Switch Mode

အပိုင်း(၁၄၄၀)

မဟာမိတ်

ရီဖူရှင်းက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကာ ပတ်ဝန်းကျင်ကို ခံစားနေသည်။ တောင်ကြားတွင် ရပ်နေရင်း သူသည် ရှင်းပြ၍ မရနိုင်သော မမြင်နိုင်သည့် စွမ်းအားက အရှေ့မှ လာနေသည်ကို ခံစားမိလေသည်။

စိတ်ဝိညာဉ်လေးခုသည် ရုပ်တုလေးခုသာ ဖြစ်သော်လည်း သူတို့သည် ပြင်းထန်သည့် စွမ်းအားကို ခံစားမိစေကာ ယင်းတို့ကို မသိနိုင်သည့် နည်းလမ်းနှင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်သည်။

မဟုတ်လျှင် စိတ်ဝိညာဉ်လေးခုကို စွမ်းအားများ လက်ဆောင်ပေးခဲ့သည့် အစွမ်းထက်ပုဂ္ဂိုလ် ရှိနေသည်လား။

ထို့ပြင် ယခုလေးတွင် ဟွားချင်းယွင်က နဂါးဝိညာဉ်ကို မည်ကဲ့သို့ နိုးထစေခဲ့သနည်း။

ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် ဟောက်ထျန်းမြို့မှ လူများသည် သူတို့ထက်ပို၍ ကောင်းကောင်း သိသင့်ပေသည်။

“နတ်မိမယ်ချင်းကရော စိတ်ဝိညာဉ်လေးခု နိုးထလာဖို့ ဘယ်လိုအခြေအနေမျိုး လိုအပ်လဲသိပါသလား” ရီဖူရှင်းက စိတ်ထဲမှနေ၍ သူ့အသံကို ချင်းဟယ်ထံသို့ ပို့ဆောင်လိုက်သည်၊

“မသိဘူး” ချင်းဟယ်က ပြန်ဖြေလိုက်သည်။ “ဘယ်သူမှ မသိတာ ဒါမှမဟုတ် သူတို့ သိရင်တောင် မလုပ်နိုင်တာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုမဟုတ်ရင် ဘယ်နည်းလမ်းနဲ့မဆို သူတို့ကို နိုးထလာစေတာလည်း ဖြစ်နိုင်တယ်။”

ရီဖူရှင်းက မသိမသာ ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။ စိတ်ဝိညာဉ်လေးလုကို နိုးထအောင် လုပ်ဆောင်ရန် လွယ်ကူနေပါက လုပ်ဆောင်ပြီးကြနေကြပြီ ဖြစ်ပေလိမ့်မည်။

ဤနှစ်များအတွင်း ကောင်းကင်နတ်တံခါးဂိုဏ်းမှ များပြားလှသည့် လူစွမ်းကောင်းများ၊ ဂူထျန်းရှင်း၊ ဂူကျန်းနန်တို့ကဲ့သို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များအပါအဝင် မည်သူမှ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ကောင်းကင်နတ်တံခါးဂိုဏ်းမှ တပည့်များက လာရောက် ကြိုးစားကြသော်လည်း မည်သူမှ အောင်မြင်ခြင်း မရှိပေ။

ဤနေရာတွင် ထူးခြားလမ်းစဉ်အတွဲတစ်တွဲက ဤနေရာမှာ ရှိနေပြီး ကောင်းကင်နတ်တံခါးဂိုဏ်းသည် အခြား မည်သည့်အင်အားစုထက်မဆို အလိုချင်ကြဆုံးပင် ဖြစ်သည်။

ဝမ်ယန်ပင်းသည်လည်း အတူတူပင် ဖြစ်သည်။ ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ပြန်သွားချင်ပေသည်။ သက်ရှည်တောင်ကြား၌ ကွယ်ဝှက်ထားသည့် ထူးခြားလမ်းစဉ်ကိုသာ ရရှိနိုင်ပါက သူတို့၏ အခွင့်အရေး တိုးမြင့်လာမည်မှာ အသေအချာပင် ဖြစ်ပြီး သူတို့၏ ဂုဏ်သတင်းကိုလည်း မြင့်မားလာမည် ဖြစ်သည်။

ထို့ကြောင့် ဝမ်ယန်ပင်းသည် ကြိုးစားကြည့်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

အခွင့်အရေးက နည်းပါးသော်လည်း ကြိုးစားကြည့်နိုင်ပေသည်။

“ဟွားချင်းယွင် အခုနက နဂါးဝိညာဉ်နဲ့ ဆက်သွယ်ပြီး တစ်ခုခု နားလိုက်လိုက်တာ ရှိလား” ဝမ်ယန်ပင်းက ရှေ့သို့ လှမ်းကာ ဟွားချင်းယွင်းကို မေးလိုက်သည်။

ဟွားချင်းယွင်က သူ့ကို ကြည့်လိုက်ပြီး ဝမ်ယန်ပင်း ကြားသာရုံ ဆက်ပြောလိုက်သည်။ “မင်းရဲ့ ခွန်အားတစ်ခုတည်းနဲ့ဆို မဖြစ်နိုင်မှာ စိုးရတယ်။ အခု လူတိုင်းကတ လိုချင်နေတာဆိုတော့ ဘာလို့ ပူးပေါင်းပြီး မကြိုးစားကြည့်ရမှာလဲ။ ထူးခြားလမ်းစဉ်ကို ဘယ်သူအပိုင်ရမလဲဆိုတဲ့ အတွက်ကတော့ ငါတို့ နောက်မှ တိုက်ခိုက်နိုင်တယ်။

ဟွားချင်းယွင်က တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ “ကု့ချင်းသံစဉ်နဲ့ အသိပေးပြီး နဂါးစိတ်ဝိညာဉ်ကို ထောက်လှမ်းမိရင် နိုးထလာအောင် ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်။ သူတို့သာ အဲဒီအထဲမှာ ရှိနေရင် နိုးထလာမှာပဲ”

လူတိုင်းက စိတ်ထဲမှနေ၍ သဘောတူလိုက်ကြပြီး တွေးတော ခန့်မှန်းနေကြပေသည်။ မဟုတ်လျှင် ဤရုပ်တုများက မည်သို့ အမှန်တကယ် နိုးထလာနိုင်မည်နည်း။

“ဘယ်လိုအတူ ကြိုးစားမှာလဲ” ဝမ်ယန်ပင်းက ဟွားချင်းယွင်၊ ချင်းဟယ်၊ ကောင်းဟွမ်နှင့် အခြားလူများကို ကြည့်လိုက်သည်။

“အင်း” ဟွားချင်းယွင်က ခေါင်းညိတ်လိုက်သည်။ “ငါက ဒီနဂါးဝိညာဉ်ကို ကြိုးစားကြည့်မယ်။ ဒါပေမဲ့ မင်းတို့က တခြားရုပ်တုတွေကို ကြိုးစားရမယ်”

“ကျုပ်က ဒီ ချီလင်ကို ကြိုးစားလိုက်မယ်” ဝမ်ယန်ပင်းက ပြောလိုက်သည်။

သူ ပြောပြီးသွားသည်နှင့် သူတို့က ချင်းဟယ်နှင့် ကောင်းဟွမ်ကို ကြည့်လိုက်သည်။ ကောင်းဟွမ်က ပြုံးကာ ပြောလိုက်၏။ “မိန်းကလေးကို ဦးစားပေးပါတယ်”

“ဖီးနစ်” ချင်းဟယ်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို ကျုပ်က လိပနက်ကို နှိုးဖို့ ကြိုးစားကြည့်လိုက်မယ်။ ဒါပေမဲ့ လိပ်နက်က အပျင်းရိဆုံးမို့ ကျုပ်က အားစိုက်ထုတ်မယ် ဆိုရင်တောင် ယုံကြည်ချက်တော့ မရှိဘူးနော်” ကောင်းဟွမ်က ပေါ့ပါးစွာ ပြောလိုက်သည်။

“လုပ်သာ လုပ်ပါ” ဝမ်ယန်ပင်းက ချီလင်ရုပ်တုရှေ့ လမ်းလျှောက်သွားနေရင်းက ပြောလိုက်သည်။

ဟွားချင်းယွင်သည် နဂါးဝိညာဉ်ရုပ်တုရှေ့တွင် ရပ်လိုက်ပြီး သူ့လက်များကို ကု့ချင်းပေါ် ပေါ့ပါးစွာ တင်လိုက်သည်။ ကောင်းဟွမ်က လိပ်နက်ရုပ်တုရှေ့သို့ လျှောက်သွားသည်။ ချင်းဟယ်က သူမဘေးမှ ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ရှင် ဒီမှာနေပြီး အတွေ့အကြုံ ယူချင်လား”

သူမက သူတို့ အင်အားများ ပူးပေါင်းလျှင်ပင် အောင်မြင်ရန် မလွယ်ကူကြောင်း ရှင်းလင်းစွာ သိရှိပေသည်။ ဤတစ်ကြိမ်က ကြိုးစားကြည့်ရုံသာ ဖြစ်လေသည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

လေးယောက် လူစုသည် ရှေ့သို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်သွားကြကာ သက်ရှည်တောင်ကြားမှ လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ ထူးဆန်းသည့်အကြည့်တို့ ဖြစ်ပေါ်လာသည်။

ဤလေးယောက်တွင် ဟွားချင်းယွင်နှင့် ဝမ်ယန်ပင်းက အထက်ကောင်းကင်နတ်တံခါးနှင့် အောက်ကောင်းကင်နတ်တံခါးတို့တွင် အထူးချွန်ဆုံး လူများဖြစ်သည်။ ချင်းဟယ်သည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လာခြင်း ဖြစ်ကာ ကောင်းဟွမ်သည်တော့ ထောင်ချီနတ်တောင်မှ လာခြင်း ဖြစ်လေသည်။ ထိုမဟာမိတ်ဖွဲ့ထားသော ပါရမီရှင်လေးယောက်က စိတ်ဝိညာဉ်များကို အသက်သွင်းနိုင်မလား ဆိုသည်မှာ မသိနိုင်သည့်အရာပင် ဖြစ်၏။

ကု့ချင်း၏ အသံက မြင့်မားသည့် ထိုးဖောက်နိုင်စွမ်းနှင့် ပဲ့တင်လာကာ ဂီတသင်္ကေတများက ခုန်ပေါက်နေ၍ နဂါးဝိညာဉ်ရုပ်တုဆီသို့ ဦးတည်သွားလေသည်။ ကု့ချင်းတီးခတ်နေစဉ် ဟွားချင်းယွင်၏ ကိုယ်နှုတ်အမူအရာ အားလုံးမှာ နှစ်သက်ဖွယ် ဖြစ်ကာ သူ့အနီးတွင် ထူးခြားဆန်းကြယ်သည့် အသက်ဓာတ်တို့ ပေါ်ပေါက်လာပြီး သူနှင့်အတူ နဂါးဝိညာဉ်ရုပ်တုကိုပါ လွှမ်းမိုးလာသည်။

ဝမ်ယန်ပင်းသည် ချီလင်ရုပ်တုရှေ့သို့ လာခဲ့ကာ သူ့ထံမှ အလွန်ထက်ရှသည့် အရှိန်အဝါတို့က သူ့ထံမှ ထွက်ပေါ်လာသည်။ မရေတွက်နိုင်သည့် သူက လက်ကို ဆန့်ထုတ်လိုက်သည့်အခါ နတ်ဘုရားလက်များက အော်မြည်နေကာ ချီလင်ရုပ်တာပေါ်သို့ ကျရောက်သွား၏။ ချက်ချင်းပင် နတ်လက်များဆီမှ အလွန် ထက်ရှသည့် အသက်ဓာတ်တို့ ထွက်ပေါ်လာကာ ဝမ်ယန်ပင်းကို ကြည့်ရသည်မှာ နတ်ဘုရားလက် နတ်လက်နက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရသည်။

ထိုအချိန်၌ ဝမ်ယန်ပင်းသည် လက်များ၏ အရှင်သခင် ဖြစ်သွားခဲ့သည်။

တောင်ကြားအတွင်းမှ များပြားလှသော တန်ခိုးရှင်တို့သည် ထိန်းချုပ်မှု ကင်းလွတ်သွားလောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို နတ်လက်နက်တို့က သယ်ဆောင်ထားကြောင်း ခံစားမိလေသည်။

ရီဖူရှင်းသည်လည်း ပုံမှန်မဟုတ်သည့် အသက်ဓာတ်ကို ခံစားမိကာ ဝမ်ယန်ပင်းကို တအံ့တသြ ကြည့်လိုက်သည်။

ထိုသည်က ဝမ်မိသားစု တန်ခိုးရှင်များ၏ ထူးခြားလမ်းစဉ်ပေလား။

ချီလင်ရုပ်တုတစ်ခုလုံးသည် တောက်ပနေခဲ့သည်။ နတ်ဘုရားလက်များ၏ စွမ်းအားက ယင်းကို တိုက်စားနေသည်။ ရုတ်တရက် ပြင်းထန်သည့် ဖိအားက ချီလင်ထံမှ ထွက်ပေါ်လာကာ ဝမ်ယန်ပင်းကို လွှမ်းခြုံသွားခဲ့သည်။

သို့သော် ဝမ်ယန်ပင်းသည် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ကာ အက်ကွဲသည့် အသံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ နတ်ဘုရားလက်၏ စွမ်းအားများ ကျိုးပျက်သွားခြင်း ဖြစ်သည်။ သူက အလွန် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသော်လည်း ဝမ်ယန်ပင်းက ပြန်မဆုတ်ခဲ့ပေ။ သူက တစ်ကိုယ်လုံးကို ထက်ရှသည့် နတ်ဘုရားလက် နတ်လက်နက်အဖြစ် ပြောင်းလဲလိုက်သည်။ သူတို့ လေးယောက်သည် သူ့အပိုင်းနှင့်သူ တာဝန်ယူနေကြပြီး စိတ်ဝိညာဉ်ရုပ်တု လေးခုကို နိုးထလာအောင် ပြုလုပ်နေကြကာ အောင်မြင်ရန် မျှော်လင့်နေကြ၏။

ချင်းဟယ်၏ နူးညံ့သေးသွယ်သော လက်များကလည်း ဖီးနစ်ရုပ်တုကို ထိလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကို သန့်စင်သည့်အလင်းတို့ ဖုံးလွှမ်းသွားကာ သူမကို ပိုမို လှပ၍ တောက်ပလာအောင် ပြုလုပ်ပေးနေသည်။ အမျိုးမျိုးသော စိတ်ဝိညာဉ် အတွေးစတို့က ဖီးနစ်ရုပ်ကို လွှမ်းခြုံလိုက်ကာ ယင်း၏ တည်ရှိမှုကို ခံစားနေသည်ဟု ထင်မှတ်ရပေသည်။

သူမ၏ လှပသော မျက်လုံးများက တဖြည်းဖြည်း ပိတ်သွားကာ သူမ၏ သိမြင်နားလည်မှုက တဖြည်းဖြည်း အားကောင်းလာသည်။ နတ်အလင်းများက ဖုံးလွှမ်းလာကာ သူမ၏ သိမြင်နားလည်မှုတွင် ကောင်းကင်နှင့် မြေကြီးအကြားမှ အရာအားလုံး ပါဝင်နေပေသည်။

သူမ၏ လက်များက ပူလောင်လာသည်ဟု ခံစားရသည်။ ဤဖီးနစ်ရုပ်တုမှနေ၍ သူမသည် တဖြည်းဖြည်းနှင့် သူမ၏ စိတ်ကို လောင်ကျွမ်းလာသော အပူစီးကြောင်းကို ခံစားမိကာ သူမ၏ လက်ဝါးများကိုပင် လောင်ကျွမ်းလာသည်ဟု ခံစားရစေရန် ပြုလုပ်နေသည်။

ထိုခံစားမှုက ချင်းဟယ်ကို အနည်းငယ် ပို၍ လေးနက်လာစေကာ သူမက အတော်လေး အာရုံစိုက်လာခဲ့၏။ သန့်စင်သည့် အလင်းများ အောက်တွင် သူမ၏ နတ်စွမ်းအားများကို အဆုံးစွန်ထိ ထုတ်လွှတ်ကာ ဖီးနစ်ဝိညာဉ်ကို ဖမ်းမိနိုင်ရန် ကြိုးစားနေသည်။ ဤနည်းလမ်းကသာ နိုးထလာစေရန် ဖြစ်နိုင်ပေမည်။

သက်ရှည်တောင်ကြားအတွင်းမှ လူများသည် ကောင်းကင်နှင့် မြေကြီးကြားမှ ပြောင်းလဲလာသည့် စွမ်းအားများကို ခံစားမိလေသည်။ မမြင်ရသည့် ဖိအားများက အားကောင်း သန်မာလာသည်။ တောင်ကြားတစ်ခုလုံးတွင် သန့်စင်သည့် စွမ်းအားများက ဖုံးလွှမ်းနေသည်။ ကျင့်ကြံခြင်း၌ အားနည်းသော လူအများသည် မွန်းကျပ်မှုကို ခံစားလိုက်ရသည်။ အချို့သော လူများပင်လျှင် သူတို့၏ ခန္ဓာကိုယ်များက လောင်ကျွမ်းနေသည်ဟု ခံစားလာရသည်။ သူတို့သည် မီးပုံအတွင်းသို့ ရောက်နေသလိုပင် ဖြစ်နေရ၏။

လိပ်နက်မှလွဲလျှင် အခြားသော ရုပ်တုသုံးခုက တုံ့ပြန်မှု ရှိလာသည်။ လိပ်သည် ထိုနေရာတွင် တုတ်တုတ်မှမလှုပ်ဘဲ ဆက်လက်ရှိနေခဲ့သည်။ ကောင်းဟွမ်ပေါ်မှ အသက်ဓာတ်သည် အားကောင်းသော်လည်း သူက လိပ်နက်ကို နည်းနည်းလေးမှပင် တုံ့ပြန်လာစေရန် မလုပ်နိုင်ပေ။

ဝိညာဉ်လေးခုတွင် လိပ်နက်က နှိုးရအခက်ဆုံး ဖြစ်သည်ဟု တောင်ကြားမှ လူများ တွေးလိုက်ကြသည်။ သူတို့သည် မျိုးဆက်အဆက်ဆက်ဆီမှ အကြောင်းအရာများစွာကို ကြားဖူးခဲ့သည်။ များပြားလှသည့် လူစွမ်းကောင်းများက ကြိုးစားခဲ့သေည်လည်း အခြားသော ရုပ်တုသုံးခုကသာ တုံ့ပြန်မှု ရှိခဲ့ဖူးပေသည်။

ပြောရမည်ဆိုလျှင် နှစ်ထောင်ချီကာ ပျင်းရိစွာ ရှင်သန်လာသည်မှာ ကြာမြင့်ပြီ ဖြစ်၍ ငပျင်းကောင် လိပ်နက်ကို မည်သူမှ  နှိုးနိုင်လိမ့်မည်မဟုတ်ပေ။

သူတို့၏ နောက်မှ အဘိုးအိုက တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးထောင့်၌ အပြုံးရေးရေး ပေါ်ပေါက်လာသည်။

ဤနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သည့်အတွင်း မည်သူမှ မအောင်မြင်ခဲ့ရာ နိုးထလာစေရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ယနေ့လည်း အကျိုးမရှိ ဖြစ်ရပေဦးတော့မည်။

ရီဖူရှင်းက အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများက နက်ရှိုင်းကာ အဆုံးအစမဲ့နေပြီး မှော်ဆန်သော တောက်ပမှုတို့ ပေါ်ပေါက်လာ၏။ ထိုအခိုက်တွင် သူ့မျက်လုံးအတွင်းမှ လောကတစ်ခုလုံးက ပြောင်းလဲသွားခဲ့သည်။ သူက မရှိသည့် အရာအားလုံးကိုပါ မြင်လာနိုင်ပေသည်၊

သူက စိတ်ဝိညာဉ်ရုပ်တု လေးခုကို ကြည့်လိုက်ပြီး ယင်းတို့အတွင်းတွင် ကွယ်ဝှက်ထားသော ပန်းချီကားကို မြင်တွေ့လိုက်ရသည်။

စိတ်ဝိညာဉ်ရုပ်တု လေးခုတွင် နဂါးဝိညာဉ်ရုပ်တုက တုံ့ပြန်အလွယ်ဆုံး ဖြစ်ပုံရကာ နဂါးအရိပ်ကိုပင် မြင်လာရသည်။ ချီလင်ရုပ်တုနှင့် ဖီးနစ်ရုပ်တုတို့သည်လည်း ထူးဆန်းသည့် ဝိညာဉ်များ ရှိကာ မျက်လုံးများ ဖွင့်လာကြပေသည်။

ထိုလိပ်နက်ရုပ်တုတစ်ခုတည်း သာလျှင် လိပ်ခွံအောက်ခြေ၌ ပုန်းကွယ်ကာ အိပ်စက်နေသည်ဟု ထင်မှတ်ရပေသည်။ ယင်းသည် မည်သည့်တုံ့ပြန်မှုမှ မပြုသည့်အပြင် မည်သည့် အသက်ဓာတ်ကိုမှ မခံစားရပေ။

သူက တစ်ခုခုကို ဝေဖန်ပိုင်းခြားနေစဉ် မနီးမဝေးမှ အဘိုးအိုက ရီဖူရှင်းအား ကြည်လိုက်သည်။

ရီဖူရှင်းသည် သူ၏ အကြည့်တို့ကို အဘိုးအိုထံသို့ လှည့်လိုက်ကာ သူ၏ မျက်လုံးအတွင်းမှ တောက်ပမှုတို့က ပျောက်ကွယ်သွားသည်။ သူက ပြုံးလိုက်ပြီး အဘိုးအိုထံသို့ လျှောက်သွားကာ ပြောလိုက်၏။ “စီနီယာ စိတ်ဝိညာဉ်လေးခုကို နိုးထအောင် လုပ်ဆောင်ဖို့ ဘယ်လိုနည်းလမ်းမဆို သုံးဖို့ ခွင့်ပြုပါသလား”

“အင်း” အဘိုးအိုက ရီဖူရှင်းကို ပြုံးကာ ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးအတွင်းမှ နေ၍ သူသည် သာမန်မဟုတ်သော အသက်ဓာတ်ကို ခံစားမိလေသည်။

သူ၏ အဆင့်နှင့်ပင် ထိုသို့သော မျက်လုံးမျိုးကို ရင်ဆိုင်မိသည့်အခါ လျှို့ဝှက်ချက်များ စူးစမ်းခံလိုက်ရသလို ခံစားမိပေသည်။

“ရုပ်တုတွေကို ဖျက်ဆီးလို့ ရနိုင်မလား” ရီဖူရှင်းက မေးလိုက်သည်။

“ကြိုးစားကြည့်ပါ”အဘိုးအိုက ပြုံးလိုက်သည်။ ကျောက်ရုပ်တုများကို ဖျက်ဆီးပစ်မည်တဲ့လား။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ဒီလိပ်နက်က နည်းနည်းလေးတောင် လှုပ်ရှားလာမယ်မထင်ဘူး။ ကျွန်တော် ကြိုးစားကြည့်ချင်တယ်”

ရီဖူရှင်းက လိပ်နက် ရုပ်တုဆီသို့ လျှောက်သွားခဲ့သည်။

ကောင်းဟွမ်က သူ ထိုဘက်သို့ လျှောက်လာနေသည်ကို မြင်သည့်အခါ ပြောလိုက်သည်။ “ကြိုးစားကြည့်ချင်လား”

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“သွားပါ” ကောင်းဟွမ်က နောက်သို့ ဆုတ်ကာ ရီဖူရှင်းအား လမ်းဖယ်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီးနောက် လိပ်နက်ရုပ်တုရှေ့သို့ လျှောက်သွားလေသည်။ သူက လက်ကို ဆန့်ထုတ်ကာ ရုပ်တု၏ လိပ်ခွံကို ခေါက်လိုက်လျှင် သလင်းကဲ့သို့ ကြည်လင်သောအသံ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းက ကြည့်နေသည့် လူအများကို ဇဝေဇဝါ ဖြစ်သွားစေသည်။

သူက မည်သူနည်း။

“လိပ်အကြီးအကဲ တကယ်လို့ ဝိညာဉ်ရှိရင် ကိုယ့်ကိုယ်ကိုယ် ဖော်ပြပါ။ မဟုတ်ရင် ကျွန်တော့်ရဲ့ အားနာစရာကောင်းတဲ့ နည်းလမ်းကို မြင်တွေ့ရပါလိမ့်မယ်” ရီဖူရှင်းက ပြောလိုက်သည်။ ရုပ်တုက တုံ့ပြန်မှု မရှိပေ။ လူအများက သူ့ကို ဆွံ့အစွာ ကြည့်လိုက်ကြသည်။

ရှားရှင်းယွန်နှင့် ယူချင်းတို့၏ မျက်လုံးများသည်လည်း လှုပ်ခတ်သွားသည်။ ဤအကောင်က သူ၏ ပုံရိပ်ကို မည်သည့်အခါကမှ ဂရုစိုက်ခြင်း မရှိပေ။

လိပ်နက်က မည်သို့မှ တုံ့ပြန်မှုမရှိသည်ကို ကြည့်ကာ ရီဖူရှင်းသည် သူ၏ လက်ဝါးကို လိပ်ခွံပေါ် တင်လိုက်လျှင် ချက်ချင်းပင် ထည်ဝါ ပြင်းထန်သည့် မီးတောက်များ ထွက်ပေါ်လာလေသည်။ မီးလျှံများက လိပ်နက်ရုပ်တုကို ချက်ချင်း ဖုံးလွှမ်းသွားပြီး မီးတောက်တို့က လိပ်၏ အစိတ်အပိုင်းတိုင်းကို ထိုးဖောက်နေ၏။

အခြားသော ရုပ်တုသုံးခုမှ ဖိအားတို့က ပြင်းထန်လာနေသော်လည်း နိုးထလာခြင်း မရှိသေးပေ။  သို့သော် မွန်းကျပ်သည့် ခံစားချက်ရှိနေပြီး လိပ်ရုပ်တုဆီကတော့ ခံစားချက် ကင်းမဲ့နေကာ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

ကြည့်နေသည့် လူတိုင်းက ရီဖူရှင်းကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ကြသည်။ ဤလူက ပြက်ရယ်ပြုခံရချင်နေတာ ဖြစ်ရမည်။

သို့သော် ရီဖူရှင်းက မည်သည်ကိုမှ မခံစားရဘဲ မီးတောက်များင ဆက်လက် လောင်ကျွမ်းနေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်ဟော်နန်းမှ ရှေးဟောင်းသစ်ပင်သည် ယိမ်းခါနေကာ  မီးလျှံဖြင့် ရဲရဲနီနေသော ရှေးဟောင်းသစ်ပင်အဖြစ် ပြောင်းလဲသွားသည်။ မီးဝိညာဉ်လုံးသည် ကြောက်မက်ဖွယ် မီးတောက်များကို ထုတ်လွှတ်လိုက်ကာ ရီဖူရှင်း၏ လက်တစ်လျှောက်ကို စီးဆင်းသွားပြီး မီးလျှံစွမ်းအားများအဖြစ် ပြောင်းလဲကာ လိပ်ရုပ်တုကို လောင်ကျွမ်းလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset