Switch Mode

အပိုင်း(၁၅၄၇)

ဓားတစ်လက်က အရာခပ်သိမ်းကို ဖြတ်တောက်ခြင်း

လီတောက်စီ က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက ဓားခုနစ်ဆယ့်ကိုးလက်ကို နားလည်ထားကြပြီး သူတို့ အသုံးပြုနိုင်ကြသည့် ဓားစွမ်းအားများမှာလည်း တူညီလုနီးပါးပင် ဖြစ်သည်။ ရှုံးနိမ့်ခြင်း အောင်နိုင်ခြင်းကို သူတို့၏ ကိုယ်ပိုင်စွမ်းအားများဖြင့် ဆုံးဖြတ်နိုင်ပေသည်။

လီတောက်စီ ၏ ခန္ဓာကိုယ်က အလွန် တောက်ပလင်းလက်နေသည်။ သူက လက်နှစ်ဖက်နှင့် ချိပ်တံဆိပ်ပုံစံ ဖော်လိုက်ကာ သူ့ခန္ဓာကိုယ်မှ တောက်ပသည့် အလင်းများ လင်းလက်လာသည်။ အဆုံးမဲ့ ဓားချီများက သူ့ပေါ်တွင် စီးဆင်းနေပြီး နတ်ဓား ဖြစ်တည်လာရာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။

ဤဓားဖြစ်တည်လာသည့်အခါ ကောင်းကင်နှင့် မြေကြီးအကြား အဆုံးမဲ့ အော်မြည်သံတို့ ပေါ်ပေါက်လာကာ အရာအားလုံးက ၎င်းကို ဦးညွှတ်လာကြရသည်ဟု ထင်မှတ်ရပေသည်။

ထိုသည်မှာ လီတောက်စီ ၏ ဓားဝိညာဉ်ဖြစ်ပေသည်။ ထိုဓားဝိညာဉ် ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်တွင် ထူးဆန်းသည့် ပုံရိပ်ယောင်များ ပေါ်ပေါက်လာပြီး အဆုံးမဲ့ ဓားအလင်းများ တောက်ပလာသည်။ ရွှေရောင်သင်္ကေတများက အမြင့်မှ ကျဆင်းလာကာ ကျယ်ပြောသည့် နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်။ တစ်ခုချင်းစီတွင် ဓားစွမ်းအားများ ပါဝင်နေသည်။

ဓားဝိညာဉ်က တစစီကွဲထွက်လာသည်။ ဓားတစ်လက်က နှစ်လက်၊ သုံးလက်မှ မရေတွက်နိုင်သည့် ဓားများအဖြစ် ကွဲထွက်သွားကာ မကြာခင်၌ ကောင်းကင်တွင် ဓားစွမ်းအားများနှင့် ပြည့်ဝနေသည့် ဓားတို့ဖြင့် ပြည့်နှက်သွားလေသည်။

ရီဖူရှင်းက သူ့အနီးသို့ ကျဆင်းလာသည့် ဓားများကို ကြည့်လိုက်သည်။ အဆုံးမဲ့ သင်္ကေတများက သူ့ဆီကို စီးဆင်းလာပြီး တောင်ထိပ်ဖျားဆီသို့ ဓားစွမ်းအားများ ဆင့်ခေါ်လိုက်သည်။ လီတောက်စီ ၏ ဓားများက ဓားတရားတောင်ကို ဖုံးလွှမ်းသွားသည်။

ဓားစွမ်းအားများက ရီဖူရှင်းထံ တိုးဝှေ့ ရိုက်ခတ်လာသည်။ သူ၏ ဓားဝိညာဉ်က ပေါ်ပေါက်လာပြီး လီတောက်စီ ၏ ဓားဝိညာဉ်ကဲ့သို့ တောက်ပ မနေသော်လည်း ပို၍ ထက်မြက်သော အရှိန်အဝါရှိကာ သူ့အနီး၌ ကြောက်မက်ဖွယ် ဓားအလင်းတို့ ပေါက်ကွဲထွက်လာသည်။

ခရက်…

ဓားများ၏ စူးရှသော အသံတို့က ချိပ်စည်းသင်္ကေတများနှင့်အတူ လျင်မြန်စွာဖြင့် ရီဖူရှင်းထံသို့ ကျဆင်းလာပြီး ရွှေရောင်ဓားအမှတ်အသားများကို လေထဲတွင် ချန်ရစ်ခဲ့သည်။

ဝုရှ်! ရီဖူရှင်းက မော့ကြည့်လိုက်ပြီး အတွေးတစ်ချက်နှင့် ဓားတစ်လက်က ဓားချီမုန်တိုင်းကို ဖြတ်သွားကာ ကောင်းကင်ကို ဖြတ်ကာ လေကို ထိုးခွင်း၍ စွတ်ကြောင်းတစ်ခု ချန်ရစ်ထားခဲ့သည်။

ဓားနှစ်လက် တွေ့ဆုံသွားသည့် အချိန်တွင် ၎င်းတို့က အချင်းချင်း ဖြတ်သန်းသွားခဲ့သည်။ နှစ်ခုလုံးက အပိုင်းပိုင်း ကွဲထွက်ကာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ကောင်းကင်က ကွဲထွက်သွားကာ ခြောက်ခြားဖွယ် ဆူညံသံများနှင့်အတူ ရွှေရောင်နတ်ဓားများက လေထဲမှ ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့သည်။

ကောင်းကင်ခွဲဓားများ အားလုံးက ရီဖူရှင်းအနီးတွင် ပေါ်ပေါက်လာပြီး ရောက်လာနေသည့် ရွှေရောင်ဓားများကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် ကောင်းကင်ထက်တွင် ရွှေရောင်ဓားများမှာ ဓားမြစ်တစ်စင်းကဲ့သို့ ဖြစ်တည်လာနေပြီး ၎င်းသည် ရီဖူရှင်းထံသို့ တရကြမ်းတိုးဝင်လာနေကာ သူ့အား ဝါးမျိုရန် ကြိုးစားလေသည်။

ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အားလုံးသော ဓားများက သူထံသို တခဏအတွင်း ရောက်ရှိလာတော့မည် ဖြစ်၏။

အစွမ်းထက် ဓားစွမ်းအားများက သူ့ထံမှ ထိုးထွက်လာကာ သူသည် အရာခပ်သိမ်းဖြတ်တောက်ခြင်း ကို ထုတ်လွှတ်လိုက်သည်။ တခဏအတွင်း မရေတွက်နိုင်သည့် သင်္ကေတစာလုံးများက အရာခပ်သိမ်းဖြတ်တောက်ခြင်း နှင့် လေထုအတွင်းသို့ ရိုက်ခတ်သွားခဲ့၏။ ၎င်းတို့သည် လျင်မြန်ရုံသာမက နေရာအနှံကို ခုတ်ပိုင်းလိုက်ကာ ဓားမြစ်ကြီးအား အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။

မရေတွက်နိုင်သည့် လူများက အဝေးမှ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့နှစ်ဦး တိုက်ခိုက်နေသော နေရာသည် ဓားများဖြင့် လွှမ်းမိုးထားခြင်းကို ခံထားရပေသည်။

“ဒီဓားစွမ်းအား…” စောင့်ကြည့်နေသည့် တန်ခိုးရှင်များက ဆွံ့အသွားကြသည်။ ထိုဓားများမှ မည်သည့်ဓားမဆို ပြန်လည်မွေးဖွားခြင်းအဆင့်ကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိပေသည်။ အလွန်များပြားသည့် ထိုဓားများ ကျဆင်းလာသည်နှင့် ၎င်းတို့သည် ရှန့်ထိုအဆင့် စစ်တပ်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

၇၉ချက်ဓားတောင်ကုန်းသည် သူတို့နှစ်ဦးနှင့် တသားတည်းဖြစ်နေကာ ဓားစွမ်းအားက ကောင်းကင်ထက်တွင် လွှမ်းမိုးထားသည်။

လီတောက်စီ က ရီဖူရှင်းကို ကြည့်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူသည် လေထဲတွင် မျောလွင့်သွားပြီး အဆုံးမဲ့ ဓားစွမ်းအားများက သူ့အနီးတွင် စုစည်းလာကာ သူ၏ ဓားဝိညာဉ်အတွင်း တိုးဝင်ပေါင်းစပ်လာ၏။ တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သည့် နတ်ဓားများက သူ၏ ဓားဝိညာဉ်အနီးတွင် ပေါ်ပေါက်လာသည်။ ၎င်းတို့အားလုံးသည် အတွေးတစ်ချက်နှင့်ပင် ရှေ့သို့ လျင်မြန်စွာ ထိုးထွက်သွားခဲ့၏။

ဟူး…

ဓားများ ကျဆင်းလာပြီး သူတို့သည် ဓားကမ္ဘာကြီးအတွင်း ရောက်သွားပြီး ကပ်ဘေးကြီး ဆိုက်ရောက်လာသည်ဟု ထင်မှတ်ကြရပေသည်။ ကောင်းကင်မှ ကျဆင်းလာသည့် ကြီးမားသော ကောင်းကင်ဖြတ်တောက်ခြင်းဓားအလင်းသည် ရီဖူရှင်းထံသို့ တိုးဝင်လာနေသည်။

အဆုံးမဲ့ ဓားစွမ်းအားများက ရီဖူရှင်း၏ အထက်တွင် အော်မြည်နေပြီး အရာခပ်သိမ်းဖြတ်တောက်ခြင်း သူ၏ အနီးတွင် လွှမ်းခြုံထားသည်။ သူက သူ၏ ဓားဝိညာဉ်ကို လက်နှစ်ဖက်နှင့် မ လိုက်ကာ ကောင်းကင်ကို ခုတ်ပိုင်းလိုက်သည်။ ဓားစွမ်းအားများက တန်ပြန် စီးဆင်းသွားကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရွှပ်… ရွှပ်…

ဓားများ၏ ကြောက်မက်ဖွယ် ထိခတ်သံက ထွက်ပေါ်လာကာ လေထုထဲတွင် ဓားခုတ်ပိုင်းရာများ ဖြစ်ပေါ်လာသည်။ ကောင်းကင်မှ ကျဆင်းလာသည့် နတ်ဓားတစ်လက်သည် တန်ပြန်စီးဆင်းလာသည့် ဓားစွမ်းအားများကို ဖြတ်ကာ ၎င်းကို ရပ်တန့်နိုင်ရန် အားလုံးသော ခုခံရေး နည်းစနစ်များကို အသုံးပြုခဲ့ပေသည်။ တစ်ဒင်္ဂနတ်ဓားမုန်တိုင်းသည်ပင် ၎င်းကို နှောင့်နှေးစေခဲ့ခြင်း မပြုနိုင်ပေ။ ၎င်းသည် လျှပ်တပြက်ဓားမုန်တိုင်းကို ဖြတ်သန်းကာ ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့သည်။

“လီနတ်ဓားမိသားစုရဲ့ နတ်ဘုရားကဒ်ဘေးဓားက အရှင်ထိုက်ရွှမ်ရဲ့ တစ်ဒင်္ဂနတ်ဓားနဲ့ ဆန့်ကျင် ယှဉ်ပြိုင်နေတယ်။ ဘယ်တစ်ခုက ပိုပြီး အားကောင်းမလဲ” လူတိုင်းသည် သူတို့ မျက်လုံးရှေ့မှ ခမ်းနားသော မြင်ကွင်းကို စောင့်ကြည့်နေကြရင်း တုန်ယင်နေပေသည်။ သူတို့သည် ဤ ပြိုင်ဘက်နှစ်ဦးအနက် မည်သူက ပို၍ အားကောင်းသည်ကို မြင်တွေ့လိုနေကြပေသည်။

နတ်ဘုရားကဒ်ဘေးဓားသည် လီနတ်ဓားမိသားစု၏ အစွမ်းထက်ဆုံး နည်းစနစ်ဖြစ်သော်လည်း ယခု လီတောက်စီ အသုံးပြုနေသည်မှာ ပို၍ပင် သာလွန်ကာ အားကောင်းလှသည်။ သူသည် နတ်နန်းတော်တွင် သင်ယူလာခဲ့သည်များကို ၎င်းနှင့် ပေါင်းစပ် အသုံးပြုနေခြင်း ဖြစ်သည်။ ဓားမြစ်ကြီးအတွင်းမှ ဓားချိပ်တံဆိပ်တစ်ခုချင်းစီတွင် ဖွင့်ဆို၍မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းလှသည့် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေသည်။

နတ်ဘုရားကဒ်ဘေးဓားက မုန်တိုင်းကို ဖြတ်ကာ ထိုးဖောက်လာသည်ကို မြင်သည့်အခါ ရီဖူရှင်း၏ မျက်လုံးများက အေးစက်လာသည်။ သူက ကောင်းကင်သို့ ညွှန်ပြလိုက်ပြီး တစ်ဒင်္ဂနတ်ဓားများက ရုတ်တရက် ပျက်စီးသွားပြီးနောက် ပြန်လည်ဖြစ်တည်လာကာ လီတောက်စီ ထံသို့ တိုးဝင်သွားခဲ့သည်။

တစ်ဒင်္ဂနတ်ဓားများက နတ်ဘုရားကဒ်ဘေးဓားတို့အား မဖျက်ဆီးနိုင်သော်လည်း ထို့အတူပင် နတ်ဘုရားကဒ်ဘေးဓားများကလည်း တစ်ဒင်္ဂနတ်ဓားတို့အား မဖျက်ဆီးပစ်နိုင်ပေ။

သူတို့နှစ်ယောက်လုံးသည် မတူညီသည့် ဓားနည်းစနစ်များကို အသုံးပြုနေသည်။ သူတို့၏ တိုက်ခိုက်မှုများသည် အချင်းချင်း ဖျက်ဆီးပစ်နေကြသော်လည်း သူတို့သည် တစ်ဖက်လူ၏ ခုခံကာကွယ်မှုကို ထိုးဖောက်နိုင်ခြင်း မရှိကြပေ။

လီတောက်စီ သည် လာနေသည့် ဓားများကို ကြည့်လိုက်သော်လည်း သူ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်က ဓားနတ်ဘုရားကဲ့သို့ ပြောင်းလဲသွားကာ အဆုံးမဲ့ ဓားစွမ်းအားများက သူ့ထံမှ အားကောင်းလှစွာ ပေါက်ကွဲထွက်လာသည်။ ဓားစွမ်းအားများက သူ၏ သွေးကြောများကို ဖြတ်ကာ စီးဆင်းနေပြီး သူ၏ အရိုးများအတွင်း ဓားအမှတ်အသားတို့ ထွင်းထုထားသကဲ့သို့ ပေါ်ပေါက်လာသည်။ သူ၏ တစ်ကိုယ်လုံးက ဓားတစ်လက်ကဲ့သို့ ထင်မှတ်လာရပေသည်။

သူ၏ ထောင်သောင်းချီသော ဓားများက တစ်နေရာတည်းသို့ စုစည်းလာကာ သူ့ထံမှ အလွန် တောက်ပသည့် အလင်းတို့ လင်းလက်လာသည်။ သူက တစ်ဒင်္ဂနတ်ဓားကို မတားဆီးနိုင်လျှင် မည်သို့လုပ်မည်နည်း။

ခရက်…

နတ်ဓားအလင်းက သူ့ကို ဖြတ်သန်းထိုးဖောက်လာနေသော်လည်း သူက မည်သည့် အနှောက်အယှက်မှ မဖြစ်သကဲ့သို့ပင် ဖြစ်သည်။ မရေတွက်နိုင်သည့် ဓားချိပ်စည်းသင်္ကေတများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာ ပေါ်ပေါက်လာပြီး ပြင်းထန်သည့် ဓားစွမ်းအားတို့အား ပေးစွမ်းကာ တိုးဝင်လာနေသည့် ဓားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ပြင်းထန်သည့် ဖျက်ဆီးခြင်းမုန်တိုင်းအလယ်မှာပင် သူသည် ရီဖူရှင်းကို စိုက်ကြည့်နေဆဲဖြစ်သည်။ သူက ဓားခန္ဓာကို ဖွဲ့စည်းပြီးဖြစ်ကာ တစ်ဒင်္ဂနတ်ဓားများက သူ့ကို မည်သည့်အခါမှ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ရီဖူရှင်းက နတ်ဘုရားကဒ်ဘေးဓားအား ခံနိုင်ရည် ရှိမည်လား မြင်တွေ့ချင်ပေသည်။

“မဟာလမ်းစဉ်ဓားခန္ဓာ” လူတိုင်းသည် လီတောက်စီ ကို ကြည့်နေကြရင်း တုန်ယင်လာသည်။ မြင်ကွင်းကား အံ့မအခန်း။ ဓားသမားနှစ်ယောက် တိုက်ခိုက်ကြသော်လည်း ထိုသည်မှာ ဓားနှစ်လက်ကြားမှ တိုက်ပွဲမဟုတ်ဘဲ လူတစ်ယောက် ဓားတစ်လက်ကြားမှ တိုက်ပွဲဖြစ်လေသည်။

ရီဖူရှင်းသည် သူ့ထံလာနေသည့် နတ်ဘုရားကဒ်ဘေးဓားကို စောင့်ကြည့်နေရင်း သူ့ပုံရိပ်က လျှပ်တပြက် လှုပ်ရှားသွားကာ ရှိနေသည့်နေရာမှ ပျောက်ကွယ်သွား၏။

နတ်ဘုရားကဒ်ဘေးဓားသည် သူ့နောက်သို့ မလွတ်တမ်းလိုက်နေသည်ဟု ထင်မှတ်ရသော်လည်း ရီဖူရှင်းသည် ဓားတစ်လက်ကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားကာ ကောင်းကင်အမြင့်ဆုံးသို့ ပျံသန်းတက်သွားလေသည်။

“လီတောက်စီ က သူ့ဓားကို ခံနိုင်ရည် ရှိပေမယ့် ရှန်ကျင်းက လီတောက်စီ ရဲ့ ဓားကို ထိပ်တိုက်ရင်မဆိုင်ရဲတာများလား” တစ်ယောက်က မေးလိုက်သည်။ သို့သော် ရီဖူရှင်းသည် ရီဖူရှင်းက မဟာလမ်းစဉ် ဓားခန္ဓာကို မဆင့်ခေါ်နိုင်သည့်အတွက် ၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။

သို့ပေမယ့် ရှန်ကျင်းက အလွန်မြန်၏။ သူက မဟာလမ်းစဉ် လေဟာနယ်စွမ်းရည်ကိုလည်း ကျွမ်းကျင်၏။

ဝှီး…

နတ်ဘုရားကဒ်ဘေးဓားသည် လီတောက်စီ ထံသို့ ပြန်လှည့်ပျံသန်းသွားကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီး ဓားဝိညာဉ်နှင့် ဆက်သွယ်သွားခဲ့သည်။ သူ၏ ဓားစွမ်းအားက ပို၍ ကြောက်မက်ဖွယ်ရာ အားကောင်းလာသည်။ သူသည် ပြိုင်ဘက်၏ လျှပ်တပြက်နတ်ဓားက သူ၏ သက်စောင့်ဝိညာဉ်ကို ခြိမ်းခြောက်လာခဲ့တာကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် ဓားဝိညာဉ်ကို ပြန်ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။

ရီဖူရှင်းသည် ကောင်းကင်၏ အမြင့်ဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့ပြီး တောင်ထိပ်ဖျားနှင့် အညီဖြစ်လာခဲ့သည်။ သူက လီတောက်စီ ကို ကြည့်လိုက်သည်။ သူက ခုခံမှုအပိုင်းတွင် အလွန် ပေါက်မြောက်စွာ ကျင့်ကြံခဲ့တာကြောင့် တစ်ဒင်္ဂနတ်ဓားသည်ပင် သူ့ကို ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ပေ။

သူက မဟာလမ်းစဉ်ဓားခန္ဓာ ရှိသည့်အတွက် သူ၏ အသွေးအသားများသည် သန့်စင်သည့် စွမ်းအားများနှင့် ဖွဲ့စည်းထားခဲ့သည်။ သူက ရှန့်ထိုအဆင့်၏ အကန့်အသတ်ကိုပင် ရောက်ရှိနေပြီဖြစ်၏။

လီတောက်စီ ၏ အသွေးအသားများက မဟာလမ်းစဉ်နှင့် ရောစပ်နေခဲ့သည်။ သူက ရီဖူရှင်းကို မော့ကြည့်လိုက်သည်။ ရီဖူရှင်းက သူ၏ ဓားကို ရှောင်တိမ်းရန် ကြိုးစားနေသည်လား။

သူက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ဓားဝိညာဉ်မှ မဟာလမ်းစဉ် ဓားစွမ်းအားများကို ခံစားကြည့်လိုက်သည်။ ဓားထိပ်ဖျားများပေါ်မှ နှိုင်းယှဉ်မရအောင် တောက်ပသည့် အလင်းများ လင်းလက်လာပြီး များပြားလှသော နတ်ဓားများ ထိုးထွက်လာကာ လေထဲတွင် မျောလွင့်၍ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

လျှပ်တပြက်အတွင်း နေရာတစ်ခုလုံးကို နတ်ဓားပျံများ ဖုံးလွှမ်းသွားခဲ့သည်။

“နှစ်မြုတ်ခြင်းဓားစွမ်းရည်” နတ်နန်းတော်မှ တပည့်များ၏ နှလုံးသားက တုန်ယင်သွားသလို ခံစားလိုက်ကြရပေသည်။

ထို့ပြင် ထိုသည်က အဆုံးသတ်မဟုတ်သေးပေ။ လီတောက်စီ သည် ဓားချိပ်တံဆိပ်များကို ဆက်လက် ထုတ်ဖော်နေပြီး လေထုကို ဖြတ်၍ အကန့်အသတ်မဲ့ ပျံသန်းလာကြသည်။ ရုတ်တရက် ထိုဓားစွမ်းအားများအတွင်း မရေတွက်နိုင်သည့် ဓားများ ပေါ်ပေါက်လာပြီး ၎င်းတို့အားလုံးက ရီဖူရှင်းထံ တိုးဝင်လာသည်။ ၎င်းတို့မှ ဓားအလင်းများ စီးဆင်းလာပြီး လေထုကိုပင် ခွဲခြမ်းပိုင်းဖြတ်ရန် စွမ်းအား အလုံအလောက် ပါဝင်ပေသည်။

“မာယာဓား…” လူတိုင်းသည် နောက်တစ်ကြိမ် တုန်ယင်သွားကြပေသည်။ လီတောက်စီ သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး လူတိုင်းသည် ဓားများအကြား၌ လူသားပုံရိပ်တို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ကြရ၏။ ဤလူသားပုံရိပ်များသည် ဓားများနှင့် ပေါင်းစပ်ရောယှက်ကာ လေထုကို ဖြတ်သန်း၍ ပျံသန်းလာသည်။

“အသွင်ပြောင်းဓားစွမ်းရည်” နတ်နန်းတော်မှ တပည့်များသည် သူတို့၏ ကျောရိုးထဲမှပင် တုန်လှုပ်လာကြသည်။ ထိုသည်မှာ လမ်းစဉ်ဝိညာဉ်ကို ဖော်ထုတ်နိုင်သူသာလျှင် ထုတ်ဖော်အသုံးပြုနိုင်သည့် နည်းစနစ် ဖြစ်ပေသည်။ လီတောက်စီ သည် ထိုသို့ပြုလုပ်နိုင်ရန် ခြေတစ်လှမ်း လိုနေဦးမည်ဖြစ်သော်လည်း သူက အသွင်ပြောင်းဓားကို အသုံးပြုထုတ်ဖော်နိုင်နေပြီ ဖြစ်သည့်အတွက် သူက အကန့်အသတ်ကို ချိုးဖျက်နေနိုင်ပြီဟု ဆိုလိုပေသည်။

သူက ရှန်ကျင်းနှင့် တိုက်ခိုက်ရင်းဖြင့် နောက်တဆင့်သို့ ချိုးဖျက်နိုင်ရန် သူ့ကိုယ်သူ စမ်းသပ်နိုင်ပေသည်။

အဆုံးတွင် ထောင်သောင်းချီသည့်ဓားများက ရီဖူရှင်းထံသို့ ဦးတည်နေပြီး သူ့ကို ဓားများအတွင်း နှစ်မြှုပ်လိုက်သည်။

“ဒီဓားက ဘယ်လိုလဲ” လီတောက်စီ က ရီဖူရှင်းကို မေးလိုက်သည်။ ယခင်က ရီဖူရှင်းသည် သူ၏ ဓားကို ရှောင်တိမ်းနိုင်သော်လည်း ဤတစ်ခုကို သူက မည်သို့ ရှောင်တိမ်းနိုင်လိမ့်မည်နည်း။

“မင်းမှာ ဓားတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒါအကုန်လုံးက တော်တော် မျက်စိနောက်စရာကောင်းတယ်။ မင်းက ဓားလမ်းစဉ် ကျင့်ကြံတယ်ဆိုမှတော့ ဓားတစ်ချက်က ဓားတစ်ထောင်ကို ဖျက်ဆီးနိုင်တယ်ဆိုတာ သိသင့်တယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

လီတောက်စီ က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “မင်း သက်သေပြသင့်တယ်”

ဓားတစ်လက်က ဓားတစ်ထောင်ကို ဖျက်ဆီးနိုင်သည်လား။ ထိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သူက ဓားအများကြီး ဖန်တီးထားခဲ့ကာ ထိုအထဲမှ မည်သည့်ဓားကမှ ပညာရှင်၏ အပြောင်မြောက်ဆုံး ဓားသွားထက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။

တိုက်ပွဲကို စောင့်ကြည့်နေသူများသည်ပင် ရီဖူရှင်းက အလွန် လေကျယ်သည်ဟု တွေးမိလိုက်ကြသည်။ သူက အမှန်တကယ်ကို လီတောက်စီ ၏ ဓားများက မျက်စိနောက်စရာကောင်းသည်ဟု တွေးနေသည်လား။ သူ ထုတ်ဖော်ဖန်တီးထားသမျှ ဓားတစ်ခုချင်းစီတိုင်းက အလွန် အစွမ်းထက်အင်အားများ ကိန်းအောင်းနေပေသည်။

ရှန်ကျင်းက မည်သို့ ဓားတစ်လက်တည်းနှင့် ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်နိုင်မည်နည်း။

သူ၏ တစ်ဒင်္ဂနတ်ဓား၏ စွမ်းအားက လုံလောက်ခြင်းမရှိပေ။ ၎င်းသည် လီတောက်စီ ၏ ဓားနည်းစနစ်ကို ရှုံးနိမ့်စေနိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။

ရီဖူရှင်းက သူ့အနီးတွင် စီးဆင်းနေသည့် ဓားစွမ်းအားများကို ကြည့်လိုက်သည်။ ဓားသွားတိုင်း၏ ထိပ်ဖျားများတွင် ဓားအလင်းတို့ တောက်ပနေသည်။

“ဓားတွေ လာခဲ့စမ်း” ရီဖူရှင်းက ခေါ်လိုက်သည်။ ရုတ်တရက် တောင်ထိပ်ဖျားမှ မရေတွက်နိုင်သော ဓားများက သူ့ဆီ ပျံသန်းလာပြီး သူ၏ အထက် လေထုထဲတွင် ဝိုင်းပတ်ပျံနေသည်။ စောင့်ကြည့်နေသည့် လူများသည် ရှစ်ဆယ်ခုမြောက်အပါအဝင် တောင်ထွတ်များ လင်းလက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။

“ဒါက…” လူတိုင်းက ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူက ရှစ်ဆယ်မြောက် ဓားကိုပင် နားလည်သဘောပေါက်နေခဲ့သည်လား။ သို့ဆိုလျှင် တစ်ခုသာ ကျန်တော့ပေသည်။

ချက်ချင်းပင် ထိုရှစ်ဆယ်မြောက်သော ဓားသွားထိပ်ဖျားက လင်းလက်လာကာ မရေတွက်နိုင်သည့် ဓားများက အော်မြည်တုန်ခါလာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် တသားတည်း ဖြစ်လာခဲ့၏။ ကြောက်မက်ဖွယ် ဓားစွမ်းအင်မုန်တိုင်းက ကောင်းကင်ကို ဖြတ်သန်းရစ်ပတ်လာသည်။

“မူလဇာတိသို့ ပြန်လာခြင်း”

မရေတွက်နိုင်သည့် ဓားများက တူညီသည့် အရှိန်နှုန်းဖြင့် အချင်းချင်း ပေါင်းစပ်နေကြပြီး ရုတ်တရက် ကြီးမားသော ဓားစွမ်းအားတို့ ပေါက်ကွဲထွက်လာကာ ကောင်းကင်ထက်ရှိ အားလုံးသောဓားများသည် တချွင်ချွင် တချွမ်ချွမ် ထိခတ်မိသံများ ထွက်ပေါ်လာ၏။

“တိုက်…” လီတောက်စီ က အော်လိုက်သည်။ သူ၏ ဓားများက ကောင်းကင်ကို ဖုံးလွှမ်းသွားသော်လည်း ထိုအချိန်တွင် ကြောက်မက်ဖွယ် ဓားစွမ်းအားမုန်တိုင်းက ရီဖူရှင်း၏ ဓားမှ ဖြစ်တည်လာသည်။

ဘန်း… ဘန်း… ဘန်း…

အားလုံးသော ဓားများက မြူမှုန်များအဖြစ် ကြေမွသွားသည်။ ကောင်းကင်ရှိ ဓားတိုင်းက ဖျက်ဆီးခံလိုက်ရ၏။

လူတိုင်းသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ရီဖူရှင်း၏ ဓားက မည်မျှ အားကောင်းနေသည်လဲ။

ရီဖူရှင်းသည် လက်နှစ်ဖက်နှင့် ချိပ်စည်းသဏ္ဌာန်ပုံဖော်လိုက်ပြီး မရေတွက်နိုင်သော ဓားပုံရိပ်များသည် မျက်စိနှင့် မကြည့်နိုင်လောက်အောင် လင်းလက်လာပြီး အချင်းချင်း ပေါင်းစပ်သွားသည်။

ထိုအချိန်၌ ၎င်းသည် ဓားတစ်လက်တည်းဟု ထင်မှတ်ရပေသည်။

“သွား” ရီဖူရှင်းက ပြောလိုက်လျှင် ဓားက ထိုးထွက်သွား၏။

ဓား၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ လီတောက်စီ ရှေ့မှ နတ်ဘုရားကဒ်ဘေးဓားသည် ၎င်းနှင့် ထိပ်တိုက်တွေ့ဆုံရင်ဆိုင်ရန် ထိုးထွက်လာသော်လည်း တိုးဝင်လာသည့် ဓားကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရလေသည်။

ဓားက ၎င်း၏ ပန်းတိုင်ကို ရောက်ရှိသွားပြီး လီတောက်စီ ၏ နဖူးရှေ့၌ ထွက်ပေါ်လာလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset