အခြားသူများ သူ့ကို ကြည့်နေသည်အား မြင်သောအခါ ရီဖူရှင်းက မေးလိုက်သည်။ “စီနီယာတို့ တခြား ပြောစရာများ ရှိသေးလား”
“…..” ဓားနန်းတော်မှ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များက ရီဖူရှင်းကို အံ့အားတသင့် ကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ “အနှောက်အယှက် ပေးမိတာ အားနာပါတယ်”
“ဒါဆို ကျွန်တော် နှုတ်ဆက်ပါတယ်” ရီဖူရှင်းက ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်ပြီးနောက် အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွား၏။ ဓားနန်းတော်မှ ရန်ဟောင်ပုဂ္ဂိုလ်များသည် အနေရခက်စွာ ကြည့်လိုက်ကြသည်။ တစ်ယောက်က ရေရွတ်လိုက်သည်။ “သူက အတော်လေး ယုံကြည်ချက် ရှိတာပဲ”
“ကျုပ်တို့က အိုနေပြီ။ လူငယ်တွေရဲ့ လောကကို နားမလည်နိုင်တော့ဘူး” ဘေးဘက်မှ လူများသည်လည်း သူသာ အမှန်တကယ် အရှင်ထိုက်ရွှမ်၏ လျှို့ဝှက်တပည့် ဖြစ်ခဲ့ပါက ဓားနန်းတော်မှ နန်းတော်သခင်သည် မည်သူမှ ဟုတ်လိမ့်မည် မဟုတ်ပေ။ သူက ရီဖူရှင်းကို တွေ့ဆုံချင်လျှင် ရီဖူရှင်းက လက်ခံမှသာ ရပေလိမ့်မည်။
သူတို့က ရီဖူရှင်း လုပ်ဆောင်မည် မလုပ်ဆောင်မည်ကို အကြံပြုချက်တချို့သာ ပေးနိုင်ပေလိမ့်မည်။
သို့သော် သူက အရာအားလုံးကို ရိုးရှင်းစွာ လုပ်ဆောင်သွားခဲ့သည်။
“သူ ဘယ်သွားလဲ ကြည့်ရအောင်” သူတို့က ဆက်ပြောလိုက်သည်။ ရီဖူရှင်းက ဓားနန်းတော်၏ နန်းတော်သခင်ကို မတွေ့ဆုံချင်လျှင် သူက မည်သို့ သွားမည်နည်း။
“သူ့ကို စောင့်ကြည့်ကြမယ်” အခြားတစ်ယောက်က ပြောလိုက်သည်။ သူတို့က ရီဖူရှင်းကို ထိခိုက်နာကျင်စေရန် လိုက်ပါလာကြခြင်း မဟုတ်သော်လည်း ကိစ္စရပ်တစ်ခုလုံးကြောင့် သူတို့က အနည်းငယ် စိတ်ဆိုးသလို ခံစားနေကြရသည်။ တစ်ချိန်တည်းမှာပင် သူတို့က ရီဖူရှင်း နတ်နန်းတော်တွင် ကျင့်ကြံရန် မည်သို့ စီစဉ်နေသည်ကို စူးစမ်းလိုကြပေသည်။
ရီဖူရှင်းသည် သူ၏ လမ်းကို ကောင်းမွန်စွာ သွားနေခဲ့သည်။ သူက ဓားနန်းတော်သခင်ကို မတွေ့ချင်ဟု တွေးခဲ့ခြင်းမဟုတ်ဘဲ လိုအပ်သည်ဟု မထင်ခဲ့ခြင်း ဖြစ်သည်။ သူက ဓားနန်းတော်သခင်၏ လက်အောက်တွင် ကျင့်ကြံမည် မဟုတ်သည့်အတွက် အချိန်ဖြုန်းနေရန် မလိုပေ။ နတ်နန်းတော်တွင် နတ်ဘုရားဂုဏ်ရောင်တောင်ကုန်း နှင့် ဓားတရားတောင်ကုန်း တို့ကဲ့သို့ မြင့်မြတ်နယ်မြေ များစွာ ရှိသည်။ ထိုနေရာများ၌ ကျင့်ကြံခြင်းကသာ ပို၍ ကောင်းလိမ့်မည် မဟုတ်ပါလား။
သူက ထိုက်ရွှမ်တောင်မှ လူများနှင့် ဖီးနစ်လေးတို့ကို ချန်ထားရစ်ခဲ့သည်။ သို့မှသာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံရန် အချိန်တချို့ ရလိမ့်မည် ဖြစ်သည်။ ဤနေရာက ကျင့်ကြံရန် အခြေအနေကောင်းများ ရှိသည့်အတွက် သူက အချိန်ဖြုန်းပစ်ရန် မလိုလားပေ။
ထို့နောက် ရီဖူရှင်းက ကျင့်ကြံရန် မတူညီသည့်နေရာများသို့ သွားရောက်ခဲ့သည်။ ဉာဏ်အလင်းပွင့်ခြင်းအတွက် နန်းတော်၊ လမ်းစဉ်ရှာဖွေခြင်းလိုဏ်ဂူတောင် တို့ကို သွားရောက်ခဲ့ပြီး ကျင့်ကြံနေရင်းနှင့် သူသည် နတ်နန်းတော်မှ တပည့်များနှင့် ထိပ်တိုက်တွေ့မှုအချို့ ဖြစ်ပွားခဲ့သည်။
သူက ထိုသို့ ဖြစ်ရန် မရည်ရွယ်ခဲ့သော်လည်း ယခု ရှန်ကျင်းဟူ၍ အမည်က ကျော်ကြားနေပြီ ဖြစ်ရာ နတ်နန်းတော်မှ ပါရမီရှင်များက သူ့ကို ရှာဖွေကာ ယှဉ်ပြိုင်လေ့ကျင့်လိုကြပေသည်။ သူတို့သည် သူ့ကို တိုက်ခိုက်ရန် ဆင်ခြေရှာဖွေနေကြပြီး ရလဒ်က အမြဲ တူညီစွာပင် သူသည် နတ်နန်းတော်မှ တပည့်များကို အညှာအတာမရှိ ရိုက်နှက်ခဲ့သည်။
ထူးချွန်သော အရည်အချင်းရှိ အမျိုးသမီးတစ်ဦးပင်လျှင် သူ၏ ဆိုးဝါးစွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူက ခြွင်းချက်ထား၍ မည်သည့် သနားခြင်းမှ မပြခဲ့ဘဲ လူတိုင်းသည် သူ၏ ရက်စက်မှုကြောင့် ထိတ်လန့်ခဲ့ကြသည်။
အချိန်တခဏအတွင်း ရှန်ကျင်းသည် နတ်နန်းတော်တွင် အလွန်ရက်စက်သည်ဟု နာမည်ဆိုးနှင့် ကျော်ကြားသွားပေသည်။ လူအများသည် သူ့ကို ကြည့်ကာ ရိုက်နှက်ချင်ကြသော်လည်း လူအများစုသည် မအောင်မြင်ကြပေ။ လူတိုင်းသည် နတ်နန်းတော်မှ တစ်ယောက်သာလျှင် ရီဖူရှင်းကို ကျိန်းသေရိုက်နှက်နိုင်လိမ့်မည်ဟု ခံစားလာကြရသည်။
သို့သော် သူက အဘယ့်ကြောင့် လှုပ်ရှားမှု ပြုလိမ့်မည်နည်း။ ယခု သူ၏ ရည်မှန်းချက်မှာ မဟာလမ်းစဉ် နတ်စက်ဝန်းကို ဖန်တီးနိုင်ရန်သာ ဖြစ်ပြီး မဟာလမ်းစဉ် နတ်စက်ဝန်းသည် လွယ်လွယ်ကူကူ ခံစားမိနိုင်ခြင်းမဟုတ်ပေ။ မဟုတ်ပါက သူက လုပ်ဆောင်ပြီးနေပြီ ဖြစ်ပေလိမ့်မည်။ သူက ထူးခြားသော ပမာဏရှိ မဟာလမ်းစဉ် နတ်စက်ဝန်းကို ဖန်တီးချင်နေပြီး သူ၊ ကိုယ်ပိုင်အဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားနေပေသည်။
ယခုတွင် နတ်နန်းတော်မှ ပိုမိုများပြားသော လူများသည် ရီဖူရှင်း၏ လှုပ်ရှားမှုတို့ကို အာရုံစိုက်လာကြပြီ ဖြစ်၏။
ထိုအချိန်တွင် ရီဖူရှင်းသည် အလွန် သာယာလှပသည့် နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ လျှောက်လမ်းကို ဖြတ်လျှောက်ကာ သူ့ ရှေ့တွင် ရေကန်တစ်ခု ရှိနေသည်။ ၎င်းသည် အလွန် ကျယ်ပြောပြီး လမ်းစဉ်ပင်လယ် အသေးစားကဲ့သို့ပင် ဖြစ်သည်။ ရေကန်၏ အဆုံးတွင် အလွန် ထည်ဝါသည့် နန်းတော်တစ်ခု ရှိနေကာ မြင်ကွင်းက အလွန် ရင်းနှီးလှသည်။
ရီဖူရှင်းက စမ်းသပ်ချက်အတွက် လမ်းစဉ်ပင်လယ်ကို သွားသည့်အခါ သူက ဤကဲ့သို့သော ရှုမြင်ကွင်းမျိုး မြင်ဖူးခဲ့သည်။ ထိုနေရာမှ မြင်ကွင်းသည် အနည်းငယ် နူးညံ့သိမ်မွေ့ကာ အိပ်မက်ဆန်ပြီး ဤနေရာတွင် သူ့ရှေ့မှ မြင်ကွင်းသည် ပို၍ အစစ်အမှန်ဆန်သည်။ ထိုသည်မှာ သူ့ရှေ့မှ နန်းတော်သည် အစစ်အမှန် နတ်နန်းတော် ဖြစ်သည်။
“ဒါက ဘယ်နေရာလဲ” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူက ရှေ့သို့ လျှောက်သွားကာ ပင်လယ်စပ်သို့ ရောက်လာသည်။ အရှေ့မှ အလွန်အားကောင်းသည့် လမ်းစဉ်စွမ်းအားများ ပျံ့နှံ့နေကာ သူ့ကို ထိုနေရာသိုဘ ပိုတိုးကာ သွားချင်လာစေရန် ဆွဲဆောင်နေသည်။
သူ့ကို ထိုနေရာမှ တစ်စုံတစ်ခုက ခေါ်နေသယောင် ထင်မှတ်ရသော်လည်း ထိုသည်က သတိပြုမိရန် ခဲယဉ်းပေသည်။ ထိုသည်က အစစ်အမှန်လား အတုအယောင်လား။ သူ ပြောနိုင်ရန်မှာ ခက်ခဲပေသည်။
ထိုနေရာက မည်သည့်နေရာဖြစ်စေ ထူးခြားသာလွန်သော နေရာတစ်ခုဖြစ်သည်ကို သူ သိရှိပေသည်။
ကမ်းစပ်တွင် နန်းတော်မှ လူတစ်စု စုစည်းရောက်ရှိလာပြီး တည်ငြိမ်သည့် အမူအရာတို့နှင့် ရှိနေသည်။
ဓားစွမ်းအားများက အော်မြည်နေပြီး ဓားအဖြစ်သို့ ပြောင်းလဲသွားကာ ဓားသည် လမ်းစဉ်မြစ်အတွင်း သွားရန်ပြင်လိုက်သည်။ ရီဖူရှင်းသည် ရှေ့သို့ လှမ်းလိုက်ပြီး သူ ဆင့်ခေါ်လိုက်သည့် ဓားပေါ်သို့ တက်ကာ လျှောက်လိုက်၏။ သူက လမ်းစဉ်မြစ်ဆီသို့ ဦးတည်မောင်းသွားခဲ့သည်။
ဤနေရာက မည်သည့် နေရာဖြစ်စေ သူသည် နတ်နန်းတော်သို့ တစ်ခါ ဝင်သွားပြီးပါက သူ၏ စိတ်စေစားရာအတိုင်း သွားနိုင်စွမ်းရှိသမျှ မည်သည့်နေရာကိုမဆို သွားလာနိုင်သည်ဟု လမ်းညွှန်သူက သူ့ကို ပြောပြထားပြီးဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ကျင့်ကြံရန်သင့်တော်သည့် နေရာရှာရန် နတ်နန်းတော်အတွင်း ဟိုဟိုဒီဒီ သွားလာနေခြင်း ဖြစ်သည်။ သူ၏ ရည်မှန်းချက်က အလွန် ရိုးရှင်းသည့်အတွက် သူ့ နှလုံးသားအတွင်း မည်သည့် အစွန်းအထင်းမှ မရှိပေ။
ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းနှင့် ကျင့်ကြံခြင်းသာလျှင် ဖြစ်၏။
မဟာလမ်းစဉ် နတ်စက်ဝန်းကို ဖန်တီးနိုင်ရန်မှာ မကြာခင်မှာ ဖြစ်နိုင်ပြီး ရန်ဟောင်အဆင့်သို့ ခြေချနိုင်ရမည် ဖြစ်သည်။
တခြားအရာများကတော့ သူ ရန်ဟောင်အဆင့်သို ဝင်ရောက်သည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။
ရှန့်ထိုအဆင့်သည် သာမန်လူများအကြားတွင် အစွမ်းထက်သော်လည်း ထိပ်သီးအင်အားစုများအကြားတွင် လုံလောက်ရန် လိုအပ်သေးပေသည်။
သို့သော် သူ၏ ပါရမီစွမ်းရည်သည် အချို့သော သာမန်လူများတွင် မရှိနိုင်သည့် ထိပ်သီးများအားလုံး၏ အလယ်တွင် ရှိနေရန် ကံကြမ္မာဖြစ်သည်။
ထို့ကြောင့် ပို၍ အားကောင်းသန်မာလာရန်သာ ရှိသည်။
လမ်းစဉ်မြစ်အတွင်း ရီဖူရှင်း ခြေချလိုက်သည့်အခိုကလအတန်းတွင် နတ်နန်းတော်တစ်ခုလုံး၌ အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး နတ်နန်းတော်အတွင်း အချို့နေရာများတွင် နတ်နန်းတော်မှ တပည့်များ အချင်းချင်း စုဖွဲ့ကာ ပြောဆိုနေကြသည်။
“ရှန်ကျင်းက လမ်းစဉ်ပင်လယ်ထဲကို ဝင်သွားတယ်လား” တစ်စုံတစ်ယောက်က မေးလိုက်သည်။
“အင်း” သူ့ ဘေးမှ တစ်ယောက်က ခေါင်းညိတ်လိုက်သည်။ “ပြောတာတော့ အဲဒီဓားက လမ်းစဉ်ပင်လယ်ထဲ ဝင်သွားတယ်တဲ့”
“သူ့ကို ဘယ်သူမှ မတားဘူးလား” စ ပြောသည့်သူက မေးလိုက်သည်။
“ဘယ်သူမှ”
“နတ်နန်းတော်ရဲ့ ဘိုးဘေးနယ်မြေက အပြင်လူတွေကြောင့် ညစ်ညမ်းသွားတော့မှာလား” ထိုတပည့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ “သူတို့က သူ့ကို မတားဆီးကြဘူးလား”
“နတ်နန်းတော်က အကြီးအကဲတွေလည်း သူတို့အတွေးနဲ့ သူတို့ ရှိကြမှာပေါ့။ ဒါပေမယ့် သူက လမ်းစဉ်ပင်လယ်ကို ဝင်သွားရင်တောင် ရှန်ကျင်းက ဘိုးဘေးခန်းမဆောင်ထဲ ဝင်ဖို့ မဖြစ်နိုင်သေးပါဘူး” သူ့ဘေးမှ လူက အရေးမထားသလို ပြောလိုက်သည်။ “သူ့ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းနေရင်တောင်မှ ဒီနှစ်တွေအတွင်း ဘိုးဘေးခန်းမဆောင်ကို ဘယ်သူ ဝင်နိုင်တယ်လို့များ ကြားမိလို့လဲ”
“သူရှိတယ်လေ” သူ့ဘေးမှ လူက တီးတိုးရေရွတ်လိုက်သည်။ ထို နတ်နန်းတော်၏ ဒဏ္ဍာရီပုဂ္ဂိုလ်သည် လောကထိပ်သီးဖြစ်သည်မှာ မငြင်းပယ်နိုင်သည့် အမှန်တရားပင် ဖြစ်သည်။
“ဟုတ်တယ်။ ဒါပေမယ့် အခု သူက အဲဒီမှာ ရှိတယ်။ ရှန်ကျင်းသွားမယ်ဆို သူ့ရဲ့ စွမ်းအားသိစိတ်နဲ့ တွေ့ဆုံလိမ့်မယ်” သူ့ဘေးမှ လူက ပြောလိုက်သည်။ “ရှန်ကျင်းက နေရာဘယ်လိုရွေးရမလဲ တကယ် သိတာပဲ။ သူက ဘိုးဘေးနယ်မြေကို ရွေးချယ်လိုက်တယ်။ သူပ ပတ်ဝန်းကျင်ကို မမေးဘဲနဲ့ အဲဒီနေရာကို သိတယ်လား”
ထိုအချိန်တွင် နတ်နန်းတော်မှ တပည့်များသာမကဘဲ အရေးပါသည့် ပုဂ္ဂိုလ်များကလည်း ရှန်ကျင်း၏ အပြုအမူများကို အနီးကပ်စောင့်ကြည့်နေကြသည်။
ဓားနန်းတော်တွင် ရီဖူရှင်းအား ဖိတ်ခေါ်ခဲ့သည့် ဓားအင်ပါယာသည် တစ်နေရာ၌ ရပ်နေကာ အဝေးသို့ မျှော်ကြည့်ရင်း မြင့်မြတ်နန်းတော်ကို ရှင်းလင်းစွာ ကြည့်နေခဲ့သည်။
“သူက အဲဒီကို တကယ်သွားတာပဲ” ဓားအင်ပါယာက အနှောက်အယှက် ဖြစ်စွာ ကြည့်နေသည်။ ရီဖူရှင်းသည် ဤရက်များအတွင်း နေရာများစွာကို သွားလာခဲ့ပြီး ယခုမှ သူ့လမ်းကြောင်းကို ရှာတွေ့ခဲ့သည်လား။
“ထူးချွန်တဲ့ လူတွေက ထူးခြားတဲ့နေရာကို သွားလိမ့်မယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူက ဒီနေရာမှာ သူ့ရဲ့ လမ်းကြောင်းကို ရှာတွေ့မယ် ထင်ပါတယ်။ နတ်နန်းတော်မှာ လက်စားချေ တိုက်ခိုက်မှုတွေ ဖြစ်လာရင် တပည့်တွေ အများကြီး သူ့လက်နဲ့ နာကျင်ရလိမ့်မယ်။ သူက သူ့နေရာသူနေဖို့ လိုတယ်” သူ့ဘေးမှ ပုဂ္ဂိုလ်က အပြုံးနှင့် ပြောလိုက်သည်။ သူသည် ရီဖူရှင်းက နှိမ့်ချနေတတ်ရန် မျှော်လင့်နေသည်။
သူက အမှန်တကယ်ပင် စည်းကျော်ခဲ့ပြီး သင်ခန်းစာနည်းနည်းပေးရန် လိုအပ်နေသည်။
မဟုတ်လျှင် သူက နတ်နန်းတော်က မည်သူမှ သူ့ကို မတိုက်ခိုက်နိုင်ဟု အမှန်တကယ် ထင်မှတ်နေပေလိမ့်မည
ထို့ပြင် သူကနေရာအမျိုးမျိုးသို့ သွားရောက်ကျင့်ကြံခဲ့ကာ မကြာခဏ ကြီးစွာသော အကျိုးအမြတ်တို့ ရရှိခဲ့သည်။ သူက တစ်ခါတစ်လေ နှိမ့်ချတတ်ရမည် ဖြစ်ပြီး လိုချင်သမျှကို အလွယ်တကူ မရနိုင်ကြောင်း သိရှိစေခြင်းက ကောင်းပေသည်။
ဓားတရားတောင်ကုန်းတွင် လီတောက်စီ သည် နောက်ဆုံးသော ဓားကို ဖြေရှင်းနေဆဲ ဖြစ်သည်။ ထိုအချိန်၌ နောက်ဆုံးဓားတောင်သည် တောက်ပလင်းလက်နေပြီး ဓားစွမ်းအားများက စီးဆင်းနေပုံရသည်။ ထို့အတူပင် လီတောက်စီ ၏ ခန္ဓာကိုယ်ပေါ်မှ ဓားစွမ်းအားများက ပြင်းထန်စွာ စီးဆင်းနေသည်ဟု လူအများက ခံစားကြရသည်။ သူတို့က ခပ်ရေးရေး ခံစားမိသည်မှာ တိုက်ပွဲပြီးသွားသည့်နောက် လီတောက်စီ က ချိုးဖျက်ရန် တဖြည်းဖြည်း နီးကပ်လာသည်ဟု ထင်မှတ်ရသည်။
လီတောက်စီ သည် ဤနေရာ၌ ဓားကို ဖြေရှင်းနေသော်လည်း ရှန်ကျင်းက လမ်းစဉ်မြစ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ရှိုးရီ ၊ လော့ယွဲ့နှင့် ရာရာသည် ဤနေရာ၌ ဓားများကို ဖြေရှင်းနေဆဲ ဖြစ်သည်။ ထိုအချိန်၌ ဝမ်ရှိုးရီသည် ရာရာ၏ ဘေးသို့ လာရောက်ကာ ပြောလိုက်သည်။ “သူ လမ်းစဉ်ပင်လယ်ထဲ ဝင်သွားပြီတဲ့”
“ကျွန်မ ကြားပါတယ်” ရာရာက ပြန်ဖြေလိုက်သည်။
“နတ်နန်းတော်ရဲ့ လက်ရှိမျိုးဆက်ထဲ အားအကောင်းဆုံးသူက အခု အဲဒီမှာ ရှိနေတယ်။ ကျုပ် ကြားတာတော့ အဲဒီလူက ရန်ဟောင်အဆင့် ဝင်နိုင်နေပေမယ့် မဟာလမ်းစဉ် နတ်စက်ဝန်းကို ပိုပြီး ဖွဲ့စည်းချင်တာကြောင့် မဝင်ရောက်သေးတာတဲ့။ ပြောကြတာတော့ သူက နတ်နန်းတော်ရဲ့ ထိပ်သီးတစ်ယောက်ပဲ မဟုတ်ဘဲ အထက်ကောင်းကင်ဘုံတစ်ခုလုံးက ရန်ဟောင်အတင့်အောက်မှာ ထိပ်သီးပဲတဲ့” ဝမ်ရှိုးရီက ပြောလိုက်သည်။
ရာရာက ပုံမှန်အတိုင်းပင် ကြည့်နေပြီး ဝမ်ရှိုးရီသည် သူမ မည်သည်ကို တွေးနေသည်အား မသိရှိပေ။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။ “လမ်းစဉ်ပင်လယ်ရဲ့ အဆုံးမှာ ထူးခြားဆန်းကြယ်တဲ့ နတ်နန်းတော်ရဲ့ ဘိုးဘေးနယ်မြေရှိနေတယ်။ သူက အဲဒီကိုများ ရောက်သွားမလား။”
“ရှင် ဘာပြောချင်နေတာလဲ” ရာရာက ဝမ်ရှိုးရီကို ကြည့်လိုက်သည်။
“ကျုပ်တို့ သူ့ကို ပြန်လာဖို့ မဖျောင်းဖျသင့်ဘူးလား” ဝမ်ရှိုးရီက ရာရာ့ကို ပြောလိုက်သည်။
ရီဖူရှင်း၏ ပါရမီက ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်ကို အကြွင်းမဲ့ ယုံကြည်သည့်အတွက် ယခင်က သူတို့ ရီဖူရှင်းအကြောင်း များစွာ ကြားခဲ့သေည်လည်း သူတို့ထဲက မည်သူမှ အရေးမစိုက်ခဲ့ကြပေ။ ယခုတွင် သူက အနည်းငယ် စိတ်ပူနေသည်။
အထက်ကောင်းကင်ဘုံ၏ လက်ရှိမျိုးဆက်မှ ထိပ်သီးပုဂ္ဂိုလ်သည် နတ်နန်းတော်၏ ဘိုးဘေးနယ်မြေတွင် ရှိနေသည်။
ရီဖူရှင်းသည် နတ်နန်းတော်မှ တပည့် မဟုတ်သည့်အတွက် သူက ထိုနေရာတွင် မည်သည့် အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရမည်ကို ခန့်မှန်းရခက်ပေသည်။
ရာရာသည် လေးလေးနက်နက် တွေးတောနေသည်။ နတ်နန်းတော်၏ ဘိုးဘေးနယ်မြေတဲ့လား။
သူ၏ မျက်လုံးများထဲ၌ စိုးရိမ်ပူပန်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ရာရာ၏ အမူအရာကို ကြည့်ပြီး သူ့ကဲ့သို့ပင် ရှန်ကျင်း မတော်တဆတစ်ခုခု ဖြစ်မည်ကို ခံစားမိလိုက်သည်။
“တကယ်လို့ ဘိုးဘေးနယ်မြေကြီးတစ်ခုခု ဖြစ်သွားရင် နတ်နန်းတော်က သူ့ကို အပြစ်တင်မှာလား” ရာရာက ဝမ်ရှိုးရီကို မေးလိုက်သည်။
“ဟမ်”
ဝမ်ရှိုးရီက ရာရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။ နတ်နန်းတော်၏ ဘိုးဘေးနယ်မြေက တစ်ခုခု ဖြစ်လိမ့်မည်လား။ ရှန်ကျင်းက တစ်ခုခု ဖြစ်မှာမဟုတ်သည်လား။
ရာရာ၏ မျက်လုံးများထဲ ကြည့်ကာ သူက တွေးလိုက်သည်။ ဒီမိန်းကလေး အတည်ပေါက်ကြီးလားဟ။
“ဘိုးဘေးနယ်မြေက ဘယ်လိုမတော်တဆ ဖြစ်နိုင်လို့လဲ” ဝမ်ရှိုးရီက ပင့်သက်ရှိုက်ကာ မေးလိုက်သည်။
“ဥပမာ ပြိုကျပျက်စီးသွားတာတို့.. တစ်ခုခုပေါ့” ရာရာက ခပ်တိုးတိုး မေးလိုက်သည်။ “အဲဒီလိုဆို နတ်နန်းတော်က ကျွန်မတို့တွေကို အပြစ်တင်မှာလား”
“….”
ဝမ်ရှိုးရီ လုံးဝ ဆွံ့အသွားခဲ့သည်။ သူက ရာရာကို အထူးတဆန်းသဖွယ် ကြည့်လိုက်၏။ သူက ရှန်ကျင်းကို စိတ်ပူနေသော်လည်း ဤမိန်းကလေးက နတ်နန်းတော်၏ ဘိုးဘေးနယ်မြေကို စိတ်ပူနေသည်လား။
ဒါက….
ထိုအတွေးနောက်ကွယ်တွင် မည်သည့် အကြောင်းရင်း ရှိနေသည်လဲ။
ကြည့်ရသည်မှာ ရှန်ကျင်း၏ သူငယ်ချင်းက ပုံမှန်ဟုတ်ပုံမရပေ။
သူက အာရုံကို ပြန်စုစည်းနိုင်သွားသည့်အခါ ခပ်တိုးတိုး ပြောလိုက်သည်။ “ကျုပ်တော့ အဲဒီလိုမထင်ဘူး”
“အိုး” ရာရာက ခေါင်းညိတ်လိုက်သည်။ “ဒါဆို ကျွန်မ ဆက်ပြီး ကျင့်ကြံတော့မယ်”
ဝမ်ရှိုးရီက ရာရာကို ကြည့်ကာ ပြောလိုက်သည်။ “အနှောက်အယှက် ပေးမိတာ အားနာပါတယ်”
ထို့နောက် သူက လှည့်ထွက်သွားတော့သည်။
***