အပိုင်း(၁၄၃၂)

သနားစရာခရမ်းရင့်နန်းတော်

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သူက စစ်သည်တော် ဖြစ်ဖို့ မွေးဖွားလာတာ။ တကယ်လို့ ခန္ဓာသဏ္ဌာန်နိယာမသာ တကယ် ရှိခဲ့ရင် ဒီမှာ မဟာလမ်းစဉ်အထွတ်အထိပ်ခန္ဓာ ရှိတဲ့ လူတချို့နဲ့ လမ်းစဉ်အားလုံးခန္ဓာသဏ္ဌာန် ပိုင်တဲ့ လူတချို့လည်း ရှိလိမ့်မယ်။ သူက တိုက်ခိုက်ဖို့ မွေးဖွားလာပြီး သူ့ခန္ဓာကိုယ် ခွန်အားက ပြိုင်ဘက်ကင်းပဲဆိုတော့ သူ့ရဲ့ ခန္ဓာသဏ္ဌာန်ကို တိုက်ပွဲနတ်ဘုရားလို့ ခေါ်သင့်တယ်။”

များပြားလှသည့် သူများသည် ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ မွန်းကျပ်သလို ခံစားလိုက်ကြရသည်။ သူတို့သည် ရီဖူရှင်း၏ လုပ်ဆောင်ချက်ကို မြင်တွေ့ခဲ့ရပြီး ကျန်းယွမ်နှင့် တိုက်ပွဲတွင် သူ ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားက ထူးခြားအံ့သြဖွယ်ပင် ဖြစ်သည်။ နတ်နဂါးကလန်၏ နတ်ဆိုးသားရဲများသည်ပင် နတ်ဆင်ကလန်၏ အစွမ်းထက်စွမ်းအားနှင့် သူ့ကို ထိခိုက်စေနိုင်လိမ့်မည်ဟု မပြောရဲပေ။

သို့သော် သူက နောက်ထပ် အခြားပုဂ္ဂိုလ်တစ်ဦးက သူ့ထက် ပိုအားကောင်း၍ တိုက်ခိုက်ရန်အတွက် မွေးဖွားလာသော စစ်နတ်ဘုရားခန္ဓာသဏ္ဌာန် ရှိသည်ဟု ဆိုလေသည်။

ဤလောကတွင် မည်သူက သူတို့၏ ခွန်အားကို ပြိုင်ဘက်ကင်းဟု ပြောဆိုရဲမည်နည်း။

နတ်နဂါးကလန်၏ တန်ခိုးရှင်များနှင့် နတ်ဆင်ကလန်၏ တန်ခိုးရှင်များသည်ပင်လျှင် သူတို့၏ ခန္ဓာကိုယ်ကို ပြိုင်ဘက်ကင်းဟု မပြောရဲကြပေ။

သို့သော် ရီဖူရှင်းသည် အောင်နိုင်မှုနှင့်အတူ မည်မျှ အစွမ်းထက်သည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။သူက နောက်ထပ် အခြားတစ်ယောက်အား အားကောင်းသည်ဟု ဆိုပါက ထိုသူက အမှန်တကယ် အားကောင်းခြင်း ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ရီဖူရှင်းသည် လက်သီးတစ်ချက်ဖြင့် သူ ပြောသည်ကို ဟုတ်မဟုတ် စမ်းသပ်နိုင်သော ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များ ရှေ့တွင် ရူးနှမ်းနှမ်းစကားတို့ လျှောက်ပြောလိမ့်မည် မဟုတ်ပေ။

များပြားလှသော ထိပ်သီးပုဂ္ဂိုလ်များမှာ ရီဖူရှင်းကို အားလုံးကြည့်နေကြသည်။ နတ်နဂါးကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်က မေးလိုက်၏။ “အဲဒီလူက ဘယ်သူလဲ”

ရီဖူရှင်းသည် အဆုံးမဲ့ များပြားသော လူအုပ်ကြားထဲသို့ လှမ်းကြည့်ကာ တစ်စုံတစ်ယောက်အား ရှာဖွေနေဟန်တူသည်။ သို့သော် လူက အလွန် များပြားနေ၏။ တစ်စုံတစ်ယောက်အား အကြည့်တစ်ချက်နှင့် ရှာရန် မဖြစ်နိုင်တာကြောင့် သူက အော်ခေါ်လိုက်သည်။ “ယူချင်း!”

လူအုပ်တစ်နေရာတွင် ယူချင်းသည် အခြားသူများနှင့် အတူ ရှိနေပေသည်။ သူက လေဟာနယ်အတွင်းမှ ရီဖူရှင်းကို အတော်လေး ဆွံ့အစွာ လှမ်းကြည့်လိုက်သည်။

‘မင်းဘာသာ ရေပန်းစားနေတာ အကောင်းကြီးကို။ ငါ့ကို ခေါ်ပြီး ဘာလုပ်မိလို့လဲ’ ဟု သူက တွေးလိုက်သည်။

‘ဘာလို့ ငါ့ကို ရွေးရတာလဲ’ ယူချင်းသည် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသော်လည်း သူက ကောင်းကင်သို့ တက်လာခဲ့သည်။

သူ ထွက်ပေါ်လာသည့် အခိုက်တွင် သူသည် မရေတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်နိုင်သည်။

သူက ရီဖူရှင်းထက် ပို၍ ခေါင်းတစ်လုံး ပိုမြင့်သည်။ သူ့ကို ကြည့်ရသည်မှာ အတော်လေး ထွားကျိုင်းသန်မာပေသည်။ သူ၏ ပုခုံးက ကျယ်ပြန့်ပြီး အနက်ရောင် ဆံပင်နှင့် ကြည့်ရသည်မှာ သာမန်ဆန်သော်လည်း သူ့မျက်နှာက ချွန်မြကာ သူ့တွင် ဖော်ပြ၍ မရနိုင်သော အရှိန်အဝါ ရှိသည်။ အကြည့်တစ်ချက်နှင့်ပင် သူ့၏ စွမ်းအားကို ခံစားမိနိုင်ကြပေသည်။

သို့ပေမဲ့ တစ်စုံတစ်ယောက်၏ အရှိန်အဝါက သူတို့၏ ခွန်အားအစစ်အမှန်ကို မဖော်ပြနိုင်ပေ။ ရှန့်ထိုအဆင့်သို့ ရောက်ရှိပြီးသည့် တန်ခိုးရှင်အားလုံးသည် သူတို့၏ သေမျိုးခန္ဓာကို စွန့်လွှတ်လိုက်သည့်အတွက် မည်သူ့အရှိန်အဝါကမှ အားနည်းမနေတော့ပေ။ သူ၏ ခွန်အားအစစ်အမှန်ကတော့ ယခုထိ သိရှိခြင်း မရှိသေးပေ။

ရီဖူရှင်းက သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပြိုင်ဘက်ကင်းဟု ပြောခဲ့ခြင်းမှာ သူတို့၏ ခင်မင်ရင်းနှီးမှုကြောင့် ဖြစ်နိုင်ပေသည်။ ထိုသည်က ချဲ့ကားချီးမြှောက်ခြင်းသာ ဖြစ်ရမည်။

ခရမ်းရင့်ကောင်းကင်နန်းတော်၏ လူအုပ်အလယ်မှ ထန်ကျစ်မော့နှင့် များပြားလှသူတို့မှာ ယူချင်းကို သတိပြုမိကြသည်။ ထို့အတူပင် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ကျင့်ရီးနတ်မိမယ်နှင့် အခြားသူများကလည်း သတိပြုမိကြပေသည်။

ယခင်က ယူချင်းသည် ရီဖူရှင်း၏ ဘေးတွင် ရပ်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တပည့်များကို စိန်ခေါ်ခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုက တကယ့်ကိုပင် အလွန် အားကောင်းလှသည်။

သို့သော် သူ မည်မျှ အားကောင်းသည်အား ပြောနိုင်ရန် ခက်ခဲပေသည်။

ကျင့်ရီးနတ်မိမယ်သည် သူမအနီးရှိ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများကို တစ်ခုခု တီးတိုးပြောဆိုလိုက်သည်။ များပြားလှသည့် လူများက ယူချင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းတွင် ထိုသို့ ပြင်းထန်သည့် တိုက်ပွဲစွမ်းရည် ရှိသည်ဖြစ်ရာ ထိုသူသည်လည်း အားနည်းမည် မဟုတ်ပေ။ သူသည် အမှန်တကယ် အားကောင်းသော်လည်း လူအများသည် သူ မည်မျှ အားကောင်းသည်ကို သက်သေပြုရန် လိုအပ်ပေသည်။

ယူချင်းက ရီဖူရှင်းထံ တိတ်ဆိတ်စွာ လျှောက်သွားပြီး မည်သည့် စကားမှ မဆိုသော်လည်း လေထဲမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် သူ့ကို စူးစိုက်ကြည့်နေကာ သူတို့၏ မျက်လုံးများထဲတွင် တိုက်ခိုက်ရေး စွမ်းအားများ ပျော်ဝင်နေသည်။

“စီနီယာ၊ သူက မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်က ယူချင်းပါ။ ကျွန်တော် တကယ် ချဲ့ကား မပြောပါဘူး။ ကျွန်တော်ကသာ ကောင်းကင်အာဏာစက်ဘုံရဲ့ မဟာလမ်းစဉ် တိုက်ပွဲအတွက် အရည်အချင်း ပြည့်မီတယ်ဆိုရင် သူလည်း နေရာတစ်နေရာ ရသင့်တယ်” ရီဖူရှင်းက ပြောလိုက်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်၏ တန်ခိုးရှင်များမှ အလွန် မပျော်မရွှင် ဖြစ်နေကြသည်။ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်သည်ပင်လျှင် သွေးဆုတ်ဖြူရော်သွားသည်ဟု ထင်မှတ်ရပေသည်။

ယနေ့ ပွဲတော်သည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျင်းပခြင်း ဖြစ်သည်။

ရီဖူရှင်းက ထိုနေရာဆိုသည်အား မည်သို့ ထင်နေသနည်း။

သူ့ကိုယ်သူ ဤနေရာ၏ အရှင်သခင်များ ထင်နေသလား။

“သူ့ရဲ့ခန္ဓာကိုယ် ခွန်အားက ပြိုင်ဘက်ကင်း ဟုတ်မဟုတ်ဆိုတာ သူနဲ့ တိုက်ကြည့်ပြီးမှ သိရမှာပေါ့” အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ လူအုပ်ထဲမှ လူတစ်ယောက် လျှောက်လာသည်။ ထိုသူသည်လည်း မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် ဖြစ်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ထိုအဆင့်၌ အားအကောင်းဆုံးသူ ဖြစ်သည်။ သူ၏ အမည်က ရွှီယင်း ဖြစ်သည်။

ထန်ကျစ်မော့နှင့် အခြားသူများက တစ်ခုခု ပြောလိုသော်လည်း ရွှီယင်းသည် သူတို့ မည်သည့် စကားမှ မဆိုနိုင်သေးခင် ထွက်သွားပြီဖြစ်ရာ စောင့်ကြည့်ရုံသာ တတ်နိုင်လေသည်။ ယခု သူတို့သည် ရွှီယင်း နိုင်ရန် ဆုတောင်းရုံသာ ရှိတော့သည်။

အကယ်၍များ သူတို့က တိုက်ပွဲကို တစ်ဖန်ထပ်ကာ ရှုံးနိမ့်ခဲ့ပါက … …

ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကျန်းယွမ်၏ ရှုံးနိမ့်မှုကြောင့် အတော်လေး အရှက်ရခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းက အခြားလူများအား မိတ်ဆက်ပေးသည်ကို ကြည့်ကာ သူတို့က မည်သို့ ထိုသူတို့ကို အရှုံးပေးနိုင်ပါမည်နည်း။ ရွှီယင်း၏ သက်စောင့်ဝိညာဉ်က သူ၏ အနောက်တွင် တောက်ပလာသည်။ ထိုသည်က ပြင်းထန်သည့် မိုးကြိုးမကောင်းဆိုးဝါး တစ်ကောင်ဖြစ်သည်။ ရုတ်တရက် မိုးကြိုးများက ကောင်းကင်တွင် လင်းလက်လာသည်။ သူ၏ မျက်လုံးများဖြင့် ယူချင်းကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး စိတ်ကြိုက် သင်ပြပေးပါ”

ယူချင်းက ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်၏။

“ဒီနေ့ မဟာလမ်းစဉ် ပြိုင်ပွဲအတွင်းမှာ ငါတို့တွေက ပြိုင်ဘက်တွေအပေါ် လေးလေးစားစား ရှိသင့်တယ်။ အဲဒါကြောင့် မင်း အကောင်းဆုံး အားထုတ်ပြီး တိုက်ခိုက်ပါ” ရီဖူရှင်းက ပြောလိုက်သည်။

“ကောင်းပြီ” ယူချင်းက ခေါင်းညိတ်ကာ ရှေ့သို့ လျှောက်သွားခဲ့သည်။ ဗုဒ္ဓနှင့် နတ်ဆိုးတို့၏ အလင်းက သူ့အနီးတွင် တောက်ပလာသည်။ သူက ခြေလှမ်းလိုက်သည့်အခါ ကောင်းကင်လေဟာနယ်တွင် ချောက်ချားဖွယ် အသံတစ်ခု ထွက်ပေါ်လာ၏။

“ဗုဒ္ဓနဲ့ နတ်ဆိုးက ခန္ဓာကိုယ်တစ်ခုတည်းမှာ တွဲဖက်နေပြီး နတ်ဆိုးလမ်းစဉ်ကို ပိုပြီး ကြံ့ခိုင်လာအောင် လုပ်ပေးနေတယ်” အခြားသော တန်ခိုးရှင်များက မှတ်ချက်ပြုလိုက်သည်။ ယူချင်းသည် လေဟာနယ်သို့ ခြေချလာသည့်အခါ လေဟာနယ်က တုန်ခါနေသည်။ နတ်ဆိုးအရိပ်တို့က သူ့အနီးတွင် ပေါ်ပေါက်လာပြီး သူ့အနောက်တွင် နတ်ဆိုးရုပ်တုတစ်ခု ထွက်ပေါ်လာသည်။

သူကိုယ်တိုင်ပင် နတ်ဆိုးဖြစ်နေသကဲ့သို့ ဖြစ်သည်။

မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ယူချင်း၏ ကျင့်ကြံခြင်းသည် အံ့သြတုန်လှုပ်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီး သူ၏ စွမ်းရည်များက ပို၍ အားကောင်းသန်မာလာသည်။

အထွတ်အထိပ် နတ်စွမ်းအား ရောက်လာသည့်အခါ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရွှီယင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက နတ်ဆိုးလမ်းစဉ်များမှ ချောက်ချားဖွယ် ဖိအားကို ခံစားလိုက်ရပေသည်။ သူက ယူချင်းကို ကြည့်လိုက်သည့်အခါ နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ရွှီယင်း၏ မျက်လုံးများက မိုးကြိုးတို့နှင့် တောက်ပနေသည်။ သူက အင်အားအပြည့် ခြေလှမ်း လှမ်းလိုက်ပြီးသားရဲကောင်ကြီး၏ အော်မြည်သံထွက်ပေါ်လာသည်။ ထောင်သောင်းချီသည့် မိုးကြိုးအလင်းရောင်စဉ်တို့သည် ကောင်းကင်တွင် လင်းထိန်နေ၏။ သူ့ကို ကြည့်ရသည်မှာ မိုးကြိုးသားရဲနှင့် ပေါင်းစပ်ထားသကဲ့သို့ ဖြစ်ပြီး နတ်မိစ္ဆာအား ဖျက်ဆီးရန် ရှေ့သို့ ရွေ့လျားလာခဲ့သည်။

နတ်ဆိုးသံစဉ်များက လောကတစ်ခွင်ကို ပဲ့တင် ပျံ့နှံ့လာသည်။ ယူချင်း၏ နောက်မှ နတ်ဆိုးရုပ်တုကြီးသည် ထောင်ချီသည့် နတ်ဆိုးအရိပ်များ ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရသည်။ သူသည် လောက၏ ပြိုင်ဘက်ကင်း နတ်မိစ္ဆာဖြစ်သည်။ သူက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော သူ၏ နတ်ဆိုးလက်ဝါးဖြင့် ရိုက်လိုက်သည်။

ကြမ်းတမ်းရက်စက်သော သားရဲ၏ စွမ်းအားသည် အကြွင်းမဲ့ ဖိနှိပ်ခံလိုက်ရပုံပေါ်သည်။ ရွှီယင်းနှင့် ယူချင်း၏ တိုက်ခိုက်မှုက ထိပ်တိုက်တွေ့ဆုံခဲ့သည်။ နတ်ဆိုးစွမ်းအားများက မိုးကြိုးလမ်းစဉ်တို့အား ဖိနှိပ်ထားနိုင်သည်။

ဘုန်း…

ကျယ်လောင်သည့် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ နတ်ဆိုးလက်ဝါး၏ ဖိနှိပ်မှုအောက်တွင် မိုးကြိုးအလင်းတို့က မှေးမှိန်သွားပြီး ရက်စက်ကြမ်းကြုတ်သော မိုးကြိုးသားရဲကို ထိုးဖောက်သွားသည်။ လက်ဝါးရိပ်များသည် ရွှီယင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ရိုက်ခတ်သွားလေသည်။ ထိုအခိုက်တွင် ရွှီယင်းသာ အဝေးသို့ လွင့်စဉ်ကာ ခရမ်းရင့်ကောင်းကင်နန်းတော် လူအုပ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

သူက လာခဲ့သည့်နေရာသို့ ပြန်သွားသင့်ပေသည်။

ရွှီယင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အရည်အချင်းရှိ တန်ခိုးရှင်ဖြစ်သော်လည်း သူက ကျန်းယွမ်နှင့် အဆင့်တူ မဟုတ်ပေ။ အကယ်၍ ကျန်းယွမ်နှင့် ယူချင်းသာ အဆင့်တူပါက သူတို့ တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

ရွှီယင်းအတွက်တော့ သူက အရည်အချင်း မပြည့်မီတာကြောင့် ဖိနှိပ်ခံရရုံသာ ရှိလေသည်။

ယူချင်း၏ နတ်ဆိုးလမ်းစဉ်သည် လေးစားအံ့ချီးဖွယ်ရာဖြစ်ပြီး သူက ပိုမိုကျင့်ကြံလေ ပိုမိုအစွမ်းထက်သည့် ကျင့်စဉ်ဖြစ်လာလေ ဖြစ်၏။ ရှန့်ထိုအဆင့်ပြီးနောက် သူ၏ နတ်ဆိုးစွမ်းအားများက ကျင့်ကြံသလောက် ပိုမို ကြောက်မက်ဖွယ် ကောင်းလာမည်သာ ဖြစ်သည်။

ထို့ကြောင့် ယူချင်းသည် ရီဖူရှင်း၏ စကားကို နားထောင်ပြီး သက်ညှာမှုမပြုကတည်းက ရွှီယင်း ခံနိုင်ရည်ရှိရန် အကြောင်း မရှိတော့ပေ။

“ဒါက ….”

များပြားလှသည့် လူများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ဆွံ့အသွားကြသည်။ ယခင် ရီဖူရှင်းနှင့် ကျန်းယွမ်ကြားမှ တိုက်ပွဲသည် ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦးကြားမှ အားကောင်းလှသည့် တိုက်ပွဲ ဖြစ်ကြောင်း ပြောနိုင်ပေသည်။ ရီဖူရှင်းသည် မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာအား ရှုံးနိမ့်သွားစေရန် ခက်ခဲသည့် အချိန်ဖြစ်ခဲ့သည်။

နောက်ထပ် တိုက်ပွဲသည်တော့  အပြတ်အသတ်ပင် ဖြစ်သည်။ သူတို့သည် သိသာစွာပင် တူညီသည့်အဆင့် မဟုတ်ခဲ့ပေ။

ရွှီယင်းသည် ယူချင်း၏ ပြိုင်ဘက်ဖြစ်ရန်ပင် မထိုက်တန်ပေ။

ခရမ်းရင့်ကောင်းကင်နန်းတော်က ရှုပ်ထွေးနေသည်။

များပြားလှသော လူများက တွေးကြသည်မှာ ဤအခမ်းအနားကြီးကို ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း ယခု မည်သည်တို့ ဖြစ်လာသနည်း။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် တစ်ယောက်ပြီး တစ်ယောက် အရိုက်ခံနေရပြီး မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင် ကျန်းယွမ်ပင်လျှင် ရှုံးနိမ့်ခဲ့ရသည်။

ဘုန်း … ထိုအချိန်တွင် ရက်စက်သည့် အခိုးအငွေ့တို့ ပါဝင်သည့် လေက ဖြတ်တိုက်လာပြီး ရုတ်တရက် ပြင်းထန်သော နတ်ဆိုးစွမ်းအင်စီးကြောင်းတို့က လောကကို လွှမ်းခြုံသွားသည်။ နတ်ဆိုးအရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထက်ရှနေသည်။ သူ့နောက်တွင် ကြီးအားသည့် ခွန်ပန်ပုံရိပ်တစ်ခု ရှိနေသည်။

ထိုသူသည် ကောင်းကင်နတ်ဆိုးနန်းတော်မှ ခွန်ပန်သားရဲ ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဆိုးနန်းတော်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူက ချက်ချင်းပင် ကောင်းကင်သို့ ခြေချလာကာ ယူချင်း၏ အရှေ့သို့ ရောက်လာသည်။ သူ၏ ကြီးမားသော ခွန်ပန်အတောင်က ကျောနောက်မှ ဖြန့်ကြက်ထားပြီး ကောင်းကင်ကိုပင် ခွဲခြေတော့မတတ် ထင်မှတ်ရပေသည်။ ယင်းတို့သည် ယူချင်းဆီသို့ လွှမ်းခြုံလာ၏။

“သူက လက်ရှိ ခွန်ပန်နတ်ဆိုး မဟာအကြီးအကဲရဲ့ မျိုးဆက်ပဲ” များပြားလှသည့် လူများက ရေရွတ်လိုက်သည်။ လက်ရှိခွန်ပန်နတ်ဆိုး မဟာအကြီးအကဲသည် အလွန် အစွမ်းထက်ပြီး ကောင်းကင်နတ်ဆိုးနန်းတော်၏ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ သူသည် ခြေသုံးချောင်းရွှေကျီး မဟာအကြီးအကဲကိုပင် စိတ်ပျက်စေခဲ့ပြီး လုပ်ပိုင်ခွင့်ကို ရယူခဲ့သည်။

ခွန်ပန်နတ်ဆိုး မဟာအကြီးအကဲ၏ မျိုးဆက်သည် ကောင်းကင်အာဏာစက်ဘုံ၏ လူသားတန်ခိုးရှင် လောကတွင် အလွန် ကျော်ကြားခြင်းမရှိပေ။ သို့သော် နတ်ဆိုးဘုံ၌ ကြီးမြတ်သော ဂုဏ်သရေရှိပြီး ခွန်ကလန်၏ အနာဂတ်သခင်အဖြစ် ဆုံးဖြတ်ထား ခံရပေသည်။

ကြည့်ရသည်မှာ သူသည်လည်း ကြိုးစားကြည့်ချင်ပုံ ပေါ်လေသည်။

ယူချင်းက မော့ကြည့်လိုက်ပြီး ကောင်းကင်သို့ လေထဲသို့ လျှောက်သွားခဲ့သည်။ သူသည် တောင်ပံတစ်စုံ သူ့ထံလာနေသည်ကို ကြည့်ကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီး ချဉ်းကပ်လာသည့် အတောင်တစ်စုံကို ထိပ်တိုက်ထိုးလိုက်ကာ ယင်းတို့အား ကျိုးပဲ့သွားစေသည်။

ဘုန်း! ခွန်သည် လေပွေမုန်တိုင်းတစ်ခု ဖန်တီးခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ ကြီးမားသည့် လေပွေက အရာအားလုံးကို ဝါးမျို ဖျက်ဆီးတော့မလိုပင် ဖြစ်သည်။ ထိုလေပွေက ယူချင်းဆီသို့ ဦးတည်သွားလေသည်။

ဘန်း! မုန်တိုင်းက ယူချင်းကို ဆွဲချပြီး ချောက်ချားဖွယ် မုန်တိုင်းက သူ့ခန္ဓာကိုယ်ကို အစိတ်စိတ် ဆုတ်ဖြဲတော့ မယောင် ထင်မှတ်ရသည်။ နတ်ဆိုးက ယူချင်းကို လွှမ်းမိုးလိုက်သည်။ ကြောက်မက်ဖွယ် မုန်တိုင်းက သူ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလာသည့်အခါ သူက ရုတ်တရက် နက်မှောင်သည့် လေပွေကဲ့သို့ ပြောင်းလဲသွားကာ ထိုလေပွေမုန်တိုင်းကို တရကြမ်း ဝါးမျိုကာ ခွန်ဆီသို့ တည့်မတ်စွာ တိုးဝင်သွားခဲ့သည်။

ယူချင်းသည် မုန်တိုင်းအတွင်း ရှေ့ဆက်နေပြီး သူ၏ နတ်ဆိုးလက်သီးက အရာအားလုံးကို ထိုးဖောက်ကာ ခွန်ထံ တရကြမ်း ပြေးဝင်သွားခဲ့သည်။

သူ၏ နောက်ကျောမှ ခွဲဖြာထွက်နေသည့် တောင်ပံများနှင့် ခွန်သည် ယူချင်းထံသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ရီဖူရှင်းက ယူချင်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပြိုင်ဘက်ကင်းဟု ပြောသည့်အတွက် သူသည် ယူချင်း၏ ခုခံစွမ်းအားက မည်မျှ အားကောင်းသည်ကို မြင်တွေ့လိုပေသည်။

လူအုပ်ကြီးသည် သူတို့အချင်းချင်း ထိပ်တိုက်တွေ့သွားခဲ့ပြီး အနီးကပ် တိုက်ခိုက်နေကြသည်။ ခွန်ပန်၏ သိုင်းပညာနှင့် လွှမ်းမိုးနိုင်စွမ်းသော နတ်ဆိုးစွမ်းအားများသည် အချင်းချင်း ထိခတ်မိပြီး တိုက်ပွဲကွင်းပြင်က တုန်ခါနေသည်။

မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် သူတို့ကို စူးစိုက်ကြည့်နေကြပြီး ထိပ်တိုက်တွေ့မှုတိုင်းက သူတို့၏ နှလုံးသားများကို တုန်ယင်နေစေသည်။

ကောင်းကင်နတ်ဆိုးနန်းတော်သည် နတ်ဆိုးဘုံ မဟာမိတ်အင်အားစု ဖြစ်ကာ လက်ရှိတွင်လည်း အလွန်ပင် အားကောင်းလှပေသည်။ သူတို့သည် တိုက်ပွဲကွင်းပြင်သို့ ကြည့်နေကြပြီး အတော်လေး မွန်းကျပ်သကဲ့သို့ ခံစားနေကြရသည်။

သူတို့သည် ခွန်၏ စွမ်းအားကို ကောင်းကောင်း သိရှိထားကြသည်။ ခွန်ပန် သိုင်းပညာနှင့် သူ၏တိုက်ခိုက်မှု စွမ်းအားတို့သည် အလွန်ပင် အားကောင်းလှသော်လည်း ယခုတွင် သူက ယူချင်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသည့်အခါ နတ်ဆိုးတန်ခိုးရှင်သည် တိုက်ခိုက်ရာ၌ ပို၍ ပို၍ အားကောင်းလာသည်။ ကောင်းကင်ရှိ နတ်ဆိုးရုပ်တုများက ကောင်းကင်တစ်ခွင်တွင် ပေါ်ပေါက်လာပြီး ပြင်းထန်သည့် နတ်ဆိုးစွမ်းအားများက အရာအားလုံးကို ဖျက်ဆီးချေမှုန်းခဲ့သည်။

ခွန်သည် သူ၏ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်ကာ ယူချင်းသည်လည်း ကြီးမားသည့် နတ်မိစ္ဆာတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။ သူတို့က ကောင်းကင်ကို အဆက်မပြတ် တုန်ခါနေစေသည်။

နောက်ဆုံးတွင် သူတို့က လူချင်း ခွဲသွားကြပြီး ပြင်းထန် လွှမ်းမိုးနိုင်သည့် နတ်ဆိုးအရိပ်များက ထိုနေရာ၌ ရပ်ကာ ကျန်ရစ်နေသည်။ ခွန်သည် နောက်သို့ လွင့်စဉ်ကျသွားသူ ဖြစ်သည်။ သူ၏တောင်ပံများက အနည်းငယ် တုန်ယင်နေပြီး သူက တစ်ဖက်လူကို စူးစိုက်ကြည့်နေသည်။

“မင်းရဲ့ခွန်အားက မဆိုးပါဘူး။ မင်းက ကျုပ် တွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံးရန်သူပဲ” ယူချင်းက ခွန်ကို ကြည့်ကာ ပြောလိုက်သည်။ သူ တွေ့ကြုံဖူးသမျှ ပြိုင်ဘက်များတွင် မည်သူကမှ ခွန်လောက် မသန်မာပေ။

များပြားလှသည့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ အနည်းငယ် တုန်ယင်သွားကြသည်။ ‘သူ့ ခွန်အားက မဆိုးဘူးတဲ့လား’

သူက ခွန်ပန်နတ်ဆိုး မဟာအကြီးအကဲ၏ မျိုးဆက်ဖြစ်ပြီး လူငယ်မျိုးဆက်များကြားတွင် မြင့်မားသည့် ကျော်ကြားမှု ရှိသည်။  ယခုယူချင်းက သူ၏ ခွန်အားကို မဆိုးဟု ပြောလိုက်သည်လား။

ဤလူက ရီဖူရှင်း ပြောသကဲ့သို့ပင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သန်စွမ်းမှုတွင် အမှန်တကယ် လွှမ်းမိုးမှု ရှိပြီး သူ၏ မျိုးဆက်အတွင်း ပြိုင်ဘက်ကင်းပင် ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်နှစ်ဦး ထွက်ပေါ်လာခဲ့ကာ နှစ်ယောက်လုံးသာ် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်စွမ်း ရှိကြသည်။

ဤလူနှစ်ယောက်က မည်သည့်နေရာမှ လာခဲ့ကြသနည်း။

သူတို့ကို မဆိုထားနှင့် နတ်ဆင်ကလန်မှ တန်ခိုးရှင်များပင်လျှင် ရီဖူရှင်း၏ ဘေး၌ အမြဲရှိနေတတ်သော ယူချင်းက ထိုမျှထိ အားကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ယခင်က မည်သူကမှ သတိမပြုခဲ့မိကြပေ။

ယခုချိန်မှစကာ ကောင်းကင်အာဏာစက်ဘုံသည် အုတ်အော်သောင်းနင်း ဖြစ်လာတော့မည် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset