အပိုင်း(၁၄၈၁)

ရီထျန်းယွိ၏ သဘောထား

ချင်းဟယ်က သူ့ဆီ မနေ့ညက လာသွားခဲ့ပြီး သူတို့ စကားပြောဆို ပြီးနောက် ရီဖူရှင်းသည် ချင်းဟယ်၏ အတွေးများကို နားလည်လာခဲ့ကာ နှစ်ယောက်သည် သေချာ နားလည်နိုင်သော အဆင့်သို့ ရောက်ခဲ့ကြသည်။

လူတိုင်းက ချင်းဟယ်သည် သူ့အား ရွေးချယ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း သူနှင့် ချင်းဟယ် နှစ်ယောက်လုံးက ထိုသို့ အတွေးမျိုး မရှိခဲ့ပေ။

ထို့ကြောင့် သူက ယနေ့ ထွက်မလာဘဲနေခြင်း ဖြစ်သလို ချင်းဟယ်ကလည်း ရီထျန်းယွိအား မရွေးချယ်ခဲ့ပေမယ့် သူတို့သည် ယခုတွင် သူမ၏ ရည်မှန်းချက်ကြောင့် တိုက်ပွဲကြီး ကြုံတွေ့ခဲ့ရပေသည်။

“အတင်းအကျပ် လုပ်တယ်လား” ရီထျန်းယွိက ရေရွတ်လိုက်ပြီးနောက် ဆက်ပြောသည်။ “ကျုပ် ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ဖူးဘူး။ ဒီပွဲအတွက် ဖိတ်ကြားချက်ကို ဗြဟ္မာ့သန့်စင်ကောင်းကင်က အရင်ပို့ခဲ့တာ။ ပြီးတော့ ဗြဟ္မာ့သန့်စင်ကောင်းကင်ကပဲ ချင်းဟယ် လက်တွဲဖော် ရွေးမယ်လို့ သတင်းပေးခဲ့တာ။ ကျုပ်က ကောင်းကင်အာဏာစက် ပြည်ထောင်ကနေ လာခဲ့တာ အားလုံးက ဒီကိစ္စအတွက်ပဲ။ အဲဒါက ဘာအဓိပ္ပာယ်များ ဖြစ်မလဲ”

သူက ပြောပြီးသည့်နောက် ရှေ့သို့ ခြေလှမ်းလာကာ ရီဖူရှင်းကို ကြည့်သည်။ “မင်း ခုနက ရှေ့မထွက်လာဘူးဆိုမှတော့ ဒီကိစ္စကို ဝင်စွက်ဖက်ဖို့ အရည်အချင်း မမီတော့ဘူး။”

“ဗြဟ္မာ့သန့်စင်ကောင်းကင်က တစ်ယောက်ယောက်နဲ့ မဟာမိတ်ပြုချင်တယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို တိုက်ရိုက်ချနိုင်တာပဲ။ ဗြဟ္မာ့သန့်စင်ကောင်းကင်အတွက် ချင်းဟယ်က အဆုံးအဖြတ်ပေးဖို့ လိုမယ်လို့ ကျုပ်တော့ မထင်ဘူး” ရီဖူရှင်းက ရွှမ်ထျန်းနတ်မိမယ်ကို ကြည့်ကာ ပြောသည်။ “ကျုပ်က နှိမ့်ချစွာနဲ့ မေးပါရစေ။ ဒီကိစ္စအားလုံးက ဘာအဓိပ္ပာယ်များလဲ”

ချင်းဟယ်အတွက် လက်တွဲဖော် ရှာဖွေသည်ဆိုခြင်းမှာ ချင်းဟယ်တွင် အင်အားရရှိရန်အတွက် လုပ်သော မဟာမိတ်လက်ထပ်ခြင်းဟု ဆုံးဖြတ်နိုင်ပေသည်။ သို့သော် ဖြစ်ပျက်နေသည့် အရာအားလုံးကို ချိန်ဆကြည့်ရလျှင် သူက ချင်းဟယ်သည် ဗြဟ္မာ့သန့်စင်ကောင်းကင်တွင် ထိုသို့သော အနေအထားမျိုးဟု မထင်မိပေ။

မနေ့ညက သူတို့ နှစ်ယောက်တွေ့ခဲ့သည့်အခါ၌ သိခဲ့ရသည်က ထိုသို့ ပြုလုပ်ရန်မှာ ဗြဟ္မာ့သန့်စင်ကောင်းကင်အတွက် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် ရှိလိမ့်မည် ဖြစ်သော်လည်း ထိုသည်မှာ ချင်းဟယ်နှင့် မည်သို့မှ မသက်ဆိုင်ပေ။

ချင်းဟယ်သည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အမည်မသိ ရည်ရွယ်ချက်များအတွက် စတေးခံအဖြစ် ဆုံးဖြတ်ခံခဲ့ရသူ တစ်ယောက် ဖြစ်သည်။

ရွှမ်ထျန်းနတ်မိမယ်က ရီဖူရှင်းကို ကြည့်လိုက်ပြီး ရီဖူရှင်း၏ မေးခွန်းကို ပြန်ဖြေရမည့်အစား သူမက မေးသည်။ “ရီဖူရှင်း၊ ဒီနေ့က ဗြဟ္မာ့သန့်စင်ကောင်းကင်ကနေ ချင်းဟယ်အတွက် လက်တွဲဖော်ရွေးချယ်မယ့် နေ့ပဲ။ မင်းက ပါဝင်မှာလား.. မဝင်ဘူးလား”

ရီဖူရှင်းက ရွှမ်ထျန်းနတ်မိမယ်၏ မျက်လုံးများကို မရှောင်ဘဲ ပြန်ကြည့်သည်။ သူက အလွန် လေးနက်နေပုံပေါ်ကာ တွေဝေခြင်း မရှိဘဲ ပြောသည်။ “ကျုပ်က နောက်ထပ် စတေးခံတစ်ယောက် မဖြစ်ဘူး။ ပြီးတော့ သူမကလည်း ဒီလို အလဲအလှယ်မျိုး လုပ်ဖို့ ဆန္ဒရှိမှာမဟုတ်ဘူး”

ရွှမ်ထျန်းနတ်မိမယ်က ရီဖူရှင်း၏ မျက်လုံးများကို ကြည့်သည်။ သူက ငြင်းဆန်နေသည်လား။

ကောင်းကင်အာဏာစက်ဘုံမှ လူတိုင်းသည် ယနေ့တွင် ရီဖူရှင်းက ကောင်းကင်အာဏာစက် ပြည်ထောင် ရီထျန်းယွိနှင့် ယှဉ်ပြိုင်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ ချင်းဟယ်၏ သဘောကျနှစ်သက်မှုက ရီဖူရှင်းကို ပိုသည့်အတွက် ချင်းဟယ်က သူမ၏ လက်တွဲဖော်ကို ရွေးချယ်ရာတွင် အနိုင်ရရှိရန် အခွင့်အရေးများပေသည်။

သို့သော် မည်သူမှ မထင်မှတ်ထားမိသည်က ရီဖူရှင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ချင်းဟယ်၏ ဆုံးဖြတ်ချက်လည်း ပို၍ပင် ပြတ်သားခိုင်မာနေခဲ့သည်။ သူတို့၏ သဘောထားကို မြင်ရသူတိုင်းက ရှင်းလင်းစွာ သိရှိလာကြသည်။

ကောင်းကင်အာဏာစက်ဘုံ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်နေလျှင်ပင် သူတို့က နှလုံးသားကို မဆန့်ကျင်လိုဘဲ ကိုယ်ပိုင်ဆန္ဒဖြင့်သာ လုပ်ဆောင်လိုကြသည်။

အထူးသဖြင့် ချင်းဟယ်သည် သူမ ဆရာ၏ အမိန့်အား မငြင်းပယ်နိုင်လျှင်ပင် သူမသည် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိအား သူမ ခံနိုင်ရည်မရှိတော့သည်ထိ ဆန့်ကျင်တိုက်ခိုက်ကာ အသံတိတ် ဆန္ဒပြနေခဲ့သည်။

ထိုအချိန်တွင် ချင်းဟယ်က ရှေ့သို့ လျှောက်လာခဲ့သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေဆဲ ဖြစ်ကာ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစသွေးနများ ကျန်ရှိနေဆဲ ဖြစ်သည်။ သူမက ခြေလှမ်းလိုက်ပြီးနောက် ရီဖူရှင်း ဘေးသို့ သွားသည်။ ပြိုင်ဘက်ကင်း နတ်မိမယ်၏ မျက်သည် နှိုင်းယှဉ်၍ မရလောက်အောင် လှပပြီး ငွေဖြူရောင်ဆံပင်နှင့် လူငယ်သည် ထက်သန်သည့် စိတ်ထားရှိသည်။

ခဏချင်းအတွင်းပင် လူအများသည် ထင်ယောင်ထင်မှား ဖြစ်လာကြသည်။ သူတို့သည် အမှန်တကယ် ပြီးပြည့်စုံသော စုံတွဲပင် ဖြစ်သည်။ ထို့အပြင် လူတိုင်းသည် သူတို့နှစ်ယောက်က အချင်းချင်း လေးစားမှုအပြည့်ရှိကြသည်အား မြင်နိုင်ပေသည်။ ချင်းဟယ်က ရီဖူရှင်း အပေါ် လေးစားမှုကို ပွင့်လင်းစွာ ဖော်ပြခဲ့ပြီး ရီဖူရှင်းက ချင်းဟယ်ကို ကာကွယ်ပေးသည်မှာလည်း ထပ်တူပင် ဖြစ်သည်။

သို့သော် လေးစားခြင်းမှ လွဲကာ အခြားသော ခံစားချက်များနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်အနေအထားမျိုး မရှိကြပေ။ ၎င်းက ရီဖူရှင်း၏ ရည်ရွယ်ချက် မဟုတ်သလို ချင်းဟယ်သည်လည်း ထို့အတူပင် ဖြစ်သည်။

ချင်းဟယ်သည် ယခုတွင် သူမ၏ ဘေးမှ ငွေဖြူရောင်ဆံပင်နှင့် လူငယ်အား ကြည့်ကာ ပြုံးသည်။ သူမ၏ ရီဖူရှင်းအပေါ် လေးစားခြင်းက နှလုံးသားအတွင်းမှ လာခြင်းဖြစ်သည်။ သူက အလွန် တောက်ပကာ ထူးချွန်ပေသည်။

လူတိုင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိနှင့် ကောင်းကင်နတ်တံခါးမှ ဂူတုံးလျှိုက ဤမျိုးဆက်ကို ကိုယ်စားပြုသော အရည်အချင်းရှိ ပါရမီရှင် နှစ်ဦးဖြစ်သည်ဟု တွေးထားခဲ့ကြသည်။ သို့သော် လူတိုင်းက လျှော့တွက်ခဲ့သော ရီဖူရှင်းသည် ချင်းဟယ်၏ မျက်လုံးများထဲ၌ ထိုသို့ မဟုတ်ခဲ့ပေ။ သူက များပြားလှသည့် အရည်အချင်းများကို ထုတ်ဖော်ပြသခဲ့လျှင်ပင် လောကကြီးက သူ့အား လျှော့တွက်နေဆဲပင် ဖြစ်သည်။

သူမက အနာဂတ်၌ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံကို လွှမ်းမိုးချုပ်ကိုင်နိုင်သူ တစ်ဦး ဖြစ်လာလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။

“သခင်လေးရီ ပြောတာ မှန်တယ်။ ချင်းဟယ်ရဲ့ အရာအားလုံးက ဆရာ ပေးထားခဲ့တာပါ။ အဲဒါကြောင့် အရာအားလုံးကို ဆရာက ပြန်ယူနိုင်ပါတယ်။ ကျွန်မက ဗြဟ္မာ့သန့်စင်ကောင်းကင်ကို ကျင့်ကြံဖို့ လာခဲ့ကတည်းက ဘာဖြစ်ဖြစ် နာကြည်းဖို့ရော နောင်တရဖို့ရော မရှိပါဘူး။ ဒီလက်ထပ်ပွဲက ကလန်ရဲ့ အကျိုးအတွက် စီစဉ်ထားတာပါ။ ချင်းဟယ်ရဲ့ ဆန္ဒမပါခဲ့ပါဘူး”

ချင်းဟယ်က ရွှမ်ထျန်းနတ်မိမယ်ကို ကြည့်သည်။ သူမ၏ အသံက ပြတ်သားသော ဆုံးဖြတ်ချက်တို့ကို ပြသနေသည်။ ဤသည်မှာ သူမ၏ လမ်းစဉ်ရှာဖွေခြင်း လမ်းကြောင်း ဖြစ်ကာ သူမက မည်သည့် တန်ကြေး ပေးဆပ်ရပါစေ စောင့်ရှောက်ရပေမည်။ သူမ၏ လမ်းစဉ် နှလုံးသားက တူညီစွာပင် ကျန်ရှိနေသေးပေသည်။

လူအများသည် ချင်းဟယ်၏ စကားများကို ကြားသည့်အခါ တိတ်ဆိတ်သွားခဲ့သည်။ ဤနေရာရှိ တန်ခိုးရှင်များမှာ ရှန့်ထိုအဆင့်နှင့် ထို့ထက်မြင့်သည့် အဆင့်များ ဖြစ်ကြသည်။ ကောင်းကင်အာဏာစက်ဘုံတွင် ရှန့်ထိုအဆင့် တန်ခိုးရှင်များမှာ များပြားလှပြီး အဆင့်မြင့်သည်ဟု ဆုံးဖြတ်မရနိုင်ပေ။ သို့သော် ယင်းအဆင့်သည် စိတ်စမ်းသပ်ချက်များကို တွေ့ကြုံခဲ့ရပြီး ဖြစ်၍ သူတို့၏ နှလုံးသားများက ပြောင်းလဲမှု ကြုံခဲ့ရပြီးဖြစ်ပေသည်။

ထို့ကြောင့် သူတို့အားလုံးက အနည်းငယ်သာ လှုပ်ရှားသွားကြသည်။ ချင်းဟယ်က မည်သည့်အတွက် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ် ဖြစ်လာရသလဲဟူသော အကြောင်းပြချက် ရှိသည်။

သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်၏ စီစဉ်မှုကို လက်ခံလျှင် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ၏ ကြင်ရာတော် ဖြစ်လာလိမ့်မည်ဖြစ်ကာ သူတို့နှစ်ယောက်က စုံတွဲ ဖြစ်လာသောအခါ၌ပင် ချင်းဟယ်သည် ဂုဏ်သရေ ကြီးမားမြင့်မြတ်နေဆဲ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။

ထိုအချိန်တွင် ချင်းဟယ်သည် ဝမ်းနည်းမှုအပြည့်ဖြင့် ဖြစ်နေကာ သူမက ပို၍ နှစ်သက်ဖွယ် ကောင်းနေပြီး လေးစားမှုနှင့် ထိုက်တန်နေသကဲ့သို့ ထင်မှတ်ရသည်။

တိတ်ဆိတ်သည့် နေရာတွင် လူအများသည် အတွေးပေါင်းစုံ ဖြစ်နေကြသော်လည သူတို့ထဲက မည်သူကမှ အလွယ်တကူ မဖော်ပြကြပေ။

ထိုအချိန်၌ ရွှမ်ထျန်းနတ်မိမယ်ပင်လျှင် တိတ်ဆိတ်သွားကာ စကားမဆိုခဲ့ပေ။ မည်သူကမှ သူမ၏ အတွေးများကို မသိရှိသလို မည်သူကမှ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အတွေးများကို မသိရှိကြပေ။

အစမှ ယခုထိ တိုင်အောင် လူတိုင်းက အနည်းငယ် သံသယရှိနေခဲ့သည်။ သူတို့က ဤနေရာသို့ ရောက်လာသည်မှာ ကိစ္စများ မည်သို့ ပြောင်းလဲသွားသည်ကို သိလို၍ ဖြစ်သည်။

“နတ်မိမယ်ချင်းက ဒီလို ပြောနေပြီဆိုမှတော့ ဒီနေရာမှာပဲ ရပ်လိုက်ကြတာပေါ့။ ကျုပ်က လူသားတန်ခိုးရှင် မဟုတ်ပေမယ့် လူသားတွေရဲ့ လက်ထပ်ခြင်းက ဖိအားပေးသင့်တဲ့ ကိစ္စလို့တော့ မမြင်ဘူး” တိတ်ဆိတ်သည့် လေဟာနယ်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ထို ပြောလိုက်သူမှာ နတ်နဂါးကလန်မှ လုံချန် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေအောက်တွင် လူအများသည် စကားမပြောရဲကြသော်လည်း လုံချန်က သိပ်အများကြီး ဂရုမစိုက်ပေ။ နတ်ဆိုးဘုံ၏ နတ်နဂါးများသည် အလွန် အစွမ်းထက်သည်။ ခရမ်းသွေးနတ်နဂါးကဲ့သို့ လုံချန်သည် အလွန် ထူးခြားသော ပါရမီအရည်အချင်း ရှိသည်။ နတ်ဆိုးဘုံတွင် သူ၏ အဆင့်အတန်းသည် လူသားတန်ခိုးရှင်လောက၏ ရီထျန်းယွိနှင့် နှိုင်းယှဉ်နိုင်ပေသည်။

လုံချန်သည် သူ စကားပြောရန် မပြောရန်ကို သိပ်အများကြီး ဂရုစိုက်နေခြင်း မရှိပေ။

“ဒါဆို ဗြဟ္မာ့သန့်စင်ကောင်းကင်က စွမ်းအားကြီး အင်အားစုအားလုံးကို ဒီနေရာ ဖိတ်ခေါ်ခဲ့တာက ရွှမ်ထျန်းဝင်္ကပါကို စမ်းသပ်ပြီး ရွှမ်ထျန်းစံအိမ်ကို ဝင်ရောက်ဖို့ အတွက်ပဲ။ အဲဒါက ချင်းဟယ် လက်တွဲဖော် ရှာဖို့အတွက် အကြိုစစ်ဆေးတာလည်း ဖြစ်တယ်။ ကောင်းကင်အာဏာစက်ဘုံရဲ့ အင်အားစု အားလုံးက အဲဒီ ရည်ရွယ်ချက်ကြောင့် ဒီကို လာကြတယ်။ အဲဒါက ဘယ်လိုအဆုံးသတ်မှာလဲ” ယင်းကျောင်းတောင်ရဲ့ နတ်ဆိုးတန်ခိုးရှင်များက မှတ်ချက်ပြုသည်။ “ဒါပေမဲ့ အခု ဒါက ဘာတွေလဲ”

“ကျုပ်တို့ ဘယ်သူမှ ဝင်္ကပါကို မချိုးဖျက်နိုင်တာကြောင့် ပါဝင်ဖို့အတွက် အရည်အချင်း မပြည့်မီခဲ့ဘူး။ ဒါပေမဲ့ ကိစ္စတွေက အခု ဒီလိုသာ အဆုံးသတ်သွားမယ်ဆိုရင် ဒါက တကယ် ဟာသလို ဖြစ်သွားလိမ့်မယ်” ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များက အမြဲ ပြဿနာကို မီးထွန်းရှာနေကာ သူတို့က အခြေအနေအား ပိုပြင်းထန်စေရန် အမြဲ လုပ်ချင်နေကြသည်။

“ကောင်းကင်အာဏာစက် ပြည်ထောင်က အထွတ်အထိပ် အုပ်ချုပ်မှုပြည်ထောင်တစ်ခု ဖြစ်တယ်။ အဲဒီက အိမ်ရှေ့စံကလည်း သူ့ဟာနဲ့သူတော့ ထူးချွန်တဲ့သူပဲ။ သူက ဒီကိစ္စကိုလည်း သိပ်ပြီး အရေးစိုက်ပုံမပေါ်ဘူး။ သူသာ နတ်မိမယ်ချင်းကို ဆက်ပြီး ဆွဲထားချင်နေတယ်ဆိုရင် ဘာများ အကျိုးရှိမှာလဲ။ နှစ်ဖက်လုံးရဲ့ ဂုဏ်သိက္ခာတောင်မှ ကျဆင်းရလိမ့်ဦးမယ်။” ထိုအချိန်တွင် ထောင်ချီနတ်တောင်မှ ကောင်းဟွမ်က ဝင်ပြောသည်။ သူက အခြေအနေအား တည်ငြိမ်သွားစေချင်ပုံပေါ်သည်။

ရီထျန်းယွိက ကောင်းကင်ထက်တွင် ရပ်နေဆဲဖြစ်ကာ သူ့ကို နတ်ဘုရားချပ်ဝတ် အလင်းလွှာဖြင့် လွှမ်းခြုံထားသည်။

အားလုံးသော မှတ်ချက်များတွင် ထောင်ချီနတ်တောင်မှ ကောင်းဟွမ်ပြောသည့် စကားက လက်တွေ့အကျဆုံး ဖြစ်သည်။

ချင်းဟယ်က အလွန် ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသခဲ့ပြီးနောက် သူက အတင်းဆက်ကာ လုပ်ဆောင်နေမည်ဆိုလျှင် အထွတ်အထိပ်အင်အားစုနှစ်ခု ဖြစ်သော  ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင် တို့သည် ပြိုင်ဘက်ကင်း နတ်မိမယ် တစ်ပါးကို အဆိုးဆုံးအခြေအနေထိ တွန်းပို့နေခြင်း ဖြစ်လာပြီး ထိုသည်က သိက္ခာရှိစေမည့် အခြေအနေတော့ မဟုတ်ပေ။

သို့သော် ဖြစ်သမျှ အရာအားလုံးသည် သူ့ကြောင့် ဤအခြေအနေသို့ ရောက်ခဲ့ရသည်လား။

“အခု ကျုပ် ရီထျန်းယွိက လူဆိုးနဲ့ တူနေပြီ ထင်တယ်” ရုတ်တရက် ရီထျန်းယွိက လှောင်ပြောင်ဟန်ဖြင့် ရယ်မောသည်။

မည်သည့်အတွက် ဤအရာအားလုံးက သူ့အပေါ်မှာမှ လာဖြစ်ရသနည်း။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ရီထျန်းယွိ အားလုံးက အပြစ်ကင်းပေသည်။

သူက ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဖိတ်ခေါ်မှုကြောင့်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက သူ လုပ်နိုင်သမျှ အားလုံးကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော်လည်း ယခု သူက မှားယွင်းနေသည်ဟု စွပ်စွဲခံနေရသည်။ သူက ချင်းဟယ်ကို ဆက်ကာ ဖိအားပေးနေပါက သူက စိတ်သဘောထား ကျဉ်းမြောင်းစွာဖြင့် ဤအလှလေးကို ဖျက်ဆီးပစ်ချင်နေသည်ဟု ထင်ရပေလိမ့်မည်။

မည်မျှ ရယ်စရာ ကောင်းလိုက်သနည်း။

“ရယ်စရာပဲ။ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ အမှားက စီနီယာအစ်ကိုရဲ့ အမှားဖြစ်ရတာပဲ။ ရှန့်ရှောင်းနန်းတော်မှ ယန်စွေ့က ပြောလိုက်ပြီး သူ၏ အသံတွင် လှောင်ပြောင်မှုတို့ ပါနေသည်။

ရီထျန်းယွိနှင့် ချင်းဟယ် နှစ်ယောက်လုံး မှားယွင်းခဲ့ခြင်း မရှိပေ။ သူတို့ နှစ်ယောက်လုံးက မည်သည်ကို တွေး၍ လုပ်ဆောင်ခဲ့သည် ဖြစ်စေ သူတို့က ကိုယ်ပိုင်လမ်းစဉ်အတွက် ခုခံခဲ့ကြခြင်း ဖြစ်သည်။ ဤအရာအားလုံးက ဗြဟ္မာ့သန့်စင်ကောင်းကင်ကြောင့်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်က ဘာမှ မပြောတော့ဘူးလား” လင်ယွဲ့က မကျေမနပ်အသံဖြင့် ပြောသည်။ ရှန့်ရှောင်းနန်းတော်က ဤအလှလေးအား ရီထျန်းယွိ ရယူနိုင်ဖို့ရာ ကူညီပြီး ရီထျန်းယွိ ကောင်းကင်အာဏာစက် ပြည်ထောင်ကို ပြန်လည်ထူထောင်နိုင်စေနိုင်ရန် ဖြစ်သည်။

သို့သော် ယခု၌ ဤအခြေအနေက မည်သည်နည်း။

ရွှမ်ထျန်းနတ်မိမယ် ပြောနိုင်သည်မှာ မည်သည့် စကားမှ မရှိပေ။ ဤအရာအားလုံးက သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။

“ကျုပ် ရီထျန်းယွိက မှန်ကန်ပြီး ကောင်းမွန်တဲ့ အကျင့်သိက္ခာကို လက်ကိုင်ထားတဲ့ လူပဲ။ ကျုပ်က ဇနီးတစ်ယောက် ရရမရရ ဂရုမစိုက်ဘူး၊ နတ်မိမယ်က သဘောမတူဘူးဆိုမှတော့ ဖိအားမပေးတော့ပါဘူး” နောက်ဆုံး၌ ရီထျန်းယွိက သူ၏ စိတ်ကို ဖော်ပြလာပြီး လူတိုင်း၏ နှလုံးသားများက အနည်းငယ် မငြိမ်မသက် ဖြစ်နေခဲ့သည်။

ရီထျန်းယွိက လက်လျှော့ရန် စိတ်ကူးရှိသည်။ သူက ချင်းဟယ်ကို ဖိအားပေးခြင်း မရှိတော့ပေ။

“စီနီယာအစ်ကို” ရှန့်ရှောင်းနန်းတော်မှ ယန်စွေ့ကဲ့သို့ လူများသည် ရီထျန်းယွိ အောင်မြင်သည်အား မြင်တွေ့လိုကြသည်။ လူအများသည် ရီထျန်းယွိအား သူတို့၏ နှလုံးသားထဲမှ လေးစားကြသည်။ ရှန့်ရှောင်းနန်းတော်တွင် ရီထျန်းယွိသည် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဖြောင့်မတ်မှန်ကန်သည့် လူသည် ကြင်ယာမရှားသော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်က ထိုသို့ အကြံအစည်မျိုးကို မဖန်တီးသင့်ပေ။

သို့ဆိုလျှင်ပင် ရီထျန်းယွိက သူ့ကိုယ်သူ ထို အရှုပ်အထွေးထဲ ဝင်ရောက် ပတ်သက်လိမ့်တော့မည် မဟုတ်ပေ။ ထိုသည်က ဤကိစ္စအပေါ်၌ သူ့သဘောထားပင် ဖြစ်သည်။

သူက လက်လွှတ်လိုက်သော်လည်း ရီထျန်းယွိ၏ မျက်လုံးများက ချင်းဟယ်နှင့် ရီဖူရှင်းပေါ်တွင် ကျရောက်နေဆဲ ဖြစ်သည်။

“အရင်တုန်းက ကောင်းကင်နတ်တံခါးမှာ မင်းက ကောင်းကင်နတ်တံခါးနဲ့ ကျုပ်တို့ ကောင်းကင်အာဏာစက် ပြည်ထောင်ကြား ကိစ္စတွေမှာ ဝင်ပါခဲ့တယ်။ အခု ဗြဟ္မာ့သန့်စင်ကောင်းကင် ရွှမ်ထျန်းစံအိမ်မှာလည်း မင်းက ယှဉ်ပြိုင်ဖို့ ကိုယ်တိုင်တော့ မပါဝင်ဘဲ ဗြဟ္မာ့သန့်စင်ကောင်းကင်နဲ့ ကျုပ် ကိစ္စကြားမှာ ဘာလို့ ဝင်ပါပြန်တာလဲ”

ရီထျန်းယွိ၏ မျက်လုံးများက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ သူ့ မျက်လုံးများက အလွန် ထက်ရှနေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်လျှင် လေထုက တုန်ခါသွားပြီး နတ်အလင်းတို့က တောက်ပလာကာ ရီဖူရှင်းဆီသို့ ဦးတည်သွားခဲ့သည်။

ရီဖူရှင်းက ရီထျန်းယွိကို မော့ကြည့်လိုက်လျှင် လူအများ၏ နှလုံးသားများက အနည်းငယ် တုန်ခါနေသည်။

ရီထျန်းယွိက ချင်းဟယ်ကို လက်လွှတ်လိုက်သည့်အတွက် ဤကိစ္စက ထိုနေရာတွင် ရပ်တန့်သွားခဲ့သည်။

သို့သော် ရီဖူရှင်းက ဝင်စွက်ဖက်ကာ သူ့ အခွင့်အရေးအား ပျက်စီးစေခဲ့သည်။ ရီထျန်းယွိသည် ဤကိစ္စအား လက်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset