Switch Mode

အပိုင်း(၁၄၀၈)

ပုဂ္ဂိုလ်ကြီးများအားလုံး ရောက်လာခြင်း

ကျယ်ပြောလှသည့် နယ်မြေအတွင်း ဤနေရာသို့ လာရောက်သူများမှာ အစွမ်းထက်ဆုံး အင်အားစုများမှ အားလုံးနီးပါး ရောက်လာကြခြင်း ဖြစ်သည်။

တစ်​နေရာမှ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ရွှမ်ထျန်းနတ်မိမယ်လည်း သူမ၏ လူများကို ဦးဆောင်လာသည်။ သူမဘေးတွင် ချင်ဟယ်ရှိနေပြီး သူမက မေးလိုက်သည်။ “ဒါက မူလတောင်တန်းရဲ့ အလယ်လား”

သူမက အရှေ့မှ ကောင်းကင်ထိ မြင့်မားသော တောင်တန်းဆီသို့ မော့ကြည့်လိုက်သည်။

“ဟုတ်တယ်” ရွှမ်ထျန်းနတ်မိမယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်မတို့ ဘာလို့ ဒီကို လာကြတာလဲ” ချင်ဟယ်က မေးလိုက်သည်။ သူမတို့သည် ဤလအနည်းငယ်တွင် အန္တရာယ်များစွာကို တွေ့ကြုံခဲ့ရသော်လည်း ဤနေရာသို့ ချဥ်းကပ်လာနိုင်ခဲ့ကာ သူတို့ ဂိုဏ်းမှ ရန်ဟောင်တန်ခိုးရှင်များနှင့် တွေ့ဆုံခဲ့ပြီး သူမတို့က တိုက်ခိုက်ခံရခြင်းနှင့် အန္တရာယ်များသည့် အခြေအနေများ မရှိခဲ့ပေ။

“သူက အဖြေ ဖြစ်လိမ့်မယ်” ရွှမ်ထျန်းနတ်မိမယ်က ရှေ့တည့်တည့်သို့ ကြည့်ကာ ပြောလိုက်သည်။ ထိုတိမ်များထိ မြင့်မားသော တောင်တန်းကို မည်သည့် တောင်ကမှ ဝန်းရံထားခြင်း မရှိပေ။ ထိုသည်က တသီးတခြားနှင့် ပြိုင်ဘက်ကင်း တည်ရှိနေသည့် တစ်ခုတည်းသော တောင်ထိပ်ဖြစ်၏။

ထိုအရာအားလုံးက ဤနေရာတွင် ပေါ်လာသည့် ဂူကလန်မျိုးဆက်နှင့် ဆက်စပ်နေသည်လား။

သူတို့က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ လှည့်ပတ်နေသည့် နတ်ဆိုးတိမ်တိုက်များ၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပြင်းထန်လာသည်ဟု ထင်မှတ်ရပြီး အတိုင်းအဆမဲ့ မုန်တိုင်းကဲ့သို့ မူလတောင်တန်းကို လွှမ်းခြုံထားသည်။

ထိုသည်က ဂူထျန်းရှင်း လုပ်ဆောင်ခဲ့သည်လား။

ထိုအချိန်တွင် ရွှမ်ထျန်းနတ်မိမယ်အနေနှင့် ဂူထျန်းရှင်း အသက်ရှင်နေသည်ဟုပင် မျှော်လင့်မိလေသည်။

မှော်ဝိဇ္ဇာနန်းတော်မှ ထွက်ပေါ်လာသည့် သတင်းများက မှန်ကန်သည်လား။ ကြိုတင်ဟောပြောမှုက အမှန်ဖြစ်လာမည်လား။

ဂူထျန်းရှင်းက မသေသေးသော်လည်း မကြာခင် သေဆုံးသွားပေလိမ့်မည်။

နတ်ဆိုးဘုံတွင် အလွန် ကြီးမားသော အပြောင်းအလဲ ဖြစ်လာပြီး ကောင်းကင်နတ်ဆိုးဘုံတွင်လည်း အကြီးအကျယ် ပြောင်းလဲလာပေလိမ့်မည်။

သို့သော် မှော်ဝိဇ္ဇာ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသည့် ‘ပုဂ္ဂိုလ်ကြီး’ မှာ မည်သူနည်း။

များပြားလှသော လူများသည် လျှို့ဝှက်ချက် အတွင်းကို နားမလည်ကြပေ။

ထိုသည်ကို မှော်ဝိဇ္ဇာတစ်ဦးသာ သိရှိသော်လည်း မှော်ဝိဇ္ဇာက အသက်ကို စွန့်လွှတ်သွားရန် ရွေးချယ်ခဲ့သည်။

သူတို့အားလုံးသည် မှော်ဝိဇ္ဇာက အဘယ့်ကြောင့် ထိုသို့ လုပ်ရသည်ကို သိချင်နေကြ၏။

သူက မည်သည့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ကြိုးစားနေသနည်း။

“မူလတောင်တန်းရဲ့ ကံစွမ်းအားကို စုပ်ယူခြင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းမှုကို ရရှိမယ်” အသံတစ်ခု ဖြစ်ပေါ်လာသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တန်ခိုးရှင်များသည် အသံလာကို ကြည့်ကာ ပြောသူကို ကြည့်လိုက်၏။ ထိုသူက ခမ်းနားထည်ဝါသည့် အမူအရာနှင့်  သက်လတ်ပိုင်း လူကြီး ဖြစ်ကာ ထိုအချိန်က ဂူထျန်းရှင်း ဘက်မှ ဖြစ်ခဲ့သော ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူ ဖြစ်လေသည်။

နဂါးအော်သံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။ နတ်နဂါးကလန်နှင့် အခြားနတ်ဆိုးကလန်များသည် အနည်းငယ် ဒေါသထွက်နေပုံပေါ်သည်။

သူတို့သည် ယခင်က ဤနယ်မြေသို့ ခြေချနိုင်စွမ်း မရှိခဲ့သော်လည်း သူတို့က မူလတောင်တန်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

မူလတောင်တန်းသည် နတ်ဆိုးဘုံမှ တန်ခိုးရှင်များ၏ အထိမ်းအမှတ်နယ်မြေပင် ဖြစ်သည်။ ဤနေရာသည် နတ်ဆိုးဘုံ၏ မူလအစ ဖြစ်ပြီး နတ်ဆိုးအင်ပါယာအား မြှုပ်နှံခဲ့သည့် နေရာဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း မူလတောင်တန်းမှ နတ်ဆိုးသားရဲကြီးများ ထွက်လာခဲ့ကြပြီး အားလုံးသော နတ်ဆိုးကလန်များက သူတို့ကိုယ်သူတို့ ဂုဏ်ယူစွာဖြင့် ဤနေရာသို့ မကြာခဏ ရောက်လာတတ်ကြသည်။

နတ်ဆိုးဘုံအတွက် ဤမူလတောင်တန်းက သူတို့၏ ဘိုးဘေးနယ်မြေ ဖြစ်၏။

သို့သော် ယခုတွင် ထိုနယ်မြေက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

လောက၏ စည်းမျဥ်းသတ်မှတ်ချက်များကို ဆန့်ကျင်နိုင်သော စွမ်းအားရှိသူက မူလတောင်တန်း၏ ကံစွမ်းအားကို ခိုးယူရန် ကြိုးစားနေသည်လား။

လူသားတန်ခိုးရှင် လောက၏ ဂူထျန်းရှင်းကလား။

နတ်ဆင်ကလန်သည် ကောင်းကင်ကို ဖြတ်ကာ လျှောက်လာပြီး လေဟာနယ်တစ်ခုလုံးက တုန်ခါနေကာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသည်။

မူလတောင်တန်းသည် အလွန် ကြီးမားစွာ ပြောင်းလဲမှု ရှိလာပြီး သူတို့ ဘိုးဘေး ဖြစ်သော အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးက လောကအတွင်း ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ ထိုသည်က နတ်ဆိုးဘုံ၏ ကြီးမားသော ပြောင်းလဲခြင်း ဖြစ်ပေလိမ့်မည်။

တန်ခိုးရှင်များက ရှေ့သို့ ဆက်လက် တိုးဝင်လာနေသည်။ သူတို့သည် ကောင်းကင်ထက်ရှိ ပုံဂိပ်ကို မော့ကြည့်လိုက်ပြီး တောင်ထိပ်ဆီသို့ လာနေကြသော်လည်း မည်သူကမှ လက်လွတ်စပယ် မလှုပ်ရှားကြပေ။

ကောင်းကင်ထက်တွင် မွန်းကြပ်ဖွယ် စွမ်းအားများက ဤနေရာကို လွှမ်းခြုံထားသည်။ ကြောက်မက်ဖွယ်မုန်တိုင်းက ကောင်းကင်တွင် ရစ်ဝဲနေပြီး လူတစ်ယောက်၏ မျက်နှာအဖြစ် ပြောင်းလဲလာသည်ဟု ထင်မှတ်ရသော်လည်း အလွန် ဝေဝါးနေကာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရန် ခက်ခဲလေသည်။

ကောင်းကင်အာဏာစက်ဘုံ၏ တန်ခိုးရှင်တို့မှာလည်း ရောက်ရှိလာသည်။ သူတို့က မျက်လုံးထဲတွင် မည်သည့် ခံစားချက်မှ ပေါ်လွင် မနေဘဲ ထိုနေရာသို့ မော့ကြည့်လိုက်သော်လည်း အရမ်းကာရော မလှုပ်ရှားရဲကြပေ။

ထိုစွမ်းအားက ဂူထျန်းရှင်း ဖြစ်နိုင်သည်။ ထိုအချိန်က ခရမ်းရင့်မြေအောက်လောကဂိုဏ်းကို ဂူထျန်းရှင်း ရောက်ရှိလာကာ အခြေအနေကို လွှမ်းမိုးသွားခဲ့သည်။  ထိုအချိန်၌ သူ့ကို မည်သူမှ မထိရဲသည့်အတွက် သူက ဂူတုံးလျှိုကို အဝေးသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ မည်သူက သူ့ကို တားဆီးရဲမည်နည်း။

ဂူထျန်းရှင်းဟူသည့် နာမည်ကပင် ကောင်းကင်အာဏာစက်ဘုံမှ လူများကို ခြောက်လှန့်ရန် ကောင်းကောင်းလုံလောက်နေပြီ ဖြစ်သည်။ လောကရှိ လူမည်မျှ များများက သူ့ကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိသနည်း။

ထိုအချိန်၌ ဂူထျန်းရှင်းသည် ကောင်းကင်အာဏာစက်ဘုံတွင် ကောင်းကင်လမ်းစဥ်နှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သည့် တစ်ဦးတည်းသော တန်ခိုးရှင်ဖြစ်သည်။

ကောင်းကင်ထိတိုင် မြင့်မားသည့် တစ်ခုတည်းသော တောင်ထိပ်ကို ချဥ်းကပ်လာနေသည့် တန်ခိုးရှင်များ အားလုံးက တဖြည်းဖြည်း ရပ်တန့်သွားပြီး ဂူကလန်၏ မျိုးဆက်ကို မော့ကြည့်လိုက်ကြသည်။

အင်ပါယာကျီမင်၏ လက်အောက်ခံများကသာ သတင်းမဖြန့်ခဲ့လျှင် ထိုသူက ကောင်းကင်အာဏာစက်ဘုံသို့ ရောက်ရှိနေသည်အား မည်သူမှ သိရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ထိုမျှထိ အုတ်အော်သောင်းနင်း ဖြစ်သွားကြလိမ့်မည်လည်း မဟုတ်ပေ။

နတ်ဆိုးတိမ်တိုက်များက တုန်ခါနေသော်လည်း ထိုအချိန်တွင် နေရာတစ်ခုလုံးက အလွန်ပင် တိတ်ဆိတ်နေသည်။

ထိုအခိုက်တွင် အချို့သော နတ်ဆိုးအင်ပါယာနှင့် ရန်ဟောင်များသာလျှင် လှည့်ကြည့်လိုက်ကြလျှင် တန်ခိုးရှင်တစ်စုက လေထုကို ဖြတ်ကာ တောင်ထိပ်အောက်ဘက်နေရာတွင် ဆင်းသက်လိုက်ကြသည်။

သူတို့က ရီဖူရှင်းနှင့် သူ့လူများ ဖြစ်ကြသည်။

သူတို့ကို ဤနေရာသို့ လျှို့ဝှက်ဆန်းကြယ်သည့် သူက ခေါ်ဆောင်လာခြင်း ဖြစ်သည်။

“ဒါက…”

လူအများသည် ရီဖူရှင်းကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူက အခုထိ မသေသေးသည်လား။

ခရမ်းရင့်ကောင်းကင်နန်းတော် အဖွဲ့ထဲမှ အထွတ်အထိပ်ဆရာသခင် ကျန်းယွမ်၏ မျက်လုံးတို့က ရက်စက်သော အကြည့်တို့ ပေါ်ပေါက်လာပြီး သူ့မျက်လုံးထဲတွင် အားကောင်းသော စွမ်းအားများ ပါဝင်နေသည်။ သူသည် ဒဏ်ရာများ ရရှိထားပြီး ရန်ဟောင်တန်ခိုးရှင်၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကာ ထို့နောက် သူ၏ ဒဏ်ရာများကို သက်သာစေရန် ဆယ်ရက်လောက် အသုံးပြု ကုသခဲ့ရသည်။ ရီဖူရှင်းနှင့် သူ့လူများက ထိုနေရာတွင် ပိတ်မိသွားခဲ့ပြီး သူတို့သည် ရီဖူရှင်းသေကို သေရမည်ဟု တွေးထင်ခဲ့ကြသည်။

သို့သော် သူက အသက်ရှင်နေဆဲပင် ဖြစ်၏။

နတ်ဆင်ကလန်မှ တန်ခိုးရှင်များသည်လည်း အံ့အားသင့်သွားကြသည်။ နတ်ဆင်အင်ပါယာ၏ ဘေးမှ တစ်စုံတစ်ယောက်က သူ့ကို ​ပြောလိုက်ပြီး ချက်ချင်းပင် နတ်ဆင်အင်ပါယာ၏ မျက်လုံးများက ရီဖူရှင်းထံသို့ ကြည့်လိုက်သည်။

“ဘုန်း” ဆင်အင်ပါယာသည် ရှေ့သို့ ခြေလှမ်းလိုက်သည့်အခါ လောကကြီးက တုန်ခါသွားသည်။ သူ့ခြေတစ်လှမ်းက ကောင်းကင်ကိုပင် ဖိနှိပ်နိုင်သကဲ့သို့ ထင်မှတ်ရပေသည်။ သူက ကောင်းကင်ကို ဖြတ်ကာ ရီဖူရှင်းထံသို့ ဦးတည်လိုက်ပြီး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို ပြန်ယူဆောင်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်က သူ့ခေါင်းကို မော့လိုက်သည်။ နတ်ဆင်အင်ပါယာသည် ထိုသွေးလွှမ်းသည့် မျက်ဝန်းတစ်စုံကို မြင်သည့်အခါ ရုတ်တရက် သူ၏ စွမ်းအားများ အားနည်းသွားခဲ့သည်။

နတ်ဆင်အင်ပါယာ၏ မျက်နှာက ဖြူဖျော့သွားခဲ့၏။ ကောင်းကင်တွင် သူ့ ခြေလှမ်းများက တုန်ယင်နေပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ လူတိုင်း၏ မျက်လုံးများက ထိုနေရာသို့ ရောက်သွားခဲ့သည်။ နတ်ဆင်အင်ပါယာက ခပ်တိုးတိုးအော်သံပြုကာ ရူးသွပ်လုလုဖြစ်သွားခဲ့သည်။ သူက ​ခြေလှမ်းလိုက်သော်လည်း ရှေ့သို့ ရွေ့လျားသွားရမည့်အစား ကောင်းကင်သို့ ပြန်ဆုတ်ကာ အဝေးသို့ ထွက်သွားခဲ့လေသည်။

လျှို့ဝှက်ဆန်းကြယ်သော သူ၏ မျက်လုံးထဲမှ အနီရောင်အလင်းတို့က ပျက်ပြယ်သွားကာ ပြန်လည်တည်ငြိမ်လာပြီး အဝေးသို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးက ပြန်လည် ငြိမ်းချမ်းသွားသော်လည်း များပြားလှသည့် အစွမ်းထက် တန်ခိုးရှင်များ အားလုံးက စိတ်ထဲတွင် တုန်ယင်လာကြသည်။

ထိုသူက မည်သူနည်း။

ကျန်းယွမ်တို့လို တန်ခိုးရှင်များကလည်း သူတို့ကို ဇဝေဇဝါနှင့် ​ကြည့်နေကြသည်။ သူတို့က ထိုအစွမ်းထက်ပုဂ္ဂိုလ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်လား။

သူက မည်သူနည်း။

“ခင်ဗျားက ဘယ်သူလဲ” ယင်းကျောင်းတောင် နတ်ဆိုးအင်ပါယာက မေးလိုက်သည်။ သူသည်လည်း ရှေ့ထွက်လာပေမယ့် သူက နတ်ဆင်အင်ပါယာက ထိတ်လန့်မှုနှင့် တုန်ယင်သွားသည်အား မြင်သည့်အခါ သူက မေးလိုက်သည်။

များပြားလှသော လူများသည်လည်း သိချင်နေကြပေမယ့် ထိုလျှို့ဝှက်ဆန်းကြယ်သည့် တန်ခိုးရှင်က သူတို့ကို ကြည့်ပင်မကြည့်ချေ။ သူသည် တောင်ထိပ်၌ တစ်ကိုယ်တည်းရပ်ကာ ခေါင်းထက်တွင် မုန်တိုင်းလွှမ်းခြုံထား ခံရသည့် သူကို ကြည့်လိုက်သည်။

‘သူက အဲဒီလောက် အစွမ်းထက်တာလား’ ဟု ရီဖူရှင်း တွေးလိုက်သည်။ သူ၏ နှလုံးသားက အနည်းငယ် တုန်ယင်နေ၏။ သူက ထိုမြင်ကွင်းကြောင့် အတော်လေး မွန်းကြပ်သွားမိသည်။ ချောက်နက်အတွင်းမှ ဤထူးဆန်းသော သူသည် ကြောက်မက်ဖွယ် အဆင့်တွင် ရှိပြီး အလွန် အစွမ်းထက်လှသည်။

မူလတောင်တန်းသည် အမှန်တကယ် ထူးဆန်းအံ့ဖွယ်ရာများနှင့် ပြည့်နှက်နေပေသည်။

ထို့ပြင် အစ်ကိုသုံးက သူ မည်သည်ကို လုပ်ရန် ကြိုးစားနေသနည်း။

ကောင်းကင်ထက်မှ မုန်တိုင်းက မည်သည်နည်း။

“ဘုန်း”

ထိုအချိန်တွင် လူများသည် အသက်ရှုရပ်မတတ်ဖြစ်နေကြပြီး ကောင်းကင်သည်လည်း တုန်ခါနေသည်။

ကောင်းကင်ထက် လေထုထဲသို့ ထို လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်က ခြေချလာသည်။ သူက ခြေလှမ်းလိုက်သည့်အခါ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များပင်လျှင် သူတို့၏ ခန္ဓာကိုယ်များ ကျိုးကြေသွားပြီဟု ခံစားလိုက်ကြရသည်။

ဤနေရာရှိ အားလုံးသော တန်ခိုးရှင်များက မွန်းကြပ်သော ခံစားမှုကို ခံစားကြရ၏။

“ဘန်း”

နောက်ထပ် ခြေလှမ်းလိုက်ပြီး ကောင်းကင်ထက်ရှိ ပုဂ္ဂိုလ်က သူ၏ ညာဘက်ခြေထောက်ကို ချလိုက်သည်။ အဆုံးမဲ့ ကြီးမားသည့် နတ်ဆင်ကြီးတစ်ကောင်၏ အရိပ်က ပေါ်ပေါက်လာသည်။ သူက ကောင်းကင်မှ ဆင်းချလာကာ လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်ထံသို့ လျင်မြန်စွာ တိုးဝင်သွားခဲ့၏။

အနီးဝန်းကျင်ရှိ လူများမှာ တုန်ယင်နေကြသည်။ ဤဆင်ပုံရိပ်သည် နတ်တစ်ပါးကဲ့သို့ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် မဟာလမ်းစဥ်၏ ခြိမ်းခြောက်နိုင်စွမ်းများ ပါဝင်နေသည်။

နတ်ဆင်ကလန်၏ တန်ခိုးရှင်များ အားလုံးက ဦးညွှတ်အရိုအသေပြုလိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် ရိုသေလေးစားမှုတို့ ပေါ်ပေါက်လာသည်။ ထိုသူသည် သူတို့နတ်ဆင်ကလန်၏ ဘုရင် ဖြစ်ကာ လက်ရှိ နတ်ဆင်အင်ပါယာဖြစ်၏။

သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သူက ထိုနေရာတွင် ရပ်ကာ တစ်ရှိန်ထိုးဆင်းလာနေသည့် နတ်ဆင်ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် မဟာလမ်းစဥ် စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ ဓားတစ်လက် ပေါ်ပေါက်လာကာ တိမ်တိုက်များဆီ တိုးဝင်သွား၏။

“ဘုန်း…”

မဟာလမ်းစဥ်က အော်မြည်နေပြီး နတ်ဆင်ပုံရိပ်သည် ထိုဓားနှင့် ထိပ်တိုက်တွေ့မိကာ တစ်ပြိုင်တည်း ကွဲကြေပျက်စီးသွားကာ မည်သည်မှ မကျန်ရစ်ခဲ့တော့ပေ။

ထွက်ပေါ်လာသည့် အသံက သူတို့၏ နားများမှ သွေးတို့ ပန်းထွက်လာတော့မလို သွေးတို့ ဆူပွက်လာစေသည်။

ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်သည် အလွန်ပြင်းထန်သည့် ဖိနှိပ်မှု စွမ်းအားအောက်တွင် ရောက်ရှိနေသည်။

နတ်ဆင်အင်ပါယာ၏ မျက်လုံးက လေထုထဲတွင် ရွှေရောင်အလင်းတို့ဖြင့် တောက်ပနေပြီး သူက ငုံ့ကြည့်လိုက်သည်။

လူသား ထိပ်တန်းအင်အားစုမှ တန်ခိုးရှင်များသည်လည်း ထိတ်လန့် တုန်လှုပ်ကုန်​ကြသည်။

ဤလူက မည်သူနည်း။ ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆင်အင်ပါယာကို အနည်းငယ်သော တန်ခိုးရှင်များသာ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိပြီး ထိုသို့ ပြုလုပ်နိုင်သူမှာလည်း လူသားတန်ခိုးရှင် လောကရှိ ထိပ်တန်းအင်အားစု ငါးခုတွင်ပင် ဤသို့ စွမ်းရည်ရှိသူမှာ အနည်းငယ်သာ ရှိ၏။

သိသာစွာပင် ဤသူက သူတို့ထဲရှိ မည်သူနှင့်မှ မသက်ဆိုင်ပေ။

“ဒီလူက ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင်လား” နတ်ဆင်အင်ပါယာ၏ အကြည့်က နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ထက်တွင် နတ်အလင်းတန်းများက တောက်ပနေပြီး အချို့သော ပုဂ္ဂိုလ်များ ထွက်ပေါ်လာသည်။

ထို လူများသည် လူငါးယောက်ရှိကာ သူတို့ထဲမှ တစ်ယောက်သည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ထက်တွင် ရပ်နေသည်။ သူ၏ စွမ်းအားက လေဟာနယ်ကို လွှမ်းမိုးနေကာ မဟာလမ်းစဥ်၏ အရှင်သခင်ကဲ့သို့ ထင်မှတ်ရပေသည်။

သူက ခရမ်းရင့်ကောင်းကင်နန်းတော်၏ နန်းတော်သခင် ဖြစ်သည်။

အခြားတစ်ယောက်က အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး လက်ကို ကျောနောက်တွင် ပစ်ကာ ချိတ်ထားရင်း ရပ်နေသည်။ သူက ထောင်ချီနတ်တောင် အရှင်သခင် ဖြစ်ကာ ထိုနေရာတွင် ကျော်လွှား၍ မရနိုင်သော တောင်တစ်လုံးကဲ့သို့ ရပ်နေသည်။

အခြားတစ်ဖက်တွင် မသေမျိုတို့၏ အရှိန်အဝါရှိသော တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက အလွန် ငယ်ရွယ်၍ ရည်မွန်ပုံပေါ်သည်။ ဤပြိုင်ဘက်ကင်း ပုဂ္ဂိုလ်သည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ  ကျန်းကလန် ခေါင်းဆောင် ဖြစ်သည်။

နောက်ဆုံးမှ ရောက်ရှိလာသူ နှစ်ဦးမှာလည်း အလွန် ထက်မြက်သည့် အရှိန်အဝါများ ရှိကြသည်။ သူတို့ထဲက တစ်ယောက်သည် သူမ ထွက်ပေါ်လာသည့် အချိန်၌ ကောင်းကင်ဘုံကိုးဆင့်လုံးကို လွှမ်းမိုးခံလိုက်ရသကဲ့သို့ သူမသည် လောကမှ အရောင်စုံသော အလှအားလုံးနှင့် ပြည့်စုံနေပုံရသည်။ သူမသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်သခင် ဖြစ်ပြီး ကောင်းကင်အာဏာစက်ဘုံတွင် ဂုဏ်သိက္ခာအကြီးမြတ်ဆုံး အမျိုးသမီး ဖြစ်ပြီး သူမ တစ်ယောက်သာလျှင် ရှိသည်။

အလှအပနှင့် စွမ်းအားအရပြောလျှင် သူမသည် ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေနိုင်ပေသည်။

အခြားတစ်ယောက်မှာ တောက်ပသည့် နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရသည်။ သူက တော်ဝင်ဝတ်စုံနှင့် သရဖူကို ဝတ်ဆင်ထားပြီး သူ၏ အရှိန်အဝါက ထိုဝန်းကျင်ရှိ လူအားလုံးကို သူ့ရှေ့တွင် ဒူးထောက်လာစေအောင် လွှမ်းမိုးနိုင်လှပေသည်။

သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏ လက်ရှိ ဘုရင် ဖြစ်လေသည်။

သူတို့ ပေါ်ပေါက်လာသည့်အခါတွင် ထိပ်တန်းအင်အားစုမှ လူများအားလုံးက ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

“ကောင်းကင်အာဏာစက်ဘုံက ထိပ်တန်းပုဂ္ဂိုလ် ချီကျီ” ရီဖူရှင်းက သူ့ကို မှတ်မိသွားပြီး အံ့အားသင့်သွားခဲ့သည်။ သူ၏ အစ်ကိုသုံးက ထိုမျှထိ လွှမ်းမိုးနိုင်စွမ်းမရှိသည်ကို သူက သိရှိပေသည်။

ထိုအရာအားလုံးက ဂူထျန်းရှင်း၏ ပေါ်ပေါက်လာမှုကြောင့် ဖြစ်ပေသည်။

မကြာခင်၌ ပြင်းထန်သည့် နတ်ဆိုးစွမ်းအားများက ကောင်းကင်တခွင်ကို လွှမ်းခြုံသွားသည်။ များပြားလှသည့် နတ်ဆိုးသားရဲများ ပေါ်ပေါက်လာပြီး နတ်နဂါးကလန်မှ နဂါးအင်ပါယာကဲ့သို့ အလွန် ထူးချွန်ပြီး လောကကို လွှမ်းမိုးနိုင်စွမ်း ရှိသူများ ဖြစ်သည်။

ကောင်းကင်နတ်ဆိုးနန်းတော် အရှင်သခင်သည်လည်း ထိုနေရာတွင် ရပ်နေပြီး နေထက်ပင် ပို၍ တောက်ပနေပြီး သူ့အနီးရှိ လက်အောက်ခံများ အားလုံးသည် ထူးချွန်သည့် နတ်ဆိုးသားရဲများ ဖြစ်ကြသည်။

ခရမ်းရွှေကြွက် အင်ပါယာသည်လည်း အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားသူများကဲ့သို့ မချောမောသော်လည်း သူ ရပ်နေသည့်အချိန်၌ ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“နာမည် သိခွင့်ရှိမလား စီနီယာ” ထိုအချိန်တွင် ကောင်းကင်ထက်ရှိ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင်က ထိုထူးဆန်းသည့် လူကို ငုံ့ကြည့်ကာ မေးလိုက်သည်။ ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆင်အင်ပါယာကို ထိပ်တိုက် ဆန့်ကျင် တိုက်ခိုက်နိုင်သော ထိုသို့ ပုဂ္ဂိုလ်မျိုး ရှိနေသော်လည်း သူက မည်သူဖြစ်သည်အား မသိရှိပေ။

“ချန်းလန်မျိုးဆက်” လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။

ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်၏ လွှမ်းမိုးနိုင်သည့် ခပ်ကျဥ်းကျဥ်း မျက်လုံးများထဲတွင် အံ့သြမှုတို့ဖြင့် ပြည့်သွားခဲ့သည်။ သူသာလျှင် မဟုတ်ဘဲ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံးသည်လည်း ထိုသူ့ကို အထိတ်တလန့် ကြည့်လိုက်ကြသည်။

ချန်းလန်ဟူသည့် အမည်သည် ကောင်းကင်အာဏာစက်ဘုံ၏ အဓိကအင်အားစုမှ လူများအတွက် စိမ်းသက်နေသော်လည်း သူတို့က မည်သို့ ထိုထိပ်တန်း ပုဂ္ဂိုလ်များကို မသိဘဲ ရှိပါမည်နည်း။

ဤထူးခြားဆန်းကြယ်သည့် တန်ခိုးရှင်က သူ့ကိုယ်သူ ရည်ညွှန်းနေခြင်း မဟုတ်ဘဲ သူက ချန်းလန်မျိုးဆက် ဖြစ်သော ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်ကို ပြောလိုက်ခြင်း ​ဖြစ်သည်။

ချန်းလန်တော်ဝင်အရှင်သည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ ယခင် ဘုရင် ဖြစ်လေသည်။

ဤလူက အမှန်တကယ်ပင် ယခင်ခေတ်ကာလမှ ဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset