Switch Mode

အပိုင်း(၁၄၅၃)

ကိုးယောက်တစ်ယောက် တိုက်ခိုက်ခြင်း

ဝမ်ယန်ပင်းသည် တိုက်ခိုက်မှု တစ်ချက်တည်းနှင့် အမှန်တကယ် တွန်းလှန်နိုင်စွမ်း ရှိသည်။

မကြာသေးခင်က ဝမ်ယန်ပင်း ဂူတုံးလျှိုအား ရှုံးနိမ့်ခဲ့သည်မှာ အမှန်တရား ဖြစ်သော်လည်း ထိုသည်မှာ ဂူတုံးလျှိုက အမွေအနှစ်အား ဆက်ခံခဲ့ရသည့်အတွက် ဖြစ်ကာ ဝမ်ယန်ပင်းက အသက်စတေးခံ တိုက်ကွက်အား သုံးလိုက်သော်လည်း ရှုံးနိမ့်ခဲ့သည်မှာ ပုံမှန်ပင် ဖြစ်သည်။ လူအုပ်ကြီးက ဂူတုံးလျှို မည်မျှ အစွမ်းထက်သည်ကို တွေ့မြင်လိုသောကြောင့် စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ယန်ပင်းသည် ကောင်းကင်နတ်တံခါးတွင် သင်ယူနေသော ဝမ်ယန်ပင်းသည် အမှန်တကယ် နံပါတ်တစ် ပါရမီရှင် ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် မည်သူကမှ သူကသည် တိုက်ခိုက်မှု တစ်ချက်ကို တောင့်မခံနိုင်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

လူတိုင်းသည် ထိုတိုက်ခိုက်မှုက မည်မျှ အစွမ်းထက်သည်ကို သိချင်နေကြပေသည်။

လူအုပ်အတွင်းမှ လူတိုင်းသည် အစောပိုင်းက မဟာလမ်းစဉ် စွမ်းအားများကို ခံစားမိကြပေသည်။ ထိုတိုက်ခိုက်မှုက အမှန်တကယ် အလွန် ပြင်းထန်လှပေသည်။ ယင်းသည် ရှန့်ထိုအဆင့် အကန့်အသတ်ကို ချိုးဖျက်နိုင်စွမ်း ရှိတော့မလိုပင် ဖြစ်သည်။

ကောင်းကင်နတ်တံခါးမှ လူများသည် လေးနက်စွာ ကြည့်နေကြသည်။ ထိုအချိန်၌ ကောင်းကင်နတ်တံခါးအထက်တွင် ပြင်းထန်သည့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ကျဆင်းလာပြီး ကျန်းကလန်ခေါင်းဆောင် ရှေ့ထွက်လာသည်ကို မြင်လိုက်ကြရသည်။ သူက လေးနက်သည့် အမူအရာတို့နှင့် သူ့အောက်မှ ကိုးယောက်ကို ကြည့်လိုက်သည်။

သူက တိုက်ပွဲနေရာ၌ ရှိမနေသော်လည်း တိုက်ပွဲကို မြင်တွေ့နိုင်ပေသည်။

သူ၏ ဂုဏ်သိက္ခာအရ ဝမ်ယန်ပင်း၏ ရှုံးနိမ့်သော ရလဒ်ကို မြင်တွေ့လိုခြင်း မရှိသော်လည်း ထိုကိုးယောက်သည် စွမ်းအားများကို ယခုလေးတင် ထုတ်ဖော်ပြသခဲ့ပေသည်။

“နတ်ဘုရားအသံ” ကလန်ခေါင်းဆောင်က သူ့ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။

ကိုးယောက်က သူ့ကို မော့ကြည့်လိုက်ပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ စစ်သူကြီးသည်လည်း တစ်ချိန်တည်းတွင် ပြောလိုက်သည်။

“လေးစားပါတယ်။ ခင်ဗျားက တကယ်ပဲ ဒါကို နတ်ဘုရားအသံလို့ ပြောနိုင်တယ်”

“နတ်ဘုရားအသံ ဘယ်လို စွမ်းအား အမျိုးအစားလဲ” သူတို့အနီးရှိ အောက်ဘက်မှ လူများက ဇဝေဇဝါ ကြည့်နေကြသည်။

သူတို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ မည်သို့သော ရူးသွပ်ဖွယ် စွမ်းအားကို ထုတ်ဖော်သည်လဲ သိချင်နေကြပေသည်။

သို့သော် သူတို့ထဲက မည်သူမှ ထိုသို့သော မန္တာန်မျိုးကို ကြားဖူးခြင်း မရှိခဲ့ပေ။

ပြည်ထောင်သည် ထိုသို့ ထူးခြားသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားပါက မည်သူမှ မသိဘဲ ရှိနေမည့်အစား နေရာအနှံ့ ကျော်ကြား နေပေလိမ့်မည်။

လူအများတို့မှာ ထိုသည်ကို ကြားရခြင်းမရှိဘဲ လက်တစ်ဆုပ်စာမျှ အစွမ်းထက် သက်ကြီးပိုင်းမျိုးဆက်များသာလျှင် နတ်ဘုရားအသံကို သိကြလေသည်။

“နတ်ဘုရားအသံဆိုတာ ကောင်းကင်အာဏာစက်ဘုံက မဟုတ်ဘဲ ပြည်ပဘုံတွေထဲ ထူးခြားတဲ့ နေရာတချို့က လာတာ” နတ်ဆင်များထဲမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ရီဖူရှင်းကို အသေးစိတ်ရှင်းပြလိုက်သည်။

“အဲဒီပညာရပ်က သံစဉ်ကို အသံပြု ပြီး မဟာလမ်းစဉ်တွေကို ဆက်သွယ်တာ။ သံစဉ်တွေ ချိတ်ဆက်သွားမယ်ဆိုရင် မဟာလမ်းစဉ်စွမ်းအားတွေနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ တူညီတဲ့ စွမ်းအားတွေကို အသုံးပြုပြီး တိုက်ခိုက်မယ်ဆိုရင် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် စွမ်းအားတိုးမြင့် လာစေနိုင်တယ်လို့ ပြောကြတယ်။ နတ်ဘုရားအသံရဲ့ စွမ်းအားကို တူညီပညာရပ် အသုံးပြုတဲ့ လူ ကိုးယောက် ပူးပေါင်းလိုက်ရင် စွမ်းအားကို တိုးမြှင့်နိုင်တယ်လို့ ပြောကြတယ်။ ကိုးယောက်က တစ်ယောက်နဲ့ တစ်ယောက် တသားတည်း ဖြစ်နေကြပြီး တိုက်ခိုက်မှုကို ကိုးကြိမ်တိုင်တိုင် တိုးမြှင့်ပေးနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောကြတယ်။”

ရီဖူရှင်းသည် ထိုသည်ကို ကြားသည့်အခါ ထိတ်လန့်သွားပေသည်။ ချင်းဟယ်၏ ခန့်မှန်းချက်အရ ထိုပညာရပ်သည် အချို့သော တိုင်းတစ်ပါးဘုံမှ ပညာရပ်ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ ထိပ်တန်းလူစုနှင့် အိမ်ရှေ့စံတို့သည် အခြားသော အထွတ်အထိပ်ဘုံများတွင် ကျင့်ကြံခဲ့ကြသည့်အပြင် သူတို့သည် အခြားသော ထိပ်တန်း ပညာရပ်များကိုလည်း သင်ယူခဲ့ကြသေးသည်။

တန်ခိုးရှင်လောကတွင် ခန့်မှန်းနိုင်သည်ထက် ပိုမိုသော အားသာချက်များ ရှိနေပေသည်။ သာမန်အခြေအနေတို့တွင် လူကိုးယောက် စုပေါင်းတိုက်ခိုက်ခြင်းသည်လည်း ကန့်သတ်ချက်များ ရှိမည်သာ ဖြစ်သည်။ သူတို့ထဲက တစ်ယောက်သာ ဝမ်ယန်ပင်း၏ ခုခံမှုကို မချိုးဖျက်နိုင်ပါက ဝမ်ယန်ပင်းက ရှုံးနိမ့်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ထဲက မည်သူမှ သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့လျှင်လည်း ရလဒ်သည် အတူတူပင် ဖြစ်ပေသည်။

သို့သော် သူတို့၏ တိုက်ခိုက်မှုကို နတ်ဘုရားအသံဖြင့် မြှင့်တင်နိုင်သည့်အတွက် သူတို့ တိုက်ခိုက်မှုများက အဆပေါင်းများစွာ ပို၍ အစွမ်းထက်လာပေသည်။ ထို့ပြင် ထိုကဲ့သို့ ကိုးကြိမ်တိုင်တိုင် အဆင့်မြှင့်နိုင်ခြင်းမှာ ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။

ထူးခြားလမ်းစဉ်သည်ပင် တိုက်ခိုက်မှု၏ စွမ်းအားကို ကိုးကြိမ်တိုင်တိုင် အဆင့်မြှင့်တင်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထူးခြားလမ်းစဉ် သင်ယူထားသူက အခြားသူများနှင့် စုပေါင်း တိုက်ခိုက်ခြင်းနှင့် နတ်ဘုရားအသံဖြင့် အဆင့်မြှင့်တင်ခြင်းကို အသုံးပြု ပြီး ကိုးကြိမ်တိုင်တိုင် အဆင့်မြှင့် တိုက်ခိုက်မှုခြင်းကဲ့သို့သော တိုက်ခိုက်မှုများသည် မည်မျှ အစွမ်းထက်နိုင်သည်ကို သိချင်နေကြပေသည်။

ထိုသည်က မှန်းဆ၍ပင် မရနိုင်ပေ။

သူတို့၏ စွမ်းအားကို ကိုးကြိမ်အထိ မမြှင့်တင်ခဲ့သော်လည်း ဝမ်ယန်ပင်း မည်သည့်အတွက် ရှုံးနိမ့်သွားခဲ့ရသည်မှာ အလွန် အံ့သြဖွယ်ရာပင် ဖြစ်သည်။

ကိုးယောက်ဖြင့် ကျင့်ကြံရသည့် ပညာရပ်သည် အလွန် ခက်ခဲလိမ့်မည် ဖြစ်ကာ သူတို့အတွက် လိုအပ်ချက်များကလည်း လွယ်ကူနည်းပါးလိမ့်မည် မဟုတ်ပေ။

ထိပ်တန်းအင်အားစုများ အားလုံးသည် အသေးစိတ် ဂရုစိုက်နေကြပြီး ကျန်းကလန်ခေါင်းဆောင် မည်သည့်အတွက် ကိုယ်တိုင်ထွက်ပေါ်လာရန် မြန်မြန်ဆန်ဆန် ရွေးချယ်ခဲ့သည်ကို သိရှိသွားကြသည်။

သူတို့ထဲက မည်သူကမှ ထိုပညာရပ်ကို အခြား အထွတ်အထိပ်ဘုံမှ ပညာရပ်ဟု မျှော်လင့်ခဲ့ကြခြင်း မရှိပေ။

ကြည့်ရသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်သည် အိမ်ရှေ့စံကို အခြားအထွတ်အထိပ်ဘုံ၌ ကျင့်ကြံရန်ပို့ဆောင်ခဲ့သည်မှာ ကြာမြင့်ပြီဟု ထင်မှတ်ရကာ အနာဂတ်အတွက် စီမံနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်နတ်တံခါးဂိုဏ်းသည် ပြင်းထန်သည့် ဖိအားနှင့် ရင်ဆိုရတော့မည် ဖြစ်လေသည်။

အနာဂတ်တွင် သူတို့ ကိုးယောက်လုံး ရန်ဟောင်ဖြစ်လာခဲ့ပါက ကိစ္စများက အဆိုးဘက်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထို့ပြင် ထိုသူများသည် နတ်ဘုရားအသံကို သိကြသည့်အတွက် အိမ်ရှေ့စံ ထွက်မတိုက်လည်း ရသည်ဟု ယုံကြည်နေသည်မှာ မထူးဆန်းပေ။

ထိုသူများသည် တူညီသည့် ထိပ်သီးအင်အားစုများသို့ ဝင်ရောက်ခဲ့ကြခြင်းမဟုတ်လျှင် သူတို့က တူညီသည့် စွမ်းအားကို အသုံးပြုနိုင်ကြလိမ့်မည် မဟုတ်ပေ။ မည်သည့် အဆင့်အတန်း ဖြစ်နေပါစေ အခြားသူများ၏ ထိပ်တန်းအဆင့် ပညာရပ်နှင့် မန္တာန်တို့အား ခွင့်ပြုချက်မရဘဲ သင်ယူခဲ့ပါက တန်ခိုးရှင်လောက၌ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် ဖြစ်သကဲ့သို့ ထိပ်သီးအင်အားစုများကို ဆန့်ကျင်ကာ ရန်သူဖြစ်ရန် ဖန်တီးခြင်း ဖြစ်လာပေလိမ့်မည်။

အမြင့်ဆုံးဖြစ်နိုင်ချေမှာ သူတို့အရှေ့မှ ကိုးယောက်သည် တူညီသည့် ထိပ်တန်းအင်အားစုသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့ ကိုးယောက်လုံး၏ အရည်အချင်းက ကြောက်မက်ဖွယ်ကောင်းလာခြင်း ဖြစ်ပေလိမ့်မည်။

လူအုပ်ကြီးသည် ကောင်းကင်အာဏာစက်ပြည်ထောင်က ထိုသို့ အင်အားမျိုး ထုတ်ဖော်ပြ၍ ဂူတုံးလျှိုကို ရရှိရန် ကြိုးစားနေသည်အား အံ့အားသင့်နေကြသည်။

“တစ်စုံတစ်ယောက်ရဲ့ စွမ်းအားက အမြဲ အကန့်အသတ် ရှိနိုင်တယ်။ ကောင်းကင်နတ်တံခါးက လူတစ်ယောက်တည်းအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောထားမယ်ဆိုရင် အဲဒီ မျှော်လင့်ချက်မရှိတဲ့ လှုပ်ရှားမှုက ခင်ဗျားကို ပျက်စီးစေမှာစိုးမိတယ်။ အဲဒါကို နားမလည်ဘူးလား ကလန်ခေါင်းဆောင်” စစ်သူကြီးက ထပ်ပြောလိုက်သည်။

“ဂူတုံးလျှိုကို လက်လွှဲပေးလိုက်ပါ။ ကောင်းကင်အာဏာစက် ပြည်ထောင်နဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်က ဒီပြဿနာကို အစထပ်ဖော်တော့မှာမဟုတ်ဘူး။ အရာအားလုံးက အရင်အတိုင်း ပြန်ဖြစ်သွားပြီး ရန်ငြိုးအားလုံးလည်း ရှင်းလင်းပြီးသား ဖြစ်သွားလိမ့်မယ်”

ကလန်ခေါင်းဆောင်က ထိပ်ဆုံး၌ ရပ်နေကာ စစ်သူကြီးကို ကြည့်၍ ပြောလိုက်သည်။ “ခင်ဗျားက ပြည်ထောင်က တခြားလူတွေနဲ့ ထူးမခြားနဲ့ ရန်ဟောင်တစ်ပါးသာသာပဲ။ ဒီလိုကတိစကားတွေရဲ့ လေးနက်မှုကို နားမလည်ဘူးလား”

ထိုစကားလုံးများသည် လူတိုင်း၏ နားစည်အား ဖြတ်သန်း ဝင်ရောက်လာပြီး သူတို့၏ စိတ်များကို လေးလံသွားစေသည်။ လူတိုင်းသည် ထိုစကားလုံးများ နောက်ကွယ်မှ တည်ကြည်လေးနက်မှုနှင့် ခိုင်မာသော စိတ်ဆုံးဖြတ်ကို ခံစားသိရှိနိုင်ကြပေသည်။

ကောင်းကင်နတ်တံခါးသည် သူတို့၏ ရပ်တည်မှုကို ရှင်းလင်းစွာ ရွေးချယ်ခဲ့ပြီး နောက်ပြန်ဆုတ်တော့မည် မဟုတ်ပေ။

ထို့ပြင် ဖြစ်လာတော့မည့် မုန်တိုင်းက ရှန့်ထိုအဆင့်များ ကြားမှ တိုက်ပွဲထက် ပိုလာတော့မည် ဖြစ်လေသည်။

“ဒီလိုဆိုမှတော့ ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဂူတုံးလျှိုက စွမ်းရည်ဘယ်လောက်ရှိမလဲ မြင်တွေ့ချင်မိတယ်။ သူက ဒီလိုတာဝန်ခံမှုကို ပခုံးထမ်းထားနိုင်စွမ်း ရှိပါ့မလားဆိုတာ လောကကြီး သိအောင် ပြလိုက်စမ်းပါလား” ကောင်းကင်အာဏာစက် ပြည်ထောင်မှ စစ်သူကြီးက ပြောလိုက်သည်။ အိမ်ရှေ့စံမဟုတ်သည့် တစ်စုံတစ်ယောက်က ဂူတုံးလျှိုကို စိန်ခေါ်လိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

အိမ်ရှေ့စံသည် ပြည်ထောင်တန်ခိုးရှင်များ အလယ် စစ်သူကြီး ဘေး၌ ရပ်နေဆဲ ဖြစ်ကာ အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။

သူက ထိုသို့သော ကိစ္စမျိုးကို ကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ပင် ဖြစ်သည်။

ဂူတုံးလျှိုက ထိုကိုးယောက်ကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်သည် သူ့အား စိတ်ချင်းဆက်သွယ်၍ နတ်ဘုရားအသံ၏ မူလနှင့် စွမ်းအားတို့ကို ရှင်းပြလာသည်။ နတ်ဘုရားအသံသည် အလွန် အစွမ်းထက်လှပြီး သူ၏ ကျွယ်ရှန်းဝင်္ကပါ စွမ်းအားကလည်း သူ့ စွမ်းအားကို မည်မျှ အစွမ်းထက်သည်ကို သိလိုပေသည်။

ယခင်က ထိုသို့ နှိုင်းယှဉ်မှုမျိုး မသည်သူမှ မပြုလုပ်ခဲ့သည့်အတွက် အဖြေရှိလိမ့်မည် မဟုတ်ပေ။

အဖြေကို တိုက်ပွဲ၌သာ ရှာတွေ့နိုင်မည် ဖြစ်ကာ တိုက်ပွဲကွင်းပြင်သည်သာ ထိုသည်အား စမ်းသပ်ရန် အကောင်းဆုံးဖြစ်ပေသည်။

“ဒါဆို အိမ်ရှေ့စံက တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘူးလား” လူအများက ရေရွတ်လိုက်ကြသည်။ ယနေ့ ရောက်ရှိလာသည့် လူတိုင်းမှာ သူတို့၏ မျိုးဆက်တွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဂူတုံးလျို နှင့် အိမ်ရှေ့စံ၏ တိုက်ပွဲကို မြင်တွေ့လို၍ ဖြစ်လေသည်။

“မင်းပြောတာ တန်ခိုးရှင်တစ်ယောက်ရဲ့ စွမ်းအားက အကန့်အသတ်ရှိတယ်ပေါ့။ ဒါဆို ဘာလို့ ကိုးယောက်တစ်ယောက် စိန်ခေါ်နေကြရတာလဲ” တစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက သူတို့၏ မျက်လုံးတို့အား ထိုသူကို လှည့်ကြည့်လိုက်ကြလျှင် ရီဖူရှင်း ဖြစ်နေသည်ကို မြင်လိုက်ကြရသည်။

အိမ်ရှေ့စံသည်လည်း ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ ယခင်က အိမ်ရှေ့စံသည် သူအား သတိပေးခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ ရီဖူရှင်းက ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် အရှုပ်အထွေးထဲ ဆွဲသွင်းလိုနေသည်။

“ကောင်းကင်အာဏာစက် ပြည်ထောင်က စိန်ခေါ်မှုကို ဘယ်လိုတွေများ လုပ်ချင်နေတာလဲ” ရီဖူရှင်းက ဆက်ပြောလိုက်သည်။

“ကောင်းကင်နတ်တံခါးက တန်ခိုးရှင်ကိုးယောက်နဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်က တစ်ယောက်ကို စိန်ခေါ်ခိုင်းရင်ရော ဘယ်လိုလဲ”

“ဂူတုံးလျှိုက သူ့ကို ကူဖို့ ကြိုက်တဲ့ ရှစ်ယောက်ကို ရွေးလို့ရတယ်” ပြည်ထောင် စစ်သူကြီးက အောက်ဘက်မှ ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ စစ်သူကြီး၏ မျက်လုံးများများတွင် အေးစက်မှုတို့ ပေါ်ပေါက်လာသည်။

“ကောင်းကင်အာဏာစက် ပြည်ထောင်က အမည်မသိ တိုက်ပွဲဝင်စစ်သည်ကိုးယောက်ကို တိုက်ခိုက်ဖို့အတွက် သူ့ကို ကူညီမဲ့ ရှစ်ယောက် ရှာတွေ့နိုင်မှာ မဟုတ်တာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိနေမှာ သေချာတယ်” ရီဖူရှင်းက တဲ့တိုးပြန်ဖြေလိုက်သည်။ ဂူတုံးလျှိုသည် လက်ရှိ၌ ဘုံတစ်ခွင် အကျော်ကြားဆုံး ဖြစ်နေကာ မရေတွက်နိုင်သည့် မျက်လုံးများက သူ့အား စောင့်ကြည့်နေကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ကိုးယောက် ပေါ်ထွက်လာခြင်းကြောင့် သူ့အား ကူညီရန် အခြားရှစ်ယောက်ကို ရှာဖွေရခြင်းမှာ သူ့အတွက် အဓိပ္ပါယ် မရှိလှပေ။

ထိုသို့ ပြုလုပ်ပါက သူ၏ နာမည်နှင့် အဆင့်အတန်းကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။

“ကောင်းကင်အာဏာစက် ပြည်ထောင်က ကောင်းကင်နတ်တံခါးကို ဖိအားပေးချင်နေမှတော့ ဒီလို တွက်ချက်မှုမျိုး မလုပ်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ အိမ်ရှေ့စံကိုပဲ အစား စိန်ခေါ်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား” ရီဖူရှင်းက ထစ်ငေါ့ ပြောဆိုလိုက်သည်။

“ဒါမှမဟုတ် အိမ်ရှေ့စံက ဒီတိုက်ပွဲမှာ ပါဝင်ဖို့ ယုံကြည်ချက် ရှိမနေတာများလား”

“ဒီအရေးကိစ္စထဲ ဝင်ပါရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ဘယ်အချိန်ကများ မင်းက ကောင်းကင်အာဏာစက်ဘုံက ထိပ်တန်း အင်အားစုတွေရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ အဆင့်မီသွားခဲ့တာလဲ” ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က ရီဖူရှင်းအား သူ၏ ခရမ်းရောင် မျက်လုံးများဖြင့် ငုံ့ကြည့်ကာ ပြောလိုက်သည်။ မိုးကြိုးစွမ်းအားများကလည်း ကျဆင်းလာပေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ခက်ခဲသည့် အချိန်များကို သည်းခံခဲ့ရကာ နန်းတော်မှ ကျင်းပသော အခမ်းအနားတွင် သူတို့ကို မျက်နှာပျက် အရှက်ရစေခဲ့သည့် သူ့အပေါ်၌ ကောင်းမွန်စွာ ပြုမူခဲ့ရသည်။

ယခင်က ရီဖူရှင်းသည် သူတို့၏ မျက်နှာကို ရိုက်ခဲ့ပြီး ယခုလည်း တူညီသည့် အဖြစ်မျိုး ထပ်၍ လုပ်လိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့ကြပေ။

“ကျုပ်က ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးအင်အားစုတွေ အရေးကိစ္စမှာ ဝင်စွက်ဖက်ဖို့ အရည်အချင်းမီတဲ့ သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်ထောင်က ကိုးယောက်က ကျုပ် အစ်ကိုသုံး တစ်ယောက်တည်းကို ရင်ဆိုင်ချင်တာကတော့ ကျုပ်ကို အတော်လေး အစာမကြေ ဖြစ်စေတာပဲ”  ရီဖူရှင်းက ဆက်ပြောလိုက်သည်။

“ကျုပ်အစ်ကိုသုံးက လက်ရှိမှာ တခြားလူတွေနဲ့ တူတဲ့ အဆင့်အတန်းမျိုး မဟုတ်ဘူး။ သူက ဘယ်သူမဆို လွယ်လွယ်ကူကူ စိန်ခေါ်နိုင်မယ့် လူမျိုးမဟုတ်ဘူး။ မဟုတ်ရင် သူ သိက္ခာကျရမှာပေါ့”

ရီဖူရှင်းက ဆက်လက်ကာ ပြောလိုက်သည်။

“ကောင်းကင်အာဏာစက် ပြည်ထောင် လူတွေက ကျုပ် အစ်ကိုသုံးရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ချင်တယ်ဆိုရင် အိမ်ရှေ့စံကို စိန်ခေါ်ခိုင်းလိုက်ပါ။ အဲဒီလိုလုပ်တာကသာ ကျုပ်အစ်ကိုရဲ့ ဂုဏ်သတင်းကို မညစ်နွမ်းစေမှာ။ နတ်ဘုရားအသံရဲ့ ခွန်အားကို စမ်းသပ်ဖို့ အတွက်တော့ ခင်ဗျားတို့ တကယ်ပဲ ကျုပ် အစ်ကိုသုံးနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမီလားဆိုတာ သိရအောင် ကြည့်ချင်မိတယ်”

မရေတွက်နိုင်သော မျက်လုံးအစုံတို့က ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ ကျန်းယွမ်ကို ရှုံးနိမ့်စေခဲ့သည့်အတွက် ဟောက်ထျန်းမြို့တွင် ကျော်ကြားလာသည့် ထိုသူသည် သူ့အစ်ကိုအစား တိုက်ခိုက်ပေးရန် ရည်ရွယ်နေသည်။

အမှန်တွင် ရီဖူရှင်းက ထိုသို့ မလုပ်ချင်သော်လည်း ကိုးယောက်က မည်သို့ ပူးပေါင်းတိုက်ခိုက်သည်ကို မြင်လိုကာ ကောင်းကင်နတ်တံခါးမှ သူ့အစ်ကို မဟုတ်သည့် တခြားလူများသည်လည်း ယင်းအား ရင်ဆိုင်ရန် ခက်ခဲမည်အား တွေ့ရှိရပေသည်။ နတ်ဘုရားအသံကဲ့သို့ အစွမ်းထက် စုပေါင်း ပညာရပ်များကို ပိုင်ဆိုင်မထားပါက ကောင်းကင်နတ်တံခါးသည် ပါရမီရှင်များကြားမှ ပါရမီရှင်များဖြင့် ဖွဲ့စည်းထားသည့် လူကိုးယောက်ကို ရင်ဆိုင်ရန် ခက်ခဲရလိမ့်မည် ဖြစ်သည်။

ဂူတုံးလျှို အတွက်ကတော့ သူ ထိုတိုက်ပွဲ၌ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ထိုမှနေ၍ တစ်ခုခု ရရှိနိုင်ပေသည်။

ထို့ကြောင့် ရီဖူရှင်းက သူ၏ အစ်ကိုသုံးအတွက် အနှောင့်အယှက် အချို့အား ရှင်းလင်းရန် ရှေ့ထွက်လာခြင်း ဖြစ်သည်။ အိမ်ရှေ့စံသည် ရီဖူရှင်း၏ အစ်ကိုသုံးကို ထိခိုက်စေရန် ကြံရွယ်နေသည့် အတွက် သူက လက်သည်းဖွက်ထားဆဲ ရှိနေသေးသော်လည်း ရီဖူရှင်းက သူ့အား ခက်ခဲစေရန် ပြုလုပ်နေခြင်း ဖြစ်သည်။

ရီဖူရှင်းက အခြားသူများ၏ အရေးတွင် ဝင်စွက်ဖက်မည် မဟုတ်သော်လည်း ဤကိစ္စ၏ အလယ်တွင် သူ့အစ်ကိုသုံး ရှိနေသည့်အတွက် သူက မဖြစ်မနေ ရှေ့ထွက်ရပ်ပေးရန် လိုကြောင်း ယူဆပေသည်။

စစ်သူကြီး မပြောရသေးခင် အိမ်ရှေ့စံက ပြောလိုက်သည်။

“မင်း ဒါ ဘာလုပ်တာလဲ”

ရီဖူရှင်းက အိမ်ရှေ့စံကို ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် အဆင့်က ပုံမှန်ဆိုရင်တော့ သံသယကင်းစင်ခြင်းအဆင့်ကိုပဲ တိုက်ခိုက်နိုင်မှာပေါ့။ အရင် နန်းတော်အပြင်မှာ အိမ်ရှေ့စံကို ငြင်းပယ်ခဲ့မိလို့ ကျုပ်က ကောင်းကင်အာဏာစက် ပြည်ထောင် ပါရမီရှင်တွေက ဘယ်လောက် အစွမ်းထက်လဲ မြင်တွေ့ချင်ရုံပါ။ ကျုပ်က ကိုးယောက် တစ်ယောက် တိုက်ခိုက်ဖို့ မမှုပါဘူး”

***

Comment

Leave a Reply

Options

not work with dark mode
Reset