Switch Mode

အပိုင်း(၁၄၈၃)

မည်သူယှဉ်နိုင်မလဲ

ရီဖူရှင်း၏ နောက်တွင် ထောင်သောင်းချီသော နတ်ဆင်များက ကဆုန်ပေါက်နေကာ နတ်ဝိညာဉ်သည်လည်း ဖြစ်တည်လာပြီး အလွန် တောက်ပသည့် နတ်အလင်းတို့ ထုတ်လွှတ်နေသည်။

ထိုမြင်ကွင်းသည် ရီဖူရှင်း၏ အရှိန်အဝါကို ပို၍ ထူးခြားပြောင်မြောက်လာစေသည်။ နတ်ဆိုးရောင်ဝါများက တစ်ခုတည်းအဖြစ် စုစည်းလာကာ ထူးခြားလှသည့် နတ်ဆိုးအရှိန်အဝါများကို ပြသနေသည်။

သို့သော် ရီထျန်းယွိကလည်း အကျောမခံပေ။ ကောင်းကင်အာဏားက် နတ်ပန်းချီက တောက်ပကာ သူ၏ ခန္ဓာကို ဖုံးလွှမ်းလာသည်။ မဟာလမ်းစဉ် နတ်အလင်းများက သူ့ခန္ဓာကိုယ်ဆီသို့ စီးဆင်းလာကာ နတ်ဘုရားချပ်ဝတ်ကို ဖြစ်ပေါ်လာစေ၏။ ဤနတ်ဘုရားချပ်ဝတ်သည် ကြီးမားလှသည့် နတ်ဆိုးတစ်ကောင် သဏ္ဌာန်ယူထားလေသည်။ ယင်းသည် တိုက်ပွဲနှင့် လိုက်ဖက်သည့် ခွန်ပန်နတ်ငှက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ မြင့်မြတ်သည့် နတ်သားရဲခွန်ပန်က ရီထျန်းယွိ၏ တိုက်ပွဲသဏ္ဌာန် ဖြစ်တည်လာခြင်း  ဖြစ်ပုံရသည်။ ယင်းသည် ခမ်းနားထည်ဝါသည့် အတောင်များကို ဖြန့်လိုက်သောအခါ ကောင်းကင်ရှိ နေမင်းကို ဖုံးလွှမ်းသွားပြီး နတ်အလင်းများက ကောင်းကင်တစ်ခွင်ကို ဖြန့်ကျက်သွားလေသည်။

ထို့နောက်တွင် ပြင်းထန်သည့် ထိပ်တိုက်တွေ့မှု ဖြစ်ပေါ်ခဲ့သည်။

များပြားလှသော တန်ခိုးရှင်တို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေကြသည်။ သူတို့သည် ရီဖူရှင်းနှင့် ရီထျန်းယွိကြားမှ တိုက်ပွဲသည် ထိုမျှထိ ပြောင်မြောက်လှမည်ဟု မထင်မှတ်မိခဲ့သလို နတ်ဆင်အင်ပါယာ၏ အရိုးကို ပိုင်ဆိုင်ခဲ့သော ထိုရီဖူရှင်းသည်လည်း ယခင်က ဂူတုံးလျှိုကဲ့သို့ပင် ထူးချွန်လိမ့်မည် ဆိုသည်ကို ဖြစ်ပေသည်။ သူက သူ့အဆင့်အတွင်းတွင် ထူးချွန်ရုံမျှမက ပြန်လည်မွေးဖွားခြင်းအဆင့်နှင့်ပင် ယှဉ်နိုင်ကာ ရီထျန်းယွိကို အနိုင်မခံအရှုံးမပေး တိုက်ခိုက်နိုင်ပေသည်။

ကောင်းကင်အထက်တွင် တိုက်ပွဲစွမ်းအားများက ဖုံးလွှမ်း၍ ထားသည်။ ရီဖူရှင်း၏ မျက်လုံးများက နတ်ဆိုးဆန်ဆန်နှင့် ကြောက်မက်ဖွယ် ကောင်းလာကာ သူက ရီထျန်းယွိ၏ စိတ်ဝိညာဉ်ကို ခံစားနေသည်။ သူက ရီထျန်းယွိ၏ စိတ်ဝိညာဉ်တွင် ခွန်ပန်နတ်အကာကွယ်ချထားသည်ကို မြင်လိုက်ရသည်။ ယင်းသည် စိတ်ကူးသည်ထက် သာလွန်ကာ တောက်ပ၍ နေသည်။ ရှင်းလင်းစွာပင် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အထွတ်အထိပ်ပညာရပ်သည် စိတ်ဝိညာဉ်ကိုလည်း အသုံးပြုနိုင်သည့် နည်းလမ်းများ ပါဝင်ပြီး အမှန်တကယ် ထိပ်တန်းပညာရပ် ပီသပေသည်။

ရီထျန်းယွိက အတောင်နှစ်ဖက်ကို ခတ်လိုက်ကာ ကောင်းကင်ထက်တွင် သတ်ဖြတ်ခြင်းမုန်တိုင်း ဖြစ်ပေါ်လာစေသည်။ မရေတွက်နိုင်သည့် ခွန်ပန်နတ်အမွေးအတောင်တို့က ရွှေရောင် သတ်ဖြတ်ခြင်းလက်နက်များအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်သို့ ပြေးထွက်သွား၍ ရီဖူရှင်းထံ ဦးတည်သွားလေသည်။

ဘန်း…. ဘန်း…. ဘန်း!

ကဆုန်ဆိုင်းနေသည့် နတ်ဆင်ကြီးများ၏ ခန္ဓာက တိုက်ရိုက် ထိုးဖောက်ခံနေရကာ ကွဲကြေသွားခဲ့သည်။ ရွှေရောင်နတ်ဆင်အဖြစ် ပြောင်းလဲထားသော ရီဖူရှင်းသည် ရှေ့သို့ ဆက်ကာ လျှောက်လာခဲ့သည်။ သူက ခြေလှမ်းလိုက်သည့်အခါ ကောင်းကင်က ပြင်းထန်စွာ တုန်ခါနေသည်။ ကြည့်ရသည်မှာ အပြီးတိုင် ဖျက်ဆီးခံရတော့မလိုပင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဖိနှိပ်နိုင်သော စွမ်းအားများက ကျဆင်းလာသည်။ ယင်းသည် နေရာတစ်ခုလုံးကို ခဲသွားစေပုံပေါ်သည်။ ကောင်းကင်မှ ကျဆင်းလာသည့် များပြားလှသော သတ်ဖြတ်ခြင်းလက်နက်များက နှေးကွေးသွားပြီး ယင်းတို့၏ စွမ်းအားများက အလွန် အားနည်းသွားခဲ့ပေသည်။

သို့သော် ရီထျန်းယွိက လက်မလျှော့ခဲ့ပေ။ ခွန်ပန်အတောင်များက ဖြန့်ကားလာကာ နတ်တောင်ပံများက ကောင်းကင်ကို ဖုံးလွှမ်း၍ ဆက်လက် ရိုက်ခတ်နေခဲ့သည်။ ကောင်းကင်သည် မဟာလမ်းစဉ် မုန်တိုင်း ဖြစ်ပေါ်နေခဲ့သော်လည်း ယင်းသည် လေစွမ်းအား ဖြစ်သည့်အတွက်ကြောင့် ဗြဟ္မာ့ကောင်းကင်မြို့ကို လေမုန်တိုင်း ဖြစ်ပေါ်စေခဲ့သည်။

လေမုန်တိုင်းသည် ရွှေရောင်သတ်ဖြတ်ခြင်းလက်နက်များကိုပါ တပါတည်း ယူဆောင်လာပြီး ရီဖူရှင်းရှိနေရာသို့ ကျဆင်းလာစေသည်။ ထိုသို့သော စွမ်းအားသည် ရာထောင်ချီသော စစ်တပ်များကိုပင် ချက်ချင်း သုတ်သင်ရှင်းလင်းနိုင်ပေသည်။

သို့သော် ရီဖူရှင်းက မရပ်တန့်ခဲ့ဘဲ မုန်တိုင်းအတွင်း ဆက်လက်လျှောက်လှမ်းနေကာ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် ကမ္ဘာမြေကြီးကို ကွဲအက်သွားစေသည်။  နတ်ဆင်အင်ပါယာအရိုး၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး နတ်ဆင်များ၏ အစွမ်းထက်ဆုံး စွမ်းရည်ကိုပါ ထုတ်ဖော်၍ အတူတကွ ပေါင်းစပ်သည်။ နတ်ဆင်များ၏ ခြေနင်းခြင်းတွင် ပြိုင်ဘက်ကင်း စွမ်းအားများ ရှိလာခဲ့၏။ သူ့ခန္ဓာကိုယ်က မုန်တိုင်း၏ အလယ်ဗဟိုသို့ ပြေးဝင်သွားခဲ့ကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်လျှင် မဟာလမ်းစဉ်က ပြိုကျ၍ လေဟာနယ်ကို ဖွင့်လှစ်သည်။

ရွှေရောင်နတ်ဆင်များက မဟာလမ်းစဉ်လေဟာနယ်အတွင်း လျှောက်လာကြကာ လေထုကို ခြေတစ်လှမ်းနှင့် ဖြတ်သန်း၍ ရီထျန်းယွိထံ လျှောက်လာခဲ့သည်။

ရွှေရောင်ချပ်ဝတ် နတ်ဆင်နှင့် နတ်ချပ်ဝတ်ခွန်ပန်တို့သည် မျက်နှာချင်းဆိုင် ဆုံတွေ့သွားခဲ့ပြီး ကောင်းကင်အောက်ရှိ လူများက မုန်တိုင်းအလယ်သို့ မော့ကြည့်လိုက်ကြသည်။ ဤသည်က ရီဖူရှင်းနှင့် ရီထျန်းယွိတို့ကြားမှ တိုက်ပွဲမဟုတ်တော့ဘဲ နတ်သားရဲများကြားမှ တိုက်ပွဲနှင့် ပိုတူပေသည်။

ရီဖူရှင်းသည် လက်သီးကို မြှောက်ကာ မည်သည့် ထူးခြားသော လှုပ်ရှားမှုမှ မပါဘဲနှင့် ရှေ့သို့ ပစ်ထိုးသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နတ်ဆင်အင်ပါယာ အရိုး၏ စွမ်းအားများက နတ်ရောင်ဝါများအဖြစ် ပေါက်ကွဲထွက်ကာ သူ၏ လက်သီးစွမ်းအားများအတွင်း ပေါင်းစပ်သွားသည်။ ထိုလက်သီးချက် ကျရောက်လာသည့်အခါ ရီထျန်းယွိသည် ခွန်ပန်နတ်ချပ်ဝတ်ဖြင့် သူ၏ စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားလိုက်သော်လည်း သူသည် ဝိညာဉ်၏ ထိတ်လန့်တုန်လှုပ်သွားမှုကို ခံစားရဆဲ ဖြစ်သည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုတွင် မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအားတို့ ပါဝင်နေသည်။

နတ်ဆင်လေဟာနယ်ခွဲလက်သီးက လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် ရီထျန်းယွိ၏ နတ်လမ်းစဉ်က ပေါက်ကွဲထွက်လာကာ ကောင်းကင်တွင် ကြီးမားသည့် ခွန်ပန်ပုံရိပ် ပေါ်ပေါက်လာကာ ထွက်ပေါ်လာသည့် နတ်ဆင်ကြီးအား ကုပ်ဆွဲသည်။ သူတို့က ကောင်းကင်ထက်တွင် တိုက်မိသွားခဲ့ကြ၏။

ဒုန်း…..

ချောက်ချားဖွယ် ထိပ်တိုက်တွေ့ဆုံသံက လူအုပ်ကြီး၏ နားစည်ကို တုန်ခါသွားစေသည်။ မော့ကြည့်လိုက်လျှင် သားရဲကြီးနှစ်ကောင်က ထိပ်တိုက်တွေ့ဆုံနေကြပြီး ကောင်းကင်နှင့် မြေကြီးက ကျိုးပဲ့ပျက်စီးတော့မယောင် ဖြစ်လာသည်။

ထို့အပြင် ကြည့်ရသည်မှာ အစကပင် ဖြစ်ပုံပေါ်သည်။ ရီဖူရှင်းက တိုက်ခိုက်နေစဉ်တွင် ရှေ့သို့ တိုးလာပြီး လက်သီးချက်များကို တစ်ချက်ပြီးတစ်ချက် ပစ်သွင်းသည်။ သူက ရီထျန်းယွိနှင့် မျက်နှာချင်းဆိုင်ကာ မဟာလမ်းစဉ်စွမ်းအားများနှင့် ထိပ်တန်းတွေ့သွားခဲ့သည်။ ဤငွေဖြူရောင်ဆံပင်နှင့် လူငယ်သည် ပြိုင်ဘက်ကင်းလှပေသည်။

ရီဖူရှင်းသည် ဤသို့ တိုက်ခိုက်လိုက်သည့်အခါ ရီထျန်းယွိက မည်သို့ ဆုတ်ခွာပါမည်နည်း။ ခွန်ပန် အမွေးအတောင်များ၏ တိုက်ခိုက်များက လေဟာနယ်ကို ထိုးဖောက်သွားနိုင်သည်။

လူအုပ်ကြီးသည် အဆက်မပြတ်နှင့် ကြမ်းတမ်းသည့် တိုက်ခိုက်မှု ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်ကို မြင်တွေ့ရပေသည်။ မည်သည့်ဘက်ကမှ ရပ်တန့်ရန် စိတ်ကူးရှိပုံမရပေ။

ဆက်လက်၍ တိုက်ခိုက်ကြသည့်အခါ လူတိုင်းသည် ရီဖူရှင်း၏ တိုက်ခိုက်မှုသည် ပို၍ ရက်စက် ပြင်းထန်လာသည်ကို ထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် ရီထျန်းယွိသည် အနှောင့်အယှက်တချို့ ကြုံတွေ့နေရပုံပေါ်ကာ သူ့စွမ်းအားများက အားနည်းသွားသည်။

ရလဒ်အနေနှင့် ရီဖူရှင်းသည် ရက်စက်ပြင်းထန်သည့် တိုက်ခိုက်မှုကို ဖော်ထုတ်တိုက်ခိုက်နေသည့် အချိန်တွင် ရီထျန်းယွိက သူ့ကိုယ်သူ ကာကွယ်နိုင်ရုံမျှသာ ရှိနေပေသည်။

“ဒါက…”

ဂူတုံးလျှိုနှင့် ရီထျန်းယွိ ကြားမှ တိုက်ပွဲ ဖြစ်စဉ်က ရီထျန်းယွိသည် ဖိနှိပ်မခံရဘဲ အမြဲ လက်ဦးမှုယူကာ ရင်ဆိုင်နိုင်ခဲ့သည်။ ယခုတွင် သူက ရီဖူရှင်းနှင့် တိုက်ခိုက်သည့်အခါ သူသည် ခုခံကာကွယ်သည့်ဘက်မှ ဖြစ်နေသည်ဟု ခံစားရပေသည်။

ဤသည်က မည်မျှ ထိတ်လန့်ဖွယ် ကောင်းသနည်း။ ထိုသည်က နတ်ဆင်အင်ပါယာ၏ အရိုး စွမ်းအားကြောင့်များ ဖြစ်နိုင်သလား။

သို့ဆိုလျှင်ပင် ရီဖူရှင်း၏ ကိုယ်ပိုင် ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။

ပုံမှန်အားဖြင့် သူတို့သည် ရီထျန်းယွိ၏ ခုခံမှုက မည်သည့်အတွက် ပိုတိုးမြင့်လာသည်ကို နားမလည်ကြပေ။ ရီဖူရှင်း၏ လွှမ်းမိုးနိုင်သော နည်းစနစ်များတွင် တစ်ခုချင်းစီ၌ အစွမ်းထက်အင်အားများ ပါဝင်နေပြီး အရာအားလုံးကို ဖိနှိပ်ကာ ဖျက်ဆီးပစ်နိုင်သည်။ ယင်းတို့သည် ရီထျန်းယွိ၏ ခန္ဓာကိုယ်ကို ဖြတ်၍ စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့ပေသည်။ စိတ်ဝိညာဉ်ကို တိုက်ပွဲစွမ်းအားနှင့် ကာကွယ်ထားသော်လည်း ရက်စက်သည့် အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် အလွန် မသက်မသာ ခံစားလာရဆဲ ဖြစ်၏။

ဘုန်း…

နောက်ဆုံးတွင် ကျယ်လောင်သည့် မြည်သံထွက်ပေါ်လာပြီး ရီထျန်းယွိ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ်သွားသည်။ သူက ဆက်လိုက်တိုက်ခိုက်နိုင်သေးသော်လည်း မတိုက်တော့ဘဲ နောက်သို့ ဆုတ်ရန် ရွေးချယ်သည်။

နောက်သို့ ဆုတ်လိုက်ရသည့် ဤခြေလှမ်းက သူ့အတွက် အနည်းငယ် အရှက်ရစေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက ရီဖူရှင်းနှင့် တိုက်ပွဲတွင်  နောက်ဆုတ်ခဲ့ရသည်။

သို့သော် သူက ခြေလှမ်းနောက်ဆုတ်သည် မဟုတ်လျှင် သူက ဖိအားပေးခံနေရဦးမည် ဖြစ်သည်။

သူက အရေးသာစေရန်အတွက် ဆုတ်ခွာရန် လိုအပ်သည်။

သို့သော် ရီထျန်းယွိ ပြန်ဆုတ်သည်နှင့် သူ တွေးသည့်အတိုင်းပင် ကောင်းကင်အောက်ရှိ မရေတွက်နိုင်သည့် လူများက ထိတ်လန့်သွားခဲ့ကြပေသည်။

ရီထျန်းယွိက ရီဖူရှင်းနှင့် ရင်ဆိုင်တွေ့ရသည့်အချိန်တွင် နောက်ဆုတ်ခဲ့ရပေသည်။

“ဖြစ်နိုင်တာက ရီဖူရှင်းက ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံနဲ့ ဂူတုံးလျှိုတို့ထက် အားကောင်းတာလား” အချို့က ရေရွတ်လိုက်ပြီး ဖြစ်ရပ်တစ်ခုလုံးက အမှန်မဟုတ်သကဲ့သို့ ခံစားရပေသည်။ ရီဖူရှင်း၏ စွမ်းအားက အလွန် ကြီးမားလျှင်ပင် သူ၏ ပါရမီအရည်အချင်းက ကောင်းကင်အာဏာစက်၏ ထိပ်သီးငါးယောက်အတွင်းမှာပင် ရှိနေမည် ဖြစ်ကာ လူတိုင်း တွေးမထင်ထားမိခဲ့သည်မှာ သူက ရီထျန်းယွိထက် အားကောင်းနေမည်ကိုပင် ဖြစ်သည်။

“အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ စွမ်းအားဖြစ်လိမ့်မယ်။ နတ်ဆင်တွေရဲ့ ဘိုးဘေးက နတ်ဆိုးအရှင်သခင်ရဲ့ တော်ဝင်စီးတော် ဖြစ်ခဲ့ပြီး မျိုးဆက်အားလုံးအတွက် ထိတ်လန့်စရာ တည်ရှိမှု ဖြစ်ခဲ့တယ်မလား” တစ်ယောက်က ပြန်တုံ့ပြန်သည်။

“ရီထျန်းယွိက နောက်ကို တစ်လှမ်းပဲ ဆုတ်ခဲ့တာ။ သူက ပိုပြီး အားကောင်းတဲ့ နည်းစနစ်ကို သုံးနိုင်ဖို့ လိုတယ်” တစ်ယောက်က အလွန် ထက်ရှသည့် အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်သည်။ သေချာသလောက်ပင်  ရီဖူရှင်း၏ အရှိန်အဝါက ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်ကို ခံစားမိသွားကြပေသည်။

ကောင်းကင်အာဏာစက် နတ်ပန်းချီက ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ်စွမ်းအားများကို ဝါးမျိုနေသည်။ မရေတွက်နိုင်သည့် မဟာလမ်းစဉ် နတ်အလင်းများက ရီထျန်းယွိ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။ နတ်ပန်းချီသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကာ ယင်းကို ရစ်ပတ်ပြီး နတ်ချပ်ဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားသည်။

တောက်ပလာသည့် နတ်အလင်းများ ကျဆင်းလာပြီး သူ၏ ကျောနောက်မှ ဆံပင်ရှည်များက ရွှေရောင်လွှမ်းလာကာ အသက်ဓာတ်များက ထက်ရှလာသည်။ သူ၏ ဝတ်ရုံက လေနှင့် တလူလူ လွင့်နေကာ စစ်နတ်ဘုရားတစ်ပါး ဖြစ်လာသည်။ ကောင်းကင်အာဏာစက် နတ်ပန်းချီက အဆုံးစွန်ထိ ပြောင်းလဲလာခဲ့သည်။

ရီထျန်းယွိက ကောင်းကင်ဘုံ နတ်ဘုရားအဖြစ် ပြောင်းလဲချင်နေပေသည်။

သို့သော် ရီဖူရှင်းကလည်း မဟာလမ်းစဉ် နတ်အလင်းများကို ဝါးမျိုပြီး ဆင်အော်သံများကို ကြားရကာ နှိုင်းယှဉ်မရသည့် ပုံရိပ်တစ်ခုက ကောင်းကင်ထက်တွင် ပေါ်ပေါ်လာသည်။

ရီဖူရှင်း၏ ငွေရောင်ဆံပင်သည် လေထဲတွင် ကခုန်နေပြီး နတ်ဆင်အဖြစ် ပြောင်းလဲသွားကာ သူ၏ လက်ထဲတွင် ရှည်လျားသော နှင်တံတစ်ချောင်း ပေါ်ပေါက်လာသည်။ ဤနှင်တံရှည်သည် နတ်ဘုရားလမ်းစဉ်ဖြင့် ဖွဲ့စည်းဖြစ်တည်လာကာ တောက်ပသည့် ရွှေရောင်အလင်းတို့ တောက်ပနေသည်။ နှင်တံရှည်အတွင်း၌ ကြောက်မက်ဖွယ် စွမ်းအားများ ပို၍ ပြင်းထန်စွာ ပါဝင်လာသည်။

ကောင်းကင်သို့ ခြေချလိုက်ပြီး ရီဖူရှင်းသည် ရီထျန်းယွိအား တစ်ချက်ကြည့်လိုက်ကာ သူ၏ နတ်စွမ်းအင်များကို စုစည်းနိုင်ရန် မည်သည့် အချိန်မှ မပေးခဲ့ပေ။ သူက နှင်တံရိုက်ချက်ကို ထုတ်ဖော်သည်။

နှင်တံအရိပ်များက ပေါ်ပေါက်လာကာ ကောင်းကင်တွင် ပြည့်နှက်နေသည်။ နှင်တံ၏ အရိပ်များက လူအများကြားတွင် နတ်ဆင်များကလည်း ကဆုန်ဆိုင်းနေခဲ့သည်။ နှင်တံနည်းစနစ်သည် ကောင်းကင်ဘုံကိုးဆင့်ရိုက်ချက် ဖြစ်သော်လည်း နတ်ဆင်များ၏ ကြီးမားသော ခွန်အားကို ပေါင်းစပ်အသုံးပြုလိုက်သည့်အခါ ယင်း၏ စွမ်းအားက မှန်းဆ၍ မရနိုင်အောင်ပင် ဖြစ်သည်။

ရီထျန်းယွိက သူ့ခေါင်းကို မော့ကာ လေထဲသို့ တစ်ချက်ကြည့်သည်။ သူ၏ စွမ်းအားများက ပြင်းထန်လာပြီး ရွှေရောင်ဆံပင်များကလည်း လက်နက်များကဲ့သို့ ထက်ရှလာသည်။

သူက လက်ကို မြှောက်လိုက်ပြီး လေထဲသို့ ညွှန်ပြသည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေခဲ့သည်။ သူ၏ လက်ချောင်းက ကောင်းကင်သို့ ညွှန်ပြလိုက်ကာ ရှေ့သို့ ရွေ့လျားနေပြီး သူသည် မဟာလမ်းစဉ်တို့အား ချိုးဖျက်၍ ကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေသည်။ မရေတွက်နိုင်သည့် နှင်တံ အရိပ်များက ယခုအခါတွင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူက သတ်ဖြတ်ခြင်း ရှေးဟောင်းလမ်းစဉ်ကို ဖွင့်လှစ်ကာ ရီဖူရှင်းထံသို့ ဦးတည်သည်။

ရီထျန်းယွိ၏ မျက်လုံးများထဲတွင် သတ်ဖြတ်ခြင်း စွမ်းအားများ ပြည့်နှက်နေသည်။

ဘုန်း…

ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး ရီထျန်းယွိက မဟာလမ်းစဉ်စွမ်းအားများကို နှင်တံနှင့် ထိပ်တိုက်တွေ့ဆုံစေခဲ့သည်။ သို့သော် သူက နောက်မဆုတ်ခဲ့ဘဲ ရီထျန်းယွိသည် နတ်ဘုရားသဏ္ဌာန်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေသည်။

မဟာလမ်းစဉ် မုန်တိုင်းက ပိုမို ပြင်းထန်လာပြီး ရီဖူရှင်းသည် ကြီးမားလှသည့် စွမ်းအားများ ပါဝင်နေသော နှင်တံရိုက်ချက် တစ်ချက်ပြီးတစ်ချက်နှင့် တပါတည်း အောက်သို့ ဆင်းသက်လာသည်။

ရီထျန်းယွိနောက်တွင် ခွန်ပန်နတ်တောင်ပံက ပေါ်ပေါက်လာသည်။ ယင်းက တောင်ပံများကို ဖွင့်ကာ လေဟာနယ်ကို ဖြတ်သန်း ရိုက်ခတ်လိုက်ပြီး နှင်တံအရိပ်များကို ပျက်စီးသွားစေသည်။ နတ်စွမ်းအားများက နှိုင်းယှဉ်၍ မရနိုင်အောင် ဖြစ်စေသည်။

ရွှမ်ထျန်းစံအိမ်အပြင်ဘက်တွင် ဗြဟ္မာ့ကောင်းကင်မြို့ရှိ မရေတွက်နိုင်သော လူများမှာ ကောင်းကင်သို့  မျက်တောင်မခတ်တမ်း မော့ကြည့်နေကြသည်။ သူတို့သည် တိုက်ပွဲသို့ စူးစိုက်ကြည့်နေကြပြီး နတ်ဘုရားနှင့် တစ္ဆေများကိုပင် ကြောက်မက်ဖွယ် တိုက်ပွဲအား စောင့်ကြည့်နေကြသည်။

ထိပ်တိုက်တွေ့ဆုံသည့် အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ထိုနေရာ၌ တိုက်ခိုက်မိသံက အချိန်တိုင်းတွင် သူတို့၏ နှလုံးသားထဲတွင် ထိခိုက်မိသကဲ့သို့ ဖြစ်စေကာ သူတို့၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သွေးတို့က ဆူပွက်လာစေသည်။

“နှင်တံနည်းစနစ်က ပိုပြီး အားကောင်းလာနေတယ်”

အောက်ဘက်မှ စောင့်ကြည့်နေသူများသည် နှင်တံများ အဆက်မပြတ် ရိုက်ခတ်ထွက်ပေါ်လာသည်ကို မြင်ရပြီး တုန်ခါနေသည်။ ရီထျန်းယွိ၏ ခန္ဓာကိုယ်က နတ်ဘုရားခန္ဓာဖြစ်နေလျှင်ပင် အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ထင်ရသည်။

ခြောက်ခါမြောက် နှင်တံရိုက်ချက် ထွက်ပေါ်လာသည့်အခါ အထွတ်အထိပ်စွမ်းအားများက လေဟာနယ်ကို ဖျက်ဆီးသည်။ ရီထျန်းယွိက ညည်းညူလိုက်ပြီး လေထဲမှ လွင့်စဉ်သွားသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ စိတ်ဝိညာဉ်က တုန်ခါလာသည်။

နတ်ဆင်သည် ကောင်းကင်မှ ဆင်းသက်လာပြီး ကောင်းကင်ကို နင်းကာ နှင်တံဖြင့် တစ်ဖန်ရိုက်ခတ်လိုက်ပြန်သည်။ ယင်း ရိုက်ချက်သည် ထောင်သောင်းချီသည့် နှင်တံအရိပ်များကို တစ်ခုတည်းအဖြစ်သို့ စုစည်းထားခဲ့ခြင်း ဖြစ်သည်။ ယင်း ရိုက်ချက်တစ်ချက်သည်  မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်နေခဲ့သည်။ ၎င်းက ရီထျန်းယွိထံသို့ တိုးဝင်သွားခဲ့သည်။

ကောင်းကင်မှ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည့် ရီထျန်းယွိပင်လျှင် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။ ထိုအချိန်တွင် သူက နတ်ဘုရားတစ်ပါး၏ ခန္ဓာနှင့် ယှဉ်နိုင်သော်လည်း တိုက်ခိုက်ရန်အတွက် ခွန်ပန်ခန္ဓာကို ဆင့်ခေါ်ထားဆဲပင် ဖြစ်သည်။

ဘုန်း…

နှင်တံအရိပ် ကျဆင်းလာသည့်အခါ ခွန်ပန်က ပျက်စီးသွားကာ နတ်ချပ်ဝတ်က အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရသည်။ ပြင်းထန်သည့် စွမ်းအားက ခုခံကာကွယ်မှုကို ထိုးဖောက်သွားခဲ့ပြီး ရီထျန်းယွိအပေါ်၌ ပေါက်ကွဲသွားခဲ့သည်။ သူ၏ခန္ဓာက ကောင်းကင်မှ မြေကြီးသို့ ပြုတ်ကျ ရိုက်ခတ်မိကာ အားလုံးသော အဆောက်အအုံများက ပြိုကျပျက်စီးသွားခဲ့သည်။ မရေတွက်နိုင်သည့် လူများသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြပြီး သူတို့၏ ခြေထောက်အောက်၌ အက်ကွဲရာများ ပေါ်ပေါက်လာသည်။

“ရီထျန်းယွိက ဖိနှိပ်ခံနေရတယ်”

လူအများ၏ မျက်လုံးများက ကြောင်တောင်တောင် ဖြစ်နေကြသည်။ သူတို့က မြင်နေရသည့် မြင်ကွင်းအား မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံတွင် ရီထျန်းယွိထက် သာလွန်သည့်သူ တစ်ယောက်ယောက် ရှိနေသည်လား။

ကောင်းကင်နတ်တံခါးတိုက်ပွဲတွင် ဂူတုံးလျှိုသည်ပင် ထိုသို့ မလုပ်ဆောင်နိုင်ခဲ့ပေ။

ရီဖူရှင်းက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ စွမ်းအားကို အသုံးပြု ပြီး ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံကို ဖိနှိပ်နေပြီး သူ့ကို မြေပြင်သို့ပင် ရိုက်ခတ်မိသွားစေသည်။ လူအများ၏ စိတ်ထဲတွင် ဤမြင်ကွင်းက မည်မျှ လေးစားအထင်ကြီးဖွယ် ကောင်းလှသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဖုန်မှုန့်များ ရှင်းလင်းသွားသည့်အခါ လူတိုင်းက မြေပြင်သို့ ကြည့်လိုက်ကြသည်။ ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းထားသည့် ရီထျန်းယွိသည် အပျက်အစီးများကြားတွင် ရှိနေခဲ့သည်။ မြေပြင်သည် ကွဲအက်ပျက်စီးနေခဲ့ပြီး ဖြစ်သည်။

ကောင်းကင်ထက်တွင် ပြိုင်ဘက်ကင်း ပုံရိပ်တစ်ခုက ရပ်နေပြီး အလွန် တောက်ပနေခဲ့သည်။ ငွေဖြူရောင်ဆံပင်နှင့် သူသည် ကောင်းကင်အာဏာစက်ဘုံကို တစ်ဖန်ထိတ်လန့်စေခဲ့ပြန်သည်။

ကောင်းကင်အာဏာစက် မဟာလမ်းစဉ်တိုက်ပွဲတွင် မည်သူက ပြိုင်ဘက်ကင်း ဖြစ်နိုင်မည်နည်း။

မည်သူက ပြိုင်ဘက်ကင်းစွာနှင့် အကြိမ်တိုင်း လွှမ်းမိုးနိုင်မည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset