Switch Mode

အပိုင်း(၁၄၂၅)

ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား

ခရမ်းရင့်ကောင်းကင် နန်းတော်၏ မိုးကြိုးစင်မြင့်ထက်တွင် ပြန်လည် မွေးဖွားခြင်းအဆင့် နှစ်ယောက်ကြားမှ တိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ် ဖြစ်ပေါ်နေသည်။ နောက်ဆုံးအနိုင်ရသူ၏ အမည်မှာ သွမ့်ဟွမ်းဟူ၍ ဖြစ်ကာ သူ့တွင် ထူးခြားသော ပါရမီ ရှိသည်။ ရှုံးနိမ့်သွားသူမှာ အသက်ပိုကြီးသည် သူက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကျော်ကြားခဲ့သူ ဖြစ်သည်။ သူသည် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်တွင် ဖြစ်ကာ အမည်မှာ ကိုက်ပေါ် ဟူ၍ ဖြစ်သည်။

“သွမ့်ဟွမ်း … ကျုပ်ရဲ့ တပည့်အဖြစ် ကျင့်ကြံဖို့ ဆန္ဒရှိလား”

ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က တိုက်ရိုက်ပင် ဖိတ်ခေါ်လိုက်သည်။ ဤတစ်ကြိမ်၌ သူသည် ယခင်ကထက်ပို၍ တည့်တိုးဆန်လာကာ သွမ့်ဟွမ်းကို သူ့တပည့် ဖြစ်လာစေရန် တိုက်ရိုက် ဖိတ်ခေါ်နေ၏။

သွမ့်ဟွမ်း၏ အရည်အချင်းက ထူးခြားသာလွန်ပြီး သူ၏ စွမ်းအားကလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ သူ့အဆင့်က ရန်ဟောင်အဆင့်နှင့် သိပ်မဝေးတော့ပေ။

ဤအခမ်းအနားတွင် ခွန်အားအရာကို ကြည့်လျှင် သွမ့်ဟွမ်းက ပထမ ဖြစ်ပေလိမ့်မည်။

သွမ့်ဟွမ်းက တည်ငြိမ်နေသည်။ သူက ဒုနန်းတော်သခင်ကို အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံပါ့မယ် ဆရာ”

သူက သိမ်မွေ့ပြီး ယဥ်ကျေးမှု အပြည့်ရှိသည်။ မည်သည့် မောက်မာမှုမှ မရှိဘဲ ရီဖူရှင်းနှင့် ယှဥ်လျှင် သိသာစွာ ကွဲပြားပေသည်။

ထိုသည်က များပြားလှသည့် လူများကို သက်ပြင်းချလိုက်မိ စေသည်။ ဒုနန်းတော်သခင်က သူ့ကို တပည့်အဖြစ် တိုက်ရိုက် လက်ခံလိုက်ခြင်းမှာ ရီဖူရှင်းကြောင့်သာ ဖြစ်နိုင်သည်။

“ကောင်းပြီ”

ဒုနန်းတော်သခင်က ခေါင်းညိတ်လိုက်ကာ အတော်လေး စိတ်ကျေနပ်သွားသည်။ ယခင်က သတ္တမဓားသည် သူ့ကို အနည်းငယ် မပျော်ရွှင်အောင် လုပ်ဆောင်ခဲ့သည်။ သူ့တွင် ထူးချွန်သော စွမ်းရည် ရှိသော်လည်း သူက ရှန့်ထိုအဆင့် တန်ခိုးရှင်သာ ဖြစ်သည်။ သူက တိုက်ပွဲစင်မြင့်ကို စမ်းသပ်သည့် ​နေရာအဖြစ် အသုံးချလိုသည့် အတ္တများသာ ရှိခဲ့ပေသည်။

“ကိုက်ပေါ် … မင်းရော ခရမ်းရင့်ကောင်းကင် နန်းတော်မှာ ကျင့်ကြံဖို့ ဆန္ဒရှိလား။ မင်းရဲ့ ကျင့်ကြံမှုက အထွတ်အထိပ်ကို ရောက်နေပြီး ရန်ဟောင်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတယ်။ နန်းတော်ကို ဝင်ပြီးနောက်ပိုင်း နားမလည်တာ ရှိရင် ဘာ​ဖြစ်ဖြစ် ကျုပ်ကို လာမေးနိုင်တယ်” ဒုနန်းတော်သခင်က တခြားတစ်ယောက်ကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒုနန်းတော်သခင်။ ကိုက်ပေါ်က ကောင်းကင်နန်းတော် အဖွဲ့ဝင်ဖြစ်ဖို့ ဆန္ဒရှိပါတယ်”

ကိုက်ပေါ်က ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။ သူက အတွေ့အကြံရှိပြီး အခွင့်အရေး လိုအပ်နေသည်ကို သိရှိပေသည်။ သူက ရန်ဟောင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုသော်လည်း ထိတွေ့နိုင်ရန်မှာ အလွန်ခက်ပေသည်။

ကောင်းကင်နန်းတော်ကို ဝင်ပြီးနောက် သူက ရန်ဟောင်အဆင့်သို့ ခြေချနိုင်ရန် အခွင့်အရေးကြီး ရှိလာပေလိမ့်မည်။

သူက ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက် အနေနှင့် တစ်လောကလုံး၏ ထိပ်ဆုံးတွင် ရပ်တည်ကာ နေရာတစ်ခုလုံးကို အုပ်စိုးနိုင်ပြီးသား ဖြစ်သည်။

သို့သော် ကောင်းကင် နန်းတော်တွင်တော့ ရန်ဟောင်သာလျှင် ထိပ်ဆုံး၌ ရပ်တည်နိုင်သည်။

“ကောင်းပြီ”

ဒုနန်းတော်သခင်က ခေါင်းညိတ် လိုက်ပြီးနောက် သူ့ ပတ်ဝန်းကျင်ရှိ လူများကို ပြောလိုက်သည်။

“သူတို့ကြားတဲ့မှာ အရည်အချင်း ရှိတယ်လို့ ထင်မိတဲ့သူ ရှိရင် သူတို့ကို မင်းတို့ရဲ့ တပည့်အဖြစ် ကျင့်ကြံဖို့ ဆန္ဒရှိမရှိ မေးလို့ရတယ်”

ထိုရန်ဟောင်များက ခေါင်းညိတ်လိုက်ပြီး ဖိတ်ခေါ်လိုက်ကြသည်။ ထိုရှုံးနိမ့်သွားသူများ ကြားတွင်ပင် အလွန် အရည်အချင်း ရှိသူများ ရှိပေသည်။

ပုံမှန်အားဖြင့် လီပါးကဲ့သို့သော လူမျိုးမှာ ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ခွင့်ရပေလိမ့်မည်။

ဤတစ်ကြိမ်၌ ခရမ်းရင့်ကောင်းကင် နန်းတော်တွင် တစ်ခါတည်း တပည့်ပေါင်း သုံးဆယ်ထက် ပို၍ ရွေးချယ်ခဲ့သည်။ ထိုသူများ၏ အရည်အချင်းမှာ အလွန် ထူးချွန်၍ သူတို့သည် ခရမ်းရင့်ကောင်းကင် နန်းတော်၌ ကျင့်ကြံရန် အခွင့်အရေးသာ ရလျှင် သူတို့၏ အလားအလာက ပိုမို ကောင်းမွန်၍ တိုးတက် လာပေလိမ့်မည်။

အရွေးမခံခဲ့ရသည့် သူများက တစ်ခုခု ဆုံးရှုံးသွားသလို ခံစားကြရသည်။ ဤတစ်ကြိမ်၌ သူတို့သည် ကောင်းကင်သို့ တက်ရန် အခွင့်အရေး ရသင့်သော်လည်း အခြားသူများ ကောင်းကင်နန်းတော်သို့ ဝင်သွားသည်ကိုသာ ကြည့်နေရလေသည်။

ကျန်းချန်ချင်သည် ကောင်းကင်နန်းတော်သို့ ဝင်ခွင့်မရခဲ့ပေ။ သူက သတ္တမဓားဆီသို့ အခွင့်အရေးအား ပေးခဲ့ပြီး သတ္တမဓား လုပ်ခဲ့သည့် အပြုအမူကြောင့် သူ့အပေါ်တွင် ဒေါသပုံမချသည်ကပင် ခရမ်းရင့်ကောင်းကင် နန်းတော်က သူ့အပေါ် ထောက်ထား ညှာတာထားခြင်း ဖြစ်ပေသည်။

ဒုနန်းတော်သခင်သည် လက်ကို ဆန့်ထုတ်ကာ လေကို ဆုပ်ဆွဲလိုက်သည်။ ရုတ်တရက် မိုးကြိုးစင်မြင့်က မြင့်တက်လာကာ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ကြီးမားသည့် ဗလာလေဟာနယ်ကိုသာ ချန်ရစ်ခဲ့သည်။

ခရမ်းရင့်ကောင်းကင် နန်းတော်မှ ရွေးချယ်ထားသည့် တပည့် သုံးဆယ့်ခြောက်ယောက်သည် ကောင်းကင်နန်းတော်၏ ပွဲကြည့်စင် အောက်ဘက်တွင် စီတန်းပေါ်ပေါက်လာပြီး သူတို့ကို သွမ့်ဟွမ်းက ဦးဆောင်ထား၏။ ဤ ရှန့်ထိုအဆင့် ပုဂ္ဂိုလ်များကြားတွင် အနာဂတ်၏ ရန်ဟောင်အဆင့်များ အများအပြား ပါဝင်နေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော် ဒုနန်းတော်သခင်သည် ကျယ်ပြောလှသည့် နေရာတစ်ခွင်မှ တန်ခိုးရှင်များကို ဝေ့ကြည့်လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပြောလိုက်သည်။

“မကြာသေးခင်က မူလတောင်တန်းမှာ ဖြစ်ခဲ့တာကို ခင်ဗျားတို့လည်း သိကြလိမ့်မယ်။ အရင်တုန်းက ကောင်းကင် အာဏာစက်ဘုံမှာ ဂူထျန်းရှင်းက ပုန်ကန်ခဲ့ပြီး သူလက်တွေမှာ သွေးတွေအများကြီး စွန်းထင်းခဲ့တယ်။ မဟာလမ်းစဥ်ကတောင် သူ့အပြစ်တွေကို ဆေးကြောနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ကောင်းကင် အာဏာစက်ဘုံက အင်အားတွေ စုစည်းပြီး သူ့ကို သတ်ဖြတ်ခဲ့ပေမဲ့ ကျုပ်တို့ မထင်မှတ်ထားခဲ့တာက သူ့ဝိညာဥ်က ပျောက်ကွယ်မသွားဘဲ သူ့မျိုးဆက်ကိုတောင် လက်ဆင့်ကမ်းနိုင်ခဲ့တာပဲ။ သူက နတ်ဆိုးဘုံက မူလတောင်တန်းမှာ ဖျက်ဆီးခံလိုက်ရပေမဲ့ သူ့လို နောက်တစ်ယောက်ကို ဖန်တီးခဲ့တယ်။ အခု သူ့ကို ကောင်းကင် နတ်တံခါးဂိုဏ်းက ကာကွယ် ပေးထားတယ်။ ကျုပ်တို့ သူ့ကို ဒီအတိုင်း ထားလိုက်မယ်ဆိုရင် ကျုပ် စိုးရိမ်တာက ကောင်းကင် အာဏာစက်ဘုံက လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လာမှာကိုပဲ”

“အဲဒါကြောင့် ကျုပ်တို့ ခရမ်းရင့်ကောင်းကင် နန်းတော်က ကောင်းကင် အာဏာစက်ဘုံက တန်ခိုးရှင်တွေ အားလုံး ပါဝင်ဖို့ ​ဖိတ်ကြားပြီး ဒီအခမ်းအနားကို ကျင်းပခဲ့တာ။ ကျုပ်တို့ မျှော်လင့်တာက နတ်ဆိုးကလန်က တန်ခိုးရှင်တွေလည်း တွေဝေမနေဘဲ မူလလမ်းစဥ်ကို ခိုးသွားတဲ့ သူကို ပြန်ဆုံးမနိုင်ဖို့ လူသားတန်ခိုးရှင်တွေနဲ့ ပူးပေါင်းပေးပါ။ ကျုပ်တို့ ခရမ်းရင့်ကောင်းကင် နန်းတော်က ဒီအရေးအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး တန်ခိုးရှင်တွေကို တပည့်အဖြစ် ရွေးချယ်ခဲ့တယ်။ ဂူကလန်ရဲ့ မျိုးဆက်ကို ဖယ်ရှားပစ်ရမယ်”

သူက ကျယ်လောင်စွာ ​ပြောလိုက်သည် မှန်ကန်သည့် စကား အများစုကို သုံးနှုန်းသွားသည်။ ထိုသည်မှာ ဂူထျန်းရှင်း၏ ရက်စက်ကြမ်းကြုတ်ခဲ့သော အပြစ်များ ဖြစ်သည်။

သို့သော် ထိုနေ့များတွင် ဂူထျန်းရှင်း၏ ခက်ပ အမှန်ပင် လူများစွာ၏ သွေးတို့ စွန်းထင်းခဲ့ပြီး အထူးသဖြင့် ကောင်းကင်အာဏာစက် ပြည်ထောင်မှ မရေတွက်နိုင်သည့် တန်ခိုးရှင်တို့ သတ်ဖြတ်ခံရပြီး ခရမ်းရင့်ကောင်းကင် နန်းတော်၏ လူများစွာလည်း သေဆုံးခဲ့ရသည်။ သို့သော် လူတိုင်း နားလည်ထားသည်မှာ ဂူကျန်းနန်၏ သေဆုံးခြင်းကြောင့်သာ ဂူထျန်းရှင်းက ရူးသွပ်သွားပြီး လူသတ်စက်ကဲ့သို့ ကောင်းကင် အာဏာစက်ဘုံကို သွေးတို့ဖြင့် စွန်းထင်းစေခဲ့ခြင်း ဖြစ်သည်။

ယခု ဂူထျန်းရှင်း၏ မျိုးဆက် ထွက်ပေါ်လာပြီး နောက်ထပ် ဂူထျန်းရှင်းတစ်ယောက် ဖြစ်လာရာ သူ ပထမဆုံး လုပ်နိုင်သည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင် နန်းတော်ကို လက်စားချေရန် ဖြစ်နိုင်လေသည်။

ထို့ကြောင့် ခရမ်းရင့်ကောင်းကင် နန်းတော်သည် ထိုအတွက် ပြင်ဆင်ရန် စီစဥ်နေခြင်း ဖြစ်သည်။

သို့သော် ဤပုဂ္ဂိုလ်ကြီးများသည် သူတို့၏ ကိုယ်ပိုင် အတွေးများ ရှိကြသည်။ နတ်ဆိုးဘုံရှိ ပုဂ္ဂိုလ်ကြီးများမှာလည်း ဂူတုံးလျှိုကို တိုက်ရိုက် မထောက်ခံသော်လည်း သူတို့သည် ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ပူးပေါင်း လာမည်လည်း မဟုတ်ပေ။ သူတို့ အခြေအနေ မည်သို့ ပြောင်းလဲလာမည်ကိုသာ ထိုင်ကြည့်နေပေလိမ့်မည်။

“ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်ရဲ့ စကားက အကျိုးအကြောင်း ဆီလျော်တာပဲ။ အတိတ်က ဂူကလန် ဆက်ပြီး ရှိနေသေးတယ် ဆိုတော့ အဲဒါက ကောင်းကင် အာဏာစက်ဘုံအတွက် ကြမ္မာဆိုးတွေ ဆောင်ယူလာလိမ့်မယ်”

ကောင်းကင်အာဏာစက်ဘုံ၏ နတ်စစ်သူကြီးက ပြောလိုက်သည်။ သူ ပြောလိုက်သော ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင် ဆိုသည်မှာ ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင် ဖြစ်သည်။ သူက ကောင်းကင်ပြစ်ဒဏ် လမ်စဥ်ကို ကျင့်ကြံပြီး ခရမ်းရင့်ကောင်းကင် နန်းတော်ရှိ နန်းတော်ရှစ်ခုတွင် ကောင်းကင်ပြစ်ဒဏ် နန်းတော်ကို အုပ်စိုးသည်။

“အဲဒီအချိန်တုန်းက ကြီးမြတ်တဲ့ အင်ပါယာက အရှေ့စီရင်စုနယ်ကို စုစည်းပြီး လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ကို အချင်းချင်း မနှောက်ယှက်ဘဲ ယှဥ်တွဲနေဖို့ လုပ်ဆောင်ခဲ့တယ်။ ကောင်းကင်အာဏာစက်ဘုံ ဆိုတာ အမည်ခံပဲ။ နောက်ဆုံး တစ်ခေါက်တုန်းက ကျုပ်တို့ နတ်ဆိုးဘုံကို သွားခဲ့ကြတယ်။ ဒီနေ့မှာ နတ်ဆိုးဘုံရဲ့ တန်ခိုးရှင်တွေက ကျုပ်တို့ဆီ လာတယ်။ အချင်းချင်း ပဋိပက္ခဖြစ်ဖို့ မလိုဘူး။ ဒီနေ့မှာ နတ်ဆိုးဘုံရဲ့ မျိုးနွယ်စုတွေက စံစားနေရတဲ့ အချိန် ရောက်နေပြီ။ တခြားလူတွေကို အရှင်သခင်အဖြစ်နဲ့ ခစားဖို့ ဘယ်အချိန်က လိုသွားတာလဲ။ ဂူထျန်းရှင်းဆိုတာက အတ္တကြီးတဲ့ လူတစ်ယောက် သာသာပါပဲ”

နတ်စစ်သူကြီးက ဆက်လက် ​ပြောဆိုလိုက်သည်။ သူ၏ စကားလုံးများက ယဥ်ကျေးဟန် ရှိသောလည်း သူ၏ အတွင်းစိတ်၌ မည်သည်တို့ ရှိနေသည်အား မည်သူ သိလိမ့်မည်နည်း။

လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ အတူနေထိုင်သော်လည်း သူတို့မှာ ကိုယ်ပိုင် အတွေးမရှိဘဲ မည်သို့ နေလိမ့်မည်နည်း။

“ဟုတ်တာပေါ့။ အခုချိန်မှာ ဘုံရဲ့ နေရာအနှံ့က တန်ခိုးရှင်တွေက အခမ်းအနားကို လာတက်ကြတယ်။ လူသားမျိုးနွယ် တန်ခိုးရှင်တွေနဲ့ နတ်ဆိုးဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ အားလုံး ဒီမှာ ရှိနေတယ်။ စိတ်သာရှိရင် လမ်းစဥ်အကြောင်း ဆွေးနွေးပြီး အချင်းချင်းဆီက သင်ယူရင်း မိတ်ဆွေဖွဲ့လို့ရတယ်။ ကောင်းကင် အာဏာစက်ဘုံရဲ့ တိုးတက်အောင်မြင်မှုတွေကို အတူတူ စောင့်ကြည့်နိုင်ကြတယ်။”

ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က ဆက်ပြောလိုက်သည်။ နတ်ဆိုးဘုံ၏ မှော်ဝိဇ္ဇာက ပြောခဲ့သည်မှာ ပြောင်းလဲသွား ပေလိမ့်မည်။ ယခုတွင် လူသားများနှင့် နတ်ဆိုးတန်ခိုးရှင်များက ဤနေရာတွင် ရောက်ရှိနေပြီး အားလုံးသော ထိပ်သီးပုဂ္ဂိုလ်များ၏ ခွန်အားကို ဖြစ်နိုင်သမျှ မြင်တွေ့လိုကာ သူတို့၏ အနာဂတ်ကို ပြောလို့ကြသည်။

ကောင်းကင် အာဏာစက်ဘုံသည် ပြောင်းလဲလိမ့်မည် ဖြစ်ကာ ဂူထျန်းရှင်းက ဂူတုံးလျှိုကို ပြိုင်ဘက်ကင်း အရည်အချင်းရှိ ပုဂ္ဂိုလ်တစ်ဦးအ​ဖြစ် ဖန်တီးခဲ့သည်။ သို့သော် ဂူတုံးလျှိုက ရှန့်ထိုအဆင့် တန်ခိုးရှင်သာ ဖြစ်သည်။ ကောင်းကင် အဏာစက်ဘုံကသာ သူနှင့် ဆက်စပ်၍ ပြောင်းလဲပါက ဤမျိုးဆက်သည်လည်း ပြောင်းလဲလာပေလိမ့်မည်။

မိတ်ဆွေဖွဲ့ခြင်းဟု ပြောသည်ကတော့ ယဥ်ကျေးမှုအရ ဖြစ်သည်။ မည်သူကများ လောကပြိုင်ဘက်ကင်း စွမ်းအားနှင့် အခြားသူများကို လွှမ်းမိုးနိုင်သူ မဖြစ်ချင်ဘဲ ရှိပါမည်နည်း။

လူသားမျိုးနွယ်နှင့် နတ်ဆိုးတန်ခိုးရှင်များ ကြားတွင် မဆိုထားနှင့် လူသားတန်ခိုးရှင် အချင်းချင်းကြား၌ပင် အဆက်မပြတ် တိုက်ခိုက်၍ အားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်ချင် ကြပေသည်။

အတိတ်တွင် ကောင်းကင် နတ်တံခါးဂိုဏ်းနှင့် ကောင်းကင် အာဏာစက် ပြည်ထောင်သည် လွှမ်းမိုးခဲ့ပြီး သူတို့ အားနည်းသွားသည့် အခါ၌ အခြားအင်အားစုများက တိုးတက်လာသည်။

ယခု ကောင်းကင် အာဏာစက်ဘုံက တစ်ဖန်ထပ်၍ ပြောင်းလဲဦးမည် ဖြစ်သည်။ မည်သူက ထိပ်ဆုံးသို့ မရောက်ချင်ဘဲ ရှိနေမည်နည်း။

အနည်းဆုံးတော့ ဂူတုံးလျှိုအား ​ကြီးထွားခွင့်မပြုမှ ဖြစ်မည်။ မဟုတ်ပါက ကောင်းကင် နတ်တံခါးဂိုဏ်းသည် အတိတ်ကဲ့သို့ ပြန်လည် ထွန်းတောက် လာပေလိမ့်မည်။

“ကျုပ် ကြားတာတော့ ပင်ကိုစွမ်းရည် ထူးခြားထက်မြက်တဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသား ရောက်နေတယ်ဆို။ အိမ်ရှေ့စံမင်းသားရဲ့ စွမ်းအားက ဘယ်လောက်များ ထက်မြက်လဲ ကျုပ်မြင်ချင်စမ်းပါဘိ”

နတ်နဂါးကလန်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်ပြီး သူ့အသံက လေဟာနယ်ကို ပဲ့တင်ထပ်သွားသည်။

သူ့စကား ဆုံးပြီးနောက်တွင် မရေတွက်နိုင်သည့် တန်ခိုးရှင်များ၏ ဆူညံသံက ပွက်လောရိုက် သွားခဲ့သည်။

ယနေ့တွက် အားလုံးသော ထိပ်တန်းအင်အားစုမှ တန်ခိုးရှင်များ ရောက်ရှိနေသည်။ သူတို့က ခရမ်းရင့်ကောင်းကင်နန်းတော်သို့ မည်သူ ဝင်ရောက်ခွင့် ရမည်လဲ ဆိုသည်ကိုသာ မြင်ရမည်ဟု တွေးထားခဲ့သော်လည်း ကြည့်ရသည်မှာ အသန်မာဆုံးသော တန်ခိုးရှင်များ၏ တိုက်ပွဲကိုလည်း တွေ့ခွင့်ရတော့မည် ​ထင်၏။

ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင် သည်လည်း အခြားသူများနှင့် ထိပ်တန်း အင်အားစုများကြားမှ တိုက်ပွဲကို မြင်တွေ့ချင်ပုံပေါ်လေသည်။

“ကျုပ်တို့လည်း သိချင်မိတယ်။ ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ ဘုရင် အသစ်ရော အဟောင်းရောက တကယ့် ပုဂ္ဂိုလ်ကြီးတွေချည်းပဲ။ အခု လက်ရှိဘုရင်ကလည်း အိမ်ရှေ့စံမင်းသားမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိပြီးတော့ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်ဖို့ မွေးဖွားလာတယ်ဆိုတာ ချဲ့ကား ပြောနေတာများလား”

ကောင်းကင် နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည် ယခုတွင် ဂူတုံးလျှိုကဲ့သို့ ကျော်ကြားလှပြီး သူက ဘုံတစ်ခုလုံး၏ အာရုံကို အဖမ်းစားထားနိုင်ဆုံး ဖြစ်သည်။

လူတိုင်းသည် မင်းသား၏ အစစ်အမှန် ခွန်အားကို တွေ့မြင်ချင်ကြသည်။

ထိုအချိန်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက နတ်စစ်သူကြီး၏ ဘေးတွင် ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်က ရောင်စဥ်များ တောက်ပနေပြီး သူ့မျက်လုံးများထဲမှ နတ်အလင်းတို့ ဖြာထွက်နေသည်။ သူက ထိုလူများကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့အားလုံးက သူ၏ ခွန်အားကို သိချင်နေကြသည်လား။

“ကျုပ်ရဲ့ ခွန်အားကို သိချင်တဲ့သူ ဘယ်သူမဆို မတ်တတ်ရပ်လိုက်ပါ” ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံက ဖြေးညင်းစွာ ပြောလိုက်သည်။ ထိုအချိန်တွင် ကျယ်ပြောသည့် ကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်သွားခဲသည်။

ထိုသည်က တိုက်ခိုက်ရန် စိန်ခေါ်ခြင်းပေလား။

သူက တိုက်ခိုက်နိုင်သော်လည်း မည်သူကများ ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်ရန် ထွက်လာချင်မည်နည်း။

ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံက ထိပ်သီးဖြစ်ရန် မွေးဖွားလာသည်။ ယခု သူက ပြန်လည် မွေးဖွားခြင်းအဆင့် လမ်းစဥ်ဖြင့် သက်သေပြခဲ့ပြီး သူက ကောင်းကင် အာဏာစက်ဘုံ၏ ရန်ဟောင် အဆင့်အောက်တွင် အသန်မာဆုံးဟု ဆိုရမည်ဖြစ်ကာ လူမည်မျှ များများက သူနှင့် တိုက်ခိုက်နိုင်မည်နည်း။

ကောင်းကင် အာဏာစက်ဘုံ၏ တန်ခိုးရှင်များက ဤနေရာ၌ စုစည်းနေလျှင်ပင် သူ့ကို ယှဥ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ဘုန်း …

ရွှေရောင်မိုးကြိုး အလင်းက ထိုးထွက်လာပြီး ယခင် မိုးကြိုးစင်မြင့် ရှိခဲ့ရာ နေရာကို လွှမ်းခြုံသွားသည်။ ထိုပုဂ္ဂိုလ်သည် လင်းလက် တောက်ပနေပြီး မဟာလမ်းစဥ် အလင်းများက ကျဆင်းလာနေသည်။ ထိုသူမှာ ကောင်းကင်နတ်ဆိုး နန်းတော်မှ ရွှေတောင်ပံ ငှက်ကြီး ဖြစ်သည်။ သူ့တွင် ပြိုင်ဘက်ကင်း အမြန်နှုန်းရှိသည်။

သူ၏ မျက်လုံးများက အလွန် ထက်ရှနေသည်။ ယင်းတို့သည် လေဟာနယ်ကို ထွင်းဖောက်ကာ ကောင်းကင် အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ထံသို့ ကြည့်လိုက်သည်။ သူက သိသာစွာပင် ထိုထူးခြားသည့် ပင်ကိုစွမ်းရည်ရှိ ပုဂ္ဂိုလ်အား စိန်ခေါ်ချင်နေပေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက ဖြည်းညင်းစွာ ထရပ်၍ လေဟာနယ်ကို ဖြတ်သန်းကာ ရှေ့သို့ လျှောက်လာသည်။

ဘန်း … သူက ခြေလှမ်းလိုက်ပြီး အခြားတစ်ဖက်သို့ လျှောက်လာသည်။ သူ၏ တစ်ကိုယ်လုံးက နတ်အလင်းများဖြင့် ဖုံးလွှမ်းကာ နတ်တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ပြင်းထန်သည့် အလင်းတန်းများက ရွှေတောင်ပံငှက် အနီးတွင် ခြံရံထားပြီး သူ၏ ထက်ရှသည့် စွမ်းအားများက ထိုးထွက်လာကာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံထံ စီးဆင်းသွားသည်။

သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံမင်းသားက ရှေ့သို့ ထပ်လှမ်းလိုက်ကာ သူ့ခန္ဓာကိုယ် အနီးတွင် အဆုံးမဲ့ ခမ်းနားထည်ဝါသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။

ကောင်းကင်ထက်တွင် ရွှေတောင်ပံငှက်ကြီး၏ အရိပ်များက တောက်ပနေပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျံသန်းနေသည်။ သူ့အနောက်တွင် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ ထိုသည်မှာ ရွှေတောင်ပံငှက်ကြီးထက် ပို၍ ခမ်းနားထည်ဝါသော ရွှေတောင်ပံငှက်များက သူရှေ့တွင် ရပ်နေခဲ့သည်။

“ဒါက …”

လူတိုင်း၏ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်နေသည်။ ထိုသည်က အလွန်ခမ်းနား ထည်ဝါလှသည်။ ရွှေတောင်ပံငှက်များသည် သူ့ကို ဝန်းရံနေခဲ့၏။

“သွား”

သူက လက်ညှိုးကို ရှေ့သို့ ညွှန်လိုက်ပြီး ရုတ်တရက် ရွှေရောင် တောင်ပံငှက်များက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ငှက်များအားလုံးက ကောင်းကင်ကို ထိုးတက်သွားပြီး လေဟာနယ်ကို ဖြတ်ကာ အစစ်အမှန် ရွှေတောင်ပံငှက်ကြီးဆီသို့ ပျံသန်းသွားလေသည်။

ရွှေတောင်ပံငှက်ကြီးသည် သူ၏ မူလသဏ္ဌာန်သို့ ပြောင်းလဲခဲ့ပြီး ယင်း၏ တောင်ပံများ​ကို ဖြန့်ကာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလိုက်သည်။ သို့သော် သူ့ကဲ့သို့ အခြား ရွှေတောင်ပံငှက်ကြီး တစ်ကောင်က သူ့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ သူက လက်သည်းများကို မလိုက်ကာ တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်ပြီး လေဟာနယ်ကို စုတ်ဖြဲလိုက်သည်။ ထိတ်လန့်ဖွယ် ထိခတ်သံက ပေါက်ကွဲထွက်ပေါ်လာ၏။

အိမ်ရှေ့စံ၏ ခန္ဓာကိုယ်က ကောင်းကင်တွင် မျောလွင့်နေကာ အဆုံးမဲ့ နတ်အလင်းများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ များပြားလှသည့် ရွှေတောင်ပံငှက်များက အဆက်မပြတ် တိုက်ခိုက်လာသည်။

သူက ထိုနေရာ၌ ရပ်နေလျှင်ပင် စွမ်းအားပုံရိပ်များကို အသုံးပြု၍ အစစ်အမှန် နတ်ငှက်အား ဖျက်ဆီးနိုင်ပေသည်။

ကောင်းကင် အာဏာစက် ပြည်ထောင်၏ ဘုရင်က သူ့ကို နှစ်ပေါင်းများစွာ ဖွက်ထားပြီး ထိပ်သီးပုဂ္ဂိုလ်ဖြစ်ရန် မွေးဖွားလာသည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောခြင်း မဟုတ်ခဲ့ပေ။

သူက သူ၏ ခွန်အားကို မပြသခဲ့ခြင်းမှာ မတတ်နိုင်၍ မဟုတ်ဘဲ အချိန်ကျလာသည့် အခါ၌ သူက ရပ်တန့်လိမ့်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset