အပိုင်း(၁၅၁၁)

ဘယ်သူ့ဓားလဲ

ပြင်းထန်သည့် တိုက်ပွဲက ထိုက်ရွှမ်တောင်ပေါ်တွင် ဖြစ်ပွားလာသည်။ ရှန့်ထိုအဆင့်တန်ခိုးရှင်များက စတင်၍ ပြင်းထန်စွာ တိုက်ခိုက်ကြပေသည်။

ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များသည် လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုစွမ်းအားများ ရှိကြပြီး သူတို့အားလုံးသည် စိတ်လှုပ်ရှားနေကြသည်။ သူတို့ မည်သည့် ညှာတာမှုမှ ပြသမည်ဟု မထင်မှတ်ရပေ။

ထိုအချိန်တွင် အရှုပ်အထွေးများ အားလုံးကြား၌ ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်တစ်ယောက် လေထဲသို့ ဖြတ်လာခဲ့သည်။ သူ့အနီးတွင် နတ်ဆိုးစွမ်းအားများက လှည့်ပတ်ကာ အော်မြည်နေသည်။ သေဆုံးခြင်းစွမ်းအင်လှိုင်းက သူ့အနီးတွင် ရစ်ပတ်နေပြီး  နတ်ဆိုးပုံရိပ်တစ်ခုက သူ့နောက်တွင် မျောလွင့်နေကာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ပင် ဖြစ်တော့သည်။

သူက လက်သီးကို ဆန့်ထုတ်လိုက်သည်။ သူ၏ ပြိုင်ဘက်သည်လည်း လက်များကို ဆန့်ထုတ်ကာ သူ့ကို တားဆီးလိုက်သည်။ သို့သော် လက်သီးက သူ၏ ခုခံကာကွယ်မှုကို ထိုးဖောက်သွားခဲ့သည်။ ကြောက်မက်ဖွယ် လေစီးကြောင်းတစ်ခုက သူ့ကို ထိုးဖောက်လာ၏။ လျှပ်တပြက်အတွင်း မရေတွက်နိုင်သည့် အမှောင်စွမ်းအင်လှိုင်းများက ထိုက်ရွှမ်တောင်ပေါ်မှ တန်ခိုးရှင်တို့အပေါ်တွင် ပေါ်ပေါက်လာသည်။ သေဆုံးခြင်းစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်စိမ့်ဝင်နေသည်။

ထိုက်ရွှမ်တောင်မှ လူများအားလုံးသည် အထိတ်တလန့် ကြည့်လိုက်ကြ၏။ ရှီလင်နတ်တောင်မှ တန်ခိုးရှင်များသည် အနည်းဆုံးတော့ ယဉ်ကျေးနေကြလိမ့်မည် မဟုတ်ပေ။ လက်သီးတစ်လုံး ထွက်ပေါ်လာပြီး ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်များ၏ အတွင်းပိုင်း ကလီစာများပင် တုန်ခါသွားရလောက်အောင် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က သေဆုံးခြင်းချီတို့ဖြင့် ပြည့်နှက်နေပြီး သူသည် နောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။

“အတော်ရက်စက်တာပဲ” ထိုမြင်ကွင်းကို မြင်သည့်အခါ ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်များ၏ အကြည့်တို့က ဒေါသတကြီး ဖြစ်လာပေသည်။ ထိုလူက ရှေ့သို့ ခြေလှမ်းကာ သူ၏ လက်သီးကို တစ်ဖန် ပစ်ထိုးလိုက်ကာ သူ့အရှေ့မှ လူကို ဒဏ်ရာရသွားစေသည်။ မည်သူကမှ သူ့ကို မရပ်တန့်နိုင်ပေ။

“သူက ရှီလင်နတ်မြို့တော်က မင်းသား လော့ယို့မင်ပဲ” တစ်ယောက်က ထိုတိုက်ခိုက်နေသည့် ရှန့်ထို့အဆင့် ပုဂ္ဂိုလ်ကို သတိပြုမိလိုက်သည်။ သူသည် ရှီလင်နတ်မြို့တော်မှ နောက်ထပ် မင်းသားတစ်ပါးဖြစ်လေ၏။ သူက အလွန် အားကောင်းလှသည်။

ထိုအချိန်တွင် သူသည် လော့ယို့မင်ဆီသို့ လျှောက်လာခဲ့သည်။ သူက လက်သီးကို ဆန့်ထုတ်လိုက်ကာ လော့ယို့မင်၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ လူတိုင်းသည် သူ့ကို နောက်သို့ လွင့်စင်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူတို့က ထိုသူက တုပ်တုပ်မျှ လှုပ်မသွားသည်ကို မြင်လိုက်ကြရသည်။ သူတို့၏ စွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သူတို့အနီးမှ လေထုက ကွဲအက်ပျက်စီးလာသည်ဟု ထင်မှတ်ရသည်။ သူတို့က တစ်ချိန်တည်းမှာပင် နောက်သို့ ဆုတ်လိုက်ရသည်။

“ကျွင်းမူ” ထိုက်ရွှမ်တောင်မှ တပည့်များသည် ရှေ့သို့ တိုးလာသော လူကို ကြည့်လိုက်၏။ သူသည် ထိုက်ရွှမ်တောင်မှ သူတော်စင်၏ တပည့် ကျွင်းမူဖြစ်သည်။ သို့သော် နောက်သို့ ဆုတ်ခွာသွားပြီးနောက် သူ့မျက်နှာသည် အရုပ်ဆိုးစွာ ပြောင်းလဲသွားသည်။ သေဆုံးခြင်းစွမ်းအင်စီးကြောင်းများသည် သူ့ကို ဖြတ်သန်းစီးဆင်းနေပြီး သူ၏ ခံနိုင်ရည်ကို ထိုးဖောက်နေသည်။

လော့ယို့မင်က ကျွင်းမူကို ပြုံးကာ ပြောလိုက်သည်။ “မဆိုးပါဘူး”

ထိုသို့ ပြောရင်းနှင့် သူက ရှေ့သို့ လျှောက်လာပြီး သူတို့နှစ်ယောက်က တစ်ဖန် စတင်တိုက်ခိုက်လိုက်သည်။

ထိုအချိန်အတွင်းမှာပင် အခြားတိုက်ပွဲများကလည်း နေရာအနှံ့၌ ဖြစ်ပွားလာပြီး ကြည့်ရှုသူများက ထိတ်လန့်အံ့သြနေကြပေသည်။ ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များသည် အရေအတွက်အားဖြင့် နည်းပါးသော်လည်း သူတို့သည် တိုက်ပွဲ၌ အရေးသာနေသည့် အနေအထားရှိကာ ဖိအားပေးနေနိုင်ပေသည်။ သူတို့က သိသာစွာပင် ဤအရေးအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေမည်။

နှစ်ဖက်အင်အားစုများ ကြားမှ စွမ်းအား ကွာဟချက်ကို လူတိုင်း မြင်တွေ့နိုင်သော်လည်း ထိုကိစ္စသည် မည်သို့မှ ထူးခြားခြင်းမရှိပေ။ ရှီလင်နတ်မြို့တော်သည် စွမ်းအားကြီးပြီး အရှင်ထိုက်ရွှမ်သည် ကိုယ်ပိုင်ကျောင်းကို တည်ထောင်ခဲ့ခြင်း မရှိတော့ပေ။ သူတို့၏ တပည့်များက အောင်မြင်၍ နာမည်ကျော်ကြားလာပြီးနောက် ထိုက်ရွှမ်တောင်သည် အထက်ကောင်းကင်ဘုံ၌ ကျော်ကြားလာရန် အလားအလာကောင်းသည့် ပုဂ္ဂိုလ်များ ထပ်မရှိတော့ပေ။ ထိုက်ရွှမ်တောင်သည် အားအကောင်းဆုံး လွှမ်းမိုးနိုင်သည့် မြင့်မြတ်နယ်မြေမျိုး မဟုတ်ခဲ့ပေ။

ထိုသို့သော အနေအထားတွင် ရှန့်ရှောင်းနတ်ဘုရားနန်းတော်သည်သာ အားအကောင်းဆုံး မြင့်မြတ်နယ်မြေဖြစ်သည်။

ထိုက်ရွှမ်အကြီးအကဲနှင် အခြားသော သူများက မည်းမှောင်နေသည့် မျက်နှာများဖြင့် တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။ ယခုတွင် သူတို့၏ ဆရာက တံခါးပိတ်ကျင့်ကြံနေပြီး  သူက တစ်ယောက်ယောက် ဤနေရာသို့ လာကာ ပြဿနာရှာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူတို့အား သူ့အစား ထိုက်ရွှမ်တောင်၌ စောင့်ကြပ်ပေးရန် ချန်ထားခဲ့သည်။ ယခု အမှန်တကယ်ပင် ရှီလင်နတ်မြို့တော်မှ လူများ ရောက်လာခဲ့ပေသည်။

လော့ချုံးယန်သည် ထိုက်ရွှမ်အကြီးအကဲကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။ သူက အကြီးအကဲ၏ လှုပ်ရှားမှုအား စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ၎င်းမှသာ သူက စိန်ခေါ်နိုင်ပေမည်။

သို့သော် ထိုက်ရွှမ်အကြီးအကဲက တိတ်ဆိတ်နေကာ သူ၏ ဒေါသကို ချိုးနှိမ်ထားသည်။ သူ၏ မျက်စိရှေ့၌ ထိုက်ရွှမ်တောင်မှ တပည့်များစွာ ဒဏ်ရာ ရသွားခဲ့သည်ကိုပင် မည်သို့မှ မပြောခဲ့ပေ။ သူ၏ မျက်နှာထက်တွင် တည်ငြိမ်သော အမူအရာသာ ရှိနေခဲ့သည်။

“အရှင်ထိုက်ရွှမ်က သူတို့ကို ကိုယ်တိုင်သင်ကြားပေခဲ့ပေမယ့် ထိုက်ရွှမ်တောင်တပည့်တွေကတော့ မယ်မယ်ရရ ပြောလောက်စရာမရှိပါလား။” လော့ချုံးယန်က တိုက်ပွဲကို သိမ်းကျုံးကြည့်ကာ ပြောလိုက်သည်။ သူ၏ လေသံအတွင်း စိတ်ပျက်မှုတို့ စွန်းထင်းနေကာ ထိုက်ရွှမ်တောင်မှ တပည့်များကို စော်ကားခံရသလို ခံစားရစေရန် ပြုလုပ်နေသည်။

ဝမ်ရှိုးရီနှင့် ဓားကမ်းပါးမှ တပည့်များသည် သူတို့၏ ဓားများကို စွဲကိုင်ကာ ရှေ့သို့ တိုးဝင်သွားကြပြီး ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များကို ဝါးပင်များကဲ့သို့ ခုတ်ပိုင်းကာ သူတို့အား ဒဏ်ရာအများအပြားရသွားစေသည်။ သို့သော် သူတို့၏ ပြိုင်ဘက်အဖွဲ့သည် ရှေ့သို့ တိုးလာနေသည်။ လက်တစ်ဖက်က လေထဲကို မြောက်တက်သွားပြီး ချက်ချင်းပင် မရေတွက်နိုင်သော အနက်ရောင် သေခြင်းစွမ်းအင်လှိုင်းများက ထက်ရှသည့် ဓားများကဲ့သို့ လေကို ထိုးဖောက်ကာ ကြောက်မက်ဖွယ် သေခြင်းချီစွမ်းအားမုန်တိုင်း ဖြစ်ပေါ်လာသည်။

“ဟမ့်….”

ဓားတစ်လက်သည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ဝမ်ရှိုးရီ၏ ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲ့သို့ပင် ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များကို ခုတ်ပိုင်းလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သွေးများ စီးကျလာပြီး သူတို့သည် ဓားစွမ်းအားများကြောင့် ဒဏ်ရာများရရှိ၍ နောက်သို့ လွင့်စင်သွားလေ၏။

ထိုအချိန်တွင် ကြီးမားသည့် နတ်ဆိုးပုံရိပ်ကြီးတစ်ခု သူ့ရှေ့တွင်ပေါ်ပေါက်လာသည်။ ကြီးမားသည့် နတ်ဆိုးတန်ခိုးရှင်၏ လက်ကြီးနှစ်ဖက်က ထွက်ပေါ်လာပြီး ခဏချင်းအတွင်း သုံးထောင်သော သေခြင်းစွမ်းအင်လှိုင်းများက ကောင်းကင်ကို ဖြတ်သန်းကာ ဝမ်ရှိုးရီထံ တိုးဝင်လာသည်။

ဝမ်ရှိုးရီ၏ ပုံရိပ်ယောင်များ ပေါ်ပေါက်လာကာ သူက ရှေ့သို့ ဆက်သွားခဲ့သည်။ သူက အရာခပ်သိမ်းဖြတ်တောက်ခြင်း ကို အသုံးပြုကာ ဓားဖြင့် ထိုးခွဲလိုက်သည်။ သူက ပြိုင်ဘက်နှင့် ထိပ်တိုက်တွေ့ကာ လုံးထွေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှီလင်နတ်မြို့တော်မှ အခြားတန်ခိုးရှင်များက ချိပ်စည်း သဏ္ဌာန်ဖော်လိုက်ကြသည်။ ကောင်းကင်မှ သေဆုံးခြင်းနတ်ဆိုးစည်းတံဆိပ် ထွက်ပေါ်လာကာ ဓားကမ်းပါးမှ တပည့်များကို ဖိနှိပ်လိုက်သည်။

ဓားကမ်းပါးမှ တပည့်များသည် ချက်ချင်း တကွဲတပြား ဖြစ်သွားကာ သူတို့ထဲမှ အများစုက ဒဏ်ရာရရှိသွားကြသည်။

လော့ယွဲ့သည်လည်း တိုက်ပွဲတွင် ရှိနေခဲ့သည်။ သူမက ပြန်ဆုတ်ရစေရန် ဖိအားပေးခံနေရပြီး တန်ခိုးရှင်တစ်ဦးက သူမကို စူးစိုက်ကြည့်နေပေသည်။ မရေတွက်နိုင်သည့် သေဆုံးခြင်းစွမ်းအင်လှိုင်းများက လေထုကို ဖြတ်သန်းကာ သူမကို လွှမ်းခြုံသွားသည်။

သူမက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရပ်နေပြီး ဓားစွမ်းအားများက သူမ၏ အနီးတွင် အော်မြည်နေသည်။

ရှီလင်နတ်မြို့တော်မှ နတ်ဆိုးတန်ခိုးရှင်သည် သူမကို အေးစက်သည့် အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။ သူက ချိပ်တံဆိပ်အသွင် လက်သင်္ကေတများဖော်လိုက်ပြီး ရုတ်တရက် များပြားလှသည့် သေဆုံးခြင်းစွမ်းအင်လှိုင်းများက ဓားများကဲ့သို့ သူမထံ ရောက်ရှိလာခဲ့သည်။

ဝုရှ်! ဓားစွမ်းအားများက ကောင်းကင်ကို လွှမ်းခြုံကာ လော့ယွဲ့၏ ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွားသည်။ ထောင်သောင်းချီသည့် ဓားပုံရိပ်များ က ပေါ်ပေါက်လာကာ သေဆုံးခြင်းစွမ်းအင်လှိုင်းများနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။

“တဒင်္ဂနတ်ဓား” ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်က ရေရွတ်လိုက်သည်။ “ဘယ်လောက် ထူးခြားလိုက်တဲ့ ဓားနည်းစနစ်လဲ။ မမျှော်လင့်ဘဲ မင်းရဲ့ ဓားစွမ်းရည်က အလုပ်ဖြစ်သေးသားပဲ။”

သူက ထိုသို့ ပြောလိုက်ပြီးနောက် နတ်ဆိုးစွမ်းအားများက ကောင်းကင်သို့ ထိုးတက်သွားသည်။ သူက အောက်သို့ ညွှန်ပြလိုက်ပြီး ခဏအတွင်း မရေတွက်နိုင်သည့် သေဆုံးခြင်းအမှောင်စွမ်းအင်လှိုင်းများက သေဆုံးခြင်းလှံများအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းတို့သည် လော့ယွဲ့ထံသို့ တစ်ရှိန်ထိုး ကျဆင်းလာခဲ့၏။

သူမက ဓားကို အဝေးသို့ ပျံသန်းသွားစေပြီး လွတ်လပ်သွားသည့် လက်နှစ်ဖက်ကို ချိပ်တံဆိပ်ပုံစံ ဖော်လိုက်သည်။ မရေတွက်နိုင်သည့် ဓားပုံရိပ်များ ပေါ်ပေါက်လာကာ အထက်သို့ ရစ်ဝဲတက်သွား၏။ သူမ၏ အင်အားပြင်းထန်သော တိုက်ခိုက်မှုက သူ့ကို ရိုက်ခတ်သွားသော်လည်း အဆုံးတွင် လော့ယွဲ့သည် မြေပြင်သို့ ရိုက်ခတ်သွားခဲ့သည်။

နောက်ဆုံးတွင် သူမ၏ ဓားက သူမ လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။ သူမက ၎င်းကို ဆုပ်ကိုင်လိုက်ပြီး ဓားအလင်းက သူမ၏အနီးတွင် ဓားအလင်းအကာအကွယ် ဖြစ်ပေါ်လာခဲ့သည်။

ဘန်း… ဘန်း.. ဘန်း…

တိုက်ခိုက်မှုက ဆက်လက်ကျဆင်းလာနေသည်။ သူမက ပို၍ ပို၍ ဖိအားပေးခံလာနေရသည်။ နောက်ဆုံ၌ သူမက ညည်းညူလိုက်ကာ မျက်နှာက ဖြူဖျော့သွားခဲ့၏။

ဘုန်း…

လော့ယွဲ့ မြေပြင်သို့ ခြေချလိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူမ၏ မျက်နှာက စာရွက်ကဲ့သို့ ဖြူဖျော့နေသည်။

သူမ ဆင့်ခေါ်ထားသည့် ဓားဝိညာဉ်မှ နတ်အလင်းတို့ ဖြာထွက်လင်းလက်နေသည်။ ထိုအလင်းသည် သူမ လက်ထဲမှ ဓားနှင့် ပျော်ဝင်သွားကာ နတ်ရောင်ဝါအလင်းတန်းတစ်ခု လင်းလက်လာ၏။ ဓားက လေထုကို ဖြတ်သန်းကာ တခဏအတွင်းတွင် သူမ အရှေ့မှ အရာအားလုံးက ကွဲကြေပျက်စီးသွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်ကို ဓားက တိုးဝင်ခုတ်ပိုင်းလိုက်ပြီး သူ၏ မျက်နှာက အလွန် လေးနက်လာသည်။ သူက လေထဲသို့ ခြေချလိုက်ကာ နတ်ဆိုးပုံရိပ်များ ပေါ်ပေါက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းတို့က လော့ယွဲ့ကို ဝါးမျိုရန် ကြိုးစားလိုက်သည်။

“သွား” လော့ယွဲ့၏ လင်းလက်တောက်ပနေသည့် ဓားက လေကို ဖြတ်ပိုင်းလိုက်သည်။ သို့သော် နတ်ဆိုးပုံရိပ်များအားလုံးက တစ်ပြိုင်တည်း တိုက်ခိုက်လာပြီး သေဆုံးခြင်းလှံများကလည်း ဓားများပေါ်သို့ ကျဆင်းလာခဲ့သည်။ လွှမ်းမိုးနိုင်သော လက်ဝါးရိပ်များကလည်း လေထဲရှိ ဓားကို ရပ်တန့်စေရန် လုပ်ဆောင်လိုက်ပြီး ဓားက တုန်ခါနေသည်။ ၎င်းက တုန်ခါသွားတိုင်း လော့ယွဲ့၏ ပါးစပ်မှ သွေးများ ပိုမို စီးကျလာကာ သူမ၏ မျက်နှာကလည်း ဖြူဖျော့သည်ထက် ဖြူဖျော့လာသည်။

ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် အေးစက်သည့် စွမ်းအားများက ထိုက်ရွှမ်မြို့တော်အရှင်ထံမှ ပေါက်ကွဲထွက်လာသည်။  သူ၏ သမီးက တိုက်ခိုက်ခံနေရသည့်အတွက် သူက သည်အတိုင်း လွှတ်ပေးလိုက်ရန် မဖြစ်နိုင်ပေ။

သူ၏ စွမ်းအားက ထွက်ပေါ်လာသော်လည်း တစ်ချိန်တည်းမှာပင် ရှီလင်နတ်မြို့တော်မှ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်ကလည်း စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။  ကြည့်ရသည်မှာ သူ ပါဝင် ပတ်သတ်လာလျှင် ရှီလင်နတ်နန်းတော်မှ တန်ခိုးရှင်များလည်း သူ့ကို ချက်ချင်း တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

ဘုန်း…

ပြင်းထန်သည့်လေထု ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး တားဆီးရန် မဖြစ်နိုင်သည့် အင်အားတို့ဖြစ်ပေါ်လာ၏။ အကယ်၍ ပြိုင်ဘက်က တစ်ခုခုလုပ်ဝံ့လျှင် ထိုက်ရွှမ်မြို့တော်အရှင်ကလည်း ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။

တေးတံသာစံအိမ်တွင် ရီဖူရှင်း၏ စွမ်းအားများက ‘လမ်းစဉ်’ ဟူသော စာလုံးမှ စွမ်းအားများနှင့် ဆက်သွယ်နေသည်ဟု ထင်မှတ်ရသည်။ သူက ထိုက်ရွှမ်တောင်ပေါ်မှ တိုက်ပွဲကို ရှင်းလင်းစွာ တွေ့မြင်ရပေသည်။ ဓားကမ်းပါးမှ တပည့်များစွာ ဒဏ်ရာရရှိခဲ့ပြီး လော့ယွဲ့ပင်လျှင် ဖိနှိပ်ခံနေရသည်။

ထိုက်ရွှမ်တောင်သည် အပြင်ဘက်လောကနှင့် မည်သည့် ပဋိပက္ခမှ မရှိခဲ့သည့်အတွက် တပည့်များကို ဤသို့သော ပြဿနာများကို ရင်ဆိုင်ရန် သင်မပေးထားခဲ့ပေ။ သို့သော် သစ်ပင်က တည်ငြိမ်အေးချမ်းမှုကို လိုချင်တောင့်တလျှင်ပင် လေက ရပ်တန့်ပေးမည် မဟုတ်ပေ။ သူတို့က မည်သည့် ပြဿနာမှ မဖြစ်သည့်အတွက် အခြားသူများက သူတို့နှင့် ပြဿနာမဖြစ်ဟု မဆိုလိုပေ။

သူက ထိုက်ရွှမ်တောင်ထိပ်မှ သင်္ကေတများကို ကြည့်လိုက်ပြီး မဟာလမ်းစဉ်၏ အရာအားလုံးကို ခံစားနိုင်ပေသည်။ သူသည် ကောင်းကင်နှင့် မြေကြီးကြားမှ အရာအားလုံးတို့၏ အရှိန်အဝါများ စီးဆင်းမှုကို ခံစားနိုင်သည်။

ထိုအခိုက်တွင် သူ၏ မျက်လုံးများထဲ၌ ဓားတစ်လက် ပေါ်ပေါက်လာသည်။ ထိုဓားတစ်လက်သည် ကြီးမားသည့် စာလုံးကြီးအတွင်း၌လည်း ပေါ်ပေါက်လာပုံရသည်။

ထိုက်ရွှမ်တောင်မှ လေထုက ဖိအားများပြင်းထန်လာ၏။ လူတိုင်းက လော့ယွဲ့၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ ထိုက်ရွှမ်မြို့တော်အရှင်၏ သမီးက အဆုံးစွန်အထိ ဖိအားပေးခံထားရ၏။ သူမ၏ ဝတ်စုံ၌ သွေးတို့ စွန်းပေနေ၏။

သို့သော် သူမ၏ မျက်လုံးများက အေးစက်နေကာ ပြတ်သားသော ဆုံးဖြတ်ချက်တို့ဖြင့် ပြည့်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က ဓားတစ်လက် ဖြစ်သွားသကဲ့သို့ပင် ဓားစွမ်းအားများက ဖုံးလွှမ်းထားခဲ့သည်။ သူမက ကောင်းကင်သို့ ထိုးတက်သွားကာ လက်များကို ဓားချိပ်စည်းသဏ္ဌာန်ပုံဖော်လိုက်သည်။ ဓားစွမ်းအားများက လေထုကို ဖြတ်ကာ အော်မြည်နေ၏။ ကြည့်ရသည်မှာ သူမက ဆက်လက်တိုက်ခိုက်နိုင်နေဆဲပင် ဖြစ်ပုံရသည်။

ဟူး…

ဓားစွမ်းအားများက သူမ အထက်လေထုကို ဖြတ်သန်းသွားသည်။ ကြောက်မက်ဖွယ် ပြင်းထန်သည့် ဓားတစ်လက် ဖွဲ့တည်လာပြီး နောက်ထပ် ဓားများလည်း စတင်ဖွဲ့စည်းလာခဲ့ပေသည်။

ပထမဓားတစ်လက်အပြီး နောက်တစ်လက် ထွက်ပေါ်လာကာ ထို့နောက်တွင် တတိယဓား စသဖြင့် တစ်လက်ပြီးတစ်လက် ဖြစ်တည်လာသည်။ ခဏချင်းပင် လော့ယွဲ့၏ အထက် လေထဲတွင် မရေတွက်နိုင်သော ဓားများ ပေါ်ပေါက်လာ၏။

“ဘာတွေ ဖြစ်နေတာလဲ” ထိုက်ရွှမ်မြို့တော်အရှင်က အံ့အားသင့်သွားခဲ့သည်။ ထိုဓားများက……

သူသာလျှင် မဟုတ်ဘဲ လူတိုင်းသည်လည်း တအံ့တသြ ဖြစ်ကုန်ကြသည်။ လော့ယွဲ့၌ ဝှက်ဖဲများ ကျန်ရှိနေသေးသည်လား။

သို့သော် အံ့အားသင့်စရာကောင်းစွာပင် လော့ယွဲ့၏ မျက်နှာထက်တွင်လည်း ဇဝေဇဝါဖြစ်နေသည့်ဟန် ပေါ်ပေါက်လာခဲ့သည်။ ထိုဓားများက သူမ ဆင့်ခေါ်ထားခြင်း မဟုတ်ခဲ့ပေ။

“ဖျက်ဆီးစမ်း” သူမက အော်ကာ ဓားများကို လွှတ်ပေးလိုက်သည်။ သို့သော် သူမ အော်လိုက်သည်နှင့် တပြိုင်နက် မရေတွက်နိုင်သည့် ဓားများက အတူလှုပ်ရှားလာပြီး လေထုကို တန်းစီကာ ဖြတ်သန်းသွားခဲ့သည်။

ကြီးမားသည့် ဓားတန်းကြီးက ချုပ်နှောင်ခြင်းဓားများအသွင်သို့ ပြောင်းလဲသွားသည်။

ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်က အံ့အားသင့်သွားပုံပေါ်သည်။ သူက အော်ဟစ်လိုက်ပြီး သူ့ထံမှ နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာသည်။ သေဆုံးခြင်းစွမ်းအင်လှိုင်းများက လှံများအသွင် ပြောင်းလဲသွားကာ ထိုးထွက်လာ၏။

ဝုန်း…

လှံများက ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။ မရေတွက်နိုင်သည့် ဓားများက သူ ရပ်နေသည့် နေရာကို ပိုင်းဖြတ်လာသည်။ ၎င်းတို့မှာ တစ်ခုပြီးတစ်ခု အဆက်မပြတ်ကျဆင်းလာနေခဲ့သည်။

“အရာခပ်သိမ်းဖြတ်တောက်ခြင်း”

ဤကား တဒင်္ဂနတ်ဓား၏ဒုတိယအဆင့်တိုက်ကွက်ဖြစ်သော အရာခပ်သိမ်းဖြတ်တောက်ခြင်းဖြစ်ကာ ယခု တိုက်ခိုက်မှုက ပြီးပြည့်စုံပေသည်။ သူမ၏တိုက်ကွက်ဖော်ဆောင်မှုသည် အပြည့်စုံဆုံးဟုပင် ဆိုနိုင်၏။ ဝမ်ရှိုးရီသည်ပင်လျှင် ထိုမျှအထိ ပြီးပြည့်စုံသော တိုက်ခိုက်မှုကို မဖော်ထုတ်နိုင်ခဲ့ပေ။

လော့ယွဲ့က တိုက်ပွဲအတွင်း ထိုးထွင်းသိမြင်မှု ရရှိခဲ့သည်များလား။

မရေတွက်နိုင်သော ဓားများစွာ၏ ထိုးဖောက်မှုကြောင့် ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်က ခြောက်ခြားဖွယ် အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ အရှိန်အဝါက အားနည်းသွားသည်။ သူသည် လုံးဝ မသန်မစွမ်းဖြစ်သွားခဲ့သည်ဟု ထင်မှတ်ရသည်။ သူက မိန်းမောတွေဝေနေရင်း မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။

“ဘယ်လောက် အစွမ်းထက်တဲ့ ဓားလဲ” ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်အားလုံးက လော့ယွဲ့ကို ကြည့်လိုက်ကြသည်။ ထိုက်ရွှမ်မြို့တော်အရှင်၏ သမီးက ထိုမျှထိ ထူးချွန်သည်လား။

သို့ဆိုလျှင် သူမက အစောပိုင်း၌ မည်သည့်အတွက် ရှုံးနိမ့်ခဲ့ရသနည်း။

သူမက စွမ်းအားများကို ဖုံးကွယ်ထားခြင်း မဟုတ်ပါက နောက်တစ်ဆင့် တက်ရောက်သွားခဲ့သည်လား။

ရန်ဟောင်အဆင့် တန်ခိုးရှင်အချို့သည်လည်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားနေကြရသည်။ သို့သော် မည်သည့်နေရာက မှားနေသည်လည်း မည်သူကမှ မပြောနိုင်ကြပေ။ သူတို့က ထို ‘လမ်းစဉ်’ ဟူသည့် စာလုံးကို မော့ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ ထိုပေါက်ကွဲထွက်လာသည့် စွမ်းအားများက အရှိန်အဟုန်ဖြင့် ကောင်းကင်နှင့် မြေကြီးတို့တွင် တသားတည်း ဖြစ်သွားခဲ့ပြီး ဓားစွမ်းအားက ၎င်းမှ ထွက်ပေါ် ပျံ့နှံ့လာပုံရသည်။ လော့ယွဲ့က ထိုသို့ လုပ်ဆောင်ခဲ့သည်လား။

“ဘာတွေ ဖြစ်နေတာလဲ” ထိုက်ရွှမ်မြို့တော်အရှင်၏ ရင်ထဲ၌လည်း သံသယတို့ ရှိနေခဲ့သည်။ ကြည့်ရသည်မှာ လော့ယွဲ့ ဆင့်ခေါ်လိုက်သည်နှင့် မတူပေ။

သူက ထူးခြားဆန်းကြယ်သည့် ခံစားချက်ကို ခံစားရပေသည်။

သူက သူ့သမီးကို ကြည့်လိုက်၏။ သူမသည်လည်း ဖြစ်ပျက်ခဲ့သည်များကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။ ကြည့်ရသည်မှာ ထိုဓားများက သူမ ဆင့်ခေါ်ခဲ့ခြင်း မဟုတ်သည့်အတွက် အလွန် အံ့အားသင့်နေပုံရသည်။

သို့သော် ထိုဓားများက အမှန်တကယ် အစွမ်းထက်လှပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset