောက်လှန့်ချင်နေတာလား” ဧကရီယန်က လေထဲသို့ မော့ကြည့်လိုက်သည်။ “ရှင် ပထမဆုံး ဝင်စွက်ဖက်တုန်းက ဒီလိုတွေ ဖြစ်လာမယ်လို့ မတွေးမိခဲ့ဘူးလား။ ရှင်က ရွှေရောင်နတ်ပြည်ထောင်ကတော့ အရင်ဆုံး ရန်စတိုက်ခိုက်နိုင်ပြီး ထိုက်ရွှမ်တောင်က ဘာမှ မတုံ့ပြန်ရဲဘူးလို့ ထင်နေလား”

သူမက လေထဲသို့ တဖြည်းဖြည်း တက်သွားခဲ့သည်။ အလွန် အစွမ်းထက်လှသည့် စွမ်းအားများ ပေါက်ကွဲထွက်လာကာ နေရာတစ်ခုလုံးကို ပြည့်နှက် လွှမ်းခြုံသွား၏။

“ထိုက်ရွှမ်တောင်ကို လုပ်ခဲ့တဲ့အရာတွေအတွက် အခု ကျွန်မတို့က ရှင့်ကို ပြန်ပေးဆပ်ခိုင်းရတော့မှာပဲ။” ဧကရီယန်၏ အပြုံးက လှပပြီး ရယ်မြူးရိပ်တို့ ရှိနေသော်လည်း အေးစက်မှုတို့ ပျော်ဝင်နေခဲ့သည်။

ဧကရီယန်ထံမှ တောက်ပသည့် အလင်းများ ပေါက်ကွဲထွက်လာသည်။ ထိုအချိန်တွင် သူမသည် ပို၍ မြင့်မြတ်တော်ဝင်ဆန်ကာ နတ်ဘုရားမတစ်ပါးသဖွယ်ပင် ဖြစ်သည်။ သူမက တစ်လောကလုံးကို စိုးမိုးသည့် ဧကရီတစ်ပါးနှင့် တူပေသည်။

ပြင်းထန်သည့် စွမ်းအားတို့က သူမ ခန္ဓာကိုယ်ကို ဖြတ်ကာ ပေါင်းစပ် စုစည်းလာသည်။

ဝှစ်…

လူတိုင်းသည် တောက်ပသည့် အလင်းတန်းများ လင်းလက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။ ထို့နောက်တွင် ဧကရီယန်၏ နောက်ကျော၌ ရွှေရောင်တောက်ပနေသည့် တောင်ပံတစ်စုံပေါ်ပေါက်လာကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲသွားခဲ့၏။ သူမကို နတ်အလင်းများက ဖုံးလွှမ်းထားပြီး နတ်ဘုရားမတစ်ပါးကဲ့သို့ ပြောင်းလဲသွားစေသည်။ မရေတွက်နိုင်သည့် နတ်တောင်ပံ ပုံရိပ်များ ထွက်ပေါ်လာကာ အဆုံးမဲ့ ကောင်းကင်မှ ကျဆင်းလာ၍ ၎င်းတို့နှင့် ပေါင်းစပ်သွားသည်။ ထိုအရာအားလုံးက သူမ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရသည်။

မဟာလမ်းစဥ် မုန်တိုင်းက ထိုနေရာတစ်ခုလုံးကို ရစ်ပတ်သွားခဲ့သည်။ ထိုမုန်တိုင်းက လင်ရှောင်းမြို့ကို ဖြတ်သန်းတိုက်ခတ်ပြီး လူတိုင်းသည် သူတို့၏ အသွေးအသားများ စုတ်ဖြဲခံနေရသလို ခံစားကြရပေသည်။ လူတိုင်းက ကောင်းကင်ထက်ရှိ ဧကရီကို မော့ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများက မရပ်မနား တုန်ယင်နေသည်။

ယနေ့တွင် လင်ရှောင်းမြို့ အထက် ကောင်းကင်၌ ရန်ဟောင်များအကြား တိုက်ပွဲ ဖြစ်ပွားလိမ့်မည်လား။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်သုံးယောက်က မတူညီသည့် နေရာသုံးနေရာ၌ အသီးသီး ရပ်လိုက်ကြသည်။ တစ်ယောက်က ရှေ့တွင် ဖြစ်ကာ နောက်နှစ်ယောက်က သူ့နောက်တွင် နေရာယူထားသည်။

ရှေ့မှ ရန်ဟောင်သည် သူ၏ ပြိုင်ဘက်အရှိန်အဝါက မည်မျှ အားကောင်းကြောင်း ခံစားမိပေသည်။ သူက ဤတိုက်ပွဲ၌ တစ်ဦးတည်းသော တိုက်ခိုက်နိုင်သူ ဖြစ်ကြောင်းကိုလည်း သူသိ၏။

နှိုင်းယှဥ်၍ မရအောင် တောက်ပသည့် ရွှေရောင်အလင်းက သူ့ထံမှ ပေါက်ကွဲထွက်လာကာ လူတိုင်း၏ မျက်လုံးတို့်အား နာကျင်သွားစေသည်။ ရွှေရောင် သံကွင်းဆက်ကြိုးများ ထိခတ်မိသံက လေထုကို ဖြတ်ကာ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းတို့က နေရာတစ်ခုလုံးကို ချုပ်နှောင်ရန် ကြိုးစားနေ၏။

“ဒီအကြွေးကို ဘယ်လိုဆပ်ခိုင်းသင့်လဲ” ဧကရီယန်က အပြုံးနှင့် ပြောလိုက်ပြီး သူမက နတ်ဘုရားမတစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့သည်။ သူမက ထိုသို့ ပြောပြီးနောက် တောင်ပံခတ်လိုက်ကာ ရုတ်တရက် မုန်တိုင်းက ကောင်းကင်တစ်ခုလုံးကို ရစ်ပတ် လွှမ်းခြုံသွားပြီး အောက်ဘက်ရှိ လင်ရှောင်းမြို့တွင် ကြည့်ရှုနေကြသည့် လူများကို တိုးဝှေ့သွားသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းကင်သည်မှာ မရေတွက်နိုင်သည့် နတ်တောင်ပံများက ပေါ်ထွက်လာကာ ရွှေရောင်သံကွင်းဆက်ကြိုးများကို ဖြတ်ပစ်လိုက်ပြီးနောက် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်ထံ တိုးဝင်သွားခြင်းပင် ဖြစ်သည်။

တောင်ပံတစ်စုံစီတိုင်းသည် ကောင်းကင်မှ ကျဆင်းလာသော ဓားများကဲ့သို့ ဖြစ်ပေသည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်သည် နှိုင်းယှဥ်၍မရအောင် တောက်ပသည့် ရွှေရောင်အလင်းတို့ လင်းလက်လာပြီး နတ်ဘီးတစ်ခုက သူ၏ အသက်ဓာတ်များနှင့် ပေါင်းစပ်ကာ ရွှေရောင်အစီအရင်ပုံစံက ပြိုင်ဘက်ကင်း တောက်ပမှုတို့အား ပေးစွမ်းလေသည်။ အဆုံးမဲ့ ရွှေရောင်သံကွင်းဆက်ကြိုးများက လေထုကို ဖြတ်သန်းထိုးထွက်လာကာ နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။

ဝှစ်…

ကြမ်းတမ်းသည့် လေပြင်းက တိုက်ခတ်လာပြီး ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းသည် ရှန့်ထိုအဆင့်တန်ခိုးရှင်များ ရပ်တည်ရန် ခက်ခဲအောင် ပြုလုပ်နေသည်။ သူတို့က မုန်တိုင်းကြောင့် အဝေးသို့ လွင့်စင်သွားရသည်။ ဧကရီယန်၏ အနောက်တွင် ရပ်နေသော ရီဖူရှင်းသည်ပင် ထိုလေပြင်းက မည်မျှ အစွမ်းထက်သည်ကို ခံစားမိ၏။ သူက ကိုက်ရှီအပေါ်တွင် ခြေတစ်ဖက်တင်ထားပြီး နေရာတွင် မြဲမြံစ်ာ ရပ်နေခဲ့သည်။ ကိုက်ရှီ၏ ခန္ဓာကိုယ်ကသာ အလွန် မသန်မာခဲ့လျှင် ရီဖူရှင်း၏ ခြေထောက်က သူ့ကို ချေမွဖျက်ဆီးပစ်လိုက်ပြီး ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင်ပင် ရီဖူရှင်းက နေရာမှာပင် ရပ်ကာ လွင့်စင်မသွားလိုသည့်အတွက် ခြေထောက်ကို အားစိုက်ထားကာ ထိုသည်က ကိုက်ရှီအပေါ်တွင် ဖိအားဖြစ်စေပြီး သွေးများပိုမိုထွက်လာအောင် ပြုလုပ်နေသည်။ သူ၏ အမူအရာတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုသည်က ကြီးစွာသော စော်ကားခံရခြင်းပင် ဖြစ်သည်။

ရီဖူရှင်းက နောက်သို့ ကြည့်လိုက်သည့်အခါ မုန်တိုင်းက အဝေးသို့ ဦးတည်သွား၍ ရန်ဟောင်အဆင့် တန်ခိုးရှင်အများအပြားကို သယ်ဆောင်သွားသည်အား မြင်လိုက်ရသည်။ သူသည် ဧကရီယန်အား ကြည့်လိုက်လျှင် သူမ၏ တောင်ပံများကို ခတ်နေဆဲ ဖြစ်ပြီး ရွှေရောင်သံကွင်းဆက်ကြိုးများကို ဖြတ်ပစ်နေကာ ကောင်းကင်ကိုပင် နှစ်ပိုင်းခွဲပစ်တော့မလို ထင်မှတ်ရပေသည်။

ထိုက်ရွှမ်အိမ်တော်သခင်က အလွန် အားကောင်းလှပြီး ရန်ဟောင်များသည်ပင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော သူမသည် သူတို့ထဲတွင် အငယ်ဆုံးလည်း ဖြစ်၏။

ရီဖူရှင်းက ကိုက်ရှီကို ပြန်ကြည့်ကာ ပြောလိုက်သည်။ “ဒါ ပြီးသွားပြီလို့ မင်း ထင်လား”

ကိုက်ရှီက စော်ကားခံရမှုကြောင့် ဒေါသဖြစ်​နေဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။ သူသည် တစ်ချိန်က ထိုက်ရွှမ်တောင်ပေါ် ခြေချခဲ့ပြီး အရှင်ထိုက်ရွှမ်၏ တပည့်ဖြစ်လာရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ထိုသည်က သူ့အား မပျော်မရွှင် ဖြစ်စေခဲ့၏။ ရွှေရောင်နတ်ပြည်ထောင်၏ မင်းသားတစ်ပါးအနေနှင့် သူသည် အလားအလာအရှိဆုံး ပါရမီရှင် လူငယ်ဖြစ်ကာ ထိုက်ရွှမ်တောင်သို့ ဝင်ရောက်နိုင်ပါက ခွန်အားမြင့်မား ခိုင်မာသည့် တန်ခိုးရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း သူက အစမှာပင် ငြင်းပယ်ခံခဲ့ရ၏။

ထို့ကြောင့် သူက ရီဖူရှင်းကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသည်က သူ့ကို ရီဖူရှင်းက နင်းခြေနိုင်သည့် နေ့ ဖြစ်လာလိမ့်မည်ဟု မည်သို့တွေးနိုင်ခဲ့ပါမည်နည်း။

ရီဖူရှင်းက ကိုက်ရှီ၏ အမူအရာကို တွေ့သော်လည်း တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ ကိုက်ရှီက ပုံမှန်အားဖြင့် ရွှေရောင်နတ်ပြည်ထောင်မှ အရည်အချင်းရှိ မင်းသားတစ်ပါးဖြစ်သည်။ သူက အနာဂတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် သူက အလွန် မောက်မာခဲ့၏။

သူက ပြုမူသည့်အခါ အကျိုးဆက်ကို တွေးထားခဲ့ခြင်း မရှိပေ။ သူ၏ မြင့်မားသော အဆင့်အတန်းအရ သူ့တွင် မည်သည်ကိုမှ ကြောက်စရာမရှိပေ။

ထို့ကြောင့် သူက ရီဖူရှင်းကို သတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ယခုထိတိုင် သူက သူ လုပ်ခဲ့သည့်အရာကို သတိပြုမိခြင်း မရှိသေးပေ။

“ကြည့်ရတာ မင်းက ဒါကို မလုံလောက်သေးဘူးလို့ ထင်နေတာ ဖြစ်မယ်” ရီဖူရှင်းက လှံကို မ ကာ အောက်သို့ ထိုးစိုက်လိုက်သည်။ ဤတစ်ကြိမ်၌ သူက ကိုက်ရှီ၏ နှလုံးသားအတွင်းသို့ ထိုးစိုက်လိုက်ခြင်း ဖြစ်၏။

ကိုက်ရှီက အလွန် အစွမ်းထက်သည်။ လှံက သူ့နှလုံးသားကို ထိုးဖောက်သွားလျှင်ပင် သူ့ကို သတ်ဖြတ်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူ့တွင် မဟာလမ်းစဥ် ခန္ဓာကိုယ် ရှိနေသေးသည်။

သို့သော် ထိုလှံကျဆင်းလာသည့် ခဏ၌ ချက်ချင်းပင် သူ၏ နှလုံးခုန်နှုန်းက ရပ်တန့်သွားခဲ့သည်။ သူ၏ မျက်လုံးများက ကျဥ်းမြောင်းနေပြီး ရီဖူရှင်းကို စူးစိုက်ကြည့်နေခဲ့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset