Switch Mode

အပိုင်း(၁၅၃၈)

ပြိုင်ဘက်ကင်း

ထိုအချိန်တွင် အစွမ်းအထက်ဆုံးတပည့်ဖြစ်သော လူချင်းယောင်ရှေ့သို့ထွက်လာသည်။ သူ၏အစွမ်းသည် ထူးခြား သည်။ သူသည် တစ်ဒင်္ဂဓါးသိုင်းကို အတန်ကြာအောင် ခုခံနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သတ်ဖြတ်ခြင်း ဓားချက်များကို မတားဆီးနိုင်တော့ပေ။

ရီဖူရှင်းသည် အောက်ဘက်သို့ ဆက်လက်ဆင်းလာသည်။ သူ၏ဓါးသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည်။ ရွှေရောင်နတ်ပြည်ထောင်မှလူများထဲတွင် ကိုက်ရှီမှလွဲ၍ ကျန်သူများမှာ ရှုံးနိမ့်သွားပြီဖြစ်သောကြောင့် သူတို့သည် တိုက်ခိုက်ဖို့ရန် မဖြစ်နိုင်တော့ပေ။ သူတို့ထဲကလူတစ်ချို့သည် လမ်းစဉ်သစ်သီးကို ရယူရန် ကြိုးစားခဲ့ကြ သော်လည်း  ရီဖူရှင်း၏ဓါးချက်များကြောင့် အထိတ်တလန့်ဆုတ်ခွါသွားကြသည်။ သူတို့သည်အတွင်းဒဏ်ရာများ ရရှိသွားသော်လည်း အချိန်တိုအတွင်းမှာ ပြန်လည်ကောင်းမွန်သွားကြသည်။

ဓါးများသည် သိမြင်နားလည်ခြင်းသစ်ပင်တစ်ခုလုံးအား လွှမ်းခြုံထားသောကြောင့် သစ်ပင်အောက်ရှိလူများသည် ထိတ်လန့်တကြား ဆုတ်ခွါသွားကြသည်။ သူသည်သစ်ပင်တစ်ပင်လုံးကို နတ်ဘုရားနန်းတော်မှ ထိပ်တန်း တပည့်များကိုပင် မျှဝေခြင်းမရှိဘဲ အပိုင်စီးရန် ကြိုးစားနေသည်လား။

“သူကအရမ်းထောင်လွှားနေတာပဲ” သူတို့အားလုံး မှတ်ချက်ချလိုက်ကြသော်လည်း ရီဖူရှင်းတွင် ထိုသို့ပြုမူရန် အခွင့်အရေးရှိပေသည်။ သူပြသနေသော စွမ်းအားသည် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ပြီး ယခုအချိန်ထိ တစ်ယောက်တည်းသာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူရှိလေသည်။ ကိုက်ရှီသာ သူ့အားအနိုင်မယူနိုင်လျှင် မည်သူမျှ အနိုင်ရနိုင်မည်မဟုတ်ပေ။

အစွမ်းထက်သော နတ်ဘုရားများသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အောက်ဘက်ရှိ အရာအားလုံးကို ဖျက်ဆီးနေသကဲ့သို့ဖြစ်သည်။ မဟာလမ်းစဉ်မှစွမ်းအားတစ်ခုပေါက်ကွဲထွက်လာပြီး ရီဖူရှင်းအား လွှမ်းခြုံ သွားသည်။ နတ်ဘုရားများသည် တစ်စုံတစ်ခုကို ရွတ်ဆိုနေကြပြီး ထိုကောင်းကင်တစ်ဝိုက်တွင် ရွှေဝါရောင် ဖိအားများဖြစ်ပေါ်လာကာ ကိုက်ရှီ၏ အရှိန်အဝါများ မြင့်တက်လာသည်။ ထိုအခြေအနေတွင် ပြန်လည် ရှင်သန်ခြင်းအဆင့်တွင် သူနှင့်ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာရှိပေသည်။ အခြေခံအားဖြင့် သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာသောကြောင့် ရန်ဟောင်ကိုယ်ခန္ဓာအား ဖန်တီးမည်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်ထက် အားကောင်း နိုင်မည် မဟုတ်ပေ။

ကိုက်ရှီသည် ရွှေရောင်နတ်ဘုရားလှံကိုကိုင်ဆောင်ကာ ဓါး၏ဖိအားကို ရင်ဆိုင်လိုက်သည်။ သူသည်သာမက နတ်ဘုရားပုံရိပ် အားလုံးသည်လည်း နတ်ဘုရားလှံများကို ကိုင်ဆောင်ထားကြပြီး တစ်ပြိုင်နက် ကြွေးကြော် လိုက်ကြကာ ဖျက်ဆီးခြင်းစွမ်းအားများ ဖေါ်ထုတ်လိုက်ကြသည်။ ထိုပုံရိပ်သည် ကိုက်ရှီအား ကမ္ဘာပေါ်ရှိ မည်သူကမျှ ရပ်တန့်စေနိုင်မည်မဟုတ်ဟု ထင်ရပေသည်။

ရီဖူရှင်းလို ပြိုင်ဘက်ကင်းပါရမီရှင်ပင်လျှင် ထိုနတ်ဘုရားများ၏ ဂါထာမန်းမှုတ်ခြင်းကို လေးစားရပေသည်။ ရွှေရောင်အလင်းတန်းများသည် ကောင်းကင်လိုက်ကာပုံသဏ္ဍာန်တစ်ခု ဖြစ်တည်လာသည်။ ထိုလိုက်ကာကြီး သည် ရီဖူရှင်းအား မလွတ်မြောက်နိုင်အောင် ဖုံးလွှမ်းသွားသည်။ ကောင်းကင်ပေါ်ရှိ အဆုံးမဲ့ ရွှေရောင် အလင်းတန်း များသည် မှော်ဆန်သော ရွှေရောင်လှံတံများပုံသဏ္ဍာန်များအသွင်ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကိုက်ရှီ လည်း လှုပ်ရှားလာသည်။ အစစ်အမှန်နတ်ဘုရားများသည် ကြွေးကြော်သံများနှင့်အတူ သူတို့၏လှံများကို အောက်သို့ ထိုးစိုက်လိုက်ကြသည်။ ကြွေးကြော်သံတို့ ရိုက်ခတ်သွားသည့် နေရာတိုင်းမှ အရာအားလုံး ပျက်စီးသွား ကြသည်။

“သူ့ရဲ့စိတ်စွမ်းအားကအရမ်းအစွမ်းထက်တယ် ပြန်လည်ရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတွေက တိုက်ကွက် တစ်ကွက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

အောက်ဘက်မှ တိုက်ပွဲကိုကြည့်နေသူများသည် တိုက်ပွဲ၏ပြင်ပတွင်ရှိနေကြသော်လည်း သတ်ဖြတ်ခြင်းစွမ်းအား နှင့် ထိတ်လန့်ဖွယ်ရာ စိတ်စွမ်းအားတို့ကို ခံစားမိကြရာ အတွင်းစိတ်ထဲတွင် တုန်လှုပ်သွားမိကြသည်။ ၎င်းသည် သူတို့ခံနိုင်သည့် အကန့်အသတ်ထက် ကျော်လွန်သွားပြီသည်။ သူတို့ထဲတွင် ပြန်လည်ရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများရှိသော်လည်း ထိုတိုက်ကွက်တစ်ခုတည်းနှင့်ပင် သူတို့ သေဆုံးသွားနိုင်သည်ဟု တွေးထင်မိ လိုက်ကြသည်။

ထိုက်ရွှမ်တောင်မှဓားသမားသည် အရှင်ထိုက်ရွှမ်၏ တစ်ဒင်္ဂဓါးသိုင်းအား နားလည်ထားသော်လည်း နတ်ဘုရား ကြွေးကြော်သံများနှင့် သူတို့၏လှံချက်များကို ပြန်လည်တိုက်ခိုက်နိုင်ပါမည်လော။

ရီဖူရှင်းသည် သူ၏ခန္ဓာကိုယ်အား မဟာလမ်းစဉ်၏စွမ်းအားဖြည့်တင်းကာ လေထဲတွင်ရပ်နေသည်။ သူ၏ ကမ္ဘာ့ သစ်ပင်သည် လှုပ်ရမ်းသွားပြီး သူယခင်ကစုပ်ယူထားသော စိတ်စွမ်းအားများသည် ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာကာ သူ၏ဓါးဖြင့်ပေါင်းစည်းသွားသည်။ သူ၏ကိုယ်တွင်း၌ မြင့်မြတ်သော မီးပြင်းဖိုကြီးတစ်လုံး ပေါ်လာပြီးမဟာလမ်းစဉ်၏စွမ်းအားများကိုပိုမိုကောင်းမွန်အောင်သန့်စင်လိုက်သည်။ သို့သော် သူ့အား ရွှေရောင် အလင်းတန်းများကဖုံးလွှမ်းထားသည်ဖြစ်ရာ စောင့်ကြည့်နေသူများသည် မည်သို့ဖြစ်ပျက်နေသည်ကို မတွေ့နိုင် ကြပေ။

ကိုက်ရှီသည် ကောင်းကင်အာဏာစက်ဘုံ၏အိမ်ရှေ့မင်းသား ရင်ထျန်းယုထက် အားမနည်းပေ။ ထိုအချိန်တွင် ရီဖူရှင်းသည် နတ်ဘုရားများ၏ကြွေးကြော်သံနှင့် လှံတံများ၏ ညှပ်ပူးတိုက်ခိုက်မှုများ၏ ဖိအားကို ခံစားလိုက်ရသည်။ သို့သော် ပြောင်းပြန်အနေဖြင့် နတ်ဘုရားကြွေးကြော်သံများသည် မိုးကောင်းကင်၏ မဟာလမ်းစဉ်၏စွမ်းအားများကိုစုစည်းစေပြီး ကိုက်ရှီ၏ ကိုယ်ရောင်ကိုယ်ဝါများပိုမိုမြင့်တက်လာစေသည်။ သူသည် အမှန်တကယ်ပင် အစွမ်းထက်ပေသည်။

ရီဖူရှင်းအားကြည့်ရသည်မှာ ကောင်းကင်ကြီးအား လွှမ်းမိုးချုပ်ကိုင်ထားသည့်ပုံပေါ်နေလေသည်။ ရုတ်တရက် သူ၏လက်ထဲတွင် လင်းလက်တောက်ပသော နတ်ဘုရားဓါးများ ထွက်ပေါ်လာသည်။ ထိုဓါးတစ်ချောင်းချင်းစီတွင် မိုးကောင်းကင်အား ထိုးဖေါက်နိုင်သောဓားစိတ်စွမ်းအင်များ ရှိနေလေသည်။ လှံတံများသူ့ဆီသို့ ဦးတည် လသောအခါ ဓါးအကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ ဓါးများသည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်အတိုင်း မှော်ဆန်စွာစီးမျှောသွားကြသည်။

ဓါးများမှထွက်ပေါ်လာသော ပြင်းထန်သော အော်မြည်သံများသည်  လူတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက် လာပြီး တစ်ဖြည်းဖြည်းနူးညံ့လာကာ မည်သည့်အသံမှ မကြားရတော့သည်အထိ တိတ်ဆိတ်သွားသည်။ ကြည့်ရသည်မှာ ကြားနိုင်သော အသံ၏အကန့်အသတ်ထက် ကျော်လွန်သွားပုံပေါ်သည်။

လှံများသည် တစ်ဒင်္ဂဓါးများနှင့် ထိခိုက်သွားပြီး အောက်မှကြည့်နေတဲ့လူများအားလုံးသည် ဖျက်ဆီးခြင်း အလင်းတန်း တစ်ချက်ကိုသာတွေ့မြင်လိုက်ကြရသည်။ မဟာလမ်းစဉ်သည် နောက်ပြန်စီးဆင်းနေပြီး အရာအားလုံးဖုန်မှုန့်များလို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ရွှေရောင်အလင်းတန်းများတောက်ပနေသော နတ်ဘုရားလှံတံများနှင့် စိတ်စွမ်းအားဖြင့် ဖန်တီးခဲ့သော ဓါးများ ပျက်စီးပျောက်ကွယ်သွားသည်။

သူတို့၏ စွမ်းအားများတူညီနေခဲ့သည်လား။

လူတိုင်း၏မျက်လုံးများသည်တိုက်ပွဲကွင်းပြင်သို့ရောက်နေပြီး အချိန်များရပ်တံ့သွားသကဲ့သို့ပင် ထင်ရပေသည်။

တစ်ခုခုတော့မှားနေချေပြီ။ ယခုချိန်ထိ တိုက်ပွဲမပြီးဆုံးသေးချေ။

ကောင်းကင်ထက်သို့မော့ကြည့်နေရင်း လူတိုင်း၏စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။ ဓါးများသည် ပျက်စီး သွားပြီဖြစ်သော်လည်း ပေါက်ကွဲသွားသည့် ဓားအသိများသည် ထိုနေရာတွင် ကျန်ရှိနေဆဲဖြစ်သည်။ မဟာ လမ်းစဉ်သည် ပြောင်းပြန် စီးဆင်းသွားပြီး ကြယ်မြစ်သည် လှည့်ပတ်နေသည်။ မဟာလမ်းစဉ်မြစ်၏ ဖျက်ဆီးခြင်း စွမ်းအားအောက်တွင် အရာအားလုံးသည် ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားပြီး ထိုဖုန်မှုန့်များသည် ကိုက်ရှီဆီသို့ ဦးတည်သွားပြီး သူ့ကိုဝါးမျိုရန် ကြိုးစားသည်။

ကိုက်ရှီသည် မာနကြီးသောသူတစ်ယောက်ဖြစ်သည်။ သူ၏တိုက်ကွက်ပျက်စီးသွားပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုမှ စွမ်းအင်များ သူ့ဆီတိုးဝင်လာနေဆဲဖြစ်သည်ကို တွေ့လိုက်ရသောအခါ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။ ထိုစွမ်းအင်များ လွှမ်းခြုံလာသောအခါ သူ့ထံမှတောက်ပသောရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

ကိုက်ရှီ၏ခန္ဓာကိုယ်မှ ညင်သာသောအသံတစ်ခုထွက်ပေါ်လာပြီး မည်သည့်အရာမျှမဖြစ်ခဲ့သလို အရာအားလုံး ပျောက်ကွယ်သွားသည်။ ထိုစွမ်းအင်များသည် ကိုက်ရှီ၏အကာအကွယ်ကို ဖျက်ဆီးသွားစေခဲ့ပြီး ယခုအခါတွင် သူ၏ရွှေရောင်ခန္ဓာကိုယ်မှ သွေးများနှင့်စွန်းပေနေသည်။ သို့သော် ထိုသွေးများသည် ရွှေရောင်အလင်းများ တောက်ပနေပြီး နတ်ဘုရားတို့၏ သွေးများကဲ့သို့ဖြစ်နေလေသည်။

“ရွှေရောင်သွေးတွေ…” လူတိုင်း၏နှလုံးသားများ ပြင်းထန်စွာတုန်လှုပ်သွားသည်။ ရွှေရောင်နတ်ပြည်ထောင်၏ မျိုးဆက်များသည် ရှေးခေတ်နတ်ဘုရားများမှဆင်းသက်လာကြပြီး သူတို့၏ကိုယ်ခန္ဓာတွင် ရှေးခေတ်ဘုရားတို့၏ ရွှေရောင်သွေးများ စီးဆင်းနေကြသည်ဟူသော ဒဏ္ဍာရီများသည် အစစ်အမှန်များ ဖြစ်ပုံပေါ်ပေသည်။ ယခုအခါတွင် ထိုရွှေသွေးများကို သူတို့၏မျက်လုံးများဖြင့် တွေ့မြင်နေရပြီဖြစ်သည်။

ထိတ်လန့်ဖွယ်ကောင်းသည့်အချက်မှာ ကိုက်ရှီသည် မဟာလမ်းစဉ်ခန္ဓာကိုယ်အား ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။ သူ၏အရိုးများ၊ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများအားလုံးသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ပြောင်းလဲပြီးလျှင်ပင် ယခုတိုက်ပွဲသည် သူ့အားဒဏ်ရာရရှိစေခဲ့သည်။

လေထဲတွင်ရပ်နေသောသူနှစ်ယောက်ထဲမှ တစ်ယောက်သည် ထောင်လွှားသော မျက်နှာဖြင့် ကောင်းကင်သို့ မော့ကြည့်နေပြီး သူ၏အဖြူရောင်ဝတ်ရုံများသည် လေထဲတွင်တစ်ဖျတ်ဖျတ်လွှင့်နေသည်။ တောင်တစ်ခုလုံးတွင် ထိုတိုက်ပွဲတွင် သူ့ကြောင့်ဒဏ်ရာရသူများဖြင့် ပြည့်နှက်သွားသည်။ သူ၏ဓါးများကို မည်သူမျှမတားဆီးနိုင်ပေ။

အခြားသူတစ်ယောက်၏ အဝတ်များတွင် ရွှေရောင်သွေးများ စွန်းထင်းနေသည်။ သူ၏မျက်လုံးထဲတွင် ရွှေရောင်အလင်းများ တောက်ပနေဆဲဖြစ်သော်လည်း ယခင်ကလောက် ဆွဲဆောင်နိုင်သော တောက်ပမှုမျိုး မရှိတော့ပေ။ သူ၏ရဲရင့်သောအမူအယာသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ယှဉ်ပြိုင်နိုင်သောသူမရှိဟု ထင်ရစေသော်လည်း ယခုအချိန်တွင် အနည်းငယ်ဒေါသထွက်နေသည့်ပုံပေါ်သည်။

ကိုက်ရှီသည်နတ်ဘုရားနန်းတော်သို့ မဝင်ရောက်နိုင်မီတွင် ရှုံးနိမ့်သွားမည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။

သူသည်သူ၏ပြိုင်ဘက်သည် နတ်ဘုရားနန်းတော်မှလူတစ်ဦးဖြစ်မည်ဟုထင်ခဲ့ပြီး ရီဖူရှင်းဖြစ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့ပေ။ သူ၏ပြိုင်ဘက်သည် ပြန်လည်နိုးထခြင်းအဆင့်သို့ ရောက်ရှိနေလျှင်ပင် သူအနိုင်ရလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သူသည် ရှေးခေတ်နတ်ဘုရားသွေးအား ဆက်ခံထားသည်ဖြစ်ပြီး နတ်ဘုရား ကြွေးကြော် သံများကိုလည်းပိုင်ဆိုင်ထားခဲ့သည်။ သူ မည်သို့ ရှုံးနိမ့်သွားခဲ့သနည်း။

သို့သော်သူ၏လှံတံများသည် ပြိုင်ဘက်၏ဓားများကဲ့သို့ ချွန်ထက်မှုမရှိခဲ့ပေ။ အရှင်ထိုက်ရွှမ် ရွေးချယ်ခဲ့သော တစ်စုံတစ်ယောက်သည် သူ့အားရိုက်နှက်ခဲ့သည်။ ရီဖူရှင်းသည် ကိုက်ရှီကို ကြည့်လိုက်ပြီး ရှေ့သို့လျှောက်လာကာ ဓါးအလင်းတစ်ချက်ကို တောင်ဆီသို့ ပစ်လွှတ်သည်။ သူသည် ကိုက်ရှီကို စိတ်ထဲတွင် မထားတော့ပေ။

ရီဖူရှင်းသည် တောင်ဆီသို့ ဦးတည်လိုက်သည်ကို မြင်သောအခါ လူတိုင်းသည် ပြောစရာစကားမဲ့သွားသည်။ ဤသူသည် မြင့်မားသောကောင်းကင်ဘုံ၏ မာနထောင်လွှားသော ကောင်းကင်သားတော်ကို အနိုင်ယူပြီး မဟာ လမ်းစဉ်တောင်ထိပ်သို့ တက်သွားခဲ့သည်။

ထိုက်ရွှမ်တောင်မှ ဂီတပညာရှင်သည် ပြိုင်ဘက်များအားလုံးကို အနိုင်ယူလိမ့်မည်ဟု မည်သူက တွေးထင်မိပါ မည်နည်း။ မြင့်မားသောကောင်းကင်ဘုံမှ ဝင့်ကြွားနေသော ကျင့်ကြံသူများသည် နတ်ဘုရားနန်းတော်မှ တပည့် များကိုပင် ယှဉ်ပြိုင်နိုင်ခြင်းမရှိရာ သူနှင့်မည်သို့ ယှဉ်နိုင်ပါမည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset