အပိုင်း(၁၅၅၀)

ခြေတစ်လှမ်းနှင့် ဖြတ်သန်းခြင်း

ရီဖူရှင်းသည် လမ်းစဉ်မြစ်အတွင်း ဝင်ရောက်သွားခြင်းက နတ်နန်းတော်တွင် ကြီးမားသော ရိုက်ခတ်မှု ဖြစ်သွားခဲ့သည်။ နတ်နန်းတော်၏ တပည့်သည် ဤအဖြစ်အပျက်ပေါ်တွင်သာ အာရုံစိုက်နေကြ၏။ ဤပုဂ္ဂိုလ်က ဓားနန်းတော်၏ လက်ရှိမျိုးဆက်၌ နံပါတ်တစ် လီတောက်စီ ကို ရှုံးနိမ့်စေခဲ့ပြီး နတ်နန်းတော်၏ အမြင့်မြတ်ဆုံးနယ်မြေကို ဝင်ရောက်သွားခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း တစ်ယောက်သာလျှင် အတွင်းသို့ ခြေချနိုင်ခဲ့ပြီး ယခု သူက အထဲတွင် ရှိနေပေသည်။

ထိုက်ရွှမ်တောင်မှ ဓားသမား ရှန်ကျင်း သူက အထဲသို့ ဝင်ရောက်နိုင်ပေမည်လား။

ရီဖူရှင်းသည် သူ၏ ခရီးက ဤမျှ အုတ်အော်သောင်းနင်း ဖြစ်သွားစေလိမ့်မည်ဟု မသိခဲ့ပေ။ သူက သူ သွားနေသည့် နေရာက မည်သည့်နေရာဖြစ်သည်ကိုပင် အတိအကျ မသိပေ။ သူက ဤနေရာတွင် ထူးခြားဆန်းကြယ်လှသည်ဟု ခံစားမိပြီး ဖုံးကွယ်ထားသည့် နေရာက ကျင့်ကြံခြင်းအတွက် သင့်တော်သည်ဟု ယူဆကာ သွားကြည့်ချင်ခဲ့ခြင်း ဖြစ်သည်။

သူက သူ၏ နှလုံးသားကို သံသယမရှိပေ။ ဤနေရာက မည်သည့်အတွက် အလွန် တိတ်ဆိတ်နေရသနည်းဟု သူက တွေးနေခဲ့သည်။

လမ်းစဉ်မြစ်အတွင်းတွင် သူမှလွဲ၍ အခြားမည်သူမှ မရှိပေ။ နတ်နန်းတော်မှ တပည့်များပင်လျှင် မရှိပေ။

ထိုသည်က ရီဖူရှင်းအား ဇဝေဇဝါ ဖြစ်စေသည်။ နတ်နန်းတော်မှ တပည့်များက ထိုမျှ ပျင်းရိကြသည်လား။

သူတို့က နတ်နန်းတော်မှ ဝိညာဉ်အရင်းအမြစ်များကို တန်ဖိုးမထားကြသည်လား။

သူက သူလာခဲ့သည့်နေရာမှာ မည်သည့်နေရာဖြစ်ကြောင်း မသိရှိပေ။ ထိုသည်မှာ နတ်နန်းတော်မှ တပည့်များ မလာချင်ကြ၍ မဟုတ်ဘဲ သူတို့ ဝင်နိုင်သလားဟူသည် ပြဿနာပင် ဖြစ်သည်။

ဓားသည် လမ်းစဉ်မြစ်တလျှောက် ဝင်ရောက်သွားပြီး နန်းတော်ဆီသို့ ခရီးဆက်လေသည်။ ရီဖူရှင်း၏ လက်ရှိအခြေအနေနှင့် သူက တွေးလိုက်ရုံဖြင့် ရည်ရွယ်ရာခရီးသို့ မကြာခင်ရောက်ရှိနိုင်ပေသည်။ ဤမြစ်သည် သိပ်မရှည်သော်လည်း လွယ်ကူစွာ ဖြတ်သန်းမသွားနိုင်ပေ။ သို့ပေမယ့် သူက ဓားကို ရှေ့သို့ ဆက်သွားနေစေသော်လည်း ၎င်းက လမ်းစဉ်မြစ်အတွင်းမှာပင် ရှိနေဆဲ ဖြစ်ကာ မြစ်၏ အလယ်၌ ရပ်တန့်နေသည်ဟု ထင်မှတ်ရကာ နန်းတော်ကို ရောက်နိုင်မည့် အကွာအဝေးမှာ တူညီစွာပင် ကျန်ရစ်ပေသည်။

သူက ခြေထောက်အောက်မှ ဓားကို ငုံ့ကြည့်လိုက်သည်။ ဓားသည် ရှေ့သို့ ဆက်သွားနေဆဲ ဖြစ်ပြဌး ရေလွှာကို ရှပ်တိုက်သွားနေသည့်အတွက် ရေမှုန်ရေမွှားလေးများပင် ထွက်ပေါ်နေသေးသည်။ သို့သော် သူက မည်မျှ သွားနေသည်ဖြစ်စေ တူညီသည့် နေရာမှာပင် ရှိနေသကဲ့သို့ ဖြစ်၏။

“ဘာတွေ ဖြစ်နေတာလဲ” ရီဖူရှင်းက တွေဝေစွာ ကြည့်လိုက်သည်။ သူက အနီးသို့ မသွားနိုင်သည်လား။

၎င်းကို ကြည့်ရသည်မှာ ရောက်ရှိတော့မည် အကွာအဝေး သူ့အရှေ့တွင် ရှင်းလင်းနေသော်လည်း တစ်ချိန်တည်းမှာပင် ရေပြင်ညီနှင့် အတော်အလှမ်းဝေးနေသကဲ့သို့ ထင်မှတ်ရသည်။

သို့သော် သူက ရှန့်ထိုအဆင့်အထွတ်အထိပ် ဖြစ်ကာ သူ၏ ကိုယ်ပိုင်ဆန္ဒကို နားမလည်နိုင်ရန် အကြောင်းမရှိပေ။ ဤတစ်ကြိမ်၌ ထူးခြားဆန်းကြယ်သော နန်းတော်သည် စစ်မှန်ကာ သိပ်သည်းပြီး လမ်းစဉ်သက်သေပြခြင်းနယ်မြေမှာကဲ့သို့ မပီဝိုးတဝါးဖြစ်မနေပေ။ သို့ဆိုလျှင် မည်သို့ ဖြစ်နိုင်သနည်း။

သူက ယင်းအား နားမလည်နိုင်ပေ။

ဤနေရာ၌ သူ့ကို တားဆီးထားသည့် စွမ်းအား ရှိနေသည်လား။

ထိုသည်သာလျှင် ဖြေရှင်းချက် ဖြစ်ပေလိမ့်မည်။

သို့သော် မည်သည့် လမ်းစဉ်စွမ်းအားမျိုးက ဤကဲ့သို့သော အခြေအနေကို ဖြစ်ပေါ်စေသနည်း။

ရီဖူရှင်းသည် နက်နက်နဲနဲ တွေးတောနေရင်း ရပ်တန့်လိုက်သည်။ ဓားက ရှေ့သို့ ဆက်မသွားတော့ပေ။ အရာအားလုံးသည် တည်ငြိမ်သွားသည်ဟု ထင်မှတ်ရသည်။

“လေဟာနယ်လမ်းစဉ်စွမ်းအား”

ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သည်။ လေဟာနယ်လမ်းစဉ်စွမ်းအားသာလျှင် ဤကဲ့သို့ ဝေခွဲမရသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ သူနှင့် သူ့ဓားသည် မဟာလမ်းစဉ် လေဟာနယ်စွမ်းအားအတွင်း ကျရောက်နေကာ မဟာလမ်းစဉ်၏ ချည်နှောင်ထားခြင်းခံလိုက်ရ၍ လမ်းအမှန်ကို ရှာတွေ့နိုင်ခြင်း မရှိတော့ပေ။

သို့သော် သူက လေဟာနယ်စွမ်းအား၏ တည်ရှိမှုကို ခံစား၍ မရပေ။ အကယ်၍ မဟာလမ်းစဉ် လေဟာနယ်စွမ်းအား အမှန်ရှိပါက လေထုထဲ၌လည်း တည်ရှိလိမ့်မည် ဖြစ်သည်။

ဝှစ်! ထက်ရှသည့် ဓားအသံက အော်မြည်ထွက်ပေါ်လာပြီး ဓားများက ရီဖူရှင်း၏ အနီးတွင် ပေါ်ပေါက်လာသည်။ ၎င်းတို့ထဲမှ အချို့ပ ကောင်းကင်ကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားကာ လမ်းစဉ်မြစ်ကို ဖြတ်၍ နန်းတော်သို့ သွားရောက်ချင်နေသည်။ သို့သော် သူက ဓားများက အလွန် လျင်မြန်စွာ ထိုးထွက်သွားသည်ကို သတိပြုမိသော်လည်း ပန်းတိုင်သို့ မည်သည့်အခါမှ မရောက်ရှိနိုင်ကြပေ။ သူက ၎င်းတို့အထဲသို့ လေဟာနယ်စွမ်းအားများ ထည့်သွင်းလိုက်သော်လည်း သူက အကြောင်းရင်းကို ခံစားမိခြင်းမရှိပေ။

ယခု ဓားများက သူ့ ခြေထောက်အောက်တွင် ထွက်ပေါ်လာ၏။ ရီဖူရှင်းက ဓားပေါ်တွင် ထိုင်ချကာ သူ၏ မျက်လုံးတို့ကို မှိတ်လိုက်သည်။ သူသည် လမ်းစဉ်မြစ်အတွင်း သူ မြင်သမျှ စိတ်ထဲတွင်ပေါ်လာသော သူ့အနီးရှိ အရာအားလုံးကို တိတ်ဆိတ်စွာ ခံစားကြည့်လိုက်သည်။

အရာအားလုံးက အလွန်ရှင်းလင်းလာခဲ့ပြီး မည်သည့်စွမ်းအားက သူ့ကို ရှေ့ဆက်မည်ကို တားဆီးထားသည်အား ရှာဖွေနေပေသည်။

ရီဖူရှင်းကိုယ်တိုင်သည်လည်း မဟာလမ်းစဉ် လေဟာနယ်စွမ်းအားကို ကျင့်ကြံသော်လည်း ယခုတွင် သူက လေဟာနယ်လမ်းစဉ်စီမ်းအားထဲ ကျရောက်သွားပြန်သည်။ ထိုသည်က သူ၏ လေဟာနယ် လမ်းစဉ်စွမ်းအားသည် ပြည့်စုံရန် လိုအပ်နေသည်ကို ပြသနေသည်။ မဟုတ်လျှင် သူက လေဟာနယ်စွမ်းအားဖြင့် အချုပ်ခံထားရလိမ့်မည် မဟုတ်ပေ။

“နီးလျက်နဲ့ ဝေး” ရီဖူရှင်း၏ မျက်လုံးများသည် တင်းကြပ်စွာ စေ့ပိတ်လိုက်ပြီး အရာအားလုံးက ရပ်တန့်သွားသည်ဟု ထင်မှတ်ရသည်။ ရီဖူရှင်း၏ စိတ်ထဲတွင် စီးဆင်းနေသော အချိန်နှင့် လေဟာနယ်က ရပ်တန့်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးက တစ်ခုတည်း ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။

သူက ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ထိုအခိုက်၌ သူသည် ကျယ်ပြောလှသည့် သမုဒ္ဒရာတွင် လှေတစ်စင်းနှင့် အထီးကျန်နေသကဲ့သို့ ထင်မှတ်ထားသည်။ သူ့ကို အထီးကျန်ခြင်းက ဝန်းရံထားပြီး သူက အဖြေကို ရှာဖွေချင်နေသည်။

အချိန်ကုန်လွန်သွားပြီး ရီဖူရှင်းသည် ထိုနေရာ၌ ကျောက်ချကာ ထိုင်နေခဲ့သည်။

၎င်းက နတ်နန်းတော်အတွင်း၌ ဆွေးနွေးမှုများ ဖြစ်ပေါ်နေသည်။ မျှော်လင့်ထားသကဲ့သို့ပင် ရီဖူရှင်း လီတောက်စီ ကို ရှုံးနိမ့်စေနိုင်ခဲ့သော်လည်း သူက လမ်းစဉ်မြစ်အတွင်း ပိတ်မိနေခဲ့သည်။

ထိုသည်က လမ်းစဉ်မြစ် ဖြစ်သည်။ ၎င်းသည် နတ်နန်းတော်၏ ဘိုးဘေးနယ်မြေကို ဝန်းကာထားပြီး မည်သည့် ဖြတ်လမ်းမှ မရှိပေ။ လမ်းစဉ်မြစ်ကို ဖြတ်သွားနိုင်မှသာလျှင် ဘိုးဘေးနယ်မြေကို ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။

နှစ်ပေါင်းများစွာ ထူးချွန်သော ပုဂ္ဂိုလ်မည်မျှများများ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း မဖြစ်နိုင်ခဲ့သနည်း။

ရီဖူရှင်း၏ ပါရမီသည် နတ်နန်းတော်မှ လူများ သတိပြုမိလောက်အောင် ကြီးကျယ်ပေသည်။ များပြားလှသော လူများက သူနှင့် ပတ်သတ်ပြီး မပျော်ရွှင်ကြလျှင်ပင် သူတို့က ရီဖူရှင်း၏ အစွမ်းထက် ထိုးထွင်းသိမြင်မှုကို အသိအမှတ်ပြု ကြလေသည်။ သို့သော် ဤသည်က လမ်းစဉ်မြစ်သာ ဖြစ်လေသည်။

သေချာသလောက်ပင် သူက အထဲတွင် ပိတ်မိနေဆဲဖြစ်ကာ ရှေ့သို့ ရွေ့လျားနိုင်ခြင်း မရှိပေ။

အချို့သော သူများသည်ပင် လမ်းစဉ်မြစ်ရှိရာသို့ လာရောက်ကာ လမ်းစဉ်ပင်လယ်အတွင်း ပိတ်မိနေ၍ ရှေ့သို့ မလှုပ်ရှားနိုင်သူကို စောင့်ကြည့်နေကြသည်။ ဓားပေါ်တွင် ထိုင်နေသည့် ပုဂ္ဂိုလ်သည် အထီးကျန်နေသည်ဟု ထင်မှတ်ရသည်။ လောကတွင် သူ တစ်ဦးသာလျှင် ရှိနေသည့်ပုံပေါ်ပေသည်။

ကျွမ်းဟုန်သည်လည်း ရောက်လာခဲ့၏။ သူက ရီဖူရှင်းကို ကြည့်ကာ ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ဤလူက မည်သည့်နေရာသို့ သွား၍ မရနိုင်ဖြစ်နေသနည်း။ သို့သော် သူ ရောက်နေခဲ့သည်မှာ လမ်းစဉ်ပင်လယ်ဖြစ်သည်။ လမ်းစဉ်မြစ်က ဖြတ်သန်းရခက်သည်ကို ထည့်မတွက်လျှင်ပင် နန်းတော်အတွင်းသို့ ဝင်ရောက်ရန် ခက်ခဲပေသည်။

သို့သော် ရီဖူရှင်းက ခဏချင်းအတွင်း အရာအားလုံးကို နားလည်လာသည်ဟု ထင်မှတ်ရသည်။ လမ်းစဉ်ပင်လယ်တွင် မည်သူမှ မရှိပေ။ ရောက်ရှိရန်မဆိုထားနှင့် လမ်းစဉ်မြစ်သည် မရေတွက်နိုင်သည့် ပါရမီရှင်တို့ကို ဟန့်တားထားနိုင်ပြီး သူတို့က ရိုးရှင်းစွာ ဖြတ်သန်းသွားနိုင်ခြင်း မရှိပေ။

သိပ်မဝေးသည့် အကွာအဝေး ဖြစ်သော်လည်း ရောက်ရှိရန် မဖြစ်နိုင်ပေ။

ဓားက မလှုပ်ရှားဘဲ ရီဖူရှင်း၏ လှုပ်ရှားမှုများသည်လည်း ရပ်တန့်နေသည်ဟု ထင်မှတ်ရသည်။ သို့သော် သူက ဤအဓိပ္ပါယ်က မည်သည်ကို ဆိုလိုသည်အား သိလာခဲ့ပြီ ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ” ထိုခဏတွင် လမ်းစဉ်မြစ်ကမ်းမှ အံ့အားတသင့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ လူအများသည် ရီဖူရှင်းရှိရာသို့ ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

“သူက နီးလာတယ် မဟုတ်ဘူးလား”

သူတို့သည် ရီဖူရှင်းက နတ်နန်းတော်၏ ဘိုးဘေးနယ်မြေနှင့် နီးကပ်လာသည်ကို တွေ့ရှိပြီး ထိတ်လန့်သွားကြသည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက လှုပ်ရှားနေတယ်လို့ မထင်ရဘူးမလား” တစ်စုံတစ်ယောက်က ဇဝေဇဝါနှင့် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ရီဖူရှင်းက ဘိုးဘေးနယ်မြေရှိ နတ်နန်းတော်သု့ိ နီးကပ်လာပေသည်။ သို့သော် သူက ထိုနေရာ၌ ထိုင်နေပြီး မည်သည်မှ မလုပ်သလို ထင်မှတ်ရ၏။

“အံ့အားသင့်စရာပဲ” ကျွမ်းဟုန်က ချီးမွမ်းလိုက်သည်။ မည်မျှ ပြိုင်ဘက်ကင်းသည့် အရည်အချင်းနည်း။

“အစ်ကိုကျွမ်း.. ဘာဖြစ်လို့လဲ” နတ်နန်းတော်မှ တပည့်တစ်ယောက်က မေးလိုက်သည်။

“ငါက ဘယ်လိုသိမှာတုန်းဟ” ကျွမ်းဟုန်က ပြန်ဖြေလိုက်သည်။

“အာ” ထိုသူက သူ့ကို ကြက်သေသေစွာနှင့် ကြည့်လိုက်သည်။ မသိဘူးဆိုရင်လည်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။

“ဒါပေမယ့် ငါ ခန့်မှန်းနိုင်တယ်လေ” ကျွမ်းဟုန်က ပြန်ဖြေလိုက်သည်။ “လူတိုင်းက ဘိုးဘေးနယ်မြေ လမ်းစဉ်မြစ်က မရောက်နိုင်တဲ့ နေရာလို့ သိကြတယ်။ ဖြစ်နိုင်တာက အဲဒီမှာ လေဟာနယ်စွမ်းအားတွေနဲ့ ဖုံးကွယ်ထားတာကြောင့် ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိတာ ဒီနေရာက လမ်းစဉ်လေဟာနယ်စွမ်းအားတွေ ရှိနေပြီး လေဟာနယ်စွမ်းအားကို ဖြေရှင်းရမှာ ဖြစ်လိမ့်မယ်”

လမ်းစဉ်ကို လမ်းစဉ်နှင့် ဖြေရှင်းရမည်။

ကျွမ်းဟုန်၏ ခန့်မှန်းချက်က မှန်ကန်ပေသည်။ ရီဖူရှင်းက သူ၏ မျက်လုံးတို့ကို ဖွင့်လိုက်ပြီး ဘိုးဘေးနယ်မြေ နတ်နန်းတော်သို့ အလွန် နီးကပ်လာသည်ကို မြင်လိုက်ရသည်။

လမ်းစဉ်မြစ်အတွင်း မရောက်ရှိနိုင်သော နေရာရှိပြီး ရောက်ရှိနိုင်ရန် တစ်ခုတည်းသောအရာမှာ ထိုအရာကို ဖြေရှင်းရန် ဖြစ်သည်။

နောက်ဆုံး၌ ရီဖူရှင်းက နားလည်သွားခဲ့သည်။ ဤနေရာသို့ မည်သူမှ မလာကြသည်မဟုတ်ဘဲ သူတို့က မလာနိုင်ကြခြင်း ဖြစ်သည်။

သို့သော် တစ်ဘက်ကမ်းသို့ လမ်းစဉ်ပင်လယ်ကို ဖြတ်ကာ မည်မျှများများ ရောက်ရှိနိုင်သနည်း။

လမ်းစဉ်မြစ်ကို ဖြတ်သန်းသွားလိုသည့် မည်သူမဆို လေဟာနယ်စွမ်းအားကို အရင် နားလည်ထားမှသာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ တစ်ဘက်ကမ်း ကို ရောက်ရှိသည်မှာလွဲ၍ ထိုသည်ကို ဖြေရှင်းရန် နည်းလမ်း သူ မစဉ်းစားမိသော်လည်း အခြား ထိပ်သီးပါရမီရှင်များ၌ အခြား ဖြေရှင်းချက်တို့ ရှိနိုင်သည်။ ဓားသည် အရှေ့မှ နန်းတော်ကို တဖြည်းဖြည်း နီးကပ်လာပြီး သူက  ရှေ့သို့ ဆက်သွားလေ နီးကပ်လာလေသည်။

ထိုအခိုက်တွင် ရုတ်တရက် အခြားသော မမြင်နိုင်သည့် အင်အားတို့ ဆင်းသက်လာကာ ရှေ့သို့ သွားနေသည့် ဓားကို ရပ်တန့်သွားစေသည်။

အချိန်နှင့် လေဟာနယ်က တစ်ဖန်ပြန်၍ ဟန့်တားခြင်းအခြေအနေသို့ ရောက်ရှိသွားသည်။ သူသည် ထိုစွမ်းအားဖြင့် ဖိအားပေးခံရလေသည်။

အရာအားလုံးသည် စီးဆင်းနေခြင်းမှ ရပ်တန့်သွားသည်။ ကောင်းကင်နှင့် မြေကြီးအကြားမှ မဟာလမ်းစဉ်စွမ်းအားများသည်ပင် ရပ်တန့်သွားခဲ့သည်။

ထိုအချိန်တွင် ရီဖူရှင်း ထိုးထွင်းသိမြင်မှုအတွင်း၌ အရာအားလုံးက ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။ လောကကြီးအတွင်း၌ လမ်းစဉ်မြစ်တစ်ခုသာလျှင် ကျန်ရှိနေသကဲ့သို့ ထင်မှတ်ရပေသည်။

မည်သည့် လမ်းစဉ်မှ မရှိဘဲ မြစ်တစ်ခုသာလျှင် ဖြစ်သည်။

ရီဖူရှင်း၏ အောက်ခြေမှ ဓားများသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူက မည်သည့် လမ်းစဉ်စွမ်းအားမှ မရှိသည့် လမ်းစဉ်မြစ်ပေါ်တွင် တစ်ယောက်တည်း ကျန်ရှိနေသကဲ့သို့ ဖြစ်သည်။ သူက ထိုနေရာ၌ သဘာဝအတိုင်း လွင့်မျောနေနိုင်ပေသည်။

သို့သော် ထိုသည်မှလွဲ၍ မည်သည့်အရာမှ ရှိမနေပေ။

“အခု ဘယ်လိုဖြစ်မှာလဲ” ရီဖူရှင်းက အနည်းငယ် ဆွံ့အနေခဲ့သည်။ လမ်းစဉ်မြစ်က ဖြတ်သန်းရန် ထိုမျှ ခက်ခဲလေသည်လား။

တစ်ဘက်ကမ်းကိုရောက်ရန်မှာ ရိုးရှင်း၍ ဖြေရှင်းရန် လွယ်ကူသည်ဟု ထင်မှတ်ရသော်လည်း အမှန်မှာ အလွန် ခက်ခဲပေသည်။ အကယ်၍ သာမန်လူသာ ဖြစ်လျှင် ဤခြေလှမ်းကို လှမ်းနိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် သူက ထိုခြေလှမ်းကို ပြုလုပ်ပြီးသည်နှင့် ချက်ချင်းပင် ထိုသို့သော အခြေအနေသို့ ကျရောက်သွားခဲ့ပြန်သည်။ ဤနေရာက တိတိကျကျ မည်သည့်နေရာ ဖြစ်သနည်း။

ဤလမ်းစဉ်မြစ်က မည်သို့သော နေရာဖြစ်သနည်းဟု သူက သိချင်ခဲ့သည်။ သူ့ရှေ့မှ မြင့်မြတ်နယ်မြေက မည်သို့သော နေရာမျိုးဖြစ်သနည်း။

ဤနေရာကို ဝင်ရောက်ရန်မှာ မည်သည့်အတွက် ထိုမျှ ခက်ခဲရသနည်း။

ကြည့်ရသည်မှာ ဤနေရာသို့ မည်သူမှ မလာခြင်းသည် သူတို့က ကျင့်ကြံရန် ပျင်းရိနေ၍မဟုတ်ဘဲ ဤနေရာသည် ကျင့်ကြံခြင်းအတွက် သာမန်နေရာမဟုတ်၍ ဖြစ်နိုင်ပေသည်။

ထိုသည်မှာ လူတိုင်း ဖြတ်သန်းနိုင်စွမ်းမရှိသည့် နေရာဖြစ်ကြောင်း သိရှိကြသောကြောင့် ဖြစ်ပေသည်။

သို့ဆိုလျှင် ဤနေရာက မည်သည့်နေရာမျိုးသနည်း။

လမ်းစဉ်မြစ်အရှေ့မှ မြင့်မြတ်နယ်မြေသည် မည်သို့သော နေရာဖြစ်သနည်း။

ဖြတ်သန်းသွားပြီးနောက် မည်သည်တို့ ဖြစ်လိမ့်မည်နည်း။

သူက ထိုသို့တွေးလိုက်မိသည့်အခါ ရီဖူရှင်းသည် အနည်းငယ် စိတ်ထင့်သွားခဲ့သည်။ သူက ရုတ်တရက် သတိပြုမိလိုက်သည်မှာ သူ ယခုလာခဲ့သည့်နေရာက အန္တရာယ်မကင်းသည်ကို ဖြစ်၏။

သို့သော် ယခု လက်ရှိ ပြဿနာသည် သူက လမ်းစဉ်မြစ်ကို မည်သို့ ဖြတ်၍ မြင့်မြတ်နယ်မြေကို ရောက်ရှိနိုင်မည်လဲဟူသည်ပင် ဖြစ်သည်။

ရီဖူရှင်းသည် အကြွင်းမဲ့ တည်ငြိမ်နေသည့် လေဟာနယ်အတွင်း စုပ်ယူခံနေရသည်ဟု ထင်မှတ်ရကာ သူက ခြေထောက်ကို မ ၍ ရှေ့သို့ လျှောက်လာခဲ့သည်။  သူ၏ ခြေထောက်အောက်တွင် ရေပူဖောင်းလေးများထလာပြီး သူက ရေပေါ်တွင် လမ်းလျှောက်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ လမ်းစဉ်စွမ်းအားတို့က အပြင်ဘက်သို့ ထွက်လာကာ ရှေ့သို့ ဆက်လက်သွားနေခဲ့သည်။

သို့သော် အခြေအနေက ယခင်နှင့်အတူတူပင် ဖြစ်သည်။ ထိတ်လန့်စရာပင် ရီဖူရှင်းသည် တူညီသည့် နေရာမှာပင် ရပ်နေဆဲဖြစ်သည်ကို တွေ့ခဲ့ရပြီး ရှေ့သို့ ရောက်ရှိသွားခြင်း မရှိပေ။

ထိုသည်က….

ရီဖူရှင်း၏ မျက်နှာက အလွန်ပင် အံ့အားတသင့် ဖြစ်လာသည်။ ဤတစ်ကြိမ်၌ သိသာစွာပင် တစ်ဘက်ကမ်းကိုရောက်ရန် ဖမ်းချုပ်ဟန့်တားခံထားရခြင်း မဟုတ်သည့်အတွက် ယခင်နည်းလမ်းကို အသုံးပြုကာ ဖြေရှင်း၍ မရနိုင်ပေ။

သို့ဆိုလျှင် ယခုတစ်ကြိမ်က မည်သည်နည်း။

“သူ ရပ်သွားပြန်ပြီ” နတ်နန်းတော်မှ တပည့်များသည် ကမ်းခြေတွင် စုစည်းနေကြပြီး ရီဖူရှင်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။ လမ်းစဉ်မြစ်ကို ဖြတ်ကူးရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

သူတို့က ထိုအကြောင်းကို တွေးမိကြသည့်အချိန်တွင် မမြင်နိုင်သည့် ချုပ်နှောင်မှုအတွင်းမှ ရီဖူရှင်း၏ ခန္ဓာကိုယ်ရှိ စွမ်းအားများက လောကတခွင်ကို ပျံ့နှံ့သွားကာ ကောင်းကင်နှင့် မြေကြီးတို့ဖြင့် ဆက်သွယ်သွားခဲ့သည်။ မကြာခင်၌ သူသည် အစစ်အမှန်ကမ္ဘာကို ထောက်လှမ်း ဆုပ်ကိုင်နိုင်သွားသည်ဟု ထင်မှတ်ရသည်။

သူက ခြေထောက်ကို မ ကာ ခြေလှမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ရှိနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူ၏ ပုံရိပ်က လမ်းစဉ်မြစ်ကို ဖြတ်သန်းကာ မြစ်၏ အဆုံး၌ ဖျတ်ခနဲ ပြန်ပေါ်လာခဲ့၏။

မရေတွက်နိုင်သည့် မျက်လုံးများသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည်။ လူတိုင်းသည် ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။

ထိုသည်က ခြေလှမ်းလိုက်ရုံနှင့် ရောက်သွားရအောင် လွယ်ကူသည်လား။

ထိုသည်က လူအများ၏ ခံစားချက်ကို ထူးဆန်းသွားစေသည်။ ဤနှစ်ပေါင်းများစွာအတွင်း လမ်းစဉ်မြစ်ကို အတိတ်က လူတစ်ယောက်သာလျှင် ဖြတ်သန်းနိုင်ခဲ့သော်လည်း ယခုတွင် ရီဖူရှင်းကို မတားဆီးနိုင်ခဲ့သည်လား။

ရီဖူရှင်းသည် အမှန်တကယ်ပင် လမ်းစဉ်မြစ်ကို ဖြတ်သန်းသွားခဲ့သည်။

သို့သော် သူ၏ လမ်းကို ပိတ်ဆို့ထားသည့် အခြား အတားအဆီးများ ရှိနေဦးမည် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset