အပိုင်း(၁၅၂၂)

ကလေးတွေကို ဂရုစိုက်ပေးရမယ်

ထိုသူများ၏ ပုံရိပ်သည် လမ်းစဉ်တောင်များကြားတွင် တစ်နေရာတည်းသို့ ဦးတည်ရွေ့လျားနေသည်။ တောင်များသည် တောင်တန်းသဖွယ် သွယ်ယှက်နေပြီး လမ်းစဉ်ပင်လယ်အတွင်း တောင်ထူထပ်သော ကျွန်းဆွယ်အဖြစ် တည်ရှိနေသည်။ ထိုသာယာသည့် နတ်ဘုရားနန်းတော်သည် တောင်ထွတ် ထိပ်ဖျား၌ တည်ရှိနေပုံရသည်။

ကြည့်ရသည်မှာ လူတိုင်း သွားချင်နေသည့် ပန်းတိုင်သို့ ရောက်ရှိလာပြီဟု ထင်မှတ်ရပေသည်။

လူတိုင်း၏ အရှိန်က အလွန်ပင် လျင်မြန်လှသည်။ ရီဖူရှင်းနှင့် သူ့အဖွဲ့သည်လည်း ကောင်းကင်ကို ဖြတ်ကာ သွားနေကြသည်။ လေဟာနယ်ထဲတွင် နတ်ဆိုးစွမ်းအင်လှိုင်းများ လှုပ်ရှားလာပြီး သူတို့နောက်မှ နီးကပ်စွာ လိုက်ပါလာသော လောယို့မင်က အောက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို သေဆုံးခြင်းနတ်ဆိုးစွမ်းအားများဖြင့် လွှမ်းခြုံထားကာ မရေတွက်နိုင်သည့် သေဆုံးခြင်းစွမ်းအင်လှိုင်းများက သေဆုံးခြင်းလှံများအဖြစ်သို့ ပြောင်းလဲသွားသည်။

လောယို့မင်၏ လက်ချောင်းက အောက်သို့ ညွှန်ပြလိုက်ပြီး ချက်ချင်းပင် သေဆုံးခြင်းလှံများက လေထုကို ဖြတ်သန်း၍ ထိုက်ရွှမ်တောင်မှ တပည့်များကို သတ်ဖြတ်ရန် ပြေးဝင်သွားသည်။ ယင်းတို့သည် အလွန် ပြင်းထန်ကာ တိကျပြတ်သားပေသည်။ ကြည့်ရသည်မှာ ရှီလင်နတ်မြို့တော်မှ နတ်ဆိုးအိုကြီးလော့၏ သားက သူ၏ မိုက်ရူးရဲဆန်သော အမူအကျင့်တို့အား ဆက်ခံရရှိထားပုံပေါ်သည်။

ဝမ်ရှိုးရီက မော့ကြည့်လိုက်ပြီး သူ့ခေါင်းထက်ရှိ ဓားစွမ်းအားများက အော်မြည်လာသည်။ သူ့လက်က ကောင်းကင်ထက်သို့ ညွှန်လိုက်ကာ ထက်ရှလှသည့် မရေတွက်နိုင်သော ဓားများသည် လေထုကို ဖြတ်သန်းကာ ကောင်းကင်ကို အက်ကွဲသွားစေသည်။ ၎င်းတို့သည် သေဆုံးခြင်းလှံများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ထိုက်ရွှမ်တောင်မှ အခြားသော တန်ခိုးရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြကာ လောယို့မင်၏ တိုက်ခိုက်မှုအား ပျက်ပြယ်သွားစေသည်။

သူတို့၏ မျက်လုံးများက အေးစက်ကာ လေးနက်နေသည်။ သူတို့သည် လောယို့မင်က သူတို့အား တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

လောယို့မင်က လေထဲသို့ ခြေချလိုက်ပြီး မဟာလမ်းစဉ် စွမ်းအားများက ပေါက်ကွဲထွက်လာသည်။ သေဆုံးခြင်းစွမ်းအားက လေဟာနယ်အတွင်း ပြင်းထန်စွာ အော်မြည်နေသည်။ လောယို့မင်သာ မဟုတ်ဘဲ သူ့နောက်တွင် အခြားသော ပြန်လည်မွေးဖွားခြင်းအဆင့် နတ်ဆိုးတန်ခိုးရှင် ဆယ်ယောက် ထွက်ပေါ်လာကာ ပြင်းထန်သည့် စွမ်းအားများကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ထက်ရှိ နတ်ဆိုးစွမ်းအားများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်တိုင် အားကောင်းလာသည်။

ဘုန်း…

လမ်းစဉ်ပင်လယ်ထက်တွင် ကြီးမားသည့် မျက်နှာတစ်ခုပေါ်ပေါက်လာကာ ထိုသည်မှာ သေဆုံးခြင်းနတ်ဘုရားတစ်ပါး၏ မျက်နှာနှင့် တူပေသည်။ ဤအနက်ရောင်မျက်နှာမှ အနက်ရောင်အလင်းတန်းများ ထိုးထွက်လာကာ ထိုက်ရွှမ်တောင်မှ တပည့်များ အားလုံး၏ မျက်လုံးတို့ကို ထိုးဖောက်သွားကာ သူတို့၏ မျက်လုံးများအတွင်း သေဆုံးခြင်းစွမ်းအားများ ယှက်သန်းလာသည်။ ဤသေဆုံးခြင်းစွမ်းအားများက သူတို့၏ ခန္ဓာကိုပါ လွှမ်းခြုံသွားပြီး သူတို့အား သေဆုံးခြင်းစွမ်းအင်များအတွင်း ဆွဲချသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပေါက်ကွဲသည့်အသံ ထွက်ပေါ်လာကာ အဆုံးမဲ့ အမှောင်ထုကြားမှ ကြီးမားကာ ထက်ရှသည့် လှံများဖြစ်ပေါ်လာသည်။ ယင်းတို့က ထိုက်ရွှမ်တောင်မှ တပည့်များထံသို့ ရိုက်ခတ်ကျဆင်းလာ၏။

“သတိထား” ကျွင်းမူက ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်သို့ တစ်ရှိန်ထိုး တက်သွားခဲ့၏။ သူသည် သေဆုံးခြင်းစွမ်းအင်ထုများထဲမှ တစ်ခုဆီသို့ တိုးဝင်သွားခဲ့သည်။ ထိုက်ရွှမ်တောင်မှ တန်ခိုးရှင် ဆယ့်ငါးယောက်သည် လူခွဲလိုက်ကာ သေဆုံးခြင်း စွမ်းအင်ထုတစ်ခုစီကို တိုက်ခိုက်ဖျက်ဆီးရန် ရင်ဆိုင်လိုက်ကြသည်။ သူတို့သည် လူခွဲလိုက်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားခဲ့သည်။

“ရှန်ကျင်းနဲ့ တခြားသူတွေကို ဂရုစိုက်” ဝမ်ရှိုးရီက သေဆုံးခြင်းစွမ်းအင်ထုကို ဖျက်ဆီးရန် လေထဲသို့ တက်သွားရင်းမှ အော်လိုက်သည်။ ရှန်ကျင်းနှင့် ဖီးနစ်လေးက အားအနည်းဆုံးသူများ ဖြစ်သည်။  သူတို့ လူစုခွဲလိုက်ကြလျှင် ထိုနှစ်ယောက်က ဤကဲ့သို့သော တိုက်ခိုက်မှုကို မခံနိုင်မည်အား သူ စိုးရိမ်မိပေသည်။

“နင်တို့နှစ်ယောက် ငါ့အနားမှာနေ။ ရှန်ကျင်း နင်က ငါနဲ့အတူ ကု့ချင်းလိုက်တီးပေး။ ဖုန်းယန် ငါ့ အနားလာခဲ့” လီကျစ်ရင်က ပြောလိုက်သည်။ သူမ၏ ရှေ့တွင် ကု့ချင်းဝိညာဉ် ထွက်ပေါ်လာပြီး သူမ၏ လက်ချောင်းများက ကြိုးများကို ထိခတ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ကု့ချင်းအသံကို ကြားလိုက်ရပြီး ကျယ်လောင်သည့် ဖီးနစ်အော်သံက အမြင့်သံနှင့် စည်းချက်ကျကျ ထွက်ပေါ်လာသည်။

လီကျစ်ရင်က ရီဖူရှင်း တေးသံသာစံအိမ် ၌ ကျင့်ကြံခွင့်ရသည်ကို အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူမ၏ စရိုက်သဘာဝက ထူးခြားလှရာ ထိုအဖြစ်ကို လေးနက်စွာ မမှတ်ယူခဲ့ပေ။ ယခု ထိုက်ရွှမ်တောင်မှ တပည့်များအားလုံးသည် တူညီသော တိုက်ခိုက်မှုအောက်တွင် ရောက်ရှိနေသည့်အတွက် သူတို့က သွေးစည်းကြရမည် ဖြစ်သည်။ ထို့ကြောင့် သူမက ရှန်ကျင်းနှင့် ဖုန်းယန်ကို သူမ၏ အနားတွင် နေခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် လီကျစ်ရင် မမျှော်လင့်မိသည်က သူမပင် စတင်မတီးခတ်ရသေးခင် သူမ တီးခတ်လိုသည့် တေးသွားက သူမ၏ နားအတွင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ခမ်းနားသည့် နတ်အလင်းများက တောက်ပနေပြီး ရီဖူရှင်းသည် လှမခမ်းနားသည့် နတ်အလင်းများဖြင့် လွှမ်းခြုံထားခြင်းခံရကာ ဖီးနစ်ပုံရိပ်တစ်ခုက သူ့အနီးတွင် ပေါ်ပေါက်လာပြီး အံ့အားသင့်ဖွယ် ကောင်းလှသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ ဖီးနစ်လေး၏ ခန္ဓာကိုယ်သည် အထက်သို့ ပျံတက်သွားကာ သူမ ကြည်လင်သည့် အသံဖြင့် စည်းချက်ကျကျ ထွက်ပေါ်လာနေပြီး ယင်းသည် ကု့ချင်းနှင့်တသားတည်း ဖြစ်သွားကာ အစွမ်းထက်စွမ်းအားများက ရီဖူရှင်း၏ တေးသွားနှင့် ပေါင်းစပ်သွားသည်။

‘ဖီးနစ်တောင်ပံခတ်သံ’ လီကျစ်ရင်က တွေးလိုက်သည်။ ၎င်းတွင် ဖီးနစ်တောင်ပံခတ်သံ၏ အနှစ်သာရများ အလွန် သန့်စင်စွာ ပါဝင်နေသည်။ တီးခတ်မှုတစ်ခုတိုင်းတွင် ဖီးနစ်က တေးသီနေသယောင် ထင်မှတ်ရပြီး သံစဉ်တစ်ချက်တိုင်း၌ ဖီးနစ်က ပြာပုံကြားမှ ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။

နတ်အလင်းတန်းများက ဖုန်းယန်၏ ခန္ဓာကိုယ်အတွင်း တိုးဝင်သွားကာ ကု့ချင်းမှ ဖော်ပြသော ခံစားချက်သည် ဖီးနစ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ပြည့်ဝစွာ ကျရောက်သွားသည်။ တောက်ပသည့် နတ်အလင်းက အလွန် လင်းလက်နေကာ သူမ၏ အတောင်များကို ဖွင့်လိုက်သည့်အခါ ကောင်းကင်နှင့် နေကိုပင် ပိတ်လွှမ်းသွားသည်။ သူမ၏ နှုတ်သီးမှ နတ်မီးလျှံများ ထွက်ပေါ်လာကာ ကောင်းကင်ရှိ အဆုံးမဲ့ သေဆုံးခြင်းစွမ်းအင်လှိုင်းတို့ကို ပျောက်ကွယ်သွားအောင် လောင်ကျွမ်းပစ်လိုက်သည်။

“ကျုပ်တို့က ဒီနေ့မှာ လမ်းစဉ်ရှာဖွေဖို့ လာခဲ့ကြတာ။ သူတို့နဲ့ အချိန်ဖြုန်းမနေတော့နဲ့” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် တိုက်ပွဲအလယ်မှာ ဖြစ်သော်လည်း သူတို့ ရှေ့သို့ သွားနေသည့် အရှိန်အား မရပ်တန့်ခဲ့ကြပေ။ သူတို့က အလွန် လျင်မြန်လှသည့် အရှိန်အား ဆက်ထိန်းထားပြီး အခြားသူများကို နောက်တွင် ချန်ရစ်ခဲ့ကြ၏။

တိုက်ခိုက်မှု အစီအစဉ်များက ကျရှုံးသွားပြီးနောက် လောယို့မင်၏ မျက်လုံးများက အေးစက်ခက်ထန်လာသည်။ သူတို့သည် တိုက်ခိုက်မှုကို သိပ်အရေးမထားဘဲ ရှေ့သို့သာ ဆက်လက်သွားနေကြသည်။ သူတို့အားလုံးသည် ဤခရီး၏ ရည်ရွယ်ချက်ကို ရှင်းလင်းသွားကြပြီး ရီဖူရှင်း၏ သတိပေးမှုအား ကျေးဇူးတင်ရမည်ကို သိလိုက်ကြပေသည်။

လေထဲမှ နတ်ဆိုးတန်ခိုးရှင်များနှင့် ထိုက်ရွှမ်တောင်မှ လူများသည် တန်းစီလျပ် ရှေ့သို့ ရွေ့လျားနေကြသည်။ သူတို့ ခန္ဓာကိုယ်မှ အသက်ဓာတ်များက အော်မြည်နေပြီး သူတို့သည် အချိန်မရွေးပင် မဟာလမ်းစဉ် တိုက်ပွဲဖြစ်လာနိုင်သကဲ့သို့ ထင်မှတ်ရပေသည်။

သို့သော် လီကျစ်ရင်နှင့် ချန်ယွိသည်တော့ အေးဆေးစွာ ခံစားမနေနိုင်ကြပေ။ ရီဖူရှင်းသည် အမြဲပင် အလွန် ရိုးရှင်းသည့် သာမန်လူအသွင်ရှိသလို ထင်မှတ်ရသည်။ သို့သော် သူက ကု့ချင်းတီးခတ်သည့် အချိန်တိုင်းတွင် သာမန်မဟုတ်သည့် အမြင်ကို ပေးစွမ်းသည်။ လီကျစ်ရင်ပင်လျှင် ထိုးထွင်းနားလည်နိုင်ခြင်းမရှိသည့် ဖီးနစ်တောင်ပံခတ်သံ တေးသွားသည် လေဟာနယ်ကို ထိုးဖောက်ထွက်လာနေသည်။

သိသာစွာပင် ရီဖူရှင်းသည် တေးသံသာစံအိမ် ၌ အချိန်ဖြုန်းနေခဲ့ခြင်းမရှိပေ။ သူက ကု့ချင်းအနုပညာကို ကြိုးကြိုးစားစား လေ့လာခဲ့ပြီး နာမည်ကျော်လှသည့် ဖီးနစ်တောင်ပံခတ်သံကိုပင် ပြည့်စုံစွာ သင်ယူနိုင်ခဲ့သည်။

သူတို့သည် ရှန်ကျင်းကို သာမန်ဟုသာမြင်ပြီး ဂရုမထားမိခဲ့ပုံရပေသည်။

“မဆိုးပါဘူး။ ဒီကျော်ကြားတဲ့ တေးသွားကို နားလည်သဘောပေါက်နိုင်တာ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ။ ဦးလေးလန်က မင်းကို နေရာတစ်နေရာပေးတာ မအံ့သြတော့ပါဘူး” ဝမ်ရှိုးရီက လေထဲတွင် ဓားပျံစီးနင်းရင်း အားပါးတရ ရယ်ကာ ပြောလိုက်သည်။ ယခု သူသည်ပင် ရီဖူရှင်းက သာမန်မဟုတ်သည်ကို သတိပြုမိလာသည်။ ဤ ဖီးနစ်တောင်ပံခတ်သံက သူ့ကို အံ့အားသင့်စေခဲ့သည်။

ဤနည်းလမ်းနှင့်ပင် သူနှင့် ဖုန်းယန်က တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းကာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည် ဖြစ်သည်။

သူတို့အားလုံးက လမ်းစဉ်တောင်တန်းများကို ဖြတ်ကျော်လာခဲ့ကြပြီး အချို့သည် ပင်လယ်အတွင်းမှ ကျွန်းဆွယ်ကြီးပေါ်သို့ပင် ခြေချခဲ့ကြပြီး ဖြစ်သည်။ အချို့သည် အရှိန်လျှော့ ရပ်တန့်လိုက်စဉ်တွင် အချို့ကတော့ ရှေ့သို့ ဆက်သွားနေကြသည်။

ထိပ်သီးအင်အားစုများမှ ရွေးချယ်ခံရသူများအပြင် ရီဖူရှင်းသည် တောင်ပေါ်သို့ တက်နေသော အခြားလူတစ်စုအားလည်း မြင်တွေ့ခဲ့ပေသည်။ သူတို့သည် ဤတစ်ကြိမ်၌ နတ်ဘုရားနန်းတော်မှ ရွေးချယ်ထားသည့် တပည့်များ ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းသည် ခုန်ဆင်းကာ လမ်းစဉ်တောင်ပေါသို့ ဆင်းသက်လိုက်သည်။ ထူထဲသည့် လမ်းစဉ်စွမ်းအားများက သူ့ထံသို့ တရကြမ်းဝင်ရောက်လာသည်။ ဤတောင်တန်းသည် သန့်စင်သည့် မဟာလမ်းစဉ် တောင်တန်းဖြစ်ကာ အဆုံးမဲ့ မဟာလမ်းစဉ် စွမ်းအားများ ပါဝင်နေသည်။

လမ်းစဉ်တောင်ပေါ်သို့ ဆင်းသက်ပြီးနောက် လူစုသည် လျှပ်စီးကဲ့သို့ပင် ရှေ့ဆက်လျှောက်သွားကြသည်။ ဖီးနစ်လေး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေကာ အဝေးရှိ အထီးကျန်တောင်ထွတ်ကို ကြည့်လိုက်သည်။ ၎င်း၏ အပေါ်တွင် မီးလျှံအရောင် သစ်သီးများ ကြီးထွားနေပြီး မီးလျှံနတ်သစ်ပင်ဟု ထင်မှတ်ရသည်။ ၎င်းမှ အလွန် ကြွယ်ဝသည့် မဟာလမ်းစဉ် မီးတောက်စွမ်းအားကို ထုတ်လွှတ်နေပြီး တောင်ထွတ်တစ်ခုလုံးကို ရဲရဲနီသည့် မီးလျှံများဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ထင်မှတ်ရပေသည်။ ၎င်း၏ အပူချိန်က အလွန် မြင့်မားသည်။

“လမ်းစဉ်သစ်သီးတွေ” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူသည် ဤနေရာကို မလာခင်၌ စူးစမ်းလေ့လာမှုအချို့ ပြုလုပ်ခဲ့သည်။ ကောလာဟလများက ပြောကြသည်မှာ နတ်ဘုရားနန်းတော် တည်ရှိရာ နတ်တောင်သည် ကောင်းကင်နှင့် မြေကြီးမှ အနှစ်သာရများဖြင့် ပြည့်ဝနေသည့် ရတနာနယ်မြေဟူ၌ ဖြစ်ပေသည်။ ၎င်းတွင် လမ်းစဉ်သစ်သီးကဲ့သို့သော မှော်ဆန်သည့် အရာများကို ထုတ်ပေးနိုင်စွမ်းရှိသည်။

ဖီးနစ်လေးသည် ထိုနေရာသို့ တစ်ဟုန်ထိုးသွားနေပြီး ရီဖူရှင်းက နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။ အချို့သော သူများက သူတို့နှင့် တူညီသော နေရာကို ဦးတည်နေကြသော်လည်း အချို့က မတူညီသည့် နေရာများသို့ သွားရောက်ကြသည်။ ဤတောင်ပေါ်တွင် လမ်းစဉ်သစ်သီး ပေါက်ရောက်ရာမှာ တစ်နေရာထက် ပိုပေသည်။

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်” ဝမ်ရှိုးရီက ရီဖူရှင်းနှင့် ဖီးနစ်လေးကို သတိပေးလိုက်သည်။ သူနှင့် လော့ယွဲ့က အခြားအရာများရှိနေသည့် တခြားနေရာသို့ သွားကြသည်။

မကြာခင်တွင် ရီဖူရှင်းသည် တောင်ပေါ်သို့ရောက်လာခဲ့သည်။ သူသည် ပတ်ဝန်းကျင်၌ အလွန်ပူပြင်းသော လေစီးကြောင်းများနှင့် ပြည့်နေပြီး အရာအားလုံးကို ပြာချပစ်နိုင်သကဲ့သို့ ထင်မှတ်ရပေသည်။ မီးလျှံအရောင်တောင်ထွတ်သည် သာမန်မဟုတ်သည့် အပူချိန်ထိ မြင့်တက်လာခဲ့သည်။ လမ်းစဉ်သစ်ပင်၏ အပူချိန်က ချော်ရည်ပူကဲ့သို့ပင် ဖြစ်သည်။

ဘုန်း…

မီးတောက်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဖီးနစ်လေးသည် အထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က တောက်ပသည့် နတ်မီးလျှံတို့ဖြင့် လွှမ်းခြုံထားခြင်းကို ခံရပေသည်။ ရီဖူရှင်းသည် တူညီစွာပင် ဖြစ်သည်။ လမ်းစဉ်မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေပြီး သူသည် အတွင်းသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ ခန္ဓာကိုယ်က လမ်းစဉ်မီးတောက်များကို ဝါးမျိုစုပ်ယူနေသည်။

သို့သော် ထိုအချိန်တွင် အစွမ်းထက် မဟာလမ်းစဉ်ဖိအားက ကျဆင်းလာပြီး ကြီးမားသည့် လမ်းစဉ်မီးတောက် လက်ဝါးတစ်ခုက ကောင်းကင်တွင် ပေါ်ပေါက်လာကာ လေထုအောက်သို့ ရိုက်ခတ်လိုက်သည်။ တောက်ပနေသည့် မီးလျှံ လက်ဝါးသည် အရာအားလုံးကို ပြာချပစ်နိုင်ပေသည်။ ၎င်းသည် ရီဖူရှင်းနှင့် သိမ်းငှက်လေးထံသို့ ရည်ရွယ်လိုက်သည်။

ဤနေရာသည် နတ်ဘုရားနန်းတော်၏ လမ်းစဉ်သက်သေပြနယ်မြေ ဖြစ်ပြီး အချေအတင် အငြင်းပွားမှုများဖြစ်ရာ နေရာလည်း ဖြစ်သည်။ အခွင့်အရေးများ ရှိရာနေရာတွင် ယှဉ်ပြိုင်ခြင်းက အကျိုးဆက်ပင် ဖြစ်လိမ့်မည်။ ကြီးမားသည့် အခွင့်အရေးအတွက် အားကောင်းသည့် ယှဉ်ပြိုင်မှုကို ကြုံတွေ့ရမည် ဖြစ်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် လျှပ်စီးကဲ့သို့သော ငွေရောင် ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးအတွင်း ပေါ်ပေါက်လာကာ ကောင်းကင်၌ အက်ကြောင်းပေါ်ပေါက်လာသည်။

အသံတစ်ခုနှင့်အတူ ကြီးမားသည့် မီးတောက်လက်ဝါးသည် အလယ်မှ နှစ်ခြမ်းကွဲသွားခဲ့သည်။

ရီဖူရှင်းသည် ဖီးနစ်လေး၏ ရှေ့တွင် ရပ်ကာ သူတို့ ခေါင်းထက်သို့ မော့ကြည့်လိုက်သည်။ မီးလျှံများဖြင့် ဖုံးလွှမ်းထားသော ဆံပင်နီနီနှင့် လူအိုကြီးတစ်ယောက်သည် သူနှင့် ဖုန်းယန်တို့အား ရန်လိုသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသည်။

ဖီးနစ်လေးက မီးလျှံတို့ဖြင့် ပြည့်နေသော မျက်လုံးတို့ဖြင့် ထိုလူအိုကြီးကို စူးစိုက်ကြည့်လိုက်သည်။ အနည်းငယ် အလိုမကျရုံနှင့် သူက သတ်ဖြတ်ရန် လှုပ်ရှားခဲ့သည်။ ဤလူအိုကြီးက အလွန် ရိုင်းစိုင်းလှပေသည်။

သို့သော် လူအိုကြီးက ပြုံးလိုက်ပြီး အလွန် ချစ်ခင်ရင်းနှီးသည့်အသွင် ပေါ်ပေါက်လာကာ မကြာသေးခင်က သတ်ဖြတ်လိုသည့် သူ၏ စိတ်မှာ မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားလေသည်။

“မိတ်ဆွေလေး…. မင်းရဲ့ ဓားစွမ်းရည်က အတော်ကောင်းတယ်။ ဒီသစ်ပင်မှာ လမ်းစဉ်သစ်သီးသုံးလုံးရှိတယ်။ ကျုပ်တို့ကလည်း သုံးယောက်ပဲဆိုတော့ တစ်ယောက်တစ်လုံး ယူကြမလား” လူအိုကြီးက ပြုံးကာ ပြောလိုက်သည်။ သူက ဤတစ်ကြိမ်တွင် သူ့လမ်းစဉ်အတွက် တိုက်ခိုက်ရန် သာမန်တပည့်အဖြစ် ဟန်ဆောင်ခဲ့သည်။ ဤသည်မှာ သူ့ကိုယ်သူ ဆန်းစစ်နိုင်မည့် အခွင့်အရေးပင် ဖြစ်၏။

“ကောင်းတယ်” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“ဒီလိုဆိုရင် မင်းတို့နှစ်ယောက် အရင်ရွေးကြပါ” လူအိုကြီးက ချစ်ခင်ရင်းနှီးသည့်အသွင်နှင့်ပင် ပြောလိုက်သည်။ သူက ရီဖူရှင်းနှင့် ဖီးနစ်လေးအား အရင်ရွေးချယ်စေသည်။

“ဖီးနစ်လေး… မင်းရွေးပါ” ရီဖူရှင်းက ပြောလိုက်သည်။

“အင်း” ဖီးနစ်လေးက ခေါင်းညိတ်လိုက်ပြီး သူမ၏ ပုံရိပ်က လျင်မြန်စွာပင် မဟာလမ်းစဉ် ရှေးဟောင်းသစ်ပင်ထံ ရွေ့လျားသွားခဲ့သည်။ ရီဖူရှင်းက လူအိုကြီးကို အပြုံးနှင့် ကြည့်လိုက်သည်။

ဖီးနစ်လေးက လမ်းစဉ်သစ်ပင်နှင့် နီးကပ်လာစဉ်တွင် ရီဖူရှင်းက ထိုလူအိုကြီးကို စူးစိုက်ကြည့်နေခဲ့သည်။ လူအိုကြီး၏ အမူအရာက မလှုပ်ခတ်သော်လည်း သူ၏ ဝန်းကျင်မှာ လေထုက အနည်းငယ် တက်လိုက်ကျလိုက် ဖြစ်သွားခဲ့သည်။

ဘုန်း…

ပြင်းထန်သည့် အနက်ရောင်မီးလျှံက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် အလွန် အန္တရာယ်ကို ခံစားမိပြီး လူအိုကြီးက ဖီးနစ်လေးထံသို့ တိုက်ခိုက်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူက မဟာလမ်းစဉ် လေဟာနယ်စွမ်းအားကို ခံစားလိုက်မိပြီးနောက် ရီဖူရှင်းက လှုပ်ရှားလိုက်ကာ လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည်။

လူအိုကြီးက ရုတ်ချည်းပင် လှည့်ကာ သူ့လက်ဝါးကို ရီဖူရှင်းထံ ရိုက်ထည့်လိုက်သည်။ ကြီးမား၍ နီပုပ်ပုပ်လက်ဝါးကြီးက ကြိတ်စက်တစ်ခုကဲ့သို့ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ညှပ်ပိတ်ပစ်လိုက်သည်။ အသေအချာပင် ရီဖူရှင်းက လေဟာနယ်ကို ဖောက်ထွက်ကာ ပြန်လည်ထွက်ပေါ်လာသည်။

ရီဖူရှင်းသည် လက်ချောင်းကို ဓားတစ်လက်ကဲ့သို့ အသုံးပြု၍ ဆန့်ထုတ်လိုက်ပြီး သူ့အရှေ့တွင် ကြောက်မက်ဖွယ် ဓားစွမ်းအင်မုန်တိုင်းကို ဖန်တီးကာ လေဟာနယ်ကို ဖြတ်သန်းဖြတ်တောက်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် လက်ဝါးရိပ်က မည်သည်မှ မကျန်ခဲ့အောင် ကွဲကြေပျက်စီးသွား၏။ ရီဖူရှင်း၏ လက်ချောင်းက ရှေ့သို့ ဆက်လက်တိုးဝင်သွားနေကာ လူအိုကြီး၏ အမူအရာက အန္တရာယ်ကို သတိထားမိသကဲ့သို့ ဖြစ်ပြီး နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ရီဖူရှင်းသည် အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ကာ သူ့ထံ ချက်ချင်း ရောက်ရှိလာသည်။ ဓားလက်ချောင်းသည် ဓားစွမ်းရည်တို့ဖြင့် လူအိုကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားခဲ့သည်။ သူက ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်လုံးများဖြင့် သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။

“ဘယ်လောက်ရက်စက်လိုက်သလဲ” လူအိုကြီးက ရီဖူရှင်းကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်ပြီး ဖောင်းခနဲအသံနှင့်အတူ သူ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားကာ မြူမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖီးနစ်လေးက လမ်းစဉ်သစ်သီးများကို ဆွတ်ယူလိုက်ပြီး ရီဖူရှင်းကို အသီးနှစ်လုံး ပေးရင်း ပြောလိုက်သည်။ “ဒီဖီးနစ်လေးက နင့်အတွက် အသီးနှစ်လုံး ဆုပေးမယ်”

သို့သော် သူမ၏ မျက်လုံးများကတော့ သစ်သီးများအပေါ်တွင်သာ ရှိနေခဲ့သည်။ ကြည့်ရသည်မှာ သူမက အနည်းငယ် လိုချင်နေပုံရ၏။ ရီဖူရှင်းက ပြုံးကာ တစ်လုံးသာလျှင် ယူ၍ ပြောလိုက်သည်။ “မင်းထက် အကြီးတစ်ယောက်အနေနဲ့ ကလေးတွေကို စောင့်ရှောက်ပေးသင့်တာပေါ့”

***


Comment

Leave a Reply


Options

not work with dark mode
Reset