“မင်းက သေချင်နေတာလား”
“အဟုတ်ပဲ။ ကျုပ် သေချင်နေတာ”
အမျိုးသားနှစ်ယောက်ကြားမှ စကားအသွားအလာသည် ပြင်းထန်သည့် မာနတို့ဖြင့် ပြည့်နေကာ နှစ်ဦးလုံးသည် သူတို့၏ စွမ်းအားအပေါ် အကြွင်းမဲ့ ယုံကြည်မှုတို့ ပြသနေ၏။
ရီဖူရှင်းသည် သေချင်နေသည်ဟု အခိုင်အမာပြောဆိုခဲ့ပြီး ကောင်းကင်အာဏာစက် ပြည်ထောင်က ကိုးယောက်ကို သူ့အား သတ်ရန် စိန်ခေါ်ခဲ့သည်။
ကိုးယောက်ကြားမှ ခေါင်းဆောင်ဖြစ်သူက သူ့အား အေးစက်သည့် အမူအရာနှင့် ကြည့်လိုက်သည်။ သူ၏ ပြိုင်ဘက်က သေရန် တောင်းဆိုနေမှတော့ သူ့ဘက်က နောက်ဆုတ်ရန် မလိုအပ်သည်ကို သိလိုက်ရသည်။
ကိုးယောက်လုံးထံမှ မဟာလမ်းစဉ် ၏ တူညီသော အရှိန်အဝါတို့က ပေါက်ကွဲထွက်လာသည်။ နတ်ဘုရားအသံတို့က သူတို့ကို လှည့်ပတ်နေပြီး မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်လာသည်။ သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းတို့က သူတို့၏ ပတ်ဝန်းကျင်၌ အပြင်းအထန် အရူးအမူး ပေါင်းစပ်နေပြီး အလွန် ပြင်းထန်သည့် တိုက်ခိုက်မှုစွမ်းအားကို သယ်ဆောင်လာသည်။
ချန်းချိုးစုတ်တံမှ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းစွမ်းအားတို့ ထွက်ပေါ်လာသည်။
လူတိုင်းသည် ရီဖူရှင်း၏ ခေါင်းထက်မှ ပြင်းထန်သည့် သတ်ဖြတ်ခြင်း စွမ်းအားတို့ကို ခံစားမိသည်။ စုတ်တံသည် ကောင်းကင်ဘုံ၏ နတ်ဘုရားစုတ်တံကဲ့သို့ ကြီးမားလာကာ စုတ်ချက်တစ်ခုချင်းစီက သူ့လမ်းကြောင်းအတွင်း အရာအားလုံးကို သတ်ဖြတ် ဖျက်ဆီးနိုင်စွမ်း ရှိဟန်တူပေသည်။
လူအုပ်ကြားထဲမှ များပြားလှသည့် ရှန့်ထိုများက တိုက်ပွဲကို စောင့်ကြည့်နေပြီး သူတို့ အားလုံးက ထိုသတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းများ မည်မျှ အစွမ်းထက်သည်ကို ခံစားမိကြလေသည်။
ထိုအခိုက်တွင် စုတ်တံအောက်မှ ရီဖူရှင်းသည် အရေးမပါသည့် အသေးအမွှားလေးကဲ့သို့ ထင်မှတ်ရပေသည်။
သို့သော် ထိုအရေးမပါသည့် အသေးအမွှားလေးကဲ့သို့ ထင်မှတ်ရသော ပုံရိပ်ဆီမှ ပြင်းထန်သထက် ပြင်းထန်သော အလင်းတို့ ပေါက်ကွဲထွက်လာသည်။ နတ်အလင်းများ ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ကျယ်ပြောသည့် လေဟာနယ်တွင် ထူးခြားဆန်းကြယ်သည့် အရှိန်အဝါတို့နှင့် ပြည့်နှက်နေသည်ဟု ထင်မှတ်ရကာ သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းတို့ အလယ်တွင် သူ့အနောက်မှ ကြီးမားသည့် သဏ္ဌာန်မဲ့ ဖြစ်တည်မှုတစ်ခု ပေါ်ထွက်လာသည်။ ထိုသည်က နတ်ဘုရားပုံရိပ် ဖြစ်လေသည်။
ထိုပုံရိပ်သည် ရီဖူရှင်း၏ အသွင်သဏ္ဌာန်ရှိနေသည်။
“နတ်ဝိညာဉ်” ထိုသည်က တန်ခိုးရှင်များအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့ အားလုံးသည် လေထဲတွင် ရှိနေသည့် ရီဖူရှင်းကို စူးစိုက်ကြည့်နေကြသည်။ ထိုသည်က သူ၏ နတ်ဝိညာဉ်သဏ္ဌာန် ဖြစ်သည်။
“သူက ထူးခြားလမ်းစဉ်ကို ထုတ်လွှတ်လိုက်တာပဲ” လူအုပ်ကြီး၏ စိတ်များက တုန်လှုပ်နေပြီး အထူးသဖြင့် ဟောက်ထျန်းမြို့မှ သူများ ဖြစ်လေသည်။ ထူးခြားလမ်းစဉ်များသည် ဟောက်ထျန်းမြို့၏ ပြိုင်ဘက်ကင်း အဓိပ္ပါယ်ကို ဖော်ဆောင်ပြီး ထိုကျင့်စဉ်က နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သည့်အရာဆိုပါက ပိုဆိုးပေသည်။
ရီဖူရှင်းသည် ဝမ်ယန်ပင်းကို ကယ်တင်စဉ်က ယင်းကို အသုံးချခဲ့သော်လည်း ထိုသည်က သူ တစ်စုံတစ်ယောက်အား ကယ်တင်ခြင်း ဖြစ်သည်။ လူအများသည် ထိုနတ်ဝိညာဉ်ဆွဲဆောင်ခြင်း၏ အစစ်အမှန် အသုံးပြုမှုကို မြင်တွေ့ခဲ့ခြင်း မရှိပေ။
လက်ရှိတွင် နှစ်ပေါင်းတစ်ထောင်ကျော် ပျောက်ဆုံးနေခဲ့သော ထူးခြားလမ်းစဉ်တစ်ခု ဖြစ်သည့် နတ်ဝိညာဉ်ဆွဲဆောင်ခြင်းက တိုက်ပွဲကွင်းပြင်တွင် ရီဖူရှင်း၏ အသုံးပြုခြင်းကို ခံနေရပြီ ဖြစ်လေသည်။ ထိုကျင့်စဉ်က မည်မျှ အစွမ်းထက်လိမ့်မည်နည်း။
ထိုမေးခွန်း၏ အဖြေကို မည်သူမှ သိရှိခြင်း မရှိကြပေ။
ထိုအချိန်၌ လူတိုင်းသည် ရီဖူရှင်းကိုသာ မမှိတ်မသုန် ကြည့်နေကြပေသည်။
သူတို့ အနီးဝန်းကျင်မှ မဟာလမ်းစဉ် စွမ်းအားများက ဆွဲယူခံနေရကာ နတ်ဝိညာဉ်ဆွဲဆောင်ခြင်းကို ပို၍ အစွမ်းထက်သော စွမ်းအားတို့ ပေါက်ကွဲထွက်လာစေရန် လုပ်ဆောင်ပေးနေသည်။ မဟာလမ်းစဉ် စွမ်းအင်လှိုင်းများက ထိုနတ်ဝိညာဉ်အတွင်း အရူးအမူး တိုးဝင်နေပေသည်။ ထိုအချိန်တွင် ရီဖူရှင်း၏ ပုံရိပ်သည် အရေးမပါသည့် အသေးအမွှားလေးအဖြစ် ထင်မှတ်ရခြင်း မရှိတော့ပေ။ ထိုငွေရောင်ဆံပင်တို့နှင့် ပုံရိပ်သည် နတ်အလင်းတို့ဖြင့် တောက်ပနေပြီး သူ့ကို အမှန်တကယ် ထူးခြားဆန်းကြယ်သည့် ဖြစ်တည်မှုတစ်ခုအဖြစ် ထင်မှတ်လာရစေရန် ပြုလုပ်ပေးနေသည်။ နတ်ဆင်များ၏ ပုံရိပ်တို့ကလည်း သူ့အနီးတွင် ဝန်းရံထားကာ နတ်အလင်းတို့ဖြင့် လွှမ်းခြုံထားခြင်းကို ခံရပေသည်။
ဘုန်း … ရီဖူရှင်းက လေထဲသို့ ခြေလှမ်းလိုက်သည်။ ထိုခြေလှမ်းက သူ့အနီးရှိ လေထုကို တုန်ခါသွားစေပြီး ထောင်ချီသည့် နတ်ဆင်များကလည်း လေထုကို နင်းဖြတ်ကာ မဟာလမ်းစဉ်ကို ဖိနှိပ်၍ သူ့ဝန်းကျင်ရှိ လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအင်အားက တိုးဝင်လာနေသည့် သတ်ဖြတ်ခြင်း စွမ်းအားတို့နှင့် ထိပ်တိုက်တွေ့ဆုံကာ သူတို့ကြောင့် ရာသီဥတုပင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်ပေသည်။
ဒေါသတကြီး အော်မြည်နေသည့် ပို၍ မွန်းကျပ်ဖွယ် ဖြစ်လာသကဲ့သို့ ထင်မှတ်ရကာ ရီဖူရှင်းအနီးတွင်သာ မဟုတ်ဘဲ စောင့်ကြည့်နေသည့် ကိုးယောက်သည်လည်း အလွန် ပြင်းထန်သည့် ဖိနှိပ်နိုင်သော စွမ်းအားကို ခံစားမိကာ သူတို့အားလုံးကို ပြင်းထန်လွှမ်းမိုးနိုင်သည့် ဖိအားတို့ကို ခံစားမိလာသည်ဟု ထင်မှတ်ရသည်။
သူတို့သည် အနည်းငယ် မျက်မှောင်ကြုတ် လိုက်ကြသည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူပင် ဖြစ်သည်။ ထိုအချိန်တွင် သူက ရီဖူရှင်းထံမှ ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံစားမိလေသည်။
ထိုခံစားမှုက သူ့ကို သက်သောင့်သက်သာ မဖြစ်အောင် ပြုလုပ်နေပေသည်။
“ကျုပ်ကို သတ်ဖို့ ဘယ်လို အစီအစဉ်ရှိလဲ” မာထန်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ရီဖူရှင်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းရင်း သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူတို့ ကိုးယောက်လုံးသည် သူတို့၏ ဝိညာဉ်များ တုန်ခါသွားသည်ကို ခံစားလိုက်ကြရသည်။
“ဒါက …” သူတို့၏ အမူအရာများက ဆိုးရွားစွာ ပြောင်းလဲသွားခဲ့သည်။ သူတို့က ရီဖူရှင်းကို ကြည့်နေရင်း သူတို့ ရှေ့၌ မြင့်မားပြီး ထည်ဝါသည့် နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်အား မြင်လိုက်ကြရသည်။
ထိုသည်က အလွန် ထူးဆန်းသော ခံစားချက်မျိုးကို ခံစားမိစေသည်။ သူတို့ရှေ့တွင် မည်သည့် အရာမှ ရှိမနေသော်လည်း ထိုမြင့်မား၍ ထည်ဝါသည့် ပုံရိပ်သည် သူတို့၏ ဝိညာဉ်၌ ပုံနှိပ်ထားသကဲ့သို့ ထိုနေရာတွင် စွဲထင်နေသည်ကို သိရှိလိုက်ရသည်။ ထိုဖြစ်တည်မှု၏ စွမ်းအားက သူတို့၏ ဝိညာဉ်ကို တိုက်ခိုက်နေသည့်အတွက် သူတို့၏ စွမ်းအားများကို အာရုံစိုက်ရန် ခက်ခဲလာစေပြီး နတ်ဘုရားအသံကို ထုတ်ဖော်နေသည့် သူတို့၏ ချိန်သားကိုက်မှုက လျော့ရဲလာပေသည်။ လေထဲမှ သတ်ဖြတ်ခြင်း စွမ်းအားများသည်လည်း မတည်မငြိမ် ဖြစ်လာကာ ဖျက်ဆီးခြင်း မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ထိန်းချုပ်မှုကင်းလွတ်၍ လွှမ်းမိုးရစ်ဝဲလာသည်။
ချန်းချိုးစုတ်တံသည် အနည်းငယ် တုန်ခါနေသည်။ သို့သော် ထိုတုန်ခါမှုသည် ယခင်ကနှင့် ကွဲပြားကာ ချန်းချိုးစုတ်တံအား ထိန်းချုပ်နေသည့် မဟာလမ်းစဉ်စွမ်းအားတို့ကို သက်ရောက်စေကာ တည်ငြိမ်မှု ပျောက်ဆုံးလာစေသည်။
“ဘာတွေ ဖြစ်နေတာလဲ” ကိုးယောက်ထဲမှ အချို့က စိတ်ချင်းဆက်သွယ်၍ မေးလိုက်ကြသည်။ သူတို့၏ စိတ်ဝိညာဉ် သူတို့ ထိန်းချုပ်မှုအောက်၌ မရှိတော့သကဲ့သို့ ခံစားနေကြရပေသည်။ ရီဖူရှင်းသည် လက်လေးတစ်ဖက် မြှောက်လိုက်ရုံမျှဖြင့် အဝေးမှပင် သူတို့အား ခြယ်လှယ်နိုင်စွမ်း ရှိနေပုံရပေသည်။
ထိုခံစားချက်သည် သူတို့ကို အလွန် စိတ်မသက်မသာ ခံစားရစေပြီး ထိုသည်က သူတို့ နတ်ဘုရားအသံကို ထိန်းချုပ်ရာ၌ အကြီးအကျယ် သက်ရောက်မှု ရှိစေပေသည်။
ရီဖူရှင်းသည် ယခုတွင် စုတ်တံ၏ စွမ်းအားများက မည်မျှ အားနည်းသွားကြောင်း ပြောနိုင်ပေသည်။ နတ်ဝိညာဉ် ဆွဲဆောင်ခြင်းသည် တစ်စုံတစ်ယောက်၏ တိုက်ပွဲစွမ်းရည်ကို ပိုမို တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် ယင်းစွမ်းအားကို အသုံးပြုခြင်းဖြင့် ပြိုင်ဘက်များအား ဖိနှိပ်ထားနိုင်စွမ်း ရှိပေသည်။ နတ်ဘုရားအသံသည် ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်ရန် လူကိုးယောက် ပူးပေါင်း လုပ်ဆောင်ဖို့ရာ လိုအပ်သည်။ သို့သော် နတ်ဝိညာဉ် ဆွဲဆောင်ခြင်းသည် ပြိုင်ဘက်တို့၏ ချိန်သားကိုက် လုပ်ဆောင်မှုကို ချိုးဖျက်နိုင်စွမ်းရှိကာ သူ၏ ပြိုင်ဘက်များကို ဖိနှိပ်ထားနိုင်စွမ်း ရှိလာပေသည်။
ဘုန်း …
ရီဖူရှင်းက နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။ ကောင်းကင်သည် တုန်ခါသွားပြီး သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းတို့က ပျက်စီးပြန့်ကျဲသွားပေသည်။ ချန်းချိုးစုတ်တံသည် အပြင်းအထန် တုန်ခါကာ စွမ်းအင်များ လျော့ကျသွားခဲ့ပေသည်။
ထိုမြင်ကွင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များ၏ အမူအရာကို ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားစေသည်။ ကြည့်ရသည်မှာ သူတို့သည်လည်း တစ်ခုခုကို ခံစားမိပုံပေါ်လေသည်။
နတ်ဘုရားအသံ၏ ချိန်သားကိုက်မှုက ပျက်စီးသွားခဲ့သည်။ မဟာလမ်းစဉ်၏ တစ်သားတည်း ကျမှုသည်လည်း ပျက်ပြယ်သွားကာ ထွက်ပေါ်နေသည့် စွမ်းအားများက လျော့ကျသွားခဲ့သည်။
ရီဖူရှင်းသည် နတ်ဝိညာဉ် ဆွဲဆောင်ခြင်းကို အသုံးပြု ပြီးနောက် နတ်ဘုရားအသံကို ဖိနှိပ်နိုင်သွားပုံရလေသည်။
လူအများသည် ရီဖူရှင်းက လေထဲသို့ ခြေတစ်လှမ်းဖြင့် လေထုကို ဖြတ်သန်းကာ ကောင်းကင်သို့ တက်လာသည်ကို မြင်လိုက်ရသည့်အတွက် အများကြီး မတွေးနိုင်တော့ပေ။ နတ်ဆင်ကောင်းကင်ချနင်းသည် နေရာတစ်ခုလုံးကို ဖိနှိပ်ထားလိုက်သည်။ ထိုအချိန်တွင် တန်ခိုးရှင် ကိုးယောက်သည် သူတို့၏ ခန္ဓာကိုယ်များကို ဖိနှိပ်ထားသလို ခံစားလိုက်ရပြီး သူတို့ကိုးယောက်လုံး၏ ဝိညာဉ်များသည်လည်း ဖိနှိပ်ခံထားရသလို ခံစားနေကြရပေသည်။ သူတို့၏ ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာ၍ ပျက်စီးသွားတော့မည်ဟုလည်း ခံစားနေကြရသည်။ အခြေအနေက အလွန် ပြင်းထန်နေပြီး သူတို့သည် အသက်ပင် မရှုနိုင်တော့သလို ခံစားလာရပေသည်။
နတ်ဆင်လေဟာနယ်ခွဲ လက်သီးက သူတို့ရှိနေသော လေဟာနယ်သို့ ချက်ချင်း ကျရောက်လာလေသည်။ ထိုလက်သီးတစ်ချက်တွင် နတ်ဝိညာဉ်ဆွဲဆောင်ခြင်းမှ စွမ်းအားများ ပါဝင်နေသည်။ ထိုလက်သီးတစ်ချက်က ကောင်းကင်ကို အပိုင်းပိုင်း ဖြစ်စေကာ သူတို့၏ ဝိညာဉ်များကို ဖျက်ဆီးခဲ့သည်။
အတူတကွ ရပ်နေသည့် ကိုးယောက်သည် ချက်ချင်းပင် မတူညီသည့် နေရာများသို့ လွင့်စဉ်သွားခဲ့သည်။ သူတို့၏ ဝင်္ကပါကလည်း ပျက်စီးသွားပြီး ညည်းညူလိုက်ကြရသည်။ သူတို့ထဲမှ နှစ်ယောက်သည် သွေးအန်ကာ ဖြူဖျော့သွားခဲ့လေသည်။
“ဒါက …”
လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေသည်။ ဟောက်ထျန်းမြို့မှ လူများသည်လည်း အလွန်ပင် ပြင်းထန်စွာ တုန်လှုပ်သွားကြပေသည်။
ထိုသည်က နှစ်ပေါင်းတစ်ထောင်ကျော် ပျောက်ဆုံးနေခဲ့သည့် နတ်ဝိညာဉ်ဆွဲဆောင်ခြင်း စွမ်းအားအစစ်အမှန်ပေလားဟု သူတို့က တွေးလိုက်ကြသည်။
ရီဖူရှင်း၏ နတ်ဝိညာဉ်သဏ္ဌာန်ကို ဖော်ပြလိုက်သည်နှင့် အခြေအနေကို ပြောင်းပြန်လှန်ကာ နတ်ဘုရားအသံကိုပင် ဖိနှိပ်ထားလိုက်နိုင်ပေသည်။
ထို့ပြင် ထူးခြားလမ်းစဉ်သည် အလွန်အစွမ်းထက်သည့် စွမ်းအားကို ထုတ်ဖော်နိုင်ဟန် တူသည်။ သူတို့သည် ရီဖူရှင်းအား တိုက်ရိုက် ရင်မဆိုင်ရသည့်အတွက် မည်သည့်အရာကိုမှ ခံစားနိုင်စွမ်းမရှိခဲ့ဟု ခန့်မှန်းမိကြသည်။ သို့သော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်မှ ကိုးယောက်သည် အကြီးအကျယ် သက်ရောက်ခဲ့ရသည်။ မဟုတ်လျှင် သူတို့က ချက်ချင်း လဲကျသွားခဲ့ရမည် မဟုတ်ပေ။
ရီဖူရှင်း၏ အရှိန်အဝါက ပျက်ပြယ်သွားခြင်း မရှိသေးပေ။ တန်ခိုးရှင်ကိုးယောက်အား တိုက်ခိုက်ပြီးနောက် သူ၏ နတ်ဝိညာဉ်သဏ္ဌာန်က ကျန်ရှိနေဆဲပင် ဖြစ်သည်။ နတ်အလင်းများက သူ့ခန္ဓာအနီးတွင် သူ့ကို ဗဟိုပြုကာ လှည့်ပတ်နေပြီး အားလုံးသော မဟာလမ်းစဉ် စွမ်းအားများက ဖိနှိပ်ခံထားရသည်။
သူက ခြေထောက်ကို မ လိုက်ကာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။
ဘုန်း …
ဆင်ခြေသံများက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားကာ လေဟာနယ်ကို ဆောင့်ကာ နင်းလိုက်သည်။ ထိုကိုးယောက်သည် နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်ဖြင့် တစ်ဖန် တိုက်ခိုက်ခံရကာ နတ်ဆင်များက တစ်ကောင်ပြီးတစ်ကောင် သူတို့အား တက်နင်းနေခဲ့သည်။
ဘုန်း … ဘုန်း … ဘုန်း …
ထိုတန်ခိုးရှင်များက တစ်ဖန်ထပ်ကာ ပျံသန်းလွင့်စဉ် သွားရပြန်သည်။ သူတို့က သွေးအန်လိုက်ကြသည်။ သူတို့၏ အတွင်းကလီစာများ အခြေအနေက အလွန်ပင် ရှုပ်ထွေးနေသည်။ သူတို့၏ ဝိညာဉ်များက တုန်ခါနေပြီး သူတို့၏ အရှိန်အဝါတို့က ထက်ရှမှုတို့ လျော့နည်းသွားခဲ့သည်။
သူတို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ ပါရမီရှင်များ ဖြစ်သော်လည်း နတ်ဘုရားအသံ ဝင်္ကပါနည်းစနစ်အား အသုံးမပြုဘဲနှင့် ရီဖူရှင်း၏ နတ်ဆင်ကောင်းကင်ချနင်း အစွမ်းကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန် အခွင့်အရေး မရှိပေ။
နတ်ဆင်များ တက်နင်းနေသည်ကပင် သူတို့ကို မလှုပ်ရှားနိုင်တော့အောင် လုပ်နိုင်သည်ထက် ပိုနေပြီ ဖြစ်၏။
သူတို့၏ ခေါင်းဆောင်ဖြစ်သူသည်သာလျှင် ချန်းချိုးစုတ်တံကို ဆင့်ခေါ်ကာ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်သည်။ သတ်ဖြတ်ခြင်းစွမ်းအားများက နတ်ဆင်ပုံရိပ်တို့၏ ဖျက်ဆီးခြင်းကို ခံရကာ သူ၏ ဝိညာဉ်က တုန်ခါနေဆဲ ဖြစ်ပြီး သူ့အရှိန်အဝါတို့ကလည်း မတည်မငြိမ် ဖြစ်နေသည်။
ထိုအချိန်တွင် သူသည် ရုတ်တရက် သူ့ခန္ဓာကိုယ်က တောင့်တင်းလာကြောင်း ခံစားလိုက်ရပေသည်။ ပုံရိပ်တစ်ခုက သူ့ဆီ လျှောက်လာနေသည်အား မြင်လိုက်ရသည်။ ရီဖူရှင်းသည် သူ၏ လက်ကို ဆန့်တန်းကာ လေထုကို ဆုပ်ဆွဲလိုက်သည်။ ချက်ချင်းပင် ထိုနတ်ဝိညာဉ်သဏ္ဌာန်က ဆင်းလာသည်ကို မြင်လိုက်ရပြီး သူ့ဝိညာဉ်က ပိတ်မိသွားသလို ခံစားလိုက်ရပေသည်။ သူသည် ထိုသည်က ခံစားမှုသက်သက် ဖြစ်သည်ကို သိပေမဲ့ အလွန် သည်းမခံနိုင်စရာပင် ဖြစ်သည်။ သူသည် သဏ္ဌာန်မဲ့လက်ကြီးတစ်ဖက်က သူ့ကို ဆွဲယူနေသကဲ့သို့ အမှန်တကယ် ခံစားနေရပေသည်။
“ကျုပ်ကို သတ်ဖို့ ဘယ်လိုများ အစီအစဉ်ချထားလဲ” ရီဖူရှင်းက မေးလိုက်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ထိုတန်ခိုးရှင်က သူ့အား ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ကြည့်နေပေသည်။
သူက ရီဖူရှင်းအား သေချင်နေလားဟု မေးခဲ့သူ ဖြစ်သည်။
သို့သော်လည်း ယခုတွင် သူသည်သာ သေမင်းနှုတ်ခမ်းဝသို့ ကျရောက်နေသူ ဖြစ်ခဲ့ရသည်။
“မင်းမှာ သေချင်တဲ့ ဆန္ဒများ ရှိလား” ရီဖူရှင်းက ထိုတန်ခိုးရှင်အား သွေးဆုတ်သွားအောင် မေးလိုက်သည်။
ဘုန်း … နောက်ထပ်ခြေလှမ်း လှမ်းလိုက်သည်က သူ၏ ဝိညာဉ်ပေါ် တက်နင်းလိုက်သကဲ့သို့ ခံစားရကာ သူ၏ ခန္ဓာတစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေသည်။
ထိုခံစားချက်တို့ကို မောင်းထုတ်ရန် ကြိုးစားနေသော်လည်း သူ၏ စွမ်းအားများကို စုစည်း၍ မရနိုင်ခဲ့ပေ။ ရီဖူရှင်းသည် နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ကာ ပြောလိုက်သည်။
“ဖြေလေ”
ထိုတန်ခိုးရှင်၏ ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာသည်။ သူ့မျက်နှာက ဖြူဖျော့နေ၏။ သူက လှုပ်၍ မရသလို လှုပ်လည်း မလှုပ်ရဲပေ။ သူ ယခင်က လုပ်ချင်ခဲ့သလို ရီဖူရှင်းသည် သူ့အား နေရာ၌ ချက်ချင်း သတ်ပစ်လိုက်သည်မှာ အလွန် ဖြစ်နိုင်ချေ ရှိပေသည်။
ဘုန်း …
ရီဖူရှင်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်ကို မြင်သော်လည်း သူက မည်သို့ ပြန်ဖြေရမည်အား မသိပေ။ သူက သေဆုံးတော့မည့် အခြေအနေတွင် ရောက်နေပြီး သူ့စိတ်က တုန်လှုပ်နေသည်။
ထိုမြင်ကွင်းကို လူအများက မော့ကြည့်နေကြပြီး သူတို့၏ စိတ်များထဲတွင်လည်း တုန်လှုပ်နေကြပေသည်။
ကောင်းကင် အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များသည် နင်းချေခံနေရသည်။
သူက ရီဖူရှင်းအား သေချင်နေလားဟု မေးခဲ့သည်။
သို့သော် ယခုတွင် ရီဖူရှင်းက သူ့အား ပြန်မေးနေခဲ့သည်။
ကောင်းကင်အာဏာစက် ပြည်ထောင်သည် ယခုကဲ့သို့ ကသိကအောက် ဖြစ်စရာ အခြေအနေမျိုးတွင် မည်သို့မှ လုပ်နိုင်တော့မည်မဟုတ်ဟု သူတို့ ယူဆကြပေသည်။
သူတို့ မည်သည်ကို လုပ်သည်ဖြစ်စေ ထိုအဖြစ်က သူတို့အား ဆိုးဝါးစွာ သက်ရောက်နေမည် ဖြစ်သည်။
ဆင်များ၏ အော်မြည်သံက ကောင်းကင်ကို တုန်ခါသွားစေပြီး သူတို့က အရူးအမူး အော်မြည်နေကြသည်။ ရီဖူရှင်းက စွမ်းအားကို တစ်ကြိမ်ပြီးတစ်ကြိမ် အသုံးပြုနေကာ ထိုတန်ခိုးရှင်၏ အတွင်းကလီစာများက ပျက်စီးကာ သူ၏ ဝိညာဉ်က ကွဲကြေတော့မည်ဟု ခံစားနေရပေသည်။ သူက အမှန်တကယ် အဆုံးစွန်ထိ တွန်းပို့ခြင်း ခံနေရသည်။
နောက်ဆုံး၌ သူ၏ စိတ်တွင်းမှ ခက်ထန်မှုတို့က ပျောက်သွားခဲ့ပြီဖြစ်ကာ အားနည်းစွာ ပြောလိုက်သည်။
“ဟင့်အင်း … မသေချင်ဘူး”
သူ ထိုသို့ ပြောပြီးနောက်တွင် သူ့တစ်ကိုယ်လုံးက ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် ထိုသည်က သူ၏ ခန္ဓာကိုယ်သာ ဖြစ်ပြီး စိတ်နှင့် ဝိညာဉ်ကတော့ နာကျင်ကျန်ရစ်ခဲ့ပေသည်။
ဘုန်း …
ရီဖူရှင်းသည် နောက်ဆုံးတစ်ခါ ခြေလှမ်းလိုက်ကာ သူ၏ ခန္ဓာကိုယ်အား လွင့်စဉ်သွားစေခဲ့သည်။
ထို့နောက် ရီဖူရှင်းက ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များကို ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံး၌ အိမ်ရှေ့စံထံသို့ သူ၏ မျက်လုံးများက ကျရောက်သွားကာ ပြောလိုက်သည်။
“နတ်ဘုရားအသံကလွဲရင် သူတို့ထဲက ဘယ်သူမှ တန်ခိုးရှင် တစ်ယောက်ကိုတောင် ကိုင်တွယ်နိုင်စွမ်း မရှိကြဘူး။ အဲဒီတော့ ကျုပ်ကို ပြောပါ။ လူတစ်ယောက်ရဲ့ စွမ်းအားက လုံလောက်ပါရဲ့လား”
***